← Chapters

အခန်း ၅၇၃

Vol. 58 Ch. 573

အခန်း ၅၇၃

Vol. 58 Ch. 573

အခန်း (၅၇၃)

“နတ်ဆိုးနက်ဓားပြဆယ့်ရှစ်ယောက် ဒီလောက် ချမ်းသာနေမယ်လို့ မထင်ထားဘူး။ ဧကရာဇ်မင်းဆက် တစ်ခုရဲ့ မြေးအကြီးဆုံး ငါ့ထက်တောင် ချမ်းသာသေးတယ်”

သိုလှောင်လက်စွပ်နှစ်ကွင်းအတွင်းက အရာများကို ကြည့်ပြီး ရှီးရွှမ် ပြုံးကာ ပြောလိုက်၏။

“ဆရာ နောက်နေတာမလား”

လျန်ယီ အံ့အားသင့်ဟန်ဖြင့် မေးလိုက်သည်။

“ဒါ မင်းအတွက်ပဲ။ ကျင့်ကြံဖို့ အရင်းအမြစ်တွေကို ယူထား”

ရှီးရွှမ် သိုလှောင်လက်စွပ်များထဲမှ တစ်ကွင်းကို လျန်ယီဆီ ပေါ့ပေါ့ပါးပါး လှမ်းပစ်ပေးလိုက်၏။

“ကျေးဇူးတင်ပါတယ် ဆရာ”

သိုလှောင်လက်စွပ်ကို လက်ခံရပြီးနောက် လျန်ယီ အတွင်းရှိအရာများကို စစ်ဆေးရန် သူ့နတ်ဘုရားအာရုံကို အသုံးပြုလိုက်သည်။

ဟူး

သူ ပင့်သက်ရှိုက်မိလိုက်သည်။

‘ဒီကောင် တကယ်ကို ချမ်းသာတာပဲ။ ငါ နှစ်တစ်ရာလောက် ကြိုးစားပမ်းစား အလုပ်လုပ်ရင်တောင် ဒီလောက် ရတနာအများကြီး ရချင်မှရမှာ’

ရှီးရွှမ် တီးတိုးရေရွတ်လိုက်၏။

“ငါ့ဆရာ တစ်ခါတုန်းက ပြောဖူးတယ်။ လူသတ်ပြီး မီးရှို့ရင် ရွှေခါးပတ် ရတတ်ပေမဲ့ တံတားတွေတည်ဆောက်ပြီး လမ်းတွေပြင်ရင်တော့ သင်္ဂြိုဟ်ဖို့ အလောင်းတောင် ကျန်မှာ မဟုတ်ဘူးတဲ့။ တကယ်ကို မှန်တာပဲ”

[T/N ကောင်းတာလုပ်ရင် ကြီးပွားဖို့ခက်ပေမဲ့ မကောင်းတာလုပ်ရင်တော့ ကြီးပွားလွယ်တယ်ပြောတာပါ။ တရုတ်ရှေးခေတ်မှာဆို ရွှေခါးပတ်ဆိုတာ မျိုးရိုးမြင့်သူဌေးတွေပဲပတ်နိုင်တာပါ]

“ဆရာ ဒါဆိုရင် ကျွန်တော်တို့ ဆရာဘိုးဘိုးစကားကို နားထောင်သင့်လား”

သိုလှောင်လက်စွပ်အတွင်းရှိ ရတနာများဖြင့် မူးသွားသောကြောင့် လျန်ယီ ထိုစကားကို အလိုအလျောက် မေးလိုက်သည်။

ဘုန်း

ရှီးရွှမ် လျန်ယီ၏ခေါင်းကို ရိုက်လိုက်ပြီး မကျေမနပ်ဖြင့် ပြောလိုက်၏။

“ငါတို့က မြင့်မြတ်နယ်မြေ ကျင့်ကြံသူတွေ။ တစ်နေ့ကျရင် သူတော်စင်တစ်ပါးရဲ့ တပည့်တွေတောင် ဖြစ်လာဦးမှာ။ ဘယ်လိုလုပ် ဒီလိုကိစ္စမျိုးကို လုပ်လို့ရမှာလဲ”

“ဒါဆို ဘာလုပ်သင့်လဲ”

လျန်ယီ သူ့လက်ဖြင့် ခေါင်းကို ပွတ်သပ်လိုက်သည်။ သူ့ဆရာ ပြောသည်မှာ မှန်ကန်ပေ၏။ သူတို့သည် ကျောထောက်နောက်ခံရှိသော ကျင့်ကြံသူများ ဖြစ်ကြသည်။ တစ်ကိုယ်တော်ကျင့်ကြံသူများဖြစ်ကြသည့် နတ်ဆိုးနက်ဓားပြဆယ့်ရှစ်ယောက်ပမာ အဘယ်သို့ ပြုမူနိုင်မည်နည်း။ ၎င်းက မည်မျှ အဆင့်အတန်းကျမည်နည်း။

ရှီးရွှမ် ပြုံးကာ ပြောလိုက်၏။

“ငါတို့ သူရဲကောင်းဆန်ဆန် ပြုမူပြီး မတရားယူထားကြတဲ့ စည်းစိမ်တွေကို ပြန်ယူရမှာပေါ့။ ပထမအချက် ငါတို့က ဆန်းကြယ်ကောင်းကင်ဒေသအတွက် ဘေးဒုက္ခတစ်ခုကို ဖယ်ရှားပေးတာ။ ဒုတိယအချက် အလဟသသေဆုံးသွားကြတဲ့ အပြစ်မဲ့ပြည်သူတွေအတွက် လက်စားချေပေးတယ်လို့ သတ်မှတ်လို့ ရတယ်”

“မိုက်နေရော ဆရာ့အကြံက...”

လျန်ယီ သူ့ဆရာကို လက်မထောင်ပြလိုက်သည်။ “ဆရာ ကျွန်တော်တို့ နောက်ထပ် ဘယ်သွားကြမလဲ”

“မလောဘူး။ ဓားပြခေါင်းဆောင်ရဲ့ သိုလှောင်လက်စွပ်တွေထဲမှာ ငါ အရင်က တစ်ခါမှမမြင်ဖူးတဲ့ လျှို့ဝှက်သော့တစ်ချောင်း ရှိတယ်။ ဒီသော့ကို အသက်သွင်းပြီးရင် ဘာရတနာတွေ ရမလဲမသိဘူး”

သူ စကားပြောနေရင်း ရှီးရွှမ် သိုလှောင်လက်စွပ်ထဲမှ ကျောက်စာအပြည့် ထွင်းထုထားသော ရှေးဟောင်းရွှေသော့တစ်ချောင်းကို ထုတ်ယူလိုက်၏။

သူ ၎င်းအတွင်းသို့ နတ်ဘုရားအာရုံကို ချက်ချင်း ထည့်သွင်းလိုက်၏။ ခဏအကြာတွင် သူ့လက်ထဲမှ သော့သည် အလင်းတန်းတစ်ခု ထုတ်လွှတ်လာသည်။

ရှီးရွှမ်၏ နတ်ဘုရားအာရုံထဲတွင် မြေပုံတစ်ခု ပေါ်လာသည်။ ထိုအခါ မိုင်ရာပေါင်းများစွာအကွာတွင် နောက်လျှို့ဝှက်သော့ တစ်ချောင်း ရှိနေကြောင်း သူ ခံစားလိုက်ရ၏။

သူ့နတ်ဘုရားအာရုံကို ထိုအရပ်သို့ ပို့လိုက်ရာ ကျင်းရှီတို့အဖွဲ့ကို မြင်လိုက်သည်။

“ဒီလူတွေ သော့ကြောင့် နတ်ဆိုးနက်ဓားပြဆယ့်ရှစ်ယောက်ရဲ့ ပစ်မှတ်ထားတာ ခံခဲ့ရတာကိုး”

“ဆရာ ဘာပြောနေတာလဲ”

လျန်ယီ သူ့ဆရာ တီးတိုးရေရွတ်နေသည်ကို မြင်တော့ သိချင်စိတ်ဖြင့် မေးလိုက်၏။

ရှီးရွှမ် သူ့ခန့်မှန်းချက်ကို တပည့်ဖြစ်သူအား ပြောပြလိုက်သည်။ ၎င်းကိုကြားတော့ လျန်ယီ ရုတ်တရက် သဘောပေါက်သွားသည့် အမူအရာကို ပြသလာသည်။

“ဒါဆို ဆရာ ကျွန်တော်တို့ အခု အဲဒီရတနာဆီ သွားကြတော့မလား”

“ငါတို့ လာခဲ့ပြီးမှတော့ ဘယ်လိုလုပ် မသွားဘဲနေမှာလဲ”

ရှီးရွှမ် ပြောလိုက်ပြီးနောက် မြေပုံက ညွှန်ပြထားသော ရတနာ၏ တည်နေရာဆီသို့ ပျံသန်းသွားတော့၏။

သူတို့ ရတနာတည်နေရာနှင့် မိုင်တစ်သောင်းပင် မဝေးသည့် အကွာအဝေး၌ ရောက်နေပါ၏။ နာရီဝက်ပင် မပြည့်မီ သူတို့နှစ်ဦး ခမ်းနားထည်ဝါသော တောင်ခြေသို့ ရောက်လာကြ၏။

“ဆရာ ဒီတောင်က အရမ်းထူးဆန်းတယ်။ ပြီးတော့ ကျွန်တော့် တစ်ခုခုကို ထိတ်လန့်နေရသလို ခံစားရတယ်”

လျန်ယီပြောနေရင်း ရှီးရွှမ်အနီးသို့ အလိုအလျောက် တိုးကပ်သွားသည်။

ရှီးရွှမ် သူ့ရှေ့က တောင်ကို ကြည့်ရင်း တီးတိုးရေရွတ်လိုက်၏။

“ဒါ တျန်းချန်တောင်တန်းပဲ။ အရင်က သန်မာတဲ့သူတွေ ဒီနေရာကနေ ကောင်းကင်နယ်မြေဆီ တက်လှမ်းခဲ့ကြတာမလို့ ဧကရာဇ်စွမ်းအားတွေ ဒီတောင်ပေါ်မှာ ကျန်ခဲ့တယ်။ ဧကရာဇ်အငွေ့အသက်လေးကတောင် လူတွေကို အကြောက်တရား ခံစားရစေနိုင်တယ်”

“ဒီလိုနေရာမျိုးမှာ ရတနာတကယ်ရှိပါ့မလား”

လျန်ယီ အနည်းငယ် မသေချာစွာ ပြောလိုက်သည်။

ရှီးရွှမ် ပြုံးလိုက်၏။

“ရှိရှိ မရှိရှိ လူတွေ ရောက်လာရင် ငါတို့ သိရမှာပဲ မဟုတ်ဘူးလား။ အရင်ဆုံး ကျင့်ကြံဖို့ တိတ်ဆိတ်တဲ့ နေရာတစ်ခု ရှာကြရအောင်။ မကြာခင် ဒီကို တစ်ယောက်ယောက် ရောက်လာလိမ့်မယ်လို့ ထင်တယ်”

“ဟုတ်ကဲ့ပါ”

လျန်ယီ လေးစားစွာ ပြန်ဖြေကြားလိုက်သည်။

ဆရာတပည့်နှစ်ဦး တျန်းချန်တောင်တန်းထဲသို့ ဝင်ရောက်ပြီးနောက် သူတို့ လူမရှိသော ဂူအလွတ်တစ်ခုကို ရှာတွေ့ပြီး တိတ်တဆိတ် ကျင့်ကြံနေကြ၏။

အချိန်များ တစ်ရက်ပြီးတစ်ရက် ကုန်လွန်သွားသည်။

သုံးရက်အကြာတွင် ရှီးရွှမ် လူအများ တောင်ခြေသို့ ရောက်လာကြောင်းကို ခံစားလိုက်သည်။ ထို့အပြင် သူတို့က တစ်ဖွဲ့တည်းမှ မဟုတ်ကြပေ။

သူ စစ်ဆေးရန် အပြင်သို့ မထွက်ပေ။ ယင်းအစား နေရာတွင် တိတ်တဆိတ် စောင့်ဆိုင်းနေ၏။

အချိန်အနည်းငယ်အကြာတွင် တိုက်ခိုက်သံများ ထွက်ပေါ်လာသည်။

ပြင်းထန်သော တိုက်ခိုက်သံများသည် လျန်ယီကို လန့်ဖြန့်သွားစေ၏။

“ဆရာ လူတွေ လာနေတယ်”

ရှီးရွှမ် ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။

“မင်းကို ငါ အကြိမ်ကြိမ် ပြောဖူးတယ်။ ကိစ္စရပ်တွေနဲ့ ကြုံတွေ့လာရတဲ့အခါ တည်ငြိမ်နေဖို့လိုတယ်။ မလောနဲ့”

“ဒီတပည့် သင်ခန်းစာ ရပါပြီ”

လျန်ယီ အပြင်ထွက်၍ စိတ်လှုပ်ရှားဖွယ်ရာများကို ကြည့်ရှုချင်နေ၏။

သို့သော် သူ့ဆရာ ဘုန်းကြီးအိုကြီးတစ်ပါးပမာ နေရာတွင် ထိုင်နေသည်ကို မြင်တော့ ထိုအတွေးကို ဖယ်ရှားလိုက်ပြီး သူ့ဆရာဘေးတွင် ရိုးသားစွာ ပြန်ထိုင်လိုက်သည်။

တစ်ရက်ခွဲအကြာတွင် အပြင်ဘက်ရှိ တိုက်ခိုက်သံများ နောက်ဆုံး၌ အဆုံးသတ်သွား၏။

ကျယ်လောင်သော အသံတစ်သံ ဂူအပြင်ဘက်မှ ထွက်ပေါ်လာသည်။

“တာအိုရောင်းရင်းတို့နှစ်ယောက် ပြဇာတ်ကြည့်ရတာ ဝပြီလား”

အသံကိုကြားတော့ လျန်ယီ သူ့ဆရာကို ကြည့်လိုက်၏။

သူ့ဆရာ မည်သို့တုံ့ပြန်မှုမည်ကို သူ သိချင်နေသည်။

ရှီးရွှမ် မျက်လုံးများကိုပင် မဖွင့်ဘဲ ပြုံးကာ ပြောလိုက်၏။ “တာအိုရောင်းရင်းကို ယဉ်ကျေးတဲ့သူ တစ်ယောက်လို့ သတ်မှတ်လို့ရပါတယ်။ ပြောပါ။ မင်း ဘာလုပ်ချင်တာလဲ”

ဂူအပြင်ဘက်တွင် ဧရာမဓားကြီးတစ်လက်ကို ပခုံးပေါ် တင်ထားသော အရပ်ရှည်သည့် အမျိုးသားတစ်ဦး ပြောလိုက်သည်။

“တာအိုရောင်းရင်း မင်းလက်ထဲက လျှို့ဝှက်သော့ကို ပေးလိုက်။ ငါ ချန်ကျွင်းတောက် မင်းကို လွှတ်ပေးနိုင်တယ်။ အဲဒီလိုမှ မဟုတ်ရင်တော့ မင်း တောင်ခြေက ကံမကောင်းတဲ့ လူတွေလို အလောင်းဖြစ်သွားနိုင်တယ်”

“အော် ဟုတ်လို့လား”

ရှီးရွှမ် ပြုံးကာ ပြောလိုက်၏။

“ငါတော့ မယုံဘူး”

“တာအိုရောင်းရင်း မင်း ငါ့ကို ရန်စနေတာလား”

ချန်ကျွင်းတောက်သည် အရပ်ရှည်ရှည်နှင့် ထွားကြိုင်းကာ လူအများကို ဗလသာရှိသည့် ငတုံးတစ်ဦး၏ ခံစားချက်ကို ပေးစွမ်းသော်လည်း တကယ်တမ်းတွင်မူ သူသည် အပ်တစ်ချောင်းကဲ့သို့ စိတ်ဓာတ်သေးသိမ်သည့် အမျိုးသားတစ်ဦး ဖြစ်သည်။

သူ ဂူဆီသို့ မလာခင်ကတည်းက ဂူကို သူ့နတ်ဘုရားအာရုံဖြင့် စစ်ဆေးထား၏။

ကြေးဝါမျက်နှာဖုံးတပ်ထားသော ထိုလူကို သူ ဖောက်မမြင်နိုင်ကြောင်း တွေဖြင့် ရတနာကို လုယူရန် သတ်ဖြတ်လိုသည့်အတွေးကို သူ ဖယ်ရှားပစ်ထားသည်။

“ရန်စနေတာ ဟုတ်လား။ မင်းက ရန်စရလောက်တဲ့ အဆင့်မဟုတ်ဘူး”

ရှီးရွှမ် မျက်လုံးများပင် မဖွင့်ပေ။

ထိုစကားများ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် လေထုသည် ချက်ချင်း သတ်ဖြတ်ချင်စရာ ကောင်းလာ၏။

လျန်ယီ သူ့ဆရာကို စိတ်အားထက်သန်စွာ ကြည့်ပြီး သူ့ဆရာ အပြင်ဘက်ရှိ ထိုလူကြီးကို အဆုံးသတ်ရန် တိုက်ခိုက်ရမည့်အကွက်ရေကို စဉ်းစားနေသည်။

ချန်ကျွင်းတောက် သည်းမခံနိုင် သောင်းကြမ်းတော့မည့်အချိန်တွင် အံ့အားသင့်နေသော အသံတစ်သံ အဝေးမှ ထွက်ပေါ်လာခဲ့၏။

“စီနီယာအစ်မကျင်း မြန်မြန်ကြည့်။ ဒီမှာ အလောင်းတွေ ရှိတယ်”

အသံ ထွက်ပေါ်လာသည်နှင့် ချန်ကျွင်းတောက် သူ့အရှိန်အဝါကို ချက်ချင်း ထိန်းချုပ်လိုက်သည်။

သူ အသံလာရာအရပ်သို့ ကြည့်လိုက်၏။

ပန်းတစ်ပွင့်ကဲ့သို့ လှပသောအမျိုးသမီးတစ်ဦး ဦးဆောင်လာသည့် ကျင့်ကြံသူတစ်စု ကောင်းကင်ယံမှ ဆင်းသက်လာသည်ကို သူ မြင်တွေ့လိုက်ရသည်။

ရောက်လာသူများသည် ကျင်းရှီတို့ပင်။

အဝေးရှိ တောင်ကုန်းငယ်တစ်ခုစာမျှ အရပ်ရှည်သော လူထွားကြီးကိုမြင်တော့ သူတို့ လက်နက်များကို အလိုအလျောက် ဆွဲထုတ်လိုက်ကြသည်။

ကျင်းရှီ လူတိုင်းကို တားဆီးရန် သူမ လက်ကို မြှောက်လိုက်၏။

“ကျွန်မက မြောက်ပိုင်းချောက်နက်မြင့်မြတ်မင်းဆက်က မြင့်မြတ်တာအိုကျောင်းတော်ရဲ့ တပည့် ကျင်းရှီပါ။ တာအိုရောင်းရင်းကို ဘယ်လိုခေါ်ရမလဲ”

“ဒါဆို မြင့်မြတ်တာအိုကျောင်းတော်က တာအိုရောင်းရင်းဖြစ်နေတာကိုး”

ချန်ကျွင်းတောက် သူ့သတိထားမှုကို မလျှော့လိုက်ပေ။ သူ ပြုံးကာ ပြောလိုက်သည်။

“ငါက တစ်ကိုယ်တော်ကျင့်ကြံသူ ချန်ကျွင်းတောက်ပါ”

“ခင်ဗျားက မြောက်ပင်လယ်ကို တုန်လှုပ်စေခဲ့တဲ့ ချန်ကျွင်းတောက်လား”

မြင့်မြတ်တာအိုကျောင်းတော်မှ တပည့်တစ်ဦး အံ့အားသင့်ဟန်ဖြင့် ပြောလိုက်၏။

ချန်ကျွင်းတောက် ပြုံးကာ ပြောလိုက်သည်။

“တာအိုရောင်းရင်း ငါ့ကို ချီးကျူးလွန်းနေပါပြီ။ အဲဒါတွေက အချင်းချင်း ချီူကျူးစကား ပြောနေကြရုံသက်သက်ပါ။ ငါလို စိတ်ဝိညာဉ်ပြည့်အင့်ခြင်းအဆင့်ကျင့်ကြံသူလေးက မြောက်ပင်လယ်ကို ဘယ်လိုလုပ်ပြီး တုန်လှုပ်စေမှာလဲ”

“တာအိုရောင်းရင်းတို့ကလည်း ကြယ်ကိုးပွင့်လျှို့ဝှက်ရတနာတိုက်အတွက် ဒီကို လာကြတာလား”

“ဟုတ်ပါတယ်”

ကျင်းရှီ ပြောလိုက်၏။

“တာအိုရောင်းရင်းရဲ့ လက်ထဲမှာလည်း လျှို့ဝှက်သော့ တစ်ချောင်း ရှိနေတဲ့ပုံပဲ။ ဒါပေမဲ့ ကြယ်ကိုးပွင့်လျှို့ဝှက်ရတနာတိုက်ကို ဖွင့်ဖို့ သော့ကိုးချောင်း လိုအပ်တယ်လို့ ကျွန်မ ကြားဖူးတယ်”

“ကျန်တဲ့ သော့တွေက တကယ်တမ်း ဘယ်မှာများလဲ”

ချန်ကျွင်းတောက် ပြောလိုက်သည်။

“ငါ့ဆီမှာ သော့နှစ်ချောင်း ရှိတယ်။ တာအိုရောင်းရင်းတို့လက်ထဲမှာရော သော့ဘယ်နှစ်ချောင်း ရှိလဲ”

All Chapters