← Chapters

အခန်း ၅၇၈

Vol. 58 Ch. 578

အခန်း ၅၇၈

Vol. 58 Ch. 578

အခန်း (၅၇၈)

ဒုတ်

ထိုအဘိုးကြီး တစ္ဆေအိုကြီးဖူ၏ခေါင်းကို ပေါ့ပေါ့ပါးပါး ရိုက်လိုက်၏။

“ကောင်လေး မင်းဘယ်လိုလာကြည့်နေတာလဲ။ ကျွမ်းကျင်သူတစ်ယောက်ရဲ့ နည်းစနစ်တွေကို ကျောက်နံရံပေါ်မှာ ထွင်းထုထားတယ်။ အဲဒီအပေါ်က အဓိပ္ပာယ်ကို နားလည်ရင် စစ်မှန်ဆန္ဒအလုံးစုံပြီးပြည့်စုံခြင်းအဆင့်ကို သေချာပေါက် ရောက်တယ်”

ထိုစကားများကိုကြားတော့ လူတိုင်း ကျောက်နံရံကို လှည့်ကြည့်ကြ၏။

ကျောက်နံရံပေါ်တွင် ထူးခြားသောသိုင်းကွက်များ ထွင်းထုထားသည်ကို သူတို့ မြင်တွေ့လိုက်ရ၏။ သိုင်းကွက်များတွင် အနက်အဓိပ္ပာယ်များ ပါဝင်နေသည်။

တစ်ခဏတာမျှ လူတိုင်း၏ အကြည့်များ ဖမ်းစားခံလိုက်ရ၏။

“ရှေးဟောင်းစာအုပ်တွေထဲမှာ ပြောထားတာက မှန်တယ်ထင်တယ်”

အချိန်အတော်ကြာပြီးနောက် လူအုပ်ထဲမှ ကျင်းရှီ တီးတိုးရေရွတ်လိုက်သည်။

မြင့်မြတ်တာအိုကျောင်းတော်မှ တပည့်များ ၎င်းကိုကြားတော့ အလျင်အမြန် မေးလိုက်ကြ၏။

“စီနီယာအစ်မကျင်း ရှေးဟောင်းစာအုပ်တွေထဲက မှတ်တမ်းတွေအကြောင်းကို အတိအကျ ပြောပြပေးလို့ ရမလား”

ကျင်းရှီ သူမပါးစပ်ကို ဖြည်းညှင်းစွာ ဖွင့်ကာ ပြောလိုက်သည်။

“မဟာဧကရာဇ်တိုင်း တျန်းချန်တောင်ကနေ မတက်လှမ်းခင် တျန်းချန်တောင်လျှို့ဝှက်နယ်မြေထဲမှာ နတ်ဘုရားအတွေးတစ်မျှင်ကို ချန်ထားခဲ့တယ်လို့ ဆိုကြတယ်။ သူတို့ဘဝတစ်လျှောက်မှာ သင်ယူခဲ့ရတာတွေကို လောကကြီးကို ပြသဖို့အတွက် လုပ်ခဲ့ကြတယ်လို့ ပြောကြတယ်”

“အစပိုင်းမှာ ဧကရာဇ်အရိပ်လျှိုဝှက်နယ်မြေကို ဖွင့်တဲ့သော့ကို အင်အားစုတွေက တိုက်ခိုက်လုယူကြတယ်”

“ဒါပေမဲ့ ရွှမ်ထျန်းတိုက်ကြီးကနေ အင်မော်တယ် ဧကရာဇ်တွေ ပိုပြီးတက်လှမ်းသွားတော့ မြင့်မြတ်နယ်မြေတွေက အထွတ်အထိပ်အမွေအနှစ်တွေကို ပိုင်ဆိုင်ထားပြီးသား ဖြစ်နေပြီလေ”

“အကျိုးဆက်အနေနဲ့ မြင့်မြတ်နယ်မြေဆယ်ခုက လျှို့ဝှက်သော့အတွက် မတိုက်ခိုက်ကြတော့ဘူး။ ပြီးတော့ ဒီသော့က လျှို့ဝှက်နယ်မြေပွင့်လာပြီးတိုင်း နှစ်ပေါင်းရာချီကြာအောင် ပျောက်ကွယ်သွားလိမ့်မယ်”

“နောက်တစ်ကြိမ်ပြန်ပေါ်လာတဲ့အခါ ဆန်းကြယ်ကောင်းကင်‌ဒေသနေရာအနှံ့မှာ ပြန့်ကျဲနေရော။ ရေစက်ပါတဲ့သူတွေက သော့ကို သဘာဝအတိုင်း ရလာလိမ့်မယ်။ အချိန်တွေကြာလာတော့ ဧကရာဇ်အရိပ်လျှို့ဝှက်နယ်မြေက ကံကောင်းတဲ့သူတွေပဲ ခြေချနိုင်တဲ့ နေရာတစ်ခု ဖြစ်လာခဲ့တယ်”

“ဒီလိုကိုး”

ကျင်းရှီ၏ ပြောပြချက်ကို နားထောင်ပြီးနောက် မြင့်မြတ်တာအိုကျောင်းတော်မှ တပည့်များ တီးတိုးရေရွတ်လိုက်ကြ၏။

လျန်ယီ ဤတစ်ကြိမ် သူ့ဆရာနှင့်အတူ ထွက်လာစဉ် သူတို့ ဤကဲ့သို့အခွင့်ကောင်းတစ်ခုနှင့် ကြုံတွေ့နိုင်လိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားချေ။

သူ တိုးညှင်းသော အသံဖြင့် ပြောလိုက်၏။

“ဆရာ ကျွန်တော်တို့ အရင်ဆုံး နေရာအနှံ့လိုက်ကြည့်ရအောင်”

“မလောနဲ့”

ရှီးရွှမ် ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။

“ကျောက်နံရံပေါ်က သိုင်းကွက်တွေက အတော်လေး စိတ်ဝင်စားစရာ ကောင်းတယ်။ ငါ အရင်ဆုံး ကြည့်လိုက်ဦးမယ်”

ထိုသို့ပြောပြီးနောက် သူ ထောင့်တစ်နေရာသို့ လျှောက်သွားပြီး ကျောက်နံရံပေါ်ရှိ လှုပ်ရှားမှုများကို စတင် လေ့လာကြည့်ရှု၏။

ထိုလှုပ်ရှားမှုများသည် အထူးစွမ်းအင်တစ်မျိုးမျိုးကို ပိုင်ဆိုင်ထားပုံပင်။ ရှီးရွှမ် အပေါ်မှ သိုင်းကွက်များနှင့်အတူ အလိုအလျောက် စတင် ကျင့်ကြံမိတော့သည်။

အချိန်များ တစ်ရက်ပြီးတစ်ရက် ကုန်လွန်သွား၏။

မျက်စိတစ်မှိတ်အတွင်း ခုနစ်ရက်တာ ကုန်လွန်သွားပြီး ပထမကျောက်ခန်းမထဲတွင် နောက်ထပ် လူအတော်များများ ပေါ်လာသည်။

လူတိုင်း သူတို့နားလည်မှုများကို နှစ်ယောက် သုံးယောက်စီ ဆွေးနွေးနေကြ၏။

သို့သော် ရှီးရွှမ်၏မျက်ခုံးများ တင်းကျပ်စွာ တွန့်ကွေးထားသည်။ ကျောက်ခန်းမထဲတွင် သူ စတင်ကျင့်ကြံမိကတည်းက ယခင်က သင်ယူထားသော နည်းစနစ်များကို လုံးဝနီးပါးမေ့လျော့သွား၏။

ကျောက်နံရံထက်မှ လှုပ်ရှားမှုများကိုသာ သူ့စိတ်ထဲတွင် စွဲနေပြီး ၎င်းတို့အတွင်းရှိ လျှို့ဝှက်ချက်များကို နားလည်သဘောပေါက်ချင်မိနေသည်။

သူ မျက်လုံးများကိုမှိတ်ကာ စတင်တွေးတောလိုက်၏။

‘ငါ တစ်နေရာရာမှာ မှားနေတာ ဖြစ်ရမယ်။ မဟာဧကရာဇ်က သူ့မျိုးဆက်တွေကို သိုင်းကွက်တွေ သင်ယူဖို့အတွက်ချည်းပဲ ဒီအရာတွေကို သေချာပေါက် ချန်ထားခဲ့တာ မဟုတ်ဘူး’

သူ တွေးလိုက်သည်။

မည်သို့ပင်ဆိုစေ သိုင်းကွက်တစ်ခု မည်မျှပင် စွမ်းအားကြီးနေပါစေ လေ့လာသူသည် လုံလောက်အောင် ပါရမီမရှိလျှင် ၎င်းကို သင်ယူခြင်းသည် မျက်ကန်းတဇွတ်ထိုး ပြုမူခြင်းပင်။

သူ့ဆရာ ရှင်းပြဖူးသော တာအိုတို့ကို သူ ပြန်အမှတ်ရလာ၏။

မကြာမီ ချူဖုန်း၏မျက်နှာသည် ရှီးရွှမ် စိတ်ထဲတွင် ပေါ်လာပြီး သူ့အသံသည် စိတ်ထဲတွင် ဝင်ရောက်လာသည်။

“ဘယ်လိုအခြေအနေမျိုးပဲကြုံရပါစေ မင်း တာအိုနှလုံးသားကို ခိုင်မာအောင်ထားပြီး ပြင်ပကိစ္စတွေရဲ့ အနှောင့်အယှက်ကို မခံရစေနဲ့။ မင်း သွားနေတဲ့ လမ်းကြောင်းကို ခိုင်ခိုင်မာမာသွားမှ ကိုယ့်တာအိုကို နားလည်နိုင်မှာ”

ထိုအသံသည် ရှီးရွှမ်၏စိတ်ထဲတွင် ခေါင်းလောင်းကြီးတစ်ခုအလား ပေါက်ကွဲသွား၏။

‘ငါ့တာအိုနှလုံးသား ခိုင်မာချင်တယ်’

သို့တိုင် သူ့စိတ်ထဲတွင် မဟာဧကရာဇ် ချန်ထားခဲ့သော သိုင်းကွက်များ ရစ်ဝဲလာပြီး သူ့ယခင်နားလည်မှုများကို လှုပ်ခါနေသည်။

ရှီးရွှမ်၏မသိစိတ်မှ ထိုသိုင်းကွက်များကို ဖယ်ရှားဖို့ သူ့ကိုယ်ပိုင်စစ်မှန်ဆန္ဒကို အသုံးပြုလိုက်၏။

မကြာမီ ပုံရိပ်နှစ်ခု သူ့အသိစိတ်ပင်လယ်ထဲတွင် ပေါ်လာသည်။ တစ်ခုသည် သူ့တာအိုနှလုံးသားဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး သူ့ဘဝတွင် သင်ယူခဲ့ရသမျှကို ပြသကာ ထိုသိုင်းကွက်များနှင့် တိုက်ခိုက်နေ၏။

အချိန်အတော်ကြာပြီးနောက် ထိုသိုင်းကွက်များ လုံးဝ အရိပ်အယောင် ပျောက်ကွယ်သွားသည်။

ရှီးရွှမ် သူ့စစ်မှန်ဆန္ဒ အနည်းငယ်တိုးတက်လာကြောင်းကို ရုတ်တရက် ခံစားလိုက်ရ၏။ သူ့ကိုယ်ပိုင်တာအိုအနှစ်သာရကိုတော့ နားလည်သဘောပေါက်ခြင်း မရှိသေးပေ။

သို့သော် ၎င်းသည် ရှီးရွှမ်ကို တာအိုအနှစ်သာရအား နားလည်သဘောပေါက်စေမည့် လမ်းကြောင်းတစ်ခု ရှာတွေ့သွားစေ၏။

သူ မျက်လုံးများကို ရုတ်တရက် ပြူးကျယ်သွားအောင် ဖွင့်လိုက်ပြီး ကျောက်နံရံပေါ်ရှိ သိုင်းကွက်များကို တိုက်ခိုက်ရန် သူ့ကိုယ်ပိုင်စစ်မှန်ဆန္ဒကို အသုံးပြုလိုက်သည်။

နောက်တစ်စက္ကန့်တွင် ကျောက်နံရံပေါ်၌ ထွင်းထုထားသော သိုင်းကွက်များ အသက်ဝင်လာပြီး ရှီးရွှမ်နှင့်အတူ နားလည်မှုချင်း ဖလှယ်နေတော့၏။

တစ်ရက်အကြာတွင် ရှီးရွှမ်၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများ ပေါ်လာသည်။

ကျောက်နံရံပေါ်တွင် မဟာဧကရာဇ် ချန်ထားခဲ့သော သိုင်းကွက်များသည် မျိုးဆက်သစ်များ သင်ယူလေ့လာရန် ရည်ရွယ်ထားခြင်း မဟုတ်ပေ။ မျိုးဆက်များ စစ်မှန်ဆန္ဒကို နားလည်သဘောပေါက်စေဖို့ ကူညီပေးခြင်းဖြစ်၏။

ထိုလျှို့ဝှက်ချက်ကို သူ အလွယ်တကူ ထုတ်ပြောမည်မဟုတ်ပေ။

တာအိုကို ပေါ့တန်တန် သဘောထား၍ မလေ့လာနိုင်ပေ။

ရှီးရွှမ် မြင့်မြတ်တာအိုကျောင်းတော်မှ တပည့်တစ်ဦးနှင့် အပြန်အလှန် လေ့ကျင့်နေသော လျန်ယီအနားသို့ လျှောက်သွား၏။

ထိုနှစ်ဦး အပြန်အလှန် လေ့ကျင့်ပြီးနောက် ရှီးရွှမ် လျန်ယီ၏ပခုံးကို ဆုပ်ကိုင်လိုက်သည်။

လျန်ယီ အစပိုင်းတွင် ဒေါသထွက်သွားသော်လည်း သူ့ဆရာဖြစ်နေသည်ကိုမြင်ပြီးနောက် ကူကယ်ရာမဲ့စွာ ပြောလိုက်၏။

“ဆရာ ဘာလုပ်နေတာလဲ”

ရှီးရွှမ် စကားမပြောချေ။ သူ လျန်ယီကို လူသူကင်းမဲ့သော ထောင့်တစ်နေရာသို့ ဆွဲခေါ်သွားပြီး နတ်ဘုရားအာရုံမှတစ်ဆင့် ဆက်သွယ်လိုက်သည်။

“ကျောက်နံရံပေါ်က သိုင်းကွက်တွေကို တိုက်ခိုက်ဖို့ မင်းရဲ့ ဓားဆန္ဒကို စုစည်းလိုက်”

လျန်ယီ ဆရာကို နားမလည်နိုင်မှုများဖြင့် ကြည့်လိုက်၏။

ရှီးရွှမ် သူ့တပည့်ကို တိတ်တဆိတ် ကြည့်နေသည်။

သူ့ဆရာ သူ့ကို အဘယ်ကြောင့် ယခုလို လုပ်ခိုင်းရသနည်း။ လျန်ယီ အကြောင်းရင်းကို မသိသော်လည်း ဆရာ၏ အမိန့်ကို မလွန်ဆန်ရဲသဖြင့် သူ့ဓားဆန္ဒကို ချက်ချင်း စုစည်း၍ ကျောက်နံရံပေါ်မှ သိုင်းကွက်ကို တိုက်ခိုက်လိုက်၏။

နောက်တစ်စက္ကန့်တွင် လျန်ယီ သူ့ကို အံ့အားသင့်သွားစေသည့် မြင်ကွင်းတစ်ခုအား မြင်တွေ့လိုက်ရသည်။ ကျောက်နံရံပေါ်မှ သိုင်းကွက်များ လွင့်မျောလာပြီး သူ့ဓားဆန္ဒကို ထိပ်တိုက်ရင်ဆိုင်လာ၏။

ဝုန်း

ကျယ်လောင်သော အသံတစ်သံ သူ့အသိစိတ်ပင်လယ် အတွင်းမှ ထွက်ပေါ်လာသည်။ လျန်ယီ ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားပြီး သူ့ကိုယ်သူ ထိန်းရန် ဓားရှည်ကိုကိုင်ကာ အပြင်းအထန် အသက်ရှူလိုက်၏။

အချိန်ခဏအကြာတွင် သူ့တပည့်၏ မျက်နှာအရောင် အတော်လေး ကောင်းမွန်လာသည်ကိုမြင်တော့ ရှီးရွှမ် ပြောလိုက်သည်။

“တင်ပျဉ်ခွေထိုင်ပြီး ဓားဆန္ဒကို နားလည်သဘောပေါက်အောင် လုပ်”

“ဟုတ်ကဲ့ပါ”

လျန်ယီ ဤအခိုက်အတန့်တွင် သူ့အသိစိတ်ပင်လယ် ရှင်းလင်းနေကြောင်းကိုသာ ခံစားလိုက်ရ၏။ သူ တင်ပျဉ်ခွေထိုင်လိုက်သည်နှင့် ဈာန်ဝင်စားသည့် အခြေအနေတစ်ခုသို့ အလျင်အမြန် ဝင်ရောက်သွားသည်။

လျန်ယီ နောက်တစ်ကြိမ် မျက်လုံးဖွင့်လာသောအခါ သူ့ဓားဆန္ဒကို အနည်းငယ်ပို၍ နားလည်သဘောပေါက်သွားကြောင်း သိလိုက်ရ၏။

“ဆ...ဆရာ”

“ဘာမှမပြောနဲ့ ဒီအတိုင်းသာ ကျင့်ကြံ။ တခြားနေရာတွေကို ငါ သွားကြည့်လိုက်ဦးမယ်”

ထိုသို့ပြောပြီးနောက် ရှီးရွှမ် လှည့်ထွက်သွားခဲ့သည်။

လျန်ယီ သူ့ဆရာ၏ ကျောပြင်ကို ကြည့်ကာ ချက်ချင်း တုံ့ပြန်လိုက်၏။ သူ့ဆရာ ယခုလေးတင် သင်ကြားပေးလိုက်သော နည်းလမ်းသည် စစ်မှန်သော ကျင့်ကြံခြင်းနည်းလမ်း ဖြစ်သည်။

‘ဆရာကတော့ ဆရာပါပဲ။ အချိန်တိုလေးအတွင်းမှာ ကျောက်နံရံထဲက လျှို့ဝှက်ချက်တွေကို မြင်တွေ့နိုင်ခဲ့တယ်’

ရှီးရွှမ် ပထမကျောက်ခန်းမမှ ထွက်ခွာလာပြီး မကြာမီ ဒုတိယကျောက်ခန်းမသို့ ရောက်လာ၏။ ၎င်းသည် ယခင်က ကျောက်ခန်းမများနှင့် အတူတူပင်။

အထဲတွင်လည်း ကျင့်ကြံနေသော ကျင့်ကြံသူ အတော်များများ ရှိသည်။ ချက်ချင်းပင် သူ ပထမကျောက်ခန်းမမှ နည်းလမ်းကို အသုံးပြု၍ ကျောက်နံရံပေါ်မှ သိုင်းကွက်များကို ထိပ်တိုက်ရင်ဆိုင်ရန် သူ့ဓားဆန္ဒကို အသုံးပြုလိုက်၏။

မကြာမီ ရင်းနှီးနေသော မြင်ကွင်း သူ့အသိစိတ်ပင်လယ်ထဲတွင် နောက်တစ်ကြိမ် ပေါ်လာသည်။

ရက်အနည်းငယ်အကြာတွင် ရှီးရွှမ် ဒုတိယကျောက်ခန်းမမှ ထွက်ခွာလာခဲ့၏။

ထို့နောက် တတိယ၊ စတုတ္ထ၊ ပဉ္စမ...

သတ္တမမြောက်ကျောက်ခန်းမအထိ ရှီးရွှမ်၏ ဓားဆန္ဒသည် ကျောက်နံရံပေါ်မှ သိုင်းကွက်များကို တစ်ကွက်တည်းဖြင့် ရှုံးနိမ့်သွားစေသည်။

ရှီးရွှမ် ကျောက်နံရံပေါ်မှ သိုင်းကွက်များကို ထိပ်တိုက်ရင်ဆိုင်ရန် ဓားဆန္ဒကို အသုံးပြုကာ သူ့အသိစိတ်ပင်လယ်အတွင်း၌ အဆက်မပြတ် တွေးတောနေ၏။

အချိန်များ တစ်ရက်ပြီးတစ်ရက် ကုန်လွန်သွားသည်။ မကြာမီ လူတိုင်း ကျောက်ခန်းမများထဲသို့ ဝင်ရောက်လာသည်မှာ ရက်ရှစ်ဆယ် ရှိသွားပြီဖြစ်၏။

ယနေ့တွင် ဒုတိယကျောက်ခန်းမ၌ လျန်ယီ ရုတ်တရက် သူ့မျက်လုံးများပြူးကျယ်သွားသည်။ ဓားဆန္ဒတစ်ခု ကျောက်နံရံဆီသို့ ပျံသန်းသွားပြီး ကျောက်နံရံပေါ်မှ သိုင်းကွက်များကို အနိုင်ယူကာ အော်ဟစ်လိုက်၏။

“ငါ နောက်ဆုံးတော့ ဓားဆန္ဒပြီးပြည့်စုံခြင်းအဆင့်ကို နားလည်သွားပြီ”

ထိုသို့ကျယ်လောင်သော အော်ဟစ်သံသည် မရေမတွက်နိုင်သောလူများ၏ အာရုံကို ဆွဲဆောင်သွားသည်။

ကျောက်ခန်းမများထဲသို့ ဝင်ရောက်လာသော ကျင့်ကြံသူများထဲတွင် အချို့သည် ဤနေရာ၌ သိသာထင်ရှားစွာ တိုးတက်မလာသဖြင့် နှစ်တစ်ထောင်ကြာ နေထိုင်ခဲ့ကြသူများ ဖြစ်၏။

ယခု လူငယ်လေးတစ်ဦး အကျိုးအမြတ်တစ်ခု ရရှိသွားသဖြင့် လူအများကို အံ့အားသင့်သွားစေသည်။

All Chapters