← Chapters

အခန်း (၂၈၈၅-၂၈၈၆)

Vol. 289 Ch. 2885-2886

အခန်း (၂၈၈၅-၂၈၈၆)

Vol. 289 Ch. 2885-2886

အခန်း (၂၈၈၅) - ဒါမှ တကယ့် နတ်ဆိုးကြီးဆိုတာ

​ချန်နန်ခယ်၏ အကြည့်များက ဖန့်ချန်ထံသို့ ကျရောက်လာသည်နှင့် တစ်ပြိုင်နက်၊ ထိုနေရာတွင် ရှိနေသော သူတော်စင်များအားလုံးကလည်း ဖန့်ချန်ဘက်သို့ တစ်ပြိုင်တည်း လှည့်ကြည့်လိုက်ကြသည်။

​ချူးဇီမှု ၏ စိတ်လှုပ်ရှားမှုကြောင့် လက်ဝါးထဲတွင် ချွေးစေးများပင် ထွက်နေသည်။ သူသည် ဖန့်ချန်ကို ထခုန်ပြီး “အခုမှ နောင်တရနေပြီလား” ဟု မေးမြန်းချင်စိတ်ကို မနည်းထိန်းထားရသည်။

​“ငါ ဘယ်လိုများ တုံ့ပြန်ရမလဲ……”

​ဖန့်ချန်က ကိုယ့်ကိုယ်ကိုယ် တိုးတိုးလေး ရေရွတ်လိုက်ပြီးနောက် ချန်နန်ခယ်ကို စိတ်ဝင်တစားဖြင့် ကြည့်လိုက်သည်။

​“ချန်နန်ခယ်၊ အခု အားလုံးက သိချင်နေကြတာက မင်း ဟင်းလင်းပြင်လောကနဲ့ အပြီးအပိုင် ပေါင်းစပ်ပြီးသွားတဲ့တိုင်အောင် စိတ်ကို ဘယ်လိုများ ထိန်းထားနိုင်တာလဲ။ ပြောပြပေးလို့ ရမလား၊ အားလုံး နားထောင်ကြရအောင်လေ။”

​“ဟုတ်တယ်လေ၊ ပြောပြပေးပါ၊ ငါတို့အားလုံး နားထောင်ချင်တယ်၊ ပြောပြပေးပါဦး။”

​စီကုကျိ တို့ အဖွဲ့ကလည်း တစ်ဦးပြီးတစ်ဦး လိုက်လံ ထောက်ခံကြသည်။

​ရှဲ့အာမန် ကလည်း - “ပြောသာ ပြောပြပေးလိုက်ပါ၊ ဘာမှ မဖြစ်ဘူး။”

​ဝမ်ချုံစန်း က - “ငါတို့ စိတ်ဓာတ်မကျသွားအောင် ပြောပြပေးသင့်တယ်၊ နင် ခုနကမှ ခေါ်လိုက်တဲ့ ခွေးခြေဆွဲသမားတွေလည်း သိချင်နေကြတာ သိသာပါတယ်။”

​ဟင်းလင်းပြင်တွင် ဒူးထောက်နေကြသော နတ်ဆိုးကြီး ခုနစ်ယောက် မှာ အနည်းငယ် တုန်လှုပ်သွားပြီး သူတို့၏ မျက်လုံးများထဲတွင် ဒေါသအရိပ်အယောင်များ ဖြတ်ပြေးသွားကာ ဝမ်ချုံစန်းကို စူးစိုက်ကြည့်လိုက်ကြသည်။

​သို့သော် ဝမ်ချုံစန်း ပြောသည့် စကားထဲတွင် အမှားတစ်ခုတော့ မပါချေ။

သူတို့လည်း တကယ်ပင် သိချင်နေကြခြင်း ဖြစ်သည်။

​“……”

​ချန်နန်ခယ်သည် ခဏတာ တိတ်ဆိတ်သွားပြီးနောက် သူမ၏ ကိုယ်တစ်ဝိုက်မှ အနက်ရောင် မြူခိုးများ တရိပ်ရိပ် ထွက်ပေါ်လာကာ ဖန့်ချန်ဘက်သို့ အနည်းငယ် တိုးကပ်လာသည်။

​ထိုမျှလောက်သော အကွာအဝေးလေး တိုးကပ်လာရုံဖြင့် ထိုနေရာရှိ သူတော်စင်များမှာ မိုးသားတိမ်တိုက်များ ဖိစီးလာသကဲ့သို့ စိတ်ထဲတွင် ပြင်းထန်သော ဖိအားများကို ခံစားလိုက်ရသည်။

​ချန်နန်ခယ် ဖြစ်တည်နေသည့် အနက်ရောင် မြူခိုးနတ်ဆိုးသည် ဖန့်ချန်ကို စူးစိုက်ကြည့်ရင်း ပြောလိုက်သည်။

​“ယဲ့ထျန်းဂူ၊ ငါတို့ အရင်ဆုံး တွေ့ဆုံခဲ့တုန်းက နင်က အရာအားလုံးကို အနိုင်ယူနိုင်မယ်လို့ ယုံကြည်ချက် အပြည့်ရှိခဲ့လို့ ငါတို့တွေကို လှောင်ပြောင်ခဲ့တာလေ။”

​“အခုတော့ကော၊ နင့်ရဲ့ ယုံကြည်ချက်က ဘယ်မှာလဲ။”

​“ဒီမှာလေ။”

​ဖန့်ချန်က လက်ကို မြှောက်ကာ လက်သီးကို တင်းတင်းဆုပ်လိုက်သည်။

​လီတန်းရှန်း၏ အမူအရာမှာ တစ်မျိုးတစ်ဖုံ ဖြစ်သွားပြီး ရှဲ့အာမန်ထံသို့ မသိမသာ စိတ်လှိုင်းဖြင့် စကားလှမ်းပြောလိုက်သည်။

​“ဂိုဏ်းချုပ်၊ ဒီလူက တကယ်ပဲ သံသရာမသေမျိုးဂိုဏ်းက ဟုတ်ရဲ့လား။ သံသရာမသေမျိုးဂိုဏ်းက တပည့် ဖြစ်ရင်တောင်မှ ဒီ ဟင်းလင်းပြင်လောကရဲ့ စည်းမျဉ်းတွေက မတူဘူးလေ။”

​“ချန်နန်ခယ်က အခု ဟင်းလင်းပြင်လောကနဲ့ အပြီးအပိုင် ပေါင်းစပ်သွားပြီ။ သူမကို ဟင်းလင်းပြင်လောကလို့ ခေါ်ရင်လည်း ရသလို၊ ဟင်းလင်းပြင်လောကကို သူမလို့ ခေါ်ရင်လည်း မမှားဘူး။”

​“သူမက ဟင်းလင်းပြင်လောကရဲ့ စွမ်းအားတွေကို တစ်စိတ်တစ်ပိုင်း ချေးငှားပြီး အသုံးပြုနိုင်တယ်……”

​“ဘာမှ မဖြစ်ပါဘူး၊ အရင်ကြည့်နေကြရအောင်၊ တကယ်ကို မနိုင်မှပဲ ထွက်ပြေးကြတာပေါ့။”

ဟု ရှဲ့အာမန်က စိတ်လှိုင်းဖြင့် ပြန်ပြောသည်။

​လီတန်းရှန်းမှာ - “……”

​“ယဲ့ထျန်းဂူ၊ နှစ်တွေ အတော်ကြာသွားပြီ၊ နင့်ရဲ့ စိတ်နေစိတ်ထားက အရင်အတိုင်းပါလား။”

​“ဒါမှမဟုတ် နင်တို့ သံသရာမသေမျိုးဂိုဏ်းက တပည့်တွေရဲ့ စိတ်ထားက အမြဲတမ်း ဒီအတိုင်းပဲလား။”

​“အရင်က ပီတု ကလည်း ဒီလိုပဲ၊ အခု နင်ကလည်း ဒီအတိုင်းပဲ။”

​“နင်တို့က ခေါင်းငုံ့ပြီး အညံ့မခံနိုင်ကြဘူးလား။”

​ချန်နန်ခယ်၏ အသံမှာ အနည်းငယ် တည်ငြိမ်သွားသည်။

​ထိုနေရာရှိ သူတော်စင်များမှာ ရုတ်တရက် သဘောပေါက်သွားကြသည်။

သူမက ဒီလောက်ကြာအောင် ဘာကြောင့် တိုက်ခိုက်ခြင်း မရှိသေးသလဲဆိုသည်မှာ သံသရာမသေမျိုး ဂိုဏ်းမှ သူတော်စင်ကို ကိုယ်တိုင် ကိုယ်ကျ ဒူးထောက် အညံ့ခံတာကို ကြည့်ချင်နေ၍ ဖြစ်သည်ကိုး။

​“မင်း ပီတု စီနီယာအစ်ကိုကိုတောင် တွေ့ဖူးတယ်ပေါ့လေ။”

​ဖန့်ချန်မှာ အံ့ဩသွားပြီး -

“ခန့်မှန်းခြေ ဘယ်လောက်လောက် ကြာပြီလဲ၊ အဲဒီတုန်းက မင်းရဲ့ ကျင့်ကြံမှု အဆင့်က ဘယ်လောက်လဲ။”

​“သိချင်လား၊ ဒူးထောက်ပြီး အညံ့ခံလေ။”

ချန်နန်ခယ်က လှောင်ပြုံးဖြင့် ပြောသည်။

​သူမ၏ အကြည့်များက နတ်မိမယ်ယွီ ထံသို့ ရောက်သွားသည်။

​“နင် အညံ့မခံဘူးဆိုရင် နင့်ရဲ့ ဒီမိန်းမပျက် ကို နင့်မျက်စိရှေ့တင်မှာပဲ ငါ သတ်ပြမယ်။ အရင်တစ်ခါက မသေသွားတာက သူမကံကောင်းလို့၊ ဒီတစ်ခါတော့ ဘယ်သူက ငါ့ကို တားနိုင်မလဲ ကြည့်ကြသေးတာပေါ့ ”

​နောက်ဆုံး စကားလုံး ထွက်လာသည်နှင့် တစ်ပြိုင်နက် ကြောက်မက်ဖွယ်ကောင်းသော အနက်ရောင် မြူခိုးများမှာ လှိုင်းလုံးကြီးများအလား နတ်မိမယ်ယွီ ဆီသို့ တဟုန်ထိုး ဝင်ရောက်သွားတော့သည်။

​အနီးအနားရှိ သူတော်စင်များမှာလည်း သေမင်းအငွေ့အသက်များ မကပ်ငြိစေရန် အလောတကြီးဖြင့် လေးဖက်လေးတန်သို့ ပျံ့လွင့်သွားကြသည်။

​“ပြန်လာပြန်ပြီလား။”

​နတ်မိမယ်ယွီ မှာ အမျက်ချောင်းချောင်း ထွက်သွားသည်။

​ဖန့်ချန်မှာလည်း တချို့သော ကိစ္စရပ်များကို သူ မသိရှိသေးကြောင်း နောက်ဆုံးတော့ အတည်ပြုနိုင်လိုက်သည်။

​ချန်နန်ခယ်က အရင်တစ်ခါ နတ်မိမယ်ယွီ ကို မသတ်နိုင်ခဲ့ဘူးဟု ပြောသည်။

ဘယ်အချိန်တုန်းကလဲ။

သူတို့ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့တုန်းက သူမမှာ နတ်မိမယ်ယွီ ကို သတ်နိုင်လောက်တဲ့ စွမ်းအား ဘယ်က ရခဲ့တာလဲ။

​အသေးစိတ် မတွေးတော့ဘဲ ဖန့်ချန်က လက်ကို မြှောက်ကာ လေထဲတွင် ရမ်းလိုက်ရာ နတ်ဘုရားရိုက်နှင်တံ ကို ထုတ်သုံးလိုက်သည်။

​“ဖြန်း”

​အနက်ရောင် မြူခိုးများမှာ ချက်ချင်းပင် ပြန့်ကျဲသွားသည်။

​ကြောက်မက်ဖွယ်ကောင်းသော လျှပ်စီးကြောင်းများမှာ အနက်ရောင် မြူခိုးများကို လိုက်လံ ပတ်ရစ်ရင်း ချန်နန်ခယ်ဘက်သို့ ရွေ့လျားသွားသည်။

​ဖန့်ချန်က ထပ်မံ၍ ကြိမ်လုံးကို ရမ်းလိုက်ပြန်သည်။

​ဒီတစ်ခါတွင်တော့ နတ်ဘုရားရိုက်နှင်တံ မှာ ချန်နန်ခယ်၏ မူရင်းခန္ဓာကို တည့်တည့်ထိသွားသည်။

​ကြိမ်လုံးပေါ်တွင် နတ်ဘုရားစွမ်းအားအမျိုးမျိုး၏ အငွေ့အသက်များ ကပ်ငြိနေသည်။

လူ့လောကဖြစ်တည်မှု၊ နှိမ်နင်းခြင်း နတ်ဆိုး မျက်လုံး၊ ကောင်းကင်လျှပ်စီး စွမ်းအားများ စသည်ဖြင့်……

​ထို နတ်ဘုရားရိုက်နှင်တံမှာ ချန်နန်ခယ်၏ ကိုယ်ပေါ်သို့ ကျရောက်သွားသည်နှင့် မိုးကုပ်စက်ဝိုင်းကို ဖုံးလွှမ်းနေသော အနက်ရောင် မြူခိုးများမှာ တစ်ခြမ်းချင်း ကွဲထွက်သွားသည်။

​အလယ်ဗဟိုမှ ပေါ်ထွက်လာသည့် အက်ကြောင်းမှာ တိမ်တိုက်များကြားမှ ကောင်းကင်ပြာကို မြင်လိုက်ရသည့်အလား ခံစားလိုက်ရသည်။

​ထိုနေရာရှိ သူတော်စင်များမှာ ချက်ချင်းပင် တိတ်ဆိတ်သွားကြသည်။

ဒူးထောက်နေကြသော နတ်ဆိုးကောင် ခုနစ်ကောင်မှာလည်း စိုးရိမ်တကြီးနှင့် အံ့ဩနေကြသည်။

​ထိုအချိန်တွင် ဖန့်ချန်က နတ်ဘုရားရိုက်နှင်တံကို ထပ်မံ ရမ်းလိုက်ပြန်သည်။

​ဝန်ခံရမည်မှာ ချန်နန်ခယ်၏ လက်ရှိစွမ်းအားမှာ အမှန်ပင် အလွန်တရာ ကြီးမားသည်။

သို့သော် ဘယ်လောက်ပင် ကြီးမားပါစေ၊ ကမ္ဘာတည်ဆောက်ခြင်း အဆင့် နောက်ဆုံးပိုင်းထက်တော့ မကျော်လွန်သေးပေ။

​အများဆုံးဆိုလျှင် လော့ထျန်းဝမ် နှင့် ယှဉ်နိုင်ရုံသာ ရှိသည်။

ဟေးကျားစခန်းမှ ဧကရာဇ် ၁၂ ပါးထက်တော့ အနည်းငယ် ပိုသာသည်။

​ဝူရှန်းပေမြိန် စခန်းတွင်ဆိုလျှင်တော့ လီတောက်ယဲ့ ကို အနိုင်ယူနိုင်လောက်သည်။

​ထို့ကြောင့် သူလည်း ဤတိုက်ပွဲကို အဆုံးသတ်ရန် အနည်းငယ်တော့ အချိန်ပေးရဦးမည်။

​တတိယမြောက် နတ်ဘုရားရိုက်နှင်တံ ကျရောက်သွားပြီးနောက်တွင်တော့ -

ချန်နန်ခယ်မှာ နောက်ဆုံးတွင် သတိပြန်ဝင်လာပြီး လူသားတစ်ယောက် မဟုတ်တော့သည့်အလား အော်ဟစ်လိုက်သည်။

​ဟင်းလင်းပြင်လောက၏ နေရာအနှံ့မှ ထူထပ်လှသော အနက်ရောင် မြူခိုးများမှာ သူမထံသို့ စီးဆင်းလာကြသည်။

​“တော်ပြီ၊ ကန့်သတ်ချုပ်နှောင်မယ်။”

​ဖန့်ချန်က နတ်ဘုရားရိုက်နှင်တံကို သိမ်းလိုက်ပြီး လက်ကို ဖြည်းညင်းစွာ ရမ်းလိုက်သည်။

​လေနုအေး တစ်ချက် တိုက်ခတ်သွားသကဲ့သို့ပင်။

​အနက်ရောင် မြူခိုးများအားလုံးမှာ ချက်ချင်းပင် ပျောက်ကွယ်သွားသည်။

​ချန်နန်ခယ်မှာလည်း သူမ၏ အထူးစွမ်းအားများအားလုံး ဆုံးရှုံးသွားပြီး ကောင်းကင်ပေါ်မှ ပြုတ်ကျလာကာ မြေပြင်ပေါ်သို့ အပြင်းအထန် ပစ်ပေါက်သလို ကျသွားသည်။ ထို့နောက် တစ်ချက်ခုန်တက်လာပြီး နောက်တစ်ခါ ပြန်ကျလာကာ နောက်တစ်ချက် ထပ်ခုန်တက်ပြန်သည်။

​ထိုသို့ အကြိမ်အနည်းငယ် လူးလိမ့်နေရင်း ဖန့်ချန်၏ ခြေရင်းသို့ ရောက်လာသည်။

​နတ်မိမယ်ယွီမှာ ချက်ချင်းပင် ရှေ့သို့တိုးလာပြီး ချန်နန်ခယ်ကို ဆွဲမကာ လက်ဖြင့် ပါးရိုက်သံများမှာ ရာကျော်သည်အထိ ဆက်တိုက် ဖြစ်လာသည်။

​“……”

​“……”

​ပတ်ဝန်းကျင်မှာ အလွန်တရာ တိတ်ဆိတ်သွားပြီး အသက်ရှူသံပင် မကြားရတော့ပေ။

​တစ်နေရာတည်းတွင် ဆက်တိုက်ဆိုသလို ကြားနေရသည်မှာ ရှင်းလင်းပြတ်သားလှသော ပါးရိုက်သံများသာ ဖြစ်သည်။

​မျက်လုံးတိုင်းမှာ အံ့အားသင့်မှု၊ ထိတ်လန့်မှု၊ ကြောက်ရွံ့မှု၊ နားမလည်မှု၊ မကျေမနပ်မှုတို့ဖြင့် ပြည့်နှက်နေကြသည်။

​ချူးဖေး မှာ သူ၏ ခန္ဓာကိုယ်မှာ အလွန်တရာ တောင့်တင်းနေသည်ဟု ခံစားလိုက်ရပြီး ထိုနေရာမှ ထွက်ခွာသွားချင်သော်လည်း ခြေလှမ်းမရွေ့နိုင်တော့ပေ။

​သူ့ကို အချုပ်အနှောင် ခံထားရ၍ မဟုတ်ဘဲ…… ကြီးမားလှသော ကြောက်ရွံ့မှုက တောင်ကြီးတစ်ခုအလား သူ့အပေါ်သို့ ဖိချထားခြင်းကြောင့် ဖြစ်သည်။

​နတ်ဆိုးကြီး ဖြစ်လာပြီးနောက် ပထမဆုံး အကျဉ်းစခန်းတွင် မည်သူ့ကိုမျှ ဂရုမစိုက်ဘဲ လွတ်လပ်စွာ နေထိုင်ခဲ့သည့် သူသည် ထိုကဲ့သို့ ခံစားချက်မျိုးကို ဘယ်တုန်းကမှ မကြုံခဲ့ရဖူးပေ။

​အခြား နတ်ဆိုးကြီး ခုနစ်ယောက်မှာလည်း အခြေအနေမှာ ထိုထက်မပိုပေ။ မူလနေရာတွင်ပင် ဒူးထောက်နေဆဲ ဖြစ်သော်လည်း သူတို့ ဒူးထောက်ထားသည့် အရပ်မျက်နှာမှာ ပြောင်းလဲသွားခဲ့သည်။

​သူတို့မှာ ယခုအချိန်တွင် ဖန့်ချန်ဘက်ကို မျက်နှာမူကာ ဒူးထောက်နေခြင်း ဖြစ်သည်။

​လီတန်းရှန်းမှာ ဖန့်ချန်ကို တစ်ချက်၊ နတ်မိမယ်ယွီ ကို တစ်ချက် ကြည့်လိုက်ပြီးနောက် ခုခံစွမ်းမရှိတော့သည့် ချန်နန်ခယ်ကို ကြည့်ကာ မသိစိတ်ဖြင့် တံတွေးကို အသာမျိုချလိုက်သည်။

​တကယ်တမ်းမှာ သူသည် သံသရာမသေမျိုး ဂိုဏ်းအကြောင်းကို ကြားဖူးနားဝသာ ရှိသည်။ သူ၏ ခေတ်ကာလတွင် သံသရာမသေမျိုးဂိုဏ်းမှာ ပေါ်ထွက်လာခြင်း နည်းပါးလှပြီး ထိတွေ့ခွင့် လုံးဝ မရခဲ့ပေ။

​ဒီနေ့ ဒီအချိန်တွင်တော့ သူသည် အရင်က ကြားခဲ့ရသော ပုံကြီးချဲ့ထားသည့် သတင်းစကားများမှာ တစ်စက်ကလေးမျှ ပုံကြီးချဲ့ထားခြင်း မဟုတ်ကြောင်း နောက်ဆုံးတွင် သဘောပေါက်သွားတော့သည်။

​“အဆုံးမှာတော့ ဖန့်သူတော်စင်ဘိုးဘေးရဲ့ လက်ချက် နှစ်ချက်၊ သုံးချက်လောက်နဲ့ပဲ ပြီးသွားတာပဲကိုး။”

အကြီးအကဲငါးပါး တို့က နောက်ဆုံးတော့ စိတ်သက်သာရာ ရသွားကြသည်။

​အံ့ဩစရာ ကောင်းသည်ဟု ပြောရမည်လား၊ သူတို့ကမူ ဒါဟာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ကိစ္စဟုသာ ထင်မြင်နေကြသည်။

​အဓိကအချက်မှာ ချန်နန်ခယ်၏ နည်းလမ်းများက သူတို့ကို အခုလေးတင်ကမှ တုန်လှုပ်ခြောက်ခြားစေခဲ့ခြင်း ဖြစ်သည်။

​ဒါဟာ သူတို့ထက် အဆပေါင်းများစွာ သာလွန်သည်ဆိုတာလည်း ငြင်းမရတဲ့ အမှန်တရား ဖြစ်သည်။

​“ဖန့်သူတော်စင်ဘိုးဘေး၊ ဒီ ချန်နန်ခယ်က ဆန်းနယဲ့ စစ်မြေပြင်မှာဆိုရင် ဘယ်အဆင့်လောက်မှာ ရှိမလဲ။”

ဆွေ့ဟွမ်ရွှီက စိတ်ဝင်တစားဖြင့် မေးလိုက်သည်။

​ဖန့်ချန် -

“လော့ထျန်းဝမ်နဲ့ တစ်အဆင့်တည်းလောက် ရှိမှာပါ၊ သာမန်လူတော့ မဟုတ်ဘူး။”

​အကြီးအကဲငါးပါး၏ အမူအရာမှာ တည်ကြည်သွားပြီး ချန်နန်ခယ်ကို ကြည့်သည့် အကြည့်များထဲတွင် လေးစားမှုများ အနည်းငယ် ရောယှက်လာသည်။

​ဒါဟာ ချန်နန်ခယ်ဆိုတဲ့ လူတစ်ယောက်ကို လေးစားတာ မဟုတ်ဘဲ၊ ထိုစွမ်းအားကို လေးစားခြင်း ဖြစ်သည်။

​သူတို့သည် ဆန်းနယဲ့ စစ်မြေပြင်သို့ ရောက်ဖူးကြသူများ ဖြစ်သည့်အတွက် အရင်က သူတို့ မည်မျှအထိ ရေတွင်းထဲက ဖားလို ဖြစ်နေခဲ့သည်ကို သိရှိထားကြသည်။

​သူမက ဟင်းလင်းပြင်လောကမှာ၊ အပယ်ခံတစ်ယောက်အနေနဲ့ ဒီလောက်အထိ စွမ်းအားကို တိုးတက်အောင် လုပ်နိုင်ခဲ့ခြင်းမှာ လော့ထျန်းဝမ် အဆင့်နဲ့ ညီမျှနေပြီ ဖြစ်သည်။

​ဒါဟာ စခန်း တစ်ခုရဲ့ နံပါတ်တစ်နဲ့ ညီမျှနေတာပဲ။

​ဒါဟာ ဘယ်လောက်တောင် ကြောက်ဖို့ ကောင်းလိုက်သလဲ။

​အကယ်၍ သူမသာ ကောင်းကင်ငါးပါး မှာ ပေါ်လာခဲ့ပြီး အဲဒီမှာသာ ဖန့်သူတော်စင်ဘိုးဘေး မရှိခဲ့ဘူးဆိုရင်……

​သူမဟာ ကောင်းကင် ငါးပါးအတွင်းမှာ တူညီတဲ့ အဆင့်အတန်းရှိသူတွေထဲက နံပါတ်တစ် ဖြစ်လာမှာ အသေအချာပဲ။

​သူတို့ အားလုံးပေါင်းပြီး တိုက်ခိုက်ရင်တောင် သူမရဲ့ လက်ညှိုးတစ်ချောင်းစာလောက်တောင် မရှိနိုင်ဘူး။

​“ဖြန်းးးး ဖြန်းးး ”

​နတ်မိမယ်ယွီမှာ မရပ်သေးဘဲ ရိုက်နေဆဲ ဖြစ်သည်။ ထိုရှင်းလင်းပြတ်သားသော ပါးရိုက်သံများကြောင့်သာ ထိုနေရာရှိ သူတော်စင်များမှာ သတိပြန်ဝင်လာကြသည်။

​သူတို့မှာ အမူအရာမဲ့နေသော ဖန့်ချန်ကို မသိစိတ်ဖြင့် လှမ်းကြည့်လိုက်ကြသည်။

​“ဒီတစ်ယောက်ကမှ တကယ့်ကို နတ်ဆိုးကြီး ဆိုတာ……”

အခန်း (၂၈၈၆) - ဒီနေရာကနေ ထွက်သွားနိုင်တဲ့ နည်းလမ်း ငါ့မှာ ရှိတယ်

​“အီ……”

​ချန်နန်ခယ်သည် ပါးရိုက်ချက် ရာကျော်၏ ရိုက်ခတ်မှုကြောင့် သတိပြန်လည်လာသည်။ သူမသည် မျက်နှာတွင် ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရပြီး ဦးခေါင်းမှာလည်း မူးဝေနေသဖြင့် ဖြစ်ပျက်ခဲ့သည်များကို နားမလည်နိုင် ဖြစ်နေသည်။

​မျက်လုံးကို ပွင့်လိုက်သည်နှင့် တစ်ပြိုင်နက် သူမ မြင်လိုက်ရသည်မှာ အဖြူရောင် နူးညံ့သိမ်မွေ့သော အမျိုးသမီးလက်တစ်ဖက် သူမဆီသို့ ဦးတည်လာနေခြင်းပင်။

​“ဖြန်း”

​ချန်နန်ခယ်မှာ အံ့အားသင့်သွားသည်။ နတ်မိမယ်ယွီ ၏ မျက်နှာကို မြင်လိုက်ရသည့်အခါတွင်တော့ သူမသည် ဒေါသတကြီး ဖြစ်သွားပြီး တုံ့ပြန်ရန် လက်ကို မြှောက်လိုက်သည်။

​သို့သော်လည်း သူမ၏ လက်ဝါးမှာ အလွယ်တကူပင် ပုတ်ထုတ်ခံလိုက်ရပြီးနောက် နောက်ထပ် ပါးရိုက်ချက်တစ်ခုကို ထပ်မံ ခံလိုက်ရပြန်သည်။

​“ရှောင်ယွီ၊ ခဏလေး ရပ်ထားပါဦး၊ သူမကို မေးစရာ ကိစ္စတွေ ကျန်သေးတယ်။”

​ဖန့်ချန်က ပြောသည်။

​“သခင်လေး ရှင် သူမကို သနားသွားတာတော့ မဟုတ်ပါဘူးနော်။”

​နတ်မိမယ်ယွီက ဖန့်ချန်ကို တစ်ချက်စောင်းငဲ့ ကြည့်လိုက်သည်။

​ဖန့်ချန်က - “နောက်ထပ် အချက်တစ်ရာ ရိုက်လိုက်ပါ။”

​နတ်မိမယ်ယွီမှာ ချက်ချင်းပင် လက်မောင်းကို ခေါက်တင်လိုက်ပြီး အားရပါးရ ရိုက်နှက်တော့သည်။

​ချန်နန်ခယ်သည် မုန်တိုင်းတစ်ခုအလား ပြင်းထန်သော ပါးရိုက်ချက်များကို ခံစားနေရရင်းနှင့်ပင် ဦးခေါင်းမှာ ဖြည်းဖြည်းချင်း သတိပြန်ဝင်လာသည်။

​သူမ၏ စိတ်ထဲတွင် ကြောက်ရွံ့မှုနှင့် ထိတ်လန့်မှုများ လှိုင်းထန်လာသည်။

ဘာကြောင့်လဲ…… သူမရဲ့ နည်းလမ်းတွေက ဘာကြောင့် အသုံးမဝင်တော့တာလဲ။

ရှုံးနိမ့်သွားခင်က သူမ၏ စွမ်းအားများအားလုံးမှာ ကုန်ခမ်းသွားသကဲ့သို့ ခံစားလိုက်ရသည်ကို မှတ်မိနေသည်။

သို့သော် အဲ့ဒါက ဟင်းလင်းပြင်လောကရဲ့ စွမ်းအားလေ။

ဒီလူမှာ ဘယ်လိုလုပ်ပြီး အဲ့ဒီလောက် အစွမ်းထက်တဲ့ နည်းလမ်းတွေ ရှိနေရတာလဲ။

သံသရာမသေမျိုးဂိုဏ်း က ဆင်းသက်လာလို့လား။

​ထိုအချိန်တွင် ချန်နန်ခယ်သည် ဝန်မခံချင်သော်လည်း သူမတစ်ကြိမ်ထပ်မံ၍ ရှုံးနိမ့်သွားကြောင်းကို လက်ခံရတော့မည် ဖြစ်သည်။

သူမ စိတ်ကူးတစ်ခု ရသွားပြီး နတ်မိမယ်ယွီ၏ နောက်ထပ် ပါးရိုက်ချက်တစ်ခု မကျရောက်ခင်မှာပင် ဖန့်ချန်ဘက်သို့ အမြန်ကြည့်လိုက်သည်။

​“ယဲ့သခင်လေး၊ ရှင်က မိန်းကလေး တစ်‌ယောက်ကို နူးနူးညံ့ညံ့ နဲ့ မဆက်ဆံတတ်ဘူးလား၊ သူမ ဒီလိုမျိုး ငါ့ကို အနိုင်ကျင့်နေတာကို ကြည့်နေတော့မှာလား……”

​ချူးဖေးမှာ - “……”

သူ ချန်နန်ခယ်ကို သိကျွမ်းလာသည့် အချိန်မှစ၍ သူမ၏ ဤမျှ နူးညံ့အားနည်းသည့် ပုံစံမျိုးကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။

တစ်ခဏအတွင်းမှာပင် လက်ခံရခက်နေမိသည်။

​ဟင်းလင်းပြင်တွင် ဒူးထောက်နေကြသော နတ်ဆိုးကြီး ခုနစ်ကောင်မှာလည်း အခြေအနေကို သဘောပေါက်သွားကြသည်။ သူတို့လည်း ဒူးထောက်မနေတော့ဘဲ လီတန်းရှန်း၏ အနီးသို့ လျှောက်လာကာ အခြေအနေကို လှမ်းကြည့်နေကြသည်။ ချန်နန်ခယ်၏ ဤပုံစံကို မြင်လိုက်ရသဖြင့် သူတို့မှာ အလွန်တရာ အံ့ဩသွားကြသည်။

​ဖန့်ချန်က မျက်မှောင် အနည်းငယ်ကြုတ်ကာ နတ်မိမယ်ယွီကို ပြောလိုက်သည်။

​“နောက်ထပ် အချက်တစ်ရာ ရိုက်လိုက်ပါ။”

​“အိုကေ”

​နတ်မိမယ်ယွီမှာ ရယ်မောလိုက်သည်။

​ချန်နန်ခယ်မှာ စိတ်ထဲတွင် အလွန်တရာ အရှက်ရသော်လည်း လက်ရှိအခြေအနေတွင် ပါးစပ်ပိတ်ထားရမည်ကို သိသဖြင့် နတ်မိမယ်ယွီ၏ ပါးရိုက်ချက်များကို တိတ်တဆိတ် ခံယူနေရသည်။

​“မိန်းမပျက်၊ မိန်းမပျက်၊ မိန်းမပျက်”

​ချန်နန်ခယ်သည် စိတ်ထဲတွင် အငြိုးအတေးများဖြင့် ကျိန်ဆဲနေသည်။

“ငါ တစ်နေ့ကျရင် နင့်အရေပြားကို အပိုင်းပိုင်း ဆွဲဖြဲပစ်မယ်”

​“နင်က စိတ်ထဲမှာ ငါ့ကို ဆဲရဲသေးတယ်ပေါ့လေ”

​နတ်မိမယ်ယွီက ရုတ်တရက် အော်ပြောလိုက်သည်။

​ချန်နန်ခယ်မှာ အနည်းငယ် တုန်လှုပ်သွားပြီး -

“နင် ဘယ်လိုလုပ် သိတာလဲ။”

​“ငါ ခန့်မှန်းကြည့်တာ ”

​နတ်မိမယ်ယွီက ပြန်လည်ပြီး ပါးရိုက်လိုက်ပြန်သည်။

ယခုဆိုလျှင် မျက်မမြင်ပင် ဖြစ်ပါစေ၊ ဤအမျိုးသမီး နှစ်ဦးကြားတွင် တစ်ကြိမ်တစ်ခါမျှ မဟုတ်သော အငြိုးအတေးများ ရှိနေကြောင်း သိသာနေသည်။

သိသာထင်ရှားစွာပင် နှစ်ပေါင်းများစွာ ကြာမြင့်လာသည့် အမုန်းတရားများ ဖြစ်သည်။

​မကြာခင်မှာပင် ချန်နန်ခယ်၏ မျက်နှာမှာ ရောင်ရမ်းနေပြီ ဖြစ်သည်။ ဆက်ရိုက်ပါက မျက်နှာတစ်ခုလုံး ပျက်စီးသွားနိုင်သဖြင့် နတ်မိမယ်ယွီမှာ ရပ်လိုက်တော့သည်။

​“ချန်နန်ခယ်၊ အခု ငါတို့အားလုံး သိချင်နေတာက ဟင်းလင်းပြင်လောကနဲ့ အပြီးအပိုင် ပေါင်းစပ်သွားတဲ့နောက်မှာ မင်းက စိတ်ကို ဘယ်လိုနည်းနဲ့ ထိန်းထားနိုင်ခဲ့တာလဲ။”

​ဖန့်ချန်က လည်ချောင်းရှင်းလိုက်သည်။

​“ဒီမေးခွန်းကို ဖြေပေးဖို့ မျှော်လင့်ပါတယ်။”

​“ချန်နန်ခယ်၊ ဒီသခင်ကြီး မေးတာကို အမြန်ဆုံး ဖြေလိုက်စမ်း”

​နတ်ဆိုးကြီး တစ်ကောင်က အော်ပြောလိုက်သည်။

ချန်နန်ခယ်က ထိုနတ်ဆိုးကြီးကို စိုက်ကြည့်လိုက်သည်။ အရင်က ဒူးထောက်ပြီး အညံ့ခံခဲ့သူများသည် ယခုတော့လည်း လျင်မြန်စွာပင် သစ္စာဖောက်သွားကြသည်။

​“ငါ မပြောရင်ကော၊ နင်တို့က ငါ့ကို ဘာလုပ်နိုင်မှာလဲ။”

​ချန်နန်ခယ်က ဖန့်ချန်ကို ကြည့်လိုက်သည်။

​“ယဲ့သခင်လေး၊ နင် ငါ့ကို ဘယ်လိုအနိုင်ယူလိုက်တယ်ဆိုတာ ငါမသိပေမဲ့၊ ငါက ဟင်းလင်းပြင်လောကနဲ့ အပြီးအပိုင် ပေါင်းစပ်သွားပြီ။ နင် ငါ့ကို သတ်လို့ မရဘူး။”

​“ဒီနေရာကနေ ထွက်သွားနိုင်တဲ့ နည်းလမ်း ငါ့မှာ ရှိတယ်။”

​ဖန့်ချန်က ပြောသည်။

​“……”

​တစ်နေရာလုံးမှာ သေမင်းအလား တိတ်ဆိတ်သွားသည်။

ချန်နန်ခယ်၏ အမူအရာမှာလည်း အမျိုးမျိုး ပြောင်းလဲသွားသည်။

ဦးစွာ ပထမမှာ မယုံကြည်နိုင်သလို လှောင်ပြောင်လိုက်ပြီးနောက် ဖန့်ချန်၏ မျက်လုံးများကို ကြည့်လိုက်သည့်အခါ မသိုးမသန့် ဖြစ်သွားကာ သံသယများ ဝင်လာသည်။

ဖြည်းဖြည်းချင်းပင် ထိုသံသယများမှာ မျှော်လင့်ချက်အဖြစ် ပြောင်းလဲသွားသည်။

​သူမ၏ အသံမှာ အနည်းငယ် တုန်ယင်နေသည်။

​“နင် ငါ့ကို လိမ်နေတာလား။”

​“ငါ ဟင်းလင်းပြင်လောကက ဘယ်လိုပုံစံလဲ သိချင်လို့ လာပြီး ဆော့ကစားနေတာလို့ တကယ်ထင်နေတာလား။”

​ဖန့်ချန်က အေးဆေးစွာ ပြောသည်။

​ချန်နန်ခယ်မှာ စကားမပြောနိုင် ဖြစ်သွားပြီးနောက် ချက်ချင်းပင် ပြန်ချေပသည်။

​“နင်တို့ဂိုဏ်းက တပည့်တွေလည်း ဒီမှာ သေဆုံးခဲ့ကြတာပဲ……”

​“ချန်နန်ခယ်၊ အစွဲလမ်း မကြီးပါနဲ့တော့၊ သူက တန်းရှန်းမြို့ရဲ့ နတ်ဘုရား စွမ်းအားကို နားလည်သဘောပေါက်သွားပြီ၊ ပြီးတော့ နတ်ဆိုး အငွေ့အသက်တွေရဲ့ လွှမ်းမိုးမှုကိုလည်း မခံရတော့ဘူး။”

​လီတန်းရှန်းက ရုတ်တရက် ဝင်ပြောလိုက်သည်။

​“နတ်ဘုရား စွမ်းအားကို နားလည်သဘောပေါက်ပြီး နတ်ဆိုး အငွေ့အသက်တွေကို မခံရတော့ဘူး ”

​နေရာရှိ သူတော်စင်များမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ အနည်းငယ် မယုံကြည်နိုင် ဖြစ်နေကြသည်။

​“ပြောပါ။”

​ဖန့်ချန်က အေးဆေးစွာ ပြောသည်။

​ချန်နန်ခယ်၏ စိတ်ထဲတွင် အကြီးအကျယ် တိုက်ပွဲဝင်နေရသကဲ့သို့ ဖြစ်သွားသည်။ အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးမှ ဖြည်းဖြည်းချင်း စကားပြောလာသည်။

​“ငါ့ရဲ့ အရင်ဘဝတုန်းက ပြောင်းလဲခြင်း နတ်ဘုရားများ ကို နားလည်သဘောပေါက်ခဲ့ပြီးသား၊ ငါက သူတော်စင်ဧကရာဇ် နန်းတော်ရဲ့ အုပ်ချုပ်မှုအောက်က ဟင်းလင်းပြင်လောကကို စောင့်ကြည့်ရတဲ့ ထောင်မှူး တစ်ယောက်ပဲ။”

​ထိုစကား ထွက်လာသည်နှင့် တစ်ပြိုင်နက် တစ်နေရာလုံးမှာ အလွန်တရာ ဆူညံသွားတော့သည်။

ဒေါသအမျက်ထွက်နေသော မျက်လုံးများက ချန်နန်ခယ်ကို စူးစိုက်ကြည့်လိုက်ကြသည်။

​“မိန်းမယုတ်”

​“သူမက ဟင်းလင်းပြင်လောကရဲ့ ထောင်မှူး ဖြစ်ခဲ့တာကိုးကွ”

​“သေစမ်း”

​သာမန်အခြေအနေ မဟုတ်ပါက သူတို့သည် ချန်နန်ခယ်ကို အသက်ရှင်လျက် ဝါးမြိုပစ်ချင်နေကြပြီ ဖြစ်သည်။

သူတော်စင်ဧကရာဇ် နန်းတော် နှင့် ဟင်းလင်းပြင်လောက၏ ထောင်မှူးများအပေါ်တွင် သူတို့မှာ အလွန်တရာ အမုန်းကြီး မုန်းတီးနေကြသည်။

​“အို...ပြောင်းလဲခြင်း နတ်ဘုရားမျက်လုံးကို နားလည်သဘောပေါက်ခဲ့တာကိုး……”

​ဖန့်ချန်က သဘောပေါက်သွားသည်။

​“ဟုတ်တယ်၊ အဲ့ဒီတုန်းက အကြီးကဲတစ်ယောက်က ငါ့လိုလူမျိုးဟာ တခြားလောကကို ပြန်လည်ဝင်စားသွားရင်တောင်မှ မတော်တဆ ဟင်းလင်းပြင်လောကကို ရောက်လာခဲ့ရင် အပြီးအပိုင် ပေါင်းစပ်သွားမှာ မဟုတ်ဘဲ စိတ်ကို ထိန်းထားနိုင်လိမ့်မယ်လို့ ပြောပြခဲ့တယ်။ ဟင်းလင်းပြင်လောကက ငါတို့ကို မှတ်မိနေတယ်။”

ချန်နန်ခယ်က ပြောသည်။

​“ကောင်းပြီ၊ နောက်ထပ် ကိစ္စတစ်ခု ပြောပါ။”

​ဖန့်ချန် -

“မင်း ခုနက မင်း ပြောတဲ့ ငါ အမှန်တကယ် စိတ်ဝင်စားမယ့် ကိစ္စကို ပြောပြပါ။

ပြီးတော့ ဒီနေရာမှာ သံသရာမသေမျိုးဂိုဏ်းက သူတော်စင်တွေကို တွေ့ခဲ့ဖူးတယ်လို့ ပြောခဲ့တယ်မဟုတ်လား။”

​“ဒါက တကယ်တော့ ကိစ္စနှစ်ခု ဖြစ်နေတယ်။ ငါပြောပြရင် နင် ငါ့ကို ဒီနေရာကနေ ခေါ်သွားမှာလား။”

​ချန်နန်ခယ်၏ မျက်လုံးထဲတွင် သံသယ အရိပ်အယောင်များ ပေါ်လာသည်။

​“မင်းက သူတော်စင်ဧကရာဇ် နန်းတော်ရဲ့ သူလျှိုလား။”

ဖန့်ချန်က မေးသည်။

​“သူတော်စင်ဧကရာဇ် နန်းတော်……”

​ချန်နန်ခယ်မှာ အံကြိတ်လိုက်သည်။ သူမ၏ မျက်လုံးထဲတွင် အမုန်းတရားများဖြင့် ပြည့်နှက်နေသည်။

​“ဒါဆိုရင်တော့ ပြီးတာပဲလေ၊ မင်းနဲ့ ငါနဲ့ ဘာတွေပဲ ဖြစ်ခဲ့ဖြစ်ခဲ့၊ အခုလက်ရှိ အကြီးမားဆုံး ရန်သူက သူတော်စင်ဧကရာဇ် နန်းတော်ပဲ။”

​ဖန့်ချန်က သူတော်စင်များကို ကြည့်လိုက်သည်။

​“မင်းတို့ ဘယ်လို ထင်လဲ။”

​“ဟုတ်တယ် ငါတို့ရဲ့ အကြီးမားဆုံး ရန်သူက သူတော်စင်ဧကရာဇ် နန်းတော်ပဲ"

​“သူတော်စင်ဧကရာဇ် နန်းတော်က ငါတို့ကို ဟင်းလင်းပြင်လောကထဲကို ပို့ပြီး ဆင်းရဲဒုက္ခတွေ ပေးခဲ့တာ ”

​“ကြည့်လိုက်၊ လူတိုင်းမှာ ဘုံရန်သူ ရှိနေပြီလေ၊ ငါ ဘာလို့ မင်းကို မခေါ်သွားရမှာလဲ။”

​ဖန့်ချန်က ချန်နန်ခယ်ကို ကြည့်ကာ ပြုံးပြီး ပြောလိုက်သည်။

​“ဒါပေမဲ့ သူမ……”

​ချန်နန်ခယ်က နတ်မိမယ်ယွီကို တစ်ချက်ကြည့်လိုက်သည်။

တကယ်တော့ သူမက နတ်မိမယ်ယွီက သူမကို မခေါ်သွားမှာကို စိုးရိမ်နေခြင်းဖြစ်သည်။

​“သခင်လေးက နင့်ကို ခေါ်သွားမယ်လို့ ပြောပြီးသားပဲ၊ ငါက ဘာလို့ တားမှာလဲ။”

“ဒါပေမဲ့ နင် အပြင်ရောက်သွားရင် ငါ နင့်ကို ထပ်ရိုက်ဦးမယ်။”

​နတ်မိမယ်ယွီက အေးဆေးစွာ ပြောသည်။

​“အဲ့ဒီအချိန်ကျရင် သူ (ဖန့်ချန်) ကြားထဲက ဝင်မပါရင် နင်က ငါ့ရဲ့ ပြိုင်ဘက် မဟုတ်ဘူး၊ ငါက နင့်ကို ကြောက်ရမှာလား။”

​ချန်နန်ခယ်က မျက်လုံးကို အနည်းငယ် မှေးကျဉ်းလိုက်သည်။

နတ်မိမယ်ယွီက မထီတရီ ပြုံးလိုက်ပြီး ဘာမှ ပြန်မပြောတော့ပေ။

​“ကောင်းပြီလေ။”

​ချန်နန်ခယ်သည် စိတ်ထဲတွင် ဆုံးဖြတ်ချက် တစ်ခု ချလိုက်ပြီး ဖန့်ချန်ကို ကြည့်ကာ ပြောသည်။

​“ငါ ထောင်မှူး လုပ်နေတုန်းက ပထမအကျဉ်းစခန်း၊ ဒုတိယ၊ တတိယ၊ စတုတ္ထ၊ ပဉ္စမ အကျဉ်းစခန်းအားလုံးမှာ……

နင်တို့ သံသရာမသေမျိုးဂိုဏ်းက သူတော်စင်တွေ ရှိနေတယ်ဆိုတာ ငါ သိတယ်။

သူတို့က ဟင်းလင်းပြင်လောကနဲ့ အပြီးအပိုင် ပေါင်းစပ်သွားပြီး ဒီနေရာမှာ အပြင်းထန်ဆုံးနဲ့ အကြောက်ရွံ့ဆုံး နတ်ဆိုးတွေ ဖြစ်သွားကြပြီ။”

​လီတန်းရှန်းက အသက်ကို ပြင်းပြင်း ရှိုက်လိုက်သည်။

​“မင်း ပြောတဲ့ လုံးဝ ထွက်မလာတဲ့ နတ်ဆိုးတွေက သံသရာမသေမျိုးဂိုဏ်းက သူတော်စင်တွေ ဖြစ်နေတာလား။”

​“ဟုတ်တယ်။” ချန်နန်ခယ်က ခေါင်းညိတ်သည်။

​ဖန့်ချန်က မျက်မှောင် အနည်းငယ် ကြုတ်လိုက်သည်။

​“ဒါဆို ပီတု စီနီယာအစ်ကိုကို ဘယ်တုန်းက တွေ့ခဲ့တာလဲ။”

​“မမှတ်မိတော့ဘူး၊ အဲ့ဒီတုန်းက နင်တို့ သံသရာမသေမျိုးဂိုဏ်းက အစုလိုက် အပြုံလိုက် ဆုတ်ခွာသွားပြီး ထျန်းရှန်းလမ်း ကနေတစ်ဆင့် အဆုံးမရှိတဲ့ ဟင်းလင်းပြင်ဆီကို ထွက်ပြေးသွားကြတာ။ အဲ့ဒီအချိန်တုန်းက ငါတို့ ပီတုကို တစ်ခါတွေ့ခဲ့ဖူးတယ်၊ ဒါပေမဲ့ မဖမ်းမိခဲ့ဘူး။”

ချန်နန်ခယ်က ပြောသည်။

​“တွေးကြည့်ရင်လည်း ဟုတ်မှာပါ၊ မင်းတို့ရဲ့ စွမ်းအားနဲ့ သူ့ကို ဘယ်လိုလုပ်ပြီး ဖမ်းမိမှာလဲ။”

​ဖန့်ချန်က ပြုံးကာ ခေါင်းညိတ်လိုက်ပြီး စိတ်ထဲတွင်လည်း အနည်းငယ် သက်ပြင်းချလိုက်သည်။

​“နောက်တစ်ခုက ဘာလဲ။”

​ဝမ်အိုကြီး က သူ့ကို တစ်ချက် ကြည့်လိုက်သည်။

​“အရင်ဆုံး ပြောင်းလဲခြင်း နတ်ဘုရားမျက်လုံး ကို နားလည်သဘောပေါက်အောင် အရင် လုပ်ရမယ်၊ ဘယ်အချိန်မဆို ထွက်သွားလို့ရတဲ့ အရင်းအနှီး ရှိပြီဆိုရင်တော့ ချန်နန်ခယ် ပြောတဲ့ အဲ့ဒီ နတ်ဆိုး တွေကို သွားတွေ့မယ်။”

​ဖန့်ချန်က ပြောသည်။

All Chapters