အခန်း ၁၆၃၅
Vol. 117 Ch. 1635
အခန်း ( ၁၆၃၅ ) ကြောက်မက်ဖွယ်ကောင်းသော သွေးမျိုးဆက်။
"ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ ဖိအားလဲ"
"တကယ်ပဲ ဘာတွေဖြစ်နေတာလဲ"
"ငါ့ခန္ဓာကိုယ်ထဲက စွမ်းအား သုံးဆယ်ရာခိုင်နှုန်းလောက် ဖိနှိပ်ခံထားရသလို ခံစားနေရတယ်"
စစ်ပွဲနယ်မြေတစ်ခုလုံးတွင် အံ့သြတုန်လှုပ်စွာ အော်သံများဖြင့် ပြည့်နှက်သွားခဲ့သည်။
သွေးမျိုးဆီမှ မြစ်ဖျားခံလာသော ဖိနှိပ်မှုအရှိန်အဝါက စစ်တလင်းတစ်ခုလုံးကို လွှမ်းမိုးသွားခဲ့၏။
ယင်းက လူတိုင်းကို အသက်ရှူရန်ပင် ခက်ခဲသလို ခံစားရစေသည်။
၎င်းက မည်မျှကြောက်စရာကောင်းသနည်း။
သွေးမျိုးဆက်စွမ်းအား၏ ရိုးရှင်းသော ဖိနှိပ်မှုသက်သက်ကပင် ရောက်ရှိနေသည့် ကျွမ်းကျင်သူအားလုံး၏ စွမ်းအားကို ဖိနှိပ်ရန် လုံလောက်နေခဲ့သည်။
ဧကရာဇ်တစ်ပိုင်းအဆင့် သို့မဟုတ် ထိုထက်မြင့်သော ကျင့်ကြံသူများသာလျှင် ကြီးကြီးမားမား သက်ရောက်မှုမရှိဘဲ တည်ငြိမ်စွာ ရှိနေနိုင်ကြပေသည်။
"ဒါ... ရွှမ်ထျန်းဧကရာဇ်ငယ်ပဲ"
ရေတွက်၍မရနိုင်သော မျက်ဝန်းများက ကျွင်းရှောင်ယောက်ထံသို့ စုပြုံကျရောက်လာခဲ့သည်။
တိုက်ပွဲပြင်းထန်စွာ ဆင်နွှဲနေရသော ရေခဲနှင့်ဆီးနှင်း နတ်ဘုရားမနန်းတော်၏ နန်းတော်သခင်မ၏ လှပသော မျက်ဝန်းများထဲတွင်ပင် အံ့အားသင့်မှု အရိပ်အယောင်များ ပေါ်ထွက်လာခဲ့၏။
ထိုသွေးမျိုးဆက်၏ စွမ်းပကားက သူမကိုပင် ကြောက်ရွံ့တုန်လှုပ်သွားစေခဲ့သည်။
"ဒီသွေးမျိုးဆက်စွမ်းအားက ယွဲ့ကျစ်လန်ရဲ့ သွေးမဟုတ်ဘူး... ဒါက..."
နန်းတော်သခင်မမှာ အလွန်အမင်း ထိတ်လန့်သွားခဲ့ရသည်။
သူမနှင့် ဧကရီ ယွဲ့ကျစ်လန်မှာ ရင်းနှီးသော မိတ်ဆွေများဖြစ်ကြသဖြင့်၊ သူက ယွဲ့ကျစ်လန်အကြောင်းကို ကောင်းစွာသိရှိသည်။
ကျွင်းရှောင်ယောက်က ယခုအချိန်တွင် ထုတ်လွှတ်နေသော သွေးမျိုးဆက်ဖိအားမှာ ယွဲ့ကျစ်လန်၏ သွေးမျိုးဆက် လုံးဝ မဟုတ်ချေ။
သို့ဆိုလျှင် ဤအရာက...
ဤကြောက်မက်ဖွယ်ကောင်းသော သွေးမျိုးဆက်ဖိအားမှာ ကျွင်းရှောင်ယောက်၏ မိခင်ဘက်မှမဟုတ်လျှင်၊ ဖခင်ဘက်မှ လာခြင်းဖြစ်ရမည်။
သို့သော်လည်း မည်မျှကြောက်စရာကောင်းသော တည်ရှိမှုမျိုးက ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ဖိအားမျိုးကို ထုတ်လွှတ်နိုင်မည်နည်း။
"ဒါ... ဒါက ဖြစ်နိုင်မလား..."
ရုတ်တရက်၊ နန်းတော်သခင်မ၏ စိတ်ထဲတွင် သီးခြားဆန်သော တည်ရှိမှုအချို့ ပေါ်လာခဲ့သည်။
ဥပမာအားဖြင့် နယ်နိမိတ်ပင်လယ်ရှိ နာမည်ကျော် အင်အားစုကြီး အချို့ ဖြစ်၏။
ထိုအရာက ကျယ်ပြောလှသော ကမ္ဘာလောက၏ အထက်တွင် ရပ်တည်နေပြီး စကြဝဠာ၏ ထောင့်တစ်နေရာကို စိုးမိုးထားနိုင်သည့် တည်ရှိမှုမျိုး ဖြစ်သည်။
အကယ်၍ ဤအတိုင်းသာဆိုလျှင်၊ ဤရွှမ်ထျန်းဧကရာဇ်ငယ်က နောင်တစ်ချိန်တွင် ပိုမိုမြင့်မားသော ကမ္ဘာ့အဆင့်အတန်းတစ်ခုသို့ တက်လှမ်းရန် သေချာပေါက် သတ်မှတ်ခြင်းခံထားရသူ ဖြစ်မည်။
ထို့ပြင်၊ သူကိုယ်တိုင်တွင်လည်း ထူးခြားသော မွေးရာပါ မြင့်မြတ်ခန္ဓာ တာအိုသန္ဓေ ရှိနေသည်။
ကျွင်းရှောင်ယောက်၏ အမည်နာမက နောင်တစ်ချိန်တွင် နယ်နိမိတ်ပင်လယ်တစ်ခုလုံးတွင် လျှမ်းလျှမ်းတောက် ကျော်ကြားလာလိမ့်မည်ဟု ဆိုနိုင်ပေသည်။
ဤအရာကို တွေးမိသောအခါ၊ နန်းတော်သခင်မမှာ ခါးသီးမှုကို ခံစားလိုက်ရသည်။
သူတို့၏ ရေခဲနှင့်ဆီးနှင်း နတ်ဘုရားမနန်းတော်က မြင့်မားသော အဆင့်အတန်းတစ်ခုသို့ ပျံသန်းတက်လှမ်းနိုင်မည့် အခွင့်အရေးကို အထင်အရှား ရရှိခဲ့ဖူးသည်။
သို့သော်လည်း သူတို့ကိုယ်တိုင်ကပင် ထိုအခွင့်အရေးကို လက်လွှတ်ခဲ့ကြပေသည်။
အခြားတစ်ဖက်တွင်၊ ကျွင်းရှောင်ယောက်၏ သွေးမျိုးဆက်အရှိန်အဝါကို ခံစားမိသောအခါ...
ပိုင်ရွယ်ဝေ၏ နှလုံးသားထဲမှာလည်း ခါးသီးမှုများ ပြည့်နှက်သွားခဲ့သည်။
ကျွင်းရှောင်ယောက်က အလွန်အမင်း ပြည့်စုံလွန်းပြီး အပြစ်ဆိုဖွယ်ရာ အကွက်တစ်ခုမျှ ရှာမတွေ့နိုင်ချေ။
သူ၏ သွေးမျိုးဆက်စွမ်းအားကပင် ဤမျှ မြင့်မြတ်ပြီး အင်အားကြီးမားသည်။
သူ၏ဖခင်မှာ အလွန်ထူးခြားသော နောက်ခံရှိကြောင်း မပြောဘဲနှင့် သိနိုင်ပေသည်။
ဤအရာက ပိုင်ရွယ်ဝေအား ခါးသီးမှုနှင့် မိမိကိုယ်ကို လှောင်ပြောင်မှုတို့ကို ခံစားရစေသည်။
ရောက်ရှိနေသော လူအားလုံးထဲတွင် အကြောင်တောင်ဆုံးဖြစ်နေသူမှာ ယွမ်မင်းသားငယ်ပင်။
"ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ မင်းရဲ့ သရုပ်မှန်က တကယ်ပဲ ဘာလဲ"
ယွမ်မင်းသားငယ်က မအောင့်အည်းနိုင်ဘဲ အော်ဟစ်လိုက်သည်။
ကျွင်းရှောင်ယောက်က ရွှမ်ထျန်းဧကရီ၏ သားတော်ဖြစ်နေလျှင်ပင်...
ရွှမ်ထျန်းဧကရီ၏ သွေးမျိုးဆက်က ဤမျှ ကြောက်စရာကောင်းနေရန် မဖြစ်နိုင်ဘူး မဟုတ်လား။
အလွန်ဆုံးရှိလှ၊ သူ၏ဖခင် ဧကရာဇ်ယွမ်နှင့် အဆင့်တူညီရုံမျှသာ ရှိသင့်သည်။
သို့သော်လည်း ယခုအခါတွင်မူ ယွမ်မင်းသားငယ်မှာ အဘယ်ကြောင့် ကမ္ဘာမြေသို့ ခဏတာ ရောက်ရှိလာသော အင်မော်တယ်တစ်ပါးကို ရင်ဆိုင်နေရသကဲ့သို့ ခံစားနေရသနည်း။
သူက ဤသွေးမျိုးဆက်ကို ဘယ်ကနေ ရရှိခဲ့သနည်း။
ယွမ်မင်းသားငယ်၏ တုန်လှုပ်ခြောက်ခြားမှုနှင့် အံ့အားသင့်မှုများကို မြင်သော်လည်း ကျွင်းရှောင်ယောက်ကမူ ဂရုမစိုက်ဘဲ တည်ငြိမ်စွာ ရှိနေခဲ့သည်။
ဒါတောင် သူက ကျွင်းမိသားစု၏ သွေးမျိုးဆက်ကို မထုတ်လွှတ်ရသေးချေ။
မဟုတ်လျှင်၊ ၎င်းက အဘက်ဘက်ကို ပို၍ပင် တုန်လှုပ်ခြောက်ခြားသွားစေမည် ဖြစ်သည်။
'ကြည့်ရတာ ဒီဘဝသစ်က ငါ့ရဲ့ ဖခင်နဲ့ သူ့ရဲ့ နောက်ကွယ်က မျိုးနွယ်စုရဲ့ စွမ်းအားက နယ်နိမိတ်ပင်လယ်ထဲမှာ အတော်လေးကို ထူးခြားတာ ဖြစ်ရမယ်'
ကျွင်းရှောင်ယောက်က စိတ်ထဲမှ တွေးလိုက်မိသည်။
သို့သော်လည်း ဤအရာက ပို၍ပင် ကောင်းမွန်ပေသည်။
၎င်းက သူ့အား နယ်နိမိတ်ပင်လယ်အတွင်း၌ လှုပ်ရှားရ ပိုမိုလွယ်ကူစေသည်။
ကျွင်းရှောင်ယောက်၏ မြင့်မြတ်ခန္ဓာ တာအိုသန္ဓေ ပါရမီအရ၊ သူ၏ ဖခင်ဘက်မှ တစ်မျိုးနွယ်လုံးက လူအဖျင်းများ မဟုတ်ကြလျှင်...
သူတို့က သူ့ကို သေချာပေါက် တန်ဖိုးထားကြမည်ဖြစ်ပြီး ပြုစုပျိုးထောင်ပေးရန် အာရုံစိုက်ကြလိမ့်မည်။
ကျွင်းရှောင်ယောက်က သူ့ဓားကို အောက်သို့ ဖိချလိုက်သည်။
ရလဒ်က သံသယဖြစ်ဖွယ် မရှိခဲ့ချေ။
ယွမ်မင်းသားငယ်မှာ ချက်ချင်း အသတ်ခံလိုက်ရသည်။
သူသည် ဧကရာဇ်ယွမ်၏ အချစ်ဆုံး သားတော် ဖြစ်သည်။
ယွမ်မင်းသားငယ်၏ သွေးထဲတွင် ဧကရာဇ်ယွမ် ချန်ထားခဲ့သော အသက်ကယ် နည်းလမ်းများ ရှိ၏။
သို့သော်လည်း ယွမ်မင်းသားငယ်၏ သွေးမျိုးဆက်မှာ ကျွင်းရှောင်ယောက်၏ သွေးမျိုးဆက်ဖြင့် ဖိနှိပ်ခြင်း ခံလိုက်ရသည်။
ထို့ကြောင့် ထိုနည်းစနစ်များကို သဘာဝအတိုင်း အသုံးမပြုနိုင်တော့ချေ။
ဧကရာဇ်ယွမ်ကိုယ်တိုင်ပင် ဤအရာကို ကြိုတင်မျှော်လင့်ထားနိုင်ခဲ့မည် မဟုတ်ပါ။
တောင်ပိုင်းကြယ်စင်စုလောကတွင် သူ့ထက် သွေးမျိုးဆက်အင်အား ပိုမိုအင်အားကြီးမားသောသူများ ရှိနေလိမ့်မည်ဟု သူ ထင်မှတ်ထားမည် မဟုတ်ပါ။
ရွှမ်ထျန်းဧကရီ၏ သွေးသည်ပင် သူမ တာအိုကို အပြည့်အဝမရရှိသေးမီ သို့မဟုတ် ဧကရာဇ်မဖြစ်လာမီမှာ ဧကရာဇ်ယွမ်ထက် နိမ့်ကျသင့်သည်။
"အရှင်မင်းသား"
ယွမ်မင်းသားငယ် သတ်ခံလိုက်ရသည်ကို မြင်လိုက်ရသောအခါ၊ ယွမ်ကျူးနတ်ဘုရားမင်းဆက်၏ ဧကရာဇ်တစ်ပိုင်းအဆင့် စစ်သူကြီးများအားလုံး မျက်နှာပျက်သွားကြသည်။
ဧကရာဇ်ယွမ် မည်မျှအထိ ဒေါသထွက်သွားမည်ကို သူတို့ မတွေးဝံ့တော့ပေ။
ယခုအချိန်၌ တစ်ခုတည်းသော ဖြေရှင်းချက်မှာ ကျွင်းရှောင်ယောက်ကို သတ်ပစ်ရန် ဖြစ်သည်။
သို့သော်လည်း ပြဿနာမှာ ကျွင်းရှောင်ယောက်၏ အကာအကွယ်ပေးသူအဖြစ် ဧကရာဇ်အဆင့် ဘိုးဘေးကြီးတစ်ဦး အမှန်တကယ် ရှိနေခြင်းပင်။
ထို့ထက်၊ ယွမ်ကျူးနတ်ဘုရားမင်းဆက်၏ ဧကရာဇ်တစ်ပိုင်းအဆင့် စစ်သူကြီးကို ပို၍ပင် တုန်လှုပ်ခြောက်ခြားသွားစေသည့်အရာမှာ...
အနှိုင်းမဲ့ အရှိန်အဝါဖြင့် တပ်ဖွဲ့တစ်ခု ပေါ်လာခြင်း ဖြစ်သညခ။
စစ်သင်္ဘောကြီးများက ကောင်းကင်ယံထက်တွင် ပျံသန်းနေကြပြီး၊ အလံတော်များက လေထဲတွင် တလူလူ လွင့်ပျံနေခဲ့ကြ၏။
"ဒါ... ဘယ်လို တပ်မျိုးလဲ။ သူတို့ရဲ့ အရှိန်အဝါက အားကောင်းလှချည်လား"
"ဒါက ရွှမ်ထျန်းနတ်ဘုရားမင်းဆက်ရဲ့ တပ်ဖွဲ့လား။ မဖြစ်နိုင်တာ၊ သူတို့က ဘယ်လိုလုပ်ပြီး ဒီလောက်အထိ အင်အားကြီးမားနေရတာလဲ"
ယွမ်ကျူးနတ်ဘုရားမင်းဆက်မှ လူများအားလုံး ဆွံ့အမှင်တက်သွားခဲ့ကြရသည်။
အကြောင်းမှာ၊ ဤနတ်ဘုရားမင်းဆက်ကြီးနှစ်ခုက အတိတ်ကာလမှာ ပွတ်တိုက်မှုများစွာ ရှိခဲ့ဖူးသောကြောင့်ပင်။
ထို့ကြောင့်ပင် နတ်ဘုရားမင်းဆက်နှစ်ခု၏ စစ်သည်များက မကြာခဏ ထိပ်တိုက်ရင်ဆိုင်ခဲ့ကြဖူးပြီး တစ်ဦးအကြောင်းကို တစ်ဦး သိရှိနေခဲ့ကြသည်။
သို့သော်လည်း ယခုအချိန်တွင်မူ၊ ရွှမ်ထျန်းနတ်ဘုရားမင်းဆက်၏ စစ်သည်များက သိသိသာသာ ပိုကြောက်မက်ဖွယ်ကောင်းနေပြီး...
မိုးနှင့်မြေကို တုန်လှုပ်စေမည့် တိုက်ခိုက်လိုစိတ်တို့ ပြည့်နှက်နေခဲ့ပြီ ဖြစ်သည်။
ဤအရာက ကျွင်းရှောင်ယောက်က မြင့်မြတ်ခန္ဓာ တာအိုသန္ဓေ သွေးစွမ်းအားကိုသုံး၍ ကိုယ်တိုင် ပြုစုပျိုးထောင်ထားခဲ့သော တပ်ဖွဲ့ပင်။
ကျွင်းရှောင်ယောက်က ထိုတပ်ဖွဲ့ကို 'ကောင်းကင်သူတော်စင်တပ်ဖွဲ့'ဟု အမည်ပေးထားခဲ့သည်။
"ကောင်းကင်သူတော်စင်တပ်... ငါ့ရဲ့ အမိန့်ကို နာခံစေ၊ တစ်ယောက်မှ အသက်ရှင်လျက် မချန်ထားနဲ့"
ကျွင်းရှောင်ယောက်က အေးစက်စွာ အမိန့်ပေးလိုက်သည်။
"ကျုပ်တို့ ဧကရာဇ်ငယ်ရဲ့ အမိန့်ကို နာခံပါ့မယ်"
ကောင်းကင်သူတော်စင်တပ်မှ အသံများမှာ ကျယ်လောင်ဟိန်းထွက်သွားခဲ့၏။
သူတို့၏ အရေအတွက်မှာ မများသော်လည်း၊ ကြီးစိုးသော အရှိန်အဝါက စစ်သည်အင်အား ထောင်သောင်းမကထက်ပင် ပိုမိုကြောက်စရာကောင်းနေခဲ့သည်။
ထို့နောက်မှာတော့ နောက်ဆက်တွဲဖြစ်ပေါ်လာသည်မှာ စစ်ပွဲတစ်ခု မဟုတ်တော့ပေ။
၎င်းက တစ်ဖက်သတ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြီး ဖြစ်တော့သည်။
ယွမ်ကျူးနတ်ဘုရားမင်းဆက်က တားဆီး၍မရနိုင်ဘဲ ပြိုင်ဘက်ကင်းသော စစ်အင်အားကို ပိုင်ဆိုင်ထားသည်ဟု ကြုံးဝါးခဲ့ကြသည်။
သို့သော်လည်း သူတို့က ကောင်းကင်သူတော်စင်တပ်နှင့် ရင်ဆိုင်ရချိန်မှာတော့ အကျအဆုံးများစွာ ရှိလာတော့သည်။
အလောင်းများမှာ တောင်ပုံရာပုံဖြစ်သွားပြီး သွေးပင်လယ်များ၊ သွေးမြစ်များပင် ဖြစ်ပေါ်သွားခဲ့ရသည်။
ရေခဲနှင့်ဆီးနှင်း နတ်ဘုရားမနန်းတော်၏ ကျွမ်းကျင်သူများအားလုံး ဆွံ့အသွားခဲ့ကြပေသည်။
"ဒါ... ဒါက ဧကရာဇ်ငယ်ကိုယ်တိုင် လေ့ကျင့်ပေးထားတဲ့ တပ်ဖွဲ့လား"
"ဟုတ်တယ်... ဧကရာဇ်ငယ် ငယ်စဉ်တုန်းက တပ်ဖွဲ့တစ်ခုကို လေ့ကျင့်ပေးနေတယ်ဆိုတဲ့ ကောလာဟလတွေ ထွက်ခဲ့ဖူးတယ်"
"အဲဒီတုန်းကတော့ လူတိုင်းက ဧကရာဇ်ငယ်ဟာ သူ့ရဲ့ တာဝန်တွေကို လျစ်လျူရှုပြီး ကျင့်ကြံခြင်းကို အလေးမထားဘူးလို့ ထင်ခဲ့ကြတာ၊ ဒါပေမဲ့ အခုတော့..."
ရေခဲနှင့်ဆီးနှင်း နတ်ဘုရားမနန်းတော်ရှိ ကျွမ်းကျင်သူများအားလုံး အံ့ဩနေခဲ့ကြသည်။
ကျွင်းရှောင်ယောက်သည် အတိတ်ကတည်းက ဤအခြေအနေမျိုးအတွက် ပြင်ဆင်မှုများ ပြုလုပ်နေခဲ့ခြင်းလား။
လူတိုင်း၏ စိတ်ထဲတွင် တုန်ယင်သွားခဲ့သည်။
ထိုအချိန်က သူတို့သည်ပင် ထိုကောလာဟလများနှင့် အတင်းအဖျင်းစကားများကို ယုံကြည်ခဲ့ကြပြီး ကျွင်းရှောင်ယောက်က သူ့တာဝန်များကို လျစ်လျူရှုနေသည်ဟု ထင်မြင်ခဲ့ကြပေသည်။
ယခုမူ ကျွင်းရှောင်ယောက်က လက်တွေ့သဘောဖြင့် သက်သေပြသွားခဲ့ပြီ ဖြစ်သည်။
ထိုအချိန်က သူသည် မိမိတာဝန်ကို လျစ်လျူရှုနေခဲ့ခြင်း မဟုတ်ပါ။
ထိုအစား ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော တပ်ဖွဲ့ကြီးတစ်ခုကို ပြုစုပျိုးထောင်နေခဲ့ခြင်း ဖြစ်သည်။
ထိုကဲ့သို့သော အနာဂတ်ကို မြော်မြင်နိုင်စွမ်းနှင့် အမြင်ကျယ်မှုမျိုးမှာ သာမန်လူများ လိုက်မီနိုင်သည့်အရာ မဟုတ်ပါချေ။
အကယ်၍ ကျွင်းရှောင်ယောက်သာ ထိုအချိန်၌ အခြားသူများ၏အတွေးကို သိရှိပါက သူ စကားပင်ပြောနိုင်လိမ့်မည် မဟုတ်ပေ။
ထိုအချိန်က သူသည် မြင့်မြတ်ခန္ဓာ တာအိုသန္ဓေ၏ သွေးကို အသုံးပြု၍ အစွမ်းထက်သော တပ်မဟာတစ်ခုကို ပြုစုပျိုးထောင်နိုင်မလားဆိုသည်ကို စမ်းသပ်မှုတစ်ခု ပြုလုပ်လိုရုံသက်သက်သာ ဖြစ်ခဲ့သည်။
ရလဒ်ကောင်း ရရှိလျှင်လည်း ရွှမ်ထျန်းနတ်ဘုရားမင်းဆက်အတွက် လက်ဆောင်တစ်ခုအဖြစ် သတ်မှတ်နိုင်ပေသည်။
"အခုတော့ အခြေအနေက တည်ငြိမ်သွားပါပြီ။ အချိန်တစ်ခုအတွင်းမှာ ယွမ်ကျူးနတ်ဘုရားမင်းဆက်က ခင်ဗျားတို့ရဲ့ ရေခဲနဲ့ဆီးနှင်း နတ်ဘုရားမနန်းတော်အပေါ် ဘာအရေးယူမှုမျှ ထပ်ပြီး ပြုလုပ်ရဲတော့မှာ မဟုတ်ဘူး"
ကျွင်းရှောင်ယောက်က နန်းတော်သခင်မ၊ ပိုင်ရွယ်ဝေနှင့် အခြားသူများကို ကြည့်ကာ တည်ငြိမ်စွာ စကားဆိုလိုက်သည်။
"ကျေးဇူးတင်ပါတယ်... အရှင်မင်းသား"
နန်းတော်သခင်မကိုယ်တိုင်ပင် ယခုအချိန်တွင် အနည်းငယ် ရိုသေရသော အမူအရာမျိုး ပြသခဲ့ပေသည်။
သူသည် မိမိရှေ့မှ လူငယ်လေးက နောင်တစ်ချိန်တွင် တောင်ပိုင်းကြယ်စင်စုလောက၏ အနာဂတ်ကို လွှမ်းမိုးချုပ်ကိုင်နိုင်မည့်သူ ဖြစ်ကြောင်း သိရှိသွားခဲ့ပြီ ဖြစ်သည်။
သူက တစ်လောကလုံးတွင် လျှမ်းလျှမ်းတောက် ကျော်ကြားသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာပေလိမ့်မည်။
အခြားတစ်ဖက်တွင်မူ၊ ပိုင်ရွယ်ဝေက သူမ၏ နှုတ်ခမ်းကို တင်းတင်းစေ့ထားမိသည်။
ရှည်လျားပြီး ရေခဲပြာရောင်ရှိသော ဆံနွယ်များဖြင့် သူမ၏ မျက်ဝန်းများကို ဖုံးကွယ်ထားခဲ့၏။
"ကောင်းပြီလေ... တကယ်လို့ တစ်ခုခု ဖြစ်ပျက်လာခဲ့ရင် ရွှမ်ထျန်းနတ်ဘုရားမင်းဆက်ဆီ လာပြီး နောက်ထပ် ဆွေးနွေးမှုတစ်ခု လုပ်လို့ရပါတယ်"
ကျွင်းရှောင်ယောက်က အနည်းငယ် ခေါင်းညိတ်ပြီး နှုတ်ဆက်လိုက်လေသည်။