အခန်း ၅၆
Vol. 6 Ch. 56
အပိုင်း (၅၆)
“မောင်... ‘ခွေးလွှတ်လိုက်မယ်’ ဆိုလို့ ကျွန်မက ဘာများလဲလို့၊ ခွေးဝါကြီးကို ပြောတာကိုး၊ ကျွန်မကတော့ဖြင့်...”
စုချင်းရွှယ်က လျူယွမ်၏ ရင်ခွင်ထဲသို့ တိုးဝင်လျက် ခြံဝင်းထဲက အခြေအနေအားလုံးကို အတိုင်းသား အာရုံခံမိနေသည်။
သူမက စကားကို တစ်ဝက်ရုံနှင့် ရပ်လိုက်ပြီး ပါးစပ်လေးကို လက်ဖြင့်အုပ်ကာ ဆက်မပြောရဲတော့ချေ။
“မင်းရဲ့ ဆရာလို့များ ထင်နေတာလား...” လျူယွမ်က သူမကို စနောက်လိုက်သည်။
စုချင်းရွှယ်က သူမ၏ ခြေထောက်အစုံဖြင့် သူ့ခါးကို ရစ်ပတ်လိုက်ပြီးနောက် နူးညံ့သော နှုတ်ခမ်းအစုံဖြင့် သူ့ရဲ့ စနောက်မှုကို တိတ်ဆိတ်သွားစေတော့သည်။
အိမ်ပြင်ပ ခြံဝင်းထဲတွင်…
အငြိမ်းစား အဘိုးကြီးအချို့ အခန်းထဲကနေ ထွက်လာကြသည်။
သူတို့က နျန်နျန်အတွက် ကိုယ်တိုင်ဝင်ပါပြီး ထိုဝိညာဉ်ကောင်လေးကို ဇာတ်သိမ်းပေးရန် ပြင်ဆင်နေကြဆဲ ဖြစ်သည်။
သို့သော် မမျှော်လင့်ဘဲ ခွေးအိမ်ထဲက ခွေးက အရင် လက်ဦးပြီး လှုပ်ရှားသွားခဲ့သည်။
“ခုနက ခွေးဝါကြီး မဟုတ်လား...” သခင်ကြီးချင်က မျက်လုံးကို ပွတ်ရင်း - “ဒီကောင်စုတ်လေး သေသွားတာ ဆယ်စုနှစ်တစ်ခုမကတော့ဘူး၊ အခုထိ ခြံကို စောင့်နေတုန်းပဲလား...”
“ဒါက ခြံစောင့်ရုံတင် ဘယ်ကမလဲ...” အဘိုးကျန်းက မုတ်ဆိတ်မွေးကို သပ်ရင်း စိတ်လှုပ်ရှားစွာဖြင့် - “သူသေဆုံးသွားပြီးတဲ့နောက်မှာပါ ယွမ်အာအပေါ် ထားတဲ့ သစ္စာတရားက မပျက်ပြယ်ခဲ့ဘူး၊ ဒါကြောင့်လည်း ဝိညာဉ်ကနေ ကျင့်ကြံပြီး ကာကွယ်စောင့်ရှောက်တဲ့ ‘အစောင့်အရှောက်နတ်ခွေး’ ဖြစ်လာတာပေါ့...”
“ငါမှတ်မိသေးတယ်၊ ယွမ်အာ မူလတန်းတုန်းက လမ်းဘေးကနေ ကောက်ရလာတဲ့ လေလွင့်ခွေးလေးလေ...” အဘိုးဝမ်ကျန့်ကော်ကလည်း အတိတ်ကို ပြန်ပြောင်းသတိရသွားပြီး အကြည့်တွေ နူးညံ့သွားကာ - “အဲဒီတုန်းက ခွေးဝါကြီးက နေ့တိုင်း တံခါးဝမှာ စောင့်နေတတ်တာ၊ ယွမ်အာ လွယ်အိတ်လေးလွယ်ပြီး ပြန်လာတာ မြင်တာနဲ့ ဝမ်းသာအားရ ပြေးလာပြီး အမြီးနန့်၊ မြေကြီးပေါ်လူးလိမ့်နဲ့ တကယ့်ကို အချစ်တော်လေး ဖြစ်ခဲ့တာပဲ...”
“ဟုတ်ပေတယ်...” အဘိုးချန်းမိုက ခပ်တိုးတိုး ရယ်မောလိုက်ပြီး - “အခုတော့ သခင်ကြီးက အရွယ်ရောက်လို့ သခင်လေးတောင် ရနေပြီ၊ နျန်နျန်လေးကို ကြည့်ဦး... အဲဒီကောင်မလေးကလည်း ခွေးဝါကြီးကို တော်တော် ချစ်ပုံရတယ်...”
အဘိုးလီက ခေါင်းညိတ်လိုက်ပြီး အကြည့်တို့က နက်ရှိုင်းသွားကာ - “ခွေးဝါကြီးက အဲဒီမျောလွင့်ဝိညာဉ်ကို စားပြီးတဲ့နောက်၊ သူ့ရဲ့ နတ်ဘုရားရာထူးအရှိန်အဝါကို အစာခြေဖျက်နိုင်သွားရင် ယင်ဝိညာဉ်အဆင့်ကနေ မျောလွင့်ဝိညာဉ်အဆင့်ကို တက်လှမ်းနိုင်လိမ့်မယ်၊ အဲဒီကျရင် ဒီခွေးအိမ်ကျဉ်းကျဉ်းလေးထဲမှာပဲ အပိတ်ခံနေရမှာ မဟုတ်ဘဲ လောကအနှံ့ လွတ်လပ်စွာ လှည့်လည်နိုင်ပြီပေါ့...”
အဘိုးကြီးများက တစ်ယောက်တစ်ပေါက် ဆွေးနွေးရင်း ခြံဝင်းအလယ်သို့ စုရုံးရောက်ရှိလာကြသည်။
နျန်နျန်လေးကတော့ ထိုနေရာတွင် ရပ်ကာ ခြေချောင်းလေးများဖြင့် ပျက်စီးသွားသော အုတ်ကြွပ်ပြားများကို ကော်နေပြီး တွင်းကြီးကို ပြန်ဖုံးရန် ကြိုးစားနေပုံရသည်။
အဘိုးချန်က အမြန်ဒူးထောက်ထိုင်လိုက်ပြီး အသာအယာ နှစ်သိမ့်လိုက်သည် - “နျန်နျန်လေး... စိတ်မပူနဲ့နော်၊ အုတ်ခဲအကျိုးအပဲ့ အနည်းငယ်ပဲဥစ္စာ... အဘိုး ပြန်ပြင်ပေးမယ် ဟုတ်ပြီလား...”
“ဟုတ်တယ်...” အဘိုးချန်းမိုက မျက်မှန်ကို ပင့်တင်ရင်း စနောက်လိုက်သည် - “မင်းရဲ့ အဘိုးချန်က အရင်တုန်းက အင်ဂျင်နီယာမေဂျာနဲ့ ကျောင်းဆင်းခဲ့တာ၊ အင်္ဂတေကိုင်တဲ့နေရာမှာ လက်ရာကတော့ ရှယ်ပဲ...”
အဘွားစွန်းက လျူနျန်၏ လက်ကလေးကို ဆွဲကာ သွေးခုန်နှုန်းကို စစ်ဆေးလိုက်ပြီး ဒဏ်ရာမရတာ သေချာမှ ခေါင်းလေးကို ချစ်စနိုး ပုတ်ပေးလိုက်ကာ - “နျန်နျန်လေး... အခန်းထဲပြန်ပြီး နားတော့နော်၊ တစ်နေ့လုံး ကျင့်စဉ်တွေကျင့်၊ တိုက်ပွဲတွေတိုက်နဲ့ ပင်ပန်းနေရောပေါ့...”
လျူနျန်က လိမ္မာယဉ်ကျေးစွာ ခေါင်းညိတ်ပြပြီး ခြေလှမ်းတိုလေးများဖြင့် အခန်းထဲသို့ ပြေးဝင်သွားတော့သည်။
သူမက ခုံပေါ်သို့ ကျွမ်းကျင်စွာ တက်လိုက်ပြီး စားပွဲပေါ်က နို့ဗူးကို ယူကာ အငမ်းမရ သောက်လိုက်ပြီးနောက် ခြေရောလက်ပါ သုံးကာ ပုခက်ထဲသို့ တွားတက်သွားသည်။
အိပ်စက်မည့် ပုံစံကို ယူလိုက်သည်နှင့် [မွေးရာပါအသက်ရှူခြင်း ကျင့်စဉ်] ကို စတင်လည်ပတ်စေရာ အသက်ရှူသံက ရှည်လျားပြီး နက်ရှိုင်းသွားတော့သည်။
အိပ်ပျော်နေသည့်တိုင် ကျင့်ကြံခြင်းကို မေ့မထားချေ။
ညဉ့်နက်သန်းခေါင်ယံအချိန်…
ဇနီးဖြစ်သူ စုချင်းရွှယ်ကို ဖက်ထားသော လျူယွမ်သည် အိပ်မောကျခြင်းနှင့် နိုးထခြင်းကြား အခြေအနေမျိုးဖြင့် အသိစိတ် ကင်းလွတ်သွားခဲ့သည်။
မြင့်မားလှသော မြို့ရိုးကြီး၏ အောက်ခြေတွင် မရေမတွက်နိုင်သော သက်ရှိသတ္တဝါများ ကမ္ဘာပျက်မတတ် သိပ်သည်းစွာ တိုးဝှေ့ပေါ်ပေါက်လာကြသည်။
ဒါက နောက်ထပ် သံသရာစက်ဝန်း အသစ်တစ်ခုပင် ဖြစ်သည်။
“သတ်ကြစမ်း...!!!”
ဟိန်းဟောက်သံများနှင့်အတူ သူတို့သည် ဒီရေလှိုင်းများအလား တစ်သုတ်ပြီးတစ်သုတ် တိုးဝှေ့ကာ ပိတ်ဆို့ထားသော မြို့တံခါးကြီးကို ချိုးဖျက်ဝင်ရောက်သွားကြသည်။
ကျဆုံးဒဏ်ရာရသူက ထက်ဝက်မက များပြားလှပြီး အထိအခိုက် အကျအဆုံးက အလွန်ပင် ကြီးမားလှသည်။
ဒါပေမဲ့ ဒါဟာ အစပျိုးရုံသာ ရှိသေးသည်။
မြို့ထဲတွင်... သံကြိုးများဖြင့် ချည်နှောင်ခြင်းခံထားရသော ဧရာမ သားရဲကြီးက ချော်ရည်ကဲ့သို့ နီရဲတောက်လောင်နေသော မျက်လုံးကြီးကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ပြီ ဖြစ်သည်။
၎င်း၏ တစ်ကိုယ်လုံးတွင် လှုပ်ရှားနေသော အကြေးခွံများ ဖုံးလွှမ်းနေပြီး ကြောက်မက်ဖွယ် ဖိအားလှိုင်းများကို ထုတ်လွှတ်နေသည်။
ဝူး......
တောင်တန်းတွေကိုပါ ဖြိုလဲနိုင်စွမ်းရှိသော ဧရာမ အမြီးကြီးက မြေပြင်ကို ရိုက်ခတ်လိုက်ရာ တစ်ခဏချင်းမှာပင် ထောင်သောင်းမကသော သက်ရှိများ ပွဲချင်းပြီး သေဆုံးသွားခဲ့ရသည်။
သို့သော် သက်ရှိများ၏ အရေအတွက်က များပြားလွန်းလှသည်။
ထို့ပြင် မြို့ရိုးအပြင်ဘက်တွင်လည်း စစ်ကူများ ထပ်မံ ရောက်ရှိနေပြီ ဖြစ်သည်။
စစ်အားမာန်တို့က ထိပ်ဆုံးသို့ ရောက်ရှိနေကြသည်။
သူတို့အားလုံး လေထဲသို့ ပျံတက်ပြီး သားရဲကြီးဆီသို့ ချဉ်းကပ်သွားကြတော့သည်။
“သတ်...!!!”
သူတို့၏ သက်တမ်းက အလွန်တိုတောင်းလှသည်၊ ပိုးတုံးလုံးဘဝကနေ ရုန်းထွက်လာပြီး ညနေခင်းတွင် မွေးဖွားကာ နံနက်ခင်းတွင် သေဆုံးရသည့် ပိုးကောင်လေးများကဲ့သို့ပင်။
ဘယ်အချိန်မှာ သေဆုံးသွားမလဲ မသိနိုင်သော်လည်း သူတို့၏ အသက်စွမ်းအားအားလုံးကို လောင်ကျွမ်းစေပြီး ဘဝ၏ အပြင်းထန်ဆုံး တိုက်ကွက်ကို ထုတ်ဖော်လိုက်ကြသည်။
သားရဲကြီး၏ ကိုယ်ပေါ်တွင် ကုတ်ခြစ်ရာ အနည်းငယ်ပင် ထင်ကျန်ရစ်စေဦးတော့….
သူတို့ကတော့ မိမိတို့၏ အသက်ဝိညာဉ်ကို လောင်ကျွမ်းပစ်လိုက်ကြပြီ ဖြစ်သည်။
ထိုခဏတာ တောက်ပမှုအတွက်နှင့်ပင်...
မည်းမှောင်နေသော ကောင်းကင်အောက်၊ သားရဲကြီး၏ ဟိန်းဟောက်သံများနှင့်အတူ မရေမတွက်နိုင်သော သက်ရှိများက အတောင်ပံကျိုးသွားသည့် ငှက်ငယ်များကဲ့သို့ မိုးပေါက်များအလား မြေသို့ သက်ဆင်းကျဆုံးကုန်ကြသည်။
ကောင်းကင်ကြီးမှာ သွေးမျက်ရည်ကျကာ၊ အဖြူရောင် အရိုးစုများက ဧကရာဇ်လမ်းမကြီးထက်တွင် ပြည့်နှက်သွားခဲ့ရသည်။
သားရဲကြီးက ၎င်း၏ ဧရာမပါးစပ်ကြီးကို ဟလိုက်ပြီး အရာအားလုံးကို ပြာချနိုင်သော မိစ္ဆာမီးတောက်များကို မှုတ်ထုတ်ကာ သက်ရှိအားလုံးကို ဝါးမြိုပစ်လိုက်တော့သည်။
သူတို့ တစ်ဖန် ရှုံးနိမ့်သွားခဲ့ပြန်ပြီဖြစ်သည်။
သို့သော် နောက်ထပ် သံသရာစက်ဝန်းတစ်ခု ရှိနေဦးမည် ဖြစ်သည်။
နောက်တစ်နေ့ အရုဏ်မတက်မီ…
လျူယွမ် ချက်ချင်း မျက်လုံးပွင့်လာပြီး မိမိကိုယ်ကိုယ် မျက်နှာကျက်ပေါ်တွင် ပျံဝဲနေသည်ကို တွေ့လိုက်ရသဖြင့် လန့်ဖျတ်သွားခဲ့သည်။
အောက်ကို ငုံ့ကြည့်လိုက်ရာ... ကုတင်ပေါ်တွင် အခြားမိမိတစ်ယောက် လဲလျောင်းနေပြီး နူးညံ့သောအသားဆိုင်တစ်ခုက သူ့အပေါ်ကနေ ဖိထားသည်ကို မြင်လိုက်ရသည်။
“ငါ့ကို ဘီလူးစီးနေတာလားဟ...”
လျူယွမ်၏ စိတ်ထဲမှာ မသိစိတ်အရ တွေးလိုက်မိသော်လည်း သူ့ကို ဖိထားတာက သရဲမဟုတ်ဘဲ ဇနီးဖြစ်သူ ဖြစ်ကြောင်း ချက်ချင်း ရိပ်မိသွားသည်။
နံနက် ၆ နာရီ ရှိပြီဖြစ်ပြီး ဇနီးဖြစ်သူက သူ့ရင်ခွင်ထဲ တိုးဝင်လျက် အိပ်မောကျနေဆဲ ဖြစ်သည်။
“ငါ့... ဝိညာဉ်က ခန္ဓာကိုယ်ထဲကနေ ထွက်သွားတာလား...”
လျူယွမ်က [နတ်ဘုရားဘွဲ့နှင်းခြင်း လမ်းစဉ်] ရဲ့ လမ်းကြောင်းကို ချက်ချင်း သတိရလိုက်မိသည် -
ယင်ဝိညာဉ်၊ မျောလွင့်ဝိညာဉ်၊ ယန်ဝိညာဉ်၊ နတ်ဘုရားဝိညာဉ်။
သူက အခု [နတ်ဘုရားဘွဲ့နှင်းခြင်း လမ်းစဉ်] ရဲ့ ပထမဆုံးသော နယ်ပယ်ကြီးထဲကို ဝင်ရောက်သွားခဲ့ပြီ ဖြစ်သည် -
ဝိညာဉ်ခန္ဓာအသွင် ပြောင်းလဲခြင်း
သို့သော် သူသည် [နတ်ဘုရားဘွဲ့နှင်းခြင်း လမ်းစဉ်] နှင့် ပတ်သက်သည့် မည်သည့် ပညာရပ်ကိုမှ မကျင့်ကြံဖူးချေ၊ ထိုပညာရပ်များက အလွန် ဆန်းကြယ်လှပြီး သာမန် သိုင်းပညာရှင်များ လုံးဝ မသိရှိနိုင်သော အရာများ ဖြစ်သည်။
သို့သော် သူကတော့ အိပ်ပျော်နေရင်းနှင့်ပင် နတ်ဘုရားဖြစ်မည့် ပထမဆုံးခြေလှမ်းကို အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။
အဖြေကတော့ ရှင်းနေလေသည် -
မနေ့ညက မျိုးရိုးဗီဇ ဆင့်ကဲပြောင်းလဲမှုရဲ့ ရလဒ်ကြောင့်ပင် ဖြစ်သည်။
ငါ့ရဲ့ ညီအစ်ကိုတွေက တကယ် ကြိုးစားခဲ့ကြတာပဲ။
တားမြစ်နယ်မြေထဲက Boss တိုက်ပွဲမှာ မအောင်မြင်ခဲ့ပေမယ့် အတွေ့အကြုံ တော်တော်များများတော့ ရရှိခဲ့သည်။
ထို ဆင့်ကဲပြောင်းလဲခြင်းနှင့် အတွေ့အကြုံများက လျူယွမ်၏ ခန္ဓာကိုယ်ဆီသို့ ပြန်လည်သက်ရောက်လာပြီး [နတ်ဘုရားဘွဲ့နှင်းခြင်း လမ်းစဉ်] စနစ်ကို အတင်းအဓမ္မ ဖန်တီးပေးလိုက်ခြင်း ဖြစ်သည်။
လျူယွမ်က မိမိ၏ ယင်ဝိညာဉ်ကို ထိန်းချုပ်ရန် ကြိုးစားရင်း မျက်နှာကျက်ပေါ်ကနေ ဖြည်းဖြည်းချင်း ဆင်းသက်လာခဲ့သည်။
၎င်းက အလွန် ပေါ့ပါးလှပြီး အလေးချိန် လုံးဝ မရှိသကဲ့သို့ ဖြစ်နေကာ လေတစ်ချက် တိုက်လိုက်ရုံနှင့် လွင့်စင်သွားမည့်အတိုင်း ဖြစ်သည်။
နောက်ဆုံးတွင်…
သူ့ရဲ့ ယင်ဝိညာဉ်က ဇနီးဖြစ်သူ စုချင်းရွှယ်၏ ချောမွေ့ဝင်းပသော ကျောပြင်လေးပေါ်သို့ တိတ်တဆိတ် သက်ဆင်းထိုင်လိုက်မိသည်။
နောက်တစ်စက္ကန့်တွင် စုချင်းရွှယ်မှာ ဖြည်းဖြည်းချင်း မျက်လုံးပွင့်လာခဲ့သည်။
သူမက တကယ် အိပ်ပျော်နေခြင်း မဟုတ်ဘဲ ခင်ပွန်းဖြစ်သူနှင့် နီးနီးကပ်ကပ် နေရသည့် ခံစားချက်ကို သဘောကျနေခြင်းသာ ဖြစ်သည်။
“နေပါဦး... ဘာလို့ ငါ့ရဲ့ ယောက်ျားက နှစ်ယောက် ဖြစ်နေရတာလဲ...”
သူမ ခေါင်းကို လှည့်ကြည့်လိုက်ရာ ဆွံ့အသွားခဲ့ရသည်။
သူမ မျက်ဝန်းထဲတွင် အံ့သြရိပ်များ ဖြတ်ပြေးသွားသော်လည်း ချက်ချင်းပင် တည်ငြိမ်သွားသည်။
သူမ ဖိထားတာက ခင်ပွန်းဖြစ်သူ၏ ရုပ်ခန္ဓာ ဖြစ်သည်။
သူမအပေါ်ကနေ အုပ်မိုးထားတာက ခင်ပွန်းဖြစ်သူ၏ ဝိညာဉ်ခန္ဓာ ဖြစ်သည်။
သူမကတော့ အသားညှပ်မုန့် ဖြစ်နေသလိုပင်။
ငါ့ယောက်ျားက တတိယလမ်းစဥ်ကိုပါ ရှာတွေ့သွားပြီပဲ...
စုချင်းရွှယ် အတော်လေး တုန်လှုပ်သွားမိသော်လည်း ဒါက မျိုးရိုးဗီဇ ဆင့်ကဲပြောင်းလဲမှုရဲ့ ရလဒ်မှန်း သူမ ကောင်းကောင်း သိနေသည်။
သိုင်းပညာ ကျင့်ကြံရာကနေ၊ အင်မော်တယ် လမ်းစဥ်၊ ထိုမှတစ်ဆင့် နတ်ဘုရားလမ်းစဥ်အထိ...
လျူယွမ်၏ သက်ရှိအဆင့်အတန်းက နောက်တစ်ဆင့်သို့ မြင့်တက်သွားခဲ့ပြီ ဖြစ်သည်။
“မောင်... ကျွန်မရဲ့ ခန္ဓာကိုယ်ထဲကို ဝင်ကြည့်ပါလား...”
စုချင်းရွှယ်က လျူယွမ်ကို ယင်ဝိညာဉ်အား ထိန်းချုပ်နိုင်ရန် ကူညီပေးသည့်အနေဖြင့် သူမ၏ ခန္ဓာကိုယ် အကာအကွယ်ကို ဖွင့်ပေးလိုက်သည်။
“စမ်းကြည့်တာပေါ့ မိန်းမ... စိတ်ကို လျှော့ထားနော်...”
လျူယွမ်က အားနာမနေတော့ဘဲ ဇနီးဖြစ်သူ၏ ခန္ဓာကိုယ်ထဲသို့ ဝိညာဉ်ဖြင့် တိုးဝင်လိုက်တော့သည်။
စုချင်းရွှယ်အတွက်မူ ဤလုပ်ရပ်က အလွန် အန္တရာယ်များလှသည်၊ အဘယ်ကြောင့်ဆိုသော် "ပူးကပ်ခြင်း" ကို ခံရနိုင်သည့် အလားအလာ ရှိသောကြောင့် ဖြစ်သည်။
သို့သော် သူမက လျူယွမ်ကို ယုံကြည်ပြီးသားဖြစ်ရာ မည်သည့် အကာအကွယ်မှ မထားဘဲ ကာကွယ်ရေးတံတိုင်း အားလုံးကို လျှော့ချပေးထားခဲ့ခြင်း ဖြစ်သည်။
“မိန်းမ... ငါ မင်းရဲ့ ခန္ဓာကိုယ်ကို ထိန်းချုပ်လို့ ရနေပြီ ထင်တယ်...”
စုချင်းရွှယ်က မိမိ၏ လက်နှစ်ဖက်ကို အံ့သြတုန်လှုပ်စွာ ကြည့်လိုက်ပြီးနောက် လည်ပင်း၊ ပုခုံးနှင့် ခန္ဓာကိုယ် အစိတ်အပိုင်းများကို ပြန်လည် ကိုင်တွယ်ကြည့်လိုက်သည်။
အိမ်ထောင်သက် လေးနှစ်ကျော်အတွင်း လျူယွမ်က ဇနီးဖြစ်သူ၏ ခန္ဓာကိုယ်ကို အလုံးစုံ သိရှိပြီးသား ဖြစ်သော်လည်း…
ဤကဲ့သို့ "မိမိကိုယ်ကိုယ် ပြန်လည်ကိုင်တွယ်ခြင်း" ခံစားချက်က တကယ်ကို ထူးခြားဆန်းပြားပြီး စိတ်ဝင်စားစရာ ကောင်းလှသည်။
“မောင်... ဒါက ခန္ဓာကိုယ် ပူးကပ်ခြင်းနည်းပဲ၊ မောင် တတ်သွားပြီလား...”
စုချင်းရွှယ်၏ ခန္ဓာကိုယ်ထဲကနေ မူရင်းအသံ ထွက်ပေါ်လာသည်။
သူမ ကိုယ်တိုင်က လက်တွေ့ နမူနာပြ သင်ကြားပေးနေခြင်း ဖြစ်သည်။
ဒီလို နက်ရှိုင်းလှတဲ့ ယုံကြည်မှုကြောင့် လျူယွမ်တစ်ယောက် တကယ်ပဲ မိန်းမကောင်းတစ်ယောက်ကို ရရှိထားခဲ့မှန်း ပိုပြီး သိရှိသွားခဲ့ရသည်။
“ဟုတ်ပါပြီ... ဟုတ်ပါပြီ... ချစ်တယ် မိန်းမရေ...”
စုချင်းရွှယ်က မိမိကိုယ်ကိုယ် အနမ်းပေးလိုက်သည်။
ဒါက စိတ်ဝေဒနာ ခံစားနေရသူတစ်ဦးနှင့်ပင် တူနေတော့သည်။
ထူးဆန်းအံ့သြဖွယ် ခံစားချက်တို့ဖြင့် ပြည့်နှက်နေလေ၏။
“မောင်... ကျွန်မရဲ့ ပျော်ရွှင်မှုကို မြည်းစမ်းကြည့်ချင်လား...” သူမက လျှို့ဝှက်ဆန်းကြယ်စွာ ပြောလိုက်သည်။
“မိန်းမ... ဘာပျော်ရွှင်မှု...”
လျူယွမ် စကားပင် မဆုံးသေးမီ မူးဝေမှုကို ခံစားလိုက်ရပြီး သူ၏ ယင်ဝိညာဉ်က ချက်ချင်းဆိုသလို မိမိရုပ်ခန္ဓာထဲသို့ ပြန်လည် ရောက်ရှိသွားတော့သည်။
သူ့တစ်ကိုယ်လုံး ချွေးစေးများ ပြန်လာခဲ့သည်။
ဇနီးဖြစ်သူ၏ ခန္ဓာကိုယ်က နတ်ဘုရားအဆင့် ရှိသဖြင့် သူ၏ ဝိညာဉ်အဆင့်ဖြင့် ရေရှည် ထိန်းချုပ်ရန် ခက်ခဲလွန်းလှသည်။
တစ်မိနစ်ပင် မပြည့်သေးခင်မှာတင် သူ့ရဲ့ အကန့်အသတ်ကို ရောက်ရှိသွားခြင်း ဖြစ်သည်။
ကျင့်ကြံမှု တိုးတက်လာမှသာ အချိန်ပိုပေးနိုင်လိမ့်မည် ဖြစ်သည်။
လျူယွမ် ကုတင်ပေါ်ကနေ ဗုန်းကနဲ ထထိုင်လိုက်ပြီး အသက်ကို ပြင်းပြင်းရှူနေရသည်။
“မောင်... အဆင်ပြေရဲ့လား...” စုချင်းရွှယ်က ကုတင်ဘေး စားပွဲပေါ်ကနေ အဖြူရောင် ဆေးလုံးတစ်လုံးကို အမြန်ကောက်ယူကာ လျူယွမ်၏ နှုတ်ခမ်းဝသို့ တေ့ပေးလိုက်သည် - “ရော့... ဆေးလေး သောက်လိုက်ဦး...”
ဒါက အဘွားစွန်းက အချင်းကို သုံးပြီး ဖော်စပ်ထားတဲ့ [လျှို့ဝှက်ဆန်းကြယ် အားဖြည့်ဆေးလုံး] ဖြစ်ပြီး အလွန် အာဟာရဖြစ်စေသည်။
လျူယွမ် ဆေးလုံးကို မျိုချလိုက်ပြီးနောက်မှ ဖြည်းဖြည်းချင်း ပြန်လည် သက်သာလာခဲ့သည်။
“မိန်းမ... မင်းရဲ့ ခန္ဓာကိုယ်ကို ဒီတိုင်း ဝင်လို့မရဘူးပဲ...”
“စွမ်းအင်ကုန်ဆုံးမှုက ကြီးမားလွန်းတယ်...”
လျူယွမ်က သူတို့နှစ်ဦးကြားက သက်ရှိအဆင့်အတန်း ကွာဟချက်ကို သိရှိလိုက်လေသည်၊ ဒါဟာ လူသားနှင့် နတ်ဘုရားကြား ကွာဟချက်မျိုးပင် ဖြစ်သည်။
နတ်ဘုရား အဆင့်ဆိုတာ သိုင်းပညာကျင့်ကြံခြင်းရဲ့ အမြင့်ဆုံး နယ်ပယ်ဖြစ်ပြီး၊ ဆဲလ်တိုင်းတွင် တောင်တန်းနှင့် မြစ်ချောင်းများကိုပါ ဖောက်ခွဲဖျက်ဆီးနိုင်သော ကြောက်မက်ဖွယ် ရုပ်ပိုင်းဆိုင်ရာ စွမ်းအင်များ တည်ရှိနေခြင်း ဖြစ်သည်။
သူ့ရဲ့ ယင်ဝိညာဉ်ကတော့ [နတ်ဘုရားဘွဲ့နှင်းခြင်း လမ်းစဉ်] ရဲ့ အစပျိုးအဆင့်မျှသာ ရှိသေးသည်။
မိမိ၏ ယင်ဝိညာဉ်ဖြင့် ဇနီးဖြစ်သူ၏ ခန္ဓာကိုယ်ကို ထိန်းချုပ်ဖို့ ကြိုးစားခြင်းက မြင်းငယ်လေးက ဧရာမ ရထားလုံးကြီးကို ဆွဲရန် ကြိုးစားနေသကဲ့သို့... အင်အားချင်း မမျှတလွန်းချေ။
“မောင်ကလည်း... ဒီအဆင့်နဲ့ တင် စက္ကန့်ငါးဆယ်လောက် ထိန်းထားနိုင်တာ တော်တော်လေးကို အထင်ကြီးဖို့ ကောင်းနေပါပြီ...”
စုချင်းရွှယ်က နှစ်သိမ့်စကား ပြောရင်း၊ သူ့လည်ပင်းကို သိုင်းဖက်ကာ တိုးတိုးလေး ပြောလိုက်သည် - “နောင်ကျရင် မောင် ကျွန်မရဲ့ ခန္ဓာကိုယ်ကို အပြည့်အဝ ထိန်းချုပ်နိုင်လိမ့်မယ်ဆိုတာ ကျွန်မ ယုံကြည်တယ်...”