← Chapters

အခန်း ၂၁၇၇

Vol. 153 Ch. 2177

အခန်း ၂၁၇၇

Vol. 153 Ch. 2177

အပိုင်း ( 2177 ) လုမင် တပည့်၏ စွမ်းအား။

ရင်ပြင်တစ်ခုလုံးတွင် ဆွေးနွေးပြောဆိုသံများ ဆူညံသွားခဲ့သည်။

ဟွာချီ၊ ရှကျိုးယန်နှင့် အခြားလူများ မျက်နှာပျက်နေကြ၏။

ဖက်တီးနှင့် အခြားလူများက အဘယ်ကြောင့် ဤနေရာသို့ ရောက်နေကြသည်ကို သူတို့ နားမလည်နိုင်ကြချေ။

ရန်ချွမ်ချင်းကို ဤကဲ့သို့ ရန်စခြင်းက မည်သည့် အကျိုးကျေးဇူးမျှ ရှိမည်မဟုတ်ဘဲ ထိုအစား သူတို့ကိုယ်သူတို့ ဒုက္ခတွင်းထဲသို့ ဆွဲသွင်းရာ ရောက်ပေလိမ့်မည်။

ထို့ပြင် ဖက်တီးက ရန်ချွမ်ချင်းကို အမှန်တကယ် စိန်ခေါ်လိုက်သည်။ သူက ရန်ချွမ်ချင်းကို ယှဉ်ပြိုင်နိုင်ရန်မှာ လုံးဝ မဖြစ်နိုင်သောအရာပင်။

သူတို့က ဖက်တီး၏ ကျင့်ကြံမှုအဆင့်ကို သိကြသည်။ သူသည် သူတော်စင်အဆင့်သို့ပင် မရောက်ရှိသေးချေ။

ထို့ပြင် ဖက်တီးက သူတော်စင်အဆင့်သို့ ရောက်ရှိသွားလျှင်ပင်၊ သူက ရန်ချွမ်ချင်း၏ ပြိုင်ဘက် ဖြစ်လာနိုင်မည် မဟုတ်ပါ။

ရန်ချွမ်ချင်းသည် တိရှစ်ထျန်း၏ တပည့်ဖြစ်ပြီး နတ်ဘုရားစွမ်းရည်များကို ကျင့်ကြံနိုင်သည်။ နတ်ဘုရားစွမ်းရည်ဆိုသည်က ရှန်းဟွမ်တိုက်ကြီးတွင် တစ်ခါမှ မရှိခဲ့ချေ။

အကယ်၍ သူတို့က အဆင့်တူညီနေလျှင်ပင်၊ ရန်ချွမ်ချင်း၏ ပြိုင်ဘက် ဖြစ်လာနိုင်မည် မဟုတ်ပါ။

"ဖက်တီး၊ ကျွမ်းရှောင်ရှန်၊ ကျွမ်းရှောင်ရို့... မင်းတို့ ထွက်သွားကြစမ်း"

ဟွာချီက အော်ဟစ်လိုက်သည်။

ကျွမ်းရှောင်ရှန်နှင့် ကျွမ်းရှောင်ရို့တို့မှာ လုမင်၏ တပည့်များ ဖြစ်ကြသည်။ အကယ်၍ သူတို့ကြောင့် တစ်စုံတစ်ခု ဖြစ်ပျက်သွားခဲ့ပါက၊ သူ လုမင်ကို မည်သို့ ရှင်းပြနိုင်ပါမည်နည်း။

"ထွက်သွားရမယ် ဟုတ်လား။ ဒီနေ့ သူတို့ထဲက တစ်ယောက်မှ မထွက်သွားနိုင်ဘူး"

ရန်ချွမ်ချင်း၏ အသံမှာ အေးစက်နေခဲ့သည်။ သူ့ခန္ဓာကိုယ်မှ အားကောင်းသော အရှိန်အဝါတစ်ခု ပျံ့နှံ့သွားခဲ့၏။ သူ၏ မျက်လုံးများထဲတွင်လည်း သတ်ဖြတ်ခြင်းအရိပ်အယောင်များ လက်ခနဲ ဖြစ်သွားခဲ့တော့သည်။

ဖက်တီးက သူ့ကို အမှန်တကယ် ရန်စဝံ့သည်။ သူက သူ၏ သိက္ခာကို စော်ကား၍မရကြောင်း လူတိုင်း သိရှိသွားစေရန်အတွက် ယနေ့ ဖက်တီးကို သေချာပေါက် သတ်ပစ်ရမည်။

"ကိစ္စမရှိပါဘူး၊ ဒီကောင်က အမှိုက်တစ်စပဲဆိုတာ လူတိုင်းသိအောင် ငါ သူ့ကို ရိုက်ပြမယ်။ ပြီးမှ ငါ ထွက်သွားမယ်"

ဖက်တီးက ဟွာချီကိုကြည့်ကာ ရယ်ပြလိုက်သည်။

ယခင်က လုမင်သည် သူ့ကို တိုက်ခိုက်ရန်သာ ပြောခဲ့သည်။ တိရှစ်ထျန်းနှင့် အခြားအားကောင်းသော ကျွမ်းကျင်သူများကို စိတ်ပူရန် မလိုကြောင်း ပြောထားခဲ့၏။

ထို့ကြောင့် ဖက်တီးက လုံးဝ ကြောက်ရွံ့ခြင်း မရှိချေ။

ဟွာချီ၊ ရှကျိုးယန်နှင့် အခြားလူများမှာ အံ့ဩသွားခဲ့ကြရသည်။

ဖက်တီး၊ ကျွမ်းရှောင်ရှန်နှင့် ကျွမ်းရှောင်ရို့တို့က ယနေ့တွင် ဘာကြောင့် ဤမျှ ယုံကြည်ချက် ရှိနေကြသည်ကို သူတို့ နားမလည်နိုင်ကြချေ။

သူတို့ ရူးသွားကြတာလား။

ပွဲကြည့်ပရိသတ်များပင် ဖက်တီးနှင့် အခြားလူများ ရူးနေသည်ဟု ခံစားလိုက်ရသည်။ သူတို့က ယနေ့တွင် သေဆုံးကြရပေတော့မည်။

"သေလမ်းရှာနေတာပဲ"

ရန်ချွမ်ချင်းက ရှေ့သို့ တစ်လှမ်း လှမ်းလိုက်သည်။ သူ၏ သတ်ဖြတ်ခြင်း အရှိန်အဝါမှာ ပို၍ပင် ပြင်းထန်လာခဲ့၏။

"သခင်လေးရန်... ဒီလို အမှိုက်တွေကို ရှင်းဖို့အတွက် သခင်လေးရန်ကိုယ်တိုင် လှုပ်ရှားစရာ မလိုပါဘူး။ ဒါက သခင်လေးရဲ့ လက်တွေကို ညစ်ပေစေမှာ မဟုတ်ဘူးလား။ ကျွန်တော့်ကိုပဲ သခင်လေးကိုယ်စား လုပ်ခွင့်ပေးပါ"

ဤအခိုက်အတန့်တွင် လီခယ်က ရှေ့သို့ လှမ်းထွက်လာပြီး ရန်ချွမ်ချင်းကို ဖားယားလိုက်သည်။

ဤမြှောက်ပင့်မှုက ရန်ချွမ်ချင်းကို အလွန် သက်တောင့်သက်သာ ဖြစ်သွားစေခဲ့ပေသည်။ သူက ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။

"ဒါလည်း ကောင်းတာပဲ။ လူပြက်အချို့က ငါကိုယ်တိုင် လှုပ်ရှားဖို့ မထိုက်တန်ပါဘူး။ မင်းပဲ ငါ့ကိုယ်စား လှုပ်ရှားလိုက်ပါ။ သူတို့ကို အရင်ဆုံး ဒုက္ခိတဖြစ်အောင် လုပ်လိုက်။ ငါက သူတို့ကို နောင်တရစေချင်တယ်"

"စိတ်ချပါ သခင်လေးရန်"

လီခယ်က ခေါင်းညိတ်ကာ အရိုအသေပေးလိုက်သည်။ ထို့နောက် သူသည် ဖက်တီးနှင့် အခြားလူများထံသို့ အေးစက်သော သတ်ဖြတ်ခြင်း အရှိန်အဝါများကို ထုတ်လွှတ်လျက် လျှောက်လှမ်းသွားခဲ့၏။

"လီခယ်... ငါ မင်းနဲ့ တိုက်မယ်"

ကျွမ်းရှောင်ရှန်က ရှေ့သို့ လှမ်းထွက်လာပြီး လီခယ်နှင့် ရင်ဆိုင်လိုက်သည်။

"ကျွမ်းရှောင်ရှန်... မင်းလို အမှိုက်က ငါ့ကို တိုက်ရဲတယ် ဟုတ်လား။ လွန်ခဲ့တဲ့ သုံးလက မင်း ငါ့ရဲ့ တိုက်ခိုက်မှုတစ်ချက်တည်းကိုတောင် မတားနိုင်ခဲ့ဘူး။ မင်းက အမှတ်မရှိဘဲ ထပ်လာချင်သေးတယ်။ ဒီလိုဆိုမှတော့ ကောင်းပြီလေ... ဒီနေ့ လုမင်ရဲ့ တပည့်က အမှိုက်တစ်စပဲဆိုတာ လူတိုင်း သိစေရမယ်၊ ပြီးတော့ သူကိုယ်တိုင်လည်း အမှိုက်တစ်စပဲဆိုတာ သိရစေမယ်"

လီခယ်က လှောင်ပြောင်လိုက်သည်။

ထိုစကားများကြောင့် လူအများ၏ မျက်နှာများမှာ မနှစ်မြို့သလို ဖြစ်သွားခဲ့ကြသည်။

ဤနေရာတွင် လူအတော်များများ ရှိနေကြ၏။ သူတို့အားလုံးမှာ ထိုစဉ်က နဂါးမဟာမိတ်၏ အဖွဲ့ဝင်များ ဖြစ်ကြသည်။ သူတို့ထဲမှ အများစုမှာ ထိုစဉ်က လုမင်၏ ကောင်းကင်ကို ဆန့်ကျင်သော ထွန်းတောက်မှုကို ကိုယ်တိုင် မြင်တွေ့ခဲ့ကြသူများ ဖြစ်ပေသည်။

သို့သော်လည်း ယခုမူ လီခယ်က လုမင်ကို အမှိုက်ဖြစ်သည်ဟု ပြောဆိုလိုက်သည်။ ၎င်းက သူတို့ကိုယ်တိုင်လည်း အမှိုက်ဖြစ်သည်ဟု ဆိုလိုခြင်းပင် မဟုတ်ပါလော။

"ငါ့ဆရာကို စော်ကားရဲတယ်လား။ မင်းကို ဒီနေ့ သတ်ပစ်မယ်"

ကျွမ်းရှောင်ရှန်မှာ ဒေါသထွက်သွားခဲ့သည်။ သူ့မျက်လုံးများမှာ သတ်ဖြတ်ခြင်း အရှိန်အဝါများဖြင့် ပြည့်နှက်နေခဲ့၏။ သူ့လက်ထဲတွင် လှံရှည်တစ်စင်း ပေါ်ထွက်လာခဲ့ပြီး အားကောင်းသော အရှိန်အဝါတစ်ခု ပေါက်ကွဲထွက်ပေါ်လာတော့သည်။

သူတော်စင်တစ်ပိုင်း ပထမအဆင့် ဖြစ်သည်။

"မင်း... မင်းရဲ့ ကျင့်ကြံမှုအဆင့်က ဘယ်လိုလုပ်ပြီး ဒီလောက် မြန်မြန် တိုးတက်လာတာလဲ"

လီခယ်က မယုံကြည်နိုင်စွာဖြင့် အော်ဟစ်လိုက်သည်။

လွန်ခဲ့သော သုံးလက ကျွမ်းရှောင်ရှန်၏ ကျင့်ကြံမှုအဆင့်မှာ အဋ္ဌမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ်တွင်သာ ရှိသေးသည်။ သူသည် သုံးလအတွင်း မည်ကဲ့သို့ အဆင့်များစွာကို ဖြတ်ကျော်ကာ သူတော်စင်တစ်ပိုင်းနယ်ပယ်၏ ပထမအဆင့်သို့ ရောက်ရှိသွားနိုင်ပါမည်နည်း။

လွန်ခဲ့သော သုံးလအတွင်းက တိမိသားစု၏ အကူအညီဖြင့်ပင် သူသည် အဆင့်တစ်ခုသာ ဖောက်ထွက်နိုင်ခဲ့ပြီး သူတော်စင်တစ်ပိုင်းနယ်ပယ် ဒုတိယအဆင့်သို့ ရောက်ရှိခဲ့သည်။

ကျွမ်းရှောင်ရှန်၏ ကျင့်ကြံမှုအဆင့် တိုးတက်မှုနှုန်းမှာ သူ့ထက် အဆများစွာ သာလွန်နေခဲ့ပေသည်။

သို့သော်လည်း သူက ချက်ချင်း သတိပြန်ဝင်လာခဲ့သည်။ သူ၏ မျက်လုံးများထဲတွင် ရက်စက်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့၏။ သူက မောက်မာစွာ ပြောလိုက်သည်။

"မင်းက ကံကောင်းမှု တစ်ခုခုနဲ့ ကြုံတွေ့ပြီး အဆင့်မြင့် သူတော်စင်ဆေးပင်တွေကို ရရှိခဲ့တာ ဖြစ်ရမယ်။ ဒါပေမဲ့ အဲလိုဆိုရင်တောင် ဘာဖြစ်လဲ။ မင်းရဲ့ ကျင့်ကြံမှုအဆင့်က အရမ်း အားနည်းနေသေးတယ်။ ငါ မင်းကို တစ်ချက်တည်းနဲ့ အနိုင်ယူနိုင်တယ်"

ကျွမ်းရှောင်ရှန်၏ ကျင့်ကြံမှုအဆင့်မှာ သူတော်စင်တစ်ပိုင်းနယ်ပယ်၏ ပထမအဆင့်တွင် ရှိနေလျှင်ပင် ဘာဖြစ်ပါသနည်း။

သူက ယခုအခါ သူတော်စင်တစ်ပိုင်းနယ်ပယ်၏ ဒုတိယအဆင့်တွင် ရှိသည်။ ထို့ပြင် သူ့ဆရာက တိမိသားစု၏ ဧကရာဇ်တစ်ပိုင်းတစ်ဦး ဖြစ်၏။ သူက သူ့ကို တာအိုနယ်မြေသိုင်းပညာများကို သင်ကြားပေးထားခဲ့သည်။ သူက ကျွမ်းရှောင်ရှန်ကို တစ်ချက်တည်းဖြင့် အနိုင်ယူနိုင်မည်ဟု ယုံကြည်မှု ရှိပေသည်။

"ဝုန်း"

အားကောင်းသော အရှိန်အဝါတစ်ခုက လီခယ်၏ ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် သူ့လက်ထဲတွင် ဓားတစ်လက် ပေါ်ထွက်လာခဲ့၏။ ဓားအလင်းတန်းများ ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး တာအိုနိယာမ စွမ်းအားနှင့်အတူ ကျွမ်းရှောင်ရှန်ထံသို့ ပြေးဝင် တိုက်ခိုက်လိုက်တော့သည်။

ရှန်းဟွမ်တိုက်ကြီးတွင် သူတော်စင်တစ်ပိုင်းနယ်ပယ်၏ ပထမအဆင့်တွင် ရှိပြီး မည်သည့် တာအိုနယ်မြေသိုင်းပညာကိုမျှ မကျင့်ကြံထားသူများက သူ၏ တိုက်ခိုက်မှုတစ်ခုကိုပင် တားဆီးနိုင်ကြမည် မဟုတ်ချေ။

သို့သော်လည်း ကျွမ်းရှောင်ရှန်က တာအိုနယ်‌မြေ သိုင်းပညာကို မကျင့်ကြံရသေးသည့်တိုင်၊ သူ၏ ဝိညာဉ်ခန္ဓာမှာမူ အဆင့်နိမ့် ကောင်းကင်ဝိညာဉ်ခန္ဓာသို့ ရောက်ရှိနေပြီ ဖြစ်သည်။

ကောင်းကင်အဆင့်နိမ့် ဝိညာဉ်ခန္ဓာဟူသည် ယွမ်လုတွင်ပင် ပါရမီရှင်တစ်ဦးအဖြစ် သတ်မှတ်ခံရပေသည်။

အတိတ်ကာလက စန်းပြည်နယ်တွင် ကောင်းကင်အဆင့်နိမ့် ဝိညာဉ်ခန္ဓာ တစ်ခုမျှ မရှိခဲ့ပါ။

လီခယ်၏ ဝိညာဉ်ခန္ဓာမှာ သာမန် ဝိညာဉ်ခန္ဓာမျှသာ ဖြစ်သည်။ ကျွမ်းရှောင်ရှန်၏ ဝိညာဉ်ခန္ဓာ စွမ်းအားက လီခယ်ကို ဖိနှိပ်ရန် လုံလောက်ပေသည်။

"ဝုန်း"

ကျွမ်းရှောင်ရှန်က လှံရှည်ကို ဝှေ့ယမ်းကာ အောက်သို့ လွှဲရိုက်ချလိုက်သည်။

ဤလှံရိုက်ချက်တွင် မည်သည့် နည်းစနစ်မျှ ပါဝင်ခြင်း မရှိချေ။ ၎င်းမှာ ရိုးရှင်းသော လှံချက်တစ်ချက်မျှသာ ဖြစ်သည်။ သို့သော်လည်း ယွမ်ချီစွမ်းအင်ဖြင့် ပေါင်းစပ်မှုအောက်တွင် လှံက လျင်မြန်စွာ ကြီးမားလာခဲ့သည်။ ၎င်းက ကောင်းကင်တိုင်လုံးကဲ့ လီခယ်ကို လွှဲရိုက်ချလိုက်တော့သည်။

"ဝုန်း... ဝုန်း"

လီခယ်၏ ဓားအလင်းတန်းမှာ လှံချက်အောက်တွင် ပြိုလဲပျက်စီးသွားခဲ့သည်။ ဧရာမလှံကြီးက လီခယ်၏ ခန္ဓာကိုယ်ပေါ်သို့ လွှဲရိုက်မိသွားခဲ့၏။

လီခယ်၏ ခန္ဓာကိုယ်က ပေါက်ပြဲသွားသော သဲအိတ်တစ်ခုကဲ့သို့ ဖြစ်သွားခဲ့ပြီး တိုက်ခိုက်ရေးစင်မြင့်ထက်သို့ ပြင်းထန်စွာ ကျရောက်သွားခဲ့ရာ စင်မြင့်တစ်ခုလုံးကို တုန်ခါသွားစေခဲ့တော့သည်။

လီခယ်က တိုက်ခိုက်ရေးစင်မြင့်ထက်တွင် လဲလျောင်းလျက် သွေးများ အန်နေခဲ့သည်။ သူ၏ မျက်လုံးများမှာမူ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေတော့သည်။

သူသည် ကျွမ်းရှောင်ရှန်၏ တိုက်ခိုက်မှု တစ်ချက်တည်းဖြင့် ခြေမှုန်းခြင်း ခံလိုက်ရသည်။

လွန်ခဲ့သော သုံးလက ကျွမ်းရှောင်ရှန်သည် သူ၏ တိုက်ခိုက်မှုတစ်ခုကိုပင် မတားဆီးနိုင်သော အမှိုက်တစ်စ ဖြစ်ခဲ့သည်။ ယခုမူ သူကိုယ်တိုင် တစ်ချက်တည်းဖြင့် ခြေမှုန်းခြင်း ခံလိုက်ရပြီ။

သူက ၎င်းကို လက်မခံနိုင်ချေ။

ပတ်ဝန်းကျင်ရှိ လူတိုင်းမှာလည်း အနည်းငယ် အံ့အားသင့်သွားခဲ့ကြသည်။

လီခယ်သည် ရှန်းဟွမ်တိုက်ကြီး၏ ထိပ်သီး ပါရမီရှင် ဆယ်ဦးအနက် တစ်ဦး ဖြစ်သည်။

တစ်နည်းအားဖြင့် ပြောရလျှင်၊ ထိပ်သီး ပါရမီရှင်လ ဆယ်ဦးမှလွဲ၍ အခြားမည်သူမျှ လီခယ်၏ ပြိုင်ဘက် မဟုတ်ကြချေ။ သို့သော်လည်း သူသည် ကျွမ်းရှောင်ရှန်၏ တိုက်ခိုက်မှု တစ်ချက်တည်းဖြင့် ရှုံးနိမ့်သွားခဲ့ရသည်။

ဒါက လုမင်၏ တပည့်လား။

သူ၏တပည့်ပင် ဤမျှ အားကောင်းနေပါက၊ သူ့ဆရာမှာ မည်မျှစွမ်းအားကြီးမည်နည်း။

"အစ်ကိုရှောင်ရှန်က တကယ် အစွမ်းထက်တာပဲ"

ဟွာရို့က ရေရွတ်လိုက်သည်။

ဟွာချီ၊ ရှကျိုးယန်နှင့် အခြားလူများမှာလည်း မှင်တက်သွားခဲ့ကြ၏။

သူတို့သည် ကျွမ်းရှောင်ရှန်၏ ကျင့်ကြံမှုနှင့် တိုက်ခိုက်ရေးစွမ်းရည်ကို ကောင်းစွာ သိကြသည်။ သူတို့က သူ့ကို မတွေ့ရသည်မှာ လပိုင်းမျှသာ ရှိသေးသည်။ သူက မည်ကဲ့သို့ ဤမျှ အားကောင်းလာရပါသနည်း။

"မင်း ကောက်ကျစ်တာပဲ။ မင်း ကောက်ကျစ်တာ။ မင်းကို လျှို့ဝှက် ကူညီပေးနေတဲ့ တခြားကျွမ်းကျင်သူတွေ ရှိနေတယ်"

လီခယ်က ရူးသွပ်စွာ အော်ဟစ်လိုက်သည်။

သူက နောက်ဆုံးအကြိမ် ဖြစ်ရပ်ကို သေချာမှတ်မိနေသေးသည်။

နောက်ဆုံးအကြိမ်က တစ်စုံတစ်ယောက်သည် ကျွမ်းရှောင်ရှန်ကို လျှို့ဝှက်စွာ ကူညီပေးခဲ့သည်။ ထို့ကြောင့် လီခယ်သည် ကျွမ်းရှောင်ရှန်၏ တိုက်ခိုက်မှု တစ်ခုအောက်တွင် ရှုံးနိမ့်ခဲ့ရပေသည်။ ၎င်းမှာ ယခုအကြိမ်နှင့် အတိအကျ တူညီနေခဲ့သည်။

"ဘယ်သူမှ လျှို့ဝှက် မကူညီပါဘူး"

နွားနတ်ဘုရားနန်းတော် သခင်က ခပ်ဖျော့ဖျော့ ပြောလိုက်သည်။ သူ့အသံမှာ တစ်နေရာလုံးတွင် ပဲ့တင်ထွက်သွားခဲ့၏။

နွားနတ်ဘုရားနန်းတော်သည် ယခုအကြိမ်တွင် ရှုံးနိမ့်ခဲ့ရသည်။ သူတို့သည် တိမိသားစုကို ရှုံးနိမ့်ခဲ့ပြီး အရှေ့တိုင်းကို စွန့်လွှတ်ခဲ့ရ၏။ ၎င်းက သူ့ကို အလွန် မပျော်မရွှင် ဖြစ်စေခဲ့သည်။ ယခုအခါ တိမိသားစု ဒုက္ခရောက်နေသည်ကို မြင်တွေ့ရသဖြင့် သူသည် သဘာဝကျစွာပင် ကျေနပ်နေတော့သည်။

နွားနတ်ဘုရားနန်းတော် သခင်၏ စကားကို မည်သူမျှ မသင်္ကာမဖြစ်ကြချေ။ သူသည် သိုင်းဧကရာဇ်နယ်ပယ်မှ ကျွမ်းကျင်သူတစ်ဦးဖြစ်သည်။ သိုင်းဧကရာဇ်များအကြားတွင်ပင် ထိပ်တန်းကျွမ်းကျင်သူတစ်ဦး ဖြစ်၏။

"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

လီခယ်မှာ မယုံကြည်နိုင်ပေ။

"မင်းလို အမှိုက်တစ်စက အခြားသူတွေကို ဘယ်လိုတောင် လှောင်ပြောင်စော်ကားဝံ့တာလဲ"

ကျွမ်းရှောင်ရှန်က အထင်မြင်သေးစွာ ပြောလိုက်သည်။

All Chapters