← Chapters

အခန်း ၈၆၆

Vol. 58 Ch. 866

အခန်း ၈၆၆

Vol. 58 Ch. 866

အခန်း (၈၆၆) : ဘဲလ်ရေးနိုးလ်စ်

ထိုမီးတောက်စွမ်းအားသည် အလွန်အမင်း အားကောင်းလှပေသည်။ ထိုမီးတောက်အတွင်းတွင် ပြင်းထန်လွန်းသော အဆိပ်စွမ်းအားတစ်ရပ် ပါဝင်နေလေသည်။

ထို့နောက် လီလီယာသည်ထိုမီးတောက်အား ကျိုးဟောင်ဘက်သို့ ပစ်လွှတ်လိုက်လေသည်။ကျိုးဟောင်သည်ထိုမီးတောက်ဆီမှ ပြင်းထန်လှသောအဖျက်စွမ်းအားတစ်ခုကိုခံစားမိလိုက်လေသည်။သို့သော် ထိုအရာများသည် ကျိုးဟောင်အတွက်တော့ ကိစ္စမရှိပေ။

ကျိုးဟောင်မှာသူ့လက်တဖက်ကိုဝှေ့ယမ်းလိုက်ပြီး ရှေးဟောင်းခန္ဓာသိုင်းနှင့်ပေါင်းစပ်ထားသည့် ရွှေရောင်စွမ်းအင်လှိုင်းတစ်ခုကိုထုတ်လွှတ်လိုက်လေသည်။ ထိုစွမ်းအင်လှိုင်းသည် လီလီယာ၏အံဖွယ်မီးတောက်ကို ချက်ချင်းဖျက်စီးပစ်လိုက်လေသည်။

လီလီယာသည် သူမ၏ တိုက်ခိုက်မှုကို တစ်ချက်တည်းဖြင့် ဖျက်ဆီးခံရသောကြောင့်ရပ်တန့်သွားလိမ့်မည်ဟု ကျိုးဟောင်က ထင်ထားခဲ့လေသည်။ သို့သော် မထင်မှတ်ဘဲ သူမသည် ပိုမိုပြင်းထန်စွာတုံ့ပြန်လာခဲ့လေသည်။

သူမက ရုတ်တရက် ပြေးလာပြီး မီးဖြင့် ဖန်တီးထားသော ဓားတစ်လက်ကို ထုတ်ယူကာ ကျိုးဟောင်ဆီသို့ လှမ်းခုတ်လိုက်လေသည်။ ထိုအလင်းဓားသည် အလွန်အမင်း အားကောင်းပြီး လေထုကိုပင် မီးလောင်စေသကဲ့သို့ ဖြစ်နေလေသည်။

“ကောင်းလိုက်တဲ့ ရတနာ.."

ကျိုးဟောင်က မျက်လုံးများကိုမှေးကာတချက်ကြည့်လိုက်လေသည်။ ပြီးနောက် ရှေးဟောင်းခန္ဓာသိုင်းကို ချက်ချင်း လှုံ့ဆော်လိုက်လေသည်။ တစ်ချိန်တည်းမှာပင် သူ၏ ကိုယ်ခန္ဓာပေါ်တွင်လည်း ငှက်မွှေးတစ်ထောင်ချပ်ဝတ်မှာ ပေါ်လာခဲ့လေသည်။

ထိုမီးဓား၏ ဖျက်ဆီးနိုင်စွမ်းကို မသိသေးသောကြောင့် ကျိုးဟောင်မှာ တိုက်ရိုက် မထိတွေ့ဘဲ ငှက်မွှေးတစ်ထောင်ချပ်၀တ်၏ တောင်ပံများကို လှုပ်ယမ်းလိုက်လေသည်။ ထိုအခါ ငှက်မွှေးဆယ်ချောင်းမှာ ပျံထွက်လာခဲ့ပြီး ကာကွယ်ရေးအကာအရံတစ်ခုအား ဖွဲ့စည်းလိုက်လေသည်။

ငှက်မွှေးတစ်ထောင်ချပ်၀တ်မှာအလွန်ရှားပါးပြီး အဆင့်မြင့်သောရတနာပစ္စည်းဖြစ်သောကြောင့် ထိုဓားမှာ ချပ်၀တ်၏အကာအရံကိုမထိုးဖောက်နိုင်ချေ။ လေထုထဲတွင် မီးဟုန်းဟုန်းတောက်လောင်နေပြီး ငှက်မွှေးအကာအရံမှာတော့ ခြစ်ရာတစ်ခုတောင်မထင်ခဲ့ပေ။

“ဘယ်လိုတောငမ အားကောင်းတဲ့ ရတနာလဲ။ ငါ့ရဲ့ ချီလင်မီးဓားတောင်မှ သူ့ကာကွယ်ရေးစနစ်ကို မထိုးဖောက်နိုင်ဘူး"

လီလီယာမှာ အံ့ဩသွားခဲ့လေသည်။ ဒီလို ရတနာမျိုးကို ထုတ်ယူနိုင်သူတစ်ယောက်ဆိုလျှင် သေးငယ်သော အဖွဲ့အစည်းတစ်ခုမှ မဖြစ်နိုင်ကြောင်းကို သူမ နားလည်သွားခဲ့လေသည်။

ထိုအချိန်တွင် ကျိုးဟောင်က အေးစက်စွာကြုံး၀ါးလိုက်ပြီး လက်ဖဝါးဖြင့် တွန်းလိုက်လေသည်။ အားကောင်းလှသော ကိုယ်ခန္ဓာစွမ်းအားသည် လေထုကို မုန်တိုင်းတစ်ခုကဲ့သို့ လှုပ်ခါသွားစေခဲ့ပြီး လီလီယာကို မီတာတစ်ရာကျော် အဝေးသို့ တွန်းပစ်လိုက်လေသည်။

သို့သော် သူမကို ထိခိုက်ဒဏ်ရာရအောင် မလုပ်ခဲ့ပေ။ ကျိုးဟောင်သည် သူမကို ကြောက်နေခြင်း မဟုတ်ဘဲ မိန်းမတစ်ယောက်ဖြစ်သောကြောင့် အချေအတင်ရန်မဖြစ်လိုခြင်းဖြစ်လေသည်။

လီလီယာ၏ နှလုံးသားမှာ တုန်လှုပ်သွားခဲ့လေသည်။ ကျိုးဟောင်၏ ရတနာကို မြင်ပြီးနောက် သူမအံ့ဩနေခြင်း မပျောက်သေးခင်မှာပင် သူမသည် ကျိုးဟောင်၏ လုပ်ဆောင်ချက်များကို ပြန်စဉ်းစားမိသွားခဲ့လေသည်။ ထိုအချိန်ကျမှ ဒီလူသည်သာမန်လူ မဟုတ်ကြောင်း သူမ သဘောပေါက်သွားခဲ့လေသည်။

ကျိုးဟောင်က လီလီယာအားစိုက်ကြည့်ကာ ပြောလိုက်လေသည်။

“လီလီယာ… ငါ မင်းနဲ့ ရန်သူမဖြစ်ချင်ဘူး။ ကိုယ့်ဂုဏ်သိက္ခာကို ထိန်းပါဦး။ ဒီမီးအနှစ်သာရက ငါ့သူငယ်ချင်းရဲ့ ပစ္စည်းပဲ။ ငါ ပြန်ယူတာက တရားမျှတပါတယ်။ မင်း ဆက်ပြီး မညှာမတာ လုပ်နေမယ်ဆိုရင် ငါလည်း ယဉ်ကျေးနေတော့မှာ မဟုတ်ဘူး"

သူမသည်မိန်းကလေးဖြစ်နေသောကြောင့် ကျိုးဟောင်မှာငဲ့ညှာနေခြင်းဖြစ်လေသည်။ သို့သော် သူမအနေဖြင့်ဆက်လက်ဖိအားပေးလာပါက ကျိုးဟောင်အနေဖြင့် ခွင့်လွှတ်ပေးတော့မည်မဟုတ်ပေ။

လီလီယာမှာ အလွန်အမင်း ဒေါသထွက်သွားခဲ့လေသည်။ သူမဘဝတစ်လျှောက် ဒီလို အရှက်ခွဲခံရဖူးခြင်း မရှိခဲ့ပေ။ မျက်ရည်များ မျက်လုံးထဲတွင် ပြည့်လာခဲ့ပြီး သူမ၏ ပစ္စည်းကို လုယူခံခဲ့ရသလို ကိုယ်တိုင်လည်း သင်ခန်းစာပေးခံလိုက်ရသည့်အခြေအနေအထိ ရောက်လာခဲ့လေသည်။

“ကျိုးဟောင်… နင် ငါ့ကို အနိုင်ကျင့်တယ်။ ငါ… ငါ့အစ်ကိုကြီးနဲ့ တိုင်ပြောမယ်…”

ပြောပြီးသည်နှင့် လီလီယာက မျက်ရည်များကိုသုတ်ရင်း လှည့်ထွက်သွားခဲ့လေသည်။ သူမနောက်မှ လူလေးဦးသည်လည်း ချက်ချင်း လိုက်ပါသွားကြလေသည်။

ကျိုးဟောင်မှာ ခေါင်းကိုခါရင်း သက်ပြင်းချလိုက်မိလေသည်။

“မင်းသမီးလေး… မင်းရဲ့ အရမ်းအသည်းနုတာပဲ။ ငါ မင်းကို ဘာမှ မလုပ်ခဲ့ဘူးမဟုတ်လား။ ဘာလို့ ငိုနေရတာလဲ"

ထိုမြင်ကွင်းကို ကြည့်ရင်း ကျိုးဟောင်မှာအံအားသင့်စွာဖြင့် ပြောလိုက်လေသည်။

“နင် ငါ့ကို အနိုင်ကျင့်တယ်။ ငါ့ဘဝတစ်လျှောက် ဒီလို အနိုင်ကျင့်ခံရဖူးတာမျိုး မရှိခဲ့ဘူး။ စောင့်ကြည့်နေလိုက် နင့်ဒီလိုလုပ်တာကိုငါ့အစ်ကိုကြီးနဲ့သေချာ တိုင်ပြောပစ်မယ်"

လီလီယာက ဒေါသတကြီး ပြောပြီး ထွက်သွားခဲ့လေသည်။

ကျိုးဟောင်က ထိုအရာကို ကြည့်ရင်း သက်ပြင်းချလိုက်ပြီး ကျိယောင်ယွဲ့ဘက်သို့ လှည့်မေးလိုက်လေသည်။

“ဒီအမျိုးသမီးက ဘယ်သူလဲ…”

ကျိယောင်ယွဲ့က ခဏလောက် တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်လေသည်။

“သူမနာမည် လီလီယာပါ။ အဆင့်က လေးဆင့်မြောက် သူတော်ဘုံအဆင့်ပဲရှိသေးပြီး လေ့ကျင့်ရေးစခန်းထဲ ဝင်လာတာ တစ်နှစ်တောင် မပြည့်သေးဘူး။ ကိစ္စတော့မရှိပါဘူး ဒါပေမယ့် သူမရဲ့ အစ်ကိုကတော့… ဘဲလ်ရေးနိုးလ်စ်ပါ"

ထိုစကားကို ကြားလိုက်ချိန်တွင် ကျိုးဟောင်၏ မျက်လုံးများ ချက်ချင်း ကျယ်သွားခဲ့လေသည်။

“မင်းဆိုလိုတာက အဆင့် (၅၁)မှာရှိတဲ့ ဘဲလ်ရေးနိုးလ်စ်လား"

“ဟုတ်ပါတယ်… သူ့အစ်ကိုက လွန်ခဲ့တဲ့တစ်လကမှ အဆင့် (၅၁) ရောက်ထားတာပါ။ တာအိုဘုံအဆင့်တ၀က်အထိရောက်ထားပြီး အင်အားကြီးသူတစ်ယောက်လည်းဖြစ်တယ်။ အခုဆိုရင် အင်အားထပ်မံတိုးလာခဲ့ပြီး အဆင့် (၅၀) ထဲတောင် ဝင်နေပြီလို့ ပြောလို့ရတယ်"

ကျိယောင်ယွဲ့က ပြုံးရင်း ရှင်းပြလိုက်လေသည်။

လီလီယာကို ဒီလောက် မာနထောင်လွှားစေတဲ့ အကြောင်းရင်းကို ကျိုးဟောင် နားလည်သွားခဲ့လေသည်။

“သူ့အစ်ကိုက ဒီလောက်အထိ သန်မာနေရင် ငါတို့ကိုအခက်တွေ့ အောင်လုပ်လိမ့်မယ်လို့မထင်ဘူးလား"

ကျိုးဟောင်က စိတ်မချသလို မေးလိုက်လေသည်။

အကယ်၍ ဘဲလ်ရေးနိုးလ်စ်နဲ့ တကယ်တမ်း တိုက်ခိုက်ရမယ်ဆိုရင် လက်ရှိအဆင့်နဲ့ သူ့ကို အနိုင်ယူနိုင်ဖို့ဆိုတာ မဖြစ်နိုင်လောက်ပေ။ ထိုသူသည် တာအိုဘုံအဆင့်တ၀က်အထိရောက်ထားပြီး တာအိုဘုံအဆင့်ကိုတောင်ခြေတလှမ်းလှမ်းထားသူဖြစ်လေသည်။ ဒါသည် ကလေးတစ်ယောက်နဲ့ လူကြီးတစ်ယောက် တိုက်ခိုက်သလိုပင် ဖြစ်နေလေသည်။

“ဘယ်သူကသိနိုင်မှာလဲ"

ကျိယောင်ယွဲ့က ခေါင်းခါရင်း ပြောလိုက်လေသည်။

“ထားပါတော့။ အရာရာက အချိန်တန်လာရင် သူ့ဟာသူဖြစ်လာပါလိမ့်မယ်။ အခုတော့ ဝင်ပြီး လေ့ကျင့်ကြစို့…”

ကျိုးဟောင်က ပြောလိုက်လေသည်။

“ရှင်လည်း ဒီမှာ လေ့ကျင့်ဖို့ လာတာလား”

ကျိယောင်ယွဲ့က အံ့ဩသွားသလို မေးလိုက်လေသည်။

“အင်း… ငါ့သွေးအနှစ်သာရကို ပြုပြင်သန့်စင်ဖို့အတွက် ကောင်းကင်မီးရေအိုင်ထဲက မီးတောက်တွေကို လိုအပ်တယ်"

ကျိုးဟောင်က မဖုံးကွယ်ဘဲ ပြောလိုက်လေသည်။

“ကောင်းကင်မီးရေအိုင်ထဲမှာ မီးတောက်အဆင့်တွေ အများကြီး ခွဲထားတယ်။ အထဲမှာ မီးမျှော်စင်တစ်ခုရှိပြီး အောက်ဆုံးအဆင့်ကနေ အပေါ်ဆုံးအဆင့်အထိ တဆင့်ချင်းတက်သွားရတယ်။ ငါက မီးဓာတ်ကို ကျွမ်းကျင်တဲ့သူဆိုတော့ တတိယအဆင့်ထိတော့ ရောက်ဖူးတယ်။ ဒါပေမယ့် အဲ့ဒီမှာတောင် မိနစ်အနည်းငယ်ပဲ ခံနိုင်တယ်။ အဲ့ကမီးဓာတ်တွေက အရမ်းပြင်းထန်လွန်းတယ်”

ကျိယောင်ယွဲ့က ရှင်းပြလိုက်လေသည်။

ကျိုးဟောင်မှာ အနည်းငယ် အံ့ဩသွားခဲ့လေသည်။

“အဲ့ဒါဆိုရင် တော်တော် အံ့ဩစရာပဲ။ ကောင်းပါပြီ ကျွန်တော် ပထမအဆင့်ကနေ စတင်ကြည့်မယ်…”

ထို့နောက် သူက ကျိယောင်ယွဲ့ လက်ထဲရှိ မီးအနှစ်သာရကို ကြည့်ကာ မေးလိုက်လေသည်။

“ဒီမီးအနှစ်သာရက ဘာလဲ"

“ဒါက မီးမျှော်စင်ထဲမှာသာ ဖန်တီးနိုင်တဲ့ မီးအနှစ်သာရတမျိုးပဲ။ မီးဓာတ်သိုင်းနည်းကို ကျွမ်းကျင်ရမယ် ပြီးတော့မီးတောက်တွေကို အကြိမ်ကြိမ် ဖိသိပ်ပြီးမှ ဒီအရာကို ရရှိနိုင်တယ်။ ဒါကို စုပ်ယူပြီး လေ့ကျင့်ရင် ရလဒ်က နှစ်ဆ အထိတိုးတက်လာလိမ့်မယ်”

“ဒါဆို မီးဓာတ်ယွမ်ချီကို တိုက်ရိုက် စုပ်ယူလို့ မရဘူးလား”

“မလွယ်ဘူး။ မီးဓာတ်ဆိုတာ အန္တရာယ်နဲ့ အမြဲတွဲနေတတ်တယ်။ မီးအဆိပ်က အရမ်းပြင်းထန်ပြီး အရိုးထဲ ဝင်သွားရင် နှစ်ပေါင်းများစွာကြာတာတောင် ဖယ်ရှားလို့ မရနိုင်ဘူး။ ဒါကြောင့် လူအများစုက ဒီမီးအနှစ်သာရလို နည်းလမ်းတွေကို သုံးပြီးလေ့ကျင့်ကြရတယ်"

ဒီစကားကို ကြားလိုက်ချိန်တွင် ကျိုးဟောင် နားလည်သွားခဲ့လေသည်။ စိုးရိမ်မှုရှိနေသော်လည်း စမ်းသပ်ကြည့်ရမည်ဟု ဆုံးဖြတ်လိုက်လေသည်။

ထို့ကြောင့် ကျိုးဟောင်သည် ကျိယောင်ယွဲ့နှင့်အတူ မီးမျှော်စင်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး လေ့ကျင့်ရန်အခန်းတစ်ခန်းကို ရွေးချယ်ကာ ဝင်သွားခဲ့လေသည်။

....................................................................................

အခန်း (၈၆၆) ပြီးပါပြီ။

--

All Chapters