← Chapters

အခန်း ၁၇၆

Vol. 18 Ch. 176

အခန်း ၁၇၆

Vol. 18 Ch. 176

အခန်း ၁၇၆ ။ ။ ဧကရာဇ် ၏ ရောက်ရှိလာခြင်း။

"ငါ မရေမတွက်နိုင်တဲ့ ခေတ်ကာလတွေ တိုင်အောင် စောင့်ဆိုင်းခဲ့တယ်။ ဒါပေမယ့် ငါ စောင့်နေခဲ့တာက ဒီမျိုးစေ့ မဟုတ်ဘူး။" သူက လီဖန်ကို ကြည့်လိုက်သည်။ "ငါ စောင့်နေခဲ့တာက မင်းဘဲ။"

လီဖန် စကားမပြောခဲ့ပေ၊ သူက သူ့ကို တိတ်ဆိတ်စွာ စူးစိုက်ကြည့်နေရုံသာ ဖြစ်သည်။

ပုံရိပ်က ဆက်ပြောသည်၊ "ငါ တာအိုကို ရယူအောင်မြင်ခဲ့တဲ့အချိန်တုန်းက မရေမတွက်နိုင်တဲ့ ခေတ်ကာလတွေ ကြာမြင့်ပြီးနောက်မှာ၊ လူတစ်ယောက်က လေလံရုံရဲ့ လေလံတူကို ကိုင်ဆောင်ပြီး တာအိုကို ရယူမယ့် လမ်းကြောင်းပေါ်ကို လျှောက်လှမ်းလာလိမ့်မယ်လို့ ကောင်းကင်နဲ့ မြေကြီးက ဖွင့်ဟပြသခဲ့တယ်။ အဲ့ဒီတစ်ယောက်က ငါ့အတွက် အဲ့ဒီတံခါးကို ဖွင့်ပေးလိမ့်မယ်။ အဲ့ဒီတံခါးက ကျော်လွန်သွားခြင်းစီကို ဦးတည်နေတယ်" သူ ခေတ္တရပ်လိုက်သည်၊ "ငါ မရေမတွက်နိုင်တဲ့ ခေတ်ကာလတွေ အများကြီး စောင့်နေခဲ့တာက မင်းကိုဘဲ။"

သူ လှည့်လိုက်ပြီး၊ ကောင်းကင်ကြီးကို၊ ပျက်သုဉ်းခြင်း ၏ အနက်ရှိုင်းဆုံး နေရာကို၊ နှင့် အကဲခတ်၍ မရနိုင်သော အနာဂတ်ကို မော့ကြည့်လိုက်သည်: "ဒီကနေ့မှာတော့၊ တံခါး ဆိုတာ မျိုးစေ့ ထဲမှာ မရှိဘူး၊ ရာဇပလ္လင် မှာ မရှိဘူး၊ လေဟာနယ် ထဲမှာ မရှိဘူး ဆိုတာကို ငါ နောက်ဆုံးတော့ နားလည်သွားပြီ။ တံခါး ဆိုတာ" သူက လီဖန်ကို ကြည့်လိုက်သည်၊ "မင်းရဲ့ အထဲမှာ ရှိတာပဲ။"

လီဖန် တိတ်ဆိတ်နေဆဲပင်။ ထို့နောက် သူ စကားပြောလိုက်သည်: "စီနီယာ၊ အဲဒီ တံခါး က ကျွန်တော့် ဆီမှာ မရှိပါဘူး။ အဲဒီ တံခါး က စီနီယာ့ ရဲ့ နှလုံးသား ထဲမှာ ရှိတာပါ။ စီနီယာ က မရေမတွက်နိုင်တဲ့ ခေတ်ကာလ တွေတိုင်အောင် စောင့်ဆိုင်းခဲ့တာက၊ တံခါး ကိုယ်နှိုက် အတွက် မဟုတ်ဘဲ၊ အဲဒါကို တွန်းဖွင့်ဖို့ သတ္တိ အတွက် ပါ။"

ထိုပုံရိပ်မှာ အပြင်းအထန် တုန်ခါသွားသည်။ မရေမတွက်နိုင်သော ခေတ်ကာလများ တိုင်အောင် ခိုင်မာစွာ ရပ်တည်နေခဲ့သော တာအို နှလုံးသားသည်၊ ဤအခိုက်အတန့်တွင် တကယ်ပင် ယိမ်းယိုင်သွားခဲ့ပြီ ဖြစ်သည်။

သေမျိုး တစ်ယောက်မှ စတင်ကာ၊ ကောင်းကင်ကို အန်တုသော အဆင့်သို့ တက်လှမ်းလာပြီး၊ ကောင်းကင်ဘုံများကို ဦးညွှတ်သွားစေခဲ့သော ဤလူငယ်လေးကို သူ ကြည့်လိုက်သည်။ ထို့နောက်၊ သူ ပြုံးလိုက်သည်။ သက်သာရာရသွားသော အပြုံး၊ ဉာဏ်အလင်းပွင့်သွားသော အပြုံး၊ နောက်ဆုံးတွင် လမ်းကြောင်းကို ရှင်းလင်းစွာ မြင်တွေ့သွားသော ခရီးသည် တစ်ယောက်၏ အပြုံးမျိုးပင် ဖြစ်သည်။

"ငါ နားလည်ပြီ။" သူ လက်ဆန့်ထုတ်ကာ လီဖန်၏ ပခုံးကို ညင်သာစွာ ပုတ်လိုက်သည်။ "ကျေးဇူးတင်ပါတယ်။"

ထို့နောက်၊ သူ လှည့်ကာ ကောင်းကင်ဆီသို့ လျှောက်သွားလေသည်။ ခြေတစ်လှမ်း၊ ခြေနှစ်လှမ်း၊ ခြေသုံးလှမ်း။ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း၊ သူ၏ ပုံရိပ်က အနည်းငယ် မှေးမှိန်သွားသည်။ ကိုးလှမ်းမြောက်သို့ ရောက်သောအခါ၊ သူက ဧကရာဇ် အလင်းရောင် ထဲသို့ လုံးဝ ပေါင်းစပ်သွားပြီး၊ သတိထားမိရန် ခက်ခဲလောက်အောင် မှုန်ဝါးသော အလင်းတန်းလေး တစ်မျှင် အဖြစ် ပြောင်းလဲကာ၊ အကဲခတ်၍ မရနိုင်သော ထိုပိုမို မြင့်မားသည့် နယ်ပယ် သို့ ပျောက်ကွယ်သွားတော့သည်။

ကောင်းကင်နှင့် မြေကြီး ကြားတွင် စကားတစ်ခွန်းတည်းသာ အချိန်အကြာကြီး ပဲ့တင်ထပ်နေခဲ့၏:

"ငါ သွားပြီ။ တစ်နေ့နေ့မှာ မင်း အဲဒီ တံခါးကို တွန်းဖွင့်လိုက်မယ် ဆိုရင်၊ ငါ အဲဒီ နောက်ကွယ်မှာ မင်းကို စောင့်နေပါ့မယ်။"

လောကကြီးမှာ အချိန်အကြာကြီး တိတ်ဆိတ်သွားခဲ့သည်။

ထို ရှေးဟောင်း အကြည့် သုံးခုမှာ လွင့်မျောနေဆဲပင်။ သို့သော် သူတို့၏ မျက်လုံးများထဲရှိ အလင်းရောင်မှာ ကြောက်ရွံ့ ရိုသေမှု မဟုတ်တော့ပေ၊ အညံ့ခံမှု မဟုတ်တော့ပေ၊ မျှော်လင့်ချက်မဲ့မှု မဟုတ်တော့ပေ။ ၎င်းက ဉာဏ်အလင်းပွင့်မှုပင် ဖြစ်သည်။ ရှေ့ဆက်ရမည့် လမ်းကြောင်းကို မြင်တွေ့ပြီးနောက် ရရှိလာသည့် အပြည့်စုံဆုံး ဉာဏ်အလင်းပွင့်မှုပင် ဖြစ်သည်။

ပထမဆုံး အကြည့် က စူးစိုက်ကြည့်နေပြီး ဖြည်းညင်းစွာ စကားပြောလိုက်သည်: "ဒါဆိုရင်၊ ဧကရာဇ် အဆင့် ရဲ့ အထက်မှာ လမ်းကြောင်း တစ်ခု တကယ် ရှိနေတာပဲ။"

ဒုတိယမြောက် အကြည့် က ထိုရှေးဟောင်း ပုံရိပ်ကို စူးစိုက်ကြည့်ရင်း ညင်သာစွာ သက်ပြင်းချလိုက်သည်: "ဒါဆိုရင်၊ ငါတို့ မရေမတွက်နိုင်တဲ့ ခေတ်ကာလ တွေတိုင်အောင် စောင့်ဆိုင်းခဲ့တာက၊ ရာဇပလ္လင် အတွက် မဟုတ်ဘဲ၊ အဲဒီ တံခါး အတွက်ပဲ။"

တတိယမြောက် အကြည့် က ထိုရှေးဟောင်း ပုံရိပ်ကို စူးစိုက်ကြည့်ပြီး အနည်းငယ် ခေါင်းညိတ်လိုက်သည်: "ဒါဆိုရင်၊ အဲဒီ တံခါး က ကောင်းကင် မှာ မရှိဘူး၊ မြေကြီး ပေါ်မှာ မရှိဘူး၊ ပျက်သုဉ်းခြင်း ထဲမှာ မရှိဘူး၊ အချိန် မြစ်ကြီး ထဲမှာ မရှိဘူး။ အဲဒီ တံခါး က နှလုံးသား ထဲမှာ ရှိတာပဲ။"

သူတို့ သုံးယောက်လုံး စူးစိုက်ကြည့်ကာ၊ လီဖန် ကို လှမ်းကြည့်လိုက်ကြသည်။ ထို့နောက်၊ သူတို့ တစ်ပြိုင်နက်တည်း ပြုံးလိုက်ကြသည်။ အဲဒါက သက်သာရာရမှု၊ နားလည်မှု၊ နဲ့ ငြိမ်းချမ်းမှု တွေ ပါဝင်နေတဲ့ အပြုံးပဲ။

"ကျေးဇူးတင်ပါတယ်။" အသံသုံးသံ က တစ်ပြိုင်နက်တည်း ထွက်ပေါ်လာသည်။

ထို့နောက်၊ ထို အကြည့် သုံးခု သည် တစ်ပြိုင်နက်တည်း ပျောက်ကွယ်သွားကြသည်။

ဆုတ်ခွာသွားခြင်း မဟုတ်ဘဲ၊ ပျောက်ကွယ်သွားခြင်း ပင်ဖြစ်သည်။ အပြည့်အဝ၊ ထာဝရ၊ ပြီးတော့ ပြန်လည် မရောက်ရှိနိုင်တော့မည့် ပျောက်ကွယ်သွားခြင်း ပင်ဖြစ်သည်။ သူတို့၏ ကိုယ်ပိုင် တံခါးများကို ရှာဖွေရန် သွားကြခြင်း ဖြစ်သည်။

ပျက်သုဉ်းခြင်း ၏ ပုံရိပ်သည် အနက်ရှိုင်းဆုံး နေရာတွင် တိတ်ဆိတ်စွာ လွင့်မျောနေသည်။ ထိုကြယ်သုံးပွင့် ပျောက်ကွယ်သွားရာ အရပ်ဆီသို့၊ ဧကရာဇ် အလင်းရောင် ပျောက်ကွယ်သွားရာ အရပ်ဆီသို့၊ နှင့် စင်မြင့်ပေါ်တွင် ရပ်နေသော ကောင်လေး ဆီသို့ ၎င်း လှမ်းကြည့်လိုက်သည်။ ထို့နောက်၊ ၎င်းက ညင်သာစွာ လှိုင်းထသွားသည်: "ငါလည်း ထွက်သွားရမယ့် အချိန် ရောက်ပြီ။"

လီဖန် ၎င်းကို ကြည့်လိုက်သည်: "စီနီယာ က ဘယ်ကို သွားမှာလဲ"

ပုံရိပ်က ခေတ္တမျှ ရပ်တန့်သွားပြီးနောက် ပြောလိုက်သည်: "အဲဒီ တံခါးကို သွားရှာမလို့။"

လီဖန် မေးလိုက်သည်၊ "စီနီယာ လမ်းကြောင်း ကို ရှာတွေ့သွားပြီလား"

ပုံရိပ်က အနည်းငယ် ယိမ်းယိုင်သွားသည်: "မတွေ့သေးပါဘူး။ ဒါပေမယ့် အဲဒီ တံခါး က ပျက်သုဉ်းခြင်း ထဲမှာ မရှိဘူး ဆိုတာကို ငါ သိတယ်။ ငါ ပျက်သုဉ်းခြင်း ထဲမှာ မရေမတွက်နိုင်တဲ့ ခေတ်ကာလ တွေတိုင်အောင် စောင့်ဆိုင်းခဲ့တယ်၊ ဒါပေမယ့် ငါ ရခဲ့တာက တံခါး မဟုတ်ဘဲ မင်း ပဲ။ စောင့်နေရုံနဲ့ တံခါး က ရောက်လာမှာ မဟုတ်ဘူး ဆိုတာကို မင်း ငါ့ကို နားလည်စေခဲ့တယ်။ ငါ ရှာဖွေရမယ်၊ ငါ သွားရမယ်၊ ငါ ထွက်ခွာရမယ်။ ငါ သွားသင့်ပြီ။"

လီဖန် ခေါင်းညိတ်လိုက်သည်: "ဂရုစိုက်ပါ၊ စီနီယာ။"

ပုံရိပ်က အနည်းငယ် လှိုင်းထသွားသည်: "မင်းလည်း ဂရုစိုက်ပါ။ မင်း အဲဒီ တံခါးကို တွန်းဖွင့်လိုက်တဲ့ အခါ၊ ငါ အဲဒီ နောက်ကွယ်မှာ မင်းကို စောင့်နေပါ့မယ်။"

ထို့နောက်၊ ၎င်း ဖြည်းညင်းစွာ ဆုတ်ခွာသွားပြီး၊ ပျက်သုဉ်းခြင်း ၏ အနက်ရှိုင်းဆုံး နေရာသို့ ပျောက်ကွယ်သွားတော့၏။

ပျက်သုဉ်းခြင်း ၏ အစွန်း တွင်၊ ထို မီးခိုး-အဖြူရောင် ကျောက်ခေါင်းတလားကြီး က တိတ်ဆိတ်စွာ လွင့်မျောနေသည်။ မြေမြှုပ်နယ်မြေ အရှင်သခင် သည် ထို တာအို ပျောက်ကွယ်သွားရာ အရပ်ဆီသို့ လှမ်းကြည့်လိုက်သည်၊ ထို တာအို သုံးခု လွင့်ပျယ်သွားရာ အရပ်ဆီသို့ လှမ်းကြည့်လိုက်သည်၊ ပြီးတော့ စင်မြင့်ပေါ်တွင် ရပ်နေသော ကောင်လေး ကို လှမ်းကြည့်လိုက်သည်။ ထို့နောက်၊ သူ ပြုံးလိုက်သည်။

"မိတ်ဆွေငယ်၊ မင်း ဒီနေ့၊ ဧကရာဇ် တစ်ဝက် သုံးပါး၊ မဟာ ဧကရာဇ် တစ်ပါး၊ နဲ့ ပျက်သုဉ်းခြင်း တစ်ပါး ကို နှုတ်ဆက် လိုက်ရပြီ။" သူ ခေါင်းခါလိုက်သည်၊ "ဒီလက်ဆောင် က အရမ်း လေးလံလွန်းတယ်။"

လီဖန် သူ့ကို ကြည့်လိုက်သည်: "စီနီယာ လည်း သွားတော့မလို့လား”

မြေမြှုပ်နယ်မြေ အရှင်သခင် က ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်သည်: "အဘိုးကြီး က၊ မသွားပါဘူး။ အဘိုးကြီး ရဲ့ လမ်းကြောင်း က၊ ကောင်းကင် မှာ မရှိဘူး၊ မြကြီး ပေါ်မှာ မရှိဘူး၊ ပျက်သုဉ်းခြင်း ထဲမှာ မရှိဘူး။ အဘိုးကြီး ရဲ့ လမ်းကြောင်း က၊ မြေမြှုပ်နယ်မြေ မှာ၊ ပျက်သုဉ်းခြင်း ၏ အစွန်း မှာ၊ ဘယ်မှ သွားစရာ မရှိတဲ့ အဲဒီ ဝိညာဉ် တွေ ရဲ့ ဘေးမှာ ရှိတယ်။ အဘိုးကြီး က၊ သူတို့ကို စောင့်ရှောက်ရမယ်။"

လီဖန် ခေါင်းညိတ်လိုက်သည်: "စီနီယာ က မွန်မြတ်လှပါတယ်။"

မြေမြှုပ်နယ်မြေ အရှင်သခင် ပြုံးလိုက်သည်: "မွန်မြတ်တယ် လို့တော့ မဆိုနိုင်ပါဘူး၊ ဒီတိုင်း ဒီအဘိုးကြီး က၊ သွားလို့ မရလို့ပါ။ သွားလည်း မသွားချင်ပါဘူး။"

သူ လီဖန်ကို ကြည့်လိုက်သည်၊ သူ၏ မျက်လုံးများထဲတွင် ရှုပ်ထွေးသော အလင်းရောင် တစ်ခု ဖြတ်ခနဲ လင်းလက်သွားသည်: "မိတ်ဆွေငယ်၊ လေလံပွဲ က မပြီးသေးဘူးနော်။"

လီဖန် အနည်းငယ် အံ့အားသင့်သွားပြီး၊ ထို့နောက် ခေါင်းညိတ်လိုက်သည်။ သူ လှည့်လိုက်ပြီး၊ လေလံစင်မြင့် ဆီသို့ လှမ်းကြည့်လိုက်သည်။ ထို ပဉ္စမမြောက် ခုံပေါ်ရှိ ပရမ်းပတာ အလင်းရောင်များ လွင့်ပျယ်သွားခဲ့ပြီ ဖြစ်ပြီး၊ မဟာ ဧကရာဇ် ၏ မျိုးစေ့ ကို ဧကရာဇ် အလင်းရောင် အတွင်းရှိ ထိုပုံရိပ်က ယူဆောင်သွားခဲ့ပြီ ဖြစ်သည်။ သို့သော် ဆဋ္ဌမမြောက် ခုံ၊ သတ္တမမြောက် ခုံ။ ထို နောက်ဆုံး ပရမ်းပတာ အလင်းတန်း နှစ်ခု ကတော့၊ တိတ်ဆိတ်စွာ စီးဆင်းနေဆဲပင်။

ကောင်းကင်ယံတွင်၊ တုန်လှုပ်ချောက်ချားမှု ထဲမှ ယခုလေးတင် အနိုင်နိုင် ပြန်လည် သက်သာရာ ရလာသော ထို ဧကရာဇ် တစ်ဝက် များ၏ စိတ်ဆန္ဒ များ က၊ နောက်တစ်ကြိမ် စုစည်းလာကြသည်။

ထို မဟာ သူတော်စင် အဆင့် တည်ရှိမှု များ က၊ နောက်တစ်ကြိမ် အသက်အောင့်ထားလိုက်ကြ၏။

ပျက်သုဉ်းခြင်း ၏ အနက်ရှိုင်းဆုံး နေရာ၊ ထို တာအို ပုံရိပ် ထွက်ခွာသွားခဲ့ပြီ ဖြစ်သော်လည်း၊ ပျက်သုဉ်းခြင်း ၏ အစွန်း မှ မရေမတွက်နိုင်သော တာအို အကြည့် များ က၊ ထို နောက်ဆုံး အလင်းတန်း နှစ်ခု ကို သေချာ စူးစိုက်ကြည့်နေကြဆဲပင်။ ရုပ်လုံးဖော်ပြသမှု မျက်နှာပြင် ၇၀၀ ကျော် ၏ ရှေ့တွင်၊ အသက်ရှင် ကျန်ရစ်သော ဘီလီယံချီသော သက်ရှိများ က သူတို့၏ နောက်ဆုံး အသိစိတ် လေးကို အတင်းအကျပ် ဆုပ်ကိုင်ထားရင်း၊ အလင်းမျက်နှာပြင် ပေါ်ရှိ ထို ကောင်လေး ကို စူးစိုက်ကြည့်နေကြသည်။

ပထမဆုံး လေလံပစ္စည်း ငါးခု။ မဟာ ဧကရာဇ် ၏ အနှစ်သာရ သွေး၊ ဧကရာဇ် မူလဇာစ်မြစ်၊ ဧကရာဇ် ၏ တံခါးပေါက်၊ မူလဇာစ်မြစ် ၏ ကျောက်တုံး၊ မဟာ ဧကရာဇ် ၏ မျိုးစေ့။ တစ်ခုချင်းစီတိုင်း က၊ ဒီလောကကြီးရဲ့ နားလည်နိုင်စွမ်း ကို ပြောင်းပြန်လှန်ပစ်ဖို့ လုံလောက်တဲ့ အဆုံးစွန် တားမြစ်ချက် တွေ ချည်းပဲ။ တစ်ခုချင်းစီတိုင်း က၊ ဧကရာဇ် တစ်ဝက် တွေကို ရူးသွပ်သွားစေတယ်၊ ပျက်သုဉ်းခြင်း ကို ဝင်ပါလာစေတယ်၊ ပြီးတော့ မဟာ ဧကရာဇ် ကို ဆင်းသက်လာစေခဲ့တယ်။ ပြီးတော့ ဒီအခိုက်အတန့်မှာတော့၊ နောက်ထပ် နှစ်ခု ကျန်နေသေးတယ်။

လီဖန် လေလံစင်မြင့် ပေါ်တွင် ရပ်ကာ၊ ထို နောက်ဆုံး ပရမ်းပတာ အလင်းတန်း နှစ်ခု ကို စူးစိုက်ကြည့်နေလေသည်။

ဒန်တျန် ၏ အနက်ရှိုင်းဆုံး နေရာတွင်၊ မဟာ ဧကရာဇ် ၏ မျိုးစေ့ က တိတ်ဆိတ်စွာ လွင့်မျောနေဆဲ ဖြစ်ပြီး၊ အရောင်မရှိသော အလင်းရောင် က ညင်သာစွာ စီးဆင်းနေကာ၊ ထို တာအို အက်ကွဲကြောင်း က ကိုးဆယ့်ကိုး ရာခိုင်နှုန်းတွင် ရပ်တန့်နေသည်။ သူ ခေါင်းမော့လိုက်ပြီး၊ သူ၏ အကြည့် က ကောင်းကင်ယံကို ကျော်ဖြတ်ကာ၊ ထို ဧကရာဇ် တစ်ဝက် များ၏ စိတ်ဆန္ဒ များကို ကျော်ဖြတ်ကာ၊ ပျက်သုဉ်းခြင်း ၏ အစွန်း ကို ကျော်ဖြတ်ကာ၊ ရုပ်လုံးဖော်ပြသမှု မျက်နှာပြင် ၇၀၀ ကျော် ရှေ့ရှိ ဘီလီယံချီသော သက်ရှိများကို ကျော်ဖြတ် ကြည့်လိုက်သည်။

ထို့နောက်၊ သူ စကားပြောလိုက်သည်။ သူ၏ အသံက တည်ငြိမ်နေသော်လည်း၊ ကောင်းကင်ဘုံ တွေကို တုန်လှုပ်သွားစေနိုင်သည့် မျှော်လင့်ချက် ကြီးမားမှု တစ်ခု ပါဝင်နေသည်:

"ဆဋ္ဌမမြောက် ပစ္စည်း"

သူက နောက်ဆုံးမှ ဒုတိယမြောက် ခုံဆီသို့ လျှောက်သွားပြီး၊ ပရမ်းပတာ အလင်းရောင် ပေါ်တွင် လက်ကို ဖိထားလိုက်သည်။

"လူကြီးမင်းတို့၊ အစစ်အမှန် ဇာတ်သိမ်းပိုင်း က၊ ထွက်ပေါ်လာတော့မယ်။"

ထို ပရမ်းပတာ အလင်းရောင် ကို ဖယ်ရှားလိုက်သည့် အခိုက်အတန့်မှာပင်၊ ကောင်းကင်နှင့် မြေကြီး ကြားတွင်၊ တစ်စုံတစ်ခု ကျိုးပဲ့သွားသကဲ့သို့ ပင်။ လေဟာနယ် ကမ္ဘာ မဟုတ်ဘူး၊ စည်းမျဉ်း မဟုတ်ဘူး၊ အကြောင်းတရား မဟုတ်ဘူး။ အဲဒါ လူတိုင်းရဲ့ နားလည်နိုင်စွမ်း တွေပဲ။ မရေမတွက်နိုင်တဲ့ ခေတ်ကာလ တွေတိုင်အောင် အသက်ရှင် နေထိုင်လာခဲ့ပြီး၊ လောကကြီးရဲ့ အပြောင်းအလဲ တွေကို မြင်တွေ့ခဲ့ရတဲ့ အဲဒီ အမြင့်မြတ်ဆုံး တည်ရှိမှု တွေရဲ့၊ သူတို့ကိုယ်သူတို့ "အရာအားလုံးကို ထိုးဖောက် မြင်နိုင်ပြီ" ဆိုတဲ့ ယုံကြည်မှု တွေပဲ။

ခုံပေါ်တွင်၊ မျိုးစေ့ တစ်စေ့ က တိတ်ဆိတ်စွာ ရှိနေသည်။ လက်မ အရွယ်အစားလောက်သာ ရှိပြီး၊ တစ်ခုလုံး မီးခိုး-အဖြူရောင် ဖြစ်နေကာ၊ မျက်နှာပြင် ပေါ်တွင် မရေမတွက်နိုင်သော ခေတ်ကာလ တွေတိုင်အောင် ခန်းခြောက်နေခဲ့သော မြစ်ကြမ်းပြင် တစ်ခုလို သေးငယ်သော အက်ကွဲကြောင်းများ ဖုံးလွှမ်းနေသည်။ မည်သည့် တောက်ပမှု မှ မရှိပေ၊ မည်သည့် ချီအငွေ့အသက် မှ မရှိပေ၊ မည်သည့် တာအို လှိုင်းဂယက် မှ မရှိပေ။

၎င်းက လမ်းဘေးမှာ တွေ့ရတတ်တဲ့၊ သေဆုံးနေတဲ့၊ အသက်ဝင်မှု ကင်းမဲ့နေတဲ့၊ အလကား မျိုးစေ့ တစ်စေ့ လိုပါပဲ။

………..

All Chapters