← Chapters

အခန်း ၃၁၈

Vol. 16 Ch. 318

အခန်း ၃၁၈

Vol. 16 Ch. 318

အပိုင်း(၃၁၈) ဓားသွေးသမား လမ်းစဉ်

ချန်းရီကလည်း ကတ်ထူပြားပေါ်ရှိ စာသားများကို စပ်စုချင်စိတ်ဖြင့် ကြည့်လိုက်၏။

"ယဲ့... ဓားသွေးသမား လမ်းစဉ် (၃)"

ထိုစာကြောင်းကို မြင်လိုက်ရသည့်အခါ ဤသည်မှာ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်နေခြင်းဖြစ်မည်ဟု ချန်းရီ သဘောပေါက်လိုက်သည်။

သို့သော် သူ၏ မျက်စိရှေ့မှ လူက ဓားသွေးသမား လမ်းစဉ်မှ ဖြစ်နေလိမ့်မည်ဟုတော့ သူ ထင်မှတ်မထားခဲ့ပေ။

ဤလမ်းစဉ်နှင့် ပတ်သက်၍ ချူချယ် ပြောပြဖူးသည်ကို သူ မကြားခဲ့ဖူးချေ။

သို့သော် မကြာမီမှာပင် ဘေးပတ်ဝန်းကျင်မှ လူများ၏ ဆွေးနွေးပြောဆိုသံများက ချန်းရီ၏ သိချင်စိတ်ကို ဖြေရှင်းပေးလိုက်သည်။

"ဓားသွေးသမား လမ်းစဉ်တဲ့... ဒါကြောင့် ဒီလူ စကားမပြောတာကိုး"

သဘောပေါက်သွားဟန်ရှိသော လူလတ်ပိုင်း တစ်ယောက်က ပြောလိုက်ပြီး သူ၏ မျက်လုံးများထဲတွင် ရှေ့မှ အေးစက်စက် မျက်နှာနှင့် လူငယ်လေးအပေါ် သတိထားစောင့်ကြည့်သည့် အရိပ်အယောင်များ ပိုတိုးလာသည်။

လမ်းစဉ် (၃) တဲ့... အဲဒါ လမ်းစဉ် (၃) လေ။

"ဘာသဘောလဲ... ဓားသွေးသမား လမ်းစဉ်က စကားပြောလို့ မရဘူးလား"

ဘေးနားရှိ လူတစ်ယောက်က ချန်းရီ သိချင်နေသော မေးခွန်းကို ထုတ်မေးလိုက်သည်။

"စကားပြောလို့ မရတာတော့ မဟုတ်ဘူး... ဓားသွေးသမား လမ်းစဉ်ရဲ့ ဘေးထွက်ဆိုးကျိုးက စကားများများပြောလေ စွမ်းအားတွေ ပိုပြီး လျင်လျင်မြန်မြန် ကျဆင်းလေပဲ"

"ဒါကြောင့်မို့ ဓားသွေးသမား အများစုက အခြေခံအားဖြင့် စကားသိပ်မပြောကြတော့ဘူး... စကားနည်းလေ ပိုကောင်းလေပဲ"

"စကားမပြောတဲ့ ဓားသွေးသမားက စွမ်းအား ပိုကြီးမားတယ်"

"စကားများတဲ့ ဓားသွေးသမားကတော့ စွမ်းအား ပိုအားနည်းတယ်"

"တချို့ဆိုရင် ဒီလမ်းစဉ်ကို နိုးကြားလာပြီးကတည်းက စကားတစ်ခွန်းတောင် မဟကြတော့ဘူး"

ဪ... ဒီလိုကိုး။

ယခင်က ဆူညံနေခဲ့သော လူအုပ်ကြီးမှာလည်း ငြိမ်သက်သွားကြသည်။

လူတစ်ယောက်က လှမ်းမေးလိုက်သည်။ "ညီလေး... မင်းက စကားမှ မပြောနိုင်တာ... မင်း ဘာရောင်းနေလဲဆိုတာ ငါတို့က ဘယ်လိုလုပ် သိနိုင်မှာလဲ"

လူငယ်လေးက စိတ်မရှည်စွာဖြင့် ကတ်ထူပြားအောက်ရှိ စာသားများကို လက်ညှိုးထိုးပြလိုက်သည်။

တစ်ယောက်က စတင် ဖတ်ပြလေတော့သည်။

"အသားစား ပိုးကောင်"

ကတ်ထူပြားပေါ်ရှိ စာသားများအရ သူ၏ရှေ့မှ လူငယ်လေး ရောင်းချနေသည့် အရာမှာ မည်သည့်အရာဖြစ်ကြောင်း ချန်းရီ နားလည်သွားသည်။

၎င်းမှာ အသားပိုးကောင် တစ်မျိုးဖြစ်ပြီး ကမ္ဘာပျက်ကပ် ခရီးစဉ်အတွင်း အသားဓာတ် ရရှိနိုင်မည့် အရင်းအမြစ်တစ်ခုအဖြစ် အသုံးပြုနိုင်သည်။

ဤအသားပိုးကောင်သည် သားပေါက်အရွယ်မှ စားသုံးနိုင်သော အရွယ်ရောက်သည်အထိ အချိန်အားဖြင့် တစ်ပတ်မှ နှစ်ပတ်ခန့်သာ ကြာမြင့်သည်။

ထို့အပြင် ၎င်းတို့ကို မွေးမြူရသည်မှာ အလွန်လွယ်ကူလှသည်။ ၎င်းတို့သည် အစုံစားသတ္တဝါများဖြစ်ပြီး စားသုံးနိုင်သော အစာအမျိုးအစား အလွန် ကျယ်ပြန့်သည်။

လူငယ်လေး၏ ကတ်ထူပြားပေါ်ရှိ မိတ်ဆက်စာအရ ဤအသားပိုးကောင်များကို မှိုတက်နေသော ပေါင်မုန့်များ၊ လောက်များ၊ သို့မဟုတ် ပုပ်သိုးနေသော သစ်သီးဝလံ ဟင်းသီးဟင်းရွက်များနှင့်ပင် ကျွေးမွေးနိုင်သည်။

သေချာပေါက် ထိုအရာများ မရှိခဲ့လျှင် မြက်ခင်းများ သို့မဟုတ် သစ်ရွက်နုများဖြင့်လည်း ကျွေးမွေးနိုင်သည်။

ခရီးသွားလာနေစဉ်အတွင်း ဤပိုးကောင်များကို မြေပြင်ပေါ်သို့ ပစ်ချထားလိုက်ရုံဖြင့် မြေကြီးပေါ်တွင် မြက်များရှိနေသရွေ့ ၎င်းတို့ဘာသာ သွားရောက်စားသောက်ကြလိမ့်မည်။

အရေးကြီးဆုံးအချက်မှာ ဤအသားပိုးကောင်များကို မွေးမြူရသည်မှာ အလွန် သက်သာလွယ်ကူလှသည်။ တွားသွားသည့် အမြန်နှုန်းမှာ အလွန်နှေးကွေးသဖြင့် လူများအနေဖြင့် အချိန်ကုန်ခံကာ အပင်ပန်းခံ စောင့်ရှောက်နေရန် မလိုအပ်ပေ။

၎င်းတို့ကို ဂရုမစိုက်ဘဲ ပစ်ထားလျှင်တောင်မှ အဝေးကြီးသို့ ရောက်အောင် သွားနိုင်မည် မဟုတ်ချေ။

အဖိုကောင်များ၏ အရွယ်အစားသည် လက်မ (၂၀) ခန့်အထိ ကြီးထွားနိုင်ပြီး အမကောင်များမှာလည်း (၁၂) လက်မမှ (၁၄) လက်မခန့်အထိ ရှိကြသည်။

အဖိုကောင် တစ်ကောင်လျှင် အသား (၆) ပိဿာနှင့် (၂၅) ကျပ်သားခန့် ထွက်ရှိနိုင်သည်။

အမကောင်များမှာမူ အသား (၄) ပိဿာနှင့် (၃၇) ကျပ်သားခန့် ထွက်ရှိနိုင်သည်။

တစ်ခုတည်းသော အားနည်းချက်မှာ မျိုးပွားနိုင်စွမ်း အလွန် နိမ့်ကျခြင်းပင် ဖြစ်သည်။

အမကောင်များ မျိုးပွားချိန်ရောက်၍ မွေးဖွားလာသော သားပေါက်များထဲမှ အများစုကို အရွယ်ရောက်သည်အထိ မွေးမြူကာ အသားစားရန်အတွက်သာ အသုံးပြုနိုင်သည်။

မျိုးပွားနိုင်စွမ်း ရှိသည့် အကောင်အရေအတွက်မှာ ငါးရာခိုင်နှုန်းပင် မပြည့်ပေ။

ဤအသားပိုးကောင်၏ အရသာမှာ ကြက်သားနှင့် အမဲသားကြားရှိ အရသာမျိုး ဖြစ်သည်...

အသားပိုးကောင်များနှင့် ပတ်သက်သည့် ဤမိတ်ဆက်စာကို မြင်လိုက်ရသောအခါ ချန်းရီ၏ မျက်လုံးများ အရောင်လက်သွားသည်။

ဤအရာက တင်းတုံ အမြဲတမ်း ဂရုစိုက် စောင့်ရှောက်နေသော မျိုးစေ့များနှင့် အတူတူပင် မဟုတ်ပါလော။

အလွန် သန်မာသော အသက်ရှင်သန်နိုင်စွမ်း ရှိကြပြီး အလွန် မြန်ဆန်သော ကြီးထွားချိန် ရှိကြသည်။ ထို့အပြင် ခရီးသွား ယာဉ်တန်းထဲတွင်လည်း မွေးမြူထားနိုင်သေးသည်။

ယာဉ်တန်းအတွက်တော့ အကောင်းဆုံးသော စံပြ မွေးမြူရေးပင် ဖြစ်သည်။

တစ်နည်းအားဖြင့် ပြောရလျှင်...

ချန်းရီ တစ်ယောက်တည်းသာ ဤသို့ တွေးနေခြင်း မဟုတ်ပေ။ ဘေးနားရှိ ကတ်ထူပြားပေါ်မှ စာသားများကို မြင်တွေ့ရသော အစွမ်းပိုင်ရှင်များ အားလုံးမှာလည်း အသက်ရှူနှုန်းများ မြန်ဆန်လာကြသည်။

အကယ်၍ ရှေ့မှ ယဲ့ ဟုခေါ်သော လူငယ်လေးသည် လမ်းစဉ် (၃) မှ ဓားသွေးသမားသာ မဟုတ်ခဲ့လျှင် သူတို့ ချက်ချင်း ဝင်လုကြတော့မည် ဖြစ်သည်။

ထိုအခါမှသာ ဤနေရာတွင် လမ်းစဉ် (၃) မှ လူငယ်လေးက ဤပစ္စည်းကို အဘယ်ကြောင့် လာရောက်ရောင်းချနေရသနည်း ဆိုသည်ကို လူအုပ်ကြီး သဘောပေါက်သွားကြသည်။

အကယ်၍ လမ်းစဉ် (၁) သို့မဟုတ် လမ်းစဉ် (၂) မှ အစွမ်းပိုင်ရှင်သာ ဆိုလျှင် ဤအသားပိုးကောင်များမှာ လုယက်ခံလိုက်ရသည်မှာ ကြာပြီ ဖြစ်လိမ့်မည်။

လူအုပ်ကြီးမှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ အပြန်အလှန် အကဲခတ်နေကြပြီး အလွန် သိမ်မွေ့ ရှုပ်ထွေးသော ခံစားချက်တစ်ခုက လူအုပ်ကြားတွင် ပျံ့နှံ့လာသည်။

ယခင်က တိုးဝှေ့နေခဲ့ကြသော လူများမှာ ယခုအချိန်တွင် အနည်းငယ် လူစုခွဲသွားကြသည်။

နေကာမျက်မှန်နောက်တွင် ကွယ်ဝှက်ထားသော ချန်းရီ၏ သွေးမျက်လုံးများမှ အနီရောင်အလင်းတန်းများ သဲ့သဲ့လေး ထွက်ပေါ်နေပြီး သူ၏ သူငယ်အိမ်ထဲရှိ မှော်စာလုံးများမှာ လည်ပတ်နေကြသည်။

မျက်စိရှေ့မှ ဤအသားပိုးကောင်သည် အလွန်ကောင်းမွန်သော အရာဖြစ်သည်မှာ အသေအချာပင်။

လဲလှယ်ရယူနိုင်ရန်မှာ အလွန် ခက်ခဲလှသည်။ လက်ရှိတွင် ချန်းရီ တွေးမိသော နည်းလမ်း တစ်ခုတည်းသာ ရှိသည်။

ထိုအရာကတော့ "လုယူခြင်း" ပင် ဖြစ်သည်။

သို့သော် ပတ်ဝန်းကျင်တွင် လူတွေ အလွန်များပြားနေသဖြင့် လှုပ်ရှားရန်မှာ ထိုမျှလောက် မလွယ်ကူနိုင်ချေ။

ချန်းရီ၏ ခန္ဓာကိုယ်က အနည်းငယ် နောက်ဆုတ်သွားပြီး အင်္ကျီအိတ်ကပ်ထဲမှ ဆေးလိပ်တစ်လိပ်ကို ထုတ်ယူကာ မီးညှိလိုက်သည်။

လူငယ်လေးကလည်း လေထု၏ သိမ်မွေ့သော ပြောင်းလဲမှုကို သတိထားမိဟန်တူပြီး သူ၏ နှုတ်ခမ်းထောင့်တွင် အထင်အမြင်သေးသော အပြုံးတစ်ခု ပေါ်လာသည်။

သူက ပါးစပ်ကို ဟလိုက်ပြီး တစ်ခုခု ပြောချင်ပုံရသော်လည်း နောက်ဆုံးတွင်တော့ ပြောမည့်စကားများကို အတင်းအကျပ် မျိုချလိုက်သည်။

ဤကောင်၏ မျက်နှာအမူအရာကို ကြည့်ရသည်မှာ အစွမ်းပိုင်ရှင် မဖြစ်လာမီက အလွန် စကားများသူတစ်ယောက် ဖြစ်ခဲ့ဟန်တူသည်။

ဓားသွေးသမား ဖြစ်လာပြီးနောက်တွင်တော့ စကားမပြောရသဖြင့် အတော်လေး အသက်ရှူကျပ်နေလောက်ပြီ ဖြစ်သည်။

"ဟေး... ညီလေး... မင်းရဲ့ ဒီအသားပိုးကောင်တွေကို ဘယ်လို လဲမှာလဲ"

လူတစ်ယောက်က ထပ်မံ မေးလိုက်သည်။

လူငယ်လေးက ဈေးခုံအောက်မှ နောက်ထပ် ဆိုင်းဘုတ်တစ်ခုကို ထုတ်ယူလိုက်ပြန်သည်။

"သဘာဝလွန်ပစ္စည်းနဲ့ ပြီးပြည့်စုံတဲ့ မျိုးစေ့နဲ့ပဲ လဲမယ်"

သဘာဝလွန်ပစ္စည်း ဆိုသည်မှာ လူတိုင်း လိုချင်ကြသောအရာ ဖြစ်သဖြင့် ထားလိုက်တော့။

ပြီးပြည့်စုံသည့် မျိုးစေ့ဆိုတာကတော့...

"ပြီးပြည့်စုံတဲ့ မျိုးစေ့ဆိုတာ ဘာကြီးလဲ"

ချွမ်ယွီဒေသ လေယူလေသိမ်းဖြင့် ရိုးအသော လူတစ်ယောက်က ပတ်ဝန်းကျင်ရှိ လူများကို ကြောင်တောင်တောင်ဖြင့် မေးလိုက်သည်။

သို့သော် မည်သူကမျှ သူ့ကို ဂရုမစိုက်ကြပေ။

သို့သော် မကြာမီမှာပင် လူတစ်ယောက်က အော်ပြောလိုက်သည်။

"သေစမ်း... မင်းက တမင်သက်သက် မလဲချင်လို့ လုပ်နေတာ မဟုတ်လား... ပြီးပြည့်စုံတဲ့ မျိုးစေ့ဆိုတာက ကြုံမှသာ ရနိုင်မယ့်ဟာကို... မင်းက လူတိုင်းဆီမှာ ရှိနေမယ် ထင်နေတာလား"

အရှေ့မြောက်ပိုင်း လေယူလေသိမ်းနှင့် အစ်ကိုကြီးတစ်ယောက်က အနည်းငယ် မကျေမနပ်ဖြင့် ဆဲရေးလိုက်ခြင်း ဖြစ်သည်။

"ဟုတ်တယ်လေ... ဒီပစ္စည်းဆိုတာ ငါတို့လည်း ကြားပဲ ကြားဖူးတာ... မင်းက သိပ်မရိုးသားဘူး... တကယ်လို့ ဒီပစ္စည်းသာ တကယ်ရှိနေရင် ဘယ်သူက မင်းနဲ့ လာလဲမလဲ"

"အသားပိုးကောင်နဲ့ ပြီးပြည့်စုံတဲ့ မျိုးစေ့ကို လဲတာကလည်း မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး"

ခဏချင်းမှာပင် ပတ်ဝန်းကျင်တွင် လေယူလေသိမ်း မျိုးစုံဖြင့် ပြောဆိုသံများ ထွက်ပေါ်လာသည်။

အမြင်အမျိုးမျိုး ရှိသူများလည်း ပါဝင်ကြသည်။

အကယ်၍ ရှေ့မှ ဤလူငယ်လေးသာ လမ်းစဉ် (၃) မှ အစွမ်းပိုင်ရှင် မဟုတ်ခဲ့လျှင် သူတို့ ဝင်ရောက် လုယက်နေကြပြီ ဖြစ်သည်။

စကားမပြောနိုင်သော ရှေ့မှ စကားများသည့် လူငယ်လေး၏ မျက်နှာပေါ်တွင် တဖြည်းဖြည်း စိတ်မရှည်မှုများ ပေါ်လာသည်။

သူက လက်ကို ဆန့်ထုတ်ကာ ကစားစရာဓားကို ဆွဲယူလိုက်ပြီး ဘေးနားမှ ဆူညံပွက်လောရိုက်နေသော လူများကို ဓားတစ်ချောင်းကဲ့သို့ ထက်မြက်သော မျက်လုံးများဖြင့် ဝေ့ဝဲကြည့်လိုက်သည်။

ပါးစပ်က အဆက်မပြတ် ပွင့်ဟလှုပ်ရှားနေသော်လည်း မည်သည့် အသံမျှ ထွက်မလာချေ။

သေချာသည်မှာ ထိုအချိန်တွင် ဤကောင်က အလွန် ရိုင်းစိုင်းစွာ ဆဲရေးနေလောက်ပြီ ဖြစ်သည်။

ချန်းရီက နှုတ်ခမ်းဖတ်တတ်သည့် ပညာကို သိပ်နားမလည်သော်လည်း လူငယ်လေး၏ နှုတ်ခမ်းလှုပ်ရှားမှုကို မှုန်ဝါးဝါး မြင်တွေ့လိုက်ရသည်။

သူ ပြောနေသည်မှာ ငမွဲတွေ မဝယ်နိုင်ရင် ထွက်သွားကြ ဆိုသည့် စကားမျိုး ဖြစ်လောက်သည်။

သို့သော် သူ မည်မျှပင် ရိုင်းစိုင်းစွာ ဆဲရေးနေစေကာမူ ဘေးနားရှိ လူများက မကြားရသဖြင့် မည်သည့် ပြဿနာမျှ မဖြစ်ပေါ်လာခဲ့ပေ။

ထိုနေရာတွင် ပြီးပြည့်စုံသည့် မျိုးစေ့ကို ထုတ်ယူကာ လဲလှယ်လိုသူ မည်သူမျှ မရှိကြချေ။

သို့သော် လူအနည်းငယ်ကမူ သူတို့၏ အင်္ကျီအိတ်ကပ်ထဲမှ သဘာဝလွန်ပစ္စည်းနှင့် ဆင်တူသော အရာအချို့ကို ထုတ်ယူကာ ကမ်းပေးလိုက်ကြသည်။

ထိုအေးစက်စက်နှင့် စကားများသည့် လူငယ်လေး၏ မျက်ခွံများ အနည်းငယ် ပင့်တက်သွားပြီး အနည်းငယ် စိတ်ဝင်စားသွားကြောင်း ထင်ရှားနေသည်။

သို့သော် လူငယ်လေးက ပါးသိုင်းမွေးနှင့်၊ မျက်နှာဝိုင်းဝိုင်း၊ ခြေအိတ်ဖြူနှင့် လူငယ်တစ်ယောက်၏ လက်ထဲမှ မျက်မှန်ကိုင်းမပါသော မျက်မှန်တစ်လက်ကို လှမ်းယူလိုက်သောအခါ...

ထိုပါးသိုင်းမွေးနှင့် မျက်နှာဝိုင်းဝိုင်း လူငယ်က လူငယ်လေးကို မျက်စပစ်ပြလိုက်သည်။

လူငယ်လေးက ထိတ်လန့်သွားပြီး တစ်ကိုယ်လုံး တုန်တက်သွားကာ မူလက ဆန့်တန်းထားသော လက်မှာ လက်ညှိုးနှင့် လက်မအဖြစ် ပြောင်းလဲသွားပြီး ထိုမျက်မှန်ကို အသာလေး ညှပ်ကာ ယူလိုက်သည်။

လူငယ်လေးက ထိုမျက်မှန်ကို ထိကိုင်လိုက်သည်နှင့် တစ်ပြိုင်နက် မျက်မှန်၏ အချက်အလက်များကို စစ်ဆေးကြည့်ရှုပြီးဖြစ်ဟန် တူသည်။

ထို့နောက် သူ၏ မျက်နှာမှာ အလွန် ဆိုးရွားသွားပြီး ပစ္စည်းကို ပြန်ပစ်ပေါက်လိုက်ကာ လူကို နှင်ထုတ်သည့် အမူအရာ ပြုလုပ်လိုက်သည်။

ပါးသိုင်းမွေးနှင့် မျက်နှာဝိုင်းဝိုင်း လူငယ်မှာ ဒေါသထွက်ကာ ခြေဆောင့်လိုက်ပြီး ကိုယ်ကိုလှည့်ကာ ထွက်သွားတော့သည်။

နောက်ထပ် လူတစ်ယောက် ရောက်လာပြီး အင်္ကျီအိတ်ကပ်ထဲမှ ကစားစရာ ကားလေးတစ်စီးကို ထုတ်ယူကာ လူငယ်လေးထံ ပစ်ပေးလိုက်သည်။

"မင်း ကြည့်လိုက်ဦး... ဒီဟာကို မင်း လိုချင်လား... နံပါတ်စဉ် (၆၅၁၂) လေ... မင်း သဘောတူရင် အခုပဲ လဲပေးမယ်"

လူငယ်လေးက ကစားစရာ ကားလေးကို ကောက်ယူလိုက်ပြီး အချက်အလက်များကို စစ်ဆေးပြီးနောက် တုံဆိုင်းခြင်းမရှိဘဲ တစ်ဖက်လူထံသို့ ပြန်ပစ်ပေးလိုက်သည်။

ပါးစပ် ပွင့်ဟလှုပ်ရှားမှုအရ စကားတစ်ခွန်းသာ ကျန်ရစ်ခဲ့သည်။

"ထွက်သွား"

သေချာပေါက် မည်သည့်အသံမျှ ထွက်မလာခဲ့ပေ။

ဤသည်မှာ ချန်းရီက နှုတ်ခမ်းလှုပ်ရှားမှုကို ကြည့်ကာ ခွဲခြမ်းစိတ်ဖြာထားခြင်း ဖြစ်သည်။

ထိုလူက မျက်နှာပျက်ပျက်ဖြင့် ထွက်သွားပြီး မထွက်သွားမီ ဓားကိုပိုက်ထားသော လူငယ်လေးကို စူးစိုက်ကြည့်သွားကာ လူငယ်လေးကို သူ့စိတ်ထဲတွင် နက်နက်ရှိုင်းရှိုင်း မှတ်သားထားရန် ရည်ရွယ်ထားပုံရသည်။

ထို့နောက်တွင်လည်း လူအနည်းငယ်က ရှေ့ထွက်လာကြပြီး သူတို့၏ သဘာဝလွန်ပစ္စည်းများကို ထုတ်ပြကြသည်။

သို့သော် ရလဒ်မှာ တစ်ယောက်မျှ ချွင်းချက်မရှိဘဲ အားလုံး ကျရှုံးသွားခဲ့ကြသည်။

တဖြည်းဖြည်းဖြင့် ဘေးနားရှိ လူများမှာလည်း နည်းပါးလာတော့သည်။

ချန်းရီ တစ်ယောက်တည်းသာ ကျန်ရစ်တော့သည့် အချိန်ရောက်မှသာ လူငယ်လေးက ချန်းရီထံသို့ အကြည့်ရောက်လာခဲ့သည်။

ချန်းရီက တဟီးဟီးရယ်မောလိုက်ပြီး သူ၏ ခါးမှ ပေါက်ကွဲကြယ်ပွင့်ကို ဆွဲဖြုတ်လိုက်သည်။

လူငယ်လေးက ကြည့်လိုက်ပြီး ခေါင်းခါယမ်းကာ ပေါက်ကွဲကြယ်ပွင့်ကို ချန်းရီထံ ပြန်ပေးလိုက်သည်။

ထို့နောက် လူငယ်လေးက ကတ်ထူပြားပေါ်တွင် စာတစ်ကြောင်း ထပ်ဖြည့်ရေးလိုက်သည်။

"နံပါတ်စဉ် (၃၀၀၀) အောက်ဆိုရင် လာမပြောနဲ့"

နံပါတ်စဉ် (၃၀၀၀) ဟုတ်လား...။

တကယ်လို့သာ နံပါတ်စဉ် (၃၀၀၀) အောက် သဘာဝလွန်ပစ္စည်း ရှိနေခဲ့လျှင်တောင်မှ မည်သူကမျှ ထုတ်ယူကာ လဲလှယ်လိုကြမည် မဟုတ်ချေ။

ချန်းရီကလည်း ဒေါသမထွက်ဘဲ ပေါက်ကွဲကြယ်ပွင့်ကို လှမ်းယူကာ ခါးတွင် ပြန်ချိတ်လိုက်ပြီး သူ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။

"ငါ့ဆီမှာ ၇၂ နာရီအတွင်း ရင့်မှည့်စားသုံးနိုင်တဲ့ အာလူးတစ်မျိုး ရှိတယ်... မိုးခေါင်ရေရှားဒဏ်၊ ရောဂါဒဏ်နဲ့ ပိုးမွှားဒဏ်တွေကို ခံနိုင်ရည်ရှိတယ်... ခရီးသွား ယာဉ်တန်းထဲမှာ စိုက်ပျိုးရင်တောင် ဘာပြဿနာမှ မရှိဘူး"

"ဒါက ညီလေးပြောတဲ့ ပြီးပြည့်စုံတဲ့ မျိုးစေ့ပဲ ဖြစ်ရမယ်"

"ညီလေး လိုချင်တာ အဲဒီလိုမျိုး မဟုတ်လား"

ဤစကားကို ကြားလိုက်ရသည်နှင့် တစ်ဖက်မှ လူငယ်လေး၏ မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားပြီး မျက်လုံးများ အရောင်လက်သွားသည်။

ချန်းရီက လူငယ်လေး၏ စိတ်လှုပ်ရှားမှုကို တားဆီးရန် လက်ကာပြလိုက်ပြီး ဖြည်းညင်းစွာဖြင့် ဆက်ပြောလိုက်သည်။

"ဒီအာလူးမျိုးကို ရဖို့အတွက် ငါတို့လည်း အများကြီး အချိန်ကုန်ခံ အပင်ပန်းခံထားရတာ"

"ညီလေးရဲ့ အသားပိုးကောင်တွေကို ပြီးပြည့်စုံတဲ့ မျိုးစေ့နဲ့ လဲချင်တယ်ဆိုရင် ငါတို့ လဲပေးနိုင်တယ်"

"ဘယ်လို စိုက်ရမယ်ဆိုတာကို သင်ပေးဖို့ အထူးကျွမ်းကျင်တဲ့သူတောင် ငါတို့ဆီမှာ ရှိသေးတယ်"

လူငယ်လေးက စိတ်လှုပ်ရှားစွာ ခေါင်းညိတ်ပြလိုက်ပြီး အသားပိုးကောင်များကို လက်ညှိုးထိုးပြကာ ချန်းရီကိုလည်း လက်ညှိုးထိုးပြလိုက်သည်။

သူ ဆိုလိုရင်းက "ဘယ်လို လဲမှာလဲ" ဟု မေးနေခြင်း ဖြစ်လောက်သည်။

ချန်းရီက ပြုံးစိစိဖြင့် လက်တစ်ချောင်း ထောင်ပြလိုက်သည်။

လူငယ်လေးက အနည်းငယ် တုံဆိုင်းသွားပြီး ကတ်ထူပြားပေါ်တွင် စာလုံးအချို့ ရေးချလိုက်သည်။

"ပိဿာ (၃၀) ကျော်က နည်းလွန်းတယ်"

ချန်းရီက ပြုံးကာ ခေါင်းခါပြလိုက်သည်။ "မဟုတ်ဘူး... တစ်လုံးတည်းကို ပြောတာ"

လူငယ်လေး အံ့အားသင့်သွားပြီး ချက်ချင်းပင် သူ၏ မျက်နှာအမူအရာမှာ ဒေါသထွက်လာကာ ချန်းရီကို ကြည့်သည့် အကြည့်များမှာလည်း မလိုလားတော့ပေ။

ချန်းရီက ဆက်လက်၍ မျက်နှာပြောင်တိုက်ကာ ပြောလိုက်သည်။

"အာလူးတစ်လုံးနဲ့ ညီလေးရဲ့ အသားပိုးကောင် နှစ်ကောင်... အဖိုတစ်ကောင်၊ အမတစ်ကောင် လဲမယ်... မဟုတ်ရင် ငါတို့ မျိုးပွားလို့ မရဘူးလေ"

"ထွက်သွား"

လူငယ်လေးသည် နောက်ဆုံးတွင် သည်းမခံနိုင်တော့ဘဲ တိုက်ရိုက် အော်ဟစ်လိုက်ကာ စကားမပြောရသည့် ဘေးထွက်ဆိုးကျိုးကို ချိုးဖောက်လိုက်တော့သည်။

သေချာသည်မှာ ရှေ့မှ ဤလူငယ်လေးသည် ချန်းရီ၏ မျက်နှာပြောင်တိုက်မှုကြောင့် ဒေါသထွက်သွားခြင်း ဖြစ်သည်။

ဆက်ရန်...

All Chapters