အခန်း (၁၈၈၃-၁၈၈၄)
Vol. 289 Ch. 2883-2884
အခန်း (၂၈၈၃) - အရမ်း စိတ်ဝင်စားဖို့ကောင်းတယ်
ချန်နန်ခယ်သည် တစ်ဖက်လူ၏ ရုပ်ရည်သွင်ပြင်နှင့် ခုနက ပြောလိုက်သော စကားအရ မိမိ မှားယွင်းစွာ မှတ်မိခြင်း မဟုတ်ကြောင်း ဆုံးဖြတ်လိုက်သည်။
သို့သော်လည်း……
"နင်က ဘာလို့ ခုထိ ကမ္ဘာငယ် သူတော်စင် အဆင့်မှာပဲ ရှိနေရတာလဲ……"
ချန်နန်ခယ်က အလိုအလျောက်ပင် မေးလိုက်မိသည်။ သူမ၏ အတွေးထဲတွင် မိမိအနေဖြင့် ဤသူနှင့် ပြန်လည် ဆုံတွေ့ရလျှင်ပင် ထိုသူမှာ ဟင်းလင်းပြင်လောကသို့ ရောက်လာရန် မဖြစ်နိုင်ပေ။ ဟင်းလင်းပြင်လောကသို့ ရောက်လာခဲ့လျှင်ပင် ပထမဆုံး အကျဉ်းစခန်းတွင် ရှိနေရန်မှာ လုံးဝ မဖြစ်နိုင်သည့် ကိစ္စဖြစ်သည်။
"မင်းရော ကမ္ဘာငယ်သူတော်စင် အဆင့်ပဲ မဟုတ်လား။"
ဖန့်ချန်က ပြန်မေးသည်။ ချန်နန်ခယ်မှာ ခေတ္တမျှ စကားမပြောနိုင်ဘဲ တိတ်ဆိတ်သွားသည်။ ချူးဖေးက သူမကို တစ်ချက်၊ ဖန့်ချန်ကို တစ်ချက် ကြည့်လိုက်ပြီး သံသယများစွာဖြင့် ကြောင်အနေသည်။
"သူက ဒီ နတ်ဆိုးကြီး ချန်နန်ခယ်ကို ဘယ်လိုလုပ်ပြီး မှတ်မိနေရတာလဲ……"
ချူးဇီမူမှာ စိတ်ထဲတွင် သက်ပြင်းချလိုက်ပြီး ဖန့်ချန်ကို မယုံကြည်နိုင်စွာဖြင့် ကြည့်လိုက်မိသည်။ ထိုကောင်က အမှန်တကယ်ပဲ ဘယ်သူလဲ။ အနီးအနားမှ တိုက်ပွဲကို ကြည့်ရှုရန် ပြင်ဆင်နေသည့် သူတော်စင်များမှာလည်း အံ့အားသင့်သွားကြသော်လည်း အံ့အားသင့်ပြီးနောက်တွင်တော့ ပုန်းကွယ်နေသည့် ကောလာဟလများကို စူးစမ်းချင်စိတ်များက မီးတောက်သလို တောက်လောင်လာသည်။ သူတို့သည် တိုးတိုးလေး စိတ်လှိုင်းဖြင့် အပြင်းအထန် ဆွေးနွေးနေကြသည်။
"နန်ခယ်အစ်မ၊ ပြဿနာတစ်ခုခုနဲ့များ ကြုံနေရတာလား သူက ဘယ်သူလဲ "
ချူးဖေးက ချန်နန်ခယ် စိတ်လှုပ်ရှားနေသည်ကို မြင်သဖြင့် ထူးဆန်းသော အမူအရာဖြင့် တိုးတိုးလေး မေးလိုက်သည်။ ချန်နန်ခယ်က လက်ကို ဝှေ့ယမ်းလိုက်ပြီး မိမိ၏ စိတ်အခြေအနေကို ပြန်လည် ထိန်းညှိလိုက်သည်။ ထို့နောက် မျက်လုံးကို မှေးကျဉ်းလိုက်ကာ ဖန့်ချန်နှင့် ဖန့်ချန်ဘေးရှိ နတ်မိမယ်ယွီကို ကြည့်လိုက်သည်။
"ယဲ့ထျန်းဂူ၊ နင်က တကယ်ပဲ ဘယ်သွားသွား ဒီမိန်းမပျက်ကို ခေါ်သွားတာပဲနော်။"
"နင်ကမှ မိန်းမပျက်။"
နတ်မိမယ်ယွီက အေးစက်စွာ ရယ်မောလိုက်သည်။ ဖန့်ချန်က စိတ်ထဲတွင် လှုပ်ရှားသွားပြီး နတ်မိမယ်ယွီကို တစ်ချက် ကြည့်လိုက်သည်။ အကြီးအကဲငါးပါးတို့မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ နတ်မိမယ်ယွီကလည်း ထိုသူနှင့် ရင်းနှီးနေသလား။ သို့သော် ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ဟင်းလင်းပြင်လောကနှင့် ပတ်သက်ပြီး သူတို့ နားလည်ထားချက်အရ အခု မြင်နေရသည့် မိန်းမမှာ ဟင်းလင်းပြင်လောကတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ပြီးမှသာ နတ်ဆိုးဆိုသည့် နာမည်ဂုဏ်သတင်းကို ရရှိလာခြင်း ဖြစ်သည်။
တစ်ဖက်နှင့်တစ်ဖက် မတူညီသည့် ခေတ်ကာလမှ သူတော်စင်များ ဖြစ်ကြပါလျက် ဘာကြောင့် တစ်ယောက်ကိုတစ်ယောက် မှတ်မိနေကြတာလဲ။
"လျှို့ဝှက်ချက် အကြီးမားဆုံး လျှို့ဝှက်ချက်ပဲ ဖန့်သူတော်စင်ဘိုးဘေးရဲ့ ခန္ဓာကိုယ်မှာ အကြီးမားဆုံး လျှို့ဝှက်ချက်တွေ ရှိနေတာပဲ "
စီကုကျိက ကျန်အကြီးအကဲလေးပါးထံသို့ တိုးတိုးလေး ပြောလိုက်သည်။ ထိုလေးဦးမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး စကားမပြောဘဲ တိတ်ဆိတ်စွာပင် ဆက်လက် စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်ကြသည်။
"ဟဟ"
ချန်နန်ခယ်က ရယ်မောလိုက်ပြီး နတ်မိမယ်ယွီနှင့် ဆက်လက် ငြင်းခုံမနေတော့ဘဲ ဖန့်ချန်ကိုသာ စိုက်ကြည့်ရင်း ပြောလိုက်သည်။
"ယဲ့ထျန်းဂူ၊ အရင်ကတော့ ငါ နင့်ကို နည်းနည်းလေး ရိုသေခဲ့သေးတယ်။ ဒါပေမဲ့ ဒီနေ့ ဒီအချိန်မှာတော့ နင်လည်း ဟင်းလင်းပြင်လောကကို အပို့ခံလိုက်ရပြီဆိုတော့ ငါတို့အားလုံး အတူတူပါပဲ။ နင့်ရဲ့ နောက်ကွယ်က သံသရာမသေမျိုးဂိုဏ်း က ဒီနေရာမှာ ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး။ ဒီနေ့ ငါ နင့်ကို အခွင့်အရေးတစ်ခု ပေးမယ်၊ ရှဲ့အာမန်၊ ဝမ်ချုံစန်းတို့နဲ့အတူ ငါ့အောက်မှာ အညံ့ခံလိုက်ပါ။ ငါ နင့်ကို သေချာပေါက် စိတ်ဝင်စားမယ့် သတင်းတစ်ခု ပြောပြမယ်။"
"ဘာ သူ့နောက်ကွယ်မှာ သံသရာမသေမျိုးဂိုဏ်း ရှိနေတာလား "
"တကယ်လား ဒါက တကယ်ပဲလား "
ကြည့်ရှုနေသည့် သူတော်စင်များစွာမှာ သွေးဆူလာကြပြီး စိတ်လှုပ်ရှားနေကြသည်။ သူတို့မှာ အနီးအနားသို့ပင် ပိုမို ကပ်လာကြသည်။ အကယ်၍သာ နေရာတွင် နတ်ဆိုးများ ရှိမနေပါက သူတို့မှာ အနီးအနားသို့ ချက်ချင်းပင် ပြေးလာကြတော့မည်။ ထိုသူတော်စင်များ၏ လှုပ်ရှားမှုကို ချန်နန်ခယ်လည်း မြင်နေရသဖြင့် အေးစက်စက် လှောင်ပြောင်လိုက်သည်။
"သံသရာမသေမျိုးဂိုဏ်းက သူတော်စင်တွေ ပေါ်လာတိုင်း နင်တို့ အပြင်ကို ထွက်နိုင်မယ်လို့ မထင်နဲ့၊ ဒီနေရာမှာ……သံသရာမသေမျိုးဂိုဏ်းက သူတော်စင်တွေကို မချုပ်နှောင်ဖူးဘူးလို့ ထင်နေတာလား"
စကားတစ်ခွန်းတည်းက ဆောင်းရာသီတွင် ရေခဲရေပတ်လောင်းလိုက်သလိုပင် သူတို့၏ ခေါင်းပေါ်သို့ ကျရောက်သွားသည်။
"မဖြစ်နိုင်တာ "
"ဒီနေရာမှာ သံသရာမသေမျိုးဂိုဏ်းက သူတော်စင်တွေကိုတောင် ချုပ်နှောင်ထားတာလား "
"ဒီလိုမျိုး လျှို့ဝှက်ဆန်းကြယ်တဲ့ လူတွေကိုတောင် ဟင်းလင်းပြင်လောကထဲမှာ ပိတ်လှောင်ထားတာလား။"
သူတော်စင်များစွာမှာ စိတ်ဓာတ်ကျသွားကြပြီး မျက်လုံးများထဲတွင် စိတ်ပျက်အားငယ်မှုများသာ ပြည့်နှက်လာသည်။ ထိုအချိန်တွင် ဖန့်ချန်နှင့် ရှဲ့အာမန်တို့မှာလည်း စူးစမ်းချင်စိတ်များ ဖြစ်ပေါ်လာကြသည်။
ဝမ်ချုံစန်း က-
"ဒီ ချန်နန်ခယ်က အနိုင်ရဖို့ သေချာပေါက် ယုံကြည်ချက်ရှိနေပုံပဲ၊ ငါတို့ကို တစ်စက်လေးမှ မကြောက်ဘူးလား။"
ရှဲ့အာမန် -
"သူမမှာ ဒီနေရာအတွက် လျှို့ဝှက်ကတ်တစ်ခုခု ရှိနေပုံပဲ။"
ဖန့်ချန် -
"ငါ သူမရဲ့ လျှို့ဝှက်ကတ်ကို လှန်ကြည့်ချင်တယ်၊ ခုနက သူမပြောတဲ့ သတင်းက ငါ စိတ်ဝင်စားမယ့်အရာဆိုတော့ တကယ်ပဲ စိတ်ဝင်စားလာပြီ။ ဒါ့အပြင် သူမမှာ ဒီနေရာမှာ ချုပ်နှောင်ခံထားရတဲ့ သံသရာမသေမျိုး ဂိုဏ်းက သူတော်စင်တွေနဲ့ ပတ်သက်ပြီးလည်း သိထားတဲ့အချက်အလက်တွေ ရှိဦးမယ်။"
ခေတ္တမျှ ရပ်နားပြီးနောက် ဖန့်ချန်က ချန်နန်ခယ်ကို ကြည့်ကာ ရယ်မောပြောလိုက်သည်။
"မင်းက အရင်တုန်းက ငါ့ရဲ့ လက်အောက်မှာ ရှုံးနိမ့်ဖူးတယ် မဟုတ်လား၊ ဘာလို့ ဒီတစ်ခါကျမှ ဒီလောက်ထိ ယုံကြည်ချက် ရှိနေရတာလဲ "
"ပထမအချက်၊ ဒီနေရာက ဟင်းလင်းပြင်လောက၊ ဒီနေရာထက် ပိုမြင့်တဲ့ စွမ်းအားတွေဆိုရင်တောင် အပြင်ကို ထွက်ချင်ရင် ဟင်းလင်းပြင်လောကရဲ့ ဖိနှိပ်မှုကို ခံရလိမ့်မယ်။"
ချန်နန်ခယ်က ဖန့်ချန်၏ မျက်လုံးကို ကြည့်ကာ အဓိပ္ပာယ်ပါပါဖြင့် ပြောသည်။
"ဒါကြောင့် ဒီတစ်ခါ ဘယ်သူမှ နင့်ကို ကူညီနိုင်မှာ မဟုတ်ဘူး။"
"ငါ့ကို ကူညီမယ့်သူ ရှိတယ် "
ဖန့်ချန်က မျက်မှောင်ကြုတ်လိုက်သည်။
"ပြီးတော့ရော"
"ဒုတိယအချက်၊ ဟင်းလင်းပြင်လောကနဲ့ လူ့လောကက မတူဘူး၊ နင်တို့က အခုမှ ရောက်လာတာဆိုတော့ နှစ်အနည်းငယ်လောက် ကြာမှသာ ဒီထဲက လျှို့ဝှက်ချက်တွေကို နားလည်လာနိုင်လိမ့်မယ်။ ဒါပေမဲ့ နင်တို့မှာ အချိန်မရှိတော့ဘူး၊ ဒီနေ့ ငါ့ကို တွေ့ပြီဆိုတော့ နင်တို့ကို နားလည်ဖို့အတွက် အချိန်အလုံအလောက် ငါ မပေးဘူး။"
ချန်နန်ခယ်က ပြုံးလျက် ပြောသည်။
"နင်တို့မှာ အခု လီတန်းရှန်း တစ်ယောက်ပဲ ရှိတယ်၊ ငါ့ကို တိုက်ဖို့တောင် မနည်းရုန်းကန်ရလိမ့်မယ်။ ကျန်တဲ့လူတွေ…… နင် ယဲ့ထျန်းဂူအပါအဝင် ဟင်းလင်းပြင်လောကမှာ ငါ့ရဲ့ ပြိုင်ဘက် မဖြစ်နိုင်ဘူး။"
စကားပြောနေစဉ်မှာပင် သူမ၏ ကိုယ်ထဲမှ အနက်ရောင် မြူခိုးငွေ့များမှာ ဒွါရခုနစ်ပေါက်မှ စီးဆင်းလာပြီး သူမ၏ တစ်ကိုယ်လုံးကို ပတ်ရစ်ထားသဖြင့် ချန်နန်ခယ်မှာ ထူးဆန်းစွာ ဖြစ်လာသည်။ အကြီးအကဲငါးပါးတို့မှာ ချက်ချင်းပင် နားလည်သွားကြသည်။ မူလက တစ်ဖက်လူ၏ ယုံကြည်ချက်မှာ အတွင်းကမ္ဘာ နတ်ဆိုး ၏ အငွေ့အသက်များပင်။ သူတို့သည် ချူးဇီမူ၏ နည်းလမ်းများကို မြင်ဖူးထားပြီး ဖြစ်သည်။ မိမိတို့ကိုယ်တိုင်ပင် အရင်က သူတော်စင် ဧကရာဇ် စီမံကိန်းမှ အကြီးအကဲများ ဖြစ်ပါလျက် ထိုနေရာတွင် အဆင့်မရှိသော သူတော်စင် တစ်ဦးကိုပင် မနိုင်ခဲ့ကြသဖြင့် ထိုအငွေ့အသက်၏ ကြောက်စရာကောင်းပုံကို သိရှိပြီး ဖြစ်သည်။
သို့သော်လည်း……
"သူတို့ကို နတ်ဆိုးလို့ ခေါ်ရင်၊ ဒီလူကရော ဘာလဲ"
သူတို့က ဖန့်ချန်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။
"ယဲ့ထျန်းဂူ၊ ငါ ဒီလမ်းကြောင်းမှာ တိုးတက်မှု အများကြီး ရထားပြီ၊ နတ်ဆိုးဆယ်ပါးထဲမှာ ငါက အတော်ဆုံးပဲ။ နင်ပဲဖြစ်ဖြစ်၊ ရှဲ့အာမန်ပဲဖြစ်ဖြစ်၊ ဝမ်ချုံစန်းပဲဖြစ်ဖြစ် နင်တို့ ပေါင်းတိုက်ရင်တောင် ငါ့ရဲ့ လက်ညှိုးတစ်ချောင်းကိုတောင် အနိုင်မယူနိုင်ဘူး။"
ချန်နန်ခယ်က အပြုံးဖြင့် ပြောသည်။ သူမ၏ ယုံကြည်ချက် ပြန်လည် ရရှိလာသည်ကို မြင်သောအခါ ချူးဖေးလည်း စိတ်သက်သာရာ ရသွားပြီး ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"နန်ခယ်အစ်မက နှစ်ပေါင်းများစွာ တိတ်တဆိတ် လေ့ကျင့်ထားတာဆိုတော့ အများကြီး နားလည်ထားပြီးပြီ၊ သူမသာ တိုက်မယ်ဆိုရင် ဒီ ပထမဆုံး အကျဉ်းစခန်းမှာ သူမကို ယှဉ်နိုင်မယ့်သူ မရှိဘူး "
ချန်နန်ခယ်၏ စကားက သူတော်စင်များကို သံသယ ဖြစ်စေသော်လည်း ချူးဖေး၏ လုပ်ရပ်က ချန်နန်ခယ်၏ စွမ်းအားကို လူတိုင်း ယုံကြည်သွားစေသည်။ ချူးဖေးလို နတ်ဆိုးကြီးတောင် နန်ခယ်အစ်မလို့ ခေါ်နေတာဆိုတော့ ချန်နန်ခယ်မှာ တကယ့် စွမ်းရည် ရှိတာပေါ့။ အခြေအနေက ဤသို့ ဖြစ်လာသည်ကို မြင်သောအခါ သူတော်စင်များစွာမှာ လျှို့ဝှက်စွာ စိတ်ဝင်စားလာကြသည်။ တကယ်တမ်းဆိုလျှင် သံသရာမသေမျိုး ဂိုဏ်းမှ ယဲ့ထျန်းဂူနှင့် လီတန်းရှန်းတို့ ပေါင်းပြီး ချန်နန်ခယ်နှင့် ချူးဖေးကို တားဆီးနိုင်ပါ့မလား။
"ချန်နန်ခယ်၊ ဒီတစ်ခါက ချူးဖေးနဲ့ လီတန်းရှန်းတို့ရဲ့ အငြိုးအတေးလို့ ထင်ထားတာ၊ မင်းက နောက်ကွယ်ကနေ ကစားနေတာပဲ။ ကြည့်ရတာတော့ မင်း ပထမဆုံး အကျဉ်းစခန်းကို ပေါင်းစည်းဖို့ ကြိုးစားနေတာပေါ့ "
ရုတ်တရက်ဆိုသလို အရိပ်ခုနစ်ခုမှာ ပေါ်လာသည်။ သူတို့က အဝေးတွင် ရပ်နေပြီး ချန်နန်ခယ်ကို အေးစက်စက် အကြည့်များဖြင့် ကြည့်နေကြသည်။
"ကျန်တဲ့ နတ်ဆိုးခုနစ်ပါးလုံး ရောက်လာပြီလား "
"ဒီနေ့တော့ နတ်ဆိုးဆယ်ပါးစလုံး စုမိပြီ "
ထိုခုနစ်ပါး ပေါ်လာသည်ကို မြင်သောအခါ ဝမ်ရှင်းမြို့နှင့် တန်းရှန်းမြို့မှ သူတော်စင်များမှာပင် အံ့အားသင့်သွားကြသည်။ ကြည့်ရှုနေသည့် သူတော်စင်များမှာလည်း ကြောက်ရွံ့သွားကြသည်။ ပထမဆုံး အကျဉ်းစခန်း၏ အခြေအနေမှာ ဒီနေ့တွင် ပျက်စီးသွားနိုင်ခြေ ရှိသည်။
"လေ တိုက်တော့မယ်…… ကပ်ဘေးဆိုးကြီး ရောက်လာတော့မယ်……"
သူတော်စင်တစ်ဦးက တိုးတိုးလေး ရေရွတ်လိုက်သည်။ ချန်နန်ခယ်က ထိုခုနစ်ပါးကို တစ်ချက် ကြည့်လိုက်ပြီး အံ့အားမသင့်ဘဲ ပေါ့ပေါ့ပါးပါး ရယ်မောလိုက်သည်။
"နင်တို့လည်း ရောက်လာကြတာပဲ၊ ဒါဆိုရင် ဒီတစ်ခါ နင်တို့ကို ဟိုဒီ လိုက်ရှာစရာ မလိုတော့ဘူးပေါ့၊ ငါ့အတွက်တော့ အလုပ်သက်သာသွားတာပေါ့။"
ဖန့်ချန်က အနောက်ဘက်သို့ ဖြည်းဖြည်းချင်း ဆုတ်ခွာသွားပြီး ပြောလိုက်သည်။
"ချန်နန်ခယ်ရဲ့ လျှို့ဝှက်ကတ်က ဒါတင် မကသေးဘူး၊ ငါတို့ မလှုပ်ရှားသေးနဲ့ဦး၊ အရင်ကြည့်ရအောင်။"
အခန်း (၂၈၈၄) - မင်း ဘယ်လိုများ တုံ့ပြန်မလဲ
ဖန့်ချန်၏ သေးငယ်သော လှုပ်ရှားမှုကို ချန်နန်ခယ်၏ မျက်လုံးများမှ မလွတ်ကင်းခဲ့သလို၊ ထိုနေရာတွင် ရှိနေသော နတ်ဆိုးကြီးများ၏ အာရုံမှလည်း မလွတ်ကင်းခဲ့ပေ။
ချန်နန်ခယ်၏ မျက်လုံးထဲတွင် ကိုယ့်ကိုယ်ကိုယ် ကျေနပ်သည့် အပြုံးတစ်စွန်းတစ်စ ပေါ်လာပြီး ဖန့်ချန်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။
တကယ်တော့ ဒီလူလည်း ကြောက်တတ်တာပဲကိုး။
သို့သော်လည်း သူမသည် ယခုအခါတွင် ထိုသူအား ချက်ချင်းပင် ဖိနှိပ်ရန် အရေးတကြီး လုပ်ဆောင်မနေတော့ပေ။
"မင်းတို့ နတ်ဆိုးကြီး ခုနစ်ပါးနဲ့ လီတန်းရှန်း၊ ပေါင်းလိုက်ရင် စုစုပေါင်း ရှစ်ယောက်။"
ချန်နန်ခယ်က ထိုနတ်ဆိုးကြီးများအုပ်စုကို ကြည့်ကာ ပြောလိုက်သည်။
"ဒီနေ့တော့ တိုက်ဆိုင်တာပါပဲ၊ ပထမဆုံး အကျဉ်းစခန်းကို ဒီနေ့ပဲ ပေါင်းစည်းလိုက်ကြရအောင်။"
"မင်းတို့ကို အခွင့်အရေးတစ်ခု ပေးမယ်၊ အခုချက်ချင်း အညံ့ခံမလား။"
"ဒါမှမဟုတ်ရင်…… သေသွားလိုက်ကြတော့။"
ထိုနေရာရှိ သူတော်စင်များမှာ စိတ်ထဲတွင် တိတ်တဆိတ် သက်ပြင်းချလိုက်မိကြသည်။ ချန်နန်ခယ်က ပထမဆုံး အကျဉ်းစခန်းတွင် အရင်ဆုံး နတ်ဆိုးကြီး ရှစ်ပါးကို စိန်ခေါ်လိုက်ခြင်းပင် ဖြစ်သည်။ မြို့တစ်မြို့စီ၏ နတ်ဆိုးကြီးများသည်ပင် ကြောက်မက်ဖွယ် ကောင်းလောက်အောင် အင်အားကြီးမားနေကြပြီ ဖြစ်ရာ၊ ထိုနတ်ဆိုးကြီးများကို စိန်ခေါ်ဝံ့သည့် ချန်နန်ခယ်တွင် မည်သို့သော နည်းလမ်းများ ရှိနေ၍ ယခုကဲ့သို့ စိတ်ဓာတ်နှင့် သတ္တိမျိုး ရှိနေရသနည်းဟု သူတို့ အံ့ဩမိကြသည်။
"ဟားဟားဟား။"
နတ်ဆိုးကြီး တစ်ပါးက ရယ်မောလိုက်သည်။
"အရင်ကတော့ ဒီနေ့က ဝမ်ရှင်းမြို့နဲ့ တန်းရှန်းမြို့ကိစ္စလို့ပဲ ထင်ထားတာ၊ ငါတို့ဆီအထိ ရောက်လာမယ်လို့ မထင်ထားဘူး။ ချန်နန်ခယ်၊ မင်းရဲ့ နောက်ခံက ရိုးရှင်းတဲ့အရာ မဟုတ်ဘူးဆိုတာ ငါသိတယ်၊ ဖြစ်နိုင်တာက အခု မင်းက ပြန်လည်ဝင်စားပြီးနောက်က မင်း ဖြစ်နေတာပဲ။ ဒါပေမဲ့ ပြန်လည်ဝင်စားတယ်ဆိုတာကတော့ ပြန်လည်ဝင်စားတာပါပဲ၊ အရင်က ဂုဏ်ကျက်သရေတွေကို အိပ်မက် မမက်ပါနဲ့တော့။ ချူးဖေးက မင်းကို ကြောက်တယ်၊ အညံ့ခံတယ်ဆိုတာ သူက အသုံးမကျလွန်းလို့ပဲ။ ဝမ်ရှင်းမြို့ကိုတောင် ကောင်းကောင်း မစီမံနိုင်ဘူး၊ ကိုယ့်လက်အောက်က သန့်စင်တဲ့ သူတော်စင်တွေကိုတောင် မကာကွယ်နိုင်ဘဲနဲ့ ငါတို့ကို တိုက်ဖို့ စစ်သည်တော်တွေ စုဆောင်းမယ်လို့တောင် စိတ်ကူးနေတာလား မင်းတို့က ကောင်းကောင်းမွန်မွန် မနေချင်ဘဲနဲ့ ဒီလိုမျိုး ကိစ္စတွေကို လုပ်ချင်နေတာဆိုရင်တော့ မင်းနဲ့ ချူးဖေးမှာ ဘာနည်းလမ်းတွေ ရှိလဲဆိုတာ ဒီနေ့ပဲ ကြည့်ကြရအောင် "
ကျန်နတ်ဆိုးကြီး ခြောက်ပါးကလည်း ထိုစကားကို ကြားသောအခါ သူတို့၏ ကိုယ်ထဲမှ အငွေ့အသက်များမှာ အဆက်မပြတ် တိုးတက်ပြင်းထန်လာသည်။ အနက်ရောင် မြူခိုးများကဲ့သို့ အငွေ့သတ်များမှာလည်း ပြင်းထန်စွာ စီးဆင်းထွက်ပေါ်လာသည်။ ထိုအခိုက်အတန့်တွင် ထိုသူတော်စင် ခုနစ်ပါးမှာ ဟင်းလင်းပြင်လောကထဲမှ နတ်ဆိုးကြီးများ အမှန်တကယ် ဖြစ်လာကြသလိုပင်။
"လီတန်းရှန်း၊ မင်းနဲ့ သူတို့နဲ့ ပေါင်းပြီး ချန်နန်ခယ်ကို ဖြေရှင်းနိုင်မလား ကြည့်လိုက်ဦး။"
ဖန့်ချန်က စိတ်လှိုင်းဖြင့် မှာကြားလိုက်သည်။ လီတန်းရှန်းက ခဏမျှ ကြောင်သွားပြီးနောက် တိုက်ခိုက်ရန် ပြင်ဆင်လိုက်ရာ သူ၏ ကိုယ်တစ်ဝိုက်တွင်လည်း အနက်ရောင် မြူခိုးများ လွှမ်းခြုံလာသည်။ နတ်ဆိုးကြီး ခုနစ်ပါးကလည်း လီတန်းရှန်း၏ အပြုအမူကို မြင်သောအခါ ခေါင်းညိတ်ပြလိုက်ကြသည်။
"နန်ခယ်အစ်မ၊ နောက်ထပ် နည်းနည်းလောက် စောင့်ကြည့်ရင် ကောင်းမလား ဒီနေ့မှာပဲ သူတို့နဲ့ အနိုင်အရှုံးကို အဆုံးအဖြတ် လုပ်စရာ မလိုပါဘူး……"
ချူးဖေးမှာ စိတ်တည်ငြိမ်မှု မရှိတော့ဘဲ စိတ်လှိုင်းဖြင့် တိုးတိုးလေး တားဆီးလိုက်သည်။
"နင် ဘေးကနေ ကြည့်နေလိုက်ရုံပဲ။"
ချန်နန်ခယ်က ချူးဖေးကို ဖြည်းညင်းစွာ ဖယ်လိုက်ပြီး ဖန့်ချန်ဘက်ကို တစ်ချက် လှမ်းကြည့်ကာ ရယ်မောရင်း ကောင်းကင်သို့ ပျံတက်သွားသည်။ လီတန်းရှန်းကလည်း ထိုမြင်ကွင်းကို မြင်သောအခါ လေထဲသို့ ပျံတက်သွားသည်။ ထိုနတ်ဆိုးကြီး ခုနစ်ပါး၏ ပုံရိပ်မှာလည်း ရုတ်တရက် ပျောက်ကွယ်သွားပြီး နောက်တစ်ကြိမ် ပြန်ပေါ်လာသည့်အခါတွင် လီတန်းရှန်းနှင့်အတူ ချန်နန်ခယ်ကို ဝိုင်းရံထားလိုက်ကြသည်။
တိုက်ပွဲမှာ ချက်ချင်းပင် စတင်တော့မည့် အခြေအနေသို့ ရောက်ရှိသွားသည်။ ကြည့်ရှုနေသည့် သူတော်စင်များမှာ တုံ့ပြန်ရန်ပင် အချိန်မရှိလိုက်ဘဲ နတ်ဆိုးကြီး ကိုးပါးမှာ တိုက်ပွဲထဲသို့ ဝင်ရောက်သွားကြသည်။ ကြောက်မက်ဖွယ် ကောင်းသည့် တိုက်ပွဲ၏ ပဲ့တင်ရိုက်ခတ်မှုများမှာ ဟင်းလင်းပြင်ကိုပင် စုတ်ပြဲသွားစေမည့်အလား။ သူတော်စင်အားလုံးမှာ အမြန်ဆုံး အကာအကွယ်တစ်ခုကို တည်ဆောက်လိုက်ကြပြီး ထိုတိုက်ပွဲ၏ အရှိန်အဝါကြောင့် ထိခိုက်မှာကို ကြောက်ရွံ့နေကြသည်။ တိုက်ပွဲ၏ အရှိန်အဝါအချိသာ သက်ရောက်လာပါက အပြစ်မဲ့စွာ ကြည့်ရှုနေသည့် သူတော်စင်များပင် အော်ဟစ်ကာ ဒဏ်ရာများ ရရှိကြသည်။
လက်ရှိ တိုက်ပွဲမှာ အလွန်ပင် ရှုပ်ထွေးနေသော်လည်း ထိုရှုပ်ထွေးမှုထဲတွင် စည်းစနစ်ကျနေသည်။ လီတန်းရှန်းနှင့် နတ်ဆိုးကြီး ရှစ်ပါးမှာ အကြိမ်ပေါင်းများစွာ လေ့ကျင့်ထားသည့်အလား အလွန်ပင် စိတ်သဘောထားချင်း တူညီနေကြသည်။ တကယ်တမ်းဆိုရလျှင် သူတို့မှာ တစ်ခါမျှ ပေါင်းပြီး မတိုက်ဖူးကြပေ။ ဒီနေ့မှသာ ပထမဆုံးအကြိမ် ပေါင်းပြီး ရန်သူကို တိုက်ခိုက်ခြင်း ဖြစ်သည်။ စိတ်သဘောထားချင်း တူညီနေခြင်းမှာ သူတို့အားလုံး၏ တိုက်ခိုက်နည်း စိတ်ကူးစိတ်သန်းမှာ အတူတူပင် ဖြစ်နေ၍ ဖြစ်သည်။ သို့သော် တိုက်ခိုက်နေသည်မှာ ခဏမျှသာ ရှိသေးသော်လည်း တစ်ခုခု မှားယွင်းနေကြောင်း သူတို့ ခံစားမိလိုက်ကြသည်။
"ဟူး"
အဖွဲ့အသီးသီးမှ သူတော်စင်များမှာ စိတ်ထဲတွင် သက်ပြင်းချလိုက်မိပြီး အခြေအနေကို သဘောပေါက်သွားကြသည်။ ချန်နန်ခယ်က နတ်ဆိုးကြီး ရှစ်ပါးလက်ထဲတွင် ဒီလောက်ထိ ကြာရှည်အောင် ခံနိုင်ရည်ရှိနေသည်လား။
ထိုနေရာရှိ သူတော်စင်များစွာမှာ အရင်က နတ်ဆိုးကြီးများ ပေါ်ထွက်လာသည့် ခေတ်ကာလများကို ဖြတ်သန်းခဲ့ကြသူများ ဖြစ်ကြသည်။ ထိုအထဲတွင် လီတန်းရှန်းက သူတော်စင်များကို မည်သို့ ရက်စက်စွာ သတ်ဖြတ်ခဲ့သည်ကို မြင်တွေ့ခဲ့ရသူများလည်း ပါဝင်သည်။ လက်ရှိတွင် လီတန်းရှန်းတို့ ရှစ်ပါးမှာ ချန်နန်ခယ်ကို မနိုင်မရှုံး ယှဉ်ပြိုင်နေရသည်။ လီတန်းရှန်းတို့လည်း ထိုအချက်ကို သတိပြုမိသွားကြပြီး သူတို့၏ အကြည့်များမှာ အလွန်ပင် လေးနက်သွားသည်။
သို့သော် နောက်တစ်ခဏတွင် ချန်နန်ခယ်သည် အချိန်ကို မဖြုန်းတီးချင်တော့သည့်အလား ခေါင်းကို မော့ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်ရာ သူမ၏ ရုပ်ခန္ဓာမှာ အဆုံးမဲ့သော အနက်ရောင် မြူခိုးများအဖြစ် ပြောင်းလဲသွားပြီး ဟင်းလင်းပြင်လောက၏ နတ်ဆိုးတိရစ္ဆာန် တစ်ကောင်အလား ကောင်းကင်ကြီး တစ်ဝက်ခန့်ကို လွှမ်းခြုံထားလိုက်သည်။ သူမ၏ ရှေ့တွင် ရှိနေသည့် လီတန်းရှန်းတို့ ရှစ်ပါးမှာမူ ယခုအခါ အလွန်ပင် သေးနုပ်သွားသလို ဖြစ်နေသည်။ လီတန်းရှန်းတို့၏ မျက်လုံးများထဲတွင် ထိတ်လန့်မှုများ ပေါ်လာပြီး အချို့မှာ ကြောက်ရွံ့မှုများပင် ပါဝင်နေသည်။
"ချန်နန်ခယ်…… ဟင်းလင်းပြင်လောကနဲ့ အပြီးအပိုင် ပေါင်းစပ်သွားတာလား "
"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ဒါဆို သူမက စိတ်ကို ဘယ်လိုထိန်းထားတာလဲ "
လီတန်းရှန်းတို့သာ ထိုမြင်ကွင်းကို ကြည့်ပြီး ထိတ်လန့်နေသည် မဟုတ်ပေ။ ဖန့်ချန်တို့မှာလည်း အနီးအနားမှ သူတော်စင်များအနက် အသစ်ရောက်လာသူများမှအပ ကျန်သူများမှာ ချန်နန်ခယ်၏ အခြေအနေကို ကြည့်ပြီး တုန်လှုပ်ချောက်ချားနေကြသည်ကို ထက်မြက်စွာ သတိပြုမိလိုက်သည်။
"ပြောထားပြီးသားပဲ၊ အသက်ရှင်ဖို့ အခွင့်အရေး ပေးတုန်းက မယူကြဘူး၊ အခုတော့ မင်းတို့ ဘယ်လိုလုပ်ပြီး နန်ခယ်အစ်မကို တိုက်မှာလဲ "
ချူးဖေးမှာ ပြုံးမရယ်ဘဲ မနေနိုင်တော့ဘဲ သူ၏ မျက်လုံးထဲတွင် အောင်နိုင်သူ၏ မာန်မာနများ ပြည့်နှက်နေသည်။ ဝမ်ရှင်းမြို့မှ သူတော်စင်များမှာလည်း ကောင်းကင်မှ ထိုခမ်းနားကြီးကျယ်လှသည့် ပုံရိပ်ကို ကြည့်ကာ လေးစားကြည်ညိုသည့် အမူအရာဖြင့် စိတ်သက်သာရာ ရသွားကြသည်။ ဤပုံရိပ်မှာ ကြောက်စရာကောင်းသော်လည်း သူတို့ဘက်က လူ ဖြစ်နေ၍ ဖြစ်သည်။
"ဖန့်သူတော်စင်ဘိုးဘေး…… သူတို့ဘက်မှာက ပေါင်းစပ်မှု ပိုနက်ရှိုင်းလေလေ၊ စွမ်းအား ပိုကြီးလေလေ ဖြစ်ပုံပဲ…… သူကတော့ အစကနေ အဆုံးထိ အကုန်လုံး ပေါင်းစပ်ခံထားရတာပဲ……"
စီကုကျိက ဖန့်ချန်ကို တစ်ချက်ကြည့်ကာ တံတွေးမြိုချလိုက်ပြီး-
"မင်းမှာ ဘယ်နှစ်ရာခိုင်နှုန်းလောက် အနိုင်ရဖို့ အာမခံချက် ရှိလဲ "
ဖန့်ချန်၏ အကြည့်မှာ လေးနက်နေသည်။
"သိပ်မရှိဘူး။"
"သိပ်မရှိဘူးဆိုတာ ဘယ်လောက်လဲ"
စီကုကျိတို့၏ အမူအရာမှာ ပြောင်းလဲသွားသည်။
"တစ်ရာ့သုံးဆယ် ရာခိုင်နှုန်း။"
"အော်……"
ဒါဆိုရင်တော့ ဘာမှ မဖြစ်တော့ဘူး။ အကြီးအကဲငါးပါးမှာ စိတ်သက်သာရာ ရသွားပြီး ချန်နန်ခယ်၏ လက်ရှိ ပုံစံကို စူးစမ်းချင်စိတ်ဖြင့် ကြည့်လိုက်ကြသည်။ စီကုကျိက ဂျီပင်းကို မေးလိုက်သည်။
"သူမ အခုဖြစ်နေတဲ့ ပုံစံကို ဘာလို့ ခေါ်မလဲ "
ဂျီပင်းမှာ မျက်နှာဖြူဖျော့သွားသည်။
"မသိဘူး…… အမှန်ဆိုရင်တော့ တကယ့် နတ်ဆိုးကြီးတွေဆိုရင် စိတ်ကို လုံးဝ ပျောက်ဆုံးသွားလိမ့်မယ်၊ ဒါပေမဲ့……"
ဒါပေမဲ့ ဒီ ချန်နန်ခယ်က စိတ်ကို ထိန်းထားနိုင်သေးသည် မဟုတ်လား ဒါက ဘာလဲ သူတို့ တကယ်ပင် မသိပေ။ ပထမဆုံး အကျဉ်းစခန်းတွင် နှစ်ပေါင်းများစွာ နေလာခဲ့သော်လည်း ဟင်းလင်းပြင်လောကနှင့် အပြီးအပိုင် ပေါင်းစပ်ပြီးနောက် စိတ်ကို ထိန်းထားနိုင်သည့်အကြောင်း မည်သည့်အခါမျှ မကြားဖူးခဲ့ပေ။
"ချန်နန်ခယ်၊ မင်း စိတ်ကို ထိန်းထားနိုင်မယ့် နည်းလမ်းကို ရှာတွေ့သွားတာလား မဟုတ်ဘူး၊ ဒါက သေခြင်းမရှိတဲ့ နည်းလမ်း ပဲ၊ မင်း ဟင်းလင်းပြင်လောကမှာ ထာဝရအသက်ရှင်နိုင်မယ့် နည်းလမ်းကို ရှာတွေ့သွားတာပဲ "
နတ်ဆိုးကြီး တစ်ပါးက သက်ပြင်းချလိုက်ပြီး ချန်နန်ခယ်ကို စိုက်ကြည့်နေသည်။ အကယ်၍သာ အပြီးအပိုင် ပေါင်းစပ်ပြီးနောက် စိတ်ကို ထိန်းထားနိုင်ပါက ဟင်းလင်းပြင်လောကတွင် သေခြင်းမရှိတော့ပေ။ ဟင်းလင်းပြင်လောကတွင် သေခြင်းမှာ အပြင်လောကနှင့် မတူပေ။ ထိုနေရာတွင် သံသရာ မရှိသဖြင့် အပြီးအပိုင် ပေါင်းစပ်ပြီးနောက် သေသွားပါက တကယ်ကို သေဆုံးခြင်း ဖြစ်သည်။ သူတို့ အမြင်တွင်မူ ထိုအရာက သေခြင်းထက်ပင် ကြောက်စရာ ကောင်းသည်။ ယခုအချိန်တွင်မူ သူတို့မှာ ချန်နန်ခယ်ဆီမှ မျှော်လင့်ချက် တစ်စွန်းတစ်စကို မြင်လိုက်ရသည်။
"နင်တို့ ရှစ်ယောက်၊ အခု ဒူးထောက်ပြီး အညံ့ခံရင် နောက်မကျသေးဘူး။"
ကြောက်မက်ဖွယ်ကောင်းသည့် နတ်ဆိုးကြီး၏ ပါးစပ်မှာ ဖြည်းဖြည်းချင်း ပွင့်လာပြီး ရှင်းလင်းသည့် လူစကားကို ပြောလိုက်သည်။ အဲဒါက ချန်နန်ခယ်၏ အသံပင် ဖြစ်သည်။ တစ်ဖက်လူမှာ စိတ်ကို လုံးဝ မပျောက်ဆုံးသွားခြင်း ဖြစ်သည် အရင်က ချန်နန်ခယ်ကို သတ်ရန် ကြွေးကြော်ခဲ့ကြသည့် နတ်ဆိုးကြီး ခုနစ်ပါးမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး စကားမပြောဘဲ ဒူးထောက်လိုက်ကြသည်။ လီတန်းရှန်းလည်း ထိုမြင်ကွင်းကို မြင်သောအခါ တုံ့ပြန်မှု မြန်ဆန်စွာဖြင့် တစ်ချက်မျက်တောင်ခတ်အတွင်းမှာပင် ဖန့်ချန်တို့ဘက်သို့ ပြန်ရောက်လာသည်။
"ဂိုဏ်းချုပ်၊ ကိစ္စက ခက်ခဲသွားပြီ……"
လီတန်းရှန်း၏ အမူအရာမှာ လေးနက်နေသည်။
"ကိစ္စက ပြီးသွားပြီ။"
ချူးဖေးက ရယ်မောလိုက်ပြီး ဖန့်ချန်တို့ကို ကြည့်လိုက်ရာ သူ၏ အကြည့်များမှာ ကံဆိုးသည်ကို ကြည့်ရသည့်အလား ဖြစ်နေသည်။ ချန်နန်ခယ်၏ အကြည့်များမှာလည်း ဖန့်ချန်ဆီသို့ ရောက်ရှိလာသည်။
"ယဲ့ထျန်းဂူ၊ အခုလို ဖြစ်နေတဲ့ ငါ့ကို နင်ဘယ်လိုများ တုံ့ပြန်မလဲ "