← Chapters

အခန်း ၁၃၉

Vol. 14 Ch. 139

အခန်း ၁၃၉

Vol. 14 Ch. 139

🍅 Chapter 139

သို့သော် ယခုအခါတွင် သူတို့ကိုယ်ပိုင်၏စွမ်းရည်ကို အားကိုး၍ ငွေရှာနိုင်ပြီဖြစ်ကာ သူတို့ခင်ပွန်းများထက်ပင် ပိုရှာဖွေနိုင်နေပြီဖြစ်သည်။

သူတို့ ဘယ်လိုလုပ် စိတ်မလှုပ်ရှားဘဲ နေနိုင်မည်နည်း။

“အဒေါ်ဝူ၊ အရမ်းကျေးဇူးတင်ပါတယ်”

“ဒီလောက ငွေအများကြီး ရှာနိုင်လိမ့်မယ်လို့ အိပ်မက်တောင် မမက်ဖူးဘူး”

“နေ့တစ်ဝက်လေးပဲ ရှိသေးတာ၊ နေ့တစ်ဝက်လေးပဲ”

“အရမ်းကောင်းတာပဲ၊ အခုဆိုရင် ဒီဆောင်းတွင်းကို ငါတို့ ငတ်မှာမဟုတ်တော့ဘူး”

“မငတ်ရုံတင်မကဘူး၊ ငါတို့သာ ကြိုးကြိုးစားစားလုပ်မယ်ဆိုရင် ဒီနှစ် ဆောင်းတွင်းအတွက် ဝါဂွမ်းစောင်တွေတောင် ဝယ်နိုင်ပြီး နွေးနွေးထွေးထွေးဖြတ်သန်းနိုင်မှာပဲ”

လူတိုင်း၏ စိတ်အားထက်သန်မှုများ မြင့်တက်နေသည်ကို မြင်ရသောအခါ ဝူယွီလန်မှာ အလွန်အမင်း ကြည်နူးသွားရသော်လည်း ကြိုတင်သတိပေးရမည့်ကိစ္စအချို့ ရှိနေသေးသည်။

ဝူယွီလန် လေးနက်စွာ သတိပေးလိုက်သည်။

“အားလုံးပဲ စိတ်အေးအေးထားကြပါ၊ ဒီငွေလေးနည်းနည်းရတာနဲ့ ခေါင်းထဲမှာ အရမ်းမမူးယစ်သွားကြပါနဲ့ တောနက်ထဲမှာ သားရဲတိရစ္ဆာန်တွေ အများကြီးရှိပြီး အရမ်းကို အန္တရာယ်များတယ်၊ ဆေးပင်တွေတူးဖို့အတွက်နဲ့ တောနက်ထဲကိုဝင်ပြီး အသက်အန္တရာယ်ရှိတဲ့နေရာတွေမှာ မစွန့်စားကြပါနဲ့”

“အကျည်းတန်တဲ့အမှန်တရားကို ကျွန်မ ကြိုပြောထားပါ့မယ်၊ တကယ်လို့ ကိုယ့်သဘောနဲ့ကိုယ် တောနက်ထဲဝင်ပြီး ဆေးပင်တွေရှာလို့ တစ်ခုခုဖြစ်ခဲ့ရင် ကျွန်မ တာဝန်ယူမှာမဟုတ်ပါဘူး”

ဆေးဘက်ဝင်အပင်များ ရှာဖွေခြင်းက အလွန်အမြတ်အစွန်းများကြောင်း မြင်တွေ့ရသောအခါ ရွာသားအချို့မှာ ထိုကဲ့သို့ တောနက်ထဲဝင်ရောက်ရှာဖွေရန် စိတ်ကူးယဉ်မိခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။

ဝူယွီလန်၏စကားကို ကြားလိုက်ရသောအခါ သူတို့အားလုံး ပြန်လည်တည်ငြိမ်သွားကြသည်။ သူတို့၏အသက်နှင့် ငွေကြေး မည်သည့်အရာက ပိုအရေးကြီးသည်ကို သူတို့ နားလည်ထားဆဲပင်။

ရွာသားများက ကျေးဇူးတင်စွာ ပြောဆိုလိုက်ကြသည်။

“အဒေါ်ဝူ၊ သတိပေးလို့ကျေးဇူးတင်ပါတယ်၊ အဲဒီလိုမှ မဟုတ်ရင် ကျွန်တော် တကယ်ပဲ အတွေးတိမ်ပြီး တောနက်ထဲဝင်သွားမိမှာ”

“ဟုတ်တယ်၊ ဆေးဘက်ဝင်အပင်တွေရှာတာက ဒီလောက်ငွေရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး၊ အခုချက်ချင်းတောင် တောင်ပေါ်တက်ပြီး သွားတူးချင်စိတ်တွေပေါက်နေတာ”

ဝူယွီလန်မှာ ယခင်က ဆင်းရဲခဲ့ဖူးသဖြင့် လူတိုင်း၏စိတ်နေသဘောထားကို သဘာဝကျစွာပင် နားလည်သဘောပေါက်ပေသည်။

သူမက ပြုံး၍ နှစ်သိမ့်လိုက်၏။

“အားလုံးပဲ အရမ်းမစိတ်လှုပ်ရှားကြပါနဲ့၊ ရှေ့လျှောက် ရက်တွေအများကြီး ကျန်သေးတယ်၊

ကျွန်မတို့ရဲ့ စုန့်မိသားစုရွာပတ်လည်က တောင်တန်းတွေက အဆုံးမရှိပါဘူး၊ ရာသီဥတုအေးလာတဲ့အထိ အားလုံး တူးလို့လုံလောက်ပါတယ်”

လူတိုင်းက ခေါင်းကို တရစပ်ညိတ်ကာ ကိုယ်ပိုင်ဘေးကင်းလုံခြုံမှုကို ဂရုစိုက်ပြီးမှသာ တောင်ပေါ်သို့ ဆေးပင်ရှာထွက်မည်ဖြစ်ကြောင်း ကတိပြုကြလေသည်။

အခြားတစ်ဖက်တွင်...

ဟောင်ချန် အလန့်တကြား အော်ဟစ်လိုက်သည်။

“နင် ဘာပြောလိုက်တာလဲ၊ ဝူယွီလန်က သူတို့ရဲ့ဆေးပင်တွေကို တကယ်ဝယ်ပြီး ငွေပေးလိုက်တယ်ဟုတ်လား”

ဟောင်ချန်မှာ ကုလားထိုင်ပေါ်မှ ဝုန်းခနဲ ထခုန်လိုက်မိတော့သည်။

စုန့်ဝမ်ချိုက်က ခေါင်းညိတ်ကာ ပြောလိုက်သည်။

“အဘွား၊ ကျွန်တော်ကိုယ်တိုင် မျက်စိနဲ့တပ်အပ်မြင်ခဲ့ရတာပါ၊ သူတို့အားလုံး အိမ်ကို ကြေးပြားတစ်သီကြီး သယ်လာကြတာ”

“အဘွား၊ အဘွားလည်း ဆေးပင်တွေ သွားရှာသင့်တယ်၊ ကျွန်တော် အသားစားချင်တယ်”

အနီးနားတွင် ရပ်နေသော စုန့်ကျောက်ချိုက်နှင့် စုန့်လိုင်ချိုက်တို့ကလည်း လျှောက်လာပြီး ဟောက်ချန်၏အင်္ကျီလက်များကို ဆွဲကာ ပူဆာကြသည်။

“အဘွား၊ သားလည်း အသားစားချင်တယ်”

“သားလည်း စားချင်တယ်၊ အသားဝယ်လို့ရအောင် ငွေရှာဖို့ ဆေးပင်တွေ မြန်မြန်သွားရှာပါ”

ဟောက်ချန်က သူမ၏ မြေးသုံးယောက်ကို နှစ်သိမ့်လိုက်သည်။

“အေးပါ၊ အေးပါ၊ အဘွား အသားဝယ်ပေးပါ့မယ်၊ ခဏနေရင် အဘွား သွားဝယ်လိုက်မယ်”

ဝူယွီလန်က ထိုမျှလောက်များပြားသော ငွေများကို တကယ်ပေးရက်လိမ့်မည်ဟု သူမ မယုံကြည်သဖြင့် အိမ်တကာလှည့်ကာ လိုက်လံစုံစမ်းလေတော့သည်။

သို့သော် ဝူယွီလန်နှင့် ဟောင်ချန်တို့ အဆင်မပြေကြသည်ကို ယခုအခါတွင် လူတိုင်းသိရှိထားကြရာ သူမ မည်သို့ပင် မေးမြန်းစေကာမူ မည်သူကမျှ ဂရုမစိုက်ကြဘဲ မည်သည့်အရာကိုမျှ ဖွင့်ဟမပြောဆိုကြပေ။

မည်သူကမျှ ထုတ်ဖော်မပြောဆိုကြသော်လည်း လူတိုင်း၏မျက်နှာပေါ်ရှိ ဖုံးကွယ်၍မရနိုင်သော အပြုံးများမှနေ၍ ဟောက်ချန်က အချက်တစ်ချက်ကိုတော့ အတည်ပြုနိုင်ခဲ့သည်။

ဤသည်ကတော့... ဝူယွီလန်နှင့်အတူ ဆေးဘက်ဝင်အပင်များ ရှာဖွေခြင်းဖြင့် သူတို့ အမှန်တကယ်ပင် ငွေများစွာ ရရှိခဲ့ကြသည်ဟု ဆိုခြင်းဖြစ်သည်။

ထိုအချက်ကို သဘောပေါက်သွားသောအခါ ဟောင်ချန်မှာ ဆက်လက်၍ မတည်ငြိမ်နိုင်တော့ပေ။

ဟောင်ချန်သာမက အစောပိုင်းက ကြေးပြားငါးဆယ် မပေးလိုခဲ့သော ရွာသားများမှာလည်း စိတ်မအေးနိုင်ကြတော့ပေ။

ငွေအမှန်တကယ် ရရှိနိုင်ကြောင်း သိသွားသောအခါ သူတို့က မာနကိုမြိုသိပ်ကာ ဝူယွီလန်ထံသို့ သွားရောက်ကြလေသည်။

ဤရွာသားများက ဆင်းရဲလွန်းသဖြင့် ငွေမပေးလိုခြင်းသာဖြစ်မည်ဟု တွေးတောကာ ဝူယွီလန်က သူတို့အပေါ် အငြိုးအာဃာတ မထားတော့ပေ။

“ကျွန်မနဲ့အတူ ဆေးပင်တွေ ရှာလို့ရပါတယ်၊ ဒါပေမဲ့ ကြေးပြားငါးဆယ်ပေးပြီး ဒီစာချုပ်မှာတော့ လက်မှတ်ထိုးရမယ်”

ပြောပြောဆိုဆိုဖြင့် သူမက စုန့်ကျစ်ရှုအား စာချုပ်ပါ အကြောင်းအရာများကို လူတိုင်းကြားအောင် ဖတ်ပြစေလိုက်သည်။

သို့သော် အချို့လူများက အခွင့်အရေးတစ်ခု မိမိတို့ရှေ့မှောက်သို့ ရောက်ရှိလာသည့်တိုင်အောင် တန်ဖိုးမထားတတ်ကြပေ။

“ဘာ၊ အခုကစပြီး ငါတို့ရှာလာတဲ့ ဆေးပင်တွေကို နင့်ဆီကိုပဲ ရောင်းရမယ် ဟုတ်လား၊ နင်က ငါတို့ကို ဈေးနှိမ်ရင် ဘယ်လိုလုပ်မလဲ”

“ဟုတ်တယ်၊ အဲဒါတော့မဖြစ်ဘူး၊ လုံးဝ မဖြစ်ဘူး”

ဝူယွီလန်မှာ ဘာမှဆက်မပြောနိုင်တော့ပေ။

“ပြီးတော့ ဒီအချက်က၊ တောင်ပေါ်မှာ ငါတို့တစ်ခုခုဖြစ်ရင် နင်က တာဝန်မယူဘူး ဟုတ်လား၊ အဲဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ငါတို့ကို ဆေးပင်တွေ သွားရှာဖို့ပြောတာ နင်လေ၊ ငါတို့တစ်ခုခုဖြစ်ရင် နင်က တာဝန်မယူဘူးဆိုရင် ဘယ်သူက တာဝန်ယူမှာလဲ”

ဝူယွီလန်မှာ ဆွံ့အသွားရပြန်သည်။

သူမက ရိုးရှင်းစွာပင် တံခါးကိုပိတ်ကာ သူတို့ကို မောင်းထုတ်လိုက်တော့သည်။

စုန့်ကျစ်ရှုမှာ အနည်းငယ် ဒေါသထွက်သွားသည်။

“အမေ၊ ဒီလူတွေက ဘာလို့ ဒီလိုမျိုး ဖြစ်နေရတာလဲ၊ အမေ သူတို့ကို ဒီလောက် ကူညီပေးထားတာတောင် ကျေးဇူးမတင်တဲ့အပြင် လောဘကြီးပြီး အချောင်လိုချင်နေကြသေးတယ်”

“တချို့လူတွေက ဒီလိုပါပဲ၊ နောက်နောင် သူတို့ ထပ်လာရင်လည်း ဂရုမစိုက်နဲ့တော့၊ အကုန်လုံးက ကျေးဇူးကန်းတဲ့ကောင်တွေပဲ”

‘ကျေးဇူးကန်းတဲ့ကောင်တွေ’ ဆိုသည့် စကားကို ကြားလိုက်ရသောအခါ စုန့်ကျစ်ရှုမှာ အကြောင်းပြချက်မရှိဘဲ အပြစ်ရှိသလို ခံစားလိုက်ရ၏။

လီရှို့ယွင် အနည်းငယ် စိုးရိမ်တကြီး ပြောလိုက်သည်။

“အမေ၊ သူတို့ သေချာပေါက် မနာလိုဖြစ်ကြမှာပဲ၊ နောက်မှ ပြဿနာလာရှာရင် ဘယ်လိုလုပ်မလဲ”

ဝူယွီလန် မျက်လွှာချလိုက်သည်။

“သူတို့ ပြဿနာလာရှာရဲရင် သေတဲ့အထိ ကိုက်ခိုင်းဖို့ ခွေးတွေလွှတ်ပေးလိုက်မယ်”

ဝမ်ကွေ့ချင် ခြံဝင်းကို လှည့်ပတ်ကြည့်ရှုလိုက်၏။

“ခွေးတွေ ဟုတ်လား၊ ကျွန်မတို့အိမ်မှာ ဘယ်ခွေးရှိလို့လဲ”

ဝူယွီလန် ဘာမျှမပြောဘဲ ဘေးနားတွင် ရပ်နေသော စုန့်ကျစ်ချုံးကိုသာ စူးစူးရဲရဲ စိုက်ကြည့်နေလိုက်သည်။

စုန့်ကျစ်ချုံးမှာ အူကြောင်ကြောင်ဖြစ်သွားရသည်။

“ဘာလို့ ကျွန်တော့်ကို ကြည့်နေတာလဲ၊ ကျွန်တော်က ခွေးမှမဟုတ်တာ”

“ဒါပေမဲ့ ဒီအိမ်မှာ နင်တစ်ယောက်တည်းကပဲ အကြောင်းမဲ့သက်သက် ဟောင်တတ်တာလေ”

အကြောင်းပြချက် ခိုင်ခိုင်လုံလုံမရှိဘဲ အမြဲတမ်းအော်ဟစ်နေတတ်ခြင်းက အကြောင်းမဲ့သက်သက် ဟောင်နေခြင်းနှင့် မတူဘူးလော။

All Chapters