← Chapters

အခန်း ၈၆၁

Vol. 58 Ch. 861

အခန်း ၈၆၁

Vol. 58 Ch. 861

အခန်း (၈၆၁) : အဆင့်သတ်မှတ်ဇယား

အနိုင်ရမလား၊ ရှုံးနိမ့်မလားဆိုသည်မှာ စက္ကန့်အနည်းငယ်အတွင်း၌ပင် အဆုံးအဖြတ် ပေးသွားတတ်လေသည်။ကျိုးဟောင်သည် အခွင့်အရေးကို ချက်ချင်းဖမ်းဆုပ်ကာ အင်အားအပြည့်ဖြင့် လက်သီးတစ်ချက် ထိုးထုတ်လိုက်လေသည်။

ချက်ချင်းပင် ကြယ်တာရာစွမ်းအားဖြင့် ဖွဲ့စည်းထားသော စွမ်းအင်လုံးကြီးမှာ တစ်ခါတည်း ပြိုကွဲသွားခဲ့လေသည်။

“ဘယ်လို… ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

မိုရိုအိုရာမှာမျက်လုံးပြူးသွားခဲ့ပြီး မယုံကြည်နိုင်သည့် အမူအရာဖြင့် ကြောက်လန့်သွားခဲ့လေသည်။

သို့သော်လည်း ထိုစွမ်းအင်မုန်တိုင်းအလယ်တွင် လူရိပ်တစ်ခုက အလျင်အမြန်ပင် ပြေးဝင်လာခဲ့လေသည်။

“ငါ့ရဲ့ အစွမ်းကို မြည်းကြည့်စမ်း… မဟာဖျက်ဆီးခြင်းလက်သီး"

ကျိုးဟောင်က အော်ဟစ်လိုက်ကာ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး ထိုးလိုက်လေသည်။

သူ့ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်သွေးကြောငယ် ၅၀ လုံးမှာ တစ်ပြိုင်နက်တည်း စတင်လည်ပတ်လာခဲ့လေသည်။

သူ၏ လက်သီးမှ ထွက်ပေါ်လာသော အင်အားမှာ အဆုံးမဲ့ ဖိအားကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်၏ အမိန့်တော်ကဲ့သို့ အောက်သို့ ဖိနှိပ်ကျလာခဲ့လေသည်။

ဤလက်သီးချက်သည် ကောင်းကင်နှင့်မြေပြင်ကို ပြိုလဲစေနိုင်သည့်အပြင် စကြာ၀ဠာကိုတောင် တုန်ခါစေမည့်အလား ပြင်းထန်လှပေသည်။

ထိုလက်သီးမှာကျိုးဟောင်၏ ရှေးဟောင်းခန္ဓာသိုင်း၊

နတ်ဘုရားသတ်သိုင်း၊ ပြောင်းလဲခြင်းကိုးသွယ်သိုင်းနှင့် စွမ်းအင်သွေးကြောငယ်၅၀ဆီမှ အင်အားတို့ကို စုပေါင်းထားသော မဟာဖျက်ဆီးခြင်းလက်သီး ဖြစ်လေသည်။

ကျိုးဟောင်သည် ငါးဆင့်မြောက် သူတော်ဘုံအဆင့်သာ ဖြစ်နေသည်ဆိုသော်လည်း ရှစ်ဆင့်မြောက် သူတော်ဘုံအဆင့်ရှိသူတောင် သူ့လက်သီးချက်ကိုအလွယ်တကူ မခုခံရဲကြပေ။

“မကောင်းတော့ဘူး… ဒီလက်သီးချက်ကို ငါ မခံနိုင်ဘူး။ ဒီလူ… ဒီလူက အရမ်းကို သန်မာလွန်းတယ်”

မိုရိုအိုရာက ကြောက်လန့်စွာ အော်ဟစ်လိုက်ပြီး သူ့ခန္ဓာကိုယ်ပေါ်တွင် ဖွဲ့စည်းထားသော ကြယ်တာရာစွမ်းအားများအားလုံးကို စုစည်းကာ ကာကွယ်ရန် ကြိုးစားလိုက်လေသည်။

သို့သော် ထိုအချိန်တွင် ပြင်းထန်သော စိတ်ဝိညာဉ်စွမ်းအားတစ်ခုသည် ကျိုးဟောင်၏ ကိုယ်ထဲမှ ပြင်းပြင်းထန်ထန် ပေါက်ကွဲထွက်ပေါ်လာခဲ့လေသည်။

“အဆုံးမဲ့ ငရဲ"

ကျိုးဟောင်က ချက်ချင်းပင် အဆုံးမဲ့ ငရဲ ကို အသုံးပြုလိုက်လေသည်။

မိုရိုအိုရာကိုသာ ဤစိတ်ဝိညာဉ်နည်းစနစ်သက်ရောက်သွားပါက ကျရှုံးမည်မှာ မလွဲဧကန်ပင် ဖြစ်လေသည်။ အမှန်တကယ်လည်း ထိုအတိုင်း ဖြစ်ပေါ်လာခဲ့လေသည်။

ကျိုးဟောင်၏ နဖူးဆီမှ အဖြူရောင်အလင်းတန်းတစ်ခု ပေါ်ထွက်လာပြီးနောက် ချက်ချင်းပင် မိုရိုအိုရာ၏ ဦးခေါင်းမှာပြင်းထန်သည့် နာကျင်မှု ဝေဒနာကို ခံစားလိုက်ရလေသည်။

ပြင်းထန်သော စိတ်ဝိညာဉ်စွမ်းအားသည် ချက်ချင်းပင် သူ့စိတ်ထဲသို့ ကျူးကျော် ၀င်ရောက်သွားခဲ့လေသည်။ သူ့မျက်လုံးရှေ့တွင် အမှောင်ဖုံးလွှမ်း‌ နေသော ကမ္ဘာကြီးအဖြစ် ပြောင်းလဲသွားလေသည်။

“စိတ်ဝိညာဉ်တိုက်ခိုက်မှုလား။ သောက်ကျိုးနည်း..ငါတော့ သွားပြီ"

မိုရိုအိုရာမှာ ထိတ်လန့်တကြားအော်ဟစ်လိုက်ပြီး ကိုယ့်ကိုယ်ကိုယ် ပြီးဆုံးသွားပြီဖြစ်‌ကြောင်း သိရှိသွားလေသည်။

နောက်တစ်စက္ကန့်အတွင်းမှာပင် ပြင်းထန်လှသော အင်အားတစ်ခုက သူ့ခန္ဓာကိုယ်ကို ပြင်းပြင်းထန်ထန် ထိုးနှက်သွားခဲ့လေသည်။

ရင်ဘတ်အရိုးများ ကျိုးပဲ့သွားပြီးကိုယ်အတွင်းအင်္ဂါများသည်လည်း အလုံးစုံ ပျက်စီးသွားခဲ့လေသည်။သွေးများ ပါးစပ်မှ ပန်းထွက်လာကာ မိုရိုအိုရာ၏ ခန္ဓာကိုယ်သည် နောက်ဘက်သို့ လွင့်ထွက်သွားခဲ့လေသည်။

မြေပြင်ပေါ်သို့ လဲကျသွားချိန်တွင်သူ့မျက်လုံးများ ပိတ်သွားပြီးစိတ်အာရုံမှာလည်း အမှောင်ထဲသို့ နစ်ဆင်းသွားခဲ့လေသည်။

လက်သီးတစ်ချက်တည်းဖြင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားခဲ့ခြင်း ဖြစ်လေသည်။မိုရိုအိုရာသည် သွေးအိုင်အတွင်း လဲလျောင်းနေခဲ့ပြီး အသက်ရှူနေသေးသော်လည်းဒဏ်ရာမှာ အလွန်ပြင်းထန်လှသဖြင့် လအနည်းငယ်အထိ နလံထူနိုင်မည်မဟုတ်ပေ။

ပတ်ဝန်းကျင်ရှိ လူအားလုံးမှာ အံ့အားသင့်ကာ တိတ်ဆိတ်သွားခဲ့ကြလေသည်။လက်နှစ်ဖက်ကို နောက်သို့ပစ်ထားကာ လေထဲတွင် ရပ်နေသော ကျိုးဟောင်ကို ကြည့်ရင်းသူတို့အတွက် ပထမဆုံးအကြိမ် စိတ်ထဲ၌ တုန်လှုပ်မှုကို ခံစားလိုက်ကြရလေသည်။

ဟဂ်ဂန်၊ ချာလီကူရိုတို့နှင့် တိုက်ခိုက်စဉ်ကတောင်

ကျိုးဟောင်၏ ကြောက်မက်ဖွယ်အင်အားကို ဒီလောက်အထိ မသိခဲ့ကြပေ။ ယခုအချိန်တွင်တော့ သူတို့ အပြည့်အဝ သိရှိသွားခဲ့ပြီ ဖြစ်လေသည်။

ဒီလူငယ်လေးမှာ အလွန်ကို ကြောက်မက်ဖွယ်ကောင်းပြီး တဖက်လူကိုပင် မျှော်လင့်ချက် ပျောက်ကွယ်စေသည့် အဆင့်တစ်ခုအထိ ရောက်ရှိနေခဲ့လေသည်။

“သူက… သူက အရမ်းကို သန်မာလွန်းတယ်။ သူက… သူက လူသစ်တစ်ယောက်မဟုတ်ဘူးလား။ ဒုတိယအဆင့်အဖွဲ့ရဲ့ ခေါင်းဆောင်တွေတောင် မိုရိုအိုရာကို ဒီလို လွယ်လွယ် အနိုင်ယူနိုင်မယ်လို့ အာမ မခံရဲကြဘူး"

“ဒီကျိုးဟောင်က တကယ့်ကို လူသစ်တွေရဲ့ ခေါင်းဆောင်ပဲ။ လူသစ်အဖွဲ့အစည်းရဲ့ ခေါင်းဆောင်ဖြစ်ဖို့ လုံးဝထိုက်တန်တယ်။ အတွေ့အကြုံရှိတဲ့ အဆင့်မြင့်ပညာရှင်တွေတောင် သူနဲ့ မယှဉ်နိုင်ကြမှာမဟုတ်ဘူး"

“ဒီတစ်ခါတော့ ကြယ်တာရာအစုအဝေးအဖွဲ့က သံတိုင်ကို ခေါင်းနဲ့ဆောင့်မိတာပဲဟေ့.."

ပတ်ဝန်းကျင်ရှိ လူများမှာ အံ့အားသင့်စွာ ပြောဆိုနေကြလေသည်။

သို့သော် တခြားအသံများလည်း ထွက်ပေါ်လာခဲ့လေသည်။

“ဟမ်း… အဲ့လောက် မလွယ်ဘူး။ ကျိုးဟောင်က သန်မာတာ မှန်ပေမယ့် သူ တော့ကိစ္စတုံးပြီလို့ ထင်တယ်။ ကြယ်တာရာအစုအဝေးအဖွဲ့ကို စော်ကားတာက မဆိုးသေးဘူး။ ဒါပေမယ့် မိုရိုအိုရာကို ဒီလောက်ထိ အပြင်းအထန် ထိခိုက်အောင်လုပ်လိုက်တာကြောင့် ဒီကိစ္စကို တစ်ယောက်ယောက်က ခွင့်လွှတ်ပေးလိမ့်မယ်မထင်ဘူး"

“မင်းဆိုလိုတာချင်က မိုရိုအိုရာရဲ့ အစ်ကိုကြီးလား…”

“ဟုတ်တယ်။ အဲ့ဒီလူက လူမရွေးဘူး။ သူ့ညီကို ဒီလို ရိုက်နှက်ထားတာ သိသွားရင် လုံးဝ အလွတ်ပေးမှာမဟုတ်ဘူး"

အသံအမျိုးမျိုး ထွက်ပေါ်လာနေသော်လည်း

ဘယ်လိုပဲ ဖြစ်ဖြစ် ဒီတစ်ကြိမ်မှာတော့

ကျိုးဟောင်တစ်ယောက် အနိုင်ရခဲ့ပြီဖြစ်သည်။

အခြားသူများ၏ ပြောစကားများကိုမဂရုစိုက်မနေဘဲ

ကျိုးဟောင်သည် သူ့ ငွေရောင်ဘုရင်ဂိုဏ်းအဖွဲ့သားများကိုခေါ်ကာထိုနေရာမှထွက်သွားလေသည်။

ဤတိုက်ပွဲကြောင့် ကျိုးဟောင်၏ နာမည်သည် ကြေးစားလေ့ကျင့်ရေးအခြေစိုက်စခန်း တစ်ခုလုံးတွင် ပျံ့နှံ့သွားခဲ့လေသည်။

လူသစ်တစ်ယောက်က ဒုတိယအဆင့်အဖွဲ့၏ ဒုခေါင်းဆောင်ကို ဒီလောက်အထိ မညှာမတာ အနိုင်ယူနိုင်ခဲ့ခြင်းမှာ သာမန်လူတစ်ယောက် မရရှိနိုင်သော မှတ်တမ်းတစ်ခု ဖြစ်လေသည်။

သို့သော် ငွေရောင်ဘုရင်ဂိုဏ်း၏ရုံးချုပ် သို့ ပြန်ရောက်သည်နှင့် ကျိုးဟောင်သည် အဖွဲ့သားအားလုံးကို ချက်ချင်း စုစည်းကာ ပြောကြားလိုက်လေသည်။

"ငွေရောင်ဘုရင်ဂိုဏ်းက ညီအစ်ကိုတို့… ဒီနေ့မှာကျွန်တော်တို့ရဲ့ အိမ်တံခါး၀အထိလာပြီး စော်ကားတာကိုခံခဲ့ကြရတယ်။ အဲ့တာဘာအဓိပ္ပာယ်လဲဆိုတာသိကြလား"

“အဲ့ဒါက ကျွန်တော်တို့ အင်အားမလုံလောက်သေးတာကို ဆိုလိုတာပဲ။ ဒီနေ့လို အဖြစ်မျိုး နောက်တစ်ခါ ထပ်ဖြစ်တာကို အားလုံး မလိုချင်ကြဘူးမလား"

ကျိုးဟောင်၏ စကားဆုံးသည်နှင့် ငွေရောင်ဘုရင်ဂိုဏ်း မှ လူအားလုံးမှာ ခေါင်းညိတ်လိုက်ကြလေသည်။

“လူတွေက မင်းကို လေးစားစေချင်ရင် မင်းမှာ လုံလောက်တဲ့ အင်အားမျိုး ရှိရမယ်။ အဲ့နေရာမှာကျုပ်တို့မဟုတ်ဘဲ မီးခိုးဝံပုလွေအဖွဲ့သာ ဖြစ်နေရင် ဘယ်သူက လာစော်ကားရဲမလဲ"

“ဒါကြောင့် ကြိုးစားလေ့ကျင့်ကြပါ။ အကောင်းနဲ့အဆိုး‌တွေကြုံတွေ့လာရင်လည်းအတူရင်ဆိုင်ကြမယ်။ မင်းတို့အားလုံးကငွေရောင်ဘုရင်ဂိုဏ်းရဲ့ ကိုယ်စားပြုတွေပဲ"

ကျိုးဟောင်၏စကားများကြောင့် ငွေရောင်ဘုရင်ဂိုဏ်းသားများအားလုံး သွေများဆူကာ စိတ်ဓာတ်များတက်ကြွလာကြလေသည်။

“ဟုတ်ကဲ့ပါ ဘော့စ်... စိတ်မပူပါနဲ့ ကျွန်တော်တို့ သေချာလေ့ကျင့်ပါ့မယ်"

“ဟုတ်တယ် ဒီနေ့လို အရှက်ရမှုမျိုးကို နောက်တစ်ခါ မခံစားချင်တော့ဘူး"

သူတို့၏ စိတ်ဓာတ်များ မြင့်တက်လာသည်ကို မြင်ရ‌‌ သောအခါကျိုးဟောင်က ပြုံးလိုက်မိပြီး မှာကြားပြီးနောက် အဖွဲ့သားများကို ပြန်လွှတ်လိုက်လေသည်။

“ဒီလိုဆိုရင် သူတို့ နောက်ထပ် ပြဿနာ လာမရှာတော့ဘူးလို့ထင်လား"

လင်းထျန်က သက်ပြင်းချရင်း မေးလာလေသည်။

“မလာတော့ဘူးလို့ ထင်တယ်”

ကျိုးဟောင်လည်း အနည်းငယ် စဉ်းစားပြီး ပြောလိုက်လေသည်။

ဒီနေ့တိုက်ပွဲသတင်းမှာ ကြေးစားလေ့ကျင့်ရေးအခြေစိုက်စခန်း တစ်ခုလုံးကို ပျံ့နှံ့သွားမည်မှာသေချာပေသည်။ ငွေရောင်ဘုရင်ဂိုဏ်း ကို စော်ကားချင်သူတိုင်းမှာသေချာပေါက် နှစ်ကြိမ် စဉ်းစားရတော့မည် ဖြစ်လေသည်။

“မနက်ဖြန်ကစပြီး ကျွန်တော်တို့၃ယောက်အားလုံး သတ်ဖြတ်ရေးကွင်းထဲ ဝင်ပြီး လေ့ကျင့်ကြမယ်။ ကျွန်တော်တို့ သုံးဆင့်မြောက် သူတော်ဘုံအဆင့်မှာ ရပ်နေတာကြာပြီ။ တစ်လအတွင်း လေးဆင့်မြောက်ကို ရောက်အောင် ကြိုးစားကြမယ်”

“ကိုယ်ခန္ဓာသန်မာစေတဲ့ ဆေးရည်ဖြစ်စေ၊ မူလစွမ်းအင်ကျောက်ဖြစ်စေ ကျွန်တော့်ဆီမှာ အများကြီး ရှိတယ်”

ကျိုးဟောင်က ရယ်မောပြီး ပြောလိုက်လေသည်။ကောင်းကင်ဘုံလမ်း‌ကြောင်းဆော့ဖ်ဝဲရှိနေသည့်အတွက် သူ့အတွက် အရင်းအမြစ်များကို ဝယ်ယူဖို့ မလိုအပ်ခဲ့ပေ။ ကံကြမ္မာအမှတ်များ လုံလောက်နေသရွေ့ အရာအားလုံး ရရှိနိုင်လေသည်။

“ဒါနဲ့… ကျိုးဟောင် မင်း ဒီလောက်အထိ သန်မာနေရင် အဆင့်သတ်မှတ်ဇယားကို စိန်ခေါ်နိုင်ပြီမဟုတ်လား"

လင်းထျန်က ရုတ်တရက် ပြောလိုက်လေသည်။

“အဆင့်သတ်မှတ်ဇယားဟုတ်လား။ ဘာကို ဆိုလိုတာလဲ"

ကျိုးဟောင်က နားမလည်သလို မေးလိုက်လေသည်။

“ဒါက ကြေးစားလေ့ကျင့်ရေးအခြေစိုက်စခန်းရဲ့ အဆင့်သတ်မှတ်စာရင်းတစ်ခုပဲ။ အဲ့ဇယားမှာ လူ ၂၀၀ ယောက်ပဲ ပါတယ်။ ဒီအခြေစိုက်စခန်းမှာ လူပေါင်း ၃၀၀၀ ကျော်ရှိတယ်ဆိုတာ မင်းသိတယ်မဟုတ်လား။ အဲ့အထဲမှ ထိပ်ဆုံး ၂၀၀ ရဲ့ စွမ်းအားကိုတော့ ငါ မရှင်းပြလည်း မင်းသိမှာပါ”

“၂၀၀ ထဲ ဝင်နိုင်တာနဲ့ ဆုလာဘ်တွေ၊ အမှတ်တွေ အများကြီးရမယ်။ ပထမနေရာဆိုရင် လစဉ် အမှတ် ၁၀၀,၀၀၀ ရတယ်။ အမှတ်အတွက် လုံးဝ စိုးရိမ်စရာ မလိုတော့ဘူး။ လေ့ကျင့်တာပဲ အာရုံစိုက်ရုံပဲ"

ထိုစကားကို ကြားလိုက်ရချိန်တွင် ကျိုးဟောင်မှာ အလွန်အံ့အားသင့်သွားခဲ့လေသည်။

“တကယ်လား။ ဒီလို ကောင်းတဲ့အရာ ရှိနေတယ်ဆိုတာ မယုံနိုင်စရာပဲ။ အဆင့် ၂၀၀မြောက် နောက်ဆုံးလူရဲ့ ကျင့်ကြံရေးအဆင့်က ဘယ်လောက်လဲ"

ကျိုးဟောင်က သိလိုစိတ်ဖြင့်မေးလိုက်လေသည်။

လင်းထျန်က ခဏလောက်အသက်ပြင်းပြင်းရှူပြီးနောက် ပြန်ဖြေလိုက်လေသည်။

“ခြောက်ဆင့်မြောက် သူတော်ဘုံအဆင့်”

ဤစကားကို ကြားလိုက်ရသည်နှင့် ကျိုးဟောင်မှာ ချက်ချင်း အံ့သြသွားခဲ့လေသည်။

ခြောက်ဆင့်မြောက် သူတော်ဘုံအဆင့်တစ်ယောက်တောင် အဆင့်၂၀၀ ၏နောက်ဆုံးအဆင့်ဖြစ်‌နေပါကချာလီကူရိုနှင့် အခြားလူများသည်ထိုဇယားထဲ မ၀င်ရောက်နိုင်သေးသည့်အဓိပ္ပာယ်ပင်ဖြစ်လေသည်။

....................................................................................

အခန်း (၈၆၁) ပြီးပါပြီ။

--

All Chapters