အခန်း ၈၅၇
Vol. 58 Ch. 857
အခန်း (၈၅၇) : အံ့သြသွားသော ဖရစ်ဂ်နှင့် မန်လီယာ
“ဟုတ်တယ်.."
ဖရစ်ဂ်က ခေါင်းညိတ်လိုက်သည်။
“သူက တစ်ပုလင်းကို အမှတ် နှစ်သောင်းနဲ့ ရောင်းနေတာ။ ငါတို့က သူ့ဆီကနေအများဆုံး အမှတ် နှစ်သောင်းနဲ့ ပေးဝယ်မယ်။ ပြီးရင် အဲ့ဆေးရည်ကို အမှတ် သုံးသောင်းနဲ့ ပြန်ရောင်းရင်ရော ဘယ်လိုလဲ”
ဖရစ်ဂ်က တပတ်ရစ်ဈေးကွက်ကို တာဝန်ယူထားသူ ဖြစ်သဖြင့် စီးပွားရေးဦးနှောက်လည်း ရှိပေသည်။ ထိုစကားကို ကြားသောအခါ တခြားသူများက ခေါင်းညိတ်ကာ သဘောတူကြသော်လည်း ခေါင်းဆောင် ချင်းလိထန်ကတော့ ခေါင်းခါပြလိုက်လေသည်။
"ဟား.. ဟားး… ငါ့ရဲ့ ညီလေး၅က တော်တော်ဉာဏ်ကောင်းတာပဲ။ ဒါပေမယ့် ဒီကိစ္စကိုတော့ မလုပ်တော့ပါဘူး။ ငါတို့က ဧည့်သည်တွေကို ကြိုဆိုတဲ့အဖွဲ့ပါ။ ဒီလို လမ်းပိတ်တဲ့အလုပ်မျိုး မလုပ်သင့်ဘူး။ လူတိုင်းကို အသက်ရှူပေါက်တစ်ခုပေးထားရမယ်။ ဒီလိုလုပ်ကြရအောင် မင်း ကျိုးဟောင်နဲ့ သွားပြောကြည့်လိုက်။ တစ်ပတ်ကို ဘယ်လောက်ပဲ ထုတ်လုပ်နိုင်ပါစေ ငါတို့က အနည်းဆုံး ပုလင်း နှစ်ဆယ်ကို အမြဲဝယ်လို့မယ်လို့ ညှိနှိုင်းကြည့်လိုက်ပါ။ ဘယ်လိုသဘောရလဲ"
ဒီစကားကြောင့် ဖရစ်ဂ်မှာအနည်းငယ် ရှက်သလိုဖြစ်သွားပြီး ပြုံးလိုက်လေသည်။
“ကောင်းပါပြီ… အမှန်တော့ ကျွန်တော်လည်း အနည်းငယ် မသင့်တော်ဘူးလို့ ထင်မိပါတယ်။ နောက်မှ ကျိုးဟောင်နဲ့ သွားပြောလိုက်ပါ့မယ်။ သူ့ဘက်က မငြင်းဘူးလို့ ထင်ပါတယ်”
ဖရက်ဂ်က ချက်ချင်း ပြောလိုက်သည်။
“သူ ငြင်းမငြင်းဆိုတာ အရေးမကြီးဘူး။ ဒီလူငယ်လေးကို အလွယ်တကူ မစော်ကားသင့်ဘူး။ ငါတို့ မီးခိုးဝံပုလွေအဖွဲ့မှာ အရည်အချင်းရှိသူတွေ အများအပြားလိုအပ်တယ်။ အခွင့်အရေးရရင် သူ့ရဲ့ စမ်းသပ်ကာလ ပြီးသွားပြီး ကြေးစားအဖွဲ့ တစ်ခုကို ရွေးချယ်တဲ့အချိန်မှာ ငါတို့အဖွဲ့ထဲ ဝင်လာအောင် ကြိုးစားရမယ်”
ချင်းလိထန်၏ ရည်ရွယ်ချက်က ကျိုးဟောင်ကို စုဆောင်းလိုခြင်းပင် ဖြစ်သည်။ ယခုချက်ချင်းမဟုတ်သေးသော်လည်း သင်တန်းကာလ ပြီးသွားပြီး တရားဝင် ကြေးစားစစ်သား ဖြစ်လာချိန်တွင် ဖြစ်သည်။
သူ၏အမြင်က ဖရစ်ဂ်ထက် အများကြီး ကျယ်ပြန့် လေသည်။ ဖရစ်ဂ်က လက်ရှိ အကျိုးအမြတ်ကိုသာ မြင်သော်လည်း ချင်းလိထန်ကတော့ ကျိုးဟောင်၏ အနာဂတ်ကို မြင်နေပြီးသားဖြစ်လေသည်။
“ဟုတ်ကဲ့ပါ။ ခေါင်းဆောင် ပြောချင်တာကို နားလည်ပါတယ်"
ဖရစ်ဂ်က ခေါင်းညိတ်ကာ ပြန်ပြောလိုက်လေသည်။
မီးခိုးဝံပုလွေအဖွဲ့အပြင် အခြားအဖွဲ့အစည်းများကလည်း ဒီကိစ္စကို သိထားကြသော်လည်း ယခုထိတော့ သံသယ၀င်နေဆဲ ဖြစ်သည်။ သို့သော် ကျိုးဟောင် နောက်တစ်ကြိမ် ခန္ဓာကိုယ်ပုံသွင်းရည် ရောင်းချသည့် အချိန်တွင် သွားကြည့်ကြဖို့တော့ ဆုံးဖြတ်ထားကြလေသည်။
အရာအားလုံး လမ်းမှန်ပေါ် ရောက်လာပြီးနောက် ကျိုးဟောင်တို့ သုံးယောက်၏ အိတ်ကပ်များသည်လည်း အမှတ်များဖြင့် ပြည့်လာကြလေသည်။ ထို့ကြောင့် သူတို့အနေဖြင့် ကျင့်ကြံရေးအပေါ်၌သာ အာရုံစိုက်ထားလိုက်ကြလေသည်။
“မဆိုးဘူး သတ်ဖြတ်နယ်မြေရဲ့ ဒုတိယအထပ်က စိတ်စွမ်းအား လေ့ကျင့်ဖို့အတွက် အရမ်းအကျိုးရှိတယ်”
ဒုတိယအထပ်တွင် လေ့ကျင့်ရင်း ကျိုးဟောင်မှာ ကိသူ့ရဲ့ စိတ်ဝိညာဉ်စွမ်းအား တိုးတက်လာတာကို ခံစားလိုက်ရပြီး အံ့အားသင့်သွားခဲ့လေသည်။
“အဲ့ဒါတော့ အမှန်ပဲ။ နိုင်လော့ ကြယ်တာရာအစုအဝေးက ကြေးစားစစ်သားအဖွဲ့တွေက အဆင့်နိမ့်စကြာဝဠာကြားမှာ နာမည်ကြီးကြတယ်။ ဒီလေ့ကျင့်ရေးစခန်းထဲက သတ်ဖြတ်နယ်မြေတွေကတော့ ပိုပြီးတောင် နာမည်ကြီးသေးတယ်။ အစွမ်းထက်ဆုံးက တတိယအလွှာပဲ။ အဲ့ဒီကို ရောက်ရင် မင်း သိလာလိမ့်မယ်”
ဖားက ကျိုးဟောင်၏စိတ်ထဲ၌ ပြောကြားလာလေသည်။ကျိုးဟောင်လည်း ပြုံးကာ သူ့စိတ်စွမ်းအားကိုဆက်လက်ပုံသွင်းတည်ဆောက်နေလေသည်။
သို့သော် အပြင်ဘက်မှာတော့ တချို့လူများမှာ တုန်လှုပ်နေကြလေသည်။
“ဘာတွေ ဖြစ်နေတာလဲ။ ဒီနေ့ သတ်ဖြတ်နယ်မြေရဲ့ ဒုတိယအမှာ လေ့ကျင့်နေတဲ့ လူတွေ ဘာလို့ ဒီလောက်များနေတာလဲ။ နောက်ပြီး ဒီအခန်းထဲကလူငယ်က ၀င်သွားတာတစ်နာရီတောင်ရှိနေပြီ ခုထိထွက်မလာသေးဘူးလား"
အပြင်ဘက်တွင်စောင့်နေသူများမှာ ဒုတိယအထပ်ရှိလေ့ကျင့်ခန်းအခန်း ၅၀လုံး၏ အချိန်များကို မြင်နိုင် လေသည်။ အခြားသူများသည် ဆယ်မိနစ်ကျော်လောက်သာ လေ့ကျင့်နေကြသော်လည်း ကျိုးဟောင်ရဲ့ အခန်းမှာတော့ တစ်နာရီ နီးပါးရှိနေပြီ ဖြစ်သဖြင့် လူတိုင်း အံ့အားသင့်နေကြလေသည်။
အဲ့ဒီအချိန်မှာပဲ လှပလွန်းသည့် အသွင်အပြင်တစ်ခု ပေါ်လာခဲ့လေသည်။ လှပသောခန္ဓာကိုယ်အချိုးအစားနှင့် ထူးခြားသောအမျိုးသမီး လေးယောက်မှာ ထိုနေရာသို့လျှောက်လှမ်းလာကြလေသည်။
သူတို့အားလုံးသည် နတ်သမီးကဲ့သို့ လှပကြပြီး အရှေ့ဆုံးက အမျိုးသမီးကတော့ ထူးထူးခြားခြား လှပလွန်းလှပေသည်။ သူမတွင် အရှည်လျားသော အမြီး၊ မျက်တောင်ကော့ကော့လေးများ ရှိပြီး ကိုယ်ခန္ဓာကလည်း ဆွဲဆောင်မှု ပြင်းထန်လှပေသည်။ ဘယ်မျိုးနွယ်မဆို သူမကို မြင်ပါက သဘောကျမိမှာ မလွဲမသွေ ဖြစ်ပေသည်။
“အဲ… အစ်မ၃... အစ်မ အမြဲသုံးနေကျ လေ့ကျင့်ရေးခန်းအခန်းက အသုံးပြုနေပြီသားဖြစ်နေပြီ။ အဲ့လူက တစ်နာရီကြာတဲ့အထိတောင် ထွက်မလာသေးဘူးဆိုတော့စိတ်ဝိညာဉ်ဖတ်ရှုသူလား မသိဘူးနော်”
တခြားအမျိုးသမီးလေးတွေက ပြောလိုက်ကြသည်။ရှေ့ဆုံးက အမျိုးသမီးက သံသယ၀င် နေသောအမူအရာဖြင့် မျက်မှောင်ကြုတ်လိုက်လေသည်။
“ငါက အက်ဖ်မျိုးနွယ်ကမို့လို့ သဘာဝဥပဒေသတွေနဲ့ နီးစပ်ပြီး စိတ်အားစွမ်းအားကလည်း သာမန်ထက်ထူးခြားတယ်။ ဒါကြောင့်ပဲ စိတ်စွမ်းအင်နဲ့ထိန်းချုပ်တဲ့နေရာမှာ ပညာရှင်တစ်ယောက် ဖြစ်လာနိုင်ခဲ့တာ။ ဒီအခန်းထဲလူက မီးခိုးဝံပုလွေအဖွဲ့နဲ့ ဖောက်ခွဲရေးအဖွဲ့ကလား"
သူမက အံ့အားသင့်စွာ သူ့ညီအစ်မများကိုမေးလိုက်မိသည်။
“သွားမေးကြည့်ရအောင်… ဘယ်သူလဲဆိုတာ”
သူ့ညီမများမှာလည်း ချက်ချင်းပြန်ဖြေကာ ဘယ်သူလဲဆိုတာသွားရောက်မေးမြန်းကြလေသည်။
“အစ်မ၃ … လူသစ်တစ်ယောက်လို့ပြောတယ်။ နာမည်က ကျိုးဟောင် တဲ့”
“ကျိုးဟောင်ဟုတ်လား။ ငွေရောင်ဘုရင်ဂိုဏ်းကို တည်ထောင်ပြီး ခန္ဓာကိုယ်ပုံသွင်းရည် ရောင်းတဲ့သူလား"
အစ်မ၃ဆိုသည့်အမျိုးသမီးလေးမှာ အံ့အားသင့်သွားသည်။
အဲ့ဒီအချိန်မှာပဲ ဖရစ်ဂ်က လမ်းလျှောက်လာသည်။
“မန်လီယာ… မင်း ဒီမှာ ရှိမယ်ဆိုတာ ငါ သိသားပဲ”
ဖရက်ဂ်က မန်လီရီယာကို အရမ်းစိတ်ဝင်စားသော်လည်း ထိုမိန်ကလေးသည် အလွန်အေးစက်ပြီး အဖက်မလုပ်ခဲ့ပေ။ အကြိမ်ကြိမ် ချဉ်းကပ်ကြိုးစားခဲ့သော်လည်း အောင်မြင်ခြင်း မရှိခဲ့ပေ။
“ဖရစ်ဂ်… ရှင်လာတာ အတော်ပဲ။ ရှင် ဒီကျိုးဟောင်ဆိုတဲ့တစ်ယောက်ကို သိတယ်လို့ ကြားတယ်”
မနေ့က ဖရစ်ဂ်သည် အမှတ် တစ်သန်းဖြင့် ခန္ဓာကိုယ်ပုံသွင်းရည် ပုလင်း၁၀၀ ဝယ်ခဲ့သည့် သတင်းမှာ စခန်းတစ်ခုလုံးသို့ အလွန်မြန်ဆန်စွာ ပျံ့နှံ့သွားခဲ့ပြီးသားဖြစ်လေသည်။
“အင်း… ဘာဖြစ်လို့လဲ"
ဖရစ်ဂ်က မျက်လုံးပြူးသွားလေသည်။
“ဒီလူက ဘယ်လိုလူလဲ။ တစ်နာရီကျော်ကြာအောင် ၀င်နေပြီး ခုထိ မထွက်သေးဘူး”
မန်လီယာက ပြောလိုက်လေသည်။
“ဟာ… တစ်နာရီတောင်လား။ ကျိုးဟောင်ကို ပြောနေတာလား"
ဖရက်ဂ်က ထိတ်လန့်သွားခဲ့လေသည်။
“ဟုတ်တယ်လေ ဘာဖြစ်လို့လဲ"
“ငါ ချာလီကူရိုကို မေးထားခဲ့ပြီးပြီ။ ဒီကောင်လေးက ကိုယ်ခန္ဓာသိုင်းလေ့ကျင့်သူလို့ ပြောတယ်။ မြန်နှုန်းလည်း ထူးခြားပြီး ခန္ဓာကိုယ်လည်း အရမ်းတောင့်တင်းခိုင်မာလို့ဆိုတယ်။ သူက ချာလီရဲ့ အားအပြည့်နဲ့ တိုက်ခိုက်မှုကို လက်ဗလာနဲ့ ပိတ်ဆို့တားဆီးနိုင်ခဲ့တာလို့ကြားတယ်။ ချာလီက ပဉ္စမမြောက် သူတော်ဘုံအဆင့်ပညာရှင် ဆိုတာ မင်းသိတယ်မဟုတ်လား”
ဖရစ်ဂ်၏စကားကြောင့် မန်လီယာ အံ့အားသင့်သွား လေသည်။
“မဖြစ်နိုင်ဘူး… ကိုယ်ခန္ဓာသိုင်းလေ့ကျင့်သူ ဆိုရင် စိတ်အားစွမ်းအား ဘာလို့ ဒီလောက် ပြင်းထန်နိုင်ရမှာလဲ"
သူမမှာ မယုံနိုင်ကြည်နိုင် ဖြစ်နေလေသည်။ကိုယ်ခန္ဓာနဲ့ စိတ်စွမ်းအား နှစ်မျိုးလုံး လေ့ကျင့်နိုင်တဲ့ လူကို သူမအနေဖြင့် ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်ပေသည်။
“ငါလည်း မသိဘူး…”
ဖရစ်ဂ်ကလည်း အံ့အားသင့်နေဆဲ ဖြစ်လေသည်။
အဲ့ဒီအချိန်မှာပင် လေ့ကျင့်ခန်းအခန်းတံခါး ပွင့်လာပြီး ကျိုးဟောင်က ဖြည်းဖြည်းချင်း ထွက်လာခဲ့သည်။ သူအပြင်ရောက်သည်နှင့် တုန်လှုပ်သွားခဲ့ရ လေသည်။
သူ့အခန်းရှေ့တွင် လူတစ်ဒါဇင်ကျော် ရပ်နေကြပြီး ဖရစ်ဂ်အပြင် သူ မမြင်ဖူးသေးသည့်လှပသော အမျိုးသမီးများပါ ရှိနေလေသည်။
“ပဉ္စမတပ်မှူး… စိတ်စွမ်းအား လေ့ကျင့်ဖို့ လာတာလား"
ကျိုးဟောင်က ပြုံးပြီး နှုတ်ဆက်လိုက်သည်။
“ကျိုးဟောင်… မင်း ပြောစမ်းပါဦး။ မင်းက ကိုယ်ခန္ဓာသိုင်းလေ့ကျင့်သူ ဟုတ်တယ်မလား"
ဖရက်ဂ်က စိုးရိမ်တကြီး မေးလိုက်လေသည်။
“ဟုတ်ပါတယ်… ဘာဖြစ်လို့ပါလဲ"
“ဒါဆို မင်းရဲ့ စိတ်စွမ်းအားက ဘာလို့ ဒီလောက် ပြင်းထန်နေရတာလဲ။ မင်းက စိတ်ဝိညာဉ်ဖတ်ရှုသူလည်း ဖြစ်နေတာလား"
ဖရစ်ဂ်က အံ့အားသင့်စွာ မေးလိုက်လေသည်။
“အမ်.... စိတ်ဝိညာဉ်ဖတ်ရှုသူဟုတ်မဟုတ်တော့မသေချာပေမဲ့ စိတ်စွမ်းအင်ကတော့ တော်တော်လေးအားကောင်းပါတယ်"
ကျိုးဟောင်က အနည်းငယ် အရှက်သလိုဖြင့် ရယ်ကာ ပြောလိုက်လေသည်။
သို့သော် အဲ့ဒီအချိန်မှာပင် ပြင်းထန်သော စိတ်ဝိညာဉ်စွမ်းအား တစ်ခုက သူ့ဆီကို တိုက်ရိုက် ထိုးနှက်လာလေသည်။ ထိုစိတ်ဝိညာဉ်စွမ်းအားများသည် ချွန်ထက်ငော ဓားသွားများလို စုစည်းပြီး သူ့ဆီသို့ ထိုးစိုက်၀င်ရောက်လာလေသည်။
ကျိုးဟောင်က တည်ငြိမ်စွာဖြင့် ဟန့်တားလိုက်ပြီး သူ၏ စိတ်ဝိညာဉ်စွမ်းအားကို ထုတ်လွှတ်လိုက်လေသည်။ ထို့နောက် သူအားတိုက်ခိုက်လာသူကို စိုက်ကြည့်လိုက်ပြီး ကျိုးဟောင်မျက်လုံးထဲတွင် ထူးခြားသော အလင်းရောင်များ ပေါ်ပေါက်လာလေသည်။
ကျိုးဟောင်က ချက်ချင်းပင် အဆုံးမဲ့ငရဲစွမ်းအား ကို သုံးလိုက်လေသည်။ ချက်ချင်းပင် ကြမ်းတမ်းလွန်းလှသည့် စိတ်ဝိညာဉ်စွမ်းအားများ ပေါက်ကွဲထွက်လာပြီး မန်လီယာဆီကို တိုက်ရိုက် ထိုးနှက်သွား လေသည်။
မန်လီယာ၏ မျက်နှာအမူအရာမှာ ချက်ချင်းပြောင်းလဲသွားပြီး မယုံကြည်နိုင်လောက်အောင် ဖြစ်သွားခဲ့သည်။ ဒီလို ပြင်းထန်သော စိတ်ဝိညာဉ်စွမ်းအားသည် သူမထက်တောင် ပို၍အားကောင်းနေမည်လို့ မထင်ထားခဲ့ပေ။
သူမသည် အလျင်အမြန်ပင် အသံတိုးတိုးဖြင့် မန္တန်တစ်ခုကို ရေရွတ်လိုက်ပြီး မမြင်နိုင်တဲ့ စိတ်ဝိညာဉ်အကာအရံတစ်ခုကို ဖန်တီးကာ ကိုယ့်ကိုယ်ကို ကာကွယ်လိုက်လေသည်။
သို့သော် ကျိုးဟောင်၏ စိတ်ဝိညာဉ်စွမ်းအားက သူမအား ထိခိုက်စေခဲ့ပြီး သူမ၏ နှုတ်ခမ်းထောင့်မှ သွေးတစ်စက် စီးကျလာခဲ့လေသည်။
....................................................................................
အခန်း (၈၅၇) ပြီးပါပြီ။
--