အခန်း ၁၇၂
Vol. 18 Ch. 172
အခန်း (၁၇၂) စစ်ဘက်ဆိုင်ရာ ဂုဏ်ပြုတံဆိပ်များ
ဖုန်းမင်ယွီသည် ရေဘူးကို ယူကာ နှစ်ငုံသုံးငုံခန့် သောက်လိုက်ပြီး သူမ၏ ဝမ်းဗိုက်ထဲ၌ အထက်သို့ဆန် လာသော ချဉ်စူးစူး ခံစားချက်ကို ဖိနှိပ်ထားလိုက်လေ၏။
ကျိုးချန်ဟွမ်သည် ရေဘူးကို ဖယ်ထားလိုက်ပြီး သူ၏ဇနီးကို သူ၏ပခုံးပေါ်၌ မှီထားစေလိုက်လေသည်။ သူက အနည်းငယ် အနေရခက်စွာဖြင့် ပြောလိုက်လေသည်...။
"မင်း... ကိုယ့်ကို မှီပြီး ခဏလောက် နားလိုက်ဦး..."
ဖုန်းမင်ယွီသည် သူမ၏ ယောက်ျားကို မော့ကြည့်လိုက်ပြီး သူမ၏ ရင်ထဲ၌ နွေးထွေးမှုကို ခံစားလိုက်ရ လေသည်။ ဝေးလံသော နေရာတစ်ခုသို့ သွားရမည့် သူမ၏ စိုးရိမ်ပူပန်မှုနှင့် ကြောက်ရွံ့မှုတို့မှာ အရိပ် အယောင်ပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားခဲ့တော့သည်။
ကျိုးချန်ဟွမ် ရှိနေမည့် မည်သည့်နေရာမဆို သူမ၏ အိမ်ပင်ဖြစ်သည်ဟု သူမ ဘာသာ တွေးတောလိုက် လေတော့သည်။
အချိန်အနည်းငယ် ကြာပြီးနောက် ရထားတွဲမှာ အနည်းငယ် တိတ်ဆိတ်သွားသောအခါ ကျိုးချန်ဟွမ် သည် ကျိုးချန်ယဲ့ ပြောခဲ့သော စကားများကို သတိရသွားခဲ့သဖြင့် သူသယ်ဆောင်လာသော အထုပ်ကို ယူကာ သူ၏ ပေါင်ပေါ်သို့ ညင်သာစွာ တင်ထားလိုက်လေသည်။
သူသည် အထုပ်ကို ဖြည်းညင်းစွာ ဖြည်လိုက်ရာ ပထမဆုံး ထွက်ပေါ်လာသည်မှာ အမဲသား သံဘူးအချို့ ဖြစ်ပြီး ၎င်းတို့၏ တောက်ပနေသော မျက်နှာပြင်များမှာ မှိန်ပျပျ အလင်းရောင်ရှိသော ရထားတွဲထဲတွင် သိသာထင်ရှားစွာ ပေါ်လွင်နေလျက်ရှိပေတော့သည်။
၎င်းတို့၏ ဘေးတွင် ဆူဖြိုးကာ လတ်ဆတ်သော လိမ္မော်သီး အချို့နှင့် ဆီးယိုထုပ်ငယ် တစ်ထုပ်လည်း ရှိနေခဲ့လေသည်။
ဤအရာအားလုံးကို မြင်သောအခါ ကျိုးချန်ဟွမ်မှာ သူ၏ညီဖြစ်သူ၏ စေ့စပ်သေချာမှုကို မချီးကျူးဘဲ မနေနိုင်တော့ချေ။
သူသည် ဆီးယိုထုပ်ကို အမြန်ကောက်ယူလိုက်ပြီး သူ၏ဇနီးအား ညင်သာစွာ လှုပ်နှိုးကာ တိုးတိတ်စွာ ပြောလိုက်လေသည်...။
"မင်ယွီ... မင်ယွီ... ထတော့လေ..."
"အင်း..."
ဖုန်းမင်ယွီသည် မျက်လုံးများကို အိပ်ချင်မူးတူးဖြင့် ဖွင့်ကြည့်လိုက်ရာ သူမ ရထားပေါ်တက်စဉ်က ခံစား ခဲ့ရသော မွန်းကျပ်မှုများမှာ တော်တော်လေး သက်သာသွားခဲ့လေပြီဖြစ်ပေ၏။
သူမသည် သူမထံသို့ ကမ်းပေးလာသော ဆီးယိုထုပ်လေးကို ကြည့်လိုက်ပြီးနောက် သူမ၏ ယောက်ျား ဖြစ်သူအား အနည်းငယ် အံ့အားသင့်စွာ မော့ကြည့်လိုက်ပြီး...၊
"ဒါတွေ...ဒါတွေကို ရှင် ဘယ်အချိန်က ပြင်ဆင်ထားခဲ့တာလဲ..."
ကျိုးချန်ဟွမ်က ပြုံးလျက် ပြောလိုက်လေသည်...။
"ရှောင်ယဲ့ ပြင်ပေးလိုက်တာလေ... ဒီအထဲမှာ လိမ္မော်သီးတချို့လည်း ပါသေးတယ်... စားကြည့်ပါဦး..."
ဤစကားကို ကြားသောအခါ ဖုန်းမင်ယွီမှာ ခဏမျှ အံ့အားသင့်သွားခဲ့ပြီးနောက် သူမ၏ ရင်ထဲ၌ နွေးထွေးသွားခဲ့လေသည်။ သူမသည် လက်လှမ်းကာ ဆီးယိုတစ်လုံးကို ကောက်ယူ၍ ပါးစပ်ထဲသို့ ထည့်လိုက်လေ၏။
ချိုချဉ်သော အရသာလေးသည် လျှာဖျားပေါ်တွင် အရည်ပျော်ကျသွားကာ ရထားတွဲထဲရှိ မွန်းကျပ်မှုများ ကို ချက်ချင်း သက်သာသွားစေခဲ့ပြီး ဝမ်းဗိုက်ထဲမှ နေရခက်သော ခံစားချက်ကိုပင် ပြေလျော့သွားစေခဲ့ ပေသည်။
"အရမ်းကောင်းတာပဲ... ချိုချဉ်လေးဆိုတော့လေ... ကျွန်မကို ချက်ချင်း နေလို့ကောင်းသွားစေတယ်..."
သူမ၏ မျက်နှာအမူအရာမှာ နူးညံ့သွားခဲ့ပြီး လိမ္မော်သီး တစ်လုံးကို ကောက်ကိုင်လိုက်ကာ လတ်ဆတ် ပြီး ချောမွေ့နေသော အခွံကို ညင်သာစွာ ထိတွေ့လိုက်လေသည်။ သူမမှာ မအံ့ဩဘဲ မနေနိုင်တော့ဘဲ...၊
"တတိယညီလေးက အရမ်းကို စေ့စပ်သေချာတာပဲ... သူက ဒီလိုဟာတွေကိုတောင် စဉ်းစားမိသေး တယ်..."
ဇနီးဖြစ်သူ၏ မျက်နှာသွေးရောင်မှာ တော်တော်လေး ကောင်းမွန်လာသည်ကို မြင်လိုက်ရသောအခါ ကျိုးချန်ဟွမ်သည် အနည်းငယ် စိတ်အေးသွားခဲ့ပြီး သူမအတွက် လိမ္မော်သီးကို လက်လှမ်းကာ အခွံခွာ ပေးလိုက်လေသည်...။
"ဒီကလေးက အမြဲတမ်း စေ့စပ်သေချာပြီး အရည်အချင်းလည်း တော်တော်လေး ရှိတဲ့သူပါ..."
ဆူဖြိုးနေသော လိမ္မော်သီး တစ်မြွှာကို ဖုန်းမင်ယွီထံသို့ ကမ်းပေးလိုက်လေ၏။ သူမက အနည်းငယ် ကိုက်စားလိုက်ရာ ချိုမြိန်သော သစ်သီးရည်များမှာ သူမ၏ ပါးစပ်ထဲတွင် ပျံ့နှံ့သွားခဲ့ပြီး သူမ၏ မျက်နှာ ပေါ်ရှိ ပင်ပန်းနွမ်းနယ်မှုများကို လျော့ကျသွားစေခဲ့ပေတော့သည်။
ဖုန်းမင်ယွီသည် နောက်ထပ် တစ်မြွှာကို ယူကာ သူမ၏ ယောက်ျားဖြစ်သူ၏ နှုတ်ခမ်းနားသို့ တေ့ပေး လိုက်ပြီး ညင်သာစွာ ပြောလိုက်သည်...။
"ရှင်လည်း နည်းနည်းလောက် စားကြည့်ဦး..."
ကျိုးချန်ဟွမ်သည် ခေါင်းငုံ့ကာ သူမ၏လက်ထဲမှ တစ်ကိုက် ကိုက်စားလိုက်လေသည်။ ချိုမြိန်သော လိမ္မော်သီးရနံ့သည် သူ၏ ပါးစပ်ထဲတွင် ပျံ့နှံ့သွားခဲ့ပြီး သူ၏ ရင်ထဲ၌ ပို၍ပင် ချိုမြိန်မှုကို ခံစားလိုက် ရလေတော့သည်။
ဖုန်းမင်ယွီမှာ ချက်ချင်းပင် မျက်နှာနီမြန်းသွားခဲ့လေသည်။ ကံကောင်းထောက်မစွာဖြင့် သူမနှင့် မျက်နှာ ချင်းဆိုင်ရှိ ခရီးသည်မှာ ရေအိမ်သို့ သွားနေခိုက်ဖြစ်နေပေသည်၊ ထို့သို့မဟုတ်ပါက ဤကဲ့သို့သော ရင်းနှီးသည့် အပြုအမူမျိုးသည် အာရုံစိုက်မှုများစွာနှင့် အတင်းအဖျင်း ပြောဆိုမှုများကို ဆွဲဆောင်မိပေ လိမ့်မည်။
ညနေစောင်းသို့ ရောက်ရှိလာသောအခါ ရထားတွဲမှာ တဖြည်းဖြည်း တိတ်ဆိတ်သွားခဲ့ပြီး ဘေးနားမှ တီးတိုးပြောဆိုသံ အနည်းငယ်နှင့် ဟောက်သံများကိုသာ တစ်ခါတစ်ရံ ကြားနေရလေတော့သည်။
ထိုအခါ ကျိုးချန်ဟွမ်သည် အထုပ်ထဲမှ ကျိုးချန်ယဲ့ ပြုစုထားသော နေ့စဉ်သုံး ဆေးဘက်ဆိုင်ရာ ဗဟု သုတများ ပါဝင်သည့် စာအုပ်ငယ်လေးကို ထုတ်ယူလိုက်လေ၏။
ပြတင်းပေါက်မှ ဖြာကျနေသော မှိန်ပျပျ လရောင်ဖြင့် သူသည် စာမျက်နှာများကို ဖြည်းညင်းစွာ လှန် ကြည့်လိုက်လေသည်။
အတွင်းရှိ စာသားများမှာ သပ်ရပ်ရှင်းလင်းစွာ ရေးသားထားပြီး သာမန်ရောဂါဘယ အသေးစားများကို မည်သို့ခွဲခြား ကုသရမည်မှစ၍ တစ်ကိုယ်ရေ သန့်ရှင်းရေးနှင့် ရောဂါကာကွယ်ရေးအပြင် ဒဏ်ရာများကို ပတ်တီးစည်းခြင်းအထိ အရာအားလုံး ပါဝင်ကာ လက်တွေ့အသုံးဝင်ပြီး နားလည်ရ လွယ်ကူလှပေ သည်။
အစားအစာများ တွဲဖက်စားသုံးရန် မသင့်တော်မှုများနှင့် ပါဝင်ပစ္စည်းများ၏ အသုံးဝင်ပုံများကိုပါ အထူး တလည် မှတ်သားပေးထားခဲ့လေသည်။
ဥပမာအားဖြင့် ပင်လယ်ရေမှော်ကို ပိုစားပေးခြင်းက လည်ပင်းကြီးရောဂါကို ကာကွယ်ပေးနိုင်ပြီး ပင်လယ်စာ စားပြီးနောက် ရှောက်မျိုးနွယ်ဝင် သစ်သီးများကို မစားသင့်ကြောင်း စသည်တို့ပင် ဖြစ်လေ သည်။
ကျိုးချန်ဟွမ်မှာ ကြည့်လေ ကြည့်လေ ပို၍ အံ့အားသင့်လာလေဖြစ်ပြီး ဤစာအုပ်ငယ်လေးမှာ ပို၍ တန်ဖိုးကြီးလာသကဲ့သို့ ထင်မှတ်ရလေ၏။
ဤအရာကို အရေးကြီးသော အချိန်တွင်သာ အသုံးပြုပါက တစ်စုံတစ်ယောက်၏ အသက်ကိုပင် ကယ်တင်နိုင်ပေလိမ့်မည်။
သူသည် စာအုပ်ငယ်လေးကို ဂရုတစိုက် ပိတ်လိုက်ပြီး သူ၏ အတွင်းအိတ်ကပ်ထဲသို့ ထည့်သိမ်းထား လိုက်လေသည်။
သူ၏ တပ်ဖွဲ့သို့ ပြန်ရောက်သည်နှင့် တစ်ပြိုင်နက် ဤအရာအားလုံးကို အထက်အရာရှိများထံ အမြန်ဆုံး အစီရင်ခံမည်ဟု သူ တိတ်ဆိတ်စွာ ဆုံးဖြတ်ထားလိုက်လေသည်။ ရှောင်ယဲ့ ရသင့်ရထိုက်သော ဂုဏ်ပြု ချီးကျူးမှုများကို သူ ယူငင်မည် မဟုတ်သည်မှာ သေချာလှပေသည်။
————————————
တစ်ချိန်တည်းမှာပင် ကျိုးချန်ဟွမ်ထံ စာအုပ်ငယ်ကို ကမ်းပေးပြီးနောက် ကျိုးချန်ယဲ့သည် ထိုကိစ္စကို ခေါင်းထဲမှ ထုတ်ထားလိုက်လေသည်။
သူသည် ပို၍ အရေးကြီးသော အရာတစ်ခုအကြောင်းကို စဉ်းစားနေခဲ့ခြင်း ဖြစ်ပေသည်။
သူ၏ ဇနီးဖြစ်သူ၏ ဗိုက်မှာ တစ်နေ့ထက်တစ်နေ့ ပိုမို ကြီးမားလာသည်ကို မြင်နေရပြီး ဒုတိယမရီးနှင့် အခြားသူများက မကြာခဏ လာရောက် ကူညီပေးသော်လည်း ကျောက်ခဲလေးမှာ ဆော့ကစားလိုကာ သွက်လက်သော အရွယ်သို့ ရောက်နေပြီဖြစ်ရာ သူ့ကို စောင့်ရှောက်ရသည်မှာ အလွန်တရာ ပင်ပန်း လှပေသည်။
သူမ၏ ဗိုက်ထဲရှိ ကလေးကို ဂရုစိုက်ရသည့်အပြင် သားဖြစ်သူကိုပါ စောင့်ရှောက်ရမည်ဖြစ်၍ သူ၏ ဇနီးဖြစ်သူ အိမ်၌ တစ်ယောက်တည်း အလွန်အမင်း ပင်ပန်းနေမည်ကို သူ စိုးရိမ်နေခဲ့ခြင်းဖြစ်လေ၏။
အကြိမ်ကြိမ် စဉ်းစားပြီးနောက် သူ၏ ယောက္ခမနှစ်ဦးကို ပီကင်းသို့ ခေါ်ဆောင်လာရန် သူ ဆုံးဖြတ်လိုက် လေတော့သည်။
အချိန်အနည်းငယ် ကြာပြီးနောက် မိသားစုထဲသို့ ကလေးငယ် နှစ်ဦး ထပ်မံရောက်ရှိလာမည်ဖြစ်ရာ စုစုပေါင်း ကလေး သုံးဦး ဖြစ်လာပေလိမ့်မည်။ ဤအရာအားလုံးကို သူ၏ ဇနီးဖြစ်သူ တစ်ယောက် တည်း မည်သို့ ကိုင်တွယ်ဖြေရှင်းနိုင်ပါမည်နည်း။
ထို့အပြင် သူ၏ ဇနီးဖြစ်သူအား ကလေးများနှင့် မီးဖိုချောင် အနီး၌သာ အချိန်ကုန်ဆုံးစေရန် သူ အလိုမရှိ ခဲ့ပေ။
သူမ နှစ်သက်သော အရာများကို လုပ်ဆောင်စေချင်ပြီး သူမ၏ အိပ်မက်များကိုလည်း အကောင်အထည် ဖော်စေချင်ခဲ့လေသည်။
————————————
သို့ရာတွင် လျောင်နင်ပြည်နယ်ရှိ သူ၏ မွေးရပ်မြေသို့ စာတစ်စောင်ပင် မပို့ရသေးမီမှာပင် စစ်ဘက်မှ ဂုဏ်ပြုလွှာသည် ကျောင်းသို့ အရင်ရောက်ရှိလာခဲ့လေတော့သည်။
ကျောင်းအုပ်ကြီး၏ ရုံးခန်း…။
"ဟားဟားဟား... အရမ်းကောင်းတယ်... တကယ့်ကို ကောင်းလွန်းတယ်..."
ရှင်းဟွာ တက္ကသိုလ် ကျောင်းအုပ်ကြီးသည် ကျိုးချန်ယဲ့၏ လက်မောင်းကို ပုတ်ကာ အသံကျယ် လောင်စွာ ချီးကျူးလိုက်လေသည်။
"ကျောင်းအုပ်ကြီး... ကျွန်တော် ပြောတာ မှန်တယ်မလား... ကျိုးချန်ယဲ့က ရှင်းဟွာ တက္ကသိုလ်ရဲ့ ဂုဏ်ယူ စရာတစ်ခု အမြဲတမ်း ဖြစ်နေခဲ့တာလေ..."
ပရော်ဖက်ဆာ ကျန်းက ပြုံးရွှင်စွာဖြင့် ဝင်ရောက်ပြောဆိုလိုက်လေ၏။
ကျိုးချန်ယဲ့က အနည်းငယ် ဦးညွှတ်လိုက်ပြီး သူ၏ လေသံမှာ တည်ငြိမ်ကာ နှိမ့်ချလျက်ရှိနေခဲ့လေ သည်...။
"ကျောင်းအုပ်ကြီးနဲ့ ဆရာ... ကျွန်တော်က ကျွန်တော့်ရဲ့ စွမ်းဆောင်နိုင်ရည်အတွင်းက အသေးအမွှား ကိစ္စလေးတစ်ခုကို လုပ်ခဲ့ရုံပါ... ဒီ။လောက် ကြီးမားတဲ့ ချီးကျူးမှုတွေနဲ့ တကယ်ကို မထိုက်တန်ပါဘူး..."
ကျောင်းအုပ်ကြီးက ပြုံးကာ သူ၏လက်ကို ယမ်းပြလိုက်လေသည်...။
"ဘာမှမဟုတ်ပါဘူး... မင်း ပြုစုခဲ့တဲ့ ဆေးဘက်ဆိုင်ရာ ဗဟုသုတ စာအုပ်ငယ်ကို စစ်ဘက်က တော် တော်လေး ချီးကျူးခဲ့တာ... ပြီးတော့ မင်းကို တတိယအဆင့် ဂုဏ်ပြုတံဆိပ်တစ်ခုလည်း ချီးမြှင့်ထား သေးတယ်..."
"ဂုဏ်ပြုလွှာတွေ အားလုံးကိုလည်း ကျောင်းဆီကို ပို့ထားပြီးပြီ... ရှင်းဟွာ တက္ကသိုလ်ကတော့ ဒီတစ် ကြိမ်တော့ တကယ့်ကို နာမည်ကြီးနေပြီပဲ..."
သူသည် ခဏမျှ ရပ်တန့်လိုက်ပြီး ပြုံးလျက် ပြောလိုက်လေသည်...။
"ဒီတစ်ကြိမ် ပညာရေး ကော်မရှင်မှာ အစည်းအဝေး သွားလုပ်တုန်းက ခေါင်းဆောင်တွေက ဒီကိစ္စကို တကူးတက ထည့်ပြောခဲ့ပြီး ငါတို့ကျောင်းကို တော်တော်လေး ချီးကျူးခဲ့ကြတာ..."
"ပေကျင်းတက္ကသိုလ် ကျောင်းအုပ်ကြီးရဲ့ မျက်နှာပေါ်က မနာလိုတဲ့ အမူအရာကို မင်း မမြင်လိုက်ရလို့ ပါ... တကယ်ကို ကျေနပ်စရာကောင်းတယ်..."
"ရော့... ဒါက စစ်ဘက်ကနေ မင်းဆီကို ပို့လိုက်တဲ့စာပဲ..."
ကျောင်းအုပ်ကြီးသည် အံဆွဲထဲမှ စာတစ်စောင်ကို အလျင်စလို ထုတ်ယူကာ ကျိုးချန်ယဲ့ထံသို့ ပြုံးလျက် ကမ်းပေးလိုက်လေ၏။
ထို့နောက် သူက လေးနက်စွာ ပြောလိုက်လေသည်...။
"ငါတို့ကျောင်းကလည်း ထုတ်ပြန်ချက် တစ်ခုလောက်တော့ လုပ်သင့်တယ်..."
"ကျိုးချန်ယဲ့... ကျောင်းခေါင်းဆောင်တွေနဲ့ ဆွေးနွေးပြီးတဲ့နောက်မှာ မင်းကို ဒီနှစ်အတွက် ကျောင်းရဲ့ 'ထူးချွန်ပုဂ္ဂိုလ်' အဖြစ် ရွေးချယ်လိုက်ပြီ... ပြီးတော့ အားပေးတဲ့အနေနဲ့ ဆုငွေ ယွမ်ငါးဆယ်ကိုလည်း ထပ်ဆောင်း ရရှိလိမ့်မယ်..."
ဘေးတွင် ရပ်နေသော ပရော်ဖက်ဆာ ကျန်းက ကျိုးချန်ယဲ့၏ ပခုံးကို ကျေနပ်သော အမူအရာဖြင့် ပုတ် လိုက်ပြီး သူ၏ လေသံမှာ ချီးကျူးမှုများဖြင့် ပြည့်နှက်နေခဲ့လေသည်...။
"ချန်ယဲ့... မဆိုးဘူးပဲ... ကျောင်းနဲ့ နိုင်ငံတော်က မင်းလို ကြိုးစားပမ်းစားနဲ့ လက်တွေ့ကျကျ အလုပ်လုပ် တဲ့ လူငယ်တွေကို လိုအပ်နေတာပဲ..."
"ကျေးဇူးတင်ပါတယ် ကျောင်းအုပ်ကြီး... ကျေးဇူးတင်ပါတယ် ဆရာတို့..."
ကျိုးချန်ယဲ့သည် ကျေးဇူးတင်ရှိစွာဖြင့် နက်ရှိုင်းစွာ ဦးညွှတ်လိုက်လေ၏။
အပြန်အလှန် စကားအနည်းငယ် ပြောဆိုပြီးနောက် သူသည် ကျောင်းအုပ်ကြီး၏ ရုံးခန်းထဲမှ ထွက်ခွာ လာခဲ့လေတော့သည်။
တိတ်ဆိတ်သော ထောင့်တစ်နေရာကို ရှာဖွေတွေ့ရှိပြီးနောက် ကျိုးချန်ယဲ့သည် စာအိတ်ကို ဂရုတစိုက် ဖွင့်လိုက်လေ၏။
အထဲတွင် စစ်ဘက်ဆိုင်ရာ တံဆိပ်တုံး ရိုက်နှိပ်ထားသော ဂုဏ်ပြုလွှာအပြင် ယွမ်တစ်ရာတန် ငွေလွှဲ လက်မှတ် တစ်စောင်လည်း ပါရှိနေခဲ့လေသည်။
သူသည် စာအိတ်ကို ညင်သာစွာ ဇောက်ထိုးလှန်လိုက်ရာ အဝါရောင်နှင့် အနီရောင် သတ္တုတံဆိပ်တစ်ခု သည် သူ၏ လက်ဖဝါးပေါ်သို့ ပေါ့ပါးစွာ ကျဆင်းလာခဲ့လေ၏။ အရှေ့ဘက်တွင် တောက်ပသော ကြယ် ငါးပွင့်ကို သပ်ရပ်စွာ တပ်ဆင်ထားပြီး ၎င်းမှာ လေးလံကာ ခိုင်ခံ့လျက်ရှိနေခဲ့ပေသည်။
ကျိုးချန်ယဲ့သည် အေးစက်နေသော ဂုဏ်ပြုတံဆိပ်၏ မျက်နှာပြင်ကို သူ၏ လက်ချောင်းထိပ်လေးများ ဖြင့် ညင်သာစွာ ပွတ်သပ်လိုက်ရာ သူ၏ ရင်ထဲ၌ ပြင်းထန်သော ဂုဏ်ယူမှုတစ်ခု ပေါ်ပေါက်လာခဲ့လေ တော့သည်။
သူ၏ ကိုယ်ပိုင်စွမ်းရည်များဖြင့် စစ်ဘက်နှင့် နိုင်ငံတော်အတွက် အကျိုးပြုနိုင်ခြင်းက ငွေမည်မျှပင် ရရှိ သည်ဖြစ်စေ သူ့ကို ပို၍ စိတ်အေးချမ်းမှုနှင့် ဂုဏ်ယူမှုကို ခံစားရစေခဲ့ပေသည်။