← Chapters

အခန်း ၂၁၈၀

Vol. 153 Ch. 2180

အခန်း ၂၁၈၀

Vol. 153 Ch. 2180

အပိုင်း ( 2180 ) ကတိသစ္စာကို ချိုးဖောက်ခြင်း။

လုမင်က သူ၏ မူလရုပ်သွင်ကို ဖော်ပြလိုက်သောအခါ ရင်ပြင်တစ်ခုလုံး ဆူညံပွက်လောရိုက်သွားခဲ့သည်။

ယွမ်လုမှ ကျွမ်းရှိသူအနည်းငယ်သာ ဤနေရာတွင် ရှိနေကြခြင်း ဖြစ်၏။ သူတို့ထဲမှ အများစုမှာ ရှန်းဟွမ်တိုက်ကြီးမှ ဖြစ်ကြသည်။ ရှန်းဟွမ်တိုက်ကြီးတွင် လုမင်၏ အဆင့်အတန်းမှာ အလွန် မြင့်မားပေသည်။

လွန်ခဲ့သော ဆယ်နှစ်ကျော်က လုမင်သည် ယွမ်လုတွင် သွားရောက်ကျင့်ကြံရန် ရှန်းဟွမ်တိုက်ကြီးမှ ထွက်ခွာသွားခဲ့သည်။ ယခုမူ၊ သူ ပြန်လည်ရောက်ရှိလာသောအခါ အမှန်တကယ်ပင် ပို၍ ထိတ်လန့်ဖွယ်ကောင်းသော တိုက်ခိုက်ရေးစွမ်းရည်ကို ပြသခဲ့ပြီ။

"မဟာမိတ်ခေါင်းဆောင်ကို ဂါရဝပြုပါတယ်"

ဤအခိုက်အတန့်တွင် ရှဲ့လွမ်၊ ရှကျိုးယန်၊ ရန်ခွမ်းစုနှင့် အခြားလူများသည် လုမင်ကို ဦးညွှတ်လိုက်ကြသည်။

"မဟာမိတ်ခေါင်းဆောင်ကို ဂါရဝပြုပါတယ်"

ထို့နောက် လူအများအပြားက လုမင်ကို ထပ်မံ၍ ဦးညွှတ်လိုက်ကြ၏။

နဂါးမဟာမိတ်က ကမ္ဘာကြီးကို အုပ်စိုးစဉ်မှာ ရေတွက်၍မရသော အဖွဲ့ဝင်များ ရှိခဲ့ကြသည်။ ဤနေရာတွင် နဂါးမဟာမိတ်အဖွဲ့ဝင် အများအပြား ရှိနေကြ၏။ သူတို့က လုမင်ကို မြင်တွေ့လိုက်ရသောအခါ အလွန်ပင် စိတ်လှုပ်ရှားသွားကြတော့သည်။

"အကြီးအကဲရှဲ့၊ အကြီးအကဲကျိုးယန်၊ အစ်ကိုရန်၊ ဟွာချီ... ကျုပ်တို့ ဒီယွမ်လုက လူမိုက်တွေကို ရှင်းလင်းပြီးမှ သောက်စားရင်း စကားစမြည် ပြောကြမယ်"

လုမင်က ပြောဆိုလိုက်ပြီး ရှဲ့လွမ်နှင့် အခြားလူများကို ခေါင်းညိတ်ပြလိုက်သည်။

သူ့စကားများကြောင့် တိရှစ်ထျန်းနှင့် အခြားလူများ၏ မျက်နှာများမှာ အေးစက်သွားခဲ့ကြရသည်။ သူတို့၏ ခန္ဓာကိုယ်မှ အေးစက်သော အရှိန်အဝါများ ထွက်ပေါ်လာခဲ့၏။

"လုမင်... မင်းက ယွမ်လုမှာ အချိန်အတော်ကြာ ကျင့်ကြံခဲ့ပြီး တိုးတက်မှုတချို့ ရှိခဲ့တာပဲ။ ဒါပေမဲ့ မင်းက ငါ့ကို တစ်ယောက်တည်း ရင်ဆိုင်ဖို့ဆိုရင် အဝေးကြီး လိုပါသေးတယ်။ မင်းရဲ့ နောက်ကွယ်မှာ မင်းကို ကျောထောက်နောက်ခံပေးထားတဲ့သူ ရှိနေရမယ်။ မင်းရဲ့ နောက်ကွယ်က လူကို ထွက်လာခိုင်းလိုက်စမ်း"

တိရှစ်ထျန်းက အေးစက်စွာ ပြောလိုက်သည်။

"ငါက မင်းတို့အားလုံးကို တစ်ယောက်တည်း ရှင်းမှာပါ။ ငါက ဘာဖြစ်လို့ တခြားလူတွေရဲ့ အကူအညီကို လိုအပ်ရမှာလဲ"

လုမင်က နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်သည်။

လူအများအပြားမှာ မှင်တက်သွားခဲ့ကြရ၏။ လုမင်က တိရှစ်ထျန်းကို အမှန်တကယ် တစ်ယောက်တည်း ရင်ဆိုင်ချင်တာလား။ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

"လေကြီးလေကျယ်နဲ့... ငါ့ရဲ့ လက်ဝါးတစ်ချက်တည်းနဲ့ မင်းကို ဖိနှိပ်ပစ်နိုင်တယ်ကွ"

တိရှစ်ထျန်းက အေးစက်စွာ ပြောလိုက်သည်။ သူ့အရှိန်အဝါမှာ ပို၍ပင် ကြီးမားလာ၏။

"ဒုန်း..."

ထို့နောက် တိရှစ်ထျန်းက ရှေ့သို့ တစ်လှမ်း လှမ်းလိုက်သည်။ ထိုခြေလှမ်းက ကောင်းကင်ပြင်တစ်ခုလုံးကို ပေါက်ကွဲသွားစေမည့်အလား ဖြစ်သွားခဲ့၏။ ထိတ်လန့်ဖွယ်ကောင်းသော ဖိအားတစ်ခုက ရင်ပြင်တစ်ခုလုံးပေါ်သို့ ဖိနှိပ်ကျရောက်လာတော့သည်။

သူ့ခန္ဓာကိုယ်မှ အဆုံးမဲ့ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာခဲ့သည်။ သူ့အသွင်က ကမ္ဘာကြီးကို ငုံ့မိုးကြည့်နေသော ပြိုင်ဘက်ကင်း ဧကရာဇ်တစ်ပါးကဲ့သို့ ဖြစ်နေတော့သည်။

ထိုဖိအားမှာ လှိုင်းတံပိုးများကဲ့သို့ ကျရောက်လာခဲ့သည်။ ၎င်းမှာ အလွန် ထိတ်လန့်ဖွယ်ကောင်း၏။ ကျင့်ကြံမှု မလုံလောက်သော လူအများအပြားမှာ ချက်ချင်းပင် ဒူးထောက်သွားခဲ့ကြရသည်။ သူတို့အတွက် အသက်ရှူရန်ပင် အလွန် ခက်ခဲနေတော့သည်။

"အား..."

လူအများအပြားမှာ ဟိန်းဟောက်လိုက်ကြသည်။ သူတို့က ဒူးမထောက်ချင်ကြသဖြင့် သူတို့၏ ရှိသမျှ အင်အားဖြင့် ခုခံနေခဲ့ကြ၏။

ဤအခိုက်အတန့်တွင် နွားနတ်ဘုရားနန်းတော် သခင်နှင့် တောရိုင်းနဂါးနန်းတော် သခင်တို့က သူတို့၏ အရှိန်အဝါများကို ထုတ်လွှတ်လိုက်ကြသည်။ ၎င်းက ရေလှိုင်းများကဲ့သို့ ပျံ့နှံ့သွားခဲ့ပြီး အခြားလူများအပေါ် ကျရောက်နေသော ဖိအားများကို လျှော့ချပေးခဲ့ပေသည်။

လူအများမှာ ထိုအခါမှပင် သက်ပြင်းချနိုင်ခဲ့ကြပြီး ထိတ်လန့်နေသော အမူအရာများ ပေါ်လာခဲ့ကြသည်။

"အရမ်းသန်မာတယ်၊ တိရှစ်ထျန်းက အားကောင်းလွန်းတယ်"

"ဟုတ်တယ်... လျှံထွက်လာတဲ့ အရှိန်အဝါလေးကနောင် ငါ့ကို ပေါက်ကွဲသွားစေဖို့ လုံလောက်တယ်။ ဒီကမ္ဘာပေါ်မှာ ဒီလောက် အားကောင်းတဲ့သူ ဘယ်လိုလုပ် ရှိနေရတာလဲ"

"လုမင်တော့ သွားပြီ။ သူ ဘယ်လောက်ပဲ အားကောင်းပါစေ... တိရှစ်ထျန်းရဲ့ ပြိုင်ဘက် ဖြစ်လာဖို့က မဖြစ်နိုင်ဘူး"

လူအများက ဆွေးနွေးပြောဆိုနေခဲ့ကြသည်။ တိရှစ်ထျန်းထံမှ ဖြာထွက်လာသော အရှိန်အဝါကို ခံစားမိပြီးနောက် လူအများမှာ ထိတ်လန့်သွားခဲ့ကြရသည်။ လုမင်က တိရှစ်ထျန်းကို အခြေခံအားဖြင့် ယှဉ်ပြိုင်နိုင်စွမ်း မရှိဟု သူတို့ ယုံကြည်သွားခဲ့ကြ၏။

လုမင်က ပါရမီရှင်တစ်ဦး ဖြစ်နေလျှင်ပင်၊ သူက နှစ်အနည်းငယ်မျှသာ ကျင့်ကြံထားရသေးသည်။ သူက ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုးကို မည်ကဲ့သို့ ရင်ဆိုင်တိုက်ခိုက်နိုင်ပါမည်နည်း။

"ရိုင်းစိုင်းတဲ့ တိရှစ်ထျန်း... မင်း ငါ့ကို တိုက်ခိုက်ရဲတယ်ပေါ့"

ဤအခိုက်အတန့်တွင် လုမင်၏ ကျယ်လောင်သော အော်ဟစ်သံက ရင်ပြင်တစ်ခုလုံးတွင် ပဲ့တင်ထွက်ပေါ်လာခဲ့သည်။

လူအများအပြားက မျက်လုံးပြူးသွား၏။

တိရှစ်ထျန်းကိုယ်တိုင်ပင် အံ့အားသင့်သွားခဲ့ရသည်။

သူက အဘယ်ကြောင့် လုမင်ကို မတိုက်ခိုက်ရဲရမည်နည်း။

ထိုအခိုက်တွင်၊ လုမင်၏ လက်ထဲ၌ ရွှေရောင်အလင်းတန်းများဖြင့် အမှတ်အသားတံဆိပ်ပြားတစ်ခု ပေါ်ထွက်လာခဲ့သည်။

"တိရှစ်ထျန်း... မင်း ငါ့ကို မြင်တာတောင် ဘာလို့ ဂါရဝမပြုတာလဲ"

လုမင်က အေးစက်စွာ ပြောလိုက်၏။

"ဟွင်းယွမ်ဂိုဏ်းရဲ့ ရွှေရောင်အမွေဆက်ခံသူ တံဆိပ်ပဲ။ ဒါဆို မင်းက ဟွန်းယွမ်ဂိုဏ်းရဲ့ ရွှေရောင်အမွေဆက်ခံသူပေါ့"

တိရှစ်ထျန်း၏ မျက်လုံးများမှာ တောက်ပသော အလင်းရောင်များဖြင့် လင်းလက်သွားခဲ့သည်။

"မင်း သိရင် ပြီးတာပဲ"

လုမင်က တိရှစ်ထျန်းကို တည်ငြိမ်သော မျက်နှာထားဖြင့် အေးစက်စွာ ကြည့်လိုက်၏။

သူ ဟွင်းယွမ်ဂိုဏ်း၏ ရွှေရောင်အမွေဆက်ခံသူ ဖြစ်လာခဲ့စဉ်က၊ နာမည်စာရင်းတစ်ခုကို ရရှိခဲ့သည်။ ထိုနာမည်စာရင်းတွင် တိရှစ်ထျန်းက ကြေးအဆင့်အမွေဆက်ခံသူ တစ်ဦး ဖြစ်ခဲ့ပေသည်။

၎င်းမှာ ကြေးရောင်အမွေဆက်ခံသူ ဖြစ်စေ၊ ငွေရောင်အမွေဆက်ခံသူ ဖြစ်စေ... သူတို့အားလုံးက ရွှေရောင်အမွေဆက်ခံသူကို နာခံရန် သစ္စာဆိုထားခဲ့ကြရသည်။

လုမင်က တိရှစ်ထျန်း မည်သို့မည်ပုံ တုံ့ပြန်မည်ကို ကြည့်ရှုရန်အတွက် ယခုအခါ ရွှေရောင်အမွေဆက်ခံသူ တံဆိပ်ကို ထုတ်ယူလိုက်ခြင်း ဖြစ်ပေသည်။

တိရှစ်ထျန်း၏ မျက်နှာမှာ ပြောင်းလဲသွားခဲ့ပြီးနောက် သူက ရယ်မောလိုက်သည်။

"လုမင်... မင်းက တကယ်ရယ်စရာကောင်းတာပဲ။ မင်းက ရွှေရောင်အမွေဆက်ခံသူ တံဆိပ်ကို သုံးပြီး ငါ့ကို ဖိနှိပ်ချင်တယ်ပေါ့။ သိုင်းဧကရာဇ်နယ်ပယ်ကို ရောက်ပြီးတဲ့နောက် သစ္စာဆိုချက်တွေကို ခုခံနိုင်တဲ့ စွမ်းရည်ရှိတာကို မင်း မသိဘူးလား။ သာမန် သွေးသစ္စာ ကျိန်ဆိုချက်တွေက ငါ့ကို ဘာမှ မလုပ်နိုင်ဘူး။ ဒီနေ့ ငါ မင်းကို သတ်ပြီး မင်းရဲ့ ရွှေရောင်အမွေဆက်ခံသူ တံဆိပ်ကို လုယူမယ်"

တိရှစ်ထျန်းက လှောင်ပြောင် သရော်မှုများဖြင့် ပြည့်နှက်လျက် ရယ်မောလိုက်သည်။

"ဒီလူတွေက အဲဒီတုန်းက သစ္စာကို တကယ်ပဲ မလိုက်နာကြတော့ဘူးပဲ"

လုမင်က ခေါင်းခါလိုက်ပြီး ရွှေရောင်အမွေဆက်ခံသူ တံဆိပ်ကို ပြန်သိမ်းဆည်းလိုက်လေသည်။

သူသည် တိရှစ်ထျန်းကို အညံခံစေရန်အတွက် ရွှေရောင်အမွေဆက်ခံသူ တံဆိပ်ပေါ်တွင် မှီခိုလိုခြင်း မရှိချေ။

သူက စမ်းသပ်ကြည့်ရုံမျှသာ ဖြစ်သည်။

"ဝုန်း..."

တိရှစ်ထျန်းက နောက်ထပ် တစ်လှမ်း လှမ်းလိုက်သည်။ ထိတ်လန့်ဖွယ်ကောင်းသော ဖိအားတစ်ခုက ပို၍ ပြင်းထန်လာခဲ့၏။

ဟွာချီ၊ ရှဲ့လွမ်၊ ရှကျိုးယန်နှင့် အခြားလူများမှာ စိုးရိမ်ပူပန်နေကြတော့သည်။

ဖက်တီး၊ ကျွမ်းရှောင်ရို့၊ ကျွမ်းရှောင်ရှန်နှင့် အခြားလူများမှာလည်း စိုးရိမ်နေခဲ့ကြသည်။

သူတို့သည် လုမင်ကို ယုံကြည်ကြသော်လည်း တစ်ဖက်လူက အားကောင်းလွန်းနေပြီး သူတို့၏ စိတ်ကူးစိတ်သန်းထက်ပင် ကျော်လွန်နေခဲ့ပြီ။

"မဟာမိတ်ခေါင်းဆောင်က အရမ်း တည်ငြိမ်နေတယ်၊ သူ ယုံကြည်ချက် ရှိနေတာ ဖြစ်ရမယ်"

ရှဲ့လွမ်က ပြောလိုက်သည်။

သူတို့၏ လုမင်အပေါ် နားလည်မှုအရ၊ လုမင်သည် သူ ယုံကြည်ချက်မရှိသော တိုက်ပွဲတစ်ခုကို တိုက်ခိုက်လိမ့်မည် မဟုတ်ပေ။ ယခုအချိန်တွင် သူက ဤမျှ တည်ငြိမ်နေသဖြင့် သူ့ထံတွင် မှီခိုစရာ တစ်ခုခု ရှိနေရပေမည်။

"တိမိသားစု ခေါင်းဆောင်... ဒီကောင့်ကို ငါ့လက်ထဲပဲ အပ်လိုက်ပါ။ ဒီကောင့်ရဲ့ လက်တွေမှာ ငါ့မျိုးနွယ်စုရဲ့ သွေးတွေ စွန်းထင်နေတာကို ငါ ခံစားနေရတယ်"

ဤအခိုက်အတန့်တွင် ထူးထူးခြားခြား ထွားကျိုင်းလှသော ပုံရိပ်တစ်ခုက တိရှစ်ထျန်း၏ နောက်ကွယ်မှ လျှောက်လှမ်းထွက်လာခဲ့သည်။

၎င်းက လေးလံသော သံချပ်ကာကို ဝတ်ဆင်ထားပြီး လေးမီတာခန့် မြင့်မား၏။

လုမင်က ဤသူမှာ မိစ္ဆာနတ်ဘုရား မျိုးနွယ်စုဝင်တစ်ဦး ဖြစ်ကြောင်း မြင်တွေ့နိုင်သည်။

ဤမိစ္ဆာနတ်ဘုရား မျိုးနွယ်စုဝင် ထုတ်လွှတ်လိုက်သော အရှိန်အဝါက တိရှစ်ထျန်းလောက် မပြင်းထန်သော်လည်း ၎င်းမှာ ထိတ်လန့်ဖွယ်ကောင်းနေသေးသည်။ သူသည် ကြယ်တစ်ပွင့် ဗလာနယ်ဧကရာဇ်နယ်ပယ် ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။

တိရှစ်ထျန်းက သူ၏ ခြေလှမ်းများကို ရပ်တန့်လိုက်သည်။ သူ့အတွက် လုပ်ဆောင်ပေးမည့်သူ ရှိနေသဖြင့် သူ ကိုယ်တိုင် လုပ်ဆောင်ရန် မလိုတော့ချေ။

"ကောင်လေး၊ မင်းရဲ့ လက်တွေမှာ ငါ့မျိုးနွယ်စုရဲ့ သွေးတွေ စွန်းထင်နေတယ်။ အခု မင်းသေလိုက်တော့"

မိစ္ဆာနတ်ဘုရား မျိုးနွယ်စုဝင် ကျွမ်းကျင်သူက ဆူးချွန်ပါသော တုတ်တစ်ချောင်းကို ကိုင်ဆောင်ကာ လွှဲရိုက်လိုက်သည်။

"ဝုန်း"

ဟင်းလင်းပြင်က အက်ကွဲသွားခဲ့သည်။ တုတ်က ထိတ်လန့်ဖွယ်ကောင်းသော စွမ်းအားကို သယ်ဆောင်လျက် လုမင်ထံသို့ ပြင်းထန်စွာ ကျရောက်သွားခဲ့၏။

"ကြောက်စရာကောင်းလိုက်တဲ့ စွမ်းအား"

လူအများက ထိတ်လန့်သွားခဲ့သည်။

ယနေ့ခေတ်သည် အတိတ်နှင့် မတူတော့ချေ။ ယခုအခါ ရှန်းဟွမ်တိုက်ကြီး၏ ဟင်းလင်းပြင်မှာ နှိုင်းယှဉ်၍မရအောင် တည်ငြိမ်နေခဲ့ပြီ ဖြစ်သည်။ ဟင်းလင်းပြင်ကို ခွဲထွက်ရန် မဆိုထားဘိ၊ လူတိုင်း၏ ပျံသန်းနှုန်းမှာပင် အဆပေါင်းများစွာ နှေးကွေးသွားခဲ့ရပေသည်။

သို့သော်လည်း ယခုမူ မိစ္ဆာနတ်ဘုရား မျိုးနွယ်စုဝင်၏ တုတ်ရိုက်ချက်က ဟင်းလင်းပြင်ကို အက်ကွဲသွားစေခဲ့သည်။ ဤတိုက်ခိုက်မှု မည်မျှ စွမ်းအားကြီးကြောင်း မြင်တွေ့နိုင်ပေသည်။

လူအများအပြား၏ နှလုံးသားများမှာ သူတို့၏ ခံတွင်းဝသို့ ရောက်ရှိလုနီးပါး ဖြစ်သွားခဲ့ရပြီး လုမင်အတွက် စိုးရိမ်သွားခဲ့ကြသည်။

သို့သော်လည်း လုမင်၏ မျက်နှာအမူအရာမှာ တည်ငြိမ်မှုရှိဆဲပင်။ သူက လက်တစ်ဖက်ကို ဆန့်ထုတ်ကာ အပြင်ဘက်သို့ လှမ်းဖမ်းလိုက်သည်။

ဧရာမလက်ဝါးကြီးတစ်ခု ပေါ်ထွက်လာခဲ့ပြီး တုတ်ကို ဖမ်းဆီးလိုက်၏။

"ဒုန်း..."

တုတ်က ဧရာမလက်ဝါးကြီးပေါ်သို့ ရိုက်မိသွားခဲ့သော်လည်း ဧရာမလက်ဝါးကြီးမှာ လုံးဝ ရွေ့လျားခြင်း မရှိချေ။ ၎င်းက ဒုတ်ကို ဖမ်းဆီးလိုက်ပြီးနောက် ပြင်းထန်စွာ ခါယမ်းပစ်လိုက်သည်။

"ဝုန်း"

တုတ်က ပြင်းထန်စွာ တုန်ခါသွားခဲ့သည်။ ထိတ်လန့်ဖွယ်ကောင်းသော စွမ်းအားတစ်ခုက တုတ်တစ်လျှောက် စီးဆင်းသွားခဲ့ပြီး ပေါက်ကွဲထွက်ပေါ်လာခဲ့၏။

မိစ္ဆာနတ်ဘုရား မျိုးနွယ်စုဝင်က သွေးပျက်ဖွယ်ကောင်းသော အော်သံမျိုးဖြင့် အော်ဟစ်လိုက်ရသည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ လေးလံသော ချပ်ဝတ်က တိုက်ရိုက် ပေါက်ကွဲသွားခဲ့၏။ သူ၏ လက်မောင်းမှာလည်း ပေါက်ကွဲသွားခဲ့သဖြင့် အသားစများနှင့် သွေးများ နေရာအနှံ့သို့ လွင့်စင်သွားတော့သည်။

"သေစမ်း"

လုမင်က အေးစက်စွာ ပြောလိုက်သည်။ ထို့နောက် သူ၏ လက်ကို ခါယမ်းလိုက်ရာ ဧရာမတုတ်ကြီးက နောက်သို့ လွင့်ပျံသွားခဲ့ပြီး မိစ္ဆာနတ်ဘုရား မျိုးနွယ်စုဝင်၏ ခန္ဓာကိုယ်နှင့် ပြင်းထန်စွာ တိုက်မိသွား၏။

"ဒုန်း..."

မိစ္ဆာနတ်ဘုရား မျိုးနွယ်စုဝင်၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ဧရာမဖရဲသီးကြီး တစ်လုံးကို တူနှင့်ထုခွဲလိုက်သကဲ့သို့ ပေါက်ကွဲသွားခဲ့သည်။ သွေးများနှင့် အသားစများ နေရာအနှံ့သို့ လွင့်စင်သွားခဲ့ပြီး သူ၏ ဝိညာဉ်မှာလည်း တိုက်ရိုက် ပျက်စီးသွားတော့သည်။

ကြယ်တစ်ပွင့် ဗလာနယ်ဧကရာဇ်နယ်ပယ်မှ မိစ္ဆာနတ်ဘုရား မျိုးနွယ်စုဝင်တစ်ဦးသည် လုမင်၏ လက်ချက်ဖြင့် မျက်စိတစ်မှိတ်အတွင်း အသတ်ခံလိုက်ရပြီ ဖြစ်သည်။

ထိုမြင်ကွင်းကြောင့် ရင်ပြင်တစ်ခုလုံး ရုတ်တရက် တိတ်ဆိတ်သွားခဲ့ရ၏။ လူတိုင်းက ထိုမြင်ကွင်းကြောင့် ကြက်သေသေသွားကြတော့သည်။

အစောပိုင်းက မိစ္ဆာနတ်ဘုရား မျိုးနွယ်စုဝင် ထုတ်ဖော်ပြသခဲ့သော အရှိန်အဝါမှာ အလွန် အားကောင်းသည်။ ၎င်းမှာ တိရှစ်ထျန်းနှင့် နှိုင်းယှဉ်၍မရသော်လည်း အလွန် ထိတ်လန့်ဖွယ်ကောင်းနေသေးသည်။

ရှန်းဟွမ်တိုက်ကြီးမှ လူများအတွက် ၎င်းမှာ အတိုင်းအဆမရှိဘဲ ပြိုင်ဘက်ကင်းသော တည်ရှိမှုတစ်ခု ဖြစ်သည်။

သို့သော်လည်း လုမင်က ထိုသို့သော တည်ရှိမှုကို အလွယ်တကူ သုတ်သင်ပစ်ခဲ့ပြီ။

All Chapters