← Chapters

အခန်း ၅၃

Vol. 6 Ch. 53

အခန်း ၅၃

Vol. 6 Ch. 53

အပိုင်း (၅၃)

​“ငါ ဒီဘော့စ်ကို တိုက်နေတာ ခြောက်လတောင် ရှိပြီ၊ အခုထိ အနိုင်မတိုက်နိုင်သေးဘူး”

​ “ဒါက တကယ့်ကို ငရဲအဆင့် ခက်ခဲမှုပဲ…”

​ မနက်စောစောအချိန်တွင် လျူယွမ်သည် ပြီးခဲ့သည့်ညက ‘သက်ရှိ တားမြစ်နယ်မြေ’ ထဲတွင် ဖြစ်ပျက်ခဲ့သည့် မြင်ကွင်းများကို ပြန်လည်တွေးတောရင်း သက်ပြင်းချလိုက်မိသည်။

​ မနိုင်နိုင်ဘူး… လုံးဝကို အနိုင်မတိုက်နိုင်တာပဲ…။

​ သမီးလေး မွေးဖွားပြီးတဲ့နောက် ငါ့ရဲ့ မျိုးရိုးဗီဇတွေ အများကြီး ပြောင်းလဲသွားပြီး အဆင့်ငါးနယ်ပယ်အထိ ခွန်အားတွေ တိုးလာခဲ့တာမို့ ငါနဲ့ ဇနီးသည်ကြားက မျိုးပွားခြင်းဆိုင်ရာ အတားအဆီးတွေ လျော့ကျသွားပြီး ဒုတိယကလေးရဖို့ ပိုလွယ်ကူလာလိမ့်မယ်လို့ အစက ထင်ခဲ့တာ။

​ ဒါပေမဲ့ ဒါက ပိုတောင် ခက်ခဲသွားပုံရတယ်။

​ သူ့ရဲ့ မျိုးရိုးဗီဇတွေ ဘယ်လောက်ပဲ ဆင့်ကဲပြောင်းလဲပါစေ… ထိုဧရာမ သတ္တဝါကြီးကိုတော့ သူ အမဲမလိုက်နိုင်ခဲ့ချေ။

​ ဒါပေမဲ့လည်း လျူယွမ်အနေနဲ့ အတွေ့အကြုံ အမှတ် (XP) တွေတော့ အများကြီး ရရှိခဲ့တာတော့ အမှန်ပင်။

​ သူ့ရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုက ပိုမိုတောင့်တင်းလာပြီး အတွင်းပိုင်း ကျင့်ကြံမှုကလည်း ပိုမိုနက်ရှိုင်းလာခဲ့သည်။

​ သူက မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်လိုက်ပြီး မိမိကိုယ်ကိုယ် ပြန်လည် စစ်ဆေးကြည့်လိုက်၏။

​ အတွင်းအင်္ဂါများမှာ ဖျော့တော့သော ရွှေရောင်အလင်းတန်းများဖြင့် လွှမ်းခြုံနေပြီ ဖြစ်သည်။

​ ခန္ဓာကိုယ်ထဲတွင် စီးဆင်းနေသော သွေးနှင့် ချီစွမ်းအင်များမှာလည်း တဟုန်ထိုး စီးဆင်းနေသည့် မြစ်ကြီးတစ်စင်းကဲ့သို့ အဆုံးမရှိ လှည့်ပတ်နေတော့သည်။

​ သူ့ရဲ့ အရိုးများမှာ ရွှေအိုရောင် သွန်းလုပ်ထားသကဲ့သို့ ရှိနေပြီး အရိုးခြင်ဆီများထဲတွင် ဖျော့တော့သော ရွှေရောင်အလင်းများ စီးဆင်းနေ၏။

​ အရေးအကြီးဆုံးကတော့...

​ ကြွက်သားများနှင့် အရိုးများကြားတွင် အစက ဒြပ်မဲ့သဏ္ဌာန် ရှိနေခဲ့သော သွေးကြောမျှင်များမှာ ယခုအခါ လုံးဝဥဿုံ ရွှေရောင်အကြောမကြီးများအဖြစ် ရှိနေပြီဖြစ်ကာ ခြေလက်များနှင့် တစ်ကိုယ်လုံးသို့ ဆက်သွယ်စီးဆင်းသွားခြင်းပင် ဖြစ်သည်။

​ အတွင်းပိုင်း သန့်စင်ခြင်း အောင်မြင်သွားပြီ ဖြစ်သည်။

​ ဒါက သူ အတားအဆီးကို ဖောက်ထွက်ပြီး အဆင့်ခြောက် သိုင်းသူရဲကောင်းနယ်ပယ်သို့ ရောက်ရှိသွားခြင်းကို ဆိုလိုခြင်း ဖြစ်၏။

​ အကယ်၍ နောက်တစ်ဆင့် ထပ်တက်မည်ဆိုပါက သိုင်းဂိုဏ်းချုပ်အဆင့်သို့ ရောက်ရှိမည် ဖြစ်သည်။

​ “မောင်… ရှုံးပြန်ပြီမလား…”

​ စုချင်းရွှယ်က ရေချိုးခန်းထဲမှ မည်သည့်အချိန်က ထွက်လာမှန်းမသိဘဲ ရေချိုးပြီးစ ကိုယ်သင်းရနံ့လေး သင်းပျံ့နေခဲ့သည်။

​ သူမက ကုတင်ဘေးသို့ လျှောက်လာပြီး တွေးတောငေးမောနေသော ခင်ပွန်းဖြစ်သူ၏ မျက်နှာကို ကြည့်ကာ ညင်သာစွာ သက်ပြင်းချရင်း - “၁ : ၃၀၀၀ တောင် ရှိသွားပြီနော်…”

​ လျူယွမ် ဆွံ့အသွားကာ - “ဘာကို ပြောတာလဲ မိန်းမ…”

​ စုချင်းရွှယ် မဖြေခင်မှာပဲ သူ သဘောပေါက်သွားခဲ့သည်။

​ ဒါက သူတို့ လက်ထပ်ပြီးကတည်းက မှတ်တမ်းတင်ထားတဲ့ ရလဒ် ဖြစ်ပေသည်။

​ လျူယွမ်က ၁ ကြိမ်နိုင်ပြီး အကြိမ် ၃ထောင် ရှုံးထားခြင်း ဖြစ်၏။

​ ဝေါင်း… ငါ့မိန်းမရဲ့ သင်္ချာစွမ်းရည်ကလည်း မသေးလှပါလား။ တွက်ချက်ထားတာ ကွက်တိပဲ။

​ “မောင်… ထမင်းစားရအောင်၊ ဒီနေ့ သွားစရာ နေရာရှိတယ်…”

​ “အဲဒါက အောင်မြင်မှုနှုန်းကို မြင့်တက်စေနိုင်တယ်…”

​ စုချင်းရွှယ်က လျူယွမ်ကို ကုတင်ပေါ်မှ ဆွဲထူလိုက်ပြီး မုတ်ဆိတ်ရိတ်ဓားကို ကိုင်ကာ သူ့အတွက် အသေအချာ မုတ်ဆိတ်ရိတ်ပေးနေခဲ့သည်။

​ “ဘယ်ကို သွားမှာလဲ…” လျူယွမ်က မေးလိုက်သည်။

​ “လင်အန်းမြို့ရဲ့ တောင်ဘက်မှာ ‘ပုဒူ' လို့ခေါ်တဲ့ ဘုရားကျောင်းတစ်ခု ရှိတယ်လို့ ကြားတယ်၊ အဲဒီက ကွမ်ရင်မယ်တော်ရုပ်တုက တကယ့်ကို တန်ခိုးကြီးပြီး နာမည်ကြီးတယ်တဲ့၊ အဲဒီကို သွားပြီး ဆုတောင်းရအောင်…”

​ စုချင်းရွှယ် စကားပြောပြီးနောက် ပလုတ်ကျင်းနေသော လျူယွမ်မှာ ပါးစပ်ထဲက ရေတွေကို ပြန်ထွေးမိလုနီးပါး ဖြစ်သွားသည်။

​ ပုဒူ ဘုရားကျောင်းလား။

​ သားဆုပန် ကွမ်ရင်မယ်တော်လား။

​ ဒါက ဘာလို့ ဒီလောက် ရင်းနှီးနေရတာလဲ။ လက်ထောက် လင်းဝေဝေ ပြောဖူးသလိုလို ရှိသည်။

​ “မဟုတ်တာ မိန်းမရာ… အယူသည်းတာတွေက လက်ခံလို့မရပါဘူး…”

​ “ဘယ်သူက ပြောလို့လဲ…”

​ စုချင်းရွှယ်က သူမ၏ ဖုန်းကို ထုတ်ကာ ဗီဒီယိုတိုလေးတစ်ခုကို ဖွင့်ပြလိုက်ပြီး - “ကြည့်ဦး… ကျွန်မ ဒါကို တွေ့တာ၊ ကလေးရဖို့ ကြိုးစားနေတဲ့ အမျိုးသမီး တော်တော်များများက ဆုတောင်းပြီးတော့ ကိုယ်ဝန်ရသွားကြတယ်တဲ့၊ သားဆုပန်တဲ့ ထုံးတမ်းစဉ်လာ သင်ခန်းစာတွေတောင် ပါသေးတယ်…”

​ လျူယွမ်က အနားသို့ တိုး၍ ကြည့်လိုက်သည်။

​ ဒါက ရိုးရာဓလေ့တစ်ခု ဖြစ်ပြီး လူသိများတဲ့ အခေါ်အဝေါ်အရ -

​‘ရွှေစင်ရုပ်လေးကို အနီရောင်ကြိုးနဲ့ ချည်နှောင်ခြင်း’ ဖြစ်သည်။

​ လုပ်ငန်းစဉ်ကတော့ အောက်ပါအတိုင်း ဖြစ်၏။

​ ဘုရားကျောင်းထဲတွင် ယောကျာ်းလေးနှင့် မိန်းကလေး ရုပ်ပုံသဏ္ဌာန် ဖန်တီးထားသည့် မြေစေးရုပ်လေးများစွာ ရှိသည်။

​ အမွှေးတိုင် ထွန်းညှိပူဇော်ပြီးနောက် ကလေးအလိုရှိသူများသည် မိမိတို့ စိတ်ကြိုက်ရုပ်လေးကို ရွေးချယ်ကာ အနီရောင်ကြိုးဖြင့် ချည်နှောင်ပြီး အိမ်သို့ ယူဆောင်သွားရခြင်း ဖြစ်သည်။

​ ထိုမြေစေးရုပ်လေးများက ကိုယ်စားပြုသည့် ကလေးငယ်များသည် နောက်ဘဝတွင် လူပြန်ဝင်စားလာလိမ့်မည် ဖြစ်သည်။

​ ဖတ်ပြီးနောက် လျူယွမ်က ဒါက လုံးဝ အဓိပ္ပာယ်မရှိတဲ့ ကိစ္စလို့ တွေးလိုက်မိသည်။

​ သို့သော်လည်း ဇနီးဖြစ်သူ ဤမျှ စိတ်အားထက်သန်နေသည်ကို မြင်ရသဖြင့် သူမ၏ စိတ်ကူးကို မဖျက်ဆီးချင်တော့ချေ။

​ “ကောင်းပြီလေ… သွားပြီး လမ်းလျှောက်ကြတာပေါ့…”

​ ဒါကို ဒိတ်လုပ်တာနဲ့ ခရီးထွက်တာလို့ပဲ သဘောထားလိုက်တော့မည်။

​ သူ့အတွေးအရတော့ ဒါက အလုပ်ဖြစ်ဖို့ မလွယ်ကူချေ၊ သူ့ဇနီးက နတ်ဘုရားတစ်ပါးမို့ သာမန် သားဆုပန် ကွမ်ရင်မယ်တော်က သူမကို ကိုယ်ဝန်ရအောင် လုပ်ပေးဝံ့မည် မဟုတ်ပေ။

​ ကလေးဝိညာဉ်တစ်ခု လာခဲ့ရင်တောင် သူမရဲ့ ဝမ်းဗိုက်ထဲကို ဝင်ရောက်မွေးဖွားဝံ့မှာ မဟုတ်ချေ။ ဒါက ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်တာနဲ့ အတူတူပင် ဖြစ်သည်။

​ စားပြီးနောက် စုချင်းရွှယ်က အထူးတလည် ပြင်ဆင်ဝတ်ဆင်လိုက်သည်။

​ သူမက ဒူးဆစ်အထိသာ ရောက်သော ဂါဝန်လေးကို လဲလှယ်ဝတ်ဆင်ထားသဖြင့် သွယ်လျဖြူဝင်းသော ခြေတံလေးများက ပေါ်လွင်နေ၏။

​ ဆံပင်ရှည်များကို ဆံပင်ကျစ်ဆံမြီးလေးနှစ်ဖက် ကျစ်ထားပြီး မျက်နှာတွင် မိတ်ကပ်တစ်စက်မျှ လိမ်းခြယ်ထားခြင်း မရှိချေ။

​ သူမသည် ကျောင်းပြီးစ ဘေးအိမ်က ကောင်မလေးတစ်ယောက်ကဲ့သို့ အပြစ်ကင်းစင်ပုံရပြီး ကလေးအမေတစ်ယောက်ဟု လုံးဝ ပြော၍မရချေ။

​ လင်မယားနှစ်ဦးသား အပြင်သို့ ထွက်လာခဲ့ကြသည်။

​ ဝင်းခြံထဲတွင် သမီးဖြစ်သူ လျူနျန်က သူမ၏ နေ့စဉ် သိုင်းသင်ခန်းစာကို စတင်နေပြီ ဖြစ်သည်။

​ ဒုတိယသခင်ကြီးချင်က သူမကို ထိုင်နည်း သင်ပေးနေပြီး ကောင်မလေး၏ ခြေလှမ်းများက တည်ငြိမ်ကာ အတော်လေး ကြည့်ကောင်းနေခဲ့သည်။

​ “မမ… ခဲအို… ကျွန်မလည်း လိုက်ချင်တယ်၊ သွားမယ်လေ…”

​ စုယွီမော့က မျှော်လင့်ချက်အပြည့်ဖြင့် နောက်ကနေ ပြေးလိုက်လာခဲ့သည်။

​ လျူယွမ်က လှည့်ကြည့်လိုက်ပြီး - “နင်က ဘာလိုက်လုပ်မှာလဲ၊ လူပိုကြီး ဖြစ်ချင်လို့လား…”

​ စုယွီမော့မှာ နေရာတွင်တင် ဆွံ့အသွားပြီး ဝေးကွာသွားသော လူရိပ်နှစ်ခုကို ကြည့်ကာ ဒေါသတကြီးဖြင့် ခြေဆောင့်ကျန်ခဲ့တော့သည်။

​ ထိုနေ့ ညနေခင်းတွင်…

​ လျူယွမ်နှင့် စုချင်းရွှယ်တို့သည် အပြင်တွင် ညစာစားခဲ့ကြပြီး ည ၈ နာရီမှသာ အိမ်သို့ ပြန်ရောက်လာခဲ့ကြသည်။

​ ညဉ့်အမှောင်က မင်ရည်ကဲ့သို့ နက်မှောင်နေ၏။ သူတို့နှစ်ဦးသည် တိတ်ဆိတ်သော လမ်းကြားလေးထဲတွင် လက်ချင်းချိတ်ကာ လျှောက်လှမ်းလာကြပြီး ဒိတ်လုပ်ပြီးစ ကောလိပ်ကျောင်းသားနှစ်ဦးနှင့် တူလှသည်။

​ “မောင်… ဒီမြေစေးရုပ်လေးက တော်တော် ချစ်စရာကောင်းတယ်နော်…”

​ စုချင်းရွှယ်က သူမလက်ထဲက မြေစေးရုပ်လေးကို ကြည့်လိုက်သည်။

ထိုရုပ်လေးက လက်တစ်ဖက်ကို ရေနွေးအိုးလို ပုံစံလေးလုပ်ပြီး နောက်လက်တစ်ဖက်ကို ခါးထောက်ထားကာ အတော်လေး မာန်ဝင့်နေသည့် ပုံစံရှိသည်။

​ ထိုထွက်နေသော နေရာလေးတွင် အနီရောင်ကြိုးတစ်ချောင်း ချည်နှောင်ထား၏။

​ ဒါက သူမနဲ့ လျူယွမ်တို့ နေ့ခင်းက ပုဒူဘုရားကျောင်းမှာ သားဆုပန်ခဲ့ရာကနေ ရရှိလာတဲ့ ရေနွေးအိုးပုံစံ ပါရှိတဲ့ မြေစေးရုပ်လေး ဖြစ်သည်။

​ စုစုပေါင်း ယွမ်သုံးရာ တန်ကြေးရှိ၏။

​ လျူယွမ်က ထိုအရာကို လှမ်းကြည့်လိုက်ရာ… လက်ကားဈေးအရဆိုလျှင် တစ်ခုကို တစ်ယွမ်ပင် ရှိမည်မဟူတ်ချေ။

​ သူတို့နှစ်ဦးသည် ခြံဝင်းထဲသို့ ခြေဖွဖွနင်းကာ ဝင်လာခဲ့ကြပြီး သူခိုးများကဲ့သို့ လှုပ်ရှားမှုချင်း တစ်ထပ်တည်း ကျနေခဲ့သည်။

​ တကယ့်ကို အတွဲညီလှတဲ့ လင်နဲ့မယားပါတကား။

​ အဓိကကတော့ သမီးဖြစ်သူ လျူနျန်ရဲ့ ကျင့်ကြံခြင်းကို မနှောင့်ယှက်မိစေရန် ဖြစ်သည်။

​ ကလေးမလေးက ခြံဝင်းအလယ်တွင် တင်ပျဉ်ခွေထိုင်နေပြီး ကြယ်အလင်းတန်းများ အောက်တွင် လွှမ်းခြုံနေခဲ့သည်။

​ ငွေရောင် ကြယ်အလင်းတန်းများမှာ ရေတွက်၍မရသော ချည်မျှင်လေးများအဖြစ် ပြောင်းလဲကာ သူမ၏ ထိပ်ဦးမှတစ်ဆင့် ဝင်ရောက်သွားပြီး သူမ၏ပတ်ပတ်လည်တွင် ဖြည်းညှင်းစွာ လည်ပတ်နေသော အလင်းအိမ်တစ်ခုအဖြစ် တည်ရှိနေကာ အလွန်ပင် မြင့်မြတ်လှသော မြင်ကွင်း ဖြစ်နေ၏။

​ “နျန်နျန်လေးက အဆင့်လေးနယ်ပယ်ကို ဖောက်ထွက်တော့မယ်…” စုချင်းရွှယ်က တစ်ခုခုကို သတိပြုမိသွားပြီး တိုးတိုးလေး ပြောလိုက်သည် - “သူမက အတွင်းအင်္ဂါတွေကို သန့်စင်ဖို့ ကြယ်အလင်းတန်းတွေကို ခန္ဓာကိုယ်ထဲ ဆွဲသွင်းနေတာ…”

​ “ငါတို့ သမီးလေးက တကယ့်ကို အံ့ဩစရာပဲ…” လျူယွမ်က လက်မထောင်ပြလိုက်သည်။

​ စုချင်းရွှယ်က သူမလက်ထဲက မြေစေးရုပ်လေးကို လှုပ်ခါပြကာ သမီးဖြစ်သူ လျူနျန်၏ ရှေ့တည့်တည့်တွင် ထားလိုက်ပြီး ဗီဒီယိုထဲက သင်ခန်းစာအတိုင်း တိုးတိုးလေး ပြောလိုက်၏ -

​“သား(သမီး)လေး… မြင်လား၊ ဒါက မင်းရဲ့ မမပဲ… မေမေ့ဆီ အမြန်လာခဲ့တော့…”

​ ထိုမြေစေးရုပ်လေးကို ကြည့်ပြီး လျူယွမ်က စိတ်ထဲကနေ တိုးတိုးလေး ရေရွတ်လိုက်သည် - “ငါ့သား… မင်း သေရမှာမကြောက်ရင်တော့ လာခဲ့လိုက်တော့…”

​ ခြံဝင်းထဲတွင် ရှိနေသော အငြိမ်းစား အဘိုးကြီးအဘွားကြီးများမှာ အိမ်ထဲတွင် ရှိနေကြသော်လည်း အသံကြားသဖြင့် ပြတင်းပေါက်များမှတစ်ဆင့် ခေါင်းပြူကြည့်လိုက်ကြသည်။

​ လူအုပ်ကြီးက စကားတစ်ခွန်းမျှမဆိုဘဲ အကြည့်ချင်း ဖလှယ်လိုက်ကြပြီး လျူနျန်ရဲ့ ကျင့်ကြံခြင်းကို မနှောင့်ယှက်ချင်ကြချေ။

​ သူမ၏ ဒေါက်ဖိနပ်သံ ထွက်ပေါ်မည်ကို စိုးရိမ်သဖြင့် စုချင်းရွှယ်က လျူယွမ်၏ ရင်ခွင်ထဲသို့ ဆွေ့ခနဲ ခုန်ဝင်လိုက်သည်။

​ အမှန်တော့ သူမအနေဖြင့် လေထဲတွင် ပျံဝဲသွားနိုင်သော်လည်း ခင်ပွန်းဖြစ်သူ၏ ရင်ခွင်လောက် စိတ်ချရပြီး နွေးထွေးသည်က မရှိချေ။

​ လျူယွမ်က ဇနီးဖြစ်သူကို ပွေ့ချီကာ အိမ်ထဲသို့ တစ်လှမ်းချင်း လျှောက်ဝင်လာခဲ့သည်။

​ “နျန်နျန်လေးက နေ့ရောညပါ ဒီလို ကျင့်ကြံနေတာ ပြဿနာမရှိနိုင်ဘူးလား…” လျူယွမ် အနည်းငယ် စိတ်ပူသွားပြီး ဖခင်တစ်ဦးအနေဖြင့် အကြောင်းပြချက်မရှိဘဲ စိတ်မကောင်းဖြစ်မိသွားသည်။

​ “ဘယ်လိုလုပ် ရှိမှာလဲ…” စုချင်းရွှယ်က ခေါင်းခါလိုက်ကာ - “နျန်နျန်လေးမှာ နတ်ဘုရားသွေးမျိုးဆက်ရှိတယ်၊ သိုင်းပညာကသာ သူမရဲ့ အလားအလာကို ဖော်ထုတ်ပေးနိုင်မှာ၊ ပြီးတော့ သူမလည်း လုံးဝ မပင်ပန်းပါဘူး…”

​ “မောင်… ကျွန်မတို့ ဒီရုပ်လေးကို ဘယ်မှာ ထားရမလဲ…” စုချင်းရွှယ်က ပတ်ပတ်လည်ကို ကြည့်လိုက်သည်။

​ လျူယွမ်က အိပ်ခန်းထဲက ကုတင်ဘေး စားပွဲခုံကို ညွှန်ပြလိုက်ရင်း - “ဟိုမှာ ထားလိုက်၊ အဓိက နေရာပေါ့…”

​ စုချင်းရွှယ်က မြေစေးရုပ်လေးကို အသေအချာ နေရာချလိုက်ပြီးနောက် လျူယွမ်ကို ရေချိုးရန် ရေချိုးခန်းထဲသို့ ဆွဲခေါ်သွားခဲ့သည်။

​ “မောင်… အမြန်လာ… ငါတို့ ထုံးတမ်းစဉ်လာရဲ့ နောက်ဆုံးအဆင့်ကို လုပ်ရတော့မယ်…”

​ “ဒီည ပြီးသွားရင်တော့ ဒီရုပ်လေးရဲ့ စွမ်းဆောင်ရည် ဘယ်လောက်ရှိလဲ သိရပြီ…”

​ “အကယ်၍ အလုပ်မဖြစ်ရင်တော့ ကျွန်မ (bad review) ပေးပြီး မနက်ဖြန် သွားပြန်အမ်းပစ်မယ်…”

​ လျူယွမ်က ပြုံးလျက် သူမ၏ ပါးပြင်လေးကို ဆွဲလိမ်လိုက်ပြီး ဇနီးဖြစ်သူ၏ ကျောပြင်လေးကို အသာအယာ ပုတ်ပေးရင်း ထုံးတမ်းစဉ်လာကို စတင်လိုက်တော့သည်။

​ ညဉ့်က နက်သထက် နက်လာခဲ့လေပြီ…

​ ခြံဝင်းအပြင်ဘက်တွင် အေးစက်သော လေပြင်းများ တိုက်ခတ်နေခဲ့သည်။

​ မှောင်မိုက်သော လမ်းကြားလေးထဲမှ ဝိညာဉ်တစ်ခု ချဉ်းကပ်လာခဲ့ရာ… ၎င်းက အသက် ခုနစ်နှစ် သို့မဟုတ် ရှစ်နှစ်အရွယ် ကလေးငယ်တစ်ဦး ဖြစ်သည်။

​ သူ့မျက်နှာက ဖြူလျော်နေသော်လည်း သူ့အသက်အရွယ်နှင့်မလိုက်အောင် ကောက်ကျစ် စဉ်းလဲမှုများ ထွက်ပေါ်နေလေ၏။

​ သူဟာ ကံတရားရဲ့ ခြေရာကို လိုက်လာခဲ့ရာ သူ့မျက်စိရှေ့တွင် ဖျော့တော့သော အနီရောင်ကြိုးတစ်ချောင်း ပေါ်ပေါက်လာခဲ့သည်။

​ ထိုအနီရောင်ကြိုးက ခြံဝင်း၏ တံခါးမကြီးကို ဖြတ်သန်းကာ တံခါးကြားမှတစ်ဆင့် အိမ်အနက်ပိုင်းအထိ ရောက်ရှိနေခဲ့ခြင်း ဖြစ်၏။

​ “မေမေ… သား လာပြီနော်…”

​ ထိုကောင်လေးက ထူးဆန်းသော အပြုံးတစ်ခုကို ပြုံးလိုက်ပြီး ခြံဝင်းတံခါးကို တွန်းဖွင့်လိုက်သည်။

​ “မေမေက ဒီလောက်ကြီးတဲ့ ခြံဝင်းထဲမှာ နေတာဆိုတော့ တကယ့်ကို သူဌေးကြီး ဖြစ်ရမယ်…”

​ “ဒါဆို ငါလည်း သူဌေးသားလေး ဖြစ်တော့မှာပေါ့…”

​ ထိုကောင်လေးက ခြံဝင်းထဲသို့ ခြေချလိုက်သည်နှင့် ပျော်ရွှင်စွာဖြင့် ခုန်ပေါက်နေခဲ့သည်။

​ သို့သော်လည်း… ချက်ချင်းပင် ထိတ်လန့်စရာကောင်းသော အရှိန်အဝါ ၁၀ ခုက သူ့ထံသို့ ဦးတည် ပိတ်ဆို့လိုက်တော့သည်။

​ ကောင်လေး၏ တစ်ကိုယ်လုံးရှိ အမွေးအမျှင်များ ချက်ချင်း ထောင်ထသွားပြီး ကျောရိုးထဲအထိ အေးစက်သွားသလို ခံစားလိုက်ရသည်။

​ ဒါက ဘယ်လို နဂါးနဲ့ ကျားတွေ အောင်းနေတဲ့ ဂူကြီးလဲ။

​ ငါ အထဲကို ဝင်လို့ရပါ့မလား။

​ သူ အနည်းငယ် နောက်ဆုတ်ချင်သွားသည်။

​ ဒါပေမဲ့… မစွန့်စားရင် ဘာမှမရနိုင်ပေ။

​ ကောင်လေးက သတ္တိမွေးလိုက်ပြီး အနီရောင်ကြိုးအတိုင်း အထဲသို့ ဆက်လက် လျှောက်လှမ်းခဲ့သည်။

​ ထိုအချိန်တွင်…

​ ဝင်းခြံထဲ၌ ကြယ်အလင်းတန်းများဖြင့် ခန္ဓာကိုယ်ကို သန့်စင်နေသော လျူနျန်သည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။

​ သူမပတ်ပတ်လည်ရှိ အလင်းအိမ်ကြီးက ပြင်းထန်စွာ တုန်ခါသွားပြီး ကြယ်အလင်းတန်းများ တဟုန်ထိုး ဝင်ရောက်သွားတော့သည်…။

​ သူမ၏ ခန္ဓာကိုယ်ထဲတွင် အစက နူးညံ့နေခဲ့သော အတွင်းအင်္ဂါများမှာ ယခုအခါ ဖျော့တော့သော ဖန်သားပြင်ကဲ့သို့ တောက်ပလာခဲ့ပြီ ဖြစ်သည်။

​ သူမ၏ သွေးနှင့် ချီစွမ်းအင်များမှာ မိုးခြိမ်းသံကဲ့သို့ ဟိန်းထွက်နေပြီး ကောင်းကင်ရှိ ကြယ်တာရာများနှင့် ပဲ့တင်ထပ်နေ၏။

​ ဒါက ကြယ်အလင်းတန်းများကို သုံးပြီး အတွင်းပိုင်း သန့်စင်ခြင်း အောင်မြင်သွားသည့် လက္ခဏာပင် ဖြစ်သည်။

​ အတားအဆီးကို ဖောက်ထွက်သွားလေသည်။

​ အဆင့်လေး သိုင်းသူရဲကောင်းအဆင့်…..

​ ပြင်းထန်သော အရှိန်အဝါများက သူမ၏ သေးငယ်သော ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲထွက်လာခဲ့သည်။

​ သူမ၏ မျက်ဝန်းများထဲတွင် အိမ်မက်ဆန်သော အရောင်များက တောက်ပလာပြီး…

​ သူမ၏ ကောင်းကင်မျက်စိဖြင့် အထဲသို့ ဝင်လာသော ကောင်လေးကို စိုက်ကြည့်လိုက်ရာ… သူ၏ ကံတရားနှင့် မူလဇာစ်မြစ်ကို ချက်ချင်းပင် ထိုးဖောက်မြင်သွားခဲ့သည်။

​ “ငါ့ရဲ့ မောင်လေး ဖြစ်ချင်တယ်ပေါ့လေ…”

​ “ ငါ့ကို စိန်ခေါ်ဝံ့လား…”

All Chapters