← Chapters

အခန်း (၂၅၉-၂၆၀)

Vol. 26 Ch. 259-260

အခန်း (၂၅၉-၂၆၀)

Vol. 26 Ch. 259-260

Chapter 259

ပြိုင်ဘက်က ဤတစ်ချက်တည်းဖြင့် အဆုံးအဖြတ်ပေးရန် အစွမ်းကုန်ထုတ်၍တိုက်ခိုက်လာခြင်းဖြစ်သည်၊၊

၎င်းက အသက်အန္တရာယ်နီးလှပြီး အန္တရာယ်များသော်လည်း စွမ်းအားကမူ ငြင်းပယ်၍မရအောင် အားကောင်းလှသည်၊၊

၎င်းတို့နှစ်ဦး ကွင်းလယ်တွင် ထိပ်တိုက်တွေ့ကြသည်၊၊ ဝမ်ရှန်းက ခုနှစ်စင်ကြယ်ဓားသိုင်းကို မသုံးဘဲ ထိုက်ယီရွှေအင်မော်တယ်ဓားသိုင်း၏ အခြေခံကွက်တစ်ခုဖြင့်သာ ထိပ်တိုက်ရင်ဆိုင်လိုက်သည်၊၊

လမင်းညွှန်ပြသော အင်မော်တယ်၊၊

ချွမ်၊၊

သတ္တုချင်းထိခတ်သံက ကွင်းပြင်တစ်ခုလုံးပျံ့လွင့်သွားသည်၊၊ ၎င်းတို့နှစ်ဦးစလုံး လှုပ်ရှားမှု ရပ်တန့်သွားပြီး စွမ်းအင်လှိုင်းများ ပတ်ဝန်းကျင်သို့ ရိုက်ခတ်သွားသည်၊၊

ပရိသတ်အားလုံး အံ့အားသင့်သွားစေသည်မှာ ပြိုင်ဘက်၏ အစွမ်းကုန်တိုက်ခိုက်မှုပါဝင်သော katana ဓားရှည်ကြီးက လေထဲတွင် စောင်းလျက်သား ရပ်တန့်နေခြင်းပင် ဖြစ်သည်၊၊ ဝမ်ရှန်း၏ ဓားဦးက ထိုဓားသွား၏ အလယ်ဗဟိုတည့်တည့်ကို ထိန်းချုပ်ထားပြီး တိုက်ခိုက်မှုကို လမ်းခုလတ်တွင် တားဆီးထားခြင်းဖြစ်သည်၊၊

ဓားနှစ်လက် ထိတွေ့နေသည့်နေရာက ဆံခြည်မျှင်ခန့်သာ ရှိသော်လည်း ဓားဦးတွင် ဆွဲငင်အားတစ်ခုရှိနေသကဲ့သို့ ငြိမ်သက်စွာ ဟန်ချက်ညီနေသည်၊၊

ဓားသမား၏ မျက်ဝန်းများတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေသည်၊၊ ၎င်း၏ ကျင့်ကြံခြင်းသက်တမ်းတစ်လျှောက်တွင် ဤကဲ့သို့သော အခြေအနေမျိုးကို တစ်ခါမျှ မကြုံဖူးခဲ့ပေ၊၊ ဘေးကကြည့်နေသူအများစုမှာလည်း အံ့အားသင့်ကာ ရေရွတ်နေကြသော်လည်း တာအိုဆရာများကမူ တည်ငြိမ်နေဆဲဖြစ်သည်၊၊

ပြိုင်ဘက်၏ အံ့အားသင့်နေသည့် မျက်နှာနှင့် ဝမ်ရှန်း၏ တည်ငြိမ်မှုက မည်သူက အသာစီးရနေသည်ကို ထင်ရှားစွာ သက်သေပြနေသည်၊၊

ခွန်အားအားလုံးကို တိုက်ခိုက်မှုတစ်ခုတည်းတွင် ပုံအောလိုက်ခြင်းက ကောင်းမွန်သော နည်းဗျူဟာမဟုတ်ပေ၊၊ ၎င်းက နောက်ဆုံးလက်နက်အဖြစ် စွန့်စားရွေးချယ်ရုံသာဖြစ်သည်၊၊

ဝမ်ရှန်း၏ တန်ပြန်တိုက်ခိုက်မှုက ဟာကွက်မရှိပဲ ပြည့်စုံလွန်းနေသည်၊၊ စွမ်းအားအနည်းငယ်ပိုသွားပါက ပြိုင်ဘက်လွင့်ထွက်သွားမည်ဖြစ်ပြီး စွမ်းအားနည်းသွားပါကလည်း မိမိ၏ဓားကို နောက်ဆုတ်ပေးလိုက်ရမည် ဖြစ်သည်၊၊

ဝမ်ရှန်းသည် ပြီးပြည့်စုံသော စွမ်းအားပမာဏကို အသုံးပြုခဲ့ခြင်းဖြစ်ပြီး သူ့၏ ကျင့်ကြံခြင်းအဆင့်က ပြိုင်ဘက်ထက် များစွာသာလွန်နေသဖြင့်သာ ဤမျှ တိကျစွာ လှုပ်ရှားနိုင်ခြင်းဖြစ်သည်၊၊ စွမ်းအားတူညီသော ပြိုင်ဘက်ချင်းဆိုပါက သူ့အနေဖြင့် ဤမျှတိကျသော လှုပ်ရှားမှုကို ကြိုးစားလိမ့်မည်မဟုတ်ပေ၊၊

သူ့၏ စွမ်းအားထိန်းချုပ်မှုက ဆာကူရာကျွန်းဓားသမား လုံးဝနားမလည်နိုင်သည့် အဆင့်တွင် ရှိနေသည်၊၊ ဓားချင်းထိတွေ့နေသည့် နှစ်စက္ကန့်မျှသော အချိန်မှာ ထိုအခိုက်အတန့်တွင် အချိန်များ ဆွဲဆန့်ခံထားရသကဲ့သို့ ရှည်လျားနေသည်၊၊

ဓားသမားက စွမ်းအားများ ပြန်လည်စုစည်းရန် ကြိုးစားသော်လည်း ဝမ်ရှန်းက လက်ကောက်ဝတ်ကို အသာအယာလှည့်လိုက်ရာ katana ဓားက ဘေးသို့လွင့်ထွက်သွားသည်၊၊ ထို့နောက် ဝမ်ရှန်းက ဓားပြားဖြင့် ပြိုင်ဘက်၏ ပခုံးကို အသာရိုက်ချလိုက်ရာ ဓားသမားလည်း နောက်သို့ ယိမ်းထိုးကာ ၎င်းရပ်ခဲ့သော မူလနေရာသို့ပင် ပြန်လည်ရောက်ရှိသွားလေသည်၊၊

ဝမ်ရှန်းက ဓားကို ရင်ဘတ်တွင် ကပ်ကာ အနိုင်ရရှိမှုကို အသိအမှတ်ပြုရန် ဦးညွှတ်တော့မည့်အချိန်တွင် ဓားသမားက ရုတ်တရက် ခေါင်းမော့ကာ မျက်မှောင်ကြုတ်လျက် ကြည့်လာသည်၊၊ ခြေလှမ်းနှင့် အနေအထားကို အနည်းငယ်ပြင်လိုက်ပြီး ၎င်းက အလစ်အငိုက်ပြန်လည်တိုက်ခိုက်လာသည်၊၊

ထို့ကြောင့် ကျင့်ကြံခြင်းတွင် စိတ်ထားကို အရင်ကျင့်ကြံရခြင်း ဖြစ်သည်၊၊ အရှက်တရားလည်းရှိရန်လိုအပ်သည်၊၊

ဝမ်ရှန်းက ပြုံးလိုက်သော်လည်း စွမ်းအားအလုံးအရင်းဖြင့် ဖိနှိပ်ခြင်းမပြုပေ၊၊ ပြိုင်ဘက် ပထမခြေလှမ်း လှမ်းလိုက်ချိန်တွင် ငြိမ်သက်စွာ ရပ်နေရင်း ဝမ်ရှန်းက ၎င်း၏ ဓားမှတစ်ဆင့် ဓားရိပ်များစွာကို ထုတ်ဖော်လိုက်သည်၊၊

မျက်စိဖြင့်မမြင်နိုင်သော ဓားချီစွမ်းအင်များက လေထုထဲသို့ ဖြတ်သန်းသွားပြီးနောက် ခပ်အုပ်အုပ်အသံအချို့နှင့်အတူ ဓားသမား၏ ဝတ်စုံမှာ ပခုံး၊ နံဘေးနှင့် လက်မောင်းတို့တွင် စုတ်ပြဲသွားသည်၊၊ ဓားရိပ်များက ပြိုင်ဘက်၏ ဓားကွက်များကို ဖြတ်တောက်သွားခြင်း ဖြစ်သည်၊၊

ဓားရိပ်များပျေက်ဆုံးသွားချိန်တွင် ဝမ်ရှန်း၏ ဓားဦးက ပြိုင်ဘက်၏ လည်ပင်းတည့်တည့်သို့ ရောက်ရှိနေပြီ ဖြစ်သည်၊၊ စုတ်ပြဲသွားသော အဝတ်အစားများအကြားမှ သွေးစအချို့ စိမ့်ထွက်လာသည်၊၊

တာအိုဆရာတစ်ဦးက စတင်၍ ဖြည်းညှင်းစွာ လက်ခုပ်တီးလိုက်ရာ ပရိသတ်များထံမှ လက်ခုပ်သံများ တဖြည်းဖြည်းပျံ့လွင့်လာသည်၊၊ ဆာကူရာကျွန်းကိုယ်စားလှယ်အဖွဲ့၏ မျက်နှာများကမူ လေးလံထိုင်းမှိုင်းသွားကြသည်၊၊

စွမ်းရည်ကွာခြားချက်က ၎င်းတို့ ထင်မှတ်ထားသည်ထက် ပိုမိုကြီးမားလွန်းနေသည်၊၊

“ပြန်လာခဲ့” ဆာကူရာကျွန်းကိုယ်စားလှယ်အဖွဲ့၏ ခေါင်းဆောင်က မျက်နှာပျက်ယွင်းစွာဖြင့် အော်ပြောလိုက်သည်၊၊

သိသိသာသာမကျေနပ်ဖြစ်နေသော ဓားသမားက ဝမ်ရှန်းကို ဒေါသတကြီး စိုက်ကြည့်နေသည်၊၊ သို့သော် ဝမ်ရှန်းကမူ ဓားကို လေထဲ ဝေ့ယမ်းကာ ဓားအိမ်ထဲပြန်ထည့်လိုက်ပြီး ခေါင်းငြိမ့်ပြကာ ပြုံးပြလိုက်သည်၊၊ သူသည် ရိုသေမှုကို ပြသသည့်အနေဖြင့် ဂါရဝပြုခြင်းမျိုး မလုပ်တော့ပေ၊၊

ဓားသမားက ဝမ်ရှန်းကို စနစ်တကျဂါရဝပြုလိုက်သည်၊၊ သူ၏ တိုက်ခိုက်လိုစိတ်များ မကုန်ခမ်းသေးသော်လည်း လှည့်ထွက်ကာ လာခဲ့သည့်လမ်းအတိုင်း ပြန်လျှောက်သွားတော့သည်၊၊

“ကျွတ် ကျွတ်… ဒီလောက်စွမ်းအားနဲ့များ အစ်ကိုရှန်းကို လာစိန်ခေါ်ရဲသေးတယ်၊၊ရှုံးသွားတာတောင် လက်မလျော့ချင်သေးဘူး”

ရှီချန်ကျန်းက ဘေးမှနေ၍ လှောင်ပြောင်လိုက်သည်၊၊

“မျက်နှာပြောင်လိုက်တာ… ဟွာသမ္မတနိုင်ငံရဲ့ တာအိုကျင့်ကြံသူတွေအနေနဲ့ ငါတော့ တကယ်ရှက်မိတယ်”

ဟိုင်ကျင်းက ညင်သာစွာ သက်ပြင်းချလိုက်သည်၊၊

“အဲဒီလိုမပြောပါနဲ့… အဲဒါ အရှုံးမပေးချင်တာမဟုတ်ပါဘူး၊၊ ဘယ်လိုအခြေအနေမျိုးမှာမဆို ဒူးမထောက်ချင်တဲ့ သူ့ရဲ့ ဇွဲကောင်းတဲ့ စိတ်ဓာတ်ကို ပြသနေတာပါ”

“မင်းပြောတာလည်း ဟုတ်တော့ ဟုတ်ပါတယ်၊၊ ဒါပေမဲ့ ငါတို့ကတော့ အဲဒီစံနမူနာကို မယူတာပိုကောင်းမယ်၊၊ မဟုတ်ရင် ဂိုဏ်းကနေ နှင်ထုတ်ခံရလိမ့်မယ်”

သူတို့နှစ်ဦး အပြန်အလှန်ပြောဆိုနေကြသည်မှာ လူရွှင်တော်နှစ်ဦး ပြက်လုံးထုတ်နေကြသည့်အတိုင်းပင်၊၊

စကားပြန်အချို့ ခေတ္တဝေခွဲမရဖြစ်သွားသော်လည်း သူတို့ပြောသမျှကို တာဝန်တသိဖြင့် ပြန်ဆိုပေးလိုက်ကြသည်၊၊ ဆာကူရာကျွန်းကိုယ်စားလှယ်အဖွဲ့မှာ မျက်နှာများညိုမည်းသွားကြပြီး ကျန်သည့်ကိုယ်စားလှယ်အဖွဲ့နှစ်ဖွဲ့မှာမူ ယခုအခြေအနေကို အတော်လေးသဘောကျနေကြသည်၊၊

“ပါးစပ်စည်းစောင့်ကြစမ်း”

ချင်ယန်ဇီက ဆူပူလိုက်သည်၊၊ ထို့နောက် သူသည် ဆာကူရာကျွန်းကိုယ်စားလှယ်အဖွဲ့ဘက်သို့ ယဉ်ကျေးစွာ ဂါရဝပြုလိုက်သည်၊၊

“ကျုပ်တပည့်လေးရဲ့ ရိုင်းစိုင်းတဲ့ အပြုအမူအတွက် တောင်းပန်ပါတယ်၊၊ စိတ်ထဲမထားဖို့လည်း မျှော်လင့်ပါတယ်၊ ဧည့်သည်တော်တွေအနေနဲ့ ဟွာသမ္မတနိုင်ငံရဲ့ အပြည့်အဝသဘောထားကြီးမှုကို ခံစားရမှာပါ၊၊ ကဲ… ကျုပ်ရဲ့တပည့်က ကံကောင်းလို့ ဒီပွဲကို နိုင်သွားတာပါ… ဘယ်လိုလဲ နောက်တစ်ပွဲဆက်ကြမလား”

ဝမ်ရှန်းက ဓားကိုင်ကာ တည်ငြိမ်စွာ မတ်တတ်ရပ်နေသည်၊၊

ထိုစဉ်မှာပင် ဆံပင်ရွှေရောင်နှင့် မိန်းကလေးတစ်ဦးက အဆင့်တန်းမြင့်ပြီး ထူးဆန်းသော ဘာသာစကားတစ်ခုဖြင့် စကားလုံးအချို့ကို ပြတ်သားစွာ အော်ပြောလိုက်သည်၊၊ ဝမ်ရှန်းသည် သူ၏ အတိတ်ဘဝတွင် ကောလိပ်အင်္ဂလိပ်စာ အဆင့် ၄ ကို အောင်မြင်ခဲ့ဖူးသော်လည်း စကားတစ်ခွန်းမျှ နားမလည်နိုင်သေးပေ၊၊

သူမ၏ ကျော့ရှင်းသော ကိုယ်လုံးကိုယ်ပေါက်ကို အထင်အရှားပေါ်လွင်စေသည့် အရောင်ဖျော့ဖျော့ သံကွင်းချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည့် ဂီလန်အမျိုးသမီးငယ်က စစ်သည်တော်သုံးဓားရှည်ကြီးတစ်လက်ကို ကိုင်ဆောင်ကာ ကွင်းပြင်ထဲသို့ လျှောက်လှမ်းဝင်ရောက်လာခဲ့သည်၊၊

ထိုအမျိုးသမီးသည် အရပ်သိပ်မမြင့်လှပေ၊၊ သူမ၏ ရွှေရောင်ဆံပင်များကို မြင်းမြီးပုံစံစည်းနှောင်ထားပြီး ဖြူဝင်းသော အသားအရေက မိခင်နိုင်ငံ၏ သဘာဝအသာစီးရမှုကို ဖော်ပြနေသည်၊၊ မီတာအနည်းငယ်အကွာတွင် ရပ်လိုက်ပြီးနောက် သူမသည် လက်နှစ်ဖက်ကို ယှက်ကာ တာအိုယဉ်ကျေးမှုကို အတော်အသင့် ပီပြင်စွာပြသလိုက်သည်၊၊

ရောမရောက်လျှင် ရောမလိုကျင့်ရမည်သာ…

ဝမ်ရှန်းကလည်း ပြန်လည်ဂါရဝပြုလိုက်ပြီး ကွင်းလယ်မှ နောက်သို့ ခြေလှမ်းအနည်းငယ်ပြန်ဆုတ်လိုက်သည်၊၊

စကားပြန်တစ်ဦးက ချက်ချင်းပင် ချဉ်းကပ်လာခဲ့သည်၊၊

“ကျေးဇူးပြုပြီး ကျွန်မကို ရင်ဆိုင်ခွင့်ပေးပါ၊ ရှင့်ရဲ့ မြင့်မြတ်တဲ့ ဓားသိုင်းက ကျွန်မတို့ရဲ့ ခွန်အားနဲ့ အရှိန်အဝါကိုပဲ အားကိုးတဲ့ လမ်းစဉ်နဲ့ တကယ့်ကို ကွာခြားပါတယ်၊၊ ဒါဟာ တကယ့်ကို စိတ်လှုပ်ရှားစရာကောင်းပါတယ်”

ဝမ်ရှန်းက ပြန်ပြောလိုက်သည်၊၊

“ဒါဆိုရင် စကြမလား”

သူသည် ဓားကို ညင်သာစွာ လှုပ်ခါလိုက်ပြီး သူ၏ အရှိန်အဝါကို ဖြည်းဖြည်းချင်းမြှင့်တင်လိုက်သည်၊၊ ယခုတစ်ကြိမ်တွင် အားအင်ကို နောက်ထပ် ၂၅%ခန့် တိုးမြှင့်လိုက်သည်၊၊

သူ့ရှေ့မှ မိန်းကလေးမှာ အတော်လေးငယ်ရွယ်ပုံရပြီး သူမလျှောက်လှမ်းသည့် ကျင့်ကြံခြင်းလမ်းစဉ်သည် တာအိုရိုးရာကျင့်စဉ်များနှင့် လုံးဝကွာခြားလှသည်၊၊ ၎င်းသည် ခန္ဓာကိုယ်ပိုင်းဆိုင်ရာလေ့ကျင့်မှုကို ပိုမိုအလေးပေးထားပုံရပြီး ကျင့်ကြံခြင်းလောကတွင် တွေ့ရတတ်သည့် အစွန်းရောက် အပြင်ခန္ဓာသန့်စင်ခြင်းနည်းလမ်းများထဲမှတစ်ခုနှင့် ပို၍ဆင်တူနေသည်၊၊

သို့သော်လည်း ထိုအချိန်တွင် ဝမ်ရှန်းသည် သူမ၏ ခွန်အားက အမြုတေဖွဲ့စည်းခြင်းနောက်ဆုံးအဆင့်တွင် ရှိနေသူများနှင့် အကြမ်းဖျင်းတူညီနေသည်ကို ခံစားမိလိုက်သည်၊၊

နိုင်ငံအသီးသီးမှ ကျင့်ကြံသူများ၏ ယေဘုယျအဆင့်ကို ကြည့်ခြင်းအားဖြင့် ဂီလန်နိုင်ငံသည် သူတို့၏ ထိပ်တန်းပါရမီရှင်အချို့ကို စေလွှတ်ထားကြောင်း ထင်ရှားသည်၊၊ သူတို့ထဲတွင် ဝမ်ရှန်းကိုယ်တိုင်ပင် ကျင့်ကြံခြင်းအဆင့်ကို မသိနိုင်သည့် ဝါစဥ်ကြီးအမျိုးသားတစ်ဦးပင် ပါဝင်သေးသည်၊၊ သို့သော်လည်း ဝမ်ရှန်း၏ ဆရာဖြစ်သူက ထိုအမျိုးသားကို လက်ဝါးတစ်ချက်တည်းဖြင့် သတိလစ်သွားအောင် ရိုက်ချခဲ့ဖူးသည်၊၊

“ဆီရီ ရှယ်လီ”

မြင်းမြီးဆံပင်ဖြင့် အမျိုးသမီးစစ်သည်တော်က အော်ပြောလိုက်သည်၊၊

ထိုအရာက ဘာသာပြန်ရန်မလိုပေ၊၊ ဝမ်ရှန်းအနေဖြင့် အနည်းဆုံးတော့ နာမည်တစ်ခုကို ခွဲခြားသိနိုင်လေသည်၊၊

“ဝမ်ရှန်း”

သူ၏ နာမည်ကို ပြော၍ပင်မဆုံးသေးမီ ဆံပင်စည်းထားသည့် မိန်းကလေးက ရုတ်တရက် အော်ဟစ်လိုက်သည်၊၊

“ယား”

သူမ၏ ဓားရှည်ကြီးကို ရှေ့တွင် ထောင်လျက်ကိုင်ထားစဉ် သံကွင်းချပ်ဝတ်တန်ဆာမှ ရွှေရောင်အလင်းတန်းများ ပေါက်ကွဲထွက်လာခဲ့သည်၊၊ ဓားသွားက စူးရှတောက်ပသော ရွှေရောင်အလင်းများကို ဖြာထွက်စေသည်၊၊

ဝမ်ရှန်း တစ်ချိန်လုံးတည်ငြိမ်နေခဲ့သည်၊၊ သူမ၏ အရှိန်အဝါက အထင်ကြီးစရာကောင်းသော်လည်း သူမသည် ခန္ဓာကိုယ်တွင်းရှိ ထူးခြားသောစွမ်းအားတစ်ခုကိုသာ စုစည်းနေခြင်းဖြစ်သည်၊၊ ဤနိုင်ငံခြားကျင့်ကြံခြင်းစနစ်များသည် မည်သည့်နေရာမှ မြစ်ဖျားခံလာသလဲဟူ၍ပင် သူအတွေးနက်မိသွားသည်၊၊

Chapter 260

ဟိုင်ကျင်းက သူ့အသံကို နှိမ့်ပြီး တိုးတိုးလေးညည်းတွားလိုက်သည်၊၊

“သူ့ရဲ့ အားဖြည့်မှုက အတော်လေး အားကောင်းတာပဲ၊၊ ဖြစ်နိုင်တာက အဲဒါ တိုက်ခိုက်ရေးစွမ်းရည် တိုးမြှင့်ပေးတဲ့ သံကွင်းချပ်ဝတ်တန်ဆာလား”

သူ ပြော၍မပြီးသေးမီ အမျိုးသမီးစစ်သည်တော်သည် ဓားရှည်ကြီးကို သူမ၏ ခေါင်းပေါ်သို့ မြှောက်တင်လိုက်သည်၊၊ ရွှေရောင်အလင်းတန်းမှာ လေထဲသို့ သုံးမီတာခန့် မြင့်တက်သွားပြီး ကြီးမားသော ဓားပုံသဏ္ဌာန်အဖြစ် ပြောင်းလဲသွားကာ ဝမ်ရှန်းထံသို့ ပြေးဝင်လာတော့သည်၊၊

သူမက စကားလုံးအချို့ကို အော်ပြောလိုက်ပြီး ဘေးမှစကားပြန်ကလည်း ချက်ချင်းပင် တရုတ်ဘာသာစကားဖြင့် အော်ဟစ်ဘာသာပြန်လိုက်သည်၊၊

“တရားမျှတမှုကို စောင့်ရှောက်တဲ့ ဗာလိုရန်ဓား”

ဝမ်ရှန်းလည်း အော်ရယ်မိလုနီးပါးဖြစ်သွားသည်၊၊

ဒီလိုအပိုတွေလုပ်တတ်တဲ့ ရွှေရောင်ဆံပင်နှင့်မိန်းကလေးသည် တကယ်ကို မြန်မြန်ပြေးနိုင်ပေမဲ့ ခြေလှမ်းတွေကတော့ အတော်လေး အနုပညာမဆန်ဘူးပဲ၊၊

အကယ်၍ ဝမ်ရှန်းသာ ခုနှစ်စင်ကြယ်ခြေလှမ်းကို သုံးခဲ့မည်ဆိုပါက သူမသည် ဓားရှည်ကြီးဖြင့် သူ့ဝတ်ရုံစွန်းကိုပင် ထိနိုင်မည်မဟုတ်ပေ၊၊ ဤကဲ့သို့သော ပတ်ဝန်းကျင်နှင့် ဤကဲ့သို့သော ပြိုင်ဘက်မျိုးကို ရင်ဆိုင်ရာတွင် သူသည် ရှောင်တိမ်းသည့်နည်းလမ်းဖြင့် အနိုင်မယူလိုပေ၊၊ ထိပ်တိုက်ရင်ဆိုင်ခြင်းဖြင့် အနိုင်ရနိုင်သည်ဟု သူ ယုံကြည်ချက်ရှိသည်၊၊

ဝမ်ရှန်းက သူ့၏ဓားကို အစစ်မှန်ချီများဖြင့် ဖုံးလွှမ်းလိုက်သည်၊၊ မြေပြင်ကို ခြေဖျားဖြင့် ညင်သာစွာ တို့လိုက်ရုံဖြင့် ဝမ်ရှန်းသည် လေးညှို့မှ ပစ်လွှတ်လိုက်သည့် မြားတစ်စင်းကဲ့သို့ ရှေ့သို့ပြေးထွက်သွားတော့သည်၊၊ ယခုတစ်ကြိမ်တွင်လည်း သူသည် ထိပ်တိုက်ရင်ဆိုင်ခြင်းကိုသာ ရွေးချယ်ခဲ့သည်၊၊

မိုးကြိုးမုန်တိုင်းကဲ့သို့ ပြင်းထန်သောအရှိန်အဝါဖြင့် အမျိုးသမီးစစ်သည်တော်သည် သူမ၏ ဓားဖြင့် အစွမ်းကုန်ခုတ်ပိုင်းချလိုက်သည်၊၊ ဝမ်ရှန်းက သူ၏ ဓားရှည်ကို အထက်သို့ ပင့်တင်လိုက်ရာ ဓားသွားမှ နူးညံ့သော ရွှေရောင်သန်းနေသည့် အစစ်မှန်ချီများဖြာထွက်လာခဲ့သည်၊၊ သာမန်အချိန်တွင် နေရောင်ခြည်ကဲ့သို့ နွေးထွေးနူးညံ့သော သန့်စင်ရန်အင်မော်တယ်မန္တန်သည် ယခုအခါ လွှမ်းမိုးချုပ်ကိုင်နိုင်သည့် ခွန်အားကိုပြသနေသည်၊၊

ထန်၊၊

ကျယ်လောင်သော ပွတ်တိုက်သံကြီးတစ်ခု ကွင်းပြင်တစ်ခုလုံး ပဲ့တင်ထပ်သွားသည်၊၊ ဆံပင်ရွှေရောင်မိန်းကလေး၏ ဓားရှည်ကြီးက သူမ၏ လက်ထဲမှ လွင့်ထွက်သွားပြီး နောက်သို့ ခြေချော်ကာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ လဲကျသွားတော့သည်၊၊

အံ့အားသင့်မှုများ မိန်းကလေး၏ နုနယ်သော မျက်နှာထက်တွင် ပြည့်နှက်သွားပြီး ဤဆန်းကြယ်သောနိုင်ငံမှ လူငယ်တာအိုဆရာကို မော့ကြည့်လိုက်သည်၊၊

သူမ လွတ်ထွက်သွားခဲ့သည့် ဓားရှည်ကြီးသည် လေထဲသို့ မြင့်မားစွာ ပျံတက်သွားပြီး ဆာကူရာကျွန်းကိုယ်စားလှယ်အဖွဲ့ဘက်သို့ ဦးတည်သွားခဲ့သည်၊၊ ဝမ်ရှန်းက သူ၏ လက်ဝဲဘက်လက်ကို မြှောက်ကာ ညင်သာစွာ ဆုပ်ကိုင်လိုက်ရာ ဓားက ချက်ချင်းပင် သူ့ထံသို့ ပြန်လည်ပျံသန်းလာခဲ့သည်၊၊

ဝမ်ရှန်းသည် ဓားရှည်ကို ဖမ်းကိုင်လိုက်ပြီး သူမထံသို့ ကမ်းပေးလိုက်သည်၊၊ အမျိုးသမီးစစ်သည်တော်သည် မျက်တောင်ခတ်ရင်း ပါးပြင်များနီမြန်းသွားသည်၊၊ ချက်ချင်းပင် ထရပ်ကာ ဓားကို ပြန်ယူရန် ပြေးလာပြီးနောက် ဝမ်ရှန်းကို လက်မထောင်ပြကာ သူမ၏ မိခင်ဘာသာစကားဖြင့် တစ်ခုခုပြောလိုက်သည်၊၊

ဘေးမှ စကားပြန်က ချက်ချင်းပင် ဘာသာပြန်ပေးလိုက်သည်၊၊

“ရှင့်ကို လေးစားပါတယ်၊၊ ကျွန်မရဲ့ ခွန်အားက ရှင့်ထက် အများကြီးနိမ့်ကျနေပါသေးတယ်၊၊ ဒါပေမဲ့ တစ်နေ့မှာ ရှင့်ကို ပြန်ပြီးစိန်ခေါ်မယ်၊၊ ဟွာသမ္မတနိုင်ငံရဲ့ ဝမ်ရှန်း”

ဝမ်ရှန်းက လက်နှစ်ဖက်ကို ယှက်ကာ ပြန်လည်နှုတ်ဆက်လိုက်သည်၊၊

“ငါ စောင့်နေပါ့မယ်၊၊”

အမျိုးသမီးစစ်သည်တော်သည် သူ့ကို နောက်ထပ် အနည်းငယ် စိုက်ကြည့်လိုက်ပြီးနောက် ဓားကိုပွေ့ပိုက်ကာ သူမ၏ ကိုယ်စားလှယ်အဖွဲ့ဘက်သို့ ပြန်သွားလိုက်သည်၊၊ ဂီလန်ကိုယ်စားလှယ်အဖွဲ့က သူမကို လက်ခုပ်သံများဖြင့် ကြိုဆိုကြသည်၊၊ ကျန်သည့် ကိုယ်စားလှယ်အဖွဲ့သုံးဖွဲ့ကလည်း ယဉ်ကျေးသော လက်ခုပ်သံအချို့ကို ပေးခဲ့ကြသည်၊၊

တတိယမြောက် စိန်ခေါ်သူဖြစ်သည့် ဂျင်တာမှ ဘုန်းကြီးသည် ကွင်းပြင်ထဲသို့ လှမ်းဝင်လာခဲ့သည်၊၊ သူသည် အသားညိုပြီး တစ်ကိုယ်လုံးတွင် ဆေးမင်ကြောင်များပြည့်နှက်နေသည်၊၊ သူ ကွင်းထဲသို့ ဝင်လာသည့် အခိုက်အတန့်တွင် အေးစက်သော လေပြင်းတစ်ခုက လူအုပ်ကြီးကို ဖြတ်သန်းတိုက်ခတ်သွားသည်၊၊ သူ၏ လက်မောင်းပေါ်တွင်မူ တောက်ပနေသည့် အနက်ရောင်ကင်းမြီးကောက်ဆေးမင်ကြောင်နှစ်ခုရှိနေသည်၊၊

ဝမ်ရှန်းက မျက်ခုံးပင့်လိုက်သည်၊၊ ဂျင်တာ၏ ကျင့်ကြံခြင်းနည်းလမ်းများကို သူ ဝေဖန်ခြင်းမပြုရန် ရွေးချယ်ခဲ့သော်လည်း သူ၏ မျက်နှာအမူအရာမှာ တည်ကြည်သွားခဲ့သည်၊၊

ဘုန်းကြီးက သူ၏ နာမည်ကို ပြောလိုက်သည်၊၊ ဝမ်ရှန်းကလည်း သူ၏ နာမည်ကို ထပ်ပြောလိုက်သည်၊၊ ပြိုင်ဘက်က မည်သူပင်ဖြစ်စေ ရိုသေမှုကို ပြသရပေမည်၊၊

မကြာမီတွင် ဘုန်းကြီးက ဖြည်းဖြည်းချင်းအသက်ရှူသွင်းလိုက်သည်၊၊ သူလှုပ်ရှားသည်နှင့်အမျှ သူ့၏ ခန္ဓာကိုယ်ပေါ်ရှိ ဆေးမင်ကြောင်များမှာ သက်ရှိများကဲ့သို့ လှုပ်ရှားလာပုံရသည်၊၊ သူ၏ ကိုယ်ပေါ်မှ ကင်းမြီးကောက်နှစ်ကောင်သည် လေထဲသို့ ခုန်တက်သွားပြီး လျင်မြန်စွာ ကြီးထွားလာကာ နှစ်မီတာကျော် ရှည်လျားသော ဧရာမသတ္တဝါကြီးများအဖြစ် ပြောင်းလဲသွားပြီး ဝမ်ရှန်းထံသို့ ပြေးဝင်လာတော့သည်၊၊

ဒါက ဂျင်တာရဲ့ စွမ်းဆောင်ရည်ပေါ့လေ၊၊

ဝမ်ရှန်းသည် မပေါ့ဆရဲပေ၊၊ သူသည် ဓားကို ခါထုတ်လိုက်ပြီး ဓားချီစွမ်းအင်အလင်းတန်းအချို့ကို ထုတ်လွှတ်လိုက်သော်လည်း ၎င်းတို့က ပေါ့ပါးသော အသံနှစ်ချက်ကိုသာ ထွက်ပေါ်စေခဲ့သည်၊၊ အနက်ရောင် ကင်းမြီးကောက်များမှာ လုံးဝထိခိုက်ဒဏ်ရာရခြင်းမရှိပေ၊၊ သူတို့၏ ထက်မြက်သော အဆိပ်ဆူးများက သူ့ကို ပြင်းထန်စွာ တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေသည်၊၊

တစ်ခုခုတော့ မှားနေပြီ၊၊

ဝမ်ရှန်း မျက်လုံးများကို မှိတ်လိုက်သည်၊၊ သူ၏ ကိုယ်တွင်းမှ ဓားမြည်သံတစ်ခု ပဲ့တင်ထပ်သွားသည်၊၊ သူ မျက်လုံးများကို ပြန်လည်ဖွင့်လိုက်သည့်အခါ ၎င်းတို့ထဲတွင် ကြယ်အလင်းတန်းများတောက်ပနေခဲ့သည်၊၊

သူ့နောက်ကွယ်တွင် တောက်ပသော ကြယ်ကိုးပွင့်ပေါ်လာပုံရသည်၊၊ ၎င်းတို့၏ အထက်တွင် တောက်ပသော နတ်ဘုရားအလင်းတစ်ခု ဖြည်းဖြည်းချင်းမြင့်တက်လာပြီး ကြယ်စင်များဝန်းရံတောက်ပမှုများဖြင့် ဝန်းရံနေလေသည်၊၊

ပြင်းထန်သောကောင်းကင်ဇီဝေဓားအရှိန်အဝါသည် ကွင်းပြင်တစ်ခုလုံးကို လွှမ်းမိုးသွားတော့သည်၊၊ ချင်ယန်ဇီက ညင်သာစွာ ပြုံးလိုက်ပြီး ဘေးနားရှိ တာအိုဆရာအချို့ကတော့ ထိတ်လန့်သွားကြသည်၊၊

အင်မော်တယ်တာအိုညီလာခံအတွင်း၌ ဝမ်ရှန်းသည် ဓားအရှိန်အဝါကို နားလည်နိုင်စွမ်းရှိသည့် အဆင့်ကို ထိတွေ့ခဲ့ရုံသာရှိသေးသည်၊၊ သူသည် ၎င်းကို စိတ်ချလက်ချမသုံးစွဲနိုင်ခဲ့ပေ၊၊ ယခုအခါတွင်မူ သူသည် မိမိ၏ ဓားအရှိန်အဝါကို စိတ်ကြိုက်ဆင့်ခေါ်နိုင်နေပြီဖြစ်သည်၊၊

သူ့အနားသို့ ရောက်လုနီးပါးဖြစ်နေသည့် အနက်ရောင်ကင်းမြီးကောက်နှစ်ကောင်သည် ရုတ်တရက် လေလျှော့လိုက်သည့် ပူဖောင်းများကဲ့သို့ ပိန်ရှုံ့သွားပြီး လျင်မြန်စွာ သေးငယ်သွားကာ လုံးဝပျောက်ကွယ်သွားတော့သည်၊၊

ထိုအချိန်တွင် ဝမ်ရှန်းသည် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အော်ဟစ်သံတစ်ခုကို ထုတ်လွှတ်လိုက်သည်၊၊

ဘုန်းကြီးလည်း ပြင်းထန်စွာ တုန်လှုပ်သွားခဲ့သည်၊၊ သူ၏ မျက်လုံးများထဲတွင် ကြယ်စင်ကောင်းကင်က ထင်ဟပ်နေပြီး သူသည် ထိန်းချုပ်မရနိုင်အောင် တုန်ရင်နေခဲ့သည်၊၊

ဝမ်ရှန်းက ခြေတစ်လှမ်း လှမ်းလိုက်သည့်အခါ ကြယ်စင်များပျောက်ကွယ်သွားသည်၊၊ ထိုအခါမှ ချွေးများဖြင့် ရွှဲနစ်နေသော ဂျင်တာဘုန်းကြီးသည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်နိုင်လေသည်၊၊ ၎င်းသည် ကြီးမားသော ဝန်ထုပ်ဝန်ပိုးတစ်ခုကို သူ့ပုခုံးပေါ်မှ ဖယ်ရှားလိုက်သကဲ့သို့ပင်၊၊ တုန်ရင်နေသော လက်များဖြင့် သူသည် ဝမ်ရှန်းကို ဂါရဝပြုလိုက်သည်၊၊

ဂျင်တာကိုယ်စားလှယ်အဖွဲ့နှင့် ပိုမိုမြင့်မားသော ကျင့်ကြံခြင်းအဆင့်ရှိသည့် ကျင့်ကြံသူအနည်းငယ်မှလွဲ၍ ပရိသတ်ထဲမှ အခြားသူများမှာမူ လုံးဝဝေခွဲမရဖြစ်နေကြသည်၊၊

သူတို့ မြင်လိုက်ရသည်မှာ ဝမ်ရှန်းက ဓားကိုလွှဲပြီး ဖုန်မှုန့်အချို့ကို ထောင်းခနဲထသွားစေခဲ့ခြင်းသာဖြစ်သည်၊၊ သူတို့သည် သူ့ထံမှ ရုတ်တရက်ထွက်ပေါ်လာသည့် ဖိအားကို ခံစားလိုက်ရသော်လည်း ထိုအရာမှလွဲ၍ ဘာဖြစ်သွားသည်ကို လုံးဝမသိကြပေ၊၊

ရှီချန်ကျန်းနှင့် လျှိုယွမ်ကျိတို့၏ ကြောင်အမ်းနေသော မျက်နှာအမူအရာများကို မြင်သောအခါ ဟိုင်ကျင်းက ခပ်တိုးတိုးပြောလိုက်သည်၊၊

“ဂျင်တာကျင့်ကြံသူတွေက မျက်လှည့်သိုင်းတွေကို အထူးပြုကြတယ်၊၊ အဲဒါကို အချက်အလက်တွေထဲမှာ ဖော်ပြထားတယ်”

၎င်းတို့နှစ်ယောက်လည်း ရှက်ပြုံးတစ်ခုသာပြုံးနိုင်ကြတော့သည်၊၊

ယခုအခါ ကွင်းလယ်တွင် ရပ်နေရင်း ဝမ်ရှန်းက သူ၏ ဆရာကို ကြည့်လိုက်သည်၊၊

ချင်ယန်ဇီက ပြုံးလိုက်သည်၊၊

“ပြန်လာခဲ့တော့”

“ဟုတ်ကဲ့ ဆရာ”

ဝမ်ရှန်းက ရိုသေစွာ ပြန်ပြောလိုက်သည်၊၊ သူက မြေပြင်တွင် စိုက်ထားခဲ့သည့် ဓားအိမ်ကို ဆင့်ခေါ်ပြီး ဓားကို ဖြည်းဖြည်းချင်းပြန်ထည့်လိုက်သည်၊၊ ထို့နောက်တွင် သူက လျှောက်လာခဲ့ပြီး တာအိုဆရာများ၏ နောက်တွင် ရပ်လိုက်သည်၊၊

သူသည် ပွဲစဥ်တစ်ကျော့ကို ပြီးဆုံးစေခဲ့ပြီး ပွဲစဉ်သုံးခုလုံးကို အနိုင်ရရှိခဲ့သည်၊၊ တတိယပွဲစဉ်မှာ အထူးစိတ်လှုပ်ရှားစရာမကောင်းခဲ့သော်လည်း အခြားပွဲစဉ်နှစ်ခုမှာမူ လှပသောအောင်ပွဲများအဖြစ် သတ်မှတ်နိုင်သည်၊၊

ဝမ်ရှန်း၏ အကြည့်ကို ဆုံလိုက်သည့်အခါ မုဝမ်ရွှမ်းက ဝမ်းသာအားရပြုံးပြလိုက်သည်၊၊ သူမသည် လက်မကိုမြှောက်ကာ နောက်ပြောင်ကျီစယ်သည့်အနေဖြင့် လှုပ်ရှားပြလိုက်သည်၊၊ ဝမ်ရှန်းက ညင်သာစွာ ပြုံးပြပြီး သူမ၏ ဘေးနားရှိ လက်ရန်းပါသော ကုလားထိုင်တွင် ထိုင်လိုက်သည်၊၊

လောင်ရှန်းတောင်မှ ဟန်ချူးက မေးလိုက်သည်၊၊

“အခု ကိုယ်စားလှယ်အဖွဲ့သုံးဖွဲ့ထဲက တစ်ဖွဲ့ချင်းစီက ကိုယ်စားလှယ်တစ်ယောက်စီ စေလွှတ်ရမလား”

“မလိုပါဘူး” ဟု ချင်ယန်ဇီက ပြန်ပြောလိုက်သည်၊၊

“ကျုပ်တို့ရဲ့ ဧည့်သည်တော်တွေက ဟွာသမ္မတနိုင်ငံကျင့်ကြံသူတွေနဲ့ အမြင်ချင်းဖလှယ်ဖို့ အဝေးကြီးကနေလာခဲ့ကြတာပဲ၊၊ ဒီလိုလုပ်ရင်ရောဘယ်လိုလဲ၊၊ ကျုပ်နောက်က လူငယ်တပည့်ငါးယောက်ကို စိန်ခေါ်နိုင်ပါတယ်၊၊ ကိုယ်စားလှယ်အဖွဲ့တစ်ခုစီက သူတို့ထဲက ဘယ်သူ့ကိုမဆို ရွေးချယ်ပြီး ယှဉ်ပြိုင်နိုင်ပါတယ်၊ ဘယ်လိုထင်လဲ”

အခြားတာအိုဆရာများကလည်း သဘောတူသည့်အနေဖြင့် ခေါင်းငြိမ့်ကြသည်၊၊ သူတို့နောက်တွင် ရပ်နေသော လူငယ်ကျင့်ကြံသူငါးဦးလည်း ချက်ချင်းပင် အာရုံစိုက်ကာ ပြင်ဆင်လိုက်ကြသည်၊၊ နိုင်ငံခြားကိုယ်စားလှယ်အဖွဲ့များမှ အဖွဲ့ဝင် ခုနစ်ဦး သို့မဟုတ် ရှစ်ဦးခန့်မှာ ချက်ချင်းပင် မတ်တတ်ရပ်လိုက်ကြသည်၊၊

သို့သော်လည်း သူတို့ထဲမှ မည်သူမျှ စကားမပြောနိုင်ခင်မှာပင် ရှီချန်ကျန်းက ရုတ်တရက် အော်ဟစ်လိုက်သည်၊၊

“နေပါဦး တာအိုဆရာ ပုယန်… ကျွန်တော်က အရင်မိတ်ဆက်လို့ရမလား”

ချင်ယန်ဇီက ရယ်မောလိုက်သည်၊၊

“ရတာပေါ့”

လုံဟူရှန်းတောင်မှ တာအိုဆရာတစ်ဦးက ရှီချန်ကျန်းကို ဒေါသတကြီး စိုက်ကြည့်လိုက်ပြီး ထိုကောင်စုတ်က တစ်ဖန်ပြဿနာရှာဦးမည်ကို သိသိသာသာစိုးရိမ်နေသည်၊၊

ကံမကောင်းစွာဖြင့် သူတို့သည် အဆောင်ဂိုဏ်းကြီးသုံးဂိုဏ်းထဲမှ တစ်ခုဖြစ်သော်လည်း လုံဟူရှန်းတောင်တန်းများ၏ အပြင်ဘင်တွင် ဤထူးခြားသော ပြဿနာရှာဖွေသူကို ထိန်းချုပ်နိုင်သည့် အတတ်ပညာကို မည်သူမျှ တတ်မြောက်ထားခြင်းမရှိကြချေ၊၊

All Chapters