← Chapters

အခန်း ၁၆၃၉

Vol. 117 Ch. 1639

အခန်း ၁၆၃၉

Vol. 117 Ch. 1639

အခန်း ( ၁၆၃၉ ) လောက၏ စစ်မှန်သော မူလရင်းမြစ်။

အဝေးသို့ လှမ်းမျှော်ကြည့်လိုက်လျှင် ကြယ်ကောင်းကင်ယံကို မျက်စိတစ်ဆုံး မြင်နိုင်သည်။

သူတို့က လျှို့ဝှက်ဆန်းကြယ်သော ပြင်ပနယ်မြေတစ်ခုသို့ ရောက်ရှိလာခဲ့ကြပုံရ၏။

ကြယ်တာရာစီးကြောင်းများက ပေပေါင်း သန်းရာနှင့်ချီ ရှည်လျားသော ကောင်းကင်မြစ်များကဲ့သို့ တည်ရှိနေပေသည်။

ဂင်္ဂါမြစ်ဝှမ်းမှ သဲမှုန်များကဲ့သို့ ပြန့်ကျဲနေသော ကြယ်တာရာများကလည်း တောက်ပစွာ လင်းလက်နေပြီး ၎င်းတို့၏ ခမ်းနားမှုကို စာဖွဲ့၍ပင်မရပေ။

ဤကဲ့သို့ ခမ်းနားသော မြင်ကွင်းက ယွင်ရှီကို အံ့ဩမင်သက်စေခဲ့သည်။

၎င်းက သူမ တစ်ခါမျှ မမြင်ဖူးသော မြင်ကွင်းတစ်ခုပင်။

ကျွင်းရှောင်ယောက်ကမူ သာမန်အတိုင်းပင် ဖြစ်သည်။

သူက ပို၍ ကြီးမားကျယ်ပြန့်သော လောကကြီးကို မြင်ဖူးခဲ့ပြီးပြီ။

သို့သော်လည်း သူက စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။

ဤအချိန်ဟင်းလင်းပြင်၏ နက်ရှိုင်းသောနေရာတွင် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခုက ဒီရေကဲ့သို့ တက်လိုက်ကျလိုက် ဖြစ်ပေါ်နေသည်ကို သူ ခံစားမိပေသည်။

ကျွင်းရှောင်ယောက်က ၎င်းကို စူးစိုက်ကြည့်လိုက်သည်။

ထူးခြားပြီး တောက်ပသော ကြယ်တရာများအကြားတွင်...

ငွေဖြင့် သွန်းလုပ်ထားသကဲ့သို့ ခမ်းနားပြီး တောက်ပသော နန်းတော်တစ်ခု တည်ရှိနေသည်။

နန်းတော်သည် အလွန်ခမ်းနားပြီး နက်နဲသော အရှိန်အဝါမျိုးကို ထုတ်လွှတ်လျက်ရှိ၏။

နန်းတော်နံရံများပေါ်တွင် ရေတွက်၍မရနိုင်သော ကြယ်များက တောက်ပနေပြီး ကောင်းကင်ဘုံရှိ ကြယ်များကဲ့သို့ လှည့်ပတ် ရွေ့လျားနေကာ လျှို့ဝှက်ဆန်းကြယ်ပြီး ခန့်မှန်း၍မရနိုင်သော အရှိန်အဝါကို သယ်ဆောင်ထားပေသည်။

"ရှီအာ... သွားကြရအောင်"

ကျွင်းရှောင်ယောက်က ငွေရောင်နန်းတော်ကို ကြည့်လိုက်သည်။

၎င်းက သူတို့၏ ခရီးစဉ် အဆုံးသတ်ပင် ဖြစ်ရမည်။

၎င်းက မဟာအခွင့်အလမ်း ပေါ်ပေါက်လာမည့် နေရာပင် ဖြစ်သည်။

ယွင်ရှီလည်း ခေါင်းညိတ်လိုက်ပြီး ကျွင်းရှောင်ယောက်၏ နောက်မှ ကပ်လျက် လိုက်ပါသွားခဲ့လေသည်။

သူတို့က ငွေရောင်နန်းတော်ဆီသို့ ချဉ်းကပ်သွားကြသည်။

နန်းတော်သို့ ပို၍ နီးကပ်လာလေလေ၊ ၎င်းမှ ထုတ်လွှတ်သော လေးနက်မှုနှင့် ကြောက်မက်ဖွယ် ဖိအားတို့ကို ပို၍ ခံစားရလေပင်။

၎င်းက ရှေးဟောင်း နတ်ဘုရားကဲ့သို့ သူတို့၏ရှေ့တွင် ရပ်တည်နေသည်။

ကျင့်ကြံမှုအဆင့် မလုံလောက်သူများအနေဖြင့် ချဉ်းကပ်ရန်ပင် ခက်ခဲလိမ့်မည်ဟု ဆိုနိုင်ပေသည်။

သို့သော်လည်း ကျွင်းရှောင်ယောက်က ဤအရှိန်အဝါဖိအားကို သဘာဝအတိုင်း လျစ်လျူရှုထားခဲ့သည်။

သူ၏ သွေးမျိုးဆက်စွမ်းအားက ဤအရှိန်အဝါထက် အားမနည်းပေ။

သို့ရာတွင်၊ အကယ်၍ ယွင်ရှီသာ တစ်ဦးတည်း ရောက်ရှိလာခဲ့ပါက ဤဖိအားကို ခံနိုင်ရည်ရှိမည် မဟုတ်သည်မှာ သေချာသည်။

သို့သော်လည်း ယခုအခါတွင်မူ သူက ကျွင်းရှောင်ယောက်၏ နောက်တွင် ရှိနေခဲ့ပေသည်။

အဖြူရောင်ဝတ်စုံနှင့် ထိုဖြောင့်မတ်သော လူရိပ်က သူမအတွက် အရာအားလုံးကို ကာကွယ်ပေးထားခဲ့သည်။

ယွင်ရှီက သူမ၏ နှလုံးသားထဲတွင် ငြိမ်းချမ်းမှုနှင့် နွေးထွေးမှုကို ခံစားနေခဲ့ရလေသည်။

နောက်ဆုံးတွင် ကျွင်းရှောင်ယောက်နှင့် ယွင်ရှီတို့က နန်းတော်တံခါးဝသို့ ရောက်ရှိလာခဲ့သည်။

မော့ကြည့်လိုက်လျှင် နန်းတော်မှာ ပေပေါင်း တစ်သောင်းကျော် မြင့်မားနေပြီး နတ်ဘုရားတစ်ပါး၏ အိမ်တော်ကဲ့သို့ ဖြစ်နေသည်။

အတွင်းဘက်မှ ကမ်းပါးကို ရိုက်ခတ်နေသော လှိုင်းသံကဲ့သို့ အသံမျိုးကိုလည်း ကြားလိုက်ရ၏။

ကျွင်းရှောင်ယောက်က တံခါးကို တွန်းဖွင့်ပြီး ဝင်ရောက်လိုက်သည်။

ထိုအခါ သူ့မြင်ကွင်းကို တောက်ပသော ကြယ်ရောင်များက ချက်ချင်းပင် လွှမ်းခြုံသွားတော့သည်။

ငွေရောင်နန်းတော်အတွင်း၌ ကျယ်ပြောလှသော နဂါးငွေ့တန်းတစ်ခု ရှိနေသည်။

နဂါးငွေ့တန်းက တောက်ပစွာ စီးဆင်းနေပြီး ကြယ်စင်စုလေးခုကို ဖွဲ့စည်းထား၏။

သေချာစွာကြည့်မည်ဆိုပါက၊ နဂါးငွေ့တန်းမှာ တောင်ပိုင်းကြယ်စင်စုလောကတစ်ခုလုံးနှင့် အတိအကျ တူညီနေသည်။

ထိုကြယ်စုလေးခုက တောင်ပိုင်းကြယ်စင်စုလောက၏ ကြယ်စင်နယ်မြေလေးခုဖြစ်သည့် အရှေ့တုန်ရွှမ်းနယ်မြေ၊ တောင်ပိုင်း နန်ယွမ်နယ်မြေ၊ မြောက်ပိုင်း ပေမင်နယ်မြေနှင့် အနောက်ပိုင်း ရှီးယိုနယ်မြေတို့ ဖြစ်ကြပေသည်။

ငွေရောင်နန်းတော်အတွင်းမှာ တောင်ပိုင်းကြယ်စင်စုလောက၏ ပုံစံငယ်တစ်ခု အမှန်တကယ် ရှိနေခဲ့သည်။

ဤကျယ်ပြောလှသော နဂါးငွေ့တန်းမှာမူ တောင်ပိုင်းကြယ်စင်စုလောက၏ မူလစွမ်းအား ဖြစ်ချေသည်။

ဤမူလစွမ်းအားကို ကျယ်ပြောလှသော သမုဒ္ဒရာတစ်ခုဟုဆိုလျှင်...

ယခင်က စူးယု၏ ကျောက်စိမ်းဆွဲပြားထဲတွင် ပါဝင်‌ေသာ မူလစွမ်းအားမှာ ရေအိုင်ငယ်လေးတစ်ခုသာ ဖြစ်သည်။

"အစ်ကို... ဒါ... ဒါက..."

ယွင်ရှီသည်လည်း အံ့ဩတုန်လှုပ်သွားခဲ့သည်။

နဂါးငွေ့တန်းကဲ့သို့ စီးဆင်းနေသော ထိုစွမ်းအင်များအားလုံးက မူလစွမ်းအားများ ဖြစ်၏။

ယွင်ရှီက ရွှေတောင်ကြီးတစ်ခုကို ရှာဖွေတွေ့ရှိလိုက်သည့် သူဆင်းရဲတစ်ဦးပမာ စကားပင်မပြောနိုင်အောင် ဖြစ်သွားခဲ့တော့သည်။

ဤအခွင့်အလမ်းကို မြင်လိုက်ရသူတိုင်း ဝမ်းသာလုံးဆို့သွားနိုင်သည်။

အကယ်၍ တစ်ဦးတစ်ယောက်သာ ဤကျယ်ပြောလှသော မူလစွမ်းအားကို သန့်စင်နိုင်ပါက ကောင်းကင်သို့ ခြေတစ်လှမ်းဖြင့် တက်လှမ်းနိုင်မည် ဖြစ်သည်။

သို့သော်လည်း ကျွင်းရှောင်ယောက်အတွက် ၎င်းက အရေးကြီးသော ကိစ္စမဟုတ်ချေ။

ထို့ပြင် သူက တောင်ပိုင်းကြယ်စင်စုလောက၏ နောင်အနာဂတ် အုပ်စိုးရှင် ဖြစ်လာချင်စိတ် မရှိပါ။

နောက်ဆုံးတွင်၊ တောင်ပိုင်းကြယ်စင်စုလောကသည် သူ့အတွက် အစပျိုးရာ ခြေလှမ်းတစ်ခုသာ ဖြစ်သည်။

သူ၏ စစ်မှန်သော လမ်းကြောင်းက ကျယ်ပြောလှသော နယ်နိမိတ်ပင်လယ်တစ်ခုလုံး ဖြစ်ပေသည်။

ဟုတ်သည်၊ ဤနေရာတွင် မူလစွမ်းအားက တစ်ခုတည်းသော အံ့ဩစရာမဟုတ်ချေ။

ထိုတောင်ပိုင်းကြယ်စင်စုလောက၏ ကြယ်စင်စုနယ်မြေလေးခုကို ကိုယ်စားပြုသော ကြယ်စုလေးခုအလယ်တွင်...

တိတ်ဆိတ်စွာ မျောလွင့်နေသော လက်နက်တစ်ခု ရှိသည်။

၎င်းက တောင်ဝှေးတစ်ခုပင်။

၎င်းကိုလည်း ငွေဖြင့် သွန်းလုပ်ထားပုံရပြီး သေးငယ်သော အလင်းစက်များဖြင့် ဖုံးလွှမ်းထားသည်။

၎င်းတွင် ရေတွက်၍မရနိုင်သော ကြယ်များ ပါဝင်နေပုံရ၏။

ဤတောင်ဝှေးမှ ထုတ်လွှတ်သော အရှိန်အဝါက အင်မော်တယ်လက်နက်ကဲ့သို့ မခမ်းနားသော်လည်း...

အနည်းဆုံး အင်မော်တယ်တစ်ပိုင်းလက်နက် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

၎င်းမှ ထုတ်လွှတ်နေသော အငွေ့အသက်များက အေးစက်လှပေသည်။

'အင်မော်တယ်တစ်ပိုင်းလက်နက်၊ ဒါက တောင်ပိုင်းကြယ်စင်စုလောကရဲ့ အရှင်သခင် ချန်ရစ်ခဲ့တဲ့ လက်နက်ဖြစ်နိုင်မလား'

ကျွင်းရှောင်ယောက်က သူ့စိတ်ထဲမှ တွေးလိုက်မိသည်။

တောင်ပိုင်းကြယ်စင်စုလောကသည် တကယ်တမ်း အလွန်ကျယ်ပြောလှသော လောကတစ်ခု ဖြစ်သည်။

သို့သော်လည်း ကျွင်းရှောင်ယောက်က အင်မော်တယ်လက်နက်တစ်ခုကို ထုတ်လုပ်နိုင်သည့် အင်အားစုမျိုးကို တစ်ခါမျှ မတွေ့ဖူးခဲ့ချေ။

သူတို့က အင်မော်တယ်တစ်ပိုင်းလက်နက်ကိုပင် မမြင်ဖူးခဲ့ကြပါ။

ထို့ကြောင့် ဤလောကတွင် အင်မော်တယ်လက်နက်များမှာ ပျောက်ကွယ်သွားသော ရတနာများအဖြစ် သတ်မှတ်ခံထားရသည်။

အင်မော်တယ်တစ်ပိုင်း လက်နက်များမှာပင် အလွန် ရှားပါးပေသည်။

ဤရှုထောင့်မှကြည့်လျှင် သူတို့ရှေ့မှ တောင်ဝှေးပ တောင်ပိုင်းကြယ်စင်စုလောကတွင် အစွမ်းအထက်ဆုံးသော နတ်ဘုရားလက်နက် ဖြစ်သည်မှာ သေချာသည်။

"အစ်ကို၊ ဒီအမွေအနှစ်ကို ရရှိပြီးတာနဲ့ အစ်ကိုကတော့ တောင်ပိုင်းကြယ်စင်စုလောကရဲ့ နောင်အနာဂတ် အုပ်စိုးရှင် ဖြစ်လာတော့မှာပဲ"

ယွင်ရှီ၏ မျက်နှာမှာ စိတ်လှုပ်ရှားမှုကြောင့် နီရဲနေခဲ့သည်။

ယုတ္တိဗေဒအရ ပြောရလျှင် ဤအခွင့်အရေးမှာ...

အရင်းနှီးဆုံး မောင်နှမများကိုပင် ရန်သူများ ဖြစ်စေနိုင်ပြီး သွေးသားရင်းချာချင်း သတ်ဖြတ်စေရန် လုံလောက်သည်။

သို့သော်လည်း ယွင်ရှီတွင် ၎င်းကို ပိုင်ဆိုင်လိုစိတ် အနည်းငယ်မျှ မရှိချေ။

သူက သူမအတွက် အကျိုးအမြတ်တစ်ခုခု ရရန်ပင် မတွေးခဲ့ပါ။

ထိုအစား အရင်ဆုံး တွေးမိသည်မှာ ကျွင်းရှောင်ယောက် ဖြစ်သည်။

ကျွင်းရှောင်ယောက်က ဤနေရာရှိ အခွင့်အရေးအားလုံးကို တစ်ဦးတည်း ပိုင်ဆိုင်သွားလျှင်ပင် ယွင်ရှီက အနည်းငယ်မျှသော မကျေနပ်မှု သို့မဟုတ် မုန်းတီးမှု ရှိလိမ့်မည် မဟုတ်ချေ။

ဆန့်ကျင်ဘက်အနေဖြင့်၊ ကျွင်းရှောင်ယောက်အတွက် ပျော်ရွှင်နေလိမ့်မည် ဖြစ်သည်။

ကျွင်းရှောင်ယောက်သည်လည်း ပြုံးလိုက်သည်။

သူ့တွင် ထိုကဲ့သို့ ရည်ရွယ်ချက်မျိုး မရှိချေ။

ထို့ပြင် ဤအခွင့်အရေးကို မရယူမီတွင်၊ သူတို့က ပြဿနာငယ်လေးတစ်ခုကို ဖြေရှင်းရဦးမည် ဖြစ်သည်။

"ထွက်လာခဲ့ပါ၊ ဘယ်လောက်ကြာကြာ စောင့်နေဖို့ စိတ်ကူးနေတာလဲ"

ကျွင်းရှောင်ယောက်က တည်ငြိမ်စွာ ပြောလိုက်သည်။

"အစ်ကို"

ယွင်ရှီက ဇဝေဇဝါ ဖြစ်သွား၏။

"ဟားဟားဟား..."

ထိုအချိန်တွင် အေးစက်သော ရယ်မောသံတစ်ခု ပေါ်ထွက်လာသည်။

ထိုကြယ်မြစ်အတွင်း၌ လူရိပ်တစ်ခု ပေါ်လာခဲ့၏။

၎င်းမှာ စူးယု ဖြစ်တော့သည်။

"ဒါ နင်ပဲ"

ယွင်ရှီက အံ့အားသင့်ဟန်ဖြင့် မျက်ခုံးပင့်လိုက်သည်။

သူက စူးယုနှင့် ဤနေရာတွင် တွေ့ဆုံရလိမ့်မည်ဟု မထင်ထားခဲ့ချေ။

ကျွင်းရှောင်ယောက်က်ူ တည်ငြိမ်အေးဆေးစွာ ရှိနေဆဲဖြစ်သည်။

၎င်းက သူ၏ မျှော်လင့်ချက်အတွင်း၌ ရှိနေပြီးသားပင်။

စူးယုက လောက၏ အလိုဆန္ဒအရ ရွေးချယ်ထားသော တောင်ပိုင်းကြယ်စင်စုလောက၏ အရွေးချယ်ခံ ဖြစ်သည်။

သူက ဤနေရာတွင် ရှိနေရန် အရည်အချင်း အရှိဆုံး ဖြစ်ပေသည်။

သို့သော်...

ကျွင်းရှောင်ယောက်သည် စူးယုက ယခင်ကနှင့် အနည်းငယ် ကွဲပြားနေသည်ဟု အမြဲ ခံစားနေရသည်။

စွမ်းအင် တစ်မျိုးမျိုးကို လက်ခံယူထားပုံရ၏။

ထိုအရှိန်အဝါက ဤလောကနှင့် လုံးဝ သဟဇာတဖြစ်ပုံမရပေ။

သို့သော်လည်း ဤအရာက ကျွင်းရှောင်ယောက်၏ မျက်လုံးများကို ပိုမိုနက်ရှိုင်းသော အဓိပ္ပာယ်ဖြင့် တောက်ပစေသည်။

ဤသို့ဖြင့် စူးယုက သူ၏ ကိုယ်ပိုင်လမ်းကြောင်းကို သူကိုယ်တိုင် ပိတ်ဆို့ဖြတ်တောက်မိခဲ့ပြီ။

"ယွင်ရှီ၊ မင်း ငါ့ရဲ့ စစ်မှန်တဲ့ ခံစားချက်တွေကို အခုထိ နားမလည်သေးဘူးလား"

စူးယုက ယွင်ရှီကို ကြည့်လိုက်သည်။

သူ၏ အေးစက်သော မျက်လုံးများတွင် နူးညံ့မှု အနည်းငယ် ပေါ်လာခဲ့၏။

သူက သူ့အသက်ကို ကယ်တင်ပေးခဲ့သော ကောင်းကင်တမန်ကဲ့သို့ မိန်းမလှလေးကို မည်သည့်အခါမျှ မေ့နိုင်မည် မဟုတ်ပေ။

သို့သော်လည်း ယွင်ရှီ၏ စူးယုကိုကြည့်သည့် အကြည့်များမှာ အေးစက်နေခဲ့သည်။

အနှီစူးယုက သူမကို အကြိမ်ကြိမ် အနှောင့်အယှက်ပေးနေရုံသာမက...

သူမ၏ အစ်ကိုနှင့် အမြဲ ဆန့်ကျင်ဘက်ဖြစ်နေပြီး သူ့ကိုပင် ဟန့်တားနေသည်။

ယခုလည်း စူးယုက ပြန်ပေါ်လာပြီး ကျွင်းရှောင်ယောက်အား လောက၏ မူလစွမ်းအားကို မရယူနိုင်အောင် ဟန့်တားရန် ကြိုးစားနေပြန်ပြီ။

ဤအရာက ယွင်ရှီအား စူးယုကို လုံးဝ မုန်းတီးသွားစေခဲ့သည်။

ယွင်ရှီအတွက်တော့ ကျွင်းရှောင်ယောက်မှာ သူမ၏ ဘဝတွင် အရေးအကြီးဆုံးသောသူပင်။

ယွင်ရှီ၏ စက်ဆုပ်ရွံရှာသော အကြည့်ကို မြင်လိုက်ရသောအခါ...

စူးယုက အပ်အချွန်ပေါင်းထောင်ပေါင်းများစွာဖြင့် သူ့နှလုံးသားကို ထိုးဖောက်နေသလို မခံမရပ်နိုင်သော နာကျင်မှုမျိုး ခံစားလိုက်ရသည်။

စူးယု၏ အမူအရာကို မြင်သောအခါ ကျွင်းရှောင်ယောက်က တိတ်တဆိတ် ခေါင်းယမ်းလိုက်လေသည်။

မိန်းကလေးတစ်ယောက်ကို အစွဲအလန်းကြီးလွန်းပြီး လိုက်စားလွန်းပါက အနာဂတ်ပျောက်မည်မှာ အမှန်ပင် ဖြစ်သည်။

"ငါ့ရဲ့ တိုက်ခိုက်မှု တစ်ချက်ကိုတောင် မခံနိုင်တဲ့သူက ရှီအာအပေါ်မှာ မသင့်လျော်တဲ့ အတွေးတွေ တွေးနေသေးတယ်။ မင်းရဲ့ ယုံကြည်မှုက ဘယ်ကလာတာလဲ"

ကျွင်းရှောင်ယောက်က တည်ငြိမ်စွာ ပြောလိုက်သည်။

All Chapters