အခန်း ၄၃၉
Vol. 44 Ch. 439
🍋 Chapter 439
"ငါ ပြန်ပေးငွေ ပေးပြီးပြီ၊ မကြာခင် နင်တို့ ပြန်လာရတော့မှာမလို့ မစိုးရိမ်နဲ့"
ကျိုးထျန်းက သူမကို နှစ်သိမ့်စကား ပြောလိုက်သည်။
"အင်း... တရုတ်နိုင်ငံကို ပြန်ရောက်တာနဲ့ အဲ့ဒီပိုက်ဆံတွေကို ငါ နင့်ကို ပြန်ဆပ်ပါ့မယ်"
ဟယ်ဝေရွှမ်းက သူမ၏ မျက်ဝန်းများ မှေးမှိန်လျက် ပြောဆိုလိုက်သည်။
သူမသည် လူအတစ်ယောက် မဟုတ်ပေ။
ဆန်းတို့စ်ကဲ့သို့ပင် မျှော်လင့်ချက် ရှိနေသေးသော်လည်း မိမိ၏ အသက်ရှင်သန်နိုင်ခြေမှာ အလွန်နည်းပါးကြောင်း ကောင်းစွာ သိရှိထားသည်။
၎င်းအပြင် သူမသည် အမျိုးသမီးတစ်ဦးဖြစ်ပြီး အလွန်လှပသော အမျိုးသမီးတစ်ဦးလည်း ဖြစ်ရာ မိမိ မသေဆုံးမီ မည်သည့်အရာများနှင့် ရင်ဆိုင်ရမည်ကို အထူးပင် နားလည်ထားသည်။
လက်ရှိတွင် သူမသည် ယာယီအားဖြင့် ဘေးကင်းနေပြီး သူမကို ပြန်ပေးဆွဲထားသော လူဖြူများသည်လည်း အစားအစာနှင့် ရေကို ပုံမှန်ပေးကာ အတန်ငယ် စည်းကမ်းရှိနေကြသော်လည်း...
ထိုသန်မာထွားကျိုင်းသော အမျိုးသားများ၏ မျက်လုံးများက သူမနှင့် သူမ၏ ဝမ်းကွဲညီမကို ကြည့်သည့်အခါ ရမ္မက်ဇောများနှင့် ပြည့်နှက်နေခဲ့သည်။
၎င်းတို့ စိတ်မထိန်းနိုင်တော့သည့် တစ်နေ့တွင် သူမသည် သေတာထက်ဆိုးသော ကံကြမ္မာနှင့် ရင်ဆိုင်ရပေလိမ့်မည်။
"အဲ့ဒါတွေ မလိုပါဘူး၊ ပိုက်ဆံဆိုတာ သေးငယ်တဲ့ ကိစ္စပါ။ ငါတို့ကြားထဲမှာ ဘာပတ်သက်မှုတွေ ရှိလို့လဲ၊ ပြီးတော့ တကယ်လို့ အဆင်မပြေရင်လည်း ခန္ဓာကိုယ်နဲ့ပဲ အကြွေးဆပ်လိုက်လေ"
ကျိုးထျန်းက ပြုံးစိစိဖြင့် ပြောလိုက်သည်။
ဟယ်ဝေရွှမ်း၏ ဖြူလျော့နေသော မျက်နှာထက်တွင် စက်ဆုပ်ရွံရှာဖွယ် အမူအရာတစ်ခု ဖြတ်သန်းသွားပြီးနောက် သူမက ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်တော့သည်။
ကျိုးထျန်းသည် သူမ၏ အလွန်အမင်း ကျဆင်းနေသော စိတ်ဓာတ်ကို မြှင့်တင်ပေးရန်အတွက် ရည်ရွယ်ချက်ရှိရှိ ဤသို့ ပြောဆိုနေခြင်းဖြစ်ကြောင်း သူမ သိရှိသည်။
"ကောင်းပါပြီ၊ ငါ တရုတ်နိုင်ငံကို ပြန်ရောက်ရင် နင့်ဆီ လာခဲ့မယ်၊ အဲ့ဒီကျမှ ပိုက်ဆံ ဘယ်လို ပြန်ဆပ်ရမလဲဆိုတာ ဆွေးနွေးကြတာပေါ့"
"ဟားဟား... ငါလည်း နင့်ဆီ လာလို့ရတာပဲ"
ကျိုးထျန်း နောက်ထပ် စကားအနည်းငယ် ပြောရန် ကြံရွယ်သော်လည်း ကာတာက ဖုန်းကို လုယူသွားခဲ့သည်။
"မစ္စတာကျိုးထျန်း... မင်း ကတိအတိုင်း နိုရယ်ကို ငါတို့ဆီ လွှဲပေးလိမ့်မယ်လို့ ငါ မျှော်လင့်ပါတယ်၊ အဲ့ဒီအချိန်ကျရင် ငါလည်း သဘောတူညီချက်အတိုင်း ဒီလူတွေကို လွှတ်ပေးမှာပါ၊ ကတိမပျက်ပါစေနဲ့"
"မစိုးရိမ်ပါနဲ့၊ ကျွန်တော် ကတိမပျက်ပါဘူး၊ ဒါကြောင့် ခင်ဗျားလည်း ကတိမပျက်စေနဲ့ဦး"
ကျိုးထျန်း၏ မျက်နှာအမူအရာမှာ အလွန် တည်တံ့လေးနက်သွားခဲ့သည်။
"ဟဲဟဲ..."
ကာတာမှ ခပ်ဖွဖွ ရယ်မောပြီး ဖုန်းချသွားခဲ့သည်။
"နောက်ထပ် တစ်နာရီပဲ လိုတော့တယ်၊ မင်းတို့လူတွေ ပြင်ဆင်ထားတာတွေ ဘယ်လိုလဲ"
ကာတာက စစ်သုံးဓားတစ်လက်ဖြင့် ဆော့ကစားနေသော အနားက အမျိုးသားတစ်ဦးကို မေးမြန်းလိုက်သည်။
"အားလုံးကို အပြတ်အသတ် စီစဉ်ထားပြီးပါပြီ၊ ကျွန်တော်တို့က ကျွမ်းကျင်ပညာရှင်တွေပါ"
"ကောင်းပြီ... ဒါဆိုရင် မင်းတို့ရဲ့ သတင်းကောင်းကို ငါ စောင့်မျှော်နေမယ်"
...
တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့။
မနက် ၁၁ နာရီတွင် နိုရယ်သည် ကျောင်းနှင့် မလှမ်းမကမ်းရှိ လမ်းမတစ်ခုထံသို့ ကားဖြင့် အချိန်မှန် ရောက်ရှိလာခဲ့သည်။
ကျောင်းအနီးနားရှိ လမ်းဘေးဝဲယာတွင် ဆိုင်များနှင့် စားသောက်ဆိုင်များ အမြဲတမ်း ပြည့်နှက်နေလေ့ရှိသည်။
ကျောင်းသားများသည် သုံးစွဲနိုင်စွမ်း မြင့်မားကြပြီး အထူးသဖြင့် မိန်းကလေးများ သို့မဟုတ် မိန်းကလေးများနှင့်အတူ ရှိနေသော ယောက်ျားလေးများ ဖြစ်ကြသည်။
'ကျိုးထျန်းနဲ့ အနီးနားက စားသောက်ဆိုင်တစ်ခုမှာ တွေ့ဖို့ ချိန်းထားတာ၊ အဲ့ဒါပြီးရင်တော့ သူမကို ကျောင်းဝင်းထဲ လိုက်ပြရမယ်'
ယနေ့တွင် သူမသည် အော်ဂဲနစ်နှင့် ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများကို အဓိကထားသည့် အနောက်တိုင်းစားသောက်ဆိုင်တစ်ခုကို အထူးတလည် ရွေးချယ်ခဲ့သည်။
ဤကဲ့သို့သော စားသောက်မှုပုံစံက အမျိုးသမီးများနှင့် အထူး သင့်လျော်လှသည်။
၎င်းအပြင် ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း ကျိုးထျန်းနှင့်အတူ တရုတ်အစားအစာများကိုသာ အဓိက စားသောက်ခဲ့ရသဖြင့် အခါအားလျော်စွာ အရသာ ပြောင်းလဲစားသောက်ခြင်းကလည်း ကောင်းမွန်လှသည်။
စားသောက်ဆိုင်ထဲသို့ ဝင်ရောက်လိုက်သောအခါ စားပွဲထိုးများမှလွဲ၍ မည်သူမျှမရှိဘဲ ဟာလာဟင်းလင်း ဖြစ်နေသည်ကို တွေ့ရသည်။
စီးပွားရေး မကောင်းခြင်းလော၊ မိမိ စောစီးစွာ ရောက်ရှိလာခြင်းလော သို့မဟုတ် ကျိုးထျန်းက တစ်ဆိုင်လုံးကို ငှားရမ်းထားခြင်းလောဟု သူမ တွေးတောမိသည်။
သူမသည် လက်ဆွဲအိတ်ကို ချလိုက်ပြီး စားပွဲတစ်ခုတွင် ဝင်ထိုင်ကာ စားပွဲထိုး ယူဆောင်လာပေးသော ဆိုဒါရေကို တစ်ငုံသောက်ရင်း ကျိုးထျန်း ရောက်လာမည့်အချိန်ကို စောင့်ဆိုင်းရင်း မီနူးစာအုပ်ကို တိတ်တဆိတ် လှန်လှောကြည့်ရှုနေခဲ့သည်။
ကလင်~
ခေါင်းလောင်းသံ ထွက်ပေါ်လာပြီးနောက် ချက်ချင်းပင် အလျင်စလိုမရှိသော ခြေသံများ ထွက်ပေါ်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် မီးဖိုချောင်တံခါး ပွင့်သွားပြီး စဖိုမှူးဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသားတစ်ဦး ထွက်လာခဲ့သော်လည်း အဆိုပါ ဝတ်စုံမှာ သူနှင့် လုံးဝ အံဝင်ခွင်ကျမရှိဘဲ ဖားလျားကြီး ဖြစ်နေသည်။
"မစ္စတာကျိုး... အလွန်ကောင်းပါတယ်၊ မင်းက ကတိတည်တဲ့ ယောကျာ်းတစ်ယောက်ပဲ"
"မင်းရော မစ္စနိုရယ်ပါ ဒီကို ရောက်နေပြီဆိုတော့ ငါတို့ရဲ့ သဘောတူညီချက်က ပြီးမြောက်သွားပြီပေါ့"
ထိုအမျိုးသားက တံခါးဝမှ ဝင်ရောက်လာသော ကျိုးထျန်းကို ကြည့်ကာ ပြောဆိုလိုက်သည်။
ထိုင်ခုံတွင် ထိုင်နေသော နိုရယ်သည် ချက်ချင်းပင် မျက်မှောင်ကြုတ်လျက် ၎င်းတို့နှစ်ဦးကို ကြည့်လိုက်သည်။
"ကျိုးထျန်း... ဒါ ဘာဖြစ်တာလဲ..."
သို့သော် သူမ စကားမဆုံးခင်မှာပင် စဖိုမှူးဝတ်စုံ ဝတ်ထားသော အမျိုးသားသည် သူ၏ ခါးနောက်ဘက်သို့ လက်လှမ်းကာ ပစ္စတိုသေနတ်တစ်လက်ကို ဆွဲထုတ်လိုက်သည်။
နက်မှောင်သော သေနတ်ပြောင်းဝသည် ၎င်းတို့နှစ်ဦးထံသို့ တည့်တည့်မတ်မတ် ဦးတည်နေခဲ့သည်။
ဒိုင်း။
ဒိုင်း၊ ဒိုင်း။
မိုင်ပေါင်းထောင်ချီ ဝေးကွာသော နေရာမှ ဖုန်းဖြင့် စောင့်ကြည့်နေသော ကာတာသည် ရိုင်းစိုင်းရူးသွပ်သော အပြုံးတစ်ခုကို ဖော်ပြလိုက်တော့သည်။
"ဟားဟားဟားဟားဟားဟားဟား!"
ဖုန်းမျက်နှာပြင်ထက်တွင် စားသောက်ဆိုင်အတွင်းရှိ စောင့်ကြည့်ရေးကင်မရာ ရုပ်သံဖိုင်ကို ပြသနေခဲ့သည်။
သွေးအိုင်ထဲတွင် လဲလျောင်းနေသော ကျိုးထျန်း၊ ထိုင်ခုံပေါ်တွင် မလှုပ်မယှက် ရှိနေသော နိုရယ်နှင့် အလန့်တကြား ဖြစ်နေကြသော သက်တော်စောင့်များမှာ သူ၏ မျက်ဝန်းထဲတွင် အလှပဆုံး ပန်းချီကားတစ်ချပ် ဖြစ်နေတော့သည်။
သူ၏ ရည်ရွယ်ချက် အောင်မြင်သွားခဲ့ပြီ ဖြစ်သည်။
ထို့ပြင် မြို့တော်တွင် သူ့အား အဟန့်အတား ပြုလုပ်ခဲ့သော ကောင်ကိုလည်း တစ်ပါတည်း ရှင်းလင်းပစ်နိုင်ခဲ့ပြီ ဖြစ်သည်။
"ဟားဟား... မနှစ်က မြို့တော်မှာ မင်း နိုရယ်ကို ကယ်တင်နိုင်ခဲ့တော့ကော ဘာဖြစ်လဲ"
"အခုတော့ မင်း အသက်ပျောက်သွားရပြီ မဟုတ်လား"
"မင်းတို့အားလုံး သေသင့်တာ"
"အဲ့ဒီ လူအိုကြီး ဖရန်စစ်က တရုတ်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ပဲ စဉ်းစားနေတာ"
"အဲ့ဒီ လူဝါတွေက ငါတို့လို မြင့်မြတ်တဲ့ တော်ဝင်မျိုးနွယ်တွေနဲ့ တန်းတူထိုင်ဖို့ အရည်အချင်း မရှိဘူး"
ကာတာသည် အခန်းထဲတွင် စိတ်လှုပ်ရှားစွာဖြင့် ဟိုဟိုဒီဒီ လျှောက်လှမ်းနေခဲ့သည်။
သူသည် ဟေကျိုး၏ ပတ်ဝန်းကျင်ကို လုံလောက်အောင် စိတ်ပျက်နေခဲ့ပြီ ဖြစ်သည်။
ဤနေရာတွင် ငါးကြယ်ပွင့်ဟိုတယ်တစ်ခုပင် မရှိချေ။
ပြီးခဲ့သည့် ရက်အနည်းငယ်မှာ သူ့အတွက် သေတာထက် ပို၍ ဆိုးရွားလှသည်။
တော်ဝင်မျိုးနွယ်ဝင်တစ်ဦးအနေဖြင့် သူသည် သားရေဆိုဖာပေါ်တွင် ထိုင်ကာ ဝိုင်နီကို သောက်သုံးပြီး ဖြူဖွေးမြင့်မားသော အလှမယ်များစွာ ဝန်းရံလျက် ညတာကို ကုန်လွန်စေရမည် ဖြစ်သည်။
ဤနေရာတွင် စက်ဆုပ်ဖွယ်ကောင်းသော အစားအစာများကို စားသောက်နေရပြီး အေအိုင်ဒီအက်စ် ရောဂါများ ထူပြောနေသဖြင့် သူ၏ ရမ္မက်ဆန္ဒများ ပြင်းပြနေလျှင်ပင် အဆိုပါ ဟေကျိုး အမျိုးသမီးများနှင့် ဖွင့်ထုတ်ရန် မရဲဝံ့ချေ။
သူသည် ဤငရဲခန်းမှ ထွက်ခွာလိုသည်မှာ ကြာပြီဖြစ်ပြီး ဤနေရာသို့ လာရောက်ရန် တစ်ကြိမ်မျှပင် မစဉ်းစားခဲ့ဖူးချေ။
သို့သော် နောက်ကွယ်က သူ့ကို ပံ့ပိုးပေးထားသူများကမူ ထိုသို့ မတွေးတောကြချေ။
အကျိုးအမြတ် ရရှိလိုလျှင် အလုပ်လုပ်ရပေလိမ့်မည်။
လက်ကို သန့်ရှင်းရုံမျှဖြင့် မည်သို့လျှင် ကြီးမြတ်သောအရာများကို အောင်မြင်နိုင်ပါမည်နည်း။
သူ၏ တူမကို သတ်ဖြတ်ရန်နှင့် ကြီးမားသော နိုင်ငံတကာ ပဋိပက္ခကို လှုံ့ဆော်ရန် ဆုံးဖြတ်ပြီးဖြစ်ရာ အခြားတစ်ဖက်က သူ့အား မည်သို့လျှင် အလွတ်ပေးပါမည်နည်း။
သူ၏ သစ္စာရှိမှုကို သေချာစေရန်အတွက် သူ့အား ဤရွှံ့နွံထဲသို့ အတူတူ ဆွဲသွင်းရပေလိမ့်မည်။
"ဟက်... နိုရယ် သေဆုံးသွားတာနဲ့ ဖရန်စစ်က တရုတ်နိုင်ငံနဲ့ ကြိုးပမ်းနေတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေဟာ သေချာပေါက် ပျက်ပြားသွားလိမ့်မယ်၊ ဘာလို့လဲဆိုတော့ နိုရယ်က ပြည်တွင်းမှာ အလွန် ရေပန်းစားတာကိုး"
"ဒီလောက် လှပပြီး ကျော့ရှင်းတဲ့၊ ပြည်သူတွေ ချစ်မြတ်နိုးတဲ့ မင်းသမီးလေးက တရုတ်နိုင်ငံ မြေပေါ်မှာ သေဆုံးသွားရတယ်ဆိုတော့ အနောက်နိုင်ငံက ပြည်သူတွေက တရုတ်နိုင်ငံအပေါ် ထားတဲ့ အမြင်တွေ အကြီးအကျယ် ကျဆင်းသွားလိမ့်မယ်"
"ဒီအချိန်မှာ ပြည်သူတွေရဲ့ သဘောထား လွှမ်းမိုးမှုကို ခံရတဲ့ အစိုးရဟာ ပြည်သူတွေရဲ့ စိတ်ခံစားချက်ကို တည်ငြိမ်စေဖို့အတွက် တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးကို လုံးဝ ဖြတ်တောက်ပြီး ဆန့်ကျင်ဘက် ဖြစ်သွားလိမ့်မယ်"
"အဲ့ဒီ နိုင်ငံရေးသမားတွေက တော်ဝင်မိသားစုရဲ့ အသက်ရှင်သန်မှု ဒါမှမဟုတ် ပလ္လင်ပေါ် ထိုင်မလဲဆိုတာကို ဂရုမစိုက်ဘူး၊ သူတို့က သူတို့ရဲ့ ကိုယ်ပိုင်အကျိုးအမြတ်ကိုပဲ ဂရုစိုက်ကြတာ"
"တရုတ်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်ဖို့နဲ့ အတူတူ ဖွံ့ဖြိုးတိုးတက်ဖို့ ဖြစ်နိုင်ခြေကို ဖြတ်တောက်လိုက်တာနဲ့ သူတို့တွေက ငါ့ရဲ့ နောက်ကွယ်က ပံ့ပိုးသူနဲ့ပဲ ပူးပေါင်းဆောင်ရွက်ဖို့ ရွေးချယ်စရာ မရှိတော့ဘူး"
"အဲ့ဒီအချိန်ကျရင် ငါက နှစ်ဖက်ကြားမှာ အရေးပါတဲ့ တံတားတစ်စင်း ဖြစ်လာပြီး ရရှိမယ့် အကျိုးအမြတ်တွေကတော့ စိတ်ကူးလို့တောင် ရမှာမဟုတ်ဘူး"
ကာတာသည် ဤသို့ တွေးတောရင်း မိမိ၏ မျက်နှာကို မသိစိတ်ဖြင့် ခပ်ဖွဖွ ရိုက်ပုတ်လိုက်မိသည်။
ဤအရာအားလုံးက တကယ် ဖြစ်လာခဲ့ပြီဟု သူ မယုံကြည်နိုင်လောက်အောင် ဖြစ်နေခဲ့ရသည်။
သူသည် တော်ဝင်မိသားစုဝင်တစ်ဦး ဖြစ်သော်လည်း လူအများ စိတ်ကူးထားသကဲ့သို့ ချမ်းသာကြွယ်ဝသူ မဟုတ်ပေ။
အနောက်ဘက်ရှိ နိုင်ငံငယ်လေးမှာ ဗြိတိန်နှင့် နှိုင်းယှဉ်လျှင် ဘာမှမဟုတ်ချေ။
သေချာသည်မှာ ဗြိတိန်သည်ပင်လျှင် အတိတ်ကအရာ ဖြစ်သွားခဲ့ပြီ ဖြစ်သည်။
ကာတာတွင် ကိုယ်ပိုင် စိုက်ပျိုးရေးခြံကြီးများ မရှိဘဲ မြို့ဆင်ခြေဖုံးရှိ ဗီလာအနည်းငယ်၊ လယ်ယာမြေ၊ မြို့ပြအိမ်ခြံမြေများနှင့် ပူးတွဲလုပ်ကိုင်နေသော ကုမ္ပဏီနှင့် ဆိုင်အချို့သာ ရှိသည်။
သူ၏ စုစုပေါင်း ပိုင်ဆိုင်မှုမှာ ယူရို သန်း ၂၀ ခန့်သာ ရှိသည်။
သာမန်လူများအတွက်မူ ဤသည်မှာ အလွန်များပြားလှသော်လည်း မိမိကိုယ်ကိုယ် အထင်ကြီးလွန်းသော သူကဲ့သို့ လူတစ်ယောက်အတွက်မူ ဤပမာဏမှာ ဖြုန်းတီးပစ်ရန် အဝေးကြီး လိုအပ်နေသေးသည်။
သူသည် ခြိုးခြံချွေတာရသော ဘဝနှင့် အသေးစိတ် တွက်ချက်နေရသော ဘဝကို လုံးဝ လက်မခံနိုင်ချေ။