← Chapters

အခန်း (၂၅၇-၂၅၈)

Vol. 26 Ch. 257-258

အခန်း (၂၅၇-၂၅၈)

Vol. 26 Ch. 257-258

Chapter 257

“ဒီအဆင့်အထိရောက်ဖို့ ဆေးလုံးတော်တော်များများနဲ့ ချီ‌ကျောက်တုံးတွေကို သုံးခဲ့ရတာလေ”

ဝမ်ရှန်းက သက်ပြင်းချလိုက်သည်။

“ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်ကို တည်ငြိမ်အောင်လုပ်ဖို့ အချိန်လိုသေးတယ်၊၊ မိစ္ဆာကျင့်ကြံသူတွေကို ရင်ဆိုင်ဖို့ အတင်းအကျပ်အဆင့်မြှင့်ခဲ့ရတာဆိုတော့ ဖုံးကွယ်နေတဲ့ အန္တရာယ်တွေ အများကြီးရှိနေနိုင်သေးတယ်”

ဟိုင်ကျင်း လျှာသပ်လိုက်ပြီး ဆိုဖာပေါ်တွင် မိစ္ဆာနှိမ်နင်းတုတ်ကို ကိုင်၍ ထိုင်လိုက်သည်။

“ဒါနဲ့ ဒီနေ့အတွက် ဘာအစီအစဉ်ရှိလဲ၊၊ မုရွှယ်ပြောတာ ကြားတာတော့…”

“ရှင်တို့က တံခါးတောင်မပိတ်ပဲ သုံးယောက်လုံး အစီအစဉ်ဆွဲနေကြပြီလား”

ပြောနေတုန်းရောက်လာတာ သူမတော့ အသက်ရှည်ဦးမှာပဲ…၊၊

မုရွှယ်က အချိန်ကိုက်ပင် ရောက်ရှိလာခဲ့ပြီး ရုံးဝတ်စုံကို ဝတ်ဆင်ထားကာ အတွေ့အကြုံမရှိသော မိန်းကလေးငယ်နှစ်ဦးလည်းပါရှိသည်။ သူမက လက်ပြလိုက်ရာ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့မှ အလုပ်သင်နှစ်ဦးက လူတိုင်းကို အမြန်နှုတ်ဆက်ပြီး ထောင့်တွင် ရိုသေစွာ ရပ်နေခဲ့ကြသည်။

“ကျန်တဲ့ တာအိုဆရာနှစ်ယောက်က မရောက်သေးဘူးလား” မုရွှယ်က တိုးတိုးလေးမေးမြန်းလိုက်သည်။

“ကျွန်မ သူတို့အခန်းတွေကို သွားခဲ့ပေမဲ့ သူတို့ကိုရှာမတွေ့ဘူး”

မုဝမ်ရွှမ်းက ဟိုတယ်၏ ကားပါကင်ဘက်သို့ ညွှန်ပြလိုက်သည်။ ဝမ်ရှန်းလည်း သူ၏ဝိညာဉ်အသိစိတ်ကို ဖြန့်ကျက်လိုက်ရာ ချက်ချင်းပင် အရှိန်အဝါတစ်ခုကို ခံစားလိုက်ရသည်။

“ဟိုဘက်မှာ ချီစွမ်းအင်လှုပ်ရှားမှုရှိတယ်၊၊ ကျင့်ကြံသူနှစ်ယောက် တိုက်ခိုက်နေကြတာနဲ့တူတယ်၊၊ ဝမ်ရှန်းက ပြောလိုက်သည်။

“အခုပဲ ပြီးသွားပြီ၊၊ သူတို့ ဒီဘက်ကို လာနေကြပြီ”

မုရွှယ်က သူမ၏နဖူးကို ရိုက်လိုက်ပြီး ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။

“ဒီနှစ်ယောက်ကတော့… ဒီလိုအချိန်မျိုးမှာတောင် ပုဂ္ဂိုလ်ရေးရန်ငြိုးတွေကို အရင်ရှင်းဖို့ အတင်းအကျပ်လုပ်နေကြတုန်းပဲ၊၊ နိုင်ငံခြားကိုယ်စားလှယ်အဖွဲ့ သုံးခုက တခြားဟိုတယ်မှာ တည်းခိုနေလို့ တော်သေးတယ်၊၊ တကယ်လို့ အဲဒီမြင်ကွင်းကို မြင်ရင် သူတို့ ဘာတွေးမလဲ”

ပုဂ္ဂိုလ်ရေးရန်ငြိုးလား။

ဝမ်ရှန်းသည် အနည်းငယ်ဇဝေဇဝါဖြစ်သွားသော်လည်း ထိုအကြောင်းကို ထပ်မမေးတော့ပေ၊၊

“ဒီနေ့ ငါတို့ဘာလုပ်ရမလဲ”

“ဒါမပြောခင်မှာ အဲဒီတာအိုဆရာနှစ်ယောက်ကို သွားခေါ်ပါရစေဦး၊၊ ဒါမှ ကျွန်မတို့လည်း စကားတွေကို ထပ်ခါတလဲလဲပြောစရာမလိုတော့မှာပေါ့”

မုရွှယ်က တိုးတိုးလေးပြောပြီးနောက် လျင်မြန်စွာ ထွက်ခွာသွားခဲ့သည်။

ဝမ်ရှန်း တွေးထားသည့်အတိုင်းပင် ဖိတ်ကြားခံရသော အခြားနှစ်ဦးကို သူအတော်ပင် ရင်းနှီးလေသည်။

ခဏအကြာတွင် မုရွှယ်သည် လုံဟူရှန်းတောင်မှ အမြုတေဖွဲ့စည်းခြင်းအစောပိုင်းအဆင့် ကျင့်ကြံသူ- အဆောင်ပါရမီရှင်ဖြစ်သော ရှီချန်ကျန်းနှင့်အတူ ဝင်ရောက်လာခဲ့သည်။ ၎င်းတို့၏ နောက်တွင်မူ ကျင့်ကြံခြင်းလောက၌ ယနေ့ခေတ်တွင် အချောဆုံးကျင့်ကြံသူဟု လူသိများသော မော်ရှန်းတောင်မှ အမြုတေဖွဲ့စည်းခြင်းအလယ်အဆင့် ကျင့်ကြံသူ လျှိုယွမ်ကျိပါလာသည်။

ရှီချန်ကျန်းကို ကြည့်ရသည်မှာ အတော်လေး စိတ်ပျက်လက်ပျက်ဖြစ်နေပုံရသည်။ တောက်ပသော မန္တန်များဖြင့် တဖျတ်ဖျတ်တောက်ပနေသော ရတနာကြိုးတစ်ခုက သူ၏ ခန္ဓာကိုယ်အထက်ပိုင်းကို တုတ်နှောင်ထားသည်။ တစ်ချိန်တည်းမှာပင် လျှိုယွမ်ကျိက ပြုံးရွှင်နေပြီး ကြိုး၏ အခြားတစ်ဖက်ကို ကိုင်ဆောင်ကာ တစ်ခါတစ်ရံဆွဲတင်းလိုက်တတ်သည်။

ရှီချန်ကျန်း၏ သာမန်ဝတ်စုံတွင် မီးလောင်ပေါက်အများပြားရှိနေသည်။ လျှိုယွမ်ကျိ၏ တာအိုဝတ်စုံသည် ဟောင်းနွမ်းနေသော်လည်း သပ်ရပ်သန့်ရှင်းနေသည်။ ပိုးသားထဲတွင် ရက်လုပ်ထားသော ရွှေချည်မျှင်များက ၎င်းသည် ရှားပါးသော ရွှေချည်ထိုးဝတ်စုံဖြစ်ကြောင်း ထင်ရှားစေသည်။ ၎င်းတို့၏ အသွင်ပြင်အရ မည်သူက အနိုင်ရရှိခဲ့သည်ကို ခန့်မှန်းရန် မခက်ခဲပေ။

သူသည် ဝင်ရောက်လာသည်နှင့် ရှီချန်ကျန်းက အဆုတ်ကွဲမတတ် အော်ဟစ်လိုက်သည်။

“အစ်ကိုရှန်း… ငါ့ကို ကယ်ပါဦး…အီး… ဒီနေ့ မင်းကအတော်လှတာပဲ နတ်သမီးပုယွီ”

မုဝမ်ရွှမ်းက ညင်သာသော အပြုံးဖြင့် ခေါင်းညိတ်ပြလိုက်ပြီး သူမ၏ လှုပ်ရှားမှုတိုင်းက သိမ်မွဲမှုနှင့် ယဉ်ကျေးမှုကို ပြသနေသည်။

လျှိုယွမ်ကျိက ရှေ့သို့ တက်လာကာ ကြိုးကို ကိုင်လျက်ဖြင့် နှုတ်ဆက်လိုက်သည်။

“တာအိုရောင်းရင်း ဖေးယွီ၊ နတ်သမီးပုယွီ၊ ဗုဒ္ဓကျင့်ကြံသူ ဟိုင်ကျင်း… တွေ့ရတာ ဝမ်းသာပါတယ်”

“ဝေါမီတောဖော”

“သူ့ကို လွှတ်ပေးလိုက်ပါဦး… တာအိုရောင်းရင်း”

ဝမ်ရှန်းက ရယ်မောလျက် ပြောလိုက်သည်။

“တခြားသူတွေအမြင်မှာ ရယ်စရာဖြစ်အောင်လုပ်ဖို့မလိုပါဘူး”

လျှိုယွမ်ကျိက ခေါင်းညိတ်လိုက်ပြီး ရတနာကြိုးကို ပေါ့ပေါ့ပါးပါးပင် ပြန်လည်ရုပ်သိမ်းလိုက်သည်။

ရှီချန်ကျန်း ချက်ချင်းပင် ဒေါသထွက်သွားခဲ့သည်။ ရန်လိုသောအမူအရာဖြင့် သူက အံကြိတ်ကာ သူ့အနားရှိ လျှိုယွမ်ကျိကို လက်သီးဖြင့်ထိုးလိုက်သည်။

ဝမ်ရှန်း၏ မျက်ဝန်းများ အနည်းငယ်ကျဉ်းမြောင်းသွားပြီး သူ့အနားရှိ အမည်မဲ့ဓားသည် ဓားအိမ်မှ လက်မဝက်ခန့်ထွက်သွားခဲ့သည်။

ထန်..

ရုတ်တရက် လှုပ်ရှားမှုအတွင်း ထိုလက်သီးသည် လျှိုယွမ်ကျိ၏ ပုခုံးကို ပွတ်တိုက်သွားခဲ့သည်။ ရှီချန်ကျန်းက သူ၏အသံကို ညှစ်ကာ ရေရွတ်လိုက်သည်။

“မင်းက ကတော်ဆိုးတာပဲ ညီမလေးလျှို… ဒီလိုကစားနည်းတွေ ကစားဖို့အတွက်နဲ့ လူတွေကို ဘာလို့တုတ်နှောင်ထားရတာလဲ”

လျှိုယွမ်ကျိ၏ ချောမောသောမျက်နှာသည် အိုးမည်းပေကျံသွားသကဲ့သို့ မည်းမှောင်သွားခဲ့သည်။ အနီးရှိ ဟိုင်ကျင်းလည်း ၎င်းတို့နှစ်ဦးကို ခွဲထုတ်ရန် လျင်မြန်စွာ ရှေ့သို့ တက်လာခဲ့သည်။

ရှီချန်ကျန်းက မုရွှယ်ကို မော့ကြည့်ကာ သက်ပြင်းချလိုက်သည်။

“ဟေး… မင်း ငါ့ကိုခေါ်တုန်းက ဒီကောင်စုတ်ရှိနေမယ်လို့ မပြောခဲ့ဘူးနော်”

“အားလုံး အရင်ထိုင်ကြပါဦး”

မုရွှယ်က ညင်သာစွာ ပြောလိုက်သည်။

“ကျွန်မတို့ တာအိုဆရာလျှိုကို ဖိတ်ခေါ်ရတာက သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ သူ့ရဲ့ ရုပ်ရည်ကြောင့်ပါ”

ရှီချန်ကျန်းလည်း နားလည်မှုရသွားသည့် အမူအရာဖြင့် ခေါင်းညိတ်ပြလိုက်သည်။

“အော်… အဲဒါက အဓိပ္ပာယ်ရှိသားပဲ၊၊ ရုပ်ရည်နဲ့ ပတ်သက်လာရင် ငါက အစ်ကိုရှန်းနဲ့ လျှိုလေးကိုပဲ အသိအမှတ်ပြုတယ်”

ဘေးနားမှ ဝမ်ရှန်းက တည်ငြိမ်စွာ ဖြည့်စွက်လိုက်သည်။

“တာအိုရောင်းရင်းက အထင်လွဲနေပြီ… ဟွာသမ္မတနိုင်ငံက အမြဲတမ်း ယဉ်ကျေးတဲ့မြေဖြစ်ခဲ့တယ်၊၊ ဒီနေ့ယှဉ်ပြိုင်ပွဲတွေမှာ ငါတို့က အချီတိုင်းမနိုင်သင့်ဘူး၊၊ တစ်ဖက်လူကို တခြားနေရာတွေမှာ အနိုင်ရခွင့်ပေးတာက ပိုပြီး သင့်တော်ပါတယ်”

ရယ်သံအချို့ ထွက်ပေါ်လာခဲ့သည်။ လျှိုယွမ်ကျိနှင့် မုဝမ်ရွှမ်းတို့ပင် မရယ်ဘဲ မနေနိုင်ခဲ့ကြချေ။ ရှီချန်ကျန်းက ဝမ်ရှန်းအား စိတ်နာသော အကြည့်ဖြင့် ကြည့်လိုက်ပြီးနောက် ဆိုဖာပေါ်တွင် ထိုင်ချလိုက်သည်။

ဟိုင်ကျင်းက လျှိုယွမ်ကျိ၏ မျက်နှာကို အတန်ကြာစိုက်ကြည့်လိုက်ပြီးနောက် သက်ပြင်းချလိုက်သည်။

“ဝေါမီတောဖော… ရုပ်ရည်ပိုင်းမှာတော့ ငါလည်း အားနည်းပုံရတယ်”

ဤသို့ ရုပ်ရည်ကို အကြိမ်ကြိမ်နောက်ပြောင်နေကြသဖြင့် လျှိုယွမ်ကျိလည်း အနည်းငယ်အနေရခက်သွားခဲ့သည်။ သူ ဘယ်လိုတုံ့ပြန်ရမည်ကို မသိခဲ့ချေ။

“ကဲ… နောက်ပြောင်တာတွေ တော်ပြီ၊၊ တစ်ယောက်ယောက်တံခါးပိတ်လိုက်ပါ”

မုရွှယ်က လက်ခုပ်တီးလိုက်ရာ အလုပ်သင်တစ်ဦးက အပြင်တွင် စောင့်ကြပ်ရန် ထွက်သွားပြီး တံခါးကို ပိတ်လိုက်သည်။ အခြားတစ်ဦးက ဖိုင်တွဲတစ်ခုကို ယူဆောင်လာပြီး ရှိနေသော လူငါးဦးထံသို့ စာရွက်စာတမ်းများကို ဝေပေးခဲ့သည်။

“ကျွန်မတို့က ရှင်တို့ငါးယောက်ရဲ့ အစွမ်းအစအပေါ် အပြည့်အဝယုံကြည်မှုရှိနေပေမဲ့ မိမိကိုယ်ကိုယ်နဲ့ ရန်သူကိုသိခြင်းက အောင်ပွဲရဲ့ သော့ချက်ဖြစ်နေတုန်းပါပဲ”

မုရွှယ်က တည်ငြိမ်စွာ ပြောလိုက်သည်။

“အချီတိုင်းကို အနိုင်ရမယ်ဆိုရင် ရည်ရွယ်ချက်ရှိရှိအရှုံးပေးဖို့ မလိုပါဘူး၊၊ ဒါက စားပွဲတင်တင်းနစ်မဟုတ်လို့ ကျွန်မတို့ နယ်ပယ်မှာ အဲဒီလိုထုံးစံမရှိပါဘူး”

“အခု ကျွန်မ တခြားသုံးနိုင်ငံရဲ့ မျိုးဆက်သစ်လူငယ်တွေထဲက ထူးချွန်တဲ့ ပါရမီရှင်တွေကို မိတ်ဆက်ပေးပါရစေ… ကျွန်မတို့ သူတို့အကြောင်း အသေးစိတ်သတင်းအချက်အလက်တွေကို စုဆောင်းထားပြီးပါပြီ၊၊ ဆာကူရာကျွန်းမှာ သတိထားရမယ့် ဓားသမားတစ်ယောက်နဲ့ နင်ဂျာဆက်ခံသူတစ်ယောက်ရှိတယ်၊၊ သူတို့ရဲ့ ကျင့်ကြံခြင်းလမ်းစဉ်က ဗုဒ္ဓကျင့်ကြံသူတွေနဲ့ ဆင်တူတယ်၊၊ ရွှေအမြုတေလမ်းစဉ်နဲ့ မတူနိုင်ပေမဲ့ လျှော့တွက်လို့မရပါဘူး၊၊ ဂီလန်မှာ စစ်သည်တော်တစ်ယောက်နဲ့ စိတ်ဝိညာဥ်စွမ်းအားရှင်တစ်ယောက်ရှိပြီး ဂျင်တာမှာတော့ အနီးကပ်တိုက်ခိုက်ရေးကျွမ်းကျင်တဲ့ အမျိုးသားကျင့်ကြံသူတစ်ယောက်ရှိပါတယ်”

အခန်းတွင်းရှိ လေထုသည် လျင်မြန်စွာပင် လေးနက်သွားခဲ့သည်။

ဝမ်ရှန်းနှင့် အခြားလေးဦးတို့သည် အချက်အလက်များကို ဂရုတစိုက်ဖတ်ရှုခဲ့ကြသည်။ ၎င်းတို့ မည်မျှပင် ယုံကြည်မှုရှိနေပါစေ ၎င်းတို့သည် ဟွာသမ္မတနိုင်ငံ၏ ကျင့်ကြံခြင်းလောကကို ကိုယ်စားပြုရမည်ဖြစ်ကြောင်း နားလည်ထားကြသည်။ အမှားယွင်းဖြစ်ခွင့်မရှိချေ။ ချင်ယန်ဇီက သုံးနိုင်ငံစလုံးမှ ထိပ်သီးပါရမီရှင်များကို တစ်ယောက်တည်းဖြင့် အနိုင်ယူပြီးဖြစ်သောကြောင့် ၎င်းတို့အနေဖြင့် ဟွာသမ္မတနိုင်ငံကို အရှက်ရစေ၍မဖြစ်ပေ။

မနက် ကိုးနာရီတွင် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က စီစဉ်ပေးထားသော ယာဉ်တန်းသည် ဟိုတယ်ရှေ့သို့ ဆိုက်ရောက်လာခဲ့သည်။ ချင်ယန်ဇီ၊ အခြားတာအိုဆရာခြောက်ဦးနှင့် ငယ်ရွယ်သော တပည့်ငါးဦးတို့သည် ယာဉ်ပေါ်သို့ တက်ရောက်ကာ ထွက်ခွာခဲ့ကြသည်။

နှီးနှောဖလှယ်ပွဲကို မြို့ပြင်ရှိ သူဌေးတစ်ဦး ပိုင်ဆိုင်ပုံရသော သီးသန့်ဥယျာဉ်တစ်ခုတွင် ကျင်းပရန် သတ်မှတ်ထားသည်။ ရှေးဟောင်းဗိသုကာလက်ရာအတိုင်း တည်ဆောက်ထားသော ထိုဥယျာဉ်အနီးတွင် မြင်းဇောင်းတစ်ခုရှိပြီး လူနှစ်ရာခန့်ဆံ့သော ကွင်းပြင်အဖြစ် ပြောင်းလဲထားသည်။

ရာသီဥတုက သာယာပြီး အပြင်တွင် ယှဉ်ပြိုင်ရန် အလွန်ပင်ကောင်းမွန်လှသည်။

နှီးနှောဖလှယ်ပွဲအတွင်း ယှဉ်ပြိုင်မှုများသည် ချစ်ကြည်ရေးသက်သက်သာဖြစ်ပြီး အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က ဖြစ်ရပ်တစ်ခုလုံးကို မှတ်တမ်းတင်ထားမည် ဖြစ်သည်။ ၎င်းနောက် ကိုယ်စားလှယ်အဖွဲ့တစ်ခုစီထံသို့ မိတ္တူတစ်ခုစီ ပေးအပ်မည်ဖြစ်သည်။ ၎င်းသည်လည်း ဟွာသမ္မတနိုင်ငံ၏ အစွမ်းအစကို သိမ်မွေ့စွာ ပြသခြင်းတစ်ခု ဖြစ်သည်။

သုံးနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့များသည် ဟွာ၏ ရိုးရာဗိသုကာလက်ရာများ၏ သိမ်မွေ့မှုနှင့် လက်ရာများကို ချီးကျူးရင်း ဥယျာဉ်ကို လှည့်လည်ကြည့်ရှုရန် စောစီးစွာ ရောက်ရှိနေကြပြီ ဖြစ်သည်။ ၎င်းတို့ ပြီးဆုံးသွားသောအခါ ဘေးတံခါးမှတစ်ဆင့် ပင်မကျင်းပရာနေရာသို့ ရောက်ရှိကြမည် ဖြစ်သည်။

ဟွာသမ္မတနိုင်ငံ ကိုယ်စားလှယ်အဖွဲ့သည် မြင်းဇောင်းဟောင်းနေရာသို့ တိုက်ရိုက်သွားရောက်ခဲ့သည်။ ချင်ယန်ဇီက တာအိုဆရာအချို့ကို ရှေ့မှ ဦးဆောင်ခေါ်သွားခဲ့ပြီး ဝမ်ရှန်းနှင့် တပည့်များသည် ၎င်းတို့နှင့် မပူးပေါင်းမီ အကျဉ်းချုပ်အချက်အလက်များကို ပြန်လည်သုံးသပ်ရန် နောက်တွင် ကျန်ရစ်ခဲ့သည်။

အတွင်းသို့မဝင်မီလေးတွင် အနည်းငယ် စိုးရိမ်နေပုံရသော မုရွှယ်က အထူးပင် သတိပေးခဲ့သည်။

“တာအိုဆရာဝမ်… ရှင်က ပုံမှန်အားဖြင့် တည်ငြိမ်တဲ့ပုံစံဖြစ်ပေမဲ့ ဒီပွဲမှာတော့ ပိုပြီးသန်မာတဲ့ အထင်အမြင်မျိုးပေးနိုင်ရင်လည်း မဆိုးပါဘူး”

“စိတ်မပူပါနဲ့”

ရှီချန်ကျန်းက သူ၏ရင်ဘတ်ကို ပုတ်လျက် ယုံကြည်မှုရှိစွာဝင်ပြောခဲ့သည်။

“ဟန်ရေးပြတဲ့ကိစ္စဆိုရင် ငါက အတော်ဆုံးပဲ၊၊ အစ်ကိုရှန်း အကူအညီလိုရင် ငါ့ကိုသာပြောပါ”

ဝမ်ရှန်းက ရယ်မောလိုက်ပြီးနောက် ရှေ့မှ သူ၏ဆရာ၏ အချက်ပြမှုကို စောင့်ဆိုင်းလိုက်သည်။ ကျောပေါ်တွင် ဓားသေတ္တာကို လွယ်ထားပြီး ဓားရှည်တစ်လက်ကို လက်တွင် ကိုင်ဆောင်လျက် သူသည် မုဝမ်ရွှမ်းနှင့် အခြားသုံးဦးတို့နှင့်အတူ အတွင်းသို့လျှောက်ဝင်သွားခဲ့သည်။

ယနေ့တွင် သူက ၎င်းတို့၏ ခေါင်းဆောင်ဖြစ်သည်။

Chapter 258

အခမ်းအနားကျင်းပမည့်နေရာကို အထူးပြင်ဆင်မွမ်းမံထားသည်၊၊ အရပ်လေးမျက်နှာလုံးတွင် ထိုင်ခုံ နှစ်တန်းစီ ရှိပြီး ထိုင်ခုံများ၏ နောက်ကွယ်တွင်မူ ကားချပ်အကြီးကြီးလေးခုရှိနေသည်၊၊ ဆာကူရာကျွန်းစု ကိုယ်စားလှယ်အဖွဲ့ကို တာတာမီဖျာများကို သီးသန့်ပေးထားကာ ၎င်းတို့အား ရိုးရာအတိုင်းထိုင်ခွင့်ပေးထားသည်၊၊ ၎င်းတို့၏ နောက်ခံကားချပ်များတွင်မူ ချယ်ရီပန်းများနှင့် ဖူဂျီတောင်ပုံများ ပါရှိသည်၊၊

ယနေ့ ဆွေးနွေးပွဲအတွက် ထိုအဖွဲ့မှ အမျိုးသားများက ဝတ်စုံပြည့်ဝတ်ဆင်ထားကြပြီး အမျိုးသမီးများကမူ ထန်ခေတ်ရိုးရာဝတ်စုံကို ခေတ်မှီအောင် ပြုပြင်ဝတ်ဆင်ထားကြသဖြင့် တစ်မျိုးတစ်ဖုံဆွဲဆောင်မှုရှိနေသည်၊၊

ဂျင်တာကိုယ်စားလှယ်အဖွဲ့၏ နောက်ခံကားချပ်တွင်မူ ရွှေရောင်သဲကန္တာရနှင့် ၎င်းတို့နိုင်ငံ၏ ပြယုဂ်ဖြစ်သော ပိရမစ်ပုံကိုပြသထားသည်၊၊ လူဆယ်ဂဏန်းကျော်ပါဝင်သော ထိုအဖွဲ့သည် သဲကန္တာရရိုးရာဝတ်စုံများကို ဝတ်ဆင်ထားကြပြီး အထူးသဖြင့် အမျိုးသမီးငယ်များ၏ အလှတရားက ပိုမိုညှို့ယူဖမ်းစားနိုင်နေသည်၊၊

သို့သော် အာရုံအဖမ်းစားနိုင်ဆုံးမှာ ဂီလန်ကိုယ်စားလှယ်အဖွဲ့ပင် ဖြစ်သည်၊၊ ၎င်းတို့သည် မိမိတို့၏ စွမ်းရည်အလိုက် အလယ်ခေတ်ဟန်စတိုင်ဝတ်ဆင်ထားကြကာ ကိုယ်တစ်ပိုင်းက သံချပ်ကာဝတ်စုံများဝတ်ဆင်ထားပြီး ကျန်တစ်ဝက်ကမူ ဝတ်ရုံရှည်ကြီးများကို ဆင်မြန်းထားကြသည်၊၊ ရွှေဝါရောင်ဆံပင်ပိုင်ရှင် အမျိုးသမီးငယ်အချို့၏ ဝတ်ရုံရှည်များမှာမူ အသားပေါ်လွင်ပြီး ဘေးအကွဲကြောင်းများကလည်း အတော်လေးမြင့်နေသည်၊၊

ဂီလန်အဖွဲ့မှ လူလတ်ပိုင်းအမျိုးသားများ၊ လူငယ်များနှင့် အရပ်ရှည်ရှည် အမျိုးသမီးငယ်များမှာ ကြည့်ကောင်းကြသော်လည်း အွန်လိုင်းဂိမ်းထဲမှ ဝတ်စုံများကို လိုက်လံတုပဝတ်ဆင်ထားသကဲ့သို့ cosplay ဆန်နေသည်၊၊

အိမ်ရှင်ဖြစ်သော ဟွာပြည်ထောင်စုအဖွဲ့ကမူ အရှေ့ဘက်မျက်နှာစာတွင် နေရာယူထားသည်၊၊ ၎င်းတို့နောက်ကွယ်ရှိ ကားချပ်တွင်မူ ရှုခင်းပုံရိပ်များကို ပြသထားသည်၊၊ ဟွာပြည်ထောင်စု၏ ကားချပ်အရွယ်အစားမှာ အခြားသုံးဖွဲ့ပေါင်းထက်ပင် ပိုကြီးမားနေသည်၊၊

ကိုယ်စားလှယ်အဖွဲ့ သုံးဖွဲ့လုံး ဥယျာဉ်အတွင်း လှည့်လည်ကြည့်ရှုပြီးနောက် အခမ်းအနားကျင်းပရာနေရာသို့ ဝင်ရောက်ကာ နေရာယူကြသည်၊၊ ယဉ်ကျေးသိမ်မွေ့ပြီး ချောမောလှပသော ဧည့်ကြိုများက လက်ဖက်ရည်နှင့် မုန့်များဖြင့် ဧည့်ခံကြသည်၊၊

အရာအားလုံး အစီအစဉ်တကျရှိသွားချိန်တွင် မနေ့က ၎င်းတို့အားလုံးကို အလဲထိုးခဲ့သည့် ချင်ယန်ဇီသည် တာအိုဆရာအချို့နှင့်အတူ ရောက်ရှိလာသည်၊၊ ၎င်းကို မည်သို့ပင် သဘောမကျရှိပါစေ ကိုယ်စားလှယ်အဖွဲ့များထဲမှ မကျေမနပ်ဖြစ်နေသူများပင် ချင်ယန်ဇီ၏ စွမ်းရည်ကို လေးစားသောအားဖြင့် မတ်တတ်ရပ်ကာ နှုတ်ဆက်ကြသည်၊၊

ချင်ယန်ဇီက ပြန်လည်နှုတ်ဆက်ပြီးနောက် အားလုံးကိုထိုင်ရန် အမူအရာဖြင့်ညွှန်ပြကာ ၎င်းကိုယ်တိုင်လည်း တာအိုဆရာခြောက်ဦးနှင့်အတူ ထိုင်လိုက်သည်၊၊

အခမ်းအနားကို တာဝန်ယူကျင်းပပေးသည့် သံတမန်အချို့က ဆွေးနွေးပွဲကို စတင်ရာတွင် ယနေ့တွေ့ဆုံပွဲမှာ အရန်အစီအစဉ်တစ်ခုသာဖြစ်ကြောင်း ယဉ်ကျေးသိမ်မွေ့စွာ ရှင်းလင်းပြောကြားခဲ့သည်၊၊ ထို့အပြင် မနေ့က ချင်ယန်ဇီတစ်ဦးတည်းက နိုင်ငံသုံးနိုင်ငံမှ ပညာရှင်များကို အနိုင်ယူခဲ့သည်ကိုမူ တစ်ဖက်အဖွဲ့များ သိက္ခာမကျစေရန် ထည့်သွင်းပြောကြားခြင်းမပြုခဲ့ပေ၊၊

“လူငယ်တွေဟာ အနာဂတ်ရဲ့ မျှော်လင့်ချက်တွေဖြစ်ကြပါတယ်၊၊ ဒီကနေ့မှာတော့ မိတ်ဖက်သုံးနိုင်ငံက ကိုယ်စားလှယ်အဖွဲ့တွေဟာ ဟွာပြည်ထောင်စုက လူငယ်ကျင့်ကြံသူတွေနဲ့ ချစ်ကြည်ရင်းနှီးစွာ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်၊၊ အပြန်အလှန် လေးစားမှုနဲ့ မိတ်ဆွေစစ်ပီသစွာ သင်ယူလေ့လာပြီး ကမ္ဘာ့ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်”

မိန့်ခွန်းပြီးဆုံးသွားပြီးနောက် သံတမန်ငယ်များသည် ၎င်းတို့၏ တာဝန်ကို အဆုံးသတ်ကာ တာအိုဆရာများဘေးတွင် ဝင်ထိုင်လိုက်ကြသည်၊၊ ထို့နောက် ချင်ယန်ဇီ မတ်တတ်ရပ်လိုက်ချိန်တွင် စကားပြန်များသည် ရန်သူနှင့် ရင်ဆိုင်ရသကဲ့သို့ စိုးရိမ်တကြီးအမူယာဖြစ်သွားကြသည်၊၊

ပြီးခဲ့သည့်ရက်က ထိုတာအိုဆရာကြီး ပြောဆိုခဲ့သည့် ရှေးဟောင်းစကားလုံးများမှာ နားလည်ရခက်ခဲလှသဖြင့် ၎င်းတို့အနေဖြင့် ဂျပန်၊ အင်္ဂလိပ်နှင့် အာရဗီဘာသာစကားများသို့ လျင်မြန်တိကျစွာပြန်ဆိုရန် ရုန်းကန်ခဲ့ရသောကြောင့် ဖြစ်သည်၊၊

ကံကောင်းထောက်မစွာဖြင့် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ဝင်များက ဤအကြောင်းကို ချင်ယန်ဇီအား မနေ့က တင်ပြထားခဲ့သဖြင့် ယနေ့တွင်မူ ၎င်းက ဖြည်းဖြည်းနှင့် ရှင်းရှင်းလင်းလင်းသာပြောကြားခဲ့သည်၊၊

“ဝေးကွာလှတဲ့ အရပ်ဒေသတွေကနေ ဟွာပြည်ထောင်စုကို လာခဲ့ကြတဲ့ ဧည့်သည်တော်တွေကို ကျေးဇူးတင်ရှိကြောင်းပြောကြားလိုပါတယ်၊၊ ကျုပ်တို့ရဲ့ ဧည့်ဝတ်ကျေပွန်မှုမှာ လိုအပ်ချက်တွေရှိခဲ့ရင်လည်း နားလည်ပေးကြဖို့ တောင်းပန်ပါတယ်၊၊ မနေ့က ဆာကူရာကျွန်းစုက ကျင့်ကြံသူအချို့က လူငယ်တွေဟာ အနာဂတ်ရဲ့ မျှော်လင့်ချက်ဖြစ်ကြောင်းနဲ့ လူငယ်အချင်းချင်းယှဉ်ပြိုင်လိုကြောင်း ပြောခဲ့ကြပါတယ်၊၊ ဒါကြောင့်မို့ ကျုပ်က ကျင့်ကြံခြင်းလောကက သာမန်လူငယ်အချို့ကို ဖိတ်ခေါ်ခဲ့ရပါတယ်၊၊ စာရင်းပြည့်ဖို့အတွက် ကျွန်တော့်တပည့် နှစ်ယောက်လည်းပါဝင်ပါတယ်၊၊ ဒီကနေ့မှာတော့ သူတို့ကို အစွမ်းကုန်ယှဉ်ပြိုင်ခွင့်ပေးလိုက်ပါမယ်၊၊ ထိခိုက်ဒဏ်ရာရရှိတာတွေရှိခဲ့ရင်လည်း ချက်ချင်းကုသပေးသွားမှာ ဖြစ်ပါတယ်၊၊ အချိန်မဆွဲတော့ဘဲ ဟွာပြည်ထောင်စုရဲ့ လူငယ်ကိုယ်စားလှယ်တွေကို မိတ်ဆက်ပေးပါရစေ”

ဝင်ပေါက်ရှိ ဧည့်ကြိုနှစ်ဦးက ဖိတ်ခေါ်သည့် အမူအရာပြုလုပ်လိုက်ချိန်တွင် ဆံပင်အရှည်ကို သစ်သားဆံထိုးဖြင့် ထုံးဖွဲ့ထားသည့် ဝမ်ရှန်းက ရဲရင့်တည်ကြည်သော ခြေလှမ်းများဖြင့် လျှောက်လှမ်းလာသည်၊၊ ၎င်း၏ ကျောပြင်တွင် ဓားသေတ္တာကို လွယ်ပိုးထားပြီး ဓားဆန္ဒကို ထိန်းချုပ်ထားသော်လည်း မျက်ဝန်းများကမူ ကြယ်တာရာများကဲ့သို့ တောက်ပနေသည်၊၊

သို့သော် လူတိုင်းက ဝမ်ရှန်းကို ကြည့်ပြီးနောက် ချက်ချင်းဆိုသလိုပင် ၎င်းနောက်မှ လိုက်ပါလာသည့် မုဝမ်ရွှမ်းထံသို့ အကြည့်များရောက်ရှိသွားကြသည်၊၊ ထိုအခိုက်အတန့်တွင် ကွင်းပြင်တစ်ခုလုံး ပို၍လင်းလက်သွားသကဲ့သို့ ခံစားလိုက်ရပြီး စိတ်မခိုင်သည့် လူငယ်အချို့မှာမူ အံ့အားသင့်ကာ ပါးစပ်အဟောင်းသားဖြစ်သွားကြသည်၊၊

ဟွာပြည်ထောင်စု ကိုယ်စားလှယ် ငါးဦးသည် တန်းစီရပ်လိုက်ကြပြီး ဝမ်ရှန်း၏ အချက်ပြမှုအောက်တွင် ကိုယ်စားလှယ်အဖွဲ့ သုံးဖွဲ့ကို ဦးညွှတ်နှုတ်ဆက်ကြသည်၊၊ ထို့နောက် အရှေ့ဘက်ရှိ ဟွာပြည်ထောင်စုမှ လူကြီးများကိုလည်း လှည့်၍ ဂါရဝပြုကြသည်၊၊

“ရှန်းလေး… မင်း ကွင်းထဲမှာပဲ နေခဲ့၊၊ ကျန်တဲ့သူတွေကတော့ လာထိုင်ကြပါ” ချင်ယန်ဇီက ညွှန်ကြားလိုက်သည်၊၊

“ဟုတ်ကဲ့ပါ ဆရာ” ဝမ်ရှန်းက ဦးညွှတ်လိုက်ပြီး ကွင်းလယ်တွင် တည်ငြိမ်စွာ ရပ်နေသည်၊၊ ၎င်း၏ တည်ကြည်သော အမူအရာနှင့် မျက်ဝန်းများက လေးနက်မှုကို ဖော်ပြနေသည်၊၊

မုဝမ်ရွှမ်း၊ ဟိုင်ကျင်း၊ လျှိုယွမ်ကျိနှင့် ရှီချန်းကျန်းတို့က တာအိုဆရာများ၏ အနောက်ဘက်ရှိ ထိုင်ခုံများတွင် ဝင်ထိုင်လိုက်ကြသည်၊၊ ထိုင်ခုံများကို အရှေ့အနောက် မကွယ်စေရန် အဆင့်ဆင့်စီစဉ်ထားပြီး မုဝမ်ရွှမ်းက ဘယ်ဘက်အစွန်ဆုံးတွင် ထိုင်ကာ ဝမ်ရှန်းအတွက် ဘေးခုံကို ချန်ထားခဲ့သည်၊၊ ဟိုင်ကျင်းက အလယ်တွင် ထိုင်ပြီး လျှိုယွမ်ကျိနှင့် ရှီချန်းကျန်းတို့က ၎င်း၏ဘေးတွင်ထိုင်ကြသည်၊၊

အားလုံးနေရာယူပြီးနောက် ချင်ယန်ဇီက ဆက်ပြောလိုက်သည်၊၊

“ကျုပ်တပည့်လေးရဲ့ ဓားသိုင်းကတော့ အသင့်တင့်ပဲရှိပါတယ်၊၊ ကိုယ်စားလှယ်အဖွဲ့ သုံးဖွဲ့ထဲက ဘယ်လူငယ်ပညာရှင်က အရင်ဆုံးယှဉ်ပြိုင်ချင်ပါသလဲ”

စကားပြန်များက ချက်ချင်းဘာသာပြန်ပေးလိုက်ရာ လူငယ်ငါးဦး တစ်ပြိုင်နက်တည်း မတ်တတ်ရပ်လိုက်ကြသော်လည်း နှစ်ဦးက ချက်ချင်း ပြန်ထိုင်သွားသဖြင့် နိုင်ငံတစ်ခုစီမှ ကိုယ်စားလှယ်တစ်ဦးစီသာ ကျန်ရစ်တော့သည်၊၊

ဆာကူရာကျွန်းစုမှ ဓားသမားတစ်ဦး၊ ဂီလန်မှ သံချပ်ကာဝတ် အမျိုးသမီးစစ်သည်တစ်ဦးနှင့် ဂျင်တာမှ ဘုန်းကြီးတစ်ပါးတို့ ဖြစ်ကြသည်၊၊

ချင်ယန်ဇီက ပြုံးလိုက်ပြီး “ကိုယ်စားလှယ်အဖွဲ့ သုံးဖွဲ့လုံးက အလှည့်ကျယှဉ်ပြိုင်ကြတာပေါ့၊၊ စတင်နိုင်ပါပြီ”

ထို့နောက် သူက ဝမ်ရှန်းထံသို့ စိတ်ချင်းဆက်သွယ်ကာ ညွှန်ကြားလိုက်သည်၊၊

“ဆာကူရာကျွန်းစုက တစ်ယောက်ကိုတော့ ပြတ်ပြတ်သားသားအနိုင်ယူလိုက်၊၊ ကျန်တဲ့နှစ်ယောက်ကိုတော့ မင်းအဆင်ပြေသလို ကိုင်တွယ်လိုက်”

ဝမ်ရှန်းက ခေါင်းငြိမ့်ပြလိုက်ပြီး ဝတ်စုံပြည့်ဝတ်ဆင်ထားကာ ခါးတွင် ဓားနှစ်လက်ချိတ်ဆွဲထားသည့် ဓားသမားကို ကြည့်လိုက်သည်၊၊ ထိုသူ၏ မျက်ဝန်းများက ဝမ်ရှန်းကို ဖောက်ထွက်တော့မည့်အလား စူးရှလွန်းနေသည်၊၊

ဓားသမားက ကွင်းထဲသို့ ပထမဆုံးဝင်ရောက်လာသည်၊၊

ဆာကူရာကျွန်းမှ လူလတ်ပိုင်းအမျိုးသားတစ်ဦးက မပီမသတရုတ်စကားဖြင့် “ပထမဆုံးပွဲအနေနဲ့ ကျုပ်ရဲ့ တပည့်ကြီးနဲ့ တာအိုဆရာ ချင်ယန်ဇီရဲ့ တပည့်တို့ကို ယှဉ်ပြိုင်ခွင့်ပြုပါ၊၊ မနေ့က ရှုံးနိမ့်မှုက ကျုပ်တို့ရင်ထဲမှာ လေးလံနေဆဲမို့ပါ”

ချင်ယန်ဇီကမူ ပြုံးရုံသာ ပြုံးကာ ဝတ်ရုံလက်စကို ခါယမ်းလိုက်သည်၊၊

ဝမ်ရှန်းက ဆာကူရာကျွန်းကိုယ်စားလှယ်အဖွဲ့ဘက်သို့ မျက်နှာမူကာ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်သည်၊၊ ပြိုင်ဘက်က အရှိန်ပြင်းပြင်းဖြင့် တိုက်ခိုက်တတ်သည်ကို သူသိထားသဖြင့် တိုက်ခိုက်ရန် အရှိန်ယူနိုင်အောင် နေရာလွတ်ပေးလိုက်ခြင်းဖြစ်သည်၊၊

ဓားသမားက ခြေတစ်ဖက်ကို နောက်သို့ဆုတ်ကာ အနေအထား ပြင်လိုက်သည်၊၊ ဘယ်လက်က ဓားအိမ်ကို ကိုင်ထားပြီး ညာလက်ကမူ ဓားရိုးကို ဆုပ်ကိုင်ထားသည်၊၊ ၎င်းက ဓားကို ဆွဲထုတ်ရင်း နာမည်ထုတ်ပြောလိုက်သည်၊၊

“ကိုင်မာကီဒါ”

၎င်း၏ ကိုယ်တွင်းမှ စွမ်းအင်များက ဟွာပြည်ထောင်စု ကျင့်ကြံခြင်းလောကနှင့် ဆင်တူသည့် စွမ်းအားမျိုးကို ထုတ်လွှတ်နေသည်၊၊

စွမ်းအင်ပမာဏအရ ၎င်းသည် အမြုတေဖွဲ့စည်းခြင်းအလယ်အဆင့်တွင် ရှိနေပုံရသည်၊၊ ထို့ကြောင့် ဝမ်ရှန်းက သူ့၏ အစစ်မှန်ချီကို တမင်လျှော့ချလိုက်ပြီး ၂၀ ရာခိုင်နှုန်းခန့်သာ အသုံးပြုကာ ပြိုင်ဘက်နှင့် အဆင့်တူစွမ်းအားမျိုးကိုသာ ထုတ်ဖော်ပြသလိုက်သည်၊၊

သူက အမည်မဲ့ဓားကို မြှောက်ကာ ဘယ်လက်ဖြင့် ဓားအိမ်ကို ကိုင်လျက် ဓားကို ဖြည်းညှင်းစွာ ဆွဲထုတ်လိုက်သည်၊၊ ထို့နောက် ဓားဦးကို မြေပြင်သို့ ခပ်စောင်းစောင်းချိန်ရွယ်လိုက်သည်၊၊

“ဝမ်ရှန်း”

ဓားသမားက အသက်ကို ညင်သာစွာရှူသွင်းလိုက်သည်၊၊ အကြည့်ချင်းဆုံမိချိန်တွင် နှစ်ဦးစလုံး၏ ပြင်းပြသောတိုက်ခိုက်လိုစိတ်ကို ခံစားလိုက်ရသည်၊၊

စွမ်းအင်ချင်း ထိပ်တိုက်တွေ့ဆုံချိန်တွင် ဝမ်ရှန်း၏ ကိုယ်တွင်းမှ ပြည့်စုံသော ခုနှစ်စင်ကြယ်ဓားဆန္ဒက လှုပ်ခတ်သွားသည်၊၊ ပြိုင်ဘက်၏ အော်ရာက ထက်မြက်ပြီး လွှမ်းမိုးလိုသော အရှိန်အဟုန်ရှိသော်လည်း ဝမ်ရှန်း၏ ဓားဆန္ဒက ၎င်းကို မျက်တောင်တစ်ခတ်အတွင်း ခြေမှုန်းပစ်လိုက်သည်၊၊

ဓားသမား မျက်နှာပျက်သွားသည်၊၊ ၎င်းက ဓားကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ ဓားမြှောက်၍ တိတ်တဆိတ်တိုးဝင်လာသည်၊၊ ဝမ်ရှန်းက ပြိုင်ဘက်၏ အရှိန်အဝါနှင့် ဓားဆန္ဒက katana ဓားရှည်ပေါ်သို့ အလျင်အမြန် စုစည်းသွားသည်ကို သတိပြုမိလိုက်သည်၊၊ သွေးနီရောင်အလင်းတန်းတစ်ခုက ဓားသွားတစ်လျှောက်တွင် စီးဆင်းစပြုလာသည်၊၊

All Chapters