အခန်း ၂၁၇၁
Vol. 153 Ch. 2171
အပိုင်း ( 2171 ) ပြန်လည်ဆုံတွေ့ကြခြင်း။
လူတိုင်း လုမင်ကို လှည့်ကြည့်လိုက်ကြသည်။
လုမင်သည် အလွန်ငယ်ရွယ်ပုံရ၏။ သို့သော်လည်း သူ၏အင်အားမှာ အတိုင်းအထက်အလွန် ဖြစ်နေသည်။ လွန်ခဲ့သည့် မိနစ်ပိုင်းက သူသည် ကျွမ်းရှောင်ရှန်ကို တိတ်တဆိတ် ကူညီခဲ့ပြီး လီခယ်ကို ချေမှုန်းနိုင်ခဲ့ပေသည်။ သူ၏ကျင့်ကြံမှုမှာ မည်မျှအထိ သန်မာနေသနည်း။
သို့သော်လည်း သူ့စကားသံမှာ အလွန်မာန်ဝံ့လွန်းလှသည်။ သူသည် တိရှစ်ထျန်းကို ၎င်း၏လည်ပင်းကိုဆေးပြီး အသေခံရန် စောင့်နေခိုင်းခဲ့သည်။ ၎င်းက အတင့်ရဲလွန်းပေသည်။
လူအများစုမှာ လုမင်က အဓိပ္ပာယ်မရှိသည်များကို လျှောက်ပြောနေခြင်းသာ ဖြစ်မည်ဟု တွေးတောကာ တိတ်တဆိတ် ခေါင်းခါလိုက်ကြသည်။
"အကြီးအကဲ အကူအညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
ကျွမ်းရှောင်ရှန်နှင့် ကျွမ်းရှောင်ရို့တို့က လျှောက်လာပြီး လုမင်ကို ကျေးဇူးတင်စကား ဆိုလိုက်ကြသည်။
တစ်ချိန်တည်းမှာပင် သူတို့က အံ့သြနေခဲ့ကြ၏။ သူတို့သည် လုမင်ကို တစ်ခါမျှ မမြင်ဖူးပေ။ လုမင်က သူတို့ကို ဘာကြောင့် ကူညီခဲ့သည်ကို မသိကြသေးပါ။
"ငါ့နောက် လိုက်ခဲ့"
လုမင်က ပြောလိုက်သည်။ ထို့နောက် သူသည် လှည့်ထွက်ကာ မြို့ပြင်သို့ လျှောက်လှမ်းသွားခဲ့၏။
ချင်ယွဲ့က လုမင်၏နောက်မှ လိုက်ပါသွားခဲ့သည်။ ကျွမ်းရှောင်ရှန်နှင့် ကျွမ်းရှောင်ရို့တို့လည်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် လုမင်၏နောက်သို့ နာခံစွာ လိုက်သွားကြတော့သည်။
မကြာမီ သူတို့သည် မြို့ပြင်သို့ ရောက်ရှိလာပြီး လူသူကင်းမဲ့သော အဝေးတစ်နေရာသို့ ရောက်ရှိသွားခဲ့ကြသည်။ ထိုနေရာတွင် မည်သူမျှ မရှိချေ။
ဤအခိုက်အတန့်တွင် လုမင်က ရပ်လိုက်ပြီး လှည့်ကြည့်လိုက်သည်။
"မင်းတို့ကလေးနှစ်ယောက်... မတွေ့ရတာ ကြာပြီ..."
လုမင်က ပြုံးလျက် ပြောလိုက်၏။ ယခုအခါ သူက သူ့အသံကို မဖျက်ထားဘဲ မူလအသံအတိုင်း ပြန်ပြောင်းပြောလိုက်ခြင်း ဖြစ်သည်။
ဤအသံကို ကြားရသောအခါ ကျွမ်းရှောင်ရှန်နှင့် ကျွမ်းရှောင်ရို့တို့၏ ခန္ဓာကိုယ်များမှာ ပြင်းထန်စွာ တုန်ခါသွားခဲ့သည်။ သူတို့၏မျက်လုံးများမှာ မယုံကြည်နိုင်လောက်အောင် ကျယ်ပြန့်သွားခဲ့၏။ ထို့နောက် ထိုမယုံကြည်နိုင်မှုများမှာ အဆုံးမဲ့ ဝမ်းမြောက်မှုများအဖြစ် ပြောင်းလဲသွားတော့သည်။
"ဆ... ဆရာ..."
"ဆရာ... ဒါ တကယ်ပဲ ဆရာလား"
ကျွမ်းရှောင်ရှန်နှင့် ကျွမ်းရှောင်ရို့တို့က အံ့သြတုန်လှုပ်စွာ မေးမြန်းလိုက်ကြသည်။
လုမင် ပြုံးလိုက်သည်။ သူ၏ရုပ်သွင်မှာ စတင်ပြောင်းလဲလာပြီး မူလရုပ်သွင်သို့ ပြန်လည်ရောက်ရှိသွားခဲ့၏။
လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုကျော်ကနှင့် များစွာပြောင်းလဲခြင်းမရှိသည့် လုမင်၏ ရုပ်သွင်ကို ကြည့်ရင်း သူတို့နှစ်ဦးမှာ ပိုမိုပြင်းထန်စွာ တုန်လှုပ်သွားကြတော့သည်။
"ဆ... ဆရာ... ပြန်ရောက်လာပြီ"
သူတို့နှစ်ဦးမှာ၊ အထူးသဖြင့် ကျွမ်းရှောင်ရို့မှာ စကားများကို ကောင်းမွန်စွာပင် မပြောနိုင်တော့ချေ။ သူက အလွန်စိတ်လှုပ်ရှားသွားသဖြင့် ငိုကြွေးလိုက်မိသည်။
"ငိုနေတုန်းပဲလား။ မင်း အခု ဘယ်အရွယ်တောင်ရောက်နေပြီလဲ"
လုမင်က ပြုံးလျက် ကျွမ်းရှောင်ရို့၏ မျက်ရည်များကို သုတ်ပေးလိုက်သည်။
ခဏအကြာတွင် မောင်နှမနှစ်ဦးက နောက်ဆုံး၌ စိတ်တည်ငြိမ်သွားခဲ့ကြလေသည်။
"ဆရာ... ဘယ်တုန်းက ပြန်ရောက်တာလဲ။ ဘာလို့ ကျွန်မတို့ကို မပြောတာလဲ"
ကျွမ်းရှောင်ရို့က ပြုံးလျက် မေးလိုက်သည်။
"ငါ ပြန်ရောက်တာ မကြာသေးပါဘူး။ ငါ ပြန်ရောက်တဲ့အချိန်မှာ ကမ္ဘာကြီးက အကြီးအကျယ် ပြောင်းလဲသွားတာကို တွေ့ခဲ့ရတယ်။ ဒါကြောင့် မင်းတို့တွေ ယွမ်လုကရဲ့ ကျွမ်းကျင်သူတွေရဲ့ ထိန်းချုပ်မှုကို ခံထားရမှာ စိုးရိမ်လို့ ငါ မပြောခဲ့တာပါ။ ငါ အခြေအနေတွေကိုလည်း တိတ်တဆိတ် စုံစမ်းချင်သေးတယ်လေ"
လုမင်က ပြောလိုက်ပြီးနောက် ထပ်မံမေးမြန်းလိုက်သည်။
"အခု အခြေအနေက ဘယ်လိုလဲ။ ရှဲ့လွမ်နဲ့ တခြားလူတွေ အဆင်ပြေကြရဲ့လား။ ပြီးတော့ ငါ့ရဲ့ မိဘတွေကော"
"အကြီးအကဲ ရှဲ့လွမ်နဲ့ တခြားလူတွေကတော့ တိမိသားစုရဲ့ ထိန်းချုပ်မှုကို ခံထားရပြီး တိမိသားစုအတွက် အလုပ်လုပ်ပေးဖို့ အတင်းအကျပ် ခိုင်းစေခံထားရပါတယ်။ အဘိုးဆရာနဲ့ ဆရာကတော်တို့ကတော့ အဆင်ပြေကြတယ်။ သူတို့က ဒီနေရာကနေ သိပ်မဝေးတဲ့နေရာမှာ ရှိနေကြပါတယ်"
ကျွမ်းရှောင်ရှန်က ပြောလိုက်သည်။
သူ ပြောနေသည့် အဘိုးဆရာနှင့် ဆရာကတော်မှာ လုမင်၏ မိဘများကို ဆိုလိုခြင်း ဖြစ်သည်။
"ငါ့မိဘတွေက မဝေးတဲ့နေရာမှာ ရှိနေတာလား"
လုမင် ဝမ်းသာသွားခဲ့သည်။
"ဟုတ်... အဘိုးဆရာနဲ့ ဆရာကတော်တို့ရဲ့ ကျင့်ကြံမှုအဆင့်က အားနည်းပါတယ်။ ဒါကြောင့် တိမိသားစုက ဂရုမစိုက်ဘဲ သူတို့ကို နဂါးဧကရာဇ်မြို့တော်ကနေ ထွက်ခွာခွင့်ပြုခဲ့တာ ကြာပါပြီ။ အခု သူတို့က အကြီးအကဲ မော့ထျန်း၊ ခုန်းကျင်းတို့နဲ့ အတူတူ ရှိနေကြတယ်"
ကျွမ်းရှောင်ရို့က ပြောလိုက်၏။
"အကြီးအကဲ မော့ထျန်းနဲ့ ဖက်တီးကောင်လား။ သွားကြစို့၊ ငါ့ကို အဲဒီကို ခေါ်သွားပေးပါ"
လုမင်က ပြောလိုက်သည်။
ချက်ချင်းပင် ကျွမ်းရှောင်ရှန်နှင့် ကျွမ်းရှောင်ရို့တို့က လုမင်နှင့် ချင်ယွဲ့ကို ဦးဆောင်၍ တောင်ဘက်သို့ ပျံသန်းသွားခဲ့ကြလေသည်။
လမ်းခရီးတွင် ချင်ယွဲ့သည်လည်း သူမ၏ မူလရုပ်သွင်သို့ ပြန်လည်ပြောင်းလဲလိုက်သည်။ ကျွမ်းရှောင်မောင်နှမများမှာ အလွန်အံ့သြသွားကြသဖြင့် ချင်ယွဲ့ကို 'ဆရာကတော်' ဟုပင် ခေါ်လုနီးပါး ဖြစ်သွားခဲ့လေသည်။
နောက်ပိုင်းတွင်မှ သူတို့သည် ချင်ယွဲ့၏ အထောက်အထားအမှန်ကို သိရှိသွားခဲ့ကြသည်။
လမ်းခရီးတွင် လုမင်က လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း ဖြစ်ပျက်ခဲ့သည်ကို မောင်နှမနှစ်ဦးအား မေးမြန်းခဲ့သည်။ မောင်နှမနှစ်ဦးကလည်း အသေးစိတ် ရှင်းလင်းပြောပြခဲ့၏။ လုမင်မှာ ရှန်းဟွမ်တိုက်ကြီး၏ အခြေအနေကို ပိုမိုနားလည်သဘောပေါက်လာတော့သည်။
မကြာမီ သူတို့က တောင်တန်းတစ်ခုသို့ ရောက်ရှိလာခဲ့ကြသည်။
ဤတောင်တန်းမှာ ကြီးကျယ်ခမ်းနားလှပေသည်။ သူတို့က တောင်ကြားတစ်ခုဆီသို့ ဆက်လက်ပျံသန်းသွားခဲ့ကြသည်။
အဝေးမှပင်၊ သူတို့က တောင်ကြားအတွင်း၌ သစ်သားအိမ်အနည်းငယ်ကို မြင်တွေ့နိုင်ပေသည်။
"အဘိုးဆရာ... ဆရာကတော်..."
အဝေးမှပင် ကျွမ်းရှောင်မောင်နှမများက လှမ်း၍ အော်ဟစ်လိုက်ကြသည်။
သစ်သားအိမ်အတွင်းမှ လူရိပ်နှစ်ခုက လမ်းလျှောက်ထွက်လာခဲ့၏။
အဝေးမှပင် လုမင်က သူ၏မိဘများဖြစ်ကြောင်း မြင်တွေ့လိုက်ရသည်။
"ရှောင်ရှန်နဲ့ ရှောင်ရို့ ပြန်လာ..."
လီပင်းက ပြုံးလိုက်လေသည်။ သို့သော်လည်း နောက်တစ်စက္ကန့်တွင် လီပင်း၏ အသံမှာ ရုတ်တရက် ရပ်တန့်သွားခဲ့သည်။ သူသည် လုမင်ကို မြင်လိုက်ရပြီးနောက် မျက်တောင်မခတ်နိုင်တော့ပေ။
တစ်ချိန်တည်းမှာပင် လုယွမ်ထျန်းသည်လည်း လုမင်ကို မြင်တွေ့သွားခဲ့သည်။ လီပင်းကဲ့သို့ပင် သူသည်လည်း လုမင်ထံမှ မျက်လုံးများကို မခွာနိုင်အောင် ဖြစ်သွားတော့သည်။
"မင်အာ... ဒါ တကယ်ပဲ သားလား။ မင်အာ... သား ပြန်ရောက်လာတာလား။ အဖိုးကြီး... သေချာကြည့်ပေးပါဦး။ ကျွန်မ မျက်စိမှားနေတာလား... မင်အာကို ထပ်ပြီး မြင်နေရတာလား"
လီပင်းက တုန်ယင်စွာဖြင့် ရေရွတ်လိုက်သည်။ သူမ ပြောနေစဉ်မှာပင် ပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျလာခဲ့၏။
"မင်း မျက်စိမှားနေတာ မဟုတ်ပါဘူး။ မင်အာ တကယ် ပြန်ရောက်လာပြီ"
လုယွမ်ထျန်းက တုန်ရင်နေသောအသံဖြင့် ပြောလိုက်သည်။
လုမင်လည်း အနည်းငယ် ဝမ်းနည်းမှုကို ခံစားလိုက်ရလေသည်။ သူ ထွက်ခွာသွားခဲ့ကြသည်မှာ ဆယ်နှစ်ကျော်ပင် ရှိခဲ့ပြီ ဖြစ်သည်။
သိုင်းပညာလောကတွင် အချိန်၏သဘောတရားမှာ သာမန်လူများနှင့် ကွဲပြားခြားနားသည်။ တစ်ကြိမ် တံခါးပိတ်ကျင့်ကြံခြင်းသည်ပင် နှစ်အနည်းငယ် ကြာမြင့်နိုင်ပေသည်။
သို့သော်လည်း ဆယ်နှစ်ကျော်ကြာ တစ်ယောက်နှင့်တစ်ယောက် မတွေ့ရသည့်နောက်တွင် အဘိုးအဘွား လင်မယားတို့မှာ သူ့ကို အလွန် လွမ်းဆွတ်နေခဲ့ကြမှာ သေချာသည်။
ထို့အပြင် လုမင်သည် ယွမ်လုတိုက်ကြီးသို့ တစ်ဦးတည်း သွားရောက်ခဲ့ခြင်း ဖြစ်၏။ ဒါက မည်မျှ အန္တရာယ်များမှန်း မသိနိုင်ချေ။ သူတို့ စိုးရိမ်ပူပန်ခြင်း မရှိပါမှဆန်းကြယ်မည် ဖြစ်သည်။
"အဖေ... အမေ..."
လုမင်က ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းလိုက်ပြီး သက်ကြီးရွယ်အိုနှစ်ဦး၏ ရှေ့သို့ ရောက်ရှိလာခဲ့သည်။
လီပင်းက လုမင်၏လက်ကို ဆွဲကိုင်ကာ သူ့ကို သေချာစွာ ကြည့်ရှုလိုက်၏။ သူမ၏ပါးပြင်ပေါ်တွင် မျက်ရည်များ စီးကျလာသော်လည်း ဘာမျှမပြောနိုင်တော့ပေ။
"မင်းက ဘာလို့ ငိုနေတာလဲ။ မင်အာ ပြန်လာတာက ကောင်းတဲ့ကိစ္စပဲကို... ငိုနေသေးတယ်။ မိန်းမတွေကတော့ကွာ"
လုယွမ်ထျန်းက ပြောလိုက်သည်။ သို့ရာတွင်၊ သူ၏မျက်လုံးများတွင်လည်း မျက်ရည်များဖြင့် ပြည့်နှက်နေခဲ့ပြီ။
"မင်အာ... မင်းရဲ့ သူငယ်ချင်းကို အထဲမှာ ထိုင်ဖို့ ခေါ်လိုက်ဦးလေ"
လုယွမ်ထျန်းက ချင်ယွဲ့ကို ကြည့်ရင်း ပြောလိုက်သည်။ သို့သော်လည်း သူမကို သေသေချာချာ မြင်လိုက်ရသောအခါ မှင်တက်သွားခဲ့၏။
"ချင်... ချင်ယွဲ့လား"
လုယွမ်ထျန်း မယုံကြည်နိုင်အောင် ဖြစ်သွားခဲ့ရသည်။
လီပင်းသည်လည်း ချင်ယွဲ့ကို ကြည့်လို၏။ သူမသည်လည်း အံ့ဩမင်သက်သွားတော့သည်။
"ချင်ယွဲ့... ချင်ယွဲ့။ ဒါ တကယ်ပဲ သမီးလား။ သမီးလည်း ပြန်ရောက်လာတာလား"
လီပင်းမှာ အလွန် အံ့သြဝမ်းသာသွားခဲ့သည်။
ချင်ယွဲ့၏ မျက်လုံးများတွင်လည်း မျက်ရည်များဖြင့် ပြည့်နှက်နေခဲ့ပြီ။ သူက ဆက်လက် အောင့်အည်းမထားနိုင်တော့ချေ။ သူသည် လီပင်း၏ ရင်ခွင်ထဲသို့ ပြေးဝင်သွားပြီး ပြောလိုက်သည်။
"ဒေါ်လေးနဲ့ ဦးလေး...၊ ချင်ယွဲ့ ပြန်ရောက်ပါပြီ။ ချင်ယွဲ့က ဒေါ်လေးတို့ဆီကို ပြန်လာတွေ့တာပါ"
"ပြန်လာတာ ကောင်းတာပေါ့။ ပြန်လာတာ ကောင်းတာပေါ့"
လီပင်းက ချင်ယွဲ့၏ ဆံပင်များကို ပွတ်သပ်ပေးရင်း အလွန်အမင်း ပျော်ရွှင်နေခဲ့လေသည်။
သူတို့၏ နှလုံးသားထဲတွင် ချင်ယွဲ့မှာ သမီးအရင်းကဲ့သို့ပင် ဖြစ်သည်။ သို့သော်လည်း သူတို့ နောက်ဆုံးတွေ့ခဲ့ကြသည်မှာ နှစ်ပေါင်း နှစ်ဆယ်နီးပါး ရှိခဲ့ပြီ။ သဘာဝကျစွာပင် သူတို့က တစ်ယောက်နှင့်တစ်ယောက် ပြန်လည်တွေ့ဆုံရသဖြင့် စိတ်လှုပ်ရှားနေကြခြင်း ဖြစ်သည်။
အချိန်အတော်ကြာပြီးမှသာ လူတိုင်း စိတ်တည်ငြိမ်သွားခဲ့ကြလေသည်။
လီပင်းက ချင်ယွဲ့ကို ဘေးသို့ ခေါ်သွားပြီး မေးခွန်းများစွာ မေးမြန်းလိုက်သည်။
"လုမင်... ဟားဟားဟား... ဒါက တကယ်ကို မင်းပဲ"
ဤအခိုက်အတန့်တွင် ထွားကျိုင်းသော လူရိပ်နှစ်ခု ပျံသန်းလာခဲ့သည်။
လုမင်က သူတို့ကို မြင်လိုက်ရသောအခါ ပြုံးလိုက်၏။
ဖက်တီးကြီးက ခုန်းကျင်းမှတပါး အခြားမည်သူ ဖြစ်နိုင်ပါဦးမည်နည်း။
အခြားတစ်ယောက်မှာတော့ နတ်ဆိုးဧကရာဇ် ဖြစ်သည်။
ထိုအခါ လုမင်က နတ်ဆိုးဧကရာဇ်၏ ကျင့်ကြံမှုမှာလည်း ယခင်ကဲ့သို့ မဟုတ်တော့သည်ကို သတိပြုမိလိုက်သည် သူ၏ကျင့်ကြံမှုမှာ တောက်ပသောသူတော်စင်နယ်ပယ်၏ ငယ်သော အောင်မြင်မှုအဆင့်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
မူလချီစွမ်းအင် ရှားပါးခဲ့စဉ်က သိုင်းအုပ်ချုပ်သူနယ်ပယ်သို့ ဖောက်ထွက်နိုင်ခဲ့သူများသည် ပါရမီ၊ ဉာဏ်ပညာနှင့် ဇွဲလုံ့လတို့တွင် အထူးချွန်ဆုံးသူများ ဖြစ်ကြမှာ သေချာသည်။
ထို့ပြင် ကမ္ဘာကြီး၏ အသွင်ပြောင်းလဲမှု အစပိုင်းတွင် ထိုသိုင်းအုပ်ချုပ်သူများက အကြွင်းမဲ့ အားသာချက်များ ရှိခဲ့ကြပြီး အရင်းအမြစ်များစွာကို ရရှိနိုင်ခဲ့ကြ၏။
ထို့ကြောင့် နတ်ဆိုးဧကရာဇ်သည် တောက်ပသောသူတော်စင်နယ်ပယ်သို့ ဖောက်ထွက်နိုင်ခဲ့ခြင်းမှာ အံ့သြစရာ မဟုတ်ချေ။
ထိုစဉ်က သိုင်းအုပ်ချုပ်သူများအားလုံးက ယခုအါ တောက်ပသောသူတော်စင်နယ်ပယ်သို့ ဖောက်ထွက်သွားခဲ့ကြပြီး ဖြစ်နိုင်သည်။
ဖက်တီးခုန်းကျင်းအတွက်မူ သူ၏ကျင့်ကြံမှုသည်လည်း အရင်ကနှင့် မတူတော့ချေ။ သူသည် သူတော်စင်တစ်ပိုင်းနယ်ပယ်၏ တတိယအဆင့်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
သို့သော်လည်း သူ့ခန္ဓာကိုယ်မှာ ပို၍ပင် ဝလာခဲ့သည်။ သူက အသားလုံးကြီးတစ်ခုနှင့် တူနေခဲ့သေးသည်။
"ဖက်တီး"
လုမင်က ပြုံးလျက် ပြောလိုက်သည်။
"ဟားဟားဟား... လာစမ်းပါဦး၊ ငါ့ကို ဖက်လိုက်ဦး"
ဖက်တီက လုမင်ထံသို့ သက်ရှိစည်ပိုင်းကြီး လိမ့်လာူည့်အလား ပြေးဝင်လာခဲ့သည်။ သူ၏ အဆီပြင်များမှာ ည်း လှိုင်းတံပိုးများကဲ့သို့ တုန်ခါနေလေတော့သည်။
လုမင်လည်း အလျင်အမြန် ရှောင်လိုက်ရသည်။ မဟုတ်ပါက ဆင်ပိခံရတာထက် ပိုဆိုးလိမ့်မည်။