← Chapters

အခန်း ၁၇၁

Vol. 18 Ch. 171

အခန်း ၁၇၁

Vol. 18 Ch. 171

အခန်း (၁၇၁) ပင်လယ်ရေမှော်က လည်ပင်းကြီးရောဂါကို ကာကွယ်ပေးနိုင်ခြင်း

ချောမွေ့နွေးထွေးသော နို့လက်ဖက်ရည်သည် ပါးစပ်ထဲသို့ ဝင်ရောက်သွားကာ ၎င်း၏ နို့အရသာမှာ ပြည့်ဝပြီး လက်ဖက်ရည်ရနံ့မှာ လန်းဆန်းကာ ချိုမြိန်နေခဲ့လေသည်။။

"အရမ်းကောင်းတာပဲ... မွှေးကြိုင်ပြီး ချိုနေတာပဲ..."

ဒုတိယမရီးဖြစ်သူ လျူယွဲ့ထုံက ပြုံးလျက် ချီးကျူးလိုက်လေသည်။။

"ဟင်..."

မရီးဖြစ်သူ ဖုန်းမင်ယွီမှာ အံ့အားသင့်စွာ ကြည့်လျက် သူမ၏ပါးစပ်ကို အုပ်ထားလိုက်ပြီး...။

"ဒီနူးညံ့ပြီး စေးကပ်နေတဲ့ ဟာက ဘာပါလိမ့်..."

"မရီး...ဒါအရာက ပုလဲနက်လို့ ခေါ်ပါတယ်... အဲ့ဒါက ကျွန်မ အကြိုက်ဆုံးပဲ..."

ထျန်ရှောင်ယာသည် ပုလဲကို ဝါးရင်း ကျေနပ်သော မျက်နှာထားဖြင့် ပြောလိုက်လေသည်။။

"ပုလဲ..."

မရီးဖြစ်သူ ဖုန်းမင်ယွီသည် တိုးညှင်းစွာ ရေရွတ်လိုက်ပြီး အနည်းငယ် ကိုက်စားကြည့်လိုက်လေ၏။။ သူမသည် နူးညံ့ပြီး စေးကပ်နေသော အထိအတွေ့ကြောင့် ချက်ချင်းပင် အံ့ဩသွားခဲ့ကာ ခေါင်းကို ဆက်တိုက်ညိတ်ပြလိုက်ပြီး...။

"ဒီအထိအတွေ့က တော်တော်လေး ထူးခြားတာပဲ... စေးကပ်နေတာကလေ ဘာနဲ့တူလဲဆိုတော့..."

သူမသည် အချိန်အတော်ကြာအောင် စဉ်းစားနေခဲ့သော်လည်း ဖော်ပြရန် သင့်လျော်သော စကားလုံးကို ရှာမတွေ့ခဲ့သဖြင့် ရှက်ကိုးရှက်ကန်းဖြင့် ပြုံးပြရုံသာ တတ်နိုင်ခဲ့ပေတော့သည်။။

ထိုအရာကို မြင်သောအခါ ကျိုးချန်ယီသည် သူ၏ဇနီးအနီးသို့ အမြန်ကပ်သွားကာ ပြုံးလျက် ပြောလိုက် လေသည်...။

"မိန်းမ... ငါ တစ်ငုံလောက် သောက်ကြည့်လို့ ရမလား..."

လျူယွဲ့ထုံသည် ရုတ်တရက် အနီးသို့ ရောက်လာသော ကျိုးချန်ယီကို ကြည့်ကာ မျက်နှာနီမြန်းသွားခဲ့ပြီး အနည်းငယ် နေရခက်သော အသံဖြင့် ပြောလိုက်လေတော့သည်...။

"ဒါပေမဲ့... ဒါပေမဲ့ ငါ သောက်ထားပြီးပြီလေ..."

"စိတ်မပူပါနဲ့... ငါ အရသာလေးမြည်းကြည့်ရုံတင်ပါ..."

ကျိုးချန်ယီသည် သူ၏ဇနီးက သူ့အား မသောက်စေချင်ဟု ထင်သွားခဲ့ကာ သူ တစ်ငုံသာ သောက်မည် ဖြစ်ကြောင်း သူမအား ဆက်တိုက် အာမခံနေခဲ့လေ၏။။

သူမ၏ ယောက်ျားဖြစ်သူ၏ မသိနားမလည်သော အပြုအမူကို မြင်လိုက်ရသောအခါ လျူယွဲ့ထုံမှာ ရှက်ရွံ့နေခြင်းကို မေ့သွားခဲ့ပြီး မျက်လုံးကို တိတ်ဆိတ်စွာ လှန်ပြလိုက်ကာ သူ၏လက်ထဲသို့ နို့ လက်ဖက်ရည်ကို ကမ်းပေးလိုက်လေသည်...။

"ရော့... သောက်လိုက်တော့..."

အခန်းထဲရှိ အခြားသူများမှာ ထိုလူငယ်စုံတွဲ၏ ချစ်ခင်ကြင်နာနေမှုများကို မြင်လိုက်ရသောအခါ ဘာကို မှ မမြင်လိုက်ရသကဲ့သို့ ဟန်ဆောင်ကာ အခြားတစ်ဖက်သို့ လိမ္မာပါးနပ်စွာ အကြည့်လွှဲသွားခဲ့ကြလေ သည်။။

ကျိုးချန်ယီမှာမူ အခြားသူများ မည်သို့တွေးမည်ကို ဂရုမစိုက်ခဲ့ပေ။။ သူသည် နို့လက်ဖက်ရည်ကို အရ သာခံကာ တစ်ငုံကြီး သောက်လိုက်ပြီး နူးညံ့ကာ စေးကပ်နေသော ပုလဲနက်များကို ဝါးစားရင်း ခေါင်းကို ဆက်တိုက်ညိတ်ပြလိုက်သည်...။

"အင်း... အရမ်းကောင်းတာပဲ... မင်း ဒါကို သိပ်ကြိုက်နေတာလည်း အံ့ဩစရာ မဟုတ်တော့ပါဘူး..."

လျူယွဲ့ထုံသည် သူ၏စကားကြောင့် ပို၍ ရှက်ရွံ့သွားခဲ့ကာ သူ၏ပခုံးကို ညင်သာစွာ ပုတ်လိုက်ပြီး ပြော လိုက်လေသည်...။

"သောက်မှာသာ သောက်စမ်းပါ... စကားနည်းနည်းလျှော့ပြော..."

အခန်းထဲရှိ လူများမှာ နောက်ဆုံးတွင် မနေနိုင်တော့ဘဲ တိုးညှင်းစွာ ရယ်မောလိုက်ကြသဖြင့် လေထုမှာ ပို၍ပင် အသက်ဝင်လာခဲ့တော့သည်။။

"လာကြ... အားလုံးပဲ ဒီကဏန်းတွေကို စားကြည့်ကြပါဦး... ဒီရာသီမှာ ကဏန်းတွေက ဆောင်းဦးရာသီ ပွဲတော်လောက် မဆူဖြိုးပေမယ့် အရသာကတော့ မဆိုးပါဘူး... ကျွန်တော် အကုန်စစ်ကြည့်ပြီးပြီ... ကဏန်းဥတွေ တော်တော်လေး များတယ်..."

ကျိုးချန်ယဲ့သည် အမြန်ပြုံးကာ အခြေအနေကို ဝင်ထိန်းပေးလိုက်ပြီး အားလုံးကို စတင်စားသောက်ကြ ရန် အမူအရာဖြင့် ပြသလိုက်လေသည်။။

ထို့နောက် သူသည် ကဏန်းတစ်ကောင်ကို ကောက်ကိုင်လိုက်ကာ သွက်လက်သေချာသော လှုပ်ရှားမှု များဖြင့် သူ၏ဇနီးအတွက် စတင်အခွံခွာပေးလိုက်လေသည်။

အချိန်တိုအတွင်းမှာပင် နှင်းကဲ့သို့ ဖြူဖွေးနေသော ကဏန်းအသားများနှင့် ဆူဖြိုးနေသော ကဏန်းဥများ ကို သူ ထုတ်ယူလိုက်ပြီး ထျန်ရှောင်ယာ၏ ပန်းကန်လုံးထဲသို့ သပ်ရပ်စွာ ထည့်ပေးလိုက်လေသည်။။

အခန်းထဲရှိ အခြားသူများက ၎င်းကို မြင်သောအခါ ၎င်းတို့မှာ အားနာမနေကြတော့ဘဲ ဇလုံထဲမှ ကဏန်း များကို အားလုံးစတင် ကောက်ယူလိုက်ကြလေသည်။။ အချိန်တိုအတွင်းမှာပင် အခန်းတစ်ခုလုံး၌ ကဏန်းအခွံခွာသည့် အသံများဖြင့် ပြည့်နှက်သွားခဲ့ကာ တော်တော်လေး စည်ကားသွားခဲ့ပေသည်။။

ထျန်ရှောင်ယာ၏ ပန်းကန်လုံးထဲရှိ ကဏန်းသားပုံကြီးကို ကြည့်ကာ ကျိုးချန်ယဲ့က ညင်သာစွာ သတိ ပေးလိုက်သည်...။

"ကဏန်းက သဘာဝအရ အေးတယ်... ဒါကြောင့် အရသာသိရုံလေး နည်းနည်းပဲ စားနော်..."

"ဒီနေ့ချက်ထားတဲ့ ကြက်ဥနဲ့ ပင်လယ်ရေမှော် ဟင်းချိုက အရမ်းကောင်းတယ်... များများသောက် ပေးနော်... ကျန်းမာရေးအတွက် ကောင်းတယ်..."

ထိုသို့ပြောပြီးနောက် သူသည် ဟင်းချိုခပ်သည့် ဇွန်းကိုကိုင်ကာ ပူနွေးနေသော ပင်လယ်ရေမှော် ဟင်းချို တစ်ပန်းကန်ကို ခပ်ယူလိုက်ပြီး သူမ၏ဘေး၌ ညင်သာစွာ ချထားပေးလိုက်လေသည်။

၎င်းကို မြင်သောအခါ ကျိုးချန်ဟွမ်ကလည်း ပင်လယ်ရေမှော် ဟင်းချိုတစ်ပန်းကန်ကို ခပ်ယူလိုက်ပြီး တစ်ငုံငယ်မျှ သောက်လိုက်ကာ နှုတ်ခမ်းကိုသပ်လျက် ချီးကျူးလိုက်လေသည်...။

"ဒီဟင်းချိုက တကယ်ကောင်းတာပဲ... လူကို နေလို့တော်တော်လေး ကောင်းသွားစေတယ်..."

ကျိုးချန်ယဲ့က ပြုံးလျက် ပြန်ပြောလိုက်လေသည်...။

"ပင်လယ်ရေမှော်တွေ အများကြီး ကျန်ပါသေးတယ်... နောက်ကျရင် အားလုံးပဲ အိမ်ကို နည်းနည်းစီ ယူသွားလို့ရတယ်..."

"မနက်တိုင်း တစ်ဆုပ်လောက်ယူပြီး ဟင်းချိုလုပ်သောက်ကြပါ... ပုံမှန်သောက်ပေးရင် လည်ပင်းကြီး ရောဂါကိုတောင် ကာကွယ်ပေးနိုင်ပြီး ကျန်းမာရေးအတွက်လည်း ကောင်းတယ်..."

"ပင်လယ်ရေမှော် စားတာက လည်ပင်းကြီးရောဂါကို ကာကွယ်ပေးနိုင်တယ်..."

ကျိုးချန်ဟွမ်မှာ မယုံနိုင်သော မျက်နှာထား ဖြစ်သွားခဲ့လေသည်။။ အကယ်၍ ၎င်းသည် အမှန်တကယ် သာ အစွမ်းထက်ပါက ကလေးမည်မျှလောက် ဒုက္ခခံစားရမှု နည်းပါးသွားပြီး မိသားစုမည်မျှလောက်ကို ကယ်တင်နိုင်မည်နည်း။။

အစိုးရမှ နှစ်စဉ် ကောက်ယူထားသော စာရင်းအင်းများကို ကြည့်ရသည်မှာ ရင်ကွဲဖွယ်ရာ ကောင်းလှ သော်လည်း ၎င်းအတွက် မည်သို့မျှ မတတ်နိုင်ခဲ့ချေ။။

အကယ်၍ ပင်လယ်ရေမှော်သည် ထိုမျှလောက် အမှန်တကယ် အစွမ်းထက်ပါက အလွန်တရာ အံ့ဩ ဖွယ်ကောင်းသော ကိစ္စတစ်ခု ဖြစ်လာပေလိမ့်မည်။။

ကျိုးချန်ယဲ့က ခေါင်းညိတ်လိုက်ပြီး သူ၏လေသံမှာ အလွန်တရာ သေချာနေခဲ့လေသည်...။

"တကယ် အစွမ်းထက်ပါတယ်... ဒီပြဿနာက အိုင်အိုဒင်း ချို့တဲ့မှုကြောင့် အဓိကဖြစ်ရတာပါ... ပင်လယ်ရေမှော်မှာ အိုင်အိုဒင်း ကြွယ်ဝစွာ ပါဝင်လို့ ပုံမှန်စားပေးရင် လည်ပင်းကြီးရောဂါကို ကာကွယ် ပေးနိုင်ပါတယ်..."

ကျိုးချန်ဟွမ်သည် အတည်ပြုချက် ရရှိသွားသည်နှင့် သူ၏တပ်ဖွဲ့သို့ ချက်ချင်းပျံသန်းသွားကာ အထက် အရာရှိများထံ ဤသတင်းကောင်းကို အစီရင်ခံရန် မစောင့်ဆိုင်းနိုင်တော့ချေ။။

"ရှောင်ယဲ့... ပြည်သူတွေကိုယ်စား မင်းကို ကျေးဇူးတင်ပါတယ်..."

သူ စကားပြောဆိုပြီးသည်နှင့် တစ်ပြိုင်နက် ကျိုးချန်ဟွမ်သည် မတ်မတ်ရပ်လိုက်ကာ ကျိုးချန်ယဲ့အား စစ်ဘက်ဆိုင်ရာ အလေးပြုခြင်းဖြင့် လေးနက်စွာ အလေးပြုလိုက်လေသည်။။

"အစ်ကိုကြီး..."

ကျိုးချန်ယဲ့သည်လည်း မသိစိတ်အရ မတ်တပ်ရပ်လိုက်မိလေသည်။။

ရိုးသားစွာ ဆိုရလျှင် သူသည် အလွန်အမင်း တုန်လှုပ်သွားခဲ့ပေ၏။။ နှောင်းခေတ်ကာလမှ လာခဲ့သော သူ၏အတွက်မူ ဤကဲ့သို့သော အခြေခံ ဗဟုသုတမှာ အလွန်တရာ ရိုးရှင်းသော အရာတစ်ခုသာ ဖြစ်နေ ခဲ့လေသည်။။

သို့ရာတွင် ဤအချိန်၌မှသာလျှင် သူ အရေးမပါဟု ယူဆထားသော အသိအမြင်တစ်ခုသည် လောကရှိ လူများစွာ၏ ကံကြမ္မာကို ပြောင်းလဲသွားစေနိုင်ကြောင်းကို သူ အမှန်တကယ် နားလည်သဘောပေါက် သွားခဲ့လေတော့သည်။။

ယခင်ကမူ သူသည် ဤစနစ်နေရာလွတ်အား သူ၏မိသားစုဘဝ တိုးတက်စေရန် နည်းလမ်းတစ်ခု အဖြစ်နှင့် သူ၏ဇနီး၊ သားသမီးများနှင့် ဆွေမျိုးများကို ကာကွယ်ပေးရန်အတွက် ယုံကြည်မှု ရင်းမြစ် တစ်ခုအဖြစ်သာ တွေးတောထားခဲ့လေသည်။။

နှောင်းခေတ်လူများအတွက် အလွန်တရာ ရိုးရှင်းနေမည့် ဤဗဟုသုတသည် လူများစွာကို အမှန်တကယ် ကူညီပေးနိုင်ပြီး ရေတွက်မရနိုင်သော မိသားစုများကိုပင် ကယ်တင်နိုင်မည်ဟု ၎င်းတို့ တစ်ခါမျှ မတွေး ထင်ထားခဲ့မိချေ။။

သူ၏ အစ်ကိုကြီး၏ လေးနက်သော စစ်ရေးအလေးပြုခြင်းကို ကြည့်ကာ အိုင်အိုဒင်း ချို့တဲ့မှုကြောင့် ဝေဒနာခံစားနေရသော ကလေးများနှင့် မိသားစုများကို တွေးတောမိသောအခါ ကျိုးချန်ယဲ့သည် ယခင် က တစ်ကြိမ်တစ်ခါမျှ မခံစားဖူးသော တာဝန်ဝတ္တရားများကို ရုတ်တရက် ခံစားလိုက်ရလေတော့သည်။။

မူလက သူ အလိုချင်ဆုံးအရာမှာ အေးချမ်းသော ဘဝတစ်ခုသာ ဖြစ်သော်လည်း ထိုအတွေးမှာ ဤအချိန် လေးအတွင်းမှာပင် တိတ်ဆိတ်စွာ ပြောင်းလဲသွားခဲ့လေပြီ။။

————————————

မသိလိုက်မသိဘာသာဖြင့်ပင် ကျိုးချန်ဟွမ် သူ၏တပ်ဖွဲ့သို့ ပြန်ရမည့်အချိန်သို့ ရောက်ရှိလာခဲ့ရာ ကျိုးချန်ယဲ့က သူ့အား ပို့ဆောင်ပေးရန် ရထားဘူတာရုံသို့ အထူးတလည် လိုက်သွားခဲ့လေသည်။။

"အစ်ကိုကြီး... ဒီအထဲမှာ စားစရာတချို့ ပါတယ်... လမ်းမှာ ဗိုက်ဆာရင် အစ်ကိုကြီးနဲ့ မရီးတို့ စားလို့ရ အောင်လို့..."

ကျိုးချန်ယဲ့သည် စကားပြောနေရင်း သူ၏လက်ထဲမှ အထုပ်ကို ကမ်းပေးလိုက်လေ၏။။

သူသည် ခဏမျှ ရပ်တန့်လိုက်ပြီးနောက် ဆက်ပြောလိုက်လေသည်...။

"အထဲမှာ နေ့စဉ်သုံး ဆေးဘက်ဆိုင်ရာ အကြံပြုချက်တွေပါတဲ့ စာအုပ်ငယ်လေး တစ်အုပ်လည်း ထည့်ပေးထားတယ်... အားလုံးက လက်တွေ့အသုံးဝင်တဲ့ အရာတွေချည်းပဲမို့... အစ်ကိုကြီးအတွက် အသုံးဝင်ကောင်း ဝင်ပါလိမ့်မယ်..."

ကျိုးချန်ဟွမ်သည် အထုပ်ကို ယူပြီးနောက် ခဏမျှ တုံ့ဆိုင်းသွားခဲ့ကာ ကျိုးချန်ယဲ့၏ ပခုံးကို ပုတ်၍ လေး နက်စွာ ပြောလိုက်လေသည်...။

"ပြီးခဲ့တဲ့အကြိမ်က မင်းပြောခဲ့တဲ့ ပင်လယ်ရေမှော် ကိစ္စနဲ့ပတ်သက်ပြီး တပ်ကို အစီရင်ခံဖို့ ငါ ဖုန်းဆက် ထားပြီးပြီ..."

"ပင်လယ်ရေမှော်ထဲမှာ ပါဝင်တဲ့ အရာတွေက လည်ပင်းကြီးရောဂါကို အမှန်တကယ် ကာကွယ်ပေးနိုင် တယ်ဆိုတာကို စမ်းသပ်မှုတွေက အတည်ပြုပြီးသွားပြီ... ပြည်သူတွေအတွက် မင်းလုပ်ပေးခဲ့သမျှ အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ်..."

သူသည် ခဏမျှ ရပ်တန့်လိုက်ပြီး မျက်ခုံးတစ်ဖက်ကို ပင့်ကာ ပြုံးလျက် ပြောလိုက်သည်...။

"စိတ်မပူပါနဲ့... နိုင်ငံတော်က အကျိုးပြုတဲ့ ဘယ်သူ့ကိုမှ စိတ်ပျက်အောင် လုပ်မှာမဟုတ်ပါဘူး..."

ကျိုးချန်ယဲ့က အမြန်လက်ယမ်းလိုက်ပြီး ပြုံးလျက် ပြန်ပြောလိုက်လေသည်...။

"အစ်ကိုကြီး... ဒါက ဘာမှမဟုတ်ပါဘူး... ကျွန်တော် ကူညီနိုင်ခဲ့လို့ ဝမ်းသာပါတယ်... ခရီးသွားရင် ဂရု စိုက်ပြီး မရီးကိုလည်း စောင့်ရှောက်ပေးပါဦး..."

ထိုအချိန်မှာပင် ရထားဘူတာရုံရှိ အသံချဲ့စက်မှ ရထားဆိုက်ရောက်လာပြီဖြစ်ကြောင်း ကြေညာလိုက်ရာ စူးရှသော ဥဩသံသည် လူအုပ်ကြီး၏ ဆူညံသံများ၊ ရထား၏ ဥဩသံများနှင့် ရောယှက်သွားကာ ကမောက်ကမဖြစ်နေသော ရှုပ်ထွေးမှုကြီးတစ်ခုအဖြစ် ရောထွေးသွားခဲ့လေတော့သည်။။

"အစ်ကိုကြီး... ရထားရောက်လာပြီ..."

ကျိုးချန်ယီက ဘေးမှနေ၍ သတိပေးလိုက်လေသည်။။

"ကောင်းပါပြီ..."

ကျိုးချန်ဟွမ်က ခေါင်းညိတ်လိုက်ပြီး...၊

"ရှောင်ယီ... မိဘတွေကို မင်းကိုပဲ အပ်ခဲ့မယ်နော်..."

"စိတ်မပူပါနဲ့... အမေနဲ့အဖေကို ကျွန်တော် သေချာစောင့်ရှောက်ပေးပါ့မယ်..."

ကျိုးချန်ယီသည် သူ၏ရင်ဘတ်ကို ပုတ်ကာ သူ၏အစ်ကိုကြီးအား အလျင်စလို အာမခံလိုက်လေသည်။။

ကျိုးချန်ဟွမ်သည် စကားဆက်မပြောတော့ဘဲ သူ၏ခြေရင်းမှ လေးလံသော အထုပ်ကြီးကို ကောက် ကိုင်လိုက်ကာ ကျိုးချန်ယဲ့အား အားပါးတရ ခေါင်းညိတ်ပြလိုက်ပြီးနောက် လှည့်ထွက်လာခဲ့ကာ သူ၏ ဇနီးဖြစ်သူအား အကာအကွယ်ပေးရင်း လက်မှတ်စစ်ဆေးရာ ဂိတ်ပေါက်ဆီသို့ လျှောက်သွားခဲ့လေ တော့သည်။။

————————————

ရထားကြီးမှာ တဂျုံးဂျုံးမြည်လျက် ပြေးဆွဲနေပြီး များမကြာမီမှာပင် ပီကင်းမှ ထွက်ခွာသွားခဲ့လေ တော့သည်။။

ယနေ့ခေတ်တွင် ရထားပေါ်၌ ချွေးနံ့၊ ဆေးလိပ်နံ့နှင့် အခြားသော အနံ့အသက်မျိုးစုံတို့မှာ ရောထွေးနေ တတ်သဖြင့် လူများကို ခေါင်းမူးစေခဲ့ပေသည်။။

ကျိုးချန်ဟွမ်သည် အထုပ်ကို ထိုင်ခုံအောက်သို့ ဂရုတစိုက် ထိုးထည့်လိုက်ပြီးနောက် ရေဘူးကို ကောက် ကိုင်ကာ သူ၏ဇနီးထံသို့ ကမ်းပေးလိုက်ပြီး စိုးရိမ်တကြီးဖြင့် ပြောလိုက်လေသည်...။

"ရော့... ရေနည်းနည်း သောက်လိုက်ဦး... မင်း နေလို့ပိုကောင်းသွားလိမ့်မယ်..."

All Chapters