← Chapters

အခန်း ၂၇၄

Vol. 28 Ch. 274

အခန်း ၂၇၄

Vol. 28 Ch. 274

အခန်း ၂၇၄: မင်းက သူ့ရဲ့ သွေးမျိုးဆက်ပဲ...

အင်မော်တယ်နန်းတော်အတွင်း၌ စိတ်ဝိညာဉ်မြူခိုးများသည် ပင်လယ်တစ်ခုအလား လှိုင်းထနေပေ၏။ဘိုးဘေးနဂါးချောက်နက် အရှင်သခင်ဟု သူ့ကိုယ်သူ ခေါ်ဆိုသော ထိုခရမ်းရွှေရောင်နဂါးလေးသည် တိတိကျကျ ပြောရလျှင် ကောင်းကင်တက်လှမ်းခြင်း လျှို့ဝှက်နယ်မြေတွင် ရှေးဦး အစစ်အမှန် နဂါးတစ်ကောင် ချန်ထားခဲ့သည့် အသိစိတ် ပုံရိပ်ယောင်တစ်ခု ပင်။ သူသည် ဆောင့်ကြောင့်ထိုင်နေသော ကောင်မလေး၏ရှေ့တွင် လုံလောက်သော ကြီးကျယ်ခမ်းနားမှုကို ထိန်းသိမ်းထားရန် ကြိုးစားရင်း ကိုယ့်ကိုယ်ကိုယ် အနည်းငယ် ပိုမြင့်အောင် ဆွဲတင်ရန် ရုန်းကန်နေသည်။သို့သော် တစ်ကျန်းခန့်သာရှိသော သူ၏ သေးငယ်သည့် အရွယ်အစားနှင့် အလျင်စလို ဖြစ်မှုကြောင့် အနည်းငယ် တုန်ယင်နေသော သူ၏နဂါး နှုတ်ခမ်းမွေးတို့သည် မည်သို့ပင် ကြည့်ကြည့် ထိုကဲ့သို့ပုံစံမျိုး ပေါက်မနေချေ။"ကောင်မလေး မင်းကို ငါက တပည့်အဖြစ် လက်ခံချင်တာတောင် မင်းက လက်မခံချင်သေးဘူးလား... ငါ ဘယ်သူလဲ ဆိုတာ မင်း သိလား..."သူ၏ ပယင်းရောင် နဂါးမျက်လုံးများ ပြူးကျယ်လာပြီး သူ၏ အသံတွင် ဖိနှိပ်၍မရနိုင်သော အလျင်စလို ဖြစ်မှုနှင့် သူကိုယ်တိုင်ပင် သတိမထားမိသော ဝမ်းနည်းမှု အရိပ်အယောင်တစ်ခု ပါဝင်နေပေ၏။'ငါက ရှေးဦး အစစ်အမှန် နဂါးတစ်ကောင်ပဲ... အစစ်အမှန် နဂါးသွေးမျိုးဆက်ရှိပြီးတော့ အင်မော်တယ် ရှေးဟောင်းခေတ်ရဲ့ အရှင်သခင်ပဲ... ပြီးတော့ ဘိုးဘေးနဂါး ချောက်နက်ရဲ့ အရှင်သခင်လည်းဖြစ်တယ်... အဲ့ဒီတုန်းက အစစ်အမှန် အင်မော်တယ်တွေ ဘယ်လောက်များများ ငါ့ရဲ့ စိတ်ခံစားချက်အပေါ် မူတည်ပြီး လမ်းညွှန်မှု တစ်ခု နှစ်ခု ရဖို့ တောင်းပန်ခဲ့ရသလဲ... ဘာလို့ ဒီကောင်မလေးရဲ့ ရှေ့မှာ တပည့် တစ်ယောက် ရဖို့ တောင်းရမ်းနေတဲ့ သနားစရာကောင်းတဲ့ သူတောင်းစား တစ်ယောက်လို ဖြစ်နေရတာလဲ... ဟူး... နတ်ဆိုးသားရဲဘိုးဘေးရဲ့ ရွေးချယ်မှုသာ မဟုတ်ရင် ငါ သူ့ကို ဂရုစိုက်မှာ မဟုတ်ဘူး...'"ငါ့ရဲ့စကားကို နားထောင်... စီနီယာအစ်ကို ဆိုတာကို ဆက်မရှာနဲ့တော့... ငါ့ရဲ့ဂိုဏ်းကို ဝင်ရင် အခုကစပြီး သူက မင်းရဲ့ စီနီယာအစ်ကို ဖြစ်လာလိမ့်မယ် ပြီးတော့ သူက အရမ်းကြမ်းတမ်းတယ်..."အစစ်အမှန်နဂါးအိုကြီးက သူ၏ လက်သည်းကို မြှောက်ကာ ခန်းမ၏ဘေးဘက်သို့ ညွှန်ပြလိုက်သည်။ထိုနေရာတွင် သွယ်လျသော ပုံရိပ်တစ်ခု တိတ်ဆိတ်စွာ မတ်တတ်ရပ်နေပေ၏။သူသည် အသက်နှစ်ဆယ် အစောပိုင်း အရွယ်ခန့်သာ ရှိပုံရသော လူငယ်တစ်ယောက် ဖြစ်ပြီး အနားသတ်တွင် နဂါးပုံစံများ အလွှာလိုက်ပန်းထိုးထားသည့် ရှေးဟောင်းမိုးပြာရောင် အင်မော်တယ်ဝတ်ရုံကို ဝတ်ဆင်ထားသည်။ ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဉ်မြူခိုးများ လှိုင်းထလာသည်နှင့်အမျှ သူ၏ဝတ်ရုံ အနည်းငယ် လူးလွန့်နေသည်။ သူ၏မျက်နှာသည် နတ်ဆိုးဆန်လုနီးပါး ချောမောခန့်ညားပြီး ဓားအလား မျက်ခုံးများသည် သူ၏နားထင်အထိ ရှည်လျားကာ ပါးလွှာသော နှုတ်ခမ်းများကို အနည်းငယ် စေ့ထားသည်။ သူ၏ အစိမ်းရောင်ရင့်ရင့် ဆံပင်ရှည်များကို ကျောက်စိမ်းဖြူဆံထိုးတစ်ခုဖြင့် စည်းနှောင်ထားပြီး သူ၏နားရွက်ဘေးတွင် ဆံပင်အနည်းငယ် ကျဆင်းနေပေ၏။အထူးခြားဆုံးမှာ သူ၏မျက်လုံးများပင်။ ထိုအရာများသည် သာမန်လူများ၏ မည်းနက်သော မျက်လုံးသူငယ်အိမ်များ မဟုတ်ဘဲ စမ်းရေအလား ကြည်လင်ပြီး ချောက်ကမ်းပါးအလား နက်ရှိုင်းသော မိုးပြာရောင် မျက်လုံးတစ်စုံပင်။ သူ၏မျက်လုံးသူငယ်အိမ်များသည် အက်ကွဲကြောင်းများအဖြစ် ကွဲထွက်နေပြီး ထိုအရာမှာ နဂါးမျိုးနွယ်စု၏ ထူးခြားသော လက္ခဏာ တစ်ရပ်ပင်။သူသည် ထာဝရ စိမ်းလန်းသော တောင်တစ်လုံးအလား စကားတစ်ခွန်းမှ မပြောဘဲ ထိုနေရာတွင် တိတ်ဆိတ်စွာ မတ်တတ်ရပ်နေသည်။သူ၏ခန္ဓာကိုယ်မှ မည်သည့်အရှိန်အဝါမျှ ယိုစိမ့်ထွက်မနေသော်လည်း သူသည် ဖော်ပြ၍မရနိုင်သော ​ကြီးကျယ်ခမ်းနားမှုတစ်ရပ်ကို ပိုင်ဆိုင်ထားလေ၏။ ထိုအရာမှာ ရည်ရွယ်ချက်ရှိရှိ ထုတ်လွှတ်လိုက်သော ဖိအားတစ်ခု မဟုတ်ဘဲ သူ၏ အရိုးများနှင့် သွေးများထဲတွင် နက်ရှိုင်းစွာ စွဲထင်နေသော ထိပ်တန်းသားရဲတစ်ကောင်၏ သဘာဝနယ်ပယ်တစ်ခုပင်။သူ တိတ်ဆိတ်စွာနေပြီး ငြိမ်သက်စွာ ရပ်နေခြင်းကပင် အင်မော်တယ် ရတနာများနှင့် နတ်ဘုရား လက်နက်များ ပြည့်နှက်နေသော ခန်းမကို နှိုင်းယှဉ်ကြည့်လျှင် အရောင်မှေးမှိန်သွားစေသည်။"သူ့နာမည်က အောင်းချင်...""ငါတို့နဂါးမျိုးနွယ်စုရဲ့ အဆင့်သုံးနေရာမှာရှိတဲ့ နဂါးမင်းသားပဲ... သူက စကားတစ်ခွန်းတောင် ညှစ်ထုတ်လို့မရတဲ့ ပုံစံ ပေါက်နေတာကို ဂရုမစိုက်နဲ့... သူက သန့်စင်တဲ့ သွေးမျိုးဆက်ရှိတဲ့ မိုးပြာနဂါးမျိုးနွယ်စုရဲ့ ပါရမီရှင်တစ်ယောက်ပဲ...""နှစ်ခုနစ်ရာ ကျင့်ကြံပြီးတဲ့နောက်မှာ သူက ဟင်းလင်းပြင်တာအိုနယ်ပယ်ရဲ့ အထွတ်အထိပ်အဆင့်ကို ခြေချပြီးပြီ... အဲ့ဒီခေတ်တုန်းက အောင်းချင်ရဲ့ နာမည်က အင်မော်တယ်ဘုရင်တွေရဲ့ သားအရင်းတွေတောင် လေးလေးစားစား ကြည့်ခဲ့ရတဲ့ အရာပဲ... သူက အင်မော်တယ် ရှေးဟောင်းခေတ်ရဲ့ ထိပ်တန်း အဆင့် ပါရမီရှင်အုပ်စုထဲမှာရှိတယ်.... နားလည်လား..."အစစ်အမှန် နဂါးအိုကြီးက မိတ်ဆက်ပေးလိုက်ရာ သူ၏လေသံတွင် ဖုံးကွယ်ထားခြင်း မရှိသော ဂုဏ်ယူဝံ့ကြွားမှုများ ပြည့်နှက်နေသည်။အစစ်အမှန် နဂါးအိုကြီးသည် ထုယိုယိုဆီသို့ လှည့်ကြည့်လိုက်ကာ သူ၏ပယင်းရောင် နဂါးမျက်လုံးများတွင် ကောက်ကျစ်မှုအရိပ်အယောင်တစ်ရပ် လင်းလက်သွားသည်။"သူက နာမည်မရှိတဲ့ ကမ္ဘာငယ်တစ်ခုက မင်းရဲ့ အဲ့ဒီ စီနီယာအစ်ကိုထက် အများကြီးပိုပြီး အစွမ်းထက်တယ် မဟုတ်လား... သူ့ရဲ့ အကာအကွယ်နဲ့ဆိုရင် ဒီ နောက်ဆုံး ကောင်းကင်တက်လှမ်းခြင်း လျှို့ဝှက်နယ်မြေထဲမှာ မင်း ကြီးထွားဖို့ အခွင့်အရေး ရလာလိမ့်မယ်... ဘယ်လိုလဲ စိတ်ဝင်စားလား..."ဤသို့ ပြောပြီးနောက် သူသည် ထုယိုယိုကို မျှော်လင့်ချက်ကြီးစွာဖြင့် ကြည့်လိုက်၏။အောင်းချင်သည် တိတ်ဆိတ်နေဆဲ ဖြစ်ပြီး သူ၏မိုးပြာရောင် နဂါးသူငယ်အိမ်များသည် တည်ငြိမ်နေကာ မည်သည့်လှိုင်းဂယက်မျှ ရှိမနေချေ။ အစစ်အမှန် နဂါးအိုကြီး၏ ချီးကျူးမှုသည် သူ့အတွက် မဟုတ်ဘဲ လမ်းဘေးရှိ ကျောက်တုံးတစ်တုံးအတွက် ဖြစ်နေသည့်အလားပင်။ထုယိုယိုသည် ကြာပန်းစင်မြင့်၏အစွန်းတွင် သူမ၏ မေးစေ့ကို လက်ဖြင့်ထောက်ကာ ပျင်းရိစွာ နားထောင်နေခဲ့သည်။ယနေ့၌ သူမသည် အဝါနုရောင်ဝတ်စုံရှည်ကို ဝတ်ဆင်ထားသည်။ သူမ၏ဆံပင်ရှည်များကို အဖြူရောင်ဖဲကြိုးဖြင့် လျော့ရဲရဲ စည်းနှောင်ထားပြီး သူမ၏ နဖူးပေါ်တွင် ဆံပင်အနည်းငယ် ဖြာကျနေသဖြင့် သူမ၏ချောမောလှပသော မျက်နှာကို ပို၍ပင် ဆွဲဆောင်မှု ရှိစေခဲ့ပေ၏။သို့သော် အကယ်၍ တစ်ယောက်ယောက်က ဂရုတစိုက် ကြည့်မည်ဆိုပါက လက်ရှိ ထုယိုယိုသည် လွန်ခဲ့သော နှစ်ရက်က ဘိုးဘေးနဂါး ချောက်နက်သို့ သူမ ပထမဆုံး ဝင်ရောက်လာစဉ်ကနှင့် လုံးလုံးလျားလျား ကွာခြားနေပြီဖြစ်ကြောင်းကို တွေ့ရှိရပေမည်။သူမ၏မျက်ခုံးနှစ်ခုကြားတွင် ရှေးဟောင်းနတ်ဆိုးအမှတ်အသားတစ်ခု ထွက်ပေါ်လာသည်။ထိုနတ်ဆိုးအမှတ်အသားသည် လက်သန်းတစ်ချောင်းစာခန့် ရှည်လျားပြီး လရောင်အောက်တွင် ကခုန်နေသော အမြှီးကိုးချောင်း ကောင်းကင်မြေခွေးတစ်ကောင်၏ပုံရိပ်ယောင်နှင့် တူညီကာ ထိုအရာအတွင်းတွင် ဖျော့တော့သော ကိုးရောင်ခြယ် နတ်ဘုရား အလင်းတန်းများ စီးဆင်းနေသည်။ထိုအလင်းတန်း လည်ပတ်မှုတိုင်းသည် ဟင်းလင်းပြင်ရှိ ထာဝရ မပျက်စီးနိုင်သော စိတ်ဆန္ဒတစ်ခုခုကို ဆွဲငင်နေပုံရပေ၏။ ဤသည်က နှစ်သောင်းချီကြာ တိတ်ဆိတ်နေခဲ့သော အင်မော်တယ်ရတနာများနှင့် နတ်ဘုရားလက်နက်များကို ကြောက်ရွံရိုသေသည့်အလား အနည်းငယ် တုန်ယင်သွားစေသည်။သူမ၏မျက်လုံးများသည် စိတ်ဝိညာဉ်ကို ဆွဲဆောင်နိုင်သော အစိမ်းရောင်မျက်လုံးများ ဖြစ်နေဆဲပင်။သို့သော် ယခုအချိန်၌ ထိုမျက်လုံးများ၏ နက်ရှိုင်းသော နေရာတွင် ပုံမှန်ကြည်လင်မှုနှင့် အပြစ်ကင်းစင်မှုတို့အပြင် ဖော်ပြ၍မရနိုင်သော ခေတ်အဆက်ဆက် ဖြတ်သန်းခဲ့ရမှု အရိပ်အယောင်တစ်ခု လည်း ရှိနေသည်။ထိုအရာမှာ သူမ၏ အသက်အရွယ်ရှိသူ တစ်ဦးတွင် ရှိသင့်သော အကြည့်မဟုတ်ဘဲ ပြန်လည်ဝင်စားခြင်း တစ်သောင်းကို ဖြတ်သန်းပြီး လောကကြီး ပြောင်းလဲသွားသည်ကို မြင်တွေ့ရပြီးနောက် တည်ငြိမ်လာသော အကြည့်တစ်ခုပင်။သူမ၏ အပြစ်ကင်းစင်ပြီး ချစ်စရာကောင်းသော အသွင်အပြင်အောက်တွင် ခြေရာခံ၍ မရနိုင်လောက်အောင် ရှေးကျသော ရှေးဦး မူလအစ စိတ်ဆန္ဒတစ်ခုခု အိပ်မောကျနေသည့်အလားပင်။သူမ၏အရေပြားသည် ပို၍ပို၍ကြည်လင်လာပြီး လရောင်တွင် စိမ်ထားသော အကောင်းဆုံး သိုးဆီ ကျောက်စိမ်းအလား အရောင်ကိုးမျိုးအရှိန်အဝါများဖြင့် ခပ်ဖျော့ဖျော့ လင်းလက်နေသည်။သူမသည် ပေါ့ပေါ့ပါးပါး ထိုင်နေရုံဖြင့် မျက်စိပဿဒဖြစ်စေသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာပြီး လူတစ်ယောက်ကို တခြားသို့ အကြည့်မလွှဲနိုင်အောင် ဖြစ်စေခဲ့သည်။ဤသည်မှာ ရည်ရွယ်ချက်ရှိရှိ ညှို့ငင်ဖမ်းစားမှု မဟုတ်ဘဲ မွေးရာပါ ညှို့ဓာတ်ရုပ်ခန္ဓာကိုယ် အပြည့်အဝ နိုးထလာခြင်းနှင့် အမြှီးကိုးချောင်း သွေးမျိုးဆက် မူလအစသို့ ပြန်လည်ရောက်ရှိခြင်းတို့မှ ယူဆောင်လာသော သဘာဝ တာအိုစည်းချက်ပင်။ဤကောင်မလေးသည် သာမန်မဟုတ်တော့ဘဲ အင်မော်တယ်နတ်ဆိုးများနှင့် သက်ဆိုင်နေပေ၏။ထုယိုယို ကြီးမားစွာ ပြောင်းလဲသွားခြင်းမှာ သူမ ကောင်းကင်တက်လှမ်းခြင်း လျှို့ဝှက်နယ်မြေသို့ မဝင်ရောက်မီကတည်းက စတင်ခဲ့ခြင်းပင်။သူမသည် တခြားသူများအားလုံးနှင့် ကွာခြားသည်။ဤနေရာသို့ ခြေချပြီးနောက် သူမ၏အိပ်ငိုက်မှုသည် ပို၍ပင် အားကောင်းလာတော့သည်။သူမ လုံးလုံးလျားလျား မသိလိုက်ဘဲ သူမသည် စွမ်းအားတစ်ခုကြောင့် ကောင်းကင်တက်လှမ်းခြင်း လှေကား၏ အထက်ပိုင်း အဆင့်များသို့ လမ်းပြခံခဲ့ရသည်။ သူမ နိုးထလာချိန်၌ သူမသည် အကိုးရောင်ခြယ်အလင်းတန်းများဖြင့် ယက်လုပ်ထားသော တိမ် ကုတင်တစ်ခုပေါ်တွင် လဲလျောင်းနေသည်ကို တွေ့ရှိခဲ့ရသည်။သူမ၏နံဘေးပတ်လည်တွင် သူမ တစ်ကြိမ်တစ်ခါမှ မမြင်ဖူးသော်လည်း ရှင်းပြ၍မရနိုင်အောင် ရင်းနှီးနေသည့် ကမ္ဘာတစ်ခု ရှိနေသည်။ မရေမတွက်နိုင်သော ကျိုးပဲ့နေသည့် ရှေးဟောင်းနတ်ဘုရားခန်းမများသည် ဟင်းလင်းပြင်ထဲတွင် လွင့်မျောနေပြီး တစ်ခုစီသည် ခေတ်အဆက်ဆက် ဖြတ်သန်းခဲ့ရသော အရှိန်အဝါ တစ်ခုကို ထုတ်လွှတ်နေပေ၏။ သူမ၏ခြေထောက် အောက်တွင် အဆုံးမရှိသော ကြယ်မြစ်တစ်ခုရှိပြီး ကြယ်များသည် သဲများအလား ပြန့်ကျဲနေကာ ခမ်းနားသော ဝဲဂယက်များအဖြစ် ဖြည်းညှင်းစွာ လည်ပတ်နေသည်။သူမသည် စိတ်ရှုပ်ထွေးစွာ ထိုင်လိုက်သည်။သူမ ဘယ်ရောက်နေမှန်း လုံးလုံးလျားလျား မသိခဲ့ချေ။သူမ အမှန်တကယ်ကို ထိတ်လန့်နေခဲ့သည်။ထို့နောက် အသံတစ်သံကို သူမ ကြားလိုက်ရလေ၏။ထိုအသံသည် အလွန်တိုးညှင်းပြီး ဖျော့တော့ကာ အဆုံးမရှိသော ပင်ပန်းနွမ်းနယ်မှု အပြစ်ရှိသကဲ့သို့ ခံစားချက်နှင့် တမ်းတမှုတို့ကို သယ်ဆောင်လျက် အချိန်၏ ဝေးကွာသော ကမ်းခြေမှ ရောက်လာသည့်အလားပင်။"ရှောင်ကျိုး..."ထုယိုယို မှင်တက်သွားသည်။ ရှောင်ကျိုးသည် မည်သူဖြစ်သည်ကို သူမ မသိသည့်အပြင် ထိုသို့ခေါ်ဆိုရသည့် အကြောင်းအရင်းကို သူမ လုံးလုံးလျားလျား နားမလည်ခဲ့ချေ။သို့သော် နောက်တစ်စက္ကန့်တွင် ပုံရိပ်ယောင်တစ်ခုသည် သူမ၏ရှေ့တွင် ဖြည်းညှင်းစွာ စုစည်းလာပေ၏။သူသည် ငွေဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော လူတစ်ယောက်ဖြစ်ပြီး သူ၏မျက်နှာသည် ဝေဝါးနေကာ ယခုမှ မွေးဖွားလာသော မွေးကင်းစကလေး တစ်ယောက်အလား ကြည်လင်သော်လည်း ပြန်လည်ဝင်စားခြင်း တစ်သောင်းကို မြင်ဖူးသည့်အလား ရှေးကျသောမျက်လုံးများ ရှိနေသည်။သူသည် ထုယိုယိုကို အချိန်က အေးခဲတောင့်တင်းသွားပြီဟု သူမ ထင်မှတ်ရသည့်အထိ အချိန်ကြာမြင့်စွာ တိတ်တဆိတ် စိုက်ကြည့်နေပေ၏။ထို့နောက် သူက တိုးညှင်းစွာ ပြောဆိုသည်။"မင်းက သူ့ရဲ့ သွေးမျိုးဆက်ပဲ...အဲ့ဒါ ကောင်းတယ်...""သူ" ဆိုသည်က မည်သူဖြစ်သည်ကို ထိုလူက ရှင်းမပြခဲ့ချေ။သူသည် အဆုံးမရှိသောနှစ်များနှင့် ရှင်သန်ခြင်းနှင့် သေခြင်းတရား၏ နယ်နိမိတ်ကို ဖြတ်ကျော်ကာ သူ၏ လက်ကို ဆန့်တန့်ပြီး ထုယိုယို၏ခေါင်းကို ညင်သာစွာ ပုတ်လိုက်ရုံသာ ပြုလုပ်လေသည်။ဤအချိန်အခိုက်အတန့်တွင် မရေမတွက်နိုင်သော အပိုင်းအစ ဖြစ်နေသည့် ပုံရိပ်များသည် ထုယိုယို၏ စိတ်ထဲသို့ တလိမ့်လိမ့်ဝင်ရော​က်လာပေ၏။လမင်းအလား ငွေဖြူရောင်ရှိသည့် အမြှီးကိုးချောင်း ကောင်းကင်မြေခွေးတစ်ကောင်က လရောင်အောက်တွင် အထီးကျန်စွာ ကခုန်နေသည်ကို သူမ မြင်တွေ့ခဲ့ရသည်။ငွေဖြူရောင်ဝတ်ရုံဝတ်လူသည် ထိုအမြှီးကိုးချောင်း ကောင်းကင်မြေခွေးနှင့်အတူ တိမ်များထက်တွင် ယှဉ်တွဲ၍ မတ်တတ်ရပ်နေပြီး သက်ရှိအားလုံးကို ငုံ့ကြည့်နေသည်အား သူမ မြင်တွေ့ခဲ့ရပေ၏။ထို့နောက် စစ်ပွဲမီးတောက်များသည် အင်မော်တယ် နယ်မြေ တလျှောက် ပျံ့နှံ့သွားပြီး မရေမတွက်နိုင်သော အင်မော်တယ်များနှင့် နတ်ဘုရားများသည် မိုးရေအလား ကျဆင်းနေသည်။သွေးများ ဖုံးလွှမ်းနေသော လူသည် ရှေးဟောင်းတံဆိပ်ပြားတစ်ခုကို အမြှီးကိုးချောင်း ကောင်းကင် မြေခွေး၏ လက်ထဲသို့ ထိုးထည့်ကာ တိုးညှင်းစွာ ပြောလိုက်သည်။"သွားတော့..."အမြှီးကိုးချောင်း ကောင်းကင် မြေခွေးသည် မျက်ရည်များဖြင့် လှည့်ထွက်သွားပြီး အချိန်ဟင်းလင်းပြင် ဖရိုဖရဲထဲသို့ ပျောက်ကွယ်သွားသည်။ထိုလူသည် အဆုံးမရှိသော ရန်သူများကို တစ်ယောက်တည်း ရင်ဆိုင်နေပြီး သူ၏ ကျောပြင်သည် အင်မော်တယ် အထိမ်းအမှတ် ကျောက်တိုင် တစ်ခုအလား ခိုင်မာနေသည်ကို သူမ မြင်တွေ့ခဲ့ရပေ၏။

All Chapters