← Chapters

အခန်း ၃၁၅

Vol. 16 Ch. 315

အခန်း ၃၁၅

Vol. 16 Ch. 315

အပိုင်း(၃၁၅) ကောင်စီဝင်

ကားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရမည် ဆိုပါက။

ယာဉ်တန်းထဲရှိ ကားအများစုသည် ယှဉ်ပြိုင်ခွင့် အရည်အချင်း ပြည့်မီကြသည်။

ချန်းရီ၏ မိစ္ဆာပစ်ကပ်ကားကို မဆိုထားနှင့်၊ အဆင့်မြှင့်တင်ထားသော လမ်းကြမ်းမောင်းကား နှစ်စီးနှင့်ပင် လုံလောက်နေပြီ ဖြစ်သည်။

ထို့ပြင် အိုအေစစ်မြို့တော်ဘက်တွင် ကားအမျိုးအစား ကန့်သတ်ချက်လည်း မရှိပေ။ ယာဉ်တစ်စီးဖြစ်နေလျှင် ရပြီဖြစ်ရာ ဘီးနှစ်ဘီးဖြစ်စေ၊ သုံးဘီးဆိုင်ကယ်ဖြစ်စေ၊ သို့မဟုတ် ဘီးခုနစ်ဘီး ရှစ်ဘီးဖြစ်စေ ဂရုမစိုက်ကြချေ။

အားလုံး အချေအတင် ဆွေးနွေးနေကြစဉ်မှာပင်။

တံခါးခေါက်သံ ထွက်ပေါ်လာသည်။

"တဆိတ်လောက်ခင်ဗျာ... ဆရာချန်းရီ ရှိပါသလား"

ချန်းရီက မျက်နှာအမူအရာ ပြောင်းလဲသွားပြီး ချက်ချင်းပင် သဘောပေါက်သွားကာ ချူချယ်ကို မကျေနပ်သော အကြည့်ဖြင့် စိုက်ကြည့်လိုက်၏။

...

အချိန်ကား မြို့တံခါးကို စတင်ဝင်ရောက်ခဲ့စဉ်က အချိန်ကာလလေးဆီသို့ နောက်ကြောင်းပြန်လှည့်သွားသည်။

ချူချယ်နှင့် စွန်းချန်းချန်းတို့ နှစ်ယောက် အမည်လွှဲ အသုံးပြုရန် ဖြစ်လာသည့် အချိန်မှာပင်။

တာဝန်ခံ ဝန်ထမ်းက ချူချယ်နှင့် စွန်းချန်းချန်းကို အနည်းငယ် ထူးဆန်းသော အမူအရာဖြင့် ကြည့်လိုက်ပြီး လေးစားသော်လည်း သံသယဖြစ်ဖွယ် အသံဖြင့် မေးလိုက်သည်။

"တောင်းပန်ပါတယ်... ဘယ်သူက ဆရာချန်းရီများ ဖြစ်မလဲ"

စွန်းချန်းချန်းက ချူချယ်ကို လက်ညှိုးထိုးပြလိုက်သည်။

"သူ... သူက ချန်းရီပါ"

ထို့ကြောင့် ချန်းရီ၏ နာမည်ကို ချူချယ်က အသုံးပြုခဲ့ခြင်း ဖြစ်သည်။

ဆိုလိုသည်မှာ နောင်တွင် ချူချယ် ကျူးလွန်မည့် ဆိုးသွမ်းမှု အများစုသည် ချန်းရီ၏ ခေါင်းပေါ်သို့ ကျရောက်လာမည် ဖြစ်သည်။

...

ချန်းရီ၏ အကြည့်နှင့် ရင်ဆိုင်ရချိန်တွင် ချူချယ်မှာ အနည်းငယ် အနေရခက်သွား၏။

ချန်းရီက လှောင်ပြုံး ပြုံးလိုက်သည်။

"ဟဲဟဲ... ခေါင်းဆောင်ချူ... မင်း မှတ်ထားလိုက်"

ချူချယ်က ချက်ချင်း ချေပသည်။

"မဟုတ်ပါဘူး... မင်းကိုယ်မင်း နာမည်ဝှက် တစ်ခုလောက်တောင် မပေးထားဘူးဆိုတာ ငါတော့ မယုံဘူး... ငါ့နာမည်ကိုတောင် မင်း ယူသုံးထားသေးလားမှ မသိတာ"

ချန်းရီက လှောင်ပြုံးသာ ပြုံးနေပြီး ဘာမျှ ပြန်မဖြေဘဲ မီးခိုးငွေ့ အဖြစ်သို့ ပြောင်းလဲကာ ထိုနေရာမှ ပျောက်ကွယ်သွားလေသည်။

ခြံဝင်းငယ်လေး၏ တံခါးကို ဖွင့်လိုက်သောအခါ တံခါးဝတွင် ရုပ်ချင်းဆင်တူသော လူဝကြီး နှစ်ယောက်၊ သုံးယောက်ခန့် ရပ်နေသည်ကို တွေ့လိုက်ရပြီး သူတို့၏ မျက်နှာပေါ်တွင်လည်း တူညီသော နှိမ့်ချသည့် အပြုံးများ ရှိနေကြသည်။

ထိုလူဝကြီးများကို ထပ်မံ မြင်တွေ့လိုက်ရသဖြင့် ချူချယ်က အလိုအလျောက် သတိထားလိုက်မိသည်။

ချူချယ် စကားမပြောနိုင်မီမှာပင် ထိုလူဝကြီး သုံးယောက်က စတင် စကားဆိုလာကြသည်။

"ဆရာချန်း... အိုအေစစ်ဆီကို လမ်းပြသူ လမ်းစဉ် အဆင့် (၃) အစွမ်းပိုင်ရှင် နောက်တစ်ယောက် ရောက်လာတယ်ဆိုတာကို သိရလို့ ဆရာချက အရမ်းကို ဝမ်းသာနေပါတယ်"

"တကယ်တော့ ဆရာချ ကိုယ်တိုင် လာရောက် နှုတ်ဆက်ချင်ပေမဲ့... သူက အရမ်း အလုပ်များနေလို့ လာဖို့ အချိန်မရဖြစ်သွားပါတယ်"

"ဒါကြောင့် ဆရာချန်းအတွက် နှုတ်ဆက်လက်ဆောင်ကို ကျွန်တော်တို့ကတစ်ဆင့် အထူးပေးပို့လိုက်တာပါ... ဆရာချန်း အနေနဲ့ လက်ခံပေးပါခင်ဗျာ"

စကားအဆုံးတွင် ခေါင်းဆောင်ဖြစ်သူ လူဝကြီးက အနောက်ရှိ လူဝကြီး နှစ်ယောက်ကို အချက်ပြလိုက်သည်။

အနောက်မှ လူဝကြီး နှစ်ယောက်က မျက်နှာပေါ်တွင် ရိုသေလေးစားပြီး နှိမ့်ချသော အပြုံးများဖြင့် သူတို့လက်ထဲရှိ လက်ဆောင်ဗူးများကို ရှေ့သို့ ကမ်းပေးလိုက်ကြ၏။

ရွှီနန်နှင့် ရှောင်ဖူတို့က အလျင်အမြန် သွားရောက် ယူဆောင်လိုက်ကြသည်။

"ဆရာချကို ကျွန်တော်က ကျေးဇူးတင်တယ်လို့ ပြောပေးပါ... အခုမှ စရောက်တဲ့သူ အနေနဲ့ ကျွန်တော်ကသာ သွားရောက် ဂါရဝပြုသင့်တာပါ"

ချူချယ်နှင့် တစ်ဖက်ရှိ ခေါင်းဆောင် လူဝကြီးတို့ကြားတွင် အပြန်အလှန် ယဉ်ကျေးမှု အရ စကားပြောဆိုနေကြပြန်သည်။

ပန်းရောင်ဆံပင်နှင့် ကောင်မလေးမှာမူ စိတ်တွေ လွင့်မျောနေပြီ ဖြစ်သည်။

ခုနက လက်ဆောင်ဗူး နှစ်ဗူးမှာ အတော်လေး ကြီးမားပုံရသည်။

ထို ဆရာချ ဆိုသည်မှာ အိုအေစစ်မြို့တော်၏ မြို့တော်ဝန် ဖြစ်ရာ သူပေးပို့သော ပစ္စည်းများမှာ သာမန်တော့ ဖြစ်မည်မဟုတ်ပေ။

ပန်းရောင်ဆံပင်နှင့် ကောင်မလေးက ထိုဗူးနှစ်ဗူးထဲတွင် ဘာတွေ ပါသလဲဆိုတာကို ယခုချက်ချင်း သွားရောက် ကြည့်ရှုချင်နေသည်။

သို့သော် ယခုအချိန်က အခြေအနေ မပေးသေးပေ။

ခေါင်းဆောင် လူဝကြီးက ဘေးနားရှိ လူဝကြီး၏ လက်ထဲမှ စာအိတ်တစ်အိတ်ကို ယူကာ ချူချယ်ထံသို့ ကမ်းပေးလိုက်ပြန်သည်။

"ဆရာချက ဆရာချန်းကို အိုအေစစ်မြို့တော်ရဲ့ ကောင်စီဝင်တစ်ဦး အဖြစ် ဖိတ်ခေါ်ထားပါတယ်... ဆရာချန်း မငြင်းလိုက်နဲ့နော်"

"အိုအေစစ်မြို့တော်ရဲ့ ကောင်စီဝင် ဖြစ်လာရင် လစဉ်လတိုင်း လစာအဖြစ် အပို ရိက္ခာပစ္စည်းတွေ ရရှိမှာပါ"

"ဆရာချန်း အနေနဲ့ သိထားဖို့က အိုအေစစ်မြို့တော်ကို ရောက်လာတဲ့ အစွမ်းပိုင်ရှင်တိုင်း ကောင်စီဝင် ဖြစ်ခွင့်ရတာ မဟုတ်ပါဘူး"

"လမ်းပြသူ လမ်းစဉ် အဆင့် (၃) အစွမ်းပိုင်ရှင်တွေသာ အိုအေစစ်မြို့တော်ရဲ့ ကောင်စီဝင် အဖြစ် အရည်အချင်း ပြည့်မီတာပါ"

"ဒါကြောင့် ဆရာချန်း အနေနဲ့ မငြင်းပယ်ဖို့ တောင်းဆိုပါတယ်"

ပါးစပ်ကနေ ဆရာချန်း ဟု တစ်ချိန်လုံး ခေါ်ဝေါ်နေတော့သည်။

ချူချယ်ကိုပင် ကြောင်အမ်းအမ်း ဖြစ်သွားစေလုမတတ်ပင်။

ရှေ့မှ လူဝကြီး ပြောသော စကားများကို သေချာ နားထောင်ပြီးနောက် ချူချယ်က အနည်းငယ် စဉ်းစားကာ ထိုစာအိတ်ကို လှမ်းယူလိုက်သည်။

ကောင်စီဝင် ရာထူးလေး တစ်ခုမျှသာ ဖြစ်ပြီး လစဉ်လတိုင်း လစာအဖြစ် ရိက္ခာပစ္စည်းများ ရရှိဦးမည်ဆိုတော့ မယူလျှင် အရူးသာ ဖြစ်ပေလိမ့်မည်။

မည်သို့ပင်ဖြစ်စေ လူက အိုအေစစ်မြို့တော်ထဲ ရောက်နေပြီ မဟုတ်ပါလော။

ချူချယ်က ပါးစပ်မှ ကျေးဇူးတင်စကား ဆိုရင်း ဤရာထူးကို လက်ခံလိုက်သည်။

ဤလူဝကြီး၏ တာဝန် ပြီးဆုံးသွားပြီဟု အားလုံးက ထင်မှတ်နေချိန်မှာပင်။

လူဝကြီးက မျက်နှာပေါ်တွင် အပြုံးများ ပြည့်နှက်နေလျက် ဆက်လက် ပြောဆိုလာသည်။

"ဆရာချန်း... အိုအေစစ်မြို့တော်မှာ လာမယ့်လ ဆယ့်ငါးရက်နေ့ကျရင် စည်းဝါးလွတ် ကားပြိုင်ပွဲ ကျင်းပဖို့ ရှိပါတယ်... အိုအေစစ်မြို့တော်ရဲ့ ကောင်စီဝင်တိုင်းက ဒိုင်လူကြီး အဖြစ် တက်ရောက်ခွင့် ရှိပါတယ်"

"ဒါက အိုအေစစ်မြို့တော်ကို တည်ထောင်ပြီးကတည်းက ပထမဆုံးအကြိမ် ကျင်းပတဲ့ အကြီးစား လှုပ်ရှားမှု တစ်ခုပါ... ဒါကြောင့် ဆရာချန်း အနေနဲ့ မမေ့မလျော့ တက်ရောက်ပေးပါခင်ဗျာ"

"ဗျာ... ကျွန်တော်က ဒိုင်လူကြီး ဟုတ်လား"

ချူချယ် အနည်းငယ် အံ့သြသွားသည်။

သူ ရောက်ရောက်ချင်းမှာပင် ကောင်စီဝင် အဖြစ် ခန့်အပ်ခံရရုံသာမက ဒိုင်လူကြီး အဖြစ်ပါ တာဝန်ပေးခံရမည်ဟု မထင်မှတ်ထားခဲ့ပေ။

ခုနလေးကတင် သူတို့အဖွဲ့က အချိန်ကျလျှင် ပြိုင်ပွဲ ဝင်ကြမည်ဟု ပြောနေခဲ့ကြသေးသည်။

အခုတော့ သူက ဒိုင်လူကြီး ဖြစ်သွားပြီလား။

ဒါဆို ဒိုင်လူကြီးလည်း သူပဲ၊ ပြိုင်ပွဲဝင်လည်း သူပဲ ဖြစ်နေတော့မှာပေါ့။

ဒါ... ဒါက သိပ်တော့ အဆင်မပြေလှဘူး ထင်တယ်နော်။

အကယ်၍ သူသာ ဒိုင်လူကြီး ဖြစ်သွားခဲ့လျှင်။

ပြိုင်ပွဲကျမှ ဘက်လိုက်ပြီး အကဲဖြတ် မပေးခဲ့လျှင် ချန်းရီက သူ့ကို ပထမဆုံး အနေဖြင့် အလွတ်ပေးမည် မဟုတ်ကြောင်း သေချာလှသည်။

ဒါပေမဲ့ ဒါက စည်းဝါးလွတ် ကားပြိုင်ပွဲလေ... ဒိုင်လူကြီးက ဘာလုပ်ဖို့ လိုသေးလို့လဲ။

ထားလိုက်ပါတော့... ကြုံတဲ့အခါမှ ကြည့်ရှင်းတာပေါ့။

ချူချယ် အလွန် ရှင်းလင်းစွာ သိထားသည်မှာ တစ်ဖက်လူက သူ၏ လမ်းပြသူ လမ်းစဉ် အဆင့် (၃) ဆိုသော ဂုဏ်ပုဒ်ကိုသာ အလေးထားနေခြင်း ဖြစ်သည်။

သူ့ကို ဤမျှအထိ ဆွဲဆောင်နေခြင်းမှာ။

အိုအေစစ်မြို့တော်၏ လျှို့ဝှက်အကာအကွယ်နှင့် သက်ဆိုင်နေမည်ဟု ခန့်မှန်းရသည်။

ချူချယ်၏ ခန့်မှန်းချက်က မှန်ကန်ပေသည်။

အိုအေစစ်သို့ ရောက်ရှိလာသော လမ်းပြသူ လမ်းစဉ်တိုင်းကို အိုအေစစ်မြို့တော်၏ အထက်ပိုင်း အရာရှိများက သတိပြုမိကြစမြဲ ဖြစ်သည်။

လမ်းပြသူများသည် အိုအေစစ်မြို့တော်တွင် အလွန်တရာ ရှားပါးလှသော လူစွမ်းအား အရင်းအမြစ်များ ဖြစ်ကြသည်။

လူဝကြီးက ယဉ်ကျေးပျူငှာစွာဖြင့် ကိစ္စသုံးခုကို ပြောဆိုပြီးနောက် လှည့်ထွက်ရန် ပြင်လိုက်သည်။

ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီး ခေါင်းလှည့်ကာ ပြန်ပြောလိုက်သည်။

"ဆရာချန်း... အိုအေစစ်မြို့တော်ရဲ့ စန်းယွဲ့လမ်းမှာ လတိုင်းရဲ့ ပြက္ခဒိန်ဟောင်းအရ ၈ ရက်၊ ၁၈ ရက်နဲ့ ၂၈ ရက်နေ့တွေမှာ ဈေးပွဲတော်တွေ ရှိပါတယ်"

"ဒီနေ့က ပြက္ခဒိန်ဟောင်းအရ ၉ လပိုင်း ၂၈ ရက်နေ့ ဖြစ်ပြီး... ဒီလရဲ့ နောက်ဆုံး ဈေးပွဲတော်နေ့ပါပဲ"

"ဆရာချန်း အနေနဲ့ မိတ်ဆွေတွေကို ခေါ်ပြီး သွားလည်လို့ ရပါတယ်... တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းပါတယ်"

ထိုစကားကို ပြောပြီးနောက် လူဝကြီးက ရိုသေလေးစားစွာဖြင့် လှည့်ထွက်သွားလေသည်။

လူဝကြီး ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ရင်း ချူချယ်၏ မျက်လုံးများက အနည်းငယ် မှေးစင်းသွား၏။

ဤလူဝကြီးများတွင် ပြဿနာ တစ်ခုခု ရှိနေသည်ဟု သူ ခံစားနေရသည်။

ရုပ်ရည်သွင်ပြင်က ထူးဆန်းနေသလို၊ အပြုံးများကလည်း ပြဿနာ ရှိနေသည်။ စကားပြောဆိုပုံကအစ ထူးဆန်းကျောချမ်းဖွယ် ကောင်းနေ၏။

ကြည့်ရသည်မှာ ရုပ်သေးရုပ် တစ်ရုပ်နှင့်ပင် တူနေသေးသည်။

"အချိန်တွေ ကုန်တာ တော်တော်မြန်တယ်... အခုဆို ပြက္ခဒိန်ဟောင်းအရ ဆယ်လပိုင်းတောင် ရောက်တော့မယ်လို့ မထင်ထားဘူး"

"ခေါင်းဆောင်ချူ... အရင်က ပြောထားတဲ့ မြို့တော်ဆီ ပြန်လည်ဝင်ရောက်ရေး အစီအစဉ်က သိပ်မကြာခင် စတင်တော့မယ် ထင်တယ်နော်"

တင်းတုံက ကျိုးရှောင်ရှောင်ကို ခေါ်ဆောင်ကာ လျှောက်လာခဲ့သည်။

ထိုအမျိုးသမီး၏ မျက်နှာပေါ်ရှိ အမူအရာက အမြဲတမ်း တည်ငြိမ်အေးဆေးနေတတ်သည်။

"ဟုတ်တယ်... မြန်လိုက်တာ... ကမ္ဘာပျက်ကပ်ကြီး ဖြစ်နေတာတောင် ဘယ်လောက်ကြာသွားပြီလဲ"

"ငါတောင် အချိန်တွေကို မေ့လုမတတ် ဖြစ်နေပြီ"

ချူချယ် အနည်းငယ် ဝမ်းနည်းကြေကွဲသွားမိသည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် ဆယ်လပိုင်းသို့ ရောက်လုနီးပါး ဖြစ်နေပြီဟု သူမထင်မှတ်ထားခဲ့ပေ။

ဤလူဝကြီး သတိမပေးခဲ့လျှင် ချူချယ်က နွေရာသီဟုပင် ထင်မှတ်နေမိဦးမည် ဖြစ်သည်။

သို့သော် ယခုလက်ရှိ ကမ္ဘာကြီးတွင် နွေရာသီ ဖြစ်စေ၊ မဖြစ်စေ ကြီးမားသော ကွာခြားချက်မျိုးတော့ မရှိတော့ပေ။

ရာသီဥတုက ဖောက်ပြန်ရှုပ်ထွေးနေသည်မှာ ကြာပြီဖြစ်သည်။

ယခင်က ရှိခဲ့သော ရာသီဥတု လေးမျိုးမှာလည်း ယခုကဲ့သို့သော ကမ္ဘာကြီးအတွက် သင့်တော်မည် မဟုတ်တော့ချေ။

"အို... ရှင်တို့နှစ်ယောက် ဘာတွေ လေကြောရှည်နေကြတာလဲ... ဟိုလူဝကြီး ပေးသွားတဲ့ အထဲမှာ ဘာတွေပါလဲဆိုတာ ကြည့်ရအောင်လေ"

ပန်းရောင်ဆံပင်နှင့် ကောင်မလေးက လက်ဆောင်ဗူးကို ဖွင့်ဖောက်ရန် မစောင့်ဆိုင်းနိုင်တော့ပေ။

ကျန်လူများကလည်း မည်သည့်ပစ္စည်းများ ပေးပို့လိုက်သနည်းဆိုသည်ကို အတော်လေး သိချင်နေကြသည်။

လက်ဆောင်ဗူး ပွင့်သွားသည်နှင့် ရှောင်ယွီနှင့် စွန်းချန်းချန်းတို့ နှစ်ယောက်၏ ခေါင်းများက အရင်ဆုံး ငုံ့ကြည့်လိုက်ကြ၏။

ထို့နောက် သူတို့နှစ်ယောက်၏ အံ့သြတကြီး အာမေဍိတ်သံများကို ကြားလိုက်ရသည်။

"ဟာ... သံဘူး... မက်မွန်သီး သံဘူးတွေဟ... အမလေး"

"ကြည့်ရတာ အခြေအနေ ကောင်းသေးတယ်... မှိုတောင် မတက်သေးဘူး"

အသံများထဲတွင် တက်ကြွလန်းဆန်းမှုများ ပြည့်နှက်နေသည်။

မက်မွန်သီး သံဘူးဆိုသည်မှာ ကမ္ဘာပျက်ကပ် မတိုင်မီက ဝယ်ယူရန် ခက်ခဲသော ရှားပါးပစ္စည်းမျိုး မဟုတ်ပေ။

သို့သော် ယခုက ကမ္ဘာပျက်ကပ် ဖြစ်နေပြီ မဟုတ်ပါလော။

အလွန်တရာ ရှားပါးလွန်းသည် မဟုတ်ဘဲ စူပါမားကတ် တစ်ခုကို ရှာတွေ့ကာ သေချာ ရှာဖွေကြည့်ပါက အချိန်မရွေး တွေ့နိုင်သေးသည်။

သို့သော် အများစုမှာ သက်တမ်းကုန်ဆုံးပြီး မှိုတက်နေတတ်သည်။

ယခု သူတို့ရှေ့ရှိ အခြေအနေ ကောင်းမွန်နေသေးပုံရသော ဤသံဘူးတစ်ဖာမှာ ကြည့်စရာပင် မလိုဘဲ သက်တမ်းကုန်နေပြီဆိုသည်ကို သေချာပေါက် သိနိုင်သည်။

ယခုအချိန်တွင် သက်တမ်းမကုန်သေးသော အစားအသောက်များ လုံးဝမရှိတော့သည် မဟုတ်သော်လည်း အလွန်တရာ နည်းပါးလှသည်။

"ထယ်ရှီး... နင် စမ်းကြည့်မလား"

ပန်းရောင်ဆံပင်နှင့် ကောင်မလေးက သံဘူးတစ်ဘူးကို ထယ်ရှီးထံသို့ လှမ်းပစ်ပေးလိုက်သည်။

ထယ်ရှီးက တဟီဟီး အပြစ်ကင်းစွာ ရယ်မောရင်း ဖမ်းယူလိုက်ပြီး အားနာခြင်း အလျဉ်းမရှိဘဲ တိုက်ရိုက် ဖွင့်ဖောက်ကာ သူ၏ ပါးစပ်ကြီးကို ဟလျက် လောင်းချလိုက်လေသည်။

မှန်ပေသည်။ ထယ်ရှီးတွင် အခြား အသုံးဝင်မှု တစ်ခု ရှိသေးရာ ၎င်းမှာ ယာဉ်တန်း၏ အစားအသောက် စမ်းသပ်သူ ဖြစ်ခြင်းပင်။

ဤစွမ်းရည်ကို ယခင်က မည်သူမျှ သတိမထားမိခဲ့ကြချေ။

သို့သော် နောက်ပိုင်း တစ်ကြိမ်တွင် အားလုံးက သက်တမ်းကုန်နေသော အစားအသောက်များကို စားမိပြီး အနည်းနှင့်အများ ဗိုက်နာသည့် ပြဿနာများ ကြုံတွေ့ခဲ့ရပြီးနောက်ပိုင်းတွင်။

ထယ်ရှီး တစ်ယောက်သာ မည်သည့် တုံ့ပြန်မှုမျှ မဖြစ်ပေါ်ခဲ့ပေ။

အစွမ်းပိုင်ရှင်များ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုက အလွန် သန်မာသဖြင့် သာမန် သက်တမ်းကုန် ပုပ်သိုးနေသော အစားအသောက်များက သူတို့အပေါ် သိပ်ပြီး ကြီးမားသည့် သက်ရောက်မှု မရှိနိုင်သည်မှာ အမှန်ပင်။

အဆိုးဆုံး အနေဖြင့် အိမ်သာ တစ်ခေါက်သွားလိုက်ရုံဖြင့် အဆင်ပြေသွားမည်သာ ဖြစ်သည်။

ထိုအကြိမ်က အားလုံး စားသောက်ပြီး မကြာမီမှာပင် နေမကောင်းဖြစ်သလို ခံစားခဲ့ကြရသည်။

ယင်းကို ကြည့်ခြင်းအားဖြင့် ထိုအကြိမ်က အစားအသောက် ပုပ်သိုးမှုမှာ အလွန် ပြင်းထန်ပြီး အားလုံး ကြုံတွေ့ဖူးသမျှထဲတွင် အဆိုးရွားဆုံး အစားအသောက် အဆိပ်သင့်မှု ဖြစ်စဉ်ပင် ဖြစ်သည်။

အစွမ်းပိုင်ရှင်များကိုပင် အတိုင်းအတာ တစ်ခုအထိ သက်ရောက်မှု ရှိခဲ့လေသည်။

သို့သော် ခဏအကြာတွင် အားလုံးက အစွမ်းပိုင်ရှင်များ၏ သန်မာလှသော ခန္ဓာကိုယ်များဖြင့် တောင့်ခံကျော်ဖြတ်နိုင်ခဲ့ကြသည်။

သိထားရမည်မှာ သာမန် သက်တမ်းကုန် အစားအသောက်များက အစွမ်းပိုင်ရှင်များကို ကြီးမားသည့် ထိခိုက်မှု မပေးနိုင်ဘဲ အရသာ ကွာခြားသွားရုံမျှသာ ဖြစ်သည်။

ထိုအကြိမ်ကလွဲလျှင်ပေါ့။ ထိုအကြိမ်က အစားအသောက် အများစုမှာ အစိမ်းရောင် မှိုများပင် တက်နေပြီး အကြီးအကျယ် ပုပ်သိုးနေခဲ့ပြီ ဖြစ်သည်။

ရိက္ခာများ အမှန်တကယ် ပြတ်လပ်နေသဖြင့် ထိုတစ်ကြိမ်တွင် မတတ်သာဘဲ စားသောက်ခဲ့ကြရခြင်း ဖြစ်၏။

ထို့ပြင် ထိုအချိန်က အားလုံးမှာ လမ်းစဉ် အဆင့် (၂) မျှသာ ရှိကြသေးသည်။

သို့သော် ထယ်ရှီးမှာမူ မည်သည့် တုံ့ပြန်မှုမျှ မရှိခဲ့ချေ။

ထိုအခါကျမှသာ ဤကောင်၏ သန်မာလှသော ခန္ဓာကိုယ် ကြံ့ခိုင်မှုကြောင့် သာမန် သက်တမ်းကုန် အစားအသောက် သို့မဟုတ် အဆိပ်အတောက်များက သူ့ကို လုံးဝ ဒုက္ခမပေးနိုင်ကြောင်း အားလုံးက သတိပြုမိသွားကြတော့သည်။

ထယ်ရှီးက ပါးစပ်ကို ပလွတ်ပလွတ် မြည်အောင် သမ်းလိုက်ပြီး သူ၏ မျက်လုံးများ အနည်းငယ် အရောင်လက်သွားကာ အသံသြသြဖြင့် ပြောလိုက်သည်။

"ဒီသံဘူးက အရသာရှိတယ်"

ပန်းရောင်ဆံပင်နှင့် ကောင်မလေးက ဒေါသထွက်စွာ ပြောလိုက်၏။

"အရသာရှိမရှိ မေးနေတာ မဟုတ်ဘူး... ဒီဟာက စားလို့ရလား... အဆိပ်ရှိလား"

ထယ်ရှီးက နှုတ်ခမ်းကို လျက်လိုက်ပြီးနောက် ပါးစပ်ကြီး ဖြဲကာ ရယ်မောလိုက်သည်။

"ဟီးဟီး... စားလို့ရတယ်... သက်တမ်း မကုန်သေးဘူး"

ဆက်ရန်...

All Chapters