← Chapters

အခန်း ၁၆၃၆

Vol. 117 Ch. 1636

အခန်း ၁၆၃၆

Vol. 117 Ch. 1636

အခန်း ( ၁၆၃၆ ) ဗဟိုကြယ်စင်စုတိုက်ကြီး ပေါ်လာခြင်း။

ရေခဲနှင့်ဆီးနှင်း နတ်ဘုရားမနန်းတော် တိုက်ပွဲအပြီးတွင် ကျွင်းရှောင်ယောက်က ရွှမ်ထျန်းနတ်ဘုရားမင်းဆက်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

ကျွင်းရှောင်ယောက်အတွက်မူ၊ ဤတိုတောင်းသော ခရီးစဉ်က စမ်းသပ်မှုတစ်ခုထက် မပိုခဲ့ချေ။

ဒါက ကောင်းကင်သူတော်တပ်၏ စွမ်းအားကို စမ်းသပ်ရန်သာ ဖြစ်သည်။

သူတို့၏ အင်အားကလည်း ကျွင်းရှောင်ယောက်ကို စိတ်ပျက်မသွားစေခဲ့ပေ။

ပြိုင်ဘက်ကင်းသော ယွမ်ကျူးနတ်ဘုရားမင်းဆက်၏ တပ်မဟာကြီးက ကောင်းကင်သူတော်စင်တပ်၏ တိုက်ခိုက်မှုအောက်တွင် အကျအဆုံးများစွာဖြင့် ခြေမှုန်းဖျက်ဆီးခြင်း ခံလိုက်ရသည်။

ဤသတင်း ပျံ့နှံ့သွားသောအခါ တောင်ပိုင်းကြယ်စင်စုလောက တစ်ခုလုံး လှုပ်ခတ်သွားခဲ့ပေသည်။

ကျွင်းရှောင်ယောက် ငယ်စဉ်က သူ၏ အပြုအမူများမှာ အဓိပ္ပာယ်မဲ့ပြီး အကျိုးမရှိဘူးဟု လူတိုင်း ထင်မှတ်ခဲ့ကြသည်။

ယခုမူ သူတို့က ယွမ်ကျူးနတ်ဘုရားမင်းဆက်၏ တပ်မဟာကိုပင် ပြန်လည်တိုက်ခိုက်သည့် အဓိက အင်အားစုတစ်ခု ဖြစ်လာခဲ့ကြပြီ။

ဤကဲ့သို့ ကြိုတင်ပြင်ဆင်ထားမှုက အမှန်တကယ် အံ့ဩတုန်လှုပ်ဖွယ်ကောင်းသည်ဟု ဆိုရမည်။

တစ်ခဏချင်းအတွင်းမှာပင် လူတိုင်း၏မျက်စိထဲ၌ ကျွင်းရှောင်ယောက်၏ ယခင်က သာမန်ကာလျှံကာ စမ်းသပ်မှုလေးမှာ ဉာဏ်အမြော်အမြင်ရှိသော လုပ်ဆောင်မှုအဖြစ် ပြောင်းလဲသွားတော့သည်။

ထို့ပြင် ယွမ်မင်းသားငယ် အသတ်ခံရသည့် သတင်းကလည်း အရပ်ရပ်ကို တုန်လှုပ်သွားစေခဲ့သည်။

ကျွင်းရှောင်ယောက်ပ တကယ်ပင် တဇွတ်ထိုးနိုင်ပေသည်။ သူသည် ဧကရာဇ်ယွမ်၏ အချစ်ဆုံးသားတော်ကိုပင် တုံ့ဆိုင်းမှုမရှိဘဲ သတ်ခဲ့သည်။

လူအများက ယွမ်ကျူးနတ်ဘုရားမင်းဆက်အနေဖြင့် မည်သို့တုံ့ပြန်လာမည်ကို သိချင်နေကြတော့သည်။

သို့သော်၊ အံ့ဩစရာကောင်းသည်မှာ ယွမ်ကျူးနတ်ဘုရားမင်းဆက်က မည်သည့်သဘောထားမျိုးကိုမျှ ထုတ်ဖော်မပြသခဲ့ချေ။

၎င်းက ဧကရာဇ်ယွမ်မှာ ဤကိစ္စကို မသိရှိသလိုပင် ဖြစ်နေခဲ့သည်။

ဤအရာက အလွန်ပင် စဉ်းစားရခက်ပေသည်။

သို့သော်လည်း အချို့လူများကမူ ဤသို့ ခံစားမိကြသည်...

ဤအရာက မုန်တိုင်းမလာမီ လေငြိမ်နေသည့် သဘောနှင့် ပိုတူနေသည်။

ကျွင်းရှောင်ယောက်က ရွှမ်ထျန်းနတ်ဘုရားမင်းဆက်သို့ ပြန်ရောက်ပြီးနောက် ယွဲ့ကျစ်လန်နှင့် ထပ်မံတွေ့ဆုံခဲ့ပေသည်။

"ရှောင်အာ... မင်းကိုယ်တိုင် လေ့ကျင့်ပေးခဲ့တဲ့ ကောင်းကင်သူတော်စင်တပ်က တကယ်အစွမ်းထက်တဲ့ လက်နက်တစ်ခုပဲ"

"ဒီတပ်မဟာရှိနေရင် အမေတို့ ယွမ်ကျူးနတ်ဘုရားမင်းဆက်ရဲ့တပ်တွေကို အရမ်းကြီး ကြောက်လန့်နေစရာမလိုတော့ဘူး"

ယွဲ့ကျစ်လန်၏ နှုတ်ခမ်းထက်တွင် ကျေနပ်ဂုဏ်ယူသော အပြုံးတစ်ခု ပေါ်ထွက်လာခဲ့သည်။

"ဒါက အသေးအမွှားလေးပါ။ ဒါပေမဲ့ ပါ့မျိုးနွယ်ရဲ့ ကျူးကျော်မှုက နောင်ကို ပိုပြီးတော့ ပြင်းထန်လာနိုင်တယ်"

"ပြီးတော့ ကျွန်တော် အထင်မမှားဘူးဆိုရင် ယွမ်ကျူးနတ်ဘုရားမင်းဆက်နဲ့ ပါ့မျိုးနွယ်တို့ဟာ တိတ်တဆိတ် ပူးပေါင်းဆောင်ရွက်မှု ဒါမှမဟုတ် မဟာမိတ်ဖွဲ့မှုကို ပြုလုပ်ထားပြီးလောက်ပြီ"

ကျွင်းရှောင်ယောက်က ပြောလိုက်သည်။

တောင်ပိုင်းကြယ်စင်စုလောက က မုန်တိုင်းတစ်ခုကို ကြုံတွေ့ရတော့မည်ဖြစ်ကြောင်း သူ ခံစားမိ၏။

ထိုစကားကို ကြားသောအခါ ယွဲ့ကျစ်လန်၏ မျက်နှာအမူအရာ တည်ကြည်သွားခဲ့သည်။

"ရှောင်အာ... အမေလည်း တံခါးပိတ်ကျင့်ကြံဖို့ ပြင်ဆင်နေတယ်"

"အမေက ကိုးကြိမ်မြောက် ကပ်ဘေးဒုက္ခ ဧကရာဇ်တစ်ပိုင်းအဆင့်မှာ ပိတ်မိနေတာ ကြာပြီ။ ဒီတစ်ကြိမ်သာ ဖောက်ထွက်မသွားနိုင်ရင် နောင်အနာဂတ်ရဲ့ မုန်တိုင်းတွေကို မရင်ဆိုင်နိုင်မှာ စိုးရိမ်မိတယ်"

"အဲဒီလိုဆိုရင် မင်းနဲ့ ရှီအာကို ကာကွယ်ပေးဖို့ ပိုပြီးတော့တောင် ခက်ခဲလိမ့်မယ်"

ယွဲ့ကျစ်လန်က လေးနက်စွာ ပြောလိုက်သည်။

"အမေ... မိမိကိုယ်ကိုယ် ဖိအားတွေ အများကြီး မပေးပါနဲ့"

ကျွင်းရှောင်ယောက်က ဆိုလေသည်။

အကယ်၍ သူသာ သူ၏ နတ်ဘုရားဓမ္မခန္ဓာကို အသုံးပြုနိုင်သေးပါက၊ မည်သည့်စိုးရိမ်မှုမျှမရှိဘဲ တောင်ပိုင်းကြယ်စင်စုလောကတစ်ခုလုံးကို မိနစ်ပိုင်းအတွင်း အလွယ်တကူ လွှမ်းမိုးခြေမှုန်းပစ်နိုင်သည်။

ယွမ်ကျူးနတ်ဘုရားမင်းဆက်ကိုလည်း လွယ်ကူစွာ ဖျက်ဆီးပစ်နိုင်လိမ့်မည်။

ပါ့မျိုးနွယ်စု၏ ကျူးကျော်မှုသည်ပင် စိုးရိမ်စရာ ရှိမည်မဟုတ်ချေ။

သို့သော် ကံမကောင်းစွာဖြင့် နတ်ဘုရားဓမ္မခန္ဓာ၏ စွမ်းအားက ခန်းခြောက်သွားခဲ့သည်မှာ ကြာပြီဖြစ်သည်။

ယခုအချိန်အထိ ယုံကြည်မှုစွမ်းအားများ အဆက်မပြတ် စီးဝင်နေဆဲဖြစ်သော်လည်း...

၎င်းကို ပြန်လည်ကောင်းမွန်လာစေရန် အလွန်ရှည်ကြာသော အချိန်ယူရပေလိမ့်မည်။

"ဒါနဲ့ အမေ...၊ ကျွန်တော့်ကို အဖေ့အကြောင်း တစ်ခါမျှ မပြောပြဖူးသေးဘူးနော်"

ကျွင်းရှောင်ယောက်က မေးလိုက်သည်။

ဤစကားကို ကြားသောအခါ ယွဲ့ကျစ်လန်က ခဏမျှ တုံ့ဆိုင်းသွားသည်။ သူက ပြောလိုက်၏။

"မင်းရဲ့ အဖေက တခြားလုပ်စရာ ကိစ္စတွေ ရှိနေလို့ပါ၊ သူက သိပ်ပြီး အားလပ်ချိန်မရှိဘူးလေ"

"ဒါပေမဲ့ စိတ်မပူပါနဲ့၊ မင်အမေရဲ့ အမြင်က အရမ်းမြင့်မားတယ်။ မင်းနဲ့ ရှီအာ နှစ်ယောက်စလုံးဟာ နောင်အနာဂတ်မှာ နယ်နိမိတ်ပင်လယ်ရဲ့ အထူးခြားနဲ့ အမြင့်မြတ်ဆုံးသော တည်ရှိမှုတွေ ဖြစ်လာကြလိမ့်မယ်"

"ဒါပေမဲ့ ကျွန်တော်ကတော့ ကျွန်တော့်ရဲ့ ကိုယ်ပိုင်စွမ်းအားကိုပဲ အားကိုးမှာပါ"

ကျွင်းရှောင်ယောက်က အနည်းငယ် ပြုံးလိုက်သည်။

သူ၏ နောက်ခံနှင့် အဆင့်အတန်းမှာ အမြဲတမ်း အမြင့်မားဆုံးဖြစ်ခဲ့သော်လည်း...

ကျွင်းရှောင်ယောက် ယနေ့ကဲ့သို့ နေရာမျိုးသို့ ရောက်ရှိလာနိုင်ခြင်းမှာ နောက်ခံတစ်ခုတည်းကြောင့် မဟုတ်ပါချေ။

စကားစမြည် ပြောဆိုပြီးနောက်...

ရွှမ်ထျန်းဧကရီ ယွဲ့ကျစ်လန်က တံခါးပိတ်ကျင့်ကြံရန် ပြင်ဆင်ခဲ့သည်။

အကယ်၍ ယွဲ့ကျစ်လန်သာ သူမ၏ တာအိုကို အောင်မြင်စွာ သက်သေပြပြီး ဧကရာဇ်တစ်ပါး ဖြစ်လာနိုင်ပါက...

၎င်းက ရွှမ်ထျန်းနတ်ဘုရားမင်းဆက်အတွက် ထိပ်တန်းတိုက်ခိုက်ရေးစွမ်းအားတစ်ခုကို သေချာပေါက် တိုးပွားစေလိမ့်မည်။

၎င်းက ရွှမ်ထျန်းနတ်ဘုရားမင်းဆက်တစ်ခုတည်း မဟုတ်ချေ။

တောင်ပိုင်းကြယ်စင်စုလောကရှိ အခြားသောအင်အားစုများလည်း မိမိတို့ဘာသာ ပြင်ဆင်မှုများ စတင်ပြုလုပ်နေကြပြီ ဖြစ်သည်။

အင်အားစုအားလုံးက တောင်ပိုင်းကြယ်စင်စုလောကသည် ကြီးမားသော ပြောင်းလဲမှုကြီးတစ်ခုကို ကြုံတွေ့ရတော့မည်ဖြစ်ကြောင်း ခံစားမိနေကြ၏။

ထိုကဲ့သို့သော အခြေအနေများအောက်တွင်...

သတင်းတစ်ခုက ရုတ်တရက် တောမီးကဲ့သို့ အလျင်အမြန် ပျံ့နှံ့သွားခဲ့သည်။

၎င်းမှာ တောင်ပိုင်းကြယ်စင်စုလောက၏ လျှို့ဝှက်ဆန်းကြယ်သော အဓိကဗဟိုချက်ဖြစ်သည့် ဒဏ္ဍာရီလာ ဗဟိုကြယ်စင်တိုက်ကြီး ပေါ်ထွက်လာခြင်းပင်။

ဗဟိုကြယ်စင်တိုက်ကြီးက တောင်ပိုင်းကြယ်စင်စုလောကတွင် အဆန်းကြယ်ဆုံးသော နေရာဟု ဆိုနိုင်သည်။

လူအများက ၎င်းကို ဒဏ္ဍာရီတစ်ခုမျှသာ ဖြစ်နိုင်သည်ဟုပင် ယုံကြည်ခဲ့ကြပေသည်။

ဒဏ္ဍာရီများအရ ဗဟိုကြယ်စင်တိုက်ကြီးသည် တောင်ပိုင်းကြယ်စင်စုလောကကြီး ပျက်စီးခြင်းနှင့် ရင်ဆိုင်ရချိန်တွင်မှသာ ပေါ်လာလိမ့်မည် ဖြစ်သည်။

ထိုနေရာအတွင်းရှိ အဆုံးစွန်သော အခွင့်အရေးကို ရရှိသူက နောင်အနာဂတ် တောင်ပိုင်းကြယ်စင်စုလောက၏ အရှင်သခင် ဖြစ်လာကြလိမ့်မည်။

ယခင်ကမူ ဤအရာက ဝေဝါးသော ဒဏ္ဍာရီတစ်ခုမျှသာ ဖြစ်ခဲ့သည်။

နောက်ဆုံးတွင်၊ တောင်ပိုင်းကြယ်စင်စုလောက က အမြဲတမ်း အဆင်ပြေချောမွေ့စွာ လည်ပတ်နေခဲ့သည် မဟုတ်ပါလား။

ယခုကဲ့သို့ ဟာလာဟင်းလင်းပြင် အက်ကြောင်း ပေါ်လာပြီး၊ အနက်ရောင်ကပ်ဘေးမျိုးနွယ် ကျူးကျော်လာမှ...

ထိုအခါမှသာ တောင်ပိုင်းကြယ်စင်စုလောကသည် ကြီးမားသော အကျပ်အတည်းတစ်ခုနှင့် အမှန်တကယ် ရင်ဆိုင်နေရပြီဖြစ်ကြောင်း လူတိုင်း သဘောပေါက်သွားခဲ့ကြသည်။

တောင်ပိုင်းကြယ်စင်စုလောက၏ ပါရမီရှင်များအားလုံးက ဤအခွင့်အရေးကို အရယူရန် စိတ်အားထက်သန်နေခဲ့ကြပေသည်။

အထူးသဖြင့် ချိပ်ပိတ်ခြင်းခံထားရသော ရှေးဟောင်း ဘုရင်ငယ်များ ဖြစ်ကြသည်။

ဤလောက၏ အရွေးချယ်ခံဖြစ်သော စူးယု ရှိနေရုံသာမက၊ နောက်ဆုံးဆရာကြီးအဖြစ် သတ်မှတ်နိုင်သည့် ကျွင်းရှောင်ယောက်လည်း ရှိနေသေး၍ ဗဟိုကြယ်စင်တိုက်ကြီးရှိ အခွင့်အရေးကို အရယူရန် ခက်ခဲလိမ့်မည်ဖြစ်ကြောင်း သူတို့ သိရှိကြသော်လည်း...

အမြဲတမ်း မျှော်လင့်ချက်တော့ ရှိနေသင့်သည် မဟုတ်ပါလား။

ရွှမ်ထျန်းနန်းတော်အတွင်း၌...

ကျွင်းရှောင်ယောက်က ထိုသတင်းကို သိရှိရသော်လည်း တည်ငြိမ်စွာ ရှိနေခဲ့သည်။

ဤအရာက သူ၏ မျှော်လင့်ချက်အတွင်း၌ ရှိခဲ့ပြီးသားပင်။

ယခင်က စူးယုပိုင်ဆိုင်ခဲ့သော ကျောက်စိမ်းဆွဲပြားတွင် တောင်ပိုင်းကြယ်စင်စုလောက၏ မူလရင်းမြစ် အစိတ်အပိုင်းအနည်းငယ်သာ ပါဝင်သည်။

မဟုတ်လျှင် စူးယုက၊ မဟာလောက၏ အရွေးချယ်ခံတစ်ဦးအ‌ေနဖြင့် ဤမျှလောက် အားနည်းနေရန် မဖြစ်နိုင်ပါချေ။

ကျယ်ပြောသော မဟာလောကကြီးတစ်ခု၏ မူလရင်းမြစ်မှာ အလွန်အမင်း ကြောက်စရာကောင်းသည်။

အကယ်၍ စူးယုသာ မူလရင်းမြစ်အားလုံးကို အမှန်တကယ် ရရှိခဲ့မည်ဆိုပါက...

သူ၏ ကျင့်ကြံမှုအဆင့်မှာ ကျွင်းရှောင်ယောက်ထက် များစွာနိမ့်ကျနေလိမ့်မည် မဟုတ်ပေ။

စူးယုကဲ့သို့သော အရွေးချယ်ခံတစ်ဦး ရရှိသည့် မူလရင်းမြစ်မှာ သူ၏ ရှေ့မျိုးဆက်များထံမှ အမွေဆက်ခံခြင်း ဖြစ်သည်။

ကျွင်းရှောင်ယောက်၏ စကြဝဠာ၏မူလ စွမ်းအားကမူ လုံးဝ သူ့ကိုယ်ပိုင်စွမ်းအားပင်။

ဤအရာက အရည်အသွေးပိုင်းဆိုင်ရာ ကွာခြားချက် ဖြစ်သည်။

"အခုကြည့်ရတာ တောင်ပိုင်းကြယ်စင်စုလောကရဲ့ ကျန်ရှိနေတဲ့ ရင်းမြစ်တွေက အဲဒီ ဗဟိုကြယ်စင်တိုက်ကြီးထဲမှာ ရှိနေတာဖြစ်ရမယ်"

"တောင်ပိုင်းကြယ်စင်စုလောကရဲ့ အမွေအနှစ်အချို့တောင် အဲဒီထဲမှာ ရှိနေနိုင်တယ်"

ကျွင်းရှောင်ယောက်က ခပ်တိုးတိုး ရေရွတ်လိုက်မိသည်။

သူက ဤအခွင့်အရေးများကို စိတ်မဝင်စားပေ။

နောက်ဆုံးတွင်၊ ကျွင်းရှောင်ယောက်၏ စံနှုန်းက အလွန်မြင့်မားလှသည်။

သို့သော်လည်း သူက ယွဲ့ကျစ်လန်၊ ယွင်ရှီနှင့် ရွှမ်ထျန်းနတ်ဘုရားမင်းဆက်တစ်ခုလုံးကို တောင်ပိုင်းကြယ်စင်စုလောကကြီးအား ပေါင်းစည်းနိုင်စေရန် ကူညီပေးချင်သည်။

ထို့ကြောင့် သူသည်လည်း ဤခရီးစဉ်တွင် ဗဟိုကြယ်စင်တိုက်ကြီးသို့ သွားရောက်ရန် ရည်ရွယ်ထားပေသည်။

ကျွင်းရှောင်ယောက်က ဆုံးဖြတ်ချက်ချလိုက်သည့် အချိန်၌ပင်...

ယွမ်ကျူးနတ်ဘုရားမင်းဆက်မှာ...

ဤသတင်းကို ကြားရသောအခါ စူးယုသည်လည်း တံခါးပိတ် ကျင့်ကြံခြင်းမှ ထွက်ပေါ်လာခဲ့သည်။

ယခုအချိန်တွင် စူးယုက ယခင်ကနှင့် ဘာမျှခြားနားပုံမရပေ။

သို့သော်လည်း တစ်ခုခုက မူမမှန်ကန်တော့သလို ခံစားချက်မျိုး အမြဲပေးခဲ့သည်။

နန်းတော်တစ်ခုအတွင်း၌...

ပါ့မျိုးနွယ်စု၏ ဧကရာဇ်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူဖြစ်သော အမတ်ချုပ်ကြီးက တည်ငြိမ်စွာ ပြောလိုက်သည်။

"ဗဟိုကြယ်စင်စုတိုက်ကြီး ပေါ်လာတာက တောင်ပိုင်းကြယ်စင်စုလောကရဲ့ အဓိကဖြစ်ရပ် ဖြစ်ရမယ်"

"မင်း အဲဒီကိုရောက်လို့ အခွင့်အရေးတွေနဲ့ အမွေအနှစ်အားလုံးကို ရရှိမယ်ဆိုရင် နောင်အနာဂတ်မှာ တောင်ပိုင်းကြယ်စင်စုလောကရဲ့ အရှင်သခင် အစစ်အမှန် ဖြစ်လာနိုင်လိမ့်မယ်"

"အဲဒီအချိန်ကျရင် မင်းက ယွမ်ကျူးနတ်ဘုရားမင်းဆက်တစ်ခုလုံးကို ဦးဆောင်ပြီး တောင်ပိုင်းကြယ်စင်စုလောကရဲ့ တခြားအင်အားစုတွေကို သိမ်းပိုက်နိုင်သလို၊ တစ်ချိန်တည်းမှာပဲ ဟာလာဟင်းလင်းပြင်အက်ကြောင်းကို ဖွင့်ပြီး ပါ့မျိုးနွယ်စုကို ဝင်ခွင့်ပေးလို့ရတယ်"

"အဲဒီနောက်မှာ ပါ့မျိုးနွယ်စုကလည်း မင်းကို တောင်ပိုင်းကြယ်စင်စုကို ပေါင်းစည်းနိုင်စေဖို့ ကူညီပေးလိမ့်မယ်။ အဲဒီအချိန်ကျရင် ရွှမ်ထျန်းနတ်ဘုရားမင်းဆက်က မင်းရဲ့လက်ထဲက ကစားစရာသက်သက်ပဲ ဖြစ်သွားမှာပါ"

"မင်းအလိုရှိတဲ့ မိန်းမတွေက မင်းရှေ့မှာ ဒူးထောက်လာကြလိမ့်မယ်၊ မင်းမုန်းတီးတဲ့လူတွေကလည်း မင်းရဲ့ ကျွန်တွေ ဖြစ်လာကြလိမ့်မယ်"

အမတ်ချုပ်ကြီးက လှောင်ပြုံးပြုံးကာ ပြောလိုက်သည်။

စူးယု၏ နှုတ်ခမ်းထက်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာခဲ့သည်။

"ကျုပ်က ဗဟိုကြယ်စင်စုတိုက်ကြီးထဲက အခွင့်အရေးအားလုံးကို အရယူမှာပါ၊ အခု ကျုပ်မှာ ယွင်ရှောင်ကို ရင်ဆိုင်နိုင်ဖို့ ယုံကြည်ချက်အပြည့် ရှိနေပြီ"

"တောင်ပိုင်းကြယ်စင်စုလောကရဲ့ ကံကြမ္မာက နောက်ဆုံးတော့ ကျုပ် စူးယုရဲ့ ပုခုံးပေါ်မှာပဲ တည်ရှိတယ်"

All Chapters