← Chapters

အခန်း ၈၆၃

Vol. 58 Ch. 863

အခန်း ၈၆၃

Vol. 58 Ch. 863

အခန်း (၈၆၃) : ကိုယ့်ပုံတူနှင့်တိုက်ခိုက်ခြင်း

ကျိုးဟောင်က အရှေ့တွင်ရှိနေသော ကြယ်တာရာအစုအဝေးအဖွဲ့ကို တချက်ကြည့်လိုက်ပြီးနောက် ထိပ်ဆုံးမှဦးဆောင်လာသူအား စိုက်ကြည့်လိုက်လေသည်။

ထိုသူ၏ ကျင့်ကြံရေးအဆင့်မှာ အလွန်မြင့်မားလှပြီး ရုပ်သဏ္ဌာန်ကလည်း မိုရိုအိုရာနဲ့ ဆင်တူနေလေသည်။ မေးမြန်းစရာမလိုဘဲ ဤသူမှာ မိုရိုအိုလီ ဖြစ်နေကြောင်း သေချာလှ‌ပေသည်။

“မင်းက ကျိုးဟောင်လား။ ငါ့ညီကို အနိုင်ယူနိုင်တဲ့အထိ စွမ်းအားရှိတာတော့ မဆိုးဘူး။ ဒါပေမယ့် မာန်တက်မနေနဲ့ဦး။ အခုချိန်မှာ မင်းနဲ့အချိန်ဖြုန်း‌နေဖို့အချိန်မရှိသေးဘူး။ ငါ ရှစ်ဆင့်မြောက်ကို ထိုးဖောက်ပြီးသွားတဲ့နေ့က မင်းတို့ ငွေရောင်ဘုရင်ဂိုဏ်း ဖျက်သိမ်းရမယ့်နေ့ပဲ"

“မင်းကို ငါ့ညီရှေ့မှာ ဒူးထောက် တောင်းပန်ခိုင်းမယ်။ ပြီးတော့အဲ့ဒီ မိန်းမ… ကျိယောင်ယွဲ့ဆိုတာကို ငါ့ညီရဲ့ ခြေထောက်အောက်မှာ ပြားပြား၀ပ်ခိုင်းမယ်”

မိုရိုအိုလီ၏ အသံမှာ အလွန်အေးစက်ကာ စကားလုံးတိုင်းက အာဏာရှင်ဆန်လှပေသည်။

“လေကြီးလွန်းလို့ မင်းလျှာ လေဖြတ်သွားမှာ မကြောက်ဘူးလား"

ကျိုးဟောင်က မျက်လုံးကိုမှေးကာပြောလိုက်သော်လည်း သူ့အကြည့်ထဲတွင်တော့ သတ်ဖြတ်လိုစိတ်များပြည့်နှက်နေလေသည်။

သူ့အနေဖြင့် ခုနှစ်ဆင့်မြောက်သူ‌တော်ဘုံအဆင့်ကို တိုက်ရိုက် မယှဉ်နိုင်သေးသော်လည်း ငှက်မွှေးတစ်ထောင်ချပ်၀တ်နှင့်သိုင်းကျင့်စဉ်များအားလုံးကိုအသုံးပြုပါက မဖြစ်နိုင်သည့်အရာတော့မဟုတ်ပေ။ ဒါ့အပြင် အာကာသသားရဲ၏စွမ်းအားများလည်းကျန်နေသေးပေသည်။

“ဟားဟား… ငါ မိုရိုအိုလီက ကြွားဝါပြောတတ်သူ မဟုတ်ဘူး။ မင်းစောင့်ကြည့်နေလိုက်"

မိုရိုအိုလီက ရယ်မောပြီး ပြောလိုက်လေသည်။ တတိယဆင့်မြောက် ကောင်လေးတစ်ယောက်က သူ့ညီကို အနိုင်ယူနိုင်ခဲ့ရုံသာဖြစ်ပြီး သူ့အမြင်မှာတော့ ဒီ ကောင်လေးကအရေးမပါသေးချေ။

“မိုရိုအိုလီ.. မင်းရဲ့ မာန်တက်မှုကတော့ တကယ်အံ့ဩစရာပဲ။ အသစ်ဝင်လာတဲ့သူကို ဖိအားပေးနေတာက ဘာဂုဏ်ယူစရာရှိလို့လဲ။ မင်းတကယ်စွမ်းအားရှိတယ်ဆိုရင် ကြယ်တာရာအစုအဝေးအဖွဲ့ကို ပထမအဆင့်အဖွဲ့တွေထဲ ရောက်အောင်ကြိုးစားကြည့်ပါလား။ ဒါမှမဟုတ် အဆင့် ၁၀၀ အတွင်းဝင်နိုင်‌အောင်လုပ်ကြည့်ပါလား”

ထိုအချိန်တွင် သာယာသော အသံလေးတစ်ခု ထွက်ပေါ်လာခဲ့လေသည်။ မကြာခင်မှာပင် အလွန်လှပသော အမျိုးသမီးတပ်ဖွဲ့တစ်ဖွဲ့ ရောက်ရှိလာခဲ့လေသည်။ ထိုအဖွဲ့မှာ ကြယ်တာရာ အမျိုးသမီးတပ်ဖွဲ့ဖွဲ့ဖြစ်နေလေသည်။

သူတို့အားလုံးသည် အပြာဖျော့ရောင် သံချပ်ကာများ ဝတ်ဆင်ထားပြီး အလွန်လှပ ကျော့ရှင်းနေကြလေသည်။ ဦးဆောင်လာသူ အမျိုးသမီး၏ မျက်နှာပေါ်တွင်တော့ မထီမဲ့မြင်အပြုံးတစ်ခု ထင်ဟပ်နေလေသည်။ ထိုအမျိုးသမီးမှာ မန်လီယာဖြစ်နေခဲ့လေသည်။

“မန်လီယာ… မင်း ဒီကောင်လေးကို ကာကွယ်ပေးချင်နေတာလား”

မိုရိုအိုလီ၏ မျက်နှာမှာ ချက်ချင်း ပြောင်းလဲသွားခဲ့သည်။ ကြယ်တာရာအမျိုးသမီးတပ်ဖွဲ့သည် သူ့အနေနဲ့ အံမတုနိုင်သော အင်အားကြီးသုံးဖွဲ့ထဲမှ တစ်ဖွဲ့ဖြစ်လေသည်။ သူ့အနေဖြင့် ရှစ်ဆင့်မြောက်ကို ထိုးဖောက်နိုင်သွားရင်တောင်မှ ထိုသူတို့နှင့် နှိုင်းယှဉ်၍မရနိုင်သေးချေ။

ထို့အပြင် သူ့ရှေ့ရှိ ဒီအမျိုးသမီးမှာ အထွတ်အထိပ်ရှစ်ဆင့်မြောက်သူတော်ဘုံ အဆင့်ဖြစ်ပြီး စိတ်ဝိညာဉ်စွမ်းအားက အလွန်ကြောက်မက်ဖွယ်ကောင်းလှပေသည်။ တကယ်လက်တွေ့ထိပ်တိုက်ရင်ဆိုင်ပါက သူ ရှုံးနိမ့်မည်မှာ သေချာလှပေသည်။

“မင်းရဲ့ မာန်တက်နေမှုကို မမြင်ချင်လို့ပဲ”

မန်လီယာက အေးစက်စက် ပြန်ပြောလိုက်ပြီး ဘာကိုမှဂရုမစိုက်ပေ။

ကြယ်တာရာအစုအဝေးအဖွဲ့သားများမှာ ထိုအချိန်တွင် စကားတစ်ခွန်းမှ ထပ်မပြောရဲတော့ချေ။ မိုရိုအိုလီ၏ မျက်နှာမှာ အလွန်ဆိုးရွားသွားပြီး အေးစက်စွာဖြင့် တောက်တစ်ချက်ခတ်ကာ ပြန်လှည့်ထွက်သွားလေသည်။

ကျိုးဟောင်က မန်လီယာကို ကြည့်ပြီး လေးစားစွာ ပြောလိုက်လေသည်။

“ကူညီပေးလို့ ကျေးဇူးတင်ပါတယ်”

“ဒါက ဘာမှ မဟုတ်ပါဘူး”

မန်လီယာက အေးအေးဆေးဆေးပင်ပြုံးပြီး ပြန်ပြောလိုက်လေသည်။

“ဒါပေမယ့် မင်းက တကယ့့်ကို မနားတမ်း ပြဿနာတွေ ဖန်တီးနေတယ်နော်။ မိုရိုအိုရာကိုတောင် အနိုင်ယူနိုင်ခဲ့တယ်ဆိုတာကိုတော့ တကယ်အံ့သြမိတယ်”

ထိုစကားကိုကြားသောအခါ ကျိုးဟောင်က ပြုံးပြီး လက်ကာပြလိုက်လေသည်။

“အဲ့လောက်ကြီး အထင်မကြီးလိုက်ပါနဲ့။ ကျွန်တော့်အတွက်လည်း မလွယ်ကူခဲ့ပါဘူး”

ထို့နောက် သူက အမြန်မိတ်ဆက်ပေးလိုက်လေသည်။

“ဒီနှစ်ယောက်က ငွေရောင်ဘုရင်ဂိုဏ်းက ကျိယောင်ယွဲ့နဲ့ လင်းထျန်ပါ။ အားလုံးပဲ ဒီအမျိုးသမီးလေးကတော့ ကြယ်တာရာအမျိုးသမီးတပ်ဖွဲ့ရဲ့ အစ်မ၃လို့ခေါ်ကြတဲ့ မန်လီယာပါ”

မန်လီယာ၏ မျက်လုံးများသည် လင်းထျန်ပေါ်တွင် ခဏကြာရပ်သွားခဲ့သည်။ ပြီးမှကျိယောင်ယွဲ့ဆီသို့ ပြောင်းသွားခဲ့လေသည်။ လှပသော အမျိုးသမီးနှစ်ယောက်အကြား သဘာဝအတိုင်း အပြန်အလှန် စူးစမ်းကြည့်ရှုမှု ဖြစ်ပေါ်လာခဲ့လေသည်။

မန်လီယာမှာ မျိုးနွယ်ကွဲပြားသော်လည်း အလွန်လှပပြီး တောင့်တင်းသော ကိုယ်ခန္ဓာအလှအပကို ပိုင်ဆိုင်ထားလေသည်။ ကျိယောင်ယွဲ့ကတော့ လူသားအမျိုးသမီးပီပီ လှပချောမွေ့ပြီး ဆွဲဆောင်မှုအပြည့်ဖြင့် ရှိနေလေသည်။

“ကျိယောင်ယွဲ့က တကယ်လှတာပဲ”

မန်လီယာက ယဉ်ကျေးစွာပြုံးပြီးပြောလိုက်လေသည်။

“နင်လည်း လှပါတယ်။ ပြီးတော့ အင်အားလည်း အရမ်းကြီးတယ်”

ကျိယောင်ယွဲ့က ရယ်မောကာ ပြန်ပြောလိုက်လေသည်။

“ကဲ… ဒီလောက်နဲ့ပဲ။ ငါ ဝင်ကျင့်ကြံတော့မယ်။ ကျိုးဟောင်… အချိန်ရရင် စိတ်ဝိညာဉ်စွမ်းအား ယှဉ်ပြိုင်ဖို့ကိစ္စ မမေ့နဲ့”

ထိုကဲ့သို့ပြောပြီးနောက် မန်လီယာက သူမ၏လူများကို ဦးဆောင်ကာ သတ်ဖြတ်ရေးကွင်းထဲ ဝင်သွားခဲ့‌လေသည်။ သူတို့ ထွက်သွားပြီးနောက် ကျိယောင်ယွဲ့က မျက်နှာလေးရွဲ့ပြီး မေးလာလေသည်။

“ဟွန့်... ကျိုးဟောင် နင် ဒီမှာ မိန်းမတွေလိုက်စားနေတာ မဟုတ်လား။ ရှုလင်သာ သိသွားရင် နင့်ကို သတ်လိမ့်မယ်”

ကျိယောင်ယွဲ့၏စကားကြောင့် ကျိုးဟောင်မှာ ပြောစရာစကားမဲ့သွားလေသည်။

“ကျွန်တော်က အဲ့ဒီလို လူမျိုးမဟုတ်ပါဘူး။ ကဲကဲ အမြန် ဝင်ကျင့်ကြံကြမယ်”

ကျိုးဟောင်က ပြောပြီးနောက် ငွေရောင်ဘုရင်ဂိုဏ်းသားများကို ခေါ်ပြီး ဝင်သွားခဲ့လေသည်။

“ဒီနေ့ရဲ့ ရည်မှန်းချက်က သတ်ဖြတ်ကွင်းရဲ့တတိယအဆင့်ထိရောက်အောင်ကြိုးစားဖို့ပဲ"

ကျိုးဟောင်က လေ့ကျင့်ရန်အတွက်အမှတ်များ ပေးချေရချိန်တွင် နှလုံးသားထဲမှ နာကျင်မှုကို ခံစားနေရလေသည်။ လေ့ကျင့်ချိန်တစ်နာရီအတွက် အမှတ် ၂၀၀၀ လိုအပ်ပြီး တတိယအဆင့်ကတော့ အမှတ်ဆယ်ဆခန့်နီးပါး တက်သွားလေသည်။

“ဟမ့်.. ဒီလိုအမှတ်တွေ ပေးနေရတာကြောင့် ရင်နာနေတာလား။ တတိယအဆင့်ရဲ့ အသုံး၀င်မှုကို မင်းသိသွားရင် မင်း ဒီလို နှမြောနေတော့မှာမဟုတ်ဘူး"

ဖားက ရုတ်တရက် ရယ်မောပြီး ပြောလာလေသည်။

"တတိယအဆင့်ကို တကယ်ပဲအဲ့လောက်တောင်ကောင်းတာလား"

ကျိုးဟောင်က ပြန်မေးလိုက်လေသည်။

“ဒီတတိယအဆင့်က အရမ်းအသုံးဝင်တယ်။ မင်းအတွက် ရန်သူကို ရွေးချယ်ပေးနိုင်သလို မင်းကိုယ်တိုင် ဖန်တီးလို့လည်းရတယ်”

“မင်းဖန်တီးတဲ့ ပုဂ္ဂိုလ်ရဲ့ စရိုက်၊ ကျင့်ကြံရေးနည်းလမ်း၊ အချက်အလက်တွေကို အခြေခံပြီး စနစ်က သင့်တော်တဲ့ ရန်သူကို ဖန်တီးပေးတယ်။ မင်းက မင်းရဲ့ပုံတူကိုဖန်တီးနိုင်ပြီး ကိုယ့်အားနည်းချက်၊ အားသာချက်တွေနဲ့ တိုက်ရိုက် ရင်ဆိုင်နိုင်တယ်"

ဖားကသေချာရှင်းပြလိုက်လေသည်။

“အဲ့လောက်တောင် အစွမ်းထက်တာလား။ ဒါဆို ကိုယ်ခန္ဓာလေ့ကျင့်ချင်ရင် ခန္ဓာကိုယ်အားကြီးသူကို ဖန်တီး၊ စိတ်ဝိညာဉ်လေ့ကျင့်ချင်ရင် စိတ်စွမ်းအားကြီးသူကို ဖန်တီးရုံပဲပေါ့"

ကျိုးဟောင်က ချက်ချင်း ပြန်ပြောလိုက်လေသည်။

ဖားက တချက်ပြုံးလိုက်လေသည်။ထို့နောက် ဆရာကြီးကဲ့သို့လေသံဖြင့်ပြောလာလေသည်။

“မင်း တစ်ချက် လွတ်သွားတာ ရှိသေးတယ်။ လူအများစုလည်း အဲ့ဒီအချက်ကို လွတ်သွားတတ်ကြတယ်”

“ဘာကို ဆိုလိုတာလဲ”

“ငါ ပြောခဲ့တာကို သေချာစဉ်းစား။ မင်း ကိုယ့်ကိုယ်တိုင်နဲ့ တူညီတဲ့ လူတစ်ယောက်ကို ဖန်တီးလို့ရတယ်။ အင်အား၊ မြန်နှုန်း၊ ခန္ဓာကိုယ်၊ စိတ်စွမ်းအား အကုန်တူတဲ့ လူတစ်ယောက်ပဲ။ အဲ့ဒီလူနဲ့ တိုက်ခိုက်ပြီး မင်းနဲ့ သူ့ကြား ဘာကွာခြားလဲ ဆိုတာ စမ်းကြည့်”

ကျိုးဟောင်သည် ထိုစကားကို ကြားသောအခါ အံ့အားသင့်သွားလေသည်။

“အဲ့ဒီလိုတောင် လုပ်လို့ရတာလား”

“ဒါပေါ့။ ဒါက တတိယအဆင့်ရဲ့ အဓိက အချက်ပဲ”

ကျိုးဟောင်၏ စိတ်လှုပ်ရှားမှုမှာ ချက်ချင်း မြင့်တက်သွားလေသည်။

“အရမ်းကောင်းတယ်… ချက်ချင်း စမ်းကြည့်ရမယ်”

ကျိုးဟောင်မှာချက်ချင်း ကိုယ်ရေးအချက်အလက်အားလုံးကို ထည့်သွင်းလိုက်ပြီး သူနှင့် ပုံစံတူညီသည့် လူတစ်ယောက်ကို ဖန်တီးလိုက်သည်။ သို့သော် ပြောင်းလဲခြင်းကိုးသွယ်သိုင်းနှင့် နတ်ဘုရားသတ်သိုင်းတို့ကိုတော့ မထည့်သွင်းခဲ့ချေ။

မကြာခင်မှာပင် အတုအယောင် နယ်မြေတစ်ခုပုံပေါ်လာပြီး ကျိုးဟောင်မှာ ဝင်ရောက်သွားခဲ့လေသည်။ သူ့ရှေ့တွင် သူနှင့် တစ်ပုံစံတည်းတူညီသည့် လူတစ်ယောက် ရပ်နေသည်ကိုမြင်လိုက်ရလေသည်။

“တကယ်တူတာပဲ။ အင်အား၊ မြန်နှုန်း၊ ခန္ဓာကိုယ်၊ စိတ်စွမ်းအား အကုန်လုံးတူတယ်။ သူ ဘယ်လောက်အားကောင်းလဲ ကြည့်ရအောင်”

ဖားက အေးဆေးစွာ ပြောလာလေသည်။

“သူက မင်းထက် ပိုအားပြင်းထန်လိမ့်မယ်။ စနစ်က မင်းပေးထားတဲ့ အချက်အလက်တွေကို အကန့်အသတ်အထိ ခွဲခြမ်းစိတ်ဖြာပြီး အမြင့်ဆုံးအဆင့်ထိ တိုးမြှင့်ပေးထားတယ်”

“မင်းလုပ်ရမယ့်အရာက လေ့လာဖို့ပဲ။ အင်အားကိုအသုံးချနည်း၊ တိုက်ခိုက်နည်း၊ အာကာသစွမ်းအားကို ထိန်းချုပ်နည်း အားလုံးကိုပဲ"

ကျိုးဟောင်က ခေါင်းညိတ်ပြပြီး စတင်ခြင််းဆိုသည့် ခလုတ်ကို နှိပ်လိုက်လေသည်။

နောက်တစ်စက္ကန့်အတွင်းမှာပင် ရွှေရောင်အလင်းတစ်ရပ် ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး ကျိုးဟောင်မှာသူ၏ရှေးဟောင်းခန္ဓာသိုင်းကို အမြင့်ဆုံးအထိမြှင့်တင်လိုက်လေသည်။

....................................................................................

အခန်း (၈၆၃) ပြီးပါပြီ။

--

All Chapters