← Chapters

အခန်း ၂၁၇၉

Vol. 153 Ch. 2179

အခန်း ၂၁၇၉

Vol. 153 Ch. 2179

အပိုင်း ( 2179 ) နဂါးမဟာမိတ်ခေါင်းဆောင် ပြန်ရောက်လာပြီ။

"ဝုန်း... ဝုန်း..."

ဤအခိုက်အတန့်တွင် တိမိသားစုမှ ကျွမ်းကျင်သူများအားလုံးက ကြောက်စရာကောင်းသေ အရှိန်အဝါများနှင့် သတ်ဖြတ်လိုစိတ်တို့ ပေါက်ကွဲထွက်ပေါ်လာခဲ့ကြသည်။

"ဘယ်သူလဲကွ"

တိမိသားစုမှ ကျွမ်းကျင်သူတစ်ဦးက နွားနတ်ဘုရားနန်းတော်နှင့် တောရိုင်းနဂါးနန်းတော်တို့ရှိရာ ဘက်သို့ ကြည့်ကာ ဟိန်းဟောက်လိုက်၏။

အထွတ်အထိပ် အန္တိမသူတော်စင်တစ်ဦးကို အလွယ်တကူ သတ်ဖြတ်နိုင်ခြင်းက ထိုသူ၏စွမ်းအားမှာ သေချာပေါက် သူ့ထက် အဆများစွာ သာလွန်ရလိမ့်မည်။ ထိုသူက ဧကရာဇ်တစ်ပိုင်းတစ်ဦး ဖြစ်နိုင်ခြေ အလွန်များသည်။

သို့သော်လည်း ရှန်းဟွမ်တိုက်ကြီးမှ လူများတွင် ဤမျှ မြင့်မားသော ကျင့်ကြံမှုအဆင့်ဖြင့် ကျွမ်းကျင်သူ မရှိကြချေ။ ထို့ကြောင့် ထိုသူက နွားနတ်ဘုရားနန်းတော် သို့မဟုတ် တောရိုင်းနဂါးနန်းတော်မှ ကျွမ်းကျင်သူတစ်ဦး ဖြစ်နိုင်ခြေ အလွန်များသည်။

သူတို့က နွားနတ်ဘုရားနန်းတော်နှင့် တောရိုင်းနဂါးနန်းတော်မှ လူများက လျှို့ဝှက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်နိုင်သည်ဟု သံသယဝင်နေကြခြင်း ဖြစ်သည်။

"ငါ့ကို အဲဒီလို လာမကြည့်နဲ့။ ငါ ဘယ်သူ့ကိုမှ မလွှတ်ခဲ့ဘူး"

"ငါလည်း မလွှတ်ခဲ့ဘူး"

နွားနတ်ဘုရားနန်းတော် သခင်နှင့် တောရိုင်းနဂါးနန်းတော် သခင်တို့က အပြစ်ကင်းစင်သော မျက်နှာအမူအရာများဖြင့် ငြင်းဆိုလိုက်ကြသည်။

"ဘယ်သူလဲကွ... ထွက်ခဲ့စမ်း။ မဟုတ်ရင် ဒီကောင်တွေ သေရလိမ့်မယ်"

တိမိသားစုမှ ဧကရာဇ်တစ်ပိုင်းတစ်ဦးက ရှေ့သို့ လှမ်းထွက်လာခဲ့သည်။ အေးစက်သော သတ်ဖြတ်ခြင်း အရှိန်အဝါများက ဖက်တီးနှင့် အခြားလူများကို လွှမ်းခြုံသွားခဲ့၏။

သို့သော်လည်း လူအုပ်ကြီးထဲမှ အရှိန်အဝါတစ်ခု ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး ထိုဧကရာဇ်တစ်ပိုင်း၏ သတ်ဖြတ်ခြင်း အရှိန်အဝါကို ချေဖျက်ပစ်လိုက်သည်။ ထို့နောက် အသားညိုညိုနှင့် လူငယ်တစ်ဦးက လျှောက်လှမ်းထွက်လာခဲ့တော့သည်။

ဤလူငယ်မှာ သဘာဝအတိုင်း လုမင် ဖြစ်သည်။

သူသည် ဤနေရာသို့ မလာမီက၊ နတ်အရှိန်အဝါကျင့်စဉ်ကို အသုံးပြု၍ သူ၏ရုပ်သွင်ကို ပြောင်းလဲထားခဲ့ခြင်း ဖြစ်သည်။

"ကောင်လေး... စောစောက တိုက်ခိုက်ခဲ့တာ မင်းလား"

ဧကရာဇ်တစ်ပိုင်း ကျွမ်းကျင်သူက အေးစက်သော အကြည့်ဖြင့် မေးမြန်းလိုက်သည်။

"မင်းက သိသိကြီးနဲ့ ဘာလို့ မေးနေတာလဲ"

လုမင်က ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။

"မင်းက နွားနတ်ဘုရားနန်းတော်ကလား၊ တောရိုင်းနဂါးနန်းတော်ကလား"

ဧကရာဇ်တစ်ပိုင်းက ထပ်မံမေးမြန်းလိုက်သည်။

"ငါက နဂါးမဟာမိတ်ကပဲ"

လုမင်က ပြုံးနေဆဲပင်။

လူအများမှာ မှင်တက်သွားခဲ့ကြရသည်။ အထူးသဖြင့် ရှဲ့လွမ်နှင့် အခြားလူများမှာ ပို၍ပင် မှင်တက်သွားခဲ့ကြ၏။

လုမင်က သူ့ကိုယ်သူ နဂါးမဟာမိတ်အဖွဲ့မှ ဖြစ်သည်ဟု ပြောသော်လည်း၊ သူတို့ထံတွင် ဤမျှ အားကောင်းသော ကျွမ်းကျင်သူ မရှိချေ။

ထိုဧကရာဇ်တစ်ပိုင်းသည်လည်း ၎င်းကို လုံးဝ ယုံကြည်ပုံမရပါ။ သူသည် လုမင်က သူ့ကို လှောင်ပြောင်နေသည်ဟု အထင်ရောက်ရှိရကား အေးစက်စွာ မေးလိုက်သည်။

"မင်းက ယွမ်လုက ဖြစ်ရမယ်၊ ဟုတ်တယ်မလား"

"အဲဒီလို ပြောရင်လည်း ရပါတယ်"

လုမင်က ပြုံးနေဆဲ ဖြစ်သည်။

"မင်း တစ်ယောက်တည်းလား"

ထိုဧကရာဇ်တစ်ပိုင်းက ထပ်မံ မေးမြန်းလိုက်၏။

"တော်စမ်း၊ မင်းရဲ့ ဘယ်မျက်စိက ငါ့မှာ နှစ်ယောက်ရှိနေတာကို မြင်လို့လဲ"

လုမင်က ကြိမ်းမောင်းလိုက်သည်။

ဧကရာဇ်တစ်ပိုင်း၏ အကြည့်မှာ ပို၍ပင် အေးစက်သွားခဲ့တော့သည်။

"မင်းက ငါတို့ တိမိသားစုရဲ့ လူတစ်ယောက်ကို သတ်ခဲ့တယ်။ ဒီနေ့ မင်း ပြန်ဖို့ စိတ်မကူးနဲ့တော့"

"ဝုန်း..."

တိမိသားစုမှ ဧကရာဇ်တစ်ပိုင်းက လှုပ်ရှားလိုက်သည်။ သူသည် ရှေ့သို့ တစ်လှမ်း လှမ်းလိုက်ရာ ထိတ်လန့်ဖွယ်ကောင်းသော ဖိအားတစ်ခုက လုမင်ထံသို့ ဖိနှိပ်ကျရောက်သွားခဲ့၏။

သို့သော်လည်း လုမင်က ပြုံးလျက် ရှေ့သို့ တစ်လှမ်း လှမ်းလိုက်သည်။ ရေတွက်၍မရသော အစီရင်စာလုံးများ ပေါ်ထွက်လာခဲ့ပြီး သေမင်းတစ်ကောင်အဖြစ် ပေါင်းစည်းသွားတော့သည်။

ထိုသေမင်းက သေမင်းတံစဉ်ကောက်ကို ကိုင်ဆောင်ကာ တိမိသားစုမှ ဧကရာဇ်တစ်ပိုင်းထံသို့ တိုက်ရိုက် လွှဲခုတ်လိုက်သည်။

"ရွှမ်း..."

သေမင်းတံစဉ်က တိမိသားစုမှ ဧကရာဇ်တစ်ပိုင်းကို လွယ်ကူစွာပင် နှစ်ပိုင်း ဖြတ်တောက်လိုက်၏။

အသက်ရှူသံပြင်းပြင်းများကို ဆက်တိုက် ကြားလိုက်ရသည်။

၎င်းမှာ ဧကရာဇ်တစ်ပိုင်းတစ်ဦး ဖြစ်သော်လည်း မျက်စိတစ်မှိတ်အတွင်း အသတ်ခံလိုက်ရပြီ။ သူက ပြန်လည်၍ ခုခံတိုက်ခိုက်ရန် အခွင့်အရေးပင် မရရှိခဲ့ချေ။

သူသည်လည်း သိုင်းဧကရာဇ်တစ်ဦး ဖြစ်နေခြင်းများလား။

"ကျုပ်က သူ ဘယ်သူလဲဆိုတာ သိပြီ။ အမည်မဲ့သေခြင်းနတ်ဘုရား... သူက အမည်မဲ့သေခြင်းနတ်ဘုရားပဲ"

ရုတ်တရက် လူတစ်ယောက်က အော်ဟစ်လိုက်သည်။

"ဘာ... အမည်မဲ့သေခြင်းနတ်ဘုရား ဟုတ်လား"

"သူပဲ... ကောလဟာလတွေအရ အမည်မဲ့သေခြင်းနတ်ဘုရားဟာ တိုက်ပွဲဝင်ဖို့အတွက် သေမင်းတွေကို ဆင့်ခေါ်နိုင်တဲ့ အသားညိုညိုနဲ့ လူငယ်တစ်ယောက်ပဲ။ သူက အရမ်းကြောက်စရာကောင်းတယ်"

တအံ့တဩ အော်ဟစ်သံများ ဆက်တိုက် ထွက်ပေါ်လာခဲ့သည်။ လူအများက လုမင်ကို အံ့ဩလေးစားမှုများဖြင့် စိုက်ကြည့်လိုက်ကြ၏။

လွန်ခဲ့သော သုံးလက ဝူယွမ်တောင်တွင် သူတော်စင်ဝိညာဉ်အသီးအတွက် တိုက်ပွဲဖြစ်ပွားစဉ်၊ အမည်မဲ့သေခြင်းနတ်ဘုရားသည် မည်သည့်နေရာမှန်းမသိ ပေါ်ထွက်လာခဲ့ပြီး ထိတ်လန့်ဖွယ်ကောင်းသော တိုက်ခိုက်ရေးစွမ်းရည်ကို ပြသခဲ့သည်။ သူသည် တိမိသားစု၊ နွားနတ်ဘုရားနန်းတော်နှင့် တောရိုင်းနဂါးနန်းတော်တို့မှ ကျွမ်းကျင်သူများကို တစ်ပြိုင်နက်တည်း သုတ်သင်ရှင်းလင်းပစ်ခဲ့၏။ ဤအချိန်အတောအတွင်း ထိုသတင်းမှာ ရှန်းဟွမ်တိုက်ကြီးတစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့ပြီး ဖြစ်သည်။

လူအများစုက အမည်မဲ့သေခြင်းနတ်ဘုရားအကြောင်းကို ကြားဖူးကြပေသည်။

သို့သော်လည်း အမည်မဲ့သေခြင်းနတ်ဘုရားမှာ အလွန် ဆန်းကြယ်သည်။ သူသည် နောက်ဆုံးအကြိမ် ပေါ်လာပြီးကတည်းက မည်သည့် အရိပ်အယောင်မျှ မချန်ဘဲ ပျောက်ကွယ်သွားခဲ့၏။ အင်အားစုကြီး သုံးစုလုံးက ကျွမ်းကျင်သူများကို စေလွှတ်၍ အမည်မဲ့သေခြင်းနတ်ဘုရားကို လိုက်လံရှာဖွေစေခဲ့သော်လည်း မည်သည့်ရလဒ်မျှ မရရှိခဲ့ကြချေ။

မမျှော်လင့်ဘဲ အမည်မဲ့သေခြင်းနတ်ဘုရားက ယခုအခါ ရုတ်တရက် ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။

"သူပဲ... သူ သေချင်နေတာပဲ"

"သူက ငါတို့ နွားနတ်ဘုရားနန်းတော်က လူတွေကို ဘယ်လိုတောင် သတ်ရဲရတာလဲ။ ဒီနေ့ သူ့ကို သေချာပေါက် သတ်ရမယ်"

တိမိသားစုသာမက နွားနတ်ဘုရားနန်းတော်နှင့် တောရိုင်းနဂါးနန်းတော်မှ ကျွမ်းကျင်သူများကလည်း အေးစက်စွာ ပြောဆိုလိုက်ကြသည်။ သူတို့၏ အေးစက်သော အကြည့်များက လုမင်ထံသို့ ကျရောက်သွားခဲ့၏။

သို့သော်လည်း လုမင်က ပြုံးနေခဲ့ပြီး လုံးဝ ဂရုမစိုက်ချေ။

"ဒါဆိုရင် အဲဒီဖက်တီးနဲ့ အခြားလူတွေရဲ့ နောက်ကွယ်က ကျောထောက်နောက်ခံက သူပေါ့"

လူအများအပြား၏ နှလုံးသားများ ဒိန်းခနဲ ဖြစ်သွားခဲ့ကြရသည်။

ဖက်တီးနှင့် အခြားလူများက အဘယ်ကြောင့် ဤမျှသတ္တိရှိနေကြသည်ကို သူတို့ နောက်ဆုံးတွင် နားလည်သွားခဲ့ကြပြီ။ သူတို့၏ ကျောထောက်နောက်ခံမှာ အမည်မဲ့သေခြင်းနတ်ဘုရား ဖြစ်နေသောကြောင့် ဖြစ်သည်။

"ဝုန်း..."

ဤအခိုက်အတန့်တွင် တိရှစ်ထျန်းက သူ့နေရာမှ ထရပ်လိုက်သည်။ ထိတ်လန့်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုသည် အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားခဲ့၏။ လူအများက တုန်ရင်သွားခဲ့ကြရပြီး ဒူးထောက်လုနီးပါး ဖြစ်သွားခဲ့ကြတော့သည်။

"ဒါဆိုရင် အမည်မဲ့သေခြင်းနတ်ဘုရားက မင်းပေါ့။ ဒါပေမဲ့ မင်းက ဒီနေ့ ငါ့ရဲ့ နယ်မြေထဲမှာ လာပြီး ကြွားဝါရဲမှတော့ မင်း နေရာမှားလာပြီလို့ ငါ ထင်တယ်"

တိရှစ်ထျန်းက အေးစက်စွာ ပြောလိုက်သည်။

"မင်းရဲ့ နယ်မြေ ဟုတ်လား"

လုမင်က ထူးဆန်းသော အမူအရာဖြင့် ပြောလိုက်သည်။

"ဒါက နဂါးဧကရာဇ်မြို့တော်ကွ၊ နဂါးမဟာမိတ်အဖွဲ့ရဲ့ နယ်မြေပဲ။ ဒါက နဂါးမဟာမိတ်ရဲ့ မဟာမိတ်ခေါင်းဆောင် လုမင်ရဲ့ နယ်မြေပဲ။ ဒါက ဘယ်တုန်းက မင်းရဲ့ နယ်မြေ ဖြစ်သွားလို့လဲ။ မင်း တကယ်ကို အရှက်မရှိတာပဲ"

"လုမင် ဟုတ်လား။ ရယ်စရာကောင်းလိုက်တာ၊ သိုင်းဧကရာဇ်တောင် မဟုတ်သေးတဲ့ ကောင်လေးတစ်ယောက်က နဂါးဧကရာဇ်မြို့တော်ကို ထိန်းချုပ်ဖို့ ဘာအရည်အချင်း ရှိလို့လဲ"

တိရှစ်ထျန်းက အေးစက်စွာ ပြောလိုက်၏။

"ငါ့ဆရာကို စော်ကားခွင့်မပြုနိုင်ဘူး"

ကျွမ်းရှောင်ရို့က တိရှစ်ထျန်းကို စိုက်ကြည့်လိုက်သည်။

"ဟားဟားဟား... ရယ်စရာကောင်းလိုက်တာ၊ မင်းရဲ့ ဆရာကို စော်ကားတယ် ဟုတ်လား။ မင်းရဲ့ ဆရာ လုမင်က ဘာကောင်မှမဟုတ်ဘူး။ အခု သူက အတိတ်ကအရာတစ်ခု ဖြစ်နေပြီ။ တကယ်လို့ သူ ပြန်ပေါ်လာရင်တောင် ငါ သူ့ကို လက်ညှိုးတစ်ချောင်းတည်းနဲ့ နှိပ်စက်နိုင်တယ်"

ရန်ချွမ်ချင်းက ဘေးမှနေ၍ လှောင်ပြောင်လိုက်သည်။

"ဪ..."

လုမင်က ရန်ချွမ်ချင်းကို ထူးဆန်းသော မျက်နှာအမူအရာဖြင့် ကြည့်ကာ ပြောလိုက်သည်။

"ငါ ဒီမှာ ရှိနေပြီ၊ လာ... လာပြီး ငါ့ကို နှိပ်စက်လိုက်စမ်းပါဦး"

ထိုသို့ ပြောပြီးနောက် လုမင်၏ ရုပ်သွင်မှာ လျင်မြန်စွာ ပြောင်းလဲသွားခဲ့သည်။ သူ၏ မူလရုပ်သွင်သို့ ပြန်လည် ရောက်ရှိသွား၏။

"ဟင်..."

လူတိုင်းက လုမင်၏ စကားကို ကြားလိုက်ရသောအခါ မင်တက်သွားခဲ့ကြရသည်။ သို့သော်လည်း သူတို့က လုမင်၏ မူလရုပ်သွင်ကို မြင်တွေ့လိုက်ရသောအခါ သူတို့ထဲမှ အများစုက စကားမဆိုနိုင်ဘဲ ကြက်သေသေသွားကြတော့သည်။

ရှန်းဟွမ်တိုက်ကြီးတွင် လူအများစုမှာ လုမင်၏ ရုပ်သွင်ကို ယခင်ကတည်းက မြင်တွေ့ဖူးကြသည်။

အတိတ်ကာလက လုမင်သည် ရှန်းဟွမ်တိုက်ကြီးကို ပေါင်းစည်းခဲ့ပြီး အထွတ်အထိပ်ဖြစ်သော နဂါးမဟာမိတ်ကို တည်ထောင်ခဲ့ပေသည်။

အင်အားကြီးစုကြီးများနှင့် အင်အားစုငယ်များ အားလုံးနီးပါးတွင် လုမင်၏ ပုံတူပန်းချီကား ရှိကြသည်။

နဂါးဧကရာဇ်မြို့တော်တွင်လည်း လုမင်၏ ဧရာမကျောက်ဆစ်ရုပ်ထုကြီး ရှိနေခဲ့ဖူးပေသည်။

ယခုအခါ သူတို့က လုမင်၏ ရုပ်သွင်အမှန်ကို မြင်တွေ့လိုက်ရသဖြင့် သူတို့အားလုံး မှင်တက်သွားခဲ့ကြရသည်။

"လုမင်... သူက တကယ် လုမင်ပဲ"

ရှကျိုးယန်၊ ရှဲ့လွမ်နှင့် အခြားလူများက ပထမဆုံး သတိဝင်လာခဲ့ကြပြီး မယုံကြည်နိုင်စွာဖြင့် အော်ဟစ်လိုက်ကြသည်။

"ဒါက တကယ် လုမင်ပဲ"

"နဂါးမဟာမိတ်ရဲ့ ခေါင်းဆောင် လုမင် ပြန်လာပြီ"

"ဘုရားရေ... ဒါ အမှန်ပဲ။ သူက အရင်ကထက်တောင် အဆပေါင်းများစွာ ပိုပြီး အားကောင်းလာသေးတယ်။ သူက ဧကရာဇ်တစ်ပိုင်းတစ်ယောက်ကိုတောင် မျက်စိတစ်မှိတ်အတွင်း သတ်ပစ်လိုက်နိုင်တယ်"

ရေတွက်၍မရသော လူများက အံ့ဩတကြီး ရေရွတ်လိုက်ကြသည်။

နာမည်ကျော်ကြားသော အမည်မဲ့သေခြင်းနတ်ဘုရားမှာ နဂါးမဟာမိတ်၏ ခေါင်းဆောင်လုမင် ဖြစ်နေခဲ့သည်။

ထို့နောက် အချို့လူများမှာ ပို၍ပင် တွေးတောမိသွားခဲ့ကြသည်။

ဖက်တီး၊ ကျွမ်းရှောင်ရှန်နှင့် ကျွမ်းရှောင်ရို့တို့၏ ကျောထောက်နောက်ခံမှာ လုမင် ဖြစ်နေခဲ့၏။

သူတို့၏ တိုက်ခိုက်ရေးစွမ်းရည်မှာ လုမင်ကြောင့် ရုတ်တရက် တိုးတက်လာခဲ့ခြင်း ဖြစ်နိုင်ပါမည်လော။

"ရန်ချွမ်ချင်း... မင်းက ငါ့ဆရာနဲ့ နှိုင်းယှဉ်ဖို့ ဘာအခွင့်အရေး ရှိလို့လဲ။ ဒါထက်ပိုပြီး ရယ်စရာကောင်းတာက မင်းဟာ ရှန်းဟွမ်တိုက်ကြီးရဲ့ နံပါတ်တစ် ပါရမီရှင်ဖြစ်ပြီး ငါ့ဆရာကို ကျော်လွန်သွားပြီလို့ ပြောခဲ့တာပဲ"

ကျွမ်းရှောင်ရှန်က ရန်ချွမ်ချင်းကို အထင်သေးစွာ ကြည့်လျက် လှောင်ပြောင်လိုက်သည်။

"သူက အမှိုက်တစ်စပါပဲ။ သူက လုမင်နဲ့ နှိုင်းယှဉ်ဖို့ ဘာအခွင့်အရေး ရှိလို့လဲ။ လုမင်က ငါ့ကို ရက်ပိုင်းလောက်ပဲ သင်ပေးခဲ့တာကိုတောင် သူက ငါ့ရဲ့ တိုက်ခိုက်မှုတစ်ခုကို မခံနိုင်ခဲ့ဘူး။ တကယ့် အမှိုက်တစ်စပဲ"

ဖက်တီးကလည်း လှောင်ပြောင်လိုက်၏။

"ငါ..."

ရန်ချွမ်ချင်း မျက်နှာမှာပျက်သွားခဲ့သည်။

လုမင်က ဧကရာဇ်တစ်ပိုင်းတစ်ဦးကိုပင် အလွယ်တကူ သတ်ဖြတ်နိုင်စွမ်းရှိ၏။ သူ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ ကြောက်စရာကောင်းလွန်းသည်။

ထို့ပြင် ဖက်တီး ပြောသည်မှာ အမှန်ဖြစ်ပါက ၎င်းက ပို၍ပင် ထိတ်လန့်ဖွယ်ကောင်းလှပေလိမ့်မည်။ လုမင်သည် ဖက်တီးကို ရက်ပိုင်းအနည်းငယ်သာ သင်ကြားပေးခဲ့သော်လည်း၊ သူ့ကို မျက်စိတစ်မှိတ်အတွင်း အနိုင်ယူနိုင်စွမ်း ရှိစေခဲ့သည်။ သူ လုမင်နှင့် ယှဉ်ရန် များစွာ ဝေးကွာလွန်းပြီး နှိုင်းယှဉ်ရန်ပင် မဖြစ်နိုင်ပေ။

ကွာခြားမှုက ကြီးမားလွန်းသည်။

All Chapters