← Chapters

အခန်း ၈၆၄

Vol. 58 Ch. 864

အခန်း ၈၆၄

Vol. 58 Ch. 864

အခန်း (၈၆၄) : သွေးအနှစ်သာရ စွမ်းအား

ကျိုးဟောင်၏ မျက်နှာပေါ်တွင် အံ့ဩထိတ်လန့်မှုများ ပြည့်နှက်သွားလေသည်။ရှေးဟောင်းခန္ဓာသိုင်းသည် ကိုယ်ခန္ဓာကြံ့ခိုင်မှုအပေါ်အခြေခံသည့် သိုင်းပညာတစ်ရပ်ဖြစ်ပြီး ကျင့်ကြံနည်းကို ထိုးထွင်းသိမြင်ရန်မလိုအပ်ပေ။ ကိုယ်ခန္ဓာသန်စွမ်းမှုအဆင့်အတန်းပေါ်တွင်သာ အခြေခံထားသည့် သိုင်းပညာတစ်ရပ်ဖြစ်သည်ကို သူက သိထားပြီးသားဖြစ် လေသည်။

သို့သော် ယခုအချိန်တွင် သူ့ရှေ့ရှိ ရန်သူ၏ ရှေးဟောင်းခန္ဓာ စွမ်းအားသည် သူ့ထက်တောင် ပိုမိုအားကောင်းနေကြောင်းကို ကျိုးဟောင်က အလွန်ရှင်းလင်းစွာ ခံစားမိနေလေသည်။

“ဘာလို့ ဒီလိုဖြစ်နေတာလဲ… အဓိပ္ပာယ်မရှိဘူးမဟုတ်လား”

ကျိုးဟောင်က ချက်ချင်း နောက်ဆုတ်ကာ အကွာအဝေးတစ်ခုအထိ ခွာလိုက်လေသည်။ တစ်ချက်တည်းနဲ့ဖြင့် အသတ်ခံရနိုင်မည့် အခြေအနေကို သူ မလိုလားပေ။

“ဟမ့်… မင်း ရှေးဟောင်းခန္ဓာသိုင်းအဆင့်တွေ မြင့်လာရုံနဲ့ ပိုအားကောင်းလာမယ်လို့ ထင်နေတာလား။ မင်း တကယ်ကို အရမ်းတုံးလွန်းတယ်”

ထိုအချိန်တွင် ဖား၏ အထင်သေးသည့် အသံက ထွက်ပေါ်လာလေသည်။

“ရှေးဟောင်းခန္ဓာဆိုတာ ခန္ဓာအားလုံးရဲ့ အခြေခံပဲ။ သဘောတရားကို နားလည်ရဖို့ လိုအပ်တယ်။ မင်းက ပြင်ပစွမ်းအားနဲ့ပဲ တိုးတက်အောင်လုပ်ပြီး ရှေးဟောင်းခန္ဓာရဲ့ အဓိက အခြေခံအရင်းအမြစ်ကို လုံးဝလျစ်လျူရှုထားတာပဲ”

“ဘာကို ဆိုလိုတာလဲ”

ကျိုးဟောင်က မနေနိုင်ဘဲ မေးလိုက်လေသည်။

“ကိုယ်တိုင်ပဲ စဉ်းစားကြည့်”

ဖားက မျက်လုံးများကိုမှေးပြီး ပြောလိုက်လေသည်။

ကျိုးဟောင်မှာ စိတ်ပျက်သွားသော်လည်း အဲ့ဒီအချိန်တွင် သူ့ရှေ့မှ ရန်သူက ရုတ်တရက် တိုက်ခိုက်လာခဲ့လေသည်။

ပြင်းထန်လှသည့် ကိုယ်ခန္ဓာစွမ်းအားကြောင့် သွေးနှင့် ယွမ်ချီစွမ်းအားများ လှိုင်းထန်သလို လှုပ်ရှားလာကာ လေဟာနယ်တစ်ခွင်လုံးကို တုန်လှုပ်သွားစေခဲ့သည်။

ကျိုးဟောင်မှာ ချက်ချင်းပင် ရှေးဟောင်းခန္ဓာသိုင်းကို အသုံးပြုလိုက်လေသည်။ နောက်တစ်စက္ကန့်တွင် ကျိုးဟောင်နှင့် ပုံစံတူညီသည့် အတုအယောင် ကျိုးဟောင်မှာ သူ့ရှေ့တွင် ပေါ်လာခဲ့လေသည်။

ထိုအတုအယောင်ကျိုးဟောင်သည် လက်တစ်ဖက်ကို ဆန့်တန်းလိုက်ပြီး ရှေးဟောင်းခန္ဓာသိုင်း၏ သွေးအနှစ်သာရစွမ်းအားကို လက်မောင်းတစ်ဖက်တွင် စုစည်းကာ လေဟာနယ်ထဲတွင်လက်သီးကြီးတစ်လုံးအဖြစ် ဖန်တီးလိုက်လေသည်။

ထိုလက်သီးကြီးသည် လေထုထဲတွင်တဖြေးဖြေးကြီးမားလာကာ ကျိုးဟောင်ထံသို့ ပြင်းထန်စွာ ထိုးချလာလေသည်။

“ချီးပဲ... ဒါကဘာကြီးလဲ။ ဖျက်စီးခြင်းလက်သီးသိုင်းလိုပါလား။ ရှေးဟောင်းခန္ဓာသိုင်းမှာ ဒီလို သိုင်းမန္တန်တွေရှိတာငါတောင်မသိပါလား"

ကျိုးဟောင်ပြောရင်း ဦးရေပြားတောင်ကြိမ်းသွားလေသည်။

ကျိုးဟောင်မှာ ချက်ချင်းပင် ကြီးမားသော ဖျက်စီးသိုင်း လက်သီးကို အသုံးပြုလိုက်လေသည်။ ယခုလိုမလုပ်ပါကလုပ် တစ်ချက်တည်းဖြင့် ရှုံးနိမ့်သွားမည်ဆိုတာ သူ သိထားလေသည်။

လေဟာနယ်ထဲတွင် ကြီးမားသောလက်သီးကြီးနှစ်လုံးမှာ ထိပ်တိုက်တွေ့ဆုံသွားလေသည်။ ထိုအချိန်တွင် ကြီးမားပြင်းထန်သောပေါက်ကွဲသံကြီးနှင့်အတူအတုအယောင် ကျိုးဟောင်၏ သွေးအနှစ်သာရလက်သီးကြီးမှာ ချက်ချင်း ကွဲပျက်သွားခဲ့လေသည်။

သို့သော် ကျိုးဟောင်၏ အားအပြည့်ထိုးနှက်မှုသည် အတုအယောင်ကျိုးဟောင်အပေါ် သို့ ဘာသက်ရောက်မှုမှ မရှိခဲ့ပေ။

အတုအယောင်ကျိုးဟောင်က လက်ကို မြှောက်လိုက်သည်နှင့် သွေးအနှစ်သာရစွမ်းအားများသည် လေထဲတွင်ထောင်ချီသော လက်သီးများအဖြစ် ပြောင်းလဲသွားပြီး မိုးရွာသလို ကျိုးဟောင်ဆီသို့တရစပ် ပြေး၀င်လာလေသည်။

“ချီးပဲ..... ဘာတွေဖြစ်နေတာလဲ။ ငါကျ ဘာလို့ အဲ့လိုမလုပ်နိုင်ရတာလဲ”

ကျိုးဟောင်မှာ စိတ်ဓာတ်ကျသွားလေသည်။

သူသည် ရှေးဟောင်းခန္ဓာသိုင်းကို အချိန်အတော်ကြာ လေ့ကျင့်လာခဲ့သော်လည်း ဒီလိုစွမ်းအားမျိုးကိုတော့ မမြင်ဖူး၊ မသိဖူးခဲ့ပေ။ဖားကတော့ ဘာတခွန်းမှ မပြောဘဲ သူနှင့်မဆိုင်သလိုပင် ကြည့်နေဆဲဖြစ်လေသည်။

ကျိုးဟောင်မှာ ငှက်မွှေးတစ်ထောင်ချပ်ဝတ်ကို ဝတ်ဆင်ကာ နေရာရွေ့ပြောင်းသိုင်းကို အသုံးပြုလိုက်လေသည်။ ထို့အပြင်တစ်ချိန်တည်း၌ မဟာဖျက်စီးခြင်းလက်သီးသိုင်းကိုပါ ထပ်မံ အသုံးပြုလိုက်လေသည်။

နောက်ဆုံးတွင် ထိုတိုက်ခိုက်မှုကို ဖျက်ဆီးနိုင်ခဲ့သော်လည်း ကျိုးဟောင်မှာ ချွေးများစိုရွှဲနေပြီး မျက်နှာပေါ်တွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေလေသည်။

ဒီအတုအယောင်ကျိုးဟောင်သည် ရှုပ်ထွေးသော နည်းလမ်းများကို အသုံးမပြုခဲ့သော်လည်း ရိုးရိုးရှင်းရှင်းဖြင့် ထိခိုက်မှုအတော်ကြီးမားလေသည်။ စစ်မှန်သောအင်အားသည် အမျိုးမျိုးသောနည်းစနစ်များကိုအနိုင်ယူနိုင်စွမ်းရှိကြောင်း ကျိုးဟောင်သဘောပေါက်သွားခဲ့လေသည်။

ထိုအချိန်တွင် အတုအယောင်ကျိုးဟောင်က ရှေ့သို့ တစ်လှမ်းတိုးလာခဲ့ပြီး သူ့ခန္ဓာကိုယ်အနီးရှိ ရွှေရောင်အလင်းတန်းများမှာ ဆူပွက်နေသောချော်ရည်ကဲ့သို့အပူများထုတ်လွှတ်နေလေသည်။

ရွှေရောင်အလင်း လှိုင်းများ ဖြတ်သန်းသွားရာနေရာတိုင်းတွင် လေထုကိုတောင် ဆူပွက်စေသလို ဖြစ်နေပြီး ထိုအပူစွမ်းအင်နှင့် သွေးအနှစ်သာရစွမ်းအားသည် ကျိုးဟောင်နှင့် ယှဉ်လိုက်ပါက ကောင်းကင်နှင့် မြေကြီးကဲ့သို့ကွာခြားနေခဲ့လေသည်။

“ဘုရားရေ… ဒါ ဘယ်လိုစွမ်းအားကြီးလဲ”

ကျိုးဟောင်မှာ မယုံနိုင်လောက်အောင် ထိတ်လန့်သွားခဲ့လေသည်။

“သူက ငါနဲ့ အဆင့်တူတူပဲဟုတ်လား။ ငါတော့ အဲ့တာကိုလုံးဝ မယုံနိုင်ဘူး”

“သံသယဝင်မနေနဲ့ သူက မင်းနဲ့ အဆင့်တူပဲ။ ဒါပေမယ့် သူက သွေးအနှစ်သာရစွမ်းအားကို အဆုံးစွန်အထိ အသုံးချနိုင်ပြီး မင်းကတော့ အပေါ်ယံပဲ လေ့ကျင့်ထားတာ”

ဖားက နောက်ဆုံးတွင် ပြောလာလေသည်။

ထိုအချိန်တွင် အတုအယောင်ကျိုးဟောင်၏ လက်တစ်ချက် လှုပ်ရှားလိုက်ရုံနဲ့ အပူလှိုင်းများက ကျိုးဟောင်အား ဖုံးလွှမ်းသွားခဲ့ပြီး ငှက်မွှေးတစ်ထောင်ချပ်ဝတ် ဝတ်ဆင်ထားသော်လည်း ထိန်းမရလောက်အောင် ပူပြင်းလှပေသည်။

ထိုအပူချိန်ကြောင့် ကျိုးဟောင်၏ယွမ်ချီများ မြန်မြန်ဆန်ဆန် လျော့နည်းလာခဲ့ပြီး အသက်စွမ်းအားကို ဖိအားပေးကာ သွေးအနှစ်သာရစီးဆင်းမှုကို နှေးကွေးသွားစေခဲ့လေသည်။

နောက်ဆုံးတွင် အတုအယောင်ကျိုးဟောင်၏ လက်သီးတစ်ချက်သည် ကျိုးဟောင်၏ ပုံရိပ်ယောင်ခန္ဓာကိုယ်ကို ထိုးဖောက် ဖျက်စီးပစ်ခဲ့လေသည်။

ရွှေရောင်မီးလျှံများ လင်းလက်သွားပြီး နောက်တစ်စက္ကန့်တွင် ကျိုးဟောင်မှာ ပုံရိပ်ယောင် လေ့ကျင့်ရေးအခန်းငယ်ထဲတွင် ပြန်လန့်နိုးလာခဲ့လေသည်။

ကျိုးဟောင်တစ်ယောက် ခေါင်းစွပ်ကို ဖြုတ်လိုက်ချိန်တွင် ချွေးများစိုရွှဲနေပြီး နှလုံးခုန်သံမှာလည်း မတည်မငြိမ် ဖြစ်နေခဲ့လေသည်။

ဒီတိုက်ပွဲသည် အချိန်တိုတိုလေးသာ ကြာမြင့်ခဲ့သော်လည်း ကျိုးဟောင်အပေါ်တွင်ထိခိုက်မှုက အလွန်ကြီးမားခဲ့လေသည်။

“အရမ်းပြင်းထန်လွန်းတယ်။ ငါ့ရဲ့ ၆ဆင့်မြောက်သူတော်ဘုံအဆင့် ကျင့်ကြံရေးအပြင် ရှေးဟောင်းခန္ဓာသိုင်းနဲ့ မဟာဖျက်စီးခြင်း လက်သီးသိုင်းကိုသုံးခဲ့တာ တောင် မတားနိုင်ခဲ့ဘူးပဲ”

“ရှေးဟောင်းခန္ဓာရဲ့ အစစ်အမှန် စွမ်းအားက သွေးအနှစ်သာရကို မြှင့်တင်နိုင်တာပဲ။ ဒီလေ့ကျင့်ရေးရဲ့ အဓိက စမ်းသပ်ချက်က သွေးအနှစ်သာရစွမ်းအားကို ဘယ်လို လှုံ့ဆော် အသုံးချမလဲဆိုတာပဲ”

ဖား၏ စကားကြောင့် ကျိုးဟောင်၏ မျက်လုံးများ တောက်ပလာခဲ့လေသည်။

သို့သော် သူ မနေနိုင်ဘဲ မေးလိုက်လေသည်။

“ဒါဆို… သွေးအနှစ်သာရစွမ်းအားကို ဘယ်လို လှုံ့ဆော်ရမလဲ”

....................................................................................

အခန်း (၈၆၄) ပြီးပါပြီ။

--

All Chapters