အခန်း ၂၇၈
Vol. 28 Ch. 278
အခန်း ၂၇၈... မင်း သူနဲ့ ရင်းနှီးလား...
[တာဝန် အသေးစိတ်....ကံကြမ္မာ ဂျူနီယာညီမလေး လော့လီသည် ငါးဆယ်ဆင့်မြောက်အထပ်တွင် ကံကြမ္မာတာအိုကို အစိုးရသော နတ်ဘုရားမျိုးနွယ်စု ၏အသက်နတ်ဘုရားမအဖြစ်မှ ပြန်လည်မွေးဖွားလာသူ ချင်းထန်နှင့် အထွတ်အထိပ် အဆုံးအဖြတ် တိုက်ပွဲတစ်ခုကို ဆင်နွှဲနေသည်...သူမတို့နှစ်ဦးသည် စွမ်းအားချင်း တန်းတူညီမျှဖြစ်နေပြီး နတ်ဘုရားမျိုးနွယ်စု၏ ဤမျိုးဆက်တွင် ကြောက်မက်ဖွယ်အကောင်းဆုံးအရာမှာ ရွှီဝူဖာ မဟုတ်ဘဲ ဤအပြစ်ကင်းပြီး ချစ်စရာကောင်းပုံရသည့် မိန်းကလေးသာ ဖြစ်ကြောင်း လော့လီ နားလည်သဘောပေါက်သွားခဲ့သည်...မွေးရာပါ မြင့်မြတ်ခန္ဓာကိုယ် တာအို သန္ဓေသားသည် ကြောက်မက်ဖွယ်ကောင်းသော်လည်း ကံကြမ္မာတာအိုသည် အလွန်အမင်း သာလွန်လွန်းလှ၏... ထို့ကြောင့် လော့လီ ဒဏ်ရာရသွားခဲ့သည်...ဤအချိန်အခိုက်အတန့်တွင် ရှေးဟောင်း အင်မော်တယ်နယ်မြေ၏ ပုံရိပ်ယောင်တစ်ခု ဆင်းသက်လာခဲ့ပြီး အင်မော်တယ် ရှေးဟောင်းခေတ်မှ ပါရမီရှင်များစွာ ကြိုတင်ရောက်ရှိလာကြသည်...မွေးရာပါ မြင့်မြတ်ခန္ဓာကိုယ် တာအို သန္ဓေသားသည် အင်မော်တယ်ဘုရင်တစ်ပါး၏ မျိုးဆက်ဖြစ်သော နင်ထျန်း၏ အာရုံစိုက်မှုကို ချက်ချင်းရရှိသွားပြီး သူက သူမကို အနိုင်ယူလိုသည်... အင်မော်တယ်နယ်မြေ၏ ခေတ်တစ်ခေတ်လုံးစာအတွက် အနိုင်ယူ၍မရနိုင်သော သရဖူသုံးခုဘုရင် နင်ထျန်းတွင် ကြောက်မက်ဖွယ်ကောင်းသော ခွန်အားကို ပိုင်ဆိုင်ထားသည်.... အတိတ်၏ ဤပုံရိပ်ယောင်တွင်ပင် သူသည် အထွတ်အထိပ် တာအိုဖြတ်တောက်ခြင်း ဘုရင်နယ်ပယ်၏ ခွန်အားကို ထိန်းသိမ်းထားဆဲပင်...ချင်းထန်နှင့်လော့လီတို့သည် သီးခြားစီ ထွက်ပြေးသွားကြပြီး ငါးဆယ်ဆင့်မြောက်အထပ်ရှိ ချန်လန် အင်မော်တယ်မြို့တော် အတွင်း၌ ပုန်းအောင်းနေကြသည်... လက်ခံသူ... ကျေးဇူးပြု၍ သင့်၏ဂျူနီယာညီမလေး လော့လီအား ချန်လန် အင်မော်တယ်မြို့တော် အမွေအနှစ်ကို ရယူရန်နှင့် သူမ၏ အတိတ်ဘဝမှ မှတ်ဉာဏ်များကို နိုးထလာစေရန် ကူညီပေးပါ...][ဆုလာဘ်...အခြားသူများအဖြစ် ပြောင်းလဲနိုင်သူ (အင်မော်တယ် ဧကရာဇ် ဥပဒေသ)]"သောက်ကျိုးနည်း...""အင်မော်တယ် ဧကရာဇ် ဥပဒေသ..."ဆုလာဘ်ကို ကြည့်လိုက်ချိန်၌ စူးချန်ကဲ ကူကယ်ရာမဲ့စွာဖြင့် အသက်ရှူမှားသွားသည်။ ဤသည်မှာ ယနေ့အချိန်အထိ သူ မြင်ဖူးသမျှထဲတွင် ကြောက်မက်ဖွယ်အကောင်းဆုံး ဆုလာဘ်ပင်။သူ ယခုချက်ချင်း အသုံးမပြုနိုင်သေးလျှင်ပင် အင်မော်တယ် ဧကရာဇ် ဥပဒေသသည် သူ၏လက်ထဲတွင် ရှိနေသရွေ့ သူ၏အနာဂတ်အတွက် ယခင်က မရှိခဲ့ဖူးသော လျှို့ဝှက်ဝှက်ဖဲတစ်ခုကို ပြင်ဆင်ထားခြင်းနှင့် ညီမျှပေ၏။သို့ရာတွင် နောက်ထပ် ဂျူနီယာညီမလေးတစ်ယောက် ရုတ်တရက် ထွက်ပေါ်လာခြင်းနှင့် ပတ်သက်၍မူ...စူးချန်ကဲသည် နက်နဲသော တွေးတောမှုထဲသို့ ကျရောက်သွားခြင်းကို မတားဆီးနိုင်ခဲ့ချေ။"ငါ့ရဲ့ အဲ့ဒီ လျှို့ဝှက်ဆန်းကြယ်တဲ့ ဆရာ လက်ခံထားတဲ့ နောက်ထပ်တစ်ယောက်များ ဖြစ်နေမလား..."စူးချန်ကဲက တွေးတောလိုက်သည်။ ဤခန့်မှန်းချက်မှလွဲ၍ တခြားမည်သည့်အကြောင်းပြချက်ကိုမျှ သူ ရှာမတွေ့နိုင်ခဲ့ပေ။ဤဖြစ်ရပ်မှနေ၍ သူ၏ဆရာသည် လုံးလုံးလျားလျား သာမာန်မဟုတ်ကြောင်းကို စူးချန်ကဲ ပို၍ပို၍ခံစားလာရသည်။အစပိုင်းတွင် ကံကောင်းသည်ဟု ပြောနိုင်သော်လည်း တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်ဆိုလျှင် သီးခြားကိစ္စတစ်ခုပင်။ ဤသည်မှာ လေးယောက်မြောက် ကံကြမ္မာ သမီးတော် ဖြစ်နေလေပြီ။ဤသည်က သူ၏ လျှို့ဝှက်ဆန်းကြယ်သော ဆရာဖြစ်သူ ဝူယာကျစ်သည် ဤဂျူနီယာညီမလေးများ၏ ထူးခြားသော သဘာဝကို မြင်တွေ့နိုင်စွမ်းရှိပြီး သူတို့ကို သူ၏အကာအကွယ်အောက်တွင် ခေါ်ယူထားခဲ့ခြင်း ဖြစ်နိုင်ကြောင်း ညွှန်ပြနေခြင်းပင်။သို့သော် စူးချန်ကဲ နားမလည်သည်မှာ သူကိုယ်တိုင်နှင့် ပတ်သက်၍မူ မည်သို့ ဖြစ်သနည်း....အကယ်၍ သူ၏ဆရာသာ ကံကြမ္မာ သမီးတော်များကို စုဆောင်းရာတွင် အထူးကျွမ်းကျင်သူဆိုပါက သူသည် မည်သို့ ရောနှောပါဝင်သွားကာ နောက်ဆုံးတွင် သူ၏ တပည့်ဖြစ်လာခဲ့ရသနည်း...ဤအရာကို တွေးတောနေချိန်၌ စူးချန်ကဲသည် အမှန်ပင် အချိန်တခဏကြာမျှ အေးခဲတောင့်တင်းသွားသည်။"ထူးဆန်းတယ်...""သူ့ရဲ့ ရုပ်သွင်ကို ငါ ဘာလို့ မမှတ်မိတော့တာလဲ...""ငါ့ရဲ့ အရင်က မှတ်ဉာဏ်တွေတောင်... ဝေဝါးလာပြီလား..."စူးချန်ကဲ၏ မျက်လုံးများတွင် ယခင်က မရှိခဲ့ဖူးသော ထိတ်လန့်တုန်လှုပ်မှု အရိပ်အယောင်တစ်ခု ထွက်ပေါ်လာခဲ့သည်။ ဤသည်မှာ သူ ကူးပြောင်းလာပြီးကတည်းက ဤကဲ့သို့ အမူအရာမျိုး ပြသခြင်း ဒုတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ်မှာ ဖရိုဖရဲ ဧရာမတံခါးကြီးအတွင်း၌ သူ၏ပုံစံနှင့် တစ်ထပ်တည်းတူနေသော ဖရိုဖရဲခန်းမ၏ တည်ထောင်သူကို မြင်တွေ့ခဲ့ရချိန်ကပင်။ဤအချိန်တွင် ဝမ်တန်သည်လည်း စူးချန်ကဲ၏ ပုံမှန်မဟုတ်မှုများကို သတိထားမိသွားပြီး မေးမြန်းလေသည်။"ဘာဖြစ်လို့လဲ..."လွန်ခဲ့သော ရက်အနည်းငယ်ကို အတူတကွ ဖြတ်သန်းပြီးနောက် ဝမ်တန်သည် အရွယ်ရောက်လာသော စူးချန်ကဲ၏ တည်ငြိမ်ပြီး အေးဆေးသော စရိုက်သဘာဝနှင့် တဖြည်းဖြည်း အသားကျလာခဲ့သည်။ ယခုအချိန်၌ စူးချန်ကဲကို အဆက်မပြတ် အံ့အားသင့်နေသည့် အခြေအနေဖြင့် မြင်တွေ့လိုက်ရသောအခါ သိချင်စိတ်ပြင်းပြသွားပေ၏။"ဘာမှမဖြစ်ပါဘူး...""အတိတ်က ကိစ္စတချို့ကို ရုတ်တရက် သတိရသွားလို့ပါ..."စူးချန်ကဲက သူ၏တည်ငြိမ်သော အမူအရာကို ချက်ချင်းပြန်လည်ရယူလိုက်သည်။ တစ်စုံတစ်ခုကို ရုတ်တရက် စဉ်းစားမိသွားကာ သူက ဝမ်တန်ကို ကြည့်ပြီး မေးလိုက်သည်။"မင်း လော့ကျဲရှန်းကို သိလား..."သူ ဤမိန်းကလေးအကြောင်း တစ်ခါမျှ မကြားဖူးခဲ့ချေ။ ဖြစ်နိုင်သည်မှာ သူမသည် စိတ်ဝိညာဉ်နယ်မြေ၏ တက်သစ်စ ကြယ်ပွင့်တစ်ပွင့် ဖြစ်နေသလော။ယောင်ချီအင်မော်တယ် နန်းတော်အကြောင်းကို သူ သိထားသော်လည်း ဤရှေးဟောင်းမြင့်မြတ်နယ်မြေသည် လောကကြီးမှ အမြဲတစေ ပုန်းကွယ်နေခဲ့သည် မဟုတ်လော။ဝမ်တန် ဤနေရာတွင် ရှိနေသဖြင့် သူ ထိုအကြောင်းကို ပို၍သိသင့်သည်။ဤသည်မှာ သူ မျှော်လင့်ထားသည့်အတိုင်းပင်။ဝမ်တန်သည် အနည်းငယ် စိတ်ရှုပ်ထွေးသွားပုံသော်လည်း သူသည် ခေါင်းညိတ်ပြပြီး ပြန်ဖြေလိုက်၏။"သိတယ်... သူက ယောင်ချီ အင်မော်တယ် နန်းတော်ရဲ့ လက်ရှိ 'တက်လှမ်းသူ' လေ... သူက အရမ်းစွမ်းအားကြီးတယ်..."တချို့သော ပုန်းကွယ်နေသည့် ရှေးဟောင်းမြင်မြတ်နယ်မြေများမှ ဆက်ခံသူများကို စိတ်ဝိညာဉ်နယ်မြေမှ 'တက်လှမ်းသူများ' ဟု ခေါ်ဆိုကြသည်။"မင်း သူနဲ့ ရင်းနှီးလား..."စူးချန်ကဲက ထပ်မံဖြည့်စွက်၍ မေးလိုက်သည်။ဝမ်တန်သည် ခေါင်းခါယမ်းလိုက်သော်လည်း အချိန်တခဏကြာမျှ တိတ်ဆိတ်သွားပြီးနောက် သူသည် နောက်တစ်ကြိမ် ထပ်မံ၍ ခေါင်းညိတ်လိုက်၏။"ရှင်းရှင်းလင်းလင်း ပြောစမ်းပါ..."စူးချန်ကဲက ကူကယ်ရာမဲ့စွာဖြင့် ပြောဆိုသည်။ ဤအရာကို မည်သူက နားလည်နိုင်မည်နည်း။"ရင်းနှီးတယ်ဆိုပေမဲ့ အဲ့ဒီလိုမျိုးတော့ မဟုတ်ဘူး... အရင်တုန်းက စိတ်ဝိညာဉ်နယ်မြေထဲက ဧကရာဇ်တစ်ပါးရဲ့ လျှို့ဝှက်နယ်မြေတစ်ခုမှာ အခွင့်အရေးတစ်ခုကို ယူချင်လို့ သူ့ရဲ့ ကိုယ်ပွားကို ကျွန်တော် ဖိနှိပ်ခဲ့ဖူးတယ်..."ဝမ်တန်သည် ဤသည်မှာ အလွန်ယုံကြည်နိုင်လောက်သော သာမန်ဖြစ်ရိုးဖြစ်စဉ် ကိစ္စတစ်ခုအလား အထင်သေးသော အမူအရာဖြင့် အမှန်အတိုင်း ပြောဆိုလိုက်သည်။ထိုတိုက်ခိုက်မှုကြောင့်ပင် ဝမ်တန်သည် ဤယောင်ချီ အင်မော်တယ် နန်းတော်၏ တက်လှမ်းသူကို အလေးအနက်ထား၍ စတင်စဉ်းစားလာခဲ့ခြင်းပင်။သူမ၏ ရုပ်ဆင်းသွင်ပြင်ကို ဘေးဖယ်ထားလိုက်လျှင်...သူမ ကိုယ်ပွားခန္ဓာကိုယ်၏ စွမ်းအားကပင် ဝမ်တန်ကို ထိတ်လန့်တုန်လှုပ်သွားစေသည်။ သူမ၏ ကျင့်ကြံခြင်းအချိန်သည် သူ့ထက် သိသိသာသာ တိုတောင်းကြောင်း သိထားသင့်သည်။ အကယ်၍ သူမ၏ အစစ်အမှန်ခန္ဓာကိုယ်သာဆိုလျှင် သူမသည် သူ့ထက် အားနည်းမည်မဟုတ်ကြောင်း ဝမ်တန် ခံစားခဲ့ရပေ၏။"အိုး... ငါ နားလည်ပြီ..."စူးချန်ကဲသည် အံ့အားသင့်မှု သိပ်မပြသဘဲ ခေါင်းညိတ်လိုက်သည်။ဤသည်က ယုတ္တိရှိသည်။ သူ့ဘက်မှ လူများအားလုံးသည် အစွမ်းထက်သော ဒုတိယမျိုးဆက် ဗီလိန် အမျိုးအစားများ ဖြစ်ကြရာ ကံကြမ္မာသမီးတော်တစ်ဦးနှင့် ရန်ငြိုးများ ရှိနေခြင်းမှာ ပုံမှန်ကိစ္စတစ်ရပ်ပင်။"တကယ်လို့ အစ်ကိုစူးက သူ့ကို စိတ်ဝင်စားတယ်ဆိုရင် သူကလည်း ဒီကောင်းကင်တက်လှမ်းခြင်း လျှို့ဝှက်နယ်မြေထဲကို ဝင်လာတယ်... အချိန်တန်ရင် ကျွန်တော်တို့ ပူးပေါင်းပြီးတော့ သူကို ပြန်ပေးဆွဲလို့ရတယ်... အစ်ကိုစူး သဘောကျသလို လုပ်လို့ရတယ်... ကောင်းကင်တက်လှမ်းခြင်း လျှို့ဝှက်နယ်မြေကနေ ထွက်သွားရင်တောင် သူ ဘာပြဿနာမှ ရှာနိုင်မှာ မဟုတ်ဘူး... ယောင်ချီ အင်မော်တယ် နန်းတော်က စူးမိသားစုနဲ့ ဝမ်မိသားစုကို လုံးဝမစော်ကားရဲဘူး..."
ဝမ်တန်က အထင်သေးသော အမူအရာဖြင့် ပြောဆိုသည်။ စူးချန်ကဲသည် သူမ၏ အလှအပကို စိတ်ဝင်စားသောကြောင့် မေးမြန်းနေခြင်းဖြစ်သည်ဟု သူ တွေးထင်ထားပေ၏။စူးချန်ကဲ၏မျက်ခွံများ တွန့်ကွေးသွားပြီး သူက ညင်သာစွာ ချောင်းဟန့်လိုက်သည်။"အဟမ်း... အဲ့ဒီအကြောင်း နောက်မှပဲ ပြောကြတာပေါ့..."ဤစကားကို ကြားသောအခါ ဝမ်တန်က စူးချန်ကဲကို စူးရှတောက်ပသော မျက်လုံးများဖြင့် ကြည့်လိုက်လေသည်။ယခင်က စူးချန်ကဲသည် သူ့ကဲ့သို့ပင် အမျိုးသမီးများကို စိတ်မဝင်စားဟု သူ တွေးထင်ခဲ့မိသည်။ ဤသည်မှာ စူးချန်ကဲနှင့် ပတ်သက်၍ သူ အနှစ်သက်ဆုံး အရာများထဲမှ တစ်ခုပင်။အစစ်အမှန် ယောက်ျားကောင်းဆိုသည်မှာ အမျိုးသမီးများကို စိတ်မဝင်စားသင့်ချေ။သို့သော် ဤနောက်ပိုင်းတွေ့ဆုံမှု၌ စူးချန်ကဲနှင့် သူ၏ ဂျူနီယာညီမလေးများကြားရှိ ဆက်ဆံရေးမှာ မရှင်းမလင်းဖြစ်နေပြီး သူမတို့တစ်ယောက်ချင်းစီသည် အလွန်အမင်း လှပနေကြောင်း သူ တွေ့ရှိခဲ့ရသည်။စူးချန်ကဲကို ကြည့်သော ထိုအစေခံကောင်မလေး၏ အကြည့်ပင်လျှင်... ထို့ကြောင့် ထိုနေ့က သူတို့ အရက်မူးနေချိန်တွင် သူ မပြောခဲ့သော်လည်း ဤကိစ္စသည် သူ့ကို အမြဲတမ်း အနည်းငယ် သက်သောင့်သက်သာ မဖြစ်စေခဲ့ပေ။သို့သော် ယခုအချိန်တွင်မူ..."အစ်ကိုစူး... အရင်တုန်းကဆိုရင်တော့ အဆင်ပြေပါတယ်... ဒါပေမဲ့ အခု အစ်ကို့မှာ ဒီလိုကြောက်မက်ဖွယ်ကောင်းတဲ့ ပါရမီရှိနေပြီးတော့ မွေးရာပါ ဖရိုဖရဲ ရုပ်ခန္ဓာကိုယ် ကိုတောင် ပိုင်ဆိုင်ထားတယ်... အရှင် ကောင်းကင်ဧကရာဇ်က အစ်ကို့အတွက် ဒီအရာတွေကို ဖုံးကွယ်ပေးထားပြီးတော့ သန့်စင်ဖို့အတွက် အောက်ဘုံကို စေလွှတ်ခဲ့တာလေ... သူက အစ်ကို့ကို အနိုင်ယူလို့မရနိုင်တဲ့ လမ်းကြောင်းပေါ်မှာ လျှောက်လှမ်းစေချင်လို့ သေချာတယ်... အနာဂတ်မှာ စကြဝဠာကို ဖိနှိပ်နိုင်ဖို့ဆိုတာ သေချာပေါက်ပဲ... အစ်ကို့ရဲ့ စိတ်ကို ကျင့်ကြံခြင်းအပေါ်မှာပဲ ပိုပြီးအာရုံစိုက်သင့်တယ်..."ဝမ်တန်က တည်ကြည်လေးနက်သော အမူအရာဖြင့် ပြောဆိုသည်။"..."စူးချန်ကဲ၏ နှုတ်ခမ်းများ အနည်းငယ် တွန့်ကွေးသွားပြီး သူသည် လက်ဝှေ့ယမ်းပြလိုက်၏။"စိတ်မပူပါနဲ့... ငါ သူကို စိတ်မဝင်စားပါဘူး... ကိစ္စတချို့ ပါဝင်ပတ်သက်နေလို့ ငါက ပေါ့ပေါ့ပါးပါး မေးကြည့်ရုံသက်သက်ပါ..."ညီအစ်ကို... မင်းရဲ့ စိတ်နှလုံးသားထဲမှာ ငါက ဒီလို လူစားမျိုးလား...သောက်ချေးပဲ...စူးချန်ကဲ၏ အဖြေကို ကြားပြီးနောက် ဝမ်တန်သည် ခေါင်းညိတ်လိုက်ပြီး သူ၏ အမူအရာ အနည်းငယ် နူးညံ့ညင်သာသွားပေ၏။ထို့နောက် ချက်ချင်းဆိုသလိုပင် သူတို့နှစ်ဦးသား အထက်သို့ ဆက်လက်၍ တက်လှမ်းသွားကြသည်။သုံးဆယ့်နှစ်ဆင့်မြောက်အထပ်...ဝမ်တန်၏ခြေလှမ်းများ ရပ်တန့်သွားသည်။ဤအထပ်တွင် အလွန်သိပ်သည်းသော အခြေခံဒြပ်စင်ငါးပါး တာအိုစည်းချက်ဖြင့် ပြည့်နှက်နေသည်။ ရွှေ၊ သစ်သား၊ ရေ၊ မီးနှင့် မြေကြီးဟူသော မူလအစ စွမ်းအားများသည် ယှက်နွယ်စီးဆင်းနေပြီး သေးငယ်သော သန္ဓေသားကမ္ဘာလေးတစ်ခုအဖြစ် ဝိုးတဝါး ပြောင်းလဲသွားသည်။ ထိုကမ္ဘာအတွင်း၌ သင်္ကေတလေးပါး၏ ပုံရိပ်ယောင်များသည် ဝိုးတဝါး ထင်ဟပ်နေပေ၏။ ရစ်ခွေနေသော မိုးပြာနဂါး၊ ဟိန်းဟောက်နေသော ကျားဖြူ၊ တောင်ပံများ ဖြန့်ကားထားသော ဗာမီလီယန်ငှက်နှင့် ဝပ်တွားနေသော လိပ်နက်တို့ပင်။ဝမ်တန်၏ သိုင်းပညာတာအို ကောင်းကင်ဘုံမျက်လုံးမှ တောက်ပသော ရွှေရောင်အလင်းတန်းများ ချက်ချင်းပေါက်ကွဲထွက်လာခဲ့သည်။"သင်္ကေတလေးပါး နတ်ဘုရား ရုပ်ခန္ဓာကိုယ်အတွက် အခွင့်အရေးက... ဒီမှာပဲ..."သူသည် အက်ရှရှအသံဖြင့် ပြောဆိုလိုက်ကာ သူ၏ လေသံတွင် ဖိနှိပ်၍မရနိုင်သော စိတ်လှုပ်ရှားမှုများ ပါဝင်နေခဲ့သည်။စူးချန်ကဲသည် သူ့ကို တစ်ချက်ကြည့်လိုက်ပြီး အလားတူပင် ဖရိုဖရဲ အမှတ်အသားတစ်ခုကို သူ၏လက်ကိုတောက်၍ ပေးလိုက်၏။ဝမ်တန်က သူ၏လက်နှစ်ဖက်ကို ပူးဆုပ်၍ အရိုအသေပြုလိုက်သည်။ "ဒီအထပ်ကို ကျွန်တော် ကျွမ်းကျင်သွားတာနဲ့... အစ်ကိုစူးနဲ့အတူ ယှဉ်တွဲပြီး ပြန်ရပ်တည်မယ်..."စူးချန်ကဲက ခေါင်းညိတ်ပြလိုက်ပြီးနောက် အထက်သို့ ဆက်လက်၍ လျှောက်လှမ်းသွားသည်။ဤနေရာသို့ရောက်ချိန်၌ သူ၏အဖော်သုံးဦးလုံး အနောက်တွင် ကျန်ရစ်ခဲ့လေပြီ။ကောင်းကင်တက်လှမ်းခြင်း လှေကားပေါ်တွင် စူးချန်ကဲ တစ်ယောက်သာ ကျန်ရှိတော့သည်။တခြားသူများအားလုံးတွင် သူတို့၏ကိုယ်ပိုင်ကံကြမ္မာများ ရှိနေကြသည်။အမှန်အားဖြင့် ဝမ်တန်နှင့်ကျန်းချီလီတို့၏ စွမ်းအားများဖြင့် သူတို့သည် လှေကားပေါ်သို့ သူ့နောက်မှ ဆက်လက်၍ လိုက်ပါနိုင်သော်လည်း သူတို့နှင့် အပြည့်အဝ ကိုက်ညီသော အခွင့်အရေးများနှင့် ကြုံတွေ့ခဲ့ရသဖြင့် နေခဲ့ကြခြင်းပင်။ဤသည်မှာ အကောင်းဆုံးပင်။ဤနည်းဖြင့် သူသည်လည်း ပေါ့ပေါ့ပါးပါး နေနိုင်ပြီး သူ၏ကိုယ်ပိုင်ကိစ္စကို လုပ်ဆောင်နိုင်ပေမည်။သူ၏ရည်မှန်းချက်သည် အလွန်ရှင်းလင်းနေလေပြီ။