← Chapters

အခန်း ၂၁၇၄

Vol. 153 Ch. 2174

အခန်း ၂၁၇၄

Vol. 153 Ch. 2174

အပိုင်း ( 2174 ) တိရှစ်ထျန်း။

ရန်ချွမ်ချင်းက ခန်းမဆောင်၏ အမြင့်ဆုံးနေရာတွင် ထိုင်နေပြီး သူ၏လက်ထဲမှ ကျောက်စိမ်းခွက်ကို ပျင်းရိစွာ ကစားနေခဲ့သည်။ သူက သူ၏ခေါင်းကို အနည်းငယ်မော့ကာ ဟွာချီကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်၏။

"မင်း ငါဘာလို့ ဒီကို ရောက်နေလဲဆိုတာ ကောင်းကောင်းသိပါတယ်။ ဒါပေမဲ့ ငါ ထပ်ပြောပြမယ်"

"ငါ ဟွာရို့ကို သဘောကျတယ်၊ သူ့ကို ငါနဲ့ လက်ထပ်ပေးပါ"

ဟွာချီနှင့် ဟွာမိသားစု၏ အခြားအဖွဲ့ဝင်များ မျက်နှာပျက်သွားကြသည်။

ရန်ချွမ်ချင်းက ဟွာရို့အတွက် အမှန်တကယ် ရောက်ရှိလာခြင်းပင်။

ဟွာရို့မှာ ဟွာချီ၏ အငယ်ဆုံးသမီး ဖြစ်သည်။ သူသည် နဂါးဧကရာဇ်မြို့တော်တွင် နာမည်ကြီးသော မိန်းမလှလေးတစ်ဦး ဖြစ်၏။

ရန်ချွမ်ချင်းသည် ဟွာရို့ကို အမြဲတမ်း ပိုးပန်းနေခဲ့ခြင်း ဖြစ်သည်။

ရန်ချွမ်ချင်း၏ ပါရမီနှင့် အဆင့်အတန်းအရ သူသည် ဟွာရို့နှင့် အမှန်တကယ် လိုက်ဖက်ညီသော လက်တွဲဖော်တစ်ဦး ဖြစ်သည်။

သို့သော်လည်း ရန်ချွမ်ချင်းမှာ စိတ်ကစားလွယ်သူ ဖြစ်သည်။ ယခုအခါ သူသည် ဇနီးတစ်ဦးနှင့် မယားငယ်သုံးဦးကိုပင် လက်ထပ်ထားပြီးပြီ။ ထို့ပြင် ရန်ချွမ်ချင်းက အသစ်အဆန်းများကိုသာ စိတ်ဝင်စားသူဖြစ်သည်ဟု ပြောစမှတ်ပြုကြသည်။ မယားငယ်များနှင့် အချိန်အတန်ကြာ ကစားပြီးနောက် သူတို့ကို ဂရုမစိုက်တော့ဘဲ နောက်ထပ်ပစ်မှတ်ကို ရှာဖွေရန် ထွက်ခွာသွားလေ့ရှိပေသည်။

ဟွာချီက သူ့သမီးကို ထိုကဲ့သို့သောလူမျိုးထံသို့ မည်ကဲ့သို့ လက်ထပ်ခွင့်ပြုနိုင်ပါမည်နည်း။

ထို့ပြင် ရန်ချွမ်ချင်း၏ ဆရာမှာ တိရှစ်ထျန်း ဖြစ်သည်။ သူသည် နဂါးဧကရာဇ်မြို့တော်ကို သိမ်းပိုက်ထားပြီး နဂါးမဟာမိတ်အဖွဲ့၏ အထက်တန်းလွှာများကို ထိန်းချုပ်ထားသည်။ ထို့ကြောင့် သူသည် သူ့သမီးကို ရန်ချွမ်ချင်းနှင့် လက်ထပ်ခွင့်ပြုမည် မဟုတ်ချေ။

ထို့အပြင် ဟွာရို့သည်လည်း ရန်ချွမ်ချင်းကို အလွန် မုန်းတီးသည်။

"သခင်လေးရန်... လက်ထပ်ထိမ်းမြားခြင်းက ကြီးမားတဲ့ ကိစ္စရပ်တစ်ခုပါ။ ဒါက ကျုပ်သမီးရဲ့ ပျော်ရွှင်မှုနဲ့ သက်ဆိုင်လို့ ရို့အာကိုယ်တိုင် ဆုံးဖြတ်ချက်ချဖို့ လိုအပ်ပါတယ်။ ကျုပ်တို့ ဝင်ရောက်စွက်ဖက်မှာ မဟုတ်ပါဘူး"

ဟွာချီက ပြောလိုက်သည်။

"ဟွာချီ... မင်း ဘာကို ဆိုလိုတာလဲ"

ရန်ချွမ်ချင်း၏ မျက်နှာမှာ အေးစက်သွားခဲ့သည်။

"ဟွာရို့က ငါနဲ့ဆိုရင် မပျော်ရွှင်နိုင်ဘူးလို့ မင်း ဆိုလိုတာလား"

'သူမ ပျော်ရွှင်မှပဲ ထူးဆန်းလိမ့်မယ်'

ဟွာချီနှင့် ဟွာမိသားစု၏ အခြားအဖွဲ့ဝင်များတွင် ထိုအတွေးမျိုး ရှိကြသည်။ သို့သော်လည်း ၎င်းကို အပြင်သို့ ထုတ်ဖော်ပြောဆိုခြင်း မရှိကြချေ။

"သခင်လေးရန်... ခင်ဗျား နားလည်မှုလွဲနေပါပြီ။ ကျုပ်က အဲဒီလို ဆိုလိုတာ မဟုတ်ပါဘူး။ ကျုပ်ဆိုလိုတာက ရို့အာကို ကိုယ်တိုင် ဆုံးဖြတ်ခွင့်ပေးရမယ်လို့ ပြောတာပါ"

ဟွာချီက ရှင်းပြလိုက်သည်။

"ရယ်စရာကောင်းလိုက်တာ။ ရှေးခေတ်ကတည်းက မိဘတွေရဲ့ အမိန့်နဲ့ အောင်သွယ်တွေရဲ့ စကားပဲ ဖြစ်ခဲ့တာ။ မင်း အမိန့်ပေးသရွေ့ ဟွာရို့က ဘယ်လိုလုပ်ပြီး မနာခံဘဲ နေရဲမှာလဲ။ သူက ငါ့ကို လက်ထပ်ရမှာပဲ မဟုတ်ဘူးလား"

ရန်ချွမ်ချင်း၏ မျက်နှာအမူအရာမှာ ပို၍ပင် အေးစက်သွားခဲ့သည်။ သူက ဆက်ပြောလိုက်၏။

"ဟွာချီ... ငါ့ကို ဆင်ခြေဆင်လက်မျိုးစုံ လာမပေးနဲ့။ မင်း ငါ့ကို ဘယ်သူလို့ ထင်နေတာလဲ။ အနာဂတ်မှာ ငါဟာ ရှန်းဟွမ်တိုက်ကြီးကို သေချာပေါက် စိုးမိုးမှာဖြစ်ပြီး ဧကရာဇ်တစ်ပါးဖြစ်လာဖို့ ယွမ်လုဆီကိုတောင် ဦးတည်သွားမှာ။ ငါက သူ့ကို သဘောကျတာ မင်းသမီးရဲ့ ကံကောင်းခြင်းပဲ။ ဒါက သူ့ရဲ့ ဘဝပေါင်းများစွာ ကျင့်ကြံခဲ့ရတဲ့ ကံကောင်းခြင်း... မင်း နားလည်လား"

"နင်က နင့်ကိုယ်နင် ဘယ်သူလို့ ထင်နေတာလဲ။ နင်က ကိုယ့်ကိုယ်ကိုယ် တကယ်ကို မြှောက်ပင့်ပြောဆိုတတ်တယ်။ တကယ်တမ်း နင်လိုလူမျိုးဟာ ယွမ်လုမှာဆိုရင် ခဏလေးနဲ့ ရိုက်သတ်ခံရမှာ သေချာတယ်"

ဤအခိုက်အတန့်တွင် ခန်းမဆောင်၏ အပြင်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ ထို့နောက် ငယ်ရွယ်ပြီး လှပသော အမျိုးသမီးတစ်ဦး လျှောက်လှမ်းဝင်ရောက်လာခဲ့၏။

ထိုမိန်းကလေးမှာ အသက် တစ်ဆယ့်ခြောက်နှစ်အရွယ်သာ ရှိသေးသည်။ သူက ထူးခြားထက်မြက်သော အလှပိုင်ရှင်တစ်ဦး ဖြစ်ပြီး ဟွာချီ၏ အငယ်ဆုံးသမီးလေး ဟွာရို့ ဖြစ်သည်။

"ဟွာရို့... မင်း ဘာပြောလိုက်တာလဲ။ မင်းက ဟွာမိသားစုအတွက် ဘယ်လောက်တောင် ဒုက္ခရောက်အောင် လုပ်နေလဲဆိုတာ မင်း သိလား"

ရန်ချွမ်ချင်းက အေးစက်စွာ ပြောလိုက်သည်။ သူ၏ အေးစက်သော မျက်လုံးများမှာမူ ဟွာရို့၏ အချိုးအစားကျသော ခန္ဓာကိုယ်အလှကို မကောင်းသော အရိပ်အယောင်များဖြင့် အထက်အောက် ကြည့်ရှုနေ၏။

"ဘာလဲ... နင့်ဆရာကို သုံးပြီး ငါတို့ကို ထပ်ပြီး ဖိအားပေးဦးမလို့လား"

ဟွာရို့က အလွန် ခေါင်းမာပြီး ကြောက်ရွံ့ခြင်း မရှိချေ။

"ငါ့ဆရာကို သုံးပြီး လက်ထပ်ဖို့ မလိုပါဘူး။ ငါ ရန်ချွမ်ချင်းမှာ ထူးကဲတဲ့ ပါရမီ ရှိတယ်။ ငါ တစ်ယောက်ယောက်ကို လက်ထပ်ချင်ရင် ငါ့ကို လက်ထပ်ချင်တဲ့ အမျိုးသမီးတွေဟာ နဂါးဧကရာဇ်မြို့တော်ရဲ့ မြောက်ဘက်မြို့တံခါးကနေ တောင်ဘက်မြို့တံခါးအထိ တန်းစီနေကြမှာ။ မင်း နားလည်လား။ ငါ မင်းကို သဘောကျတာ မင်းရဲ့ ကံကောင်းခြင်းပဲ"

ရန်ချွမ်ချင်းက ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။

"ထူးကဲတယ် ဟုတ်လား။ နင်က တကယ်ကို ကိုယ့်ကိုယ်ကိုယ် မြှောက်ပင့်ပြောဆိုတတ်တာပဲ။ ငါ့နှလုံးသားထဲမှာတော့ ငါ့ရဲ့ ဦးလေး လုမင် တစ်ယောက်တည်းသာ မကြုံစဖူး ထူးကဲတဲ့ပုဂ္ဂိုလ် ဖြစ်တယ်။ နင်က ကိုယ့်ကိုယ်ကိုယ် ဘယ်သူလို့ ထင်နေလဲ"

ဟွာရို့က ပြောလိုက်သည်။

"လုမင် ဟုတ်လား။ သူ ပေါ်လာရင် သူ့ကို ငါ ရိုက်သတ်ပစ်မယ်"

ရန်ချွမ်ချင်းက အထင်သေးစွာ ပြောလိုက်သည်။ ထို့နောက် သူသည် ဟွာချီကို ကြည့်ကာ မေးလိုက်၏။

"ဟွာချီ... မင်း သဘောတူလား၊ မတူဘူးလား"

"ရို့အာက သဘောမတူတဲ့အတွက်ကြောင့် ကျေးဇူးပြုပြီး ခွင့်လွှတ်ပါ။ ကျုပ် သဘောမတူနိုင်ပါဘူး"

ဟွာချီက ပြတ်သားစွာ ပြောလိုက်သည်။

"ကောင်းပြီ... သိပ်ကောင်းတယ်။ အခြေအနေက အဲဒီလို ဖြစ်နေမှတော့ မနက်ဖြန် ပြိုင်ပွဲမှာ ငါ ပထမနေရာကို ယူပြမယ်။ အဲဒီအချိန်ကျရင် ငါ့ဆရာ့ထံကနေ လက်ထပ်ထိမ်းမြားခွင့် တောင်းခံမယ်။ မင်း သဘောမတူရင်တောင် သဘောတူရလိမ့်မယ်"

ရန်ချွမ်ချင်းက ဒေါသတကြီးဖြင့် ပြောဆိုပြီး သူ၏အင်္ကျီလက်စကို ခါကာ ထွက်ခွာသွားတော့သည်။

ဟွာချီ၊ ဟွာရို့နှင့် အခြားလူများလည်း မျက်နှာများ ပျက်သွားခဲ့ကြသည်။

အကယ်၍ တိရှစ်ထျန်းကိုယ်တိုင်က သူတို့ကို လက်ထပ်ထိမ်းမြားခွင့် ချီးမြှင့်ခဲ့ပါက သူတို့ ဘာလုပ်သင့်ပါသနည်း။

အကယ်၍ သူတို့က တိရှစ်ထျန်းကို ငြင်းပယ်ခဲ့ပါက ဟွာမိသားစုမှာ မိသားစုလိုက် ဖျက်ဆီးခြင်း ခံရပေလိမ့်မည်။

"အဲဒီလူယုတ်မာ..."

ဟွာရို့က မုန်းတီးစိတ်ဖြင့် ပြောလိုက်ပြီး မျက်ရည်များမှာ သူမ၏ ပါးပြင်ပေါ်သို့ စီးကျလာခဲ့သည်။

"ရို့အာ... မစိုးရိမ်ပါနဲ့။ အဖေသေရရင်တောင် သမီးကို သူနဲ့ လက်ထပ်ခွင့်ပေးမှာ မဟုတ်ဘူး"

ဟွာချီက အံကြိတ်လိုက်သည်။

ဟွာမိသားစုမှ လူတိုင်းမှာလည်း စိုးရိမ်ပူပန်နေခဲ့ကြပေသည်။

အချိန်များ ကုန်လွန်သွားခဲ့ပြီး တစ်ရက်တာအချိန် ကုန်ဆုံးသွားခဲ့သည်။

နောက်တစ်နေ့ နံနက်အစောပိုင်းတွင် လုမင်နှင့် အခြားလူသုံးဦးက နဂါးဧကရာဇ်မြို့တော်၏ ဗဟိုချက်ဆီသို့ ဦးတည်ထွက်ခွာလာခဲ့ကြပေသည်။

နဂါးဧကရာဇ်မြို့တော်၏ ဗဟိုတွင် လူများဖြင့် ပြည့်နှက်နေပြီဖြစ်သော ရင်ပြင်တစ်ခု ရှိနေခဲ့သည်။

ရင်ပြင်၏ ပတ်ပတ်လည်တွင် စားသောက်ပွဲအချို့ကို ပြင်ဆင်ထား၏။ သဘာဝကျစွာပင် မြင့်မားသော အဆင့်အတန်းရှိသူများသာ ထိုင်ခုံ ရရှိနိုင်ကြသည်။ သာမန်လူများမှာမူ ထိုင်ရန် လုံးဝ အရည်အချင်းမပြည့်မီကြချေ။

"တိမိသားစု ရောက်လာပြီ"

ရုတ်တရက်၊ တစ်စုံတစ်ယောက်က အော်လိုက်သည်။

"ဝှစ်... ဝှစ်..."

နဂါးဧကရာဇ်မြို့တော်၏ အနက်ရှိုင်းဆုံးနေရာမှ အလင်းတန်းများ ပျံသန်းလာခဲ့ကြ၏။

ဦးဆောင်လာသူမှာ ဧကရာဇ်ဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူသည် အသက်လေးဆယ်ကျော်အရွယ်ခန့် ရှိပုံပေါ်ပြီး သူ့ခေါင်းပေါ်တွင် ကျောက်စိမ်းသရဖူတစ်ခုကို ဆောင်းထား၏။ သူက အဆုံးမဲ့ ခန့်ညားထည်ဝါမှုများဖြင့် ပြည့်နှက်နေပြီး ပြန်လည်နိုးထလာသော ရှေးခေတ်ဧကရာဇ်တစ်ပါးနှင့် တူနေပေသည်။

'တိရှစ်ထျန်း'

အထူးပြောရန်မလိုဘဲ လုမင်သည် ဤပုဂ္ဂိုလ်မှာ တိရှစ်ထျန်း ဖြစ်ကြောင်း သိရှိလိုက်သည်။

တိရှစ်ထျန်း၏ ဘေးမှာလည်း လူအချို့ ရှိနေခဲ့ကြသေးသည်။

၎င်းတို့အနက် တချို့မှာ ပုံမှန်မဟုတ်ဘဲ မြင့်မားကာ ထွားကျိုင်းလှသည်။ သူတို့က ထူထဲသော သံချပ်ဝတ်များကို ဝတ်ဆင်ထားကြ၏။ သူတို့၏ ခန္ဓာကိုယ်များမှာလည်း နက်မှောင်သော အလင်းတန်းများဖြင့် ဖုံးလွှမ်းနေခဲ့သေးသည်။

'မိစ္ဆာနတ်ဘုရားမျိုးနွယ်စု'

လုမင်က မျက်ခုံးပင့်လိုက်သည်။

ထိုလူများအားလုံးမှာ မိစ္ဆာနတ်ဘုရားမျိုးနွယ်စုမှ ဖြစ်ကြ၏။ ၎င်းတို့အနက် တစ်ဦးက သိုင်းဧကရာဇ်နယ်ပယ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

သူ၏ ဘေးတွင် လူငယ်အချို့ ရှိနေခဲ့ကြသည်။

"အဲဒါ ရှန်းဟွမ်တိုက်ကြီးရဲ့ နံပါတ်တစ် ပါရမီရှင် ရန်ချွမ်ချင်းပဲ"

"ရန်ချွမ်ချင်းရဲ့ ပါရမီက အံ့သြစရာကောင်းတယ်။ အချို့လူတွေက သူဟာ အရင်က လုမင်ထက်တောင် ပါရမီ ပိုကောင်းပြီး သမိုင်းမှာ နံပါတ်တစ်ပဲလို့ ပြောကြတယ်"

"မဖြစ်နိုင်တာ"

သူတို့၏ ပတ်ပတ်လည်တွင် လူအုပ်ကြီးက ဆွေးနွေးနေခဲ့ကြသည်။

ကျွမ်းရှောင်ရို့နှင့် ကျွမ်းရှောင်ရှန်တို့မှာလည်း ဒေါသထွက်သွားခဲ့ကြတော့သည်။

"တောက်ပသောသူတော်စင်နယ်ပယ်"

လုမင်က လူငယ်များအနက် တစ်ဦးကို ကြည့်လိုက်သည်။ ထိုလူငယ်၏ ကျင့်ကြံမှုမှာ တောက်ပသောသူတော်စင်နယ်ပယ်သို့ ရောက်ရှိနေပြီဖြစ်ရာ သူက ရန်ချွမ်ချင်း ဖြစ်ရပေမည်။

ရန်ချွမ်ချင်း၏ ဘေးတွင် အခြားလူငယ်တစ်ဦး ရှိနေခဲ့သည်။ ၎င်းမှာ လီခယ် ဖြစ်၏။

တိရှစ်ထျန်းနှင့် အခြားလူများက အမြင့်ဆုံးနေရာသို့ ဆင်းသက်ကာ ထိုင်လိုက်ကြသည်။

"မူ..."

ဤအခိုက်အတန့်တွင် နွားအော်သံတစ်ခုက ကောင်းကင်ယံကို တုန်ခါသွားစေခဲ့သည်။ အဝေးတစ်နေရာတွင် တောင်တစ်လုံးမျှ ကြီးမားသော နွားနတ်ဘုရားအုပ်စုတစ်စုက ဟင်းလင်းပြင်ကို နင်းခြေလာခဲ့ကြ၏။ သူတို့ လျှောက်လှမ်းလာရာ ကောင်းကင်ယံကို တဂျုန်းဂျုန်း မြည်ဟည်းသွားစေခဲ့တော့သည်။

သူတို့ နီးကပ်လာသောအခါ ထိုနွားနတ်ဘုရားများက မြင့်မားထွားကျိုင်းသော လူသားများအဖြစ်သို့ ပြောင်းလဲသွားခဲ့ကြသည်။

နွားနတ်ဘုရားနန်းတော်မှ လူများ ရောက်ရှိလာကြပြီ။

နွားနတ်ဘုရားနန်းတော်မှ လူများကလည်း လူငယ်အချို့ကို ခေါ်ဆောင်လာခဲ့ကြသည်။ သူတို့က အရှေ့ဘက် ထိုင်ခုံနေရာတွင် ဆင်းသက်လိုက်ကြ၏။

ချက်ချင်းပင် သားရဲများ၏ ဟိန်းဟောက်သံများ ပဲ့တင်ထွက်ပေါ်လာခဲ့ပြန်သည်။ ကြောက်မက်ဖွယ်ကောင်းသော သားရဲများက စစ်ရထားများကို ဆွဲလာခဲ့ကြ၏။

တောရိုင်းနဂါးနန်းတော်မှ လူများ ရောက်ရှိလာခြင်း ဖြစ်သည်။

ထို့အတူပင် တောရိုင်းနဂါးနန်းတော်သည်လည်း လူငယ်အချို့ကို ခေါ်ဆောင်လာခဲ့ပေသည်။

ယွမ်လုတိုက်ကြီး၏ အဓိက အင်အားစု သုံးခုက စုံလင်စွာ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ထိုအင်အားစု သုံးခု၏ ခေါင်းဆောင်များက လေထဲတွင် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြရာ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု ပျံ့နှံ့သွားတော့သည်။

မမြင်နိုင်သော ဖိအားတစ်ခု ပျံ့နှံ့သွားခဲ့သည်။ ရောက်ရှိနေသူတိုင်းက ရှေးဟောင်းစကြာဝဠာ အနည်းငယ်နှင့် ရင်ဆိုင်နေရသကဲ့သို့ ခံစားလိုက်ရ၏။ အသက်ရှူရပ်မတတ် ဖိအားမျိုးကြောင့် သူတို့မှာ ဒူးထောက်လုနီးပါး ဖြစ်သွားခဲ့ရတော့သည်။

လုမင်က အရှိန်အဝါ အနည်းငယ်ကို ထုတ်လွှတ်ကာ ဖက်တီး၊ ကျွမ်းရှောင်ရှန်နှင့် ကျွမ်းရှောင်ရို့တို့ကို လွှမ်းခြုံပေးလိုက်သည်။ သူတို့အပေါ် ကျရောက်နေသော ဖိအားများ လျော့နည်းသွားခဲ့သဖြင့် သူတို့လည်း သက်ပြင်းအရှည်ကြီး ချလိုက်နိုင်ကြလေသည်။

"တတိယအဆင့် သိုင်းဧကရာဇ်နယ်ပယ်လား"

လုမင်က တိုးတိုးလေး ရေရွတ်လိုက်သည်။

ထိုအင်အားစု သုံးခု၏ ခေါင်းဆောင်များက တစ်ဦးကိုတစ်ဦး ရင်ဆိုင်လိုက်ကြပြီး သူတို့၏ အရှိန်အဝါများ ပျံ့နှံ့သွားခဲ့၏။ အခြားလူများမှာ သူတို့၏ ကျင့်ကြံမှုကို မမြင်နိုင်ကြသော်လည်း လုမင်ကမူ မြင်တွေ့နိုင်ခဲ့သည်။

လုမင်က ဧကရာဇ်အဆင့် အကျော်အမော် မြောက်များစွာကို မြင်တွေ့ခဲ့ဖူးသည်။ သူတို့သုံးယောက်၏ အရှိန်အဝါများအရ တတိယအဆင့် သိုင်းဧကရာဇ်နယ်ပယ်တွင် ရှိနေကြကြောင်း လုမင် သိလိုက်ပေသည်။

All Chapters