အခန်း ၁၈၁
Vol. 18 Ch. 181 - final
အခန်း (၁၈၁) မူလရည်မှန်းချက်ကို ဘယ်တော့မှ မမေ့ပါနဲ့
ဆေးရုံကုတင်ထက်၌ လဲလျောင်းနေသော ထျန်ရှောင်ယာ၏ မျက်ဝန်းအစုံမှာ အနည်းငယ် နီမြန်း လျက်ရှိပြီး မျက်ရည်စတို့မှာလည်း မျက်ဝန်းထောင့်၌ တွဲခိုနေခဲ့လေ၏။
အနှီးအတွင်း၌ အိပ်မောကျနေကြသော ကလေးငယ်နှစ်ဦး၏ မှန်မှန်အသက်ရှူသံမှာပင် ရပ်တန့်သွား သည့်အလား ထင်မှတ်ရပြီး လောကကြီးတစ်ခုလုံးမှာလည်း မိမိ၏ နှလုံးခုန်သံကိုသာ ကြားရလောက် အောင်ပင် တိတ်ဆိတ်ငြိမ်သက်သွားခဲ့လေတော့သည်။
ရုတ်တရက်ဆိုသလိုပင် ကြည်လင်ပြတ်သားလှသော ကလေးငယ်တစ်ဦး၏ အသံမှာ ကျိုးချန်ယဲ့၏ စိတ်ထဲ၌ မည်သည့် ကြိုတင်အချက်ပေးမှုမျှမရှိဘဲ ပဲ့တင်ထပ်လာခဲ့လေသည်... ထိုအသံမှာ ချိုးချိုး၏ အသံပင် ဖြစ်ပေတော့သည်။
"ဂုဏ်ယူပါတယ် သခင်... သခင်မရဲ့ ပျော်ရွှင်မှုအဆင့်က (၁၀၀ )ရာခိုင်နှုန်းကို ရောက်ရှိသွားပါပြီ... ကမ္ဘာ့ဖြစ်စဉ်လမ်းကြောင်းကိုလည်း အောင်မြင်စွာ ပြင်ဆင်ပြီးသွားပါပြီ..."
"သခင့်ရဲ့ ကြိုးပမ်းအားထုတ်မှုတွေအတွက် ကျေးဇူးတင်သောအားဖြင့် ကောင်းကင်ဘုံက သခင့်ကို အမြင့်မြတ်ဆုံးဆုတစ်ခု ပေးသနားလိုက်ပါတယ်... အဲ့ဒီဆုကတော့ သခင်ဟာ မူလခေတ်သစ်လောက သို့ ပြန်သွားရန် သို့မဟုတ် ဤခေတ်ကာလ၌ပင် ဆက်လက်နေထိုင်ရန် ရွေးချယ်နိုင်ခြင်းပဲ ဖြစ်ပါတယ်..."
ကျိုးချန်ယဲ့၏ သူငယ်အိမ်မှာ ရုတ်တရက် ကျုံ့သွားခဲ့ပြီး သူ၏ နှလုံးသားမှာလည်း လှိုင်းတံပိုးများ ထိန်း မရအောင် ထကြွလာခဲ့လေ၏။ သူ ဆုပ်ကိုင်ထားသော လက်ကလေးမှာ ထျန်ရှောင်ယာ၏ နွေးထွေးကာ စစ်မှန်သော ထိတွေ့မှုကို ခံစားနေရဆဲ ဖြစ်လေသည်။
သူ၏ လည်သီးမှာ ပြင်းထန်စွာ လှုပ်ရှားသွားခဲ့ပြီး ထိတ်လန့်အံ့အားသင့်မှုကြောင့် တုန်ယင်အက်ရှ နေသော အသံဖြင့် သူ့ကိုယ်သူ ပြန်လည်မေးမြန်းနေမိလေသည်...။
"ငါ... တကယ်ပဲ ပြန်သွားလို့ ရတာလား..."
သူ၏ စကားမဆုံးခင်မှာပင် သူ၏ အကြည့်မှာ ဘေးနားရှိ ဇနီးသည်၏ နူးညံ့သော မျက်နှာပေါ်သို့ ကျ ရောက်သွားခဲ့ပြီးနောက် လျှော့မရနိုင်သော ထိတ်လန့်မှုနှင့် ခွဲခွာရမည်ကို စိုးရိမ်သော လေသံဖြင့် အလောတကြီး ထပ်မံမေးမြန်းလိုက်လေသည်...။
"တကယ်လို့ ငါ ပြန်သွားဖို့ ရွေးချယ်လိုက်ရင် ဒီကမ္ဘာက ဘယ်လိုဖြစ်သွားမှာလဲ... ရှောင်ယာနဲ့ ကလေး တွေကရော..."
ချိုးချိုး၏ အသံမှာ တည်ငြိမ်ကြည်လင်စွာဖြင့် သူ၏ စိတ်ထဲသို့ ဝင်ရောက်လာခဲ့လေသည်...။
"စိတ်အေးအေးထားပါ သခင်... တကယ်လို့ သခင်က ခေတ်သစ်လောကကို ပြန်သွားဖို့ ရွေးချယ်လိုက် ရင် ဒီကမ္ဘာက သခင့်ရဲ့ အသိစိတ်နဲ့ ခန္ဓာကိုယ်ကို ချက်ချင်းပဲ ပုံတူကူးယူလိုက်မှာဖြစ်ပြီး မူလဘဝ လမ်းကြောင်းအတိုင်း ဆက်လက်ရှင်သန်စေမှာပါ..."
"အဲ့ဒီပုံတူပိုင်ရှင်ကလည်း သခင့်လိုပဲ ဇနီးသည်နဲ့ ကလေးသုံးယောက်ကို အမြဲတမ်း ကာကွယ်စောင့် ရှောက်သွားမှာဖြစ်ပြီး ဘဝကလည်း ပြောင်းလဲသွားမှာမဟုတ်ပါဘူး... ဘယ်သူကမှလည်း ထူးခြားချက် ကို သတိထားမိမှာ မဟုတ်ပါဘူး..."
"ဘယ်သူကမှလည်း ထူးခြားချက်ကို သတိထားမိမှာ မဟုတ်ဘူးတဲ့လား..."
ကျိုးချန်ယဲ့သည် သူ့ဘာသာ တိုးတိုးလေး ရေရွတ်နေမိလေသည်။
ထျန်ရှောင်ယာနှင့် အတူဖြတ်သန်းခဲ့သော အချိန်များမှာ သူ၏ အသိစိတ်ထဲ၌ လျှပ်တစ်ပြက် ဖြတ်ပြေး သွားခဲ့ပြီး သူ၏ မျက်ဝန်းအစုံမှာလည်း ချက်ချင်းပင် နီမြန်းလာခဲ့လေသည်။
သူသည် မျက်လုံးများကို ခေတ္တမျှ မှိတ်ထားလိုက်ပြီး ခိုင်မာပြတ်သားသော အသံဖြင့် ပြောလိုက်လေ သည်...။
"ချိုးချိုး... ငါ ဒီမှာပဲ နေခဲ့မယ်..."
"ဟုတ်ကဲ့ပါ သခင်..."
ချိုးချိုး၏ အသံမှာ ထွက်ပေါ်လာသော်လည်း ဤတစ်ကြိမ်တွင်မူ ပုံမှန်ကဲ့သို့ ရွှင်လန်းမနေဘဲ ခွဲခွာရမည် ကို နှမြောတသဖြစ်နေသော ခံစားချက်များ ပြည့်နှက်လျက်ရှိနေခဲ့လေသည်...။
"ဒီကမ္ဘာကို ပြုပြင်ပြီးသွားပြီဖြစ်လို့ ကျွန်တော်က သခင်နဲ့ ခွဲခွာဖို့ ခွင့်တောင်းပါတယ်... သခင်ရဲ့ စနစ် နေရာလွတ်ကတော့ သခင်နဲ့အတူ ဒီနေရာမှာပဲ ခေတ္တ သိမ်းဆည်းထားပေးပါ့မယ်..."
"သခင် ဒီကမ္ဘာမှာ အေးချမ်းစွာ ကွယ်လွန်သွားတဲ့အခါ ချိုးချိုး ပြန်လာသိမ်းပါ့မယ်..."
"၅..."
"၄..."
"၃..."
"၂..."
"၁..."
"စနစ်ခွဲခွာခြင်း အောင်မြင်ပါတယ်..."
ထိုစကားဆုံးသည်နှင့် ရင်းနှီးနေသော လျှပ်စစ်စီးကြောင်းမှာ သူ၏ ခန္ဓာကိုယ်ထဲသို့ ထပ်မံ စီးဝင်လာ ခဲ့လေသည်။ သို့သော် ဤတစ်ကြိမ်တွင်မူ အချိန်နှင့် ဟင်းလင်းပြင်တို့ ရပ်တန့်သွားစဉ်ကကဲ့သို့ အေးစက်မနေတော့ဘဲ သူ၏ စိတ်ဝိညာဉ်ကို ဖြည်းညင်းစွာ ပွတ်သပ်ပေးနေသော လေပြေညင်းကလေး အလား ခံစားလိုက်ရလေတော့သည်။
နောက်တစ်စက္ကန့်တွင် ရပ်တန့်နေသော လောကကြီးမှာ ပြန်လည် သက်ဝင်လှုပ်ရှားလာခဲ့လေတော့၏။
ထျန်ရှောင်ယာ၏ မျက်လုံးထဲမှ မျက်ရည်စတို့မှာ ပါးပြင်ပေါ်သို့ စီးကျလာခဲ့လေသည်။ လူနာဆောင် အတွင်းရှိ နွေးထွေးမှုနှင့် ကလေးငယ်တို့၏ နို့ရနံ့လေးများမှာလည်း အခန်းထဲ၌ ထပ်မံ ပြည့်နှက်လာခဲ့ပြီး အရာအားလုံးမှာ ပုံမှန်အတိုင်း ပြန်လည် ဖြစ်ပျက်လာခဲ့လေသည်။
အချိန်များ ရပ်တန့်သွားခဲ့သော အခိုက်အတန့်မှာ တစ်ခါမျှ မရှိခဲ့ဖူးသည့်အလားပင် ဖြစ်ချေတော့သည်
"အာယဲ့... အာယဲ့..."
ထျန်ရှောင်ယာက သူမ၏ ခင်ပွန်းဖြစ်သူ၏ လက်မောင်းကို ညင်သာစွာ လှုပ်ကိုင်လိုက်လေသည်...။
"ဟင်... ဘာဖြစ်လို့လဲ..."
ကျိုးချန်ယဲ့မှာ သူ၏ ငေးမောနေရာမှ သတိဝင်လာကာ သူမကို ဇဝေဇဝါဖြင့် ကြည့်လိုက်လေသည်...။
"ဒီကလေးကတော့ ပျော်လွန်းလို့ ရူးများ သွားပြီလား မသိဘူး..."
အမေထျန်က ပြုံးလျက် ပြောလိုက်လေသည်...။
"ကျွန်မ မေးနေတာက ကလေးနှစ်ယောက်အတွက် နာမည်တွေ စဉ်းစားပြီးပြီလားလို့..."
ကျိုးချန်ယဲ့၏ အကြည့်မှာ အိပ်ပျော်နေသော ကလေးနှစ်ဦးပေါ်သို့ ကျရောက်သွားခဲ့ပြီး တိုးတိုးလေး ပြောလိုက်လေသည်...။
"သမီးလေးရဲ့ နာမည်ကိုတော့ ကျိုးယွမ်ထျန် လို့ ပေးမယ်... ထျန် ဆိုတာက တိတ်ဆိတ်ငြိမ်သက်ပြီး လှပ တယ်လို့ အဓိပ္ပာယ်ရသလို ချိုမြိန်ခြင်း ဆိုတဲ့ အသံနဲ့လည်း ဆင်တူတယ်... သူ့ရဲ့ ဘဝလေးက ချိုမြိန်ပြီး ပျော်ရွှင်ပါစေလို့ ကိုယ် ဆုတောင်းပါတယ်..."
သူသည် ခေတ္တမျှ ရပ်တန့်လိုက်ပြီးနောက် ဆက်ပြောလိုက်လေသည်...။
"သားလေးရဲ့ နာမည်ကိုတော့ ကျိုးယွမ် ဟွိုက် လို့ ပေးမယ်... ဟွိုက် ဆိုတာကတော့ စိတ်ထားကြီးမြတ် ပြီး သဘောထားပြည့်ဝတယ်လို့ အဓိပ္ပာယ်ရတယ်... သူ ကြီးပြင်းလာတဲ့အခါ ဖြောင့်မတ်မှန်ကန်တဲ့ လူကြီး လူကောင်းတစ်ယောက် ဖြစ်လာပါစေလို့ ကိုယ် မျှော်လင့်ပါတယ်..."
သို့သော်လည်း... ကျိုးချန်ယဲ့ တစ်ဦးတည်းသာ သိထားသော အချက်မှာ ထို "ဟွိုက်" ဟူသော စကားလုံး ထဲ၌ ခေတ်သစ်လောကအပေါ် သူ၏ လွမ်းဆွတ်မှုနှင့် သံယောဇဉ်တို့လည်း ကိန်းအောင်းနေပြီး သူ၏ မူလရည်မှန်းချက်များကို ဘယ်တော့မှ မမေ့လျော့ရန် သူ့ကိုယ်သူ သတိပေးနေခြင်းပင် ဖြစ်လေတော့ သည်။
ပြီးပါပြီ….
အားပေးဖတ်ရှုပေးကြပါသော စာဖတ်သူ တစ်ဦးတစ်ယောက်ခြင်းစီအား အစဉ်လေးစာကျေးဇူးတင် လျက်….
Lucky Star Translation Team