← Chapters

အခန်း ၄၂၀

Vol. 30 Ch. 420

အခန်း ၄၂၀

Vol. 30 Ch. 420

အပိုင်း(၄၂၀)

တစ်ချိန်တည်း၌... အနောက်ဘက် နတ်ဝိညာဉ်တောင်တော်တွင် ရူလိုင်ဘုရားသည် သူ၏ ကြာပန်းပလ္လင်ပေါ်တွင် ထိုင်နေ၏။ သူ၏ မျက်နှာ အမူအရာမှာ ပုံမှန်နှင့် မည်သို့မျှ ခြားနားခြင်း မရှိပေ။

ဗုဒ္ဓအလင်းတန်းများ လင်းလက်သွားပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် ကွမ်ယင်ဗောဓိသတ်သည် ခရမ်းရောင် ဝါးတောအုပ်မှ မဟာမိုးကြိုး ကျောင်းတော်သို့ အလျင်အမြန် ရောက်ရှိလာကာ ရူလိုင်ဘုရားအား ဦးညွှတ်လိုက်လေသည်။

"မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုးပူဇော်ပါတယ်ဘုရား... တပည့်တော်ရဲ့ အပြစ်တွေကို ဝန်ခံဖို့ ဒီနေ့ ရောက်လာခဲ့တာပါ... တပည့်တော်..."

"အောမိတော်ဖော..."

ကွမ်ယင်ဗောဓိသတ် စကားမဆုံးမီမှာပင် ရူလိုင်ဘုရားက ခေါင်းခါယမ်းလိုက်ပြီး ပြောလိုက်လေသည်။

"ကွမ်ယင်... ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေစရာ မလိုပါဘူး... ဖြစ်ပြီးတာတွေကလည်း ဖြစ်သွားခဲ့ပြီမို့… အပြစ်တင်ဖို့ ကြိုးစားနေတာက အဓိပ္ပာယ်မရှိဘူးလေ... အခု ငါတို့ စဉ်းစားသင့်တာက ဝူကျင်းကို ဘယ်လို ပြန်ခေါ်လာရမလဲ ဆိုတာပဲ... ကံကြမ္မာက ရွေးချယ်ထားတဲ့ ကျမ်းစာပင့်ဆောင်သူကို ကျရှုံးခွင့်ပြုလို့ မဖြစ်ဘူးလေ..."

ရူလိုင်ဘုရားက ခေတ္တမျှ ရပ်နားလိုက်ပြီး ဆက်ပြောလေသည်။

"အနောက်အရပ်ကို ကျမ်းစာပင့်ဆောင်မယ့် ခရီးစဉ်ဆိုတာက ပြင်ပကရော အတွင်းကပါ ဆင်းရဲဒုက္ခ အမျိုးမျိုးကို ရင်ဆိုင်ရဖို့ ရည်ရွယ်ထားတာပဲ... ဒီအဖြစ်အပျက်ကလည်း စမ်းသပ်မှုတစ်ခု မဟုတ်ဘူးလား..."

ရူလိုင်ဘုရား၏ ဤစကားများကို ကြားသောအခါ ကွမ်ယင်ဗောဓိသတ်၏ စိတ်ထဲတွင် အတွေးတစ်ခု လင်းလက်သွားလေသည်။

သူမသည် အခက်အခဲ ရှစ်ဆယ့်တစ်ပါးကို မည်သို့ စီစဉ်ရမည်နည်းဆိုသည်နှင့် ပတ်သက်၍ အမြဲတမ်း စိတ်ရှုပ်နေရသည် မဟုတ်ပါလော…။ ယခုအခြေအနေက ပြဿနာများနေသော်လည်း ၎င်းသည်လည်း စမ်းသပ်မှုတစ်ခုပင် မဟုတ်ပါလော…။

"အရှင်ဘုရား... မိစ္ဆာနယ်မြေက နောက်ကွယ်ကနေ မီးလောင်ရာ လေပင့် လုပ်နေခဲ့တာပါ... သူတို့ရဲ့ အကြံအစည်တွေက သေချာပေါက် ကြီးမားနေမှာပဲ... အခု ဝူကျင်းက မိစ္ဆာနယ်မြေထဲ ရောက်သွားပြီဆိုတော့ တပည့်တော်တို့ ကိုယ်တိုင် သွားရောက်ပြီး ခေါ်ဆောင်ရင်ရော..."

ခေတ္တမျှ ကွမ်ယင်က မဟာမိုးကြိုး ကျောင်းတော်မှ ဗုဒ္ဓများ ကိုယ်တိုင်ဝင် ရောက်စွက်ဖက်ကာ မိစ္ဆာနယ်မြေမှ ရှားဝူကျင်းအား ပြန်လည်ခေါ်ယူရန် အကြံပြု ပြောဆိုလိုက်လေသည်။

သို့သော်လည်း ရူလိုင်ဘုရားက ခေါင်းခါယမ်းလိုက်လေသည်။

"အောမိတော်ဖော... မိစ္ဆာနယ်မြေက လှုပ်ရှားလာပြီဆိုမှတော့… သူတို့က ဒီကိစ္စကို သေချာပေါက် ကာကွယ်ထားမှာပဲ..."

ရူလိုင်ဘုရားသည် ကွမ်းယင်ဗောဓိသတ်၏ အကြံပြုချက်ကို သဘောမတူကြောင်း ထင်ရှားနေပေသည်။

"ဒါဆိုရင်..."

အကယ်၍ နတ်ဝိညာဉ်တောင်တော်မှ ဗုဒ္ဓများ မသွားရောက်ရဘဲ ဝူကျင်းကလည်း မိစ္ဆာနယ်မြေ၏ နယ်နိမိတ်အတွင်း ရောက်ရှိနေမည်ဆိုလျှင် သူ့ကို မည်သို့ ပြန်လည်ခေါ်ယူနိုင်မည်နည်း။

ကွမ်းယင်ဗောဓိသတ် စိတ်သောကရောက်ကာ ခေါင်းငုံ့နေစဉ် ရူလိုင်ဘုရားက ရုတ်တရက် ပြောလိုက်လေသည်။

"အောမိတော်ဖော... အခက်အခဲ ရှစ်ဆယ့်တစ်ပါးဆိုတာက ကောင်းကင်ဘုံက သတ်မှတ်ပြဋ္ဌာန်းထားတဲ့ စမ်းသပ်မှုတွေပဲ... ဒါက အနောက်အရပ်ခရီးစဉ်ရဲ့ စမ်းသပ်မှုတစ်ခု ဖြစ်နေမှတော့… သူတို့ဘာသာသူတို့ ဖြေရှင်းကြပါစေလေ..."

ရူလိုင်ဘုရား၏ စကားများကို ကြားသောအခါ ကွမ်းယင်ဗောဓိသတ်မှာ အံ့အားသင့်သွားပြီး အကြံပြုချက်ကို မယုံကြည်နိုင်စွာဖြင့် မျက်လုံးများ ပြူးကျယ်သွားလေသည်။

"ရှင်... စွန်းဝူခုန်းနဲ့ ရွှမ်ကျန်းတို့ကို သူတို့ဘာသာ ဖြေရှင်းခိုင်းမယ် ဟုတ်လား... သူတို့ရဲ့ စွမ်းဆောင်ရည်တွေနဲ့ ဘယ်လိုလုပ်ပြီး..."

နတ်ဝိညာဉ်တောင်တော်မှ ဗုဒ္ဓများ ကိုယ်တိုင် ဝင်ရောက်စွက်ဖက်လျှင်ပင် အောင်မြင်မည်ဟု အာမခံချက် မရှိချေ။ ရွှမ်ကျန်းနှင့် အခြားသူများက မည်သို့ စွမ်းဆောင်နိုင်မည်နည်း။ ယင်းက မည်သို့ ဖြစ်နိုင်မည်နည်း။

"နတ်စွမ်းရည်တွေက ကံကြမ္မာကို မယှဉ်နိုင်ပါဘူး... ဝူကျင်းဟာ အနောက်အရပ်ခရီးစဉ်အတွက် ရွေးချယ်ခံရသူတစ်ယောက်ဖြစ်ပြီး… ရွှမ်ကျန်းနဲ့ အခြားသူတွေကလည်း ကံကြမ္မာရဲ့ ကောင်းချီးပေးခံထားရသူတွေပဲ... ဒီတာဝန်ကို သူတို့တွေပဲ ပြီးမြောက်အောင် လုပ်နိုင်တာမျိုး ဖြစ်နိုင်ပါတယ်..."

"နောက်ပြီး ငါတို့က ဝင်ရောက်စွက်ဖက်ပြီး ဝူကျင်းကို အတင်းအကျပ် ပြန်ခေါ်လာမယ် ဆိုရင်တောင်… သူ့ရဲ့ စိတ်နှလုံးက ပါမလာဘူးဆိုရင် သူ့ကို ဘယ်လိုလုပ် ဆက်နေခိုင်းလို့ ရမှာလဲ... ကံကောင်းတာက အနောက်အရပ်ကို ကျမ်းစာပင့်ဆောင်မယ့် အဖွဲ့သားတွေကြားမှာ နက်ရှိုင်းတဲ့ သံယောဇဉ်တွေ ရှိနေတာမို့… ဒါက အသုံးဝင်လာနိုင်တယ်လေ..."

ရူလိုင်ဘုရားက အမြဲတမ်းလိုပင် တည်ငြိမ်နေလေသည်။ ဤစကားများက ကွမ်ယင်အား ကျန်းလျိုအပေါ်ထားရှိသော ရှားဝူကျင်း၏ ခံစားချက်များကိုရော ရှားဝူကျင်းကို တားဆီးရန် ကြိုးပမ်းစဉ်အတွင်း စွန်းဝူခုန်း ဒဏ်ရာရသွားခဲ့သည့် မြင်ကွင်းကိုပါ သတိရသွားစေလေသည်။

သေချာစွာ စဉ်းစားကြည့်ပြီးနောက် ကွမ်းယင်ဗောဓိသတ်သည် သူမ အလကားသက်သက် စိုးရိမ်ပူပန်နေခဲ့မိကြောင်း ရုတ်တရက် သဘောပေါက်သွားလေသည်။

အမှန်ပင် ရွှမ်ကျန်းနှင့် သူ၏ အပေါင်းအပါများသည် ကံကြမ္မာက ရွေးချယ်ထားသူများဖြစ်ကြပြီး သူတို့၏ ကံကြမ္မာများမှာ တစ်ဦးနှင့်တစ်ဦး ရောယှက်နေကြပေသည်။ ဝူကျင်းကို သူတို့ဘာသာ ပြန်ခေါ်ခိုင်းခြင်းက မှန်ကန်ပေလိမ့်မည်။

"အောမိတော်ဖော... မြတ်စွာဘုရားရဲ့ လမ်းညွှန်မှုအတွက် ကျေးဇူးတင်ပါတယ်ဘုရား... အခု ဘာလုပ်ရမယ်ဆိုတာ တပည့်တော်မ သိပါပြီ..."

စိတ်အာရုံများ ပိုမို ရှင်းလင်းသွားပြီးနောက် ကွမ်ယင် ဗောဓိသတ်က လက်အုပ်ချီကာ ရူလိုင်ဘုရားအား လျှောက်ထားလိုက်လေသည်။

ထို့နောက်တွင်တော့ ဗောဓိသတ်မှာ လှည့်ထွက်ကာ မဟာမိုးကြိုး ကျောင်းတော်မှ ထွက်ခွာသွားပြီး လိုအပ်သောအရာများကို စီစဉ်ရန် စတင်ဆောင်ရွက်လေတော့သည်။

...

နတ်စံအိမ်တော် အတွင်း၌ အားလုံး ကိုယ်ပိုင်အခန်းများဆီသို့ အနားယူရန် သွားကြသော်လည်း မည်သူမျှ အိပ်မပျော်နိုင်ခဲ့ကြချေ။ ကျန်းလျိုသည် တင်ပျဉ်ခွေ ထိုင်နေသော်လည်း ကျင့်စဉ် ဆက်လက်ကျင့်ကြံခြင်း မပြုပါချေ။ သူ၏ စိတ်ထဲတွင် စောစောက အဖြစ်အပျက်များဖြင့်သာ လွှမ်းမိုးနေလေသည်။

ခေတ္တမျှ တွေးတောပြီးနောက် ကျန်းလျိုသည် ရှုပ်ထွေးနေသော အတွေးများကို ခေါင်းခါထုတ်လိုက်ကာ ဘေးဖယ်ထားလိုက်ပြီး သူ၏ သိုလှောင်ခန်းကို ဖွင့်လိုက်လေသည်။

အရောင်အသွေး စုံလင်သော ရတနာသေတ္တာ တစ်လုံးကို ထိုနေရာ၌ ရှိနေလေသည်။

၎င်းသည် အတွေ့အကြုံမှတ် သန်း ၈၀ တန်ဖိုးရှိသော တာဝန်တစ်ခု ပြီးမြောက်ခြင်းမှ ရရှိသည့် ဆုလာဘ်တစ်ခု ဖြစ်သည်။

နတ်အဆင့် ရတနာသေတ္တာ...

ဤသည်မှာ ကျန်းလျိုအနေဖြင့် ဤမျှလောက်သော ရတနာသေတ္တာမျိုးကို ပထမဆုံးအကြိမ် ရရှိဖူးခြင်း ဖြစ်သည်။ အမည်က ညွှန်းဆိုနေသည့်အတိုင်း နတ်အဆင့် ရတနာသေတ္တာကို ဖွင့်လိုက်ပါက နတ်အဆင့် လက်နက်ကိရိယာ သို့မဟုတ် ပစ္စည်းများကို သေချာပေါက် ရရှိမည် ဖြစ်သည်။

ရတနာသေတ္တာ ဖွင့်ဖူးသည်မှာ ပထမဆုံးအကြိမ် မဟုတ်သော်ငြားလည်း နတ်အဆင့် သေတ္တာတစ်လုံးကို ဖွင့်ဖူးသည်ကတော့ ပထမဆုံးအကြိမ် ဖြစ်ပေသည်။

ကျန်းလျိုသည် အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းလိုက်လေသည်။ တိတ်ဆိတ်နေသော အခန်းတွင်း၌ သူ၏ နှလုံးခုန်သံကိုပင် သူ ရှင်းလင်းစွာ ကြားနေရသည့်အလား ထင်မှတ်ရပေသည်။ ထို့နောက် ဤအရောင်အသွေးစုံလင်သော ရတနာသေတ္တာပေါ်သို့ သူ၏ လက်ဝါးကို တင်လိုက်ပြီး သေတ္တာအဖုံးကို ဖြည်းညှင်းစွာ မတင်လိုက်လေသည်။

နတ်အဆင့် လက်နက်ကိရိယာ တစ်ခုများလော။ အသုံးအဆောင် ပစ္စည် တစ်ခုများလော။ ဘာဖြစ်နိုင်မည်နည်း။

ဖန်ကူးအလံလား။ ထိုက်ကျိ ပုံကြမ်းလား။ နတ်သတ် ဓားဝင်္ကပါလား။ ဒါမှမဟုတ် အရှေ့ဧကရာဇ် ခေါင်းလောင်းများလား။

မျှော်လင့်ချက်အပြည့်ဖြင့် ကျန်းလျိုသည် နတ်အဆင့် ရတနာသေတ္တာကို အပြည့်အဝ ဖွင့်လိုက်ခိန်တွင် သူ၏ မျှော်လင့်တကြီးဖြစ်နေသော မျက်နှာထားမှာ ရုတ်တရက် အေးခဲသွားခဲ့ရလေသည်။

"ဟမ်... ဒါကြီးက ဘာအမှိုက်ကြီးလဲကွ..."

အကြောင်းမူကား သေတ္တာထဲရှိ ပစ္စည်းမှာ လက်နက်ကိရိယာ မဟုတ်ဘဲ ရွှေရောင်တောက်ပနေပြီး ခွေးတစ်ကောင်ကိုပင် မျက်စိကန်းသွားစေလောက်အောင် တောက်ပနေသည့် ဆေးရည်တစ်ပုလင်း ဖြစ်နေသောကြောင့်ပင်။

သို့သော် ၎င်းက ဆေးရည်ဖြစ်နေမှတော့ တစ်ခါသုံးပစ္စည်း ဖြစ်နေမည် မဟုတ်ပါလော…။ တစ်ခါသုံးလိုက်သည်နှင့် ကုန်ဆုံးသွားမည်သာ ဖြစ်သည်။

အလွန်အမင်း စိတ်ပျက်သွားသဖြင့် ကျန်းလျိုသည် ဘာမှမတတ်နိုင်စွာဖြင့် ခေါင်းခါယမ်းလိုက်ပြီး သေတ္တာထဲမှ ဆေးရည်ကို ထုတ်ယူလိုက်လေသည်။ သူ၏ အကြည့်များက ဆေးရည်ပေါ်သို့ ကျရောက်သွားသည်နှင့် တစ်ပြိုင်နက် သက်ဆိုင်ရာ အချက်အလက်များက ကျန်းလျို၏ရှေ့တွင် ချက်ချင်း ပေါ်လာလေသည်။

တောက်ပသည့် အဆင့်မြှင့်တင်ရေး နတ်ဆေး (တစ်ခါသုံး) - သောက်သုံးပြီးနောက်၊ ကျွမ်းကျင်မှုစွမ်းရည် အားလုံး၏ မာနာ သုံးစွဲမှုကို ၁၀၀ ရာခိုင်နှုန်း လျှော့ချပေးမည်။ ကျွမ်းကျင်မှုစွမ်းရည် အားလုံးနှင့် လက်နက်ကိရိယာ အထူးစွမ်းရည်များ၏ ပြန်လည်အသုံးပြုရန် စောင့်ဆိုင်းချိန်ကို ၉၀ ရာခိုင်နှုန်း လျှော့ချပေးမည်။ ရွေ့လျားမှုအမြန်နှုန်းကို ၆၀ ရာခိုင်နှုန်း တိုးမြှင့်ပေးမည်။ တိုက်ခိုက်ရေး အမြန်နှုန်းကို ၁၀၀ ရာခိုင်နှုန်း တိုးမြှင့်ပေးမည်။ ခံနိုင်ရည်နှင့် ထိန်းချုပ်ခံရမှု လျှော့ချခြင်းကို ၂၅ ရာခိုင်နှုန်း တိုးမြှင့်ပေးမည်။ အပြင်းအထန် တိုက်ခိုက်မှုများ က ၂၅ ရာခိုင်နှုန်း အပိုဆောင်း ထိခိုက်မှု ဖြစ်စေမည်။ နဂါးမျိုးနွယ်အပေါ် ခံနိုင်ရည်ကို ၃၅ ရာခိုင်နှုန်း တိုးမြှင့်ပေးမည်။ ကြာချိန် ၁ မှ ၇၂၀၀ စက္ကန့်။

"ဟာ... သောက်ရမ်း မိုက်လှချည်လား..."

ဤနတ်ဆေးဟု ခေါ်ဆိုသော အရာ၏ အစွမ်းသတ္တိများကို မြင်သောအခါ ကျန်းလျိုမှာ ဆွံ့အသွားပြီး လုံးဝ ဇဝေဇဝါဖြစ်စွာဖြင့် စွမ်းရည်စာရင်းများကိုသာ စိုက်ကြည့်နေမိလေသည်။

အမှန်ပင် ဤနတ်ဆေးသည် အမည်နှင့် လိုက်ဖက်လှစွာ သူဌေးများကိုပင် မျက်စိကန်းသွားစေနိုင်လောက်အောင် စွမ်းဆောင်နိုင်စွမ်း ရှိပေသည်။

ကျွမ်းကျင်မှုစွမ်းရည် အားလုံး၏ မန်နာ သုံးစွဲမှုကို ၁၀၀ ရာခိုင်နှုန်း လျှော့ချပေးတယ် ဟုတ်သလော… ထိုအရာက ဘာကုန်ကျစရိတ်မှ မရှိဘဲ စွမ်းရည်တွေကို လွတ်လွတ်လပ်လပ် သုံးလို့ရတယ်ဆိုတဲ့ အဓိပ္ပာယ် မဟုတ်ပါလော။

ထို့အပြင်...

စွမ်းရည်တွေအားလုံး လက်နက်ကိရိယာ အထူးစွမ်းရည်တွေ အပါအဝင် ပြန်လည်အသုံးပြုရန် စောင့်ဆိုင်းချိန်ကို ၉၀ ရာခိုင်နှုန်းတောင် လျှော့ချပေးသည်လော။

ထိုအရာက အဓိက အရေးကြီးဆုံးအချက် မဟုတ်ပါလော။

ပြန်လည်အသုံးပြုရန် စောင့်ဆိုင်းချိန် စက္ကန့် ၃၀ ရှိသော သူ၏ ဝစီပိတ်တရား အကြောင်းကို တွေးကြည့်လိုက်ရာ စောင့်ဆိုင်းချိန် ၁၀ ရာခိုင်နှုန်းသာ ရှိတော့မည်ဆိုလျှင် မည်သို့ အဓိပ္ပာယ်သက်ရောက်မည်နည်း… ၃ စက္ကန့်တိုင်း ဝစီပိတ်တရား တစ်ခါ သုံးလို့ရမည် မဟုတ်ပါလော။

သူ ကျွမ်းကျင်မှုစွမ်းရည် စာရင်းကို ဆွဲဖွင့်လိုက်ပြီး သူ၏ စွမ်းရည်များကို ကြည့်ကာ ၎င်းတို့၏ ပြန်လည်အသုံးပြုရန် စောင့်ဆိုင်းချိန်များကို ၉၀ ရာခိုင်နှုန်း လျှော့ချလိုက်ပါက ဖြစ်လာမည့် အကျိုးဆက်များကို တွေးတောကြည့်လိုက်လေသည်။

နှုတ်ပိတ်ခြင်းတရား ကို ၃ စက္ကန့်လျှင် တစ်ကြိမ်...

ဝရဇိန်ဂါထာ စွမ်းရည်ကို တစ်ကြိမ်သုံးလျှင် ထိခိုက်မှု ၈၀ ရာခိုင်နှုန်း ကာကွယ်နိုင်စွမ်း လေးကြိမ် ရရှိမည့်အပြင် ၅ စက္ကန့် တစ်ကြိမ် သုံးနိုင်မည် ဖြစ်သည်။

ကွမ်းယင် ဂါထာကို ၆၀ စက္ကန့်မှာ တစ်ကြိမ်...

ကုသခြင်း လက်ဝါးကို စက္ကန့် ၁၂၀ မှာ တစ်ကြိမ်၊ သိုးအသွင်ပြောင်း နည်းစနစ် က စက္ကန့် ၃၀ တွင် တစ်ကြိမ်…

ထို့အပြင်... တောက်ပသည့် ဖိနပ်၏ ချက်ချင်း နေရာရွှေ့ပြောင်းနိုင်တဲ့ စွမ်းရည်ကို ၃၀ စက္ကန့် တစ်ကြိမ် သုံးလို့မည် ဖြစ်သည်။

လက်ဝါးမိုးကြိုး ရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကတော့ ၆ စက္ကန့် တစ်ကြိမ် ဖြစ်သည်။

ထို့အပြင် တိုက်ခိုက်ရေး အမြန်နှုန်း တိုးမြှင့်ခြင်း၊ ရွေ့လျားမှုအမြန်နှုန်း တိုးမြှင့်ခြင်း၊ ခံနိုင်ရည်နှင့် ထိန်းချုပ်ခံရမှု လျှော့ချခြင်း၊ အပြင်းအထန် တိုက်ခိုက်မှု အပိုဆောင်းခြင်း၊ နဂါးမျိုးနွယ်အပေါ် ခံနိုင်ရည်ရှိခြင်း စသည့် ရှုပ်ယှက်ခတ်နေသော အကျိုးသက်ရောက်မှုများစွာလည်း ရှိသေးလေသည်။

၁ မှ ၇၂၀၀ စက္ကန့် ဆိုသည်မှာကား ရှင်းလင်းနေပေသည်။ အချိန်မည်မျှ ကြာရှည်ခံမည်ဆိုသည်မှာ သူ မည်မျှ သောက်သုံးလိုက်သည်အပေါ် မူတည်နေမည် ဖြစ်သည်။

အကယ်၍ သူသာ တစ်ကျိုက်တည်း အကုန်သောက်လိုက်မည်ဆိုပါက ကြာချိန် ၂ နာရီတိတိ ရရှိမည် ဖြစ်ပေသည်။

"ဒီဆေးရည်က... တကယ်ကို နတ်ဆေးစစ်စစ်ပဲ... ဒီဆေးရည်သာရှိရင် အဖွဲ့လိုက် တိုက်ပွဲတွေမှာ မိစ္ဆာနှိမ်နင်းရေး ဂါထာ ကို ၆ စက္ကန့်တစ်ခါ အဆင့်မြှင့်သုံးနိုင်မယ်... ခန္ဓာကိုယ် ကာကွယ်ရေး ဂါထာကို ၆ စက္ကန့်တစ်ခါ အဆင့်မြှင့်သုံးနိုင်မယ်... ကုသတာတွေ ထိန်းချုပ်တာတွေနဲ့ဆိုရင် ငါက ပြိုင်ဘက်ကင်း အထောက်အပံ့စွမ်းရည် တွေ ပေးနိုင်တဲ့သူ ဖြစ်မသွားဘူးလား..."

အစပိုင်းတွင် သေတ္တာထဲ၌ ဆေးရည်တစ်ပုလင်းသာ ပါသည်ကို မြင်ရ၍ ကျန်းလျိုသည် အလွန်အမင်း စိတ်ပျက်ခဲ့ရသော်လည်း ဤတကယ့် ဆေးရည်၏ မျက်စိကန်းလောက်အောင် အစွမ်းထက်လှသော အချက်အလက်များကို မြင်လိုက်ရသောအခါ သူ၏ ရင်ထဲတွင် အံ့ဩမှင်တက်သွားခဲ့ရလေတော့သည်။

***

All Chapters