← Chapters

အခန်း ၄၂၂

Vol. 29 Ch. 422

အခန်း ၄၂၂

Vol. 29 Ch. 422

အပိုင်း(၄၂၂) မေးခွန်း(၃)ခု၊ လူသားဧကရာဇ်၏အတိတ်

"မေးခွန်းတွေ တော်တော်လေး များတာပဲ။"

"ဒါပေမဲ့ ရပါတယ်။ ဒီနေရာက တစ်ရက်ဟာ အပြင်လောကရဲ့ နှစ်(၄၀၀)နဲ့ ညီမျှတယ်။ အပြင်မှာ မိုးလင်းဖို့ (၆)နာရီလိုသေးတယ်ဆိုတော့ နှစ်(၁၀၀)လောက် အချိန်ရသေးတယ်။ လုံလောက်ပါတယ်။"

လူသားဧကရာဇ်က အနည်းငယ် စိတ်ပျက်လက်ပျက်ဖြစ်သွားဟန်တူသည်။

သို့သော် အလွန်သည်းခံနေဆဲ ဖြစ်သည်။ အကြောင်းမှာ သူက လူသားဧကရာဇ် ဖြစ်သောကြောင့်ပင်။ သူ၏လူသားသဘာဝဘက် လုံးဝ သေဆုံးသွားခဲ့ပြီဖြစ်သော်လည်း ရှေ့မှလူအပေါ် နှစ်သောင်းချီကြာအောင် ကိုးကွယ်ယုံကြည်ခဲ့သောမျိုးစေ့လေးးက စွဲလမ်းမှုကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

မုန့်ချင်ကျိုး၏သံသယများကို ဖြေရှင်းပေးခြင်းက သူ၏ ကြွင်းကျန်နေသောလူသားသဘာဝကို ချေဖျက်ရန် အထောက်အကူ ဖြစ်စေနိုင်သောကြောင့်ဖြစ်သည်။

ဤအကြောင်းရင်းကြောင့်ပင် လူသားဧကရာဇ်သည် အလွန်သည်းခံကာ မုန့်ချင်ကျိုး၏မေးခွန်းများကို တစ်ခုချင်းစီဖြေဆိုပေးရန် ဆန္ဒရှိနေခြင်းဖြစ်သည်။

လူသားဧကရာဇ်က လက်သုံးချောင်းထောင်ပြလိုက်ပြီး တစ်ချောင်းကိုပြန်ရုပ်လိုက်ကာ ပြောလိုက်သည်။

"ယွဲ့ကနေရှီး ဘယ်လိုဖြစ်လာလဲဆိုတာ သိချင်ရင် ရှေးဟောင်းကောင်းကင်ခုံရုံးကို ဖျက်ဆီးခဲ့တဲ့ စစ်ပွဲဆီ ပြန်သွားရလိမ့်မယ်။"

"အကြောင်းရင်းက တကယ်တော့ အရမ်းရိုးရှင်းပါတယ်။ ကောင်းကင်တာအိုအသစ် မွေးဖွားလာရတဲ့ အကြောင်းရင်းကို မှတ်မိသေးလား။"

"ကောင်းကင်ဘုံအသစ် မွေးဖွားလာတာက ပထမအချက်အနေနဲ့ ကောင်းကင်နယ်ပယ်အထက် ကျင့်ကြံသူတွေကို ရှင်းလင်းဖို့နဲ့ ဒုတိယအချက်က တစ်ခုတည်းသောတည်ရှိမှုကို စုစည်းဖို့ပဲ။"

"ကောင်းကင်ခုံရုံးကို ချေမှုန်းတာက တစ်ခုတည်းသောတည်ရှိမှုကို စုစည်းဖို့ပဲ။ အဲဒီတုန်းက ယွဲ့ဟာ ကောင်းကင်နယ်ပယ်ကို တာအိုသက်သေပြနိုင်ခဲ့ပြီဖြစ်လို့ ကောင်းကင်တာအိုအသစ်ရဲ့ ဖျက်ဆီးခံရမယ့်ပစ်မှတ် ဖြစ်လာတာ အသေအချာလေ။ မင်း သိထားရမှာက ကမ္ဘာဦးခေတ်တုန်းက ကောင်းကင်ထောက်တိုင်နယ်ပယ် အထက် သက်ရှိတွေအားလုံး သေကုန်ကြပြီ။ ဒါပေမဲ့ စစ်မင်နဲ့ ယွဲ့ကတော့ လွတ်မြောက်သွားခဲ့တယ်။"

"သေချာ ပြန်စဉ်းစားကြည့်ဦး။ မဟာတာအိုနတ်ဘုရားဖြစ်တဲ့ စစ်မင်က ဘယ်လိုအာဏာမျိုးကို ပိုင်ဆိုင်ထားတာလဲ။"

"ဖန်ဆင်းခြင်းနဲ့ အသက်ရှင်ခြင်းလေ။"

ထိုနေရာသို့ ရောက်သောအခါ လူသားဧကရာဇ်က စကားရပ်လိုက်ပြီး အရှေ့မှလူကို စိုက်ကြည့်နေသည်။

မုန့်ချင်ကျိုးက အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး ချက်ချင်း သဘောပေါက်သွားသည်။

စစ်မင်က ဖန်ဆင်းခြင်းနဲ့ အသက်ရှင်ခြင်းကို ပိုင်ဆိုင်ထားတယ်...

ကောင်းကင်ထောက်တိုင်နယ်ပယ်အထက် သက်ရှိတွေကို ရှင်းလင်းတယ်...

"ယွဲ့က တကယ်တမ်း တစ်ခါ သေခဲ့ဖူးတာလား။။" မုန့်ချင်ကျိုးက မယုံကြည်နိုင်စွာဖြင့် လွှတ်ခနဲ မေးလိုက်သည်။

လူသားဧကရာဇ်က အနည်းငယ် ခေါင်းညိတ်လိုက်ပြီး ပြောသည်။ "မှန်တယ်။"

"ယွဲ့က အဲဒီဘေးအန္တရာယ်ကနေ မလွတ်မြောက်နိုင်ခဲ့ဘူး။ သူ့ရဲ့ ကိုယ်ရောစိတ်ပါ လုံးဝ ပျက်စီးလုနီးပါး ဖြစ်ခဲ့တယ်။ စစ်မင်ကသာ သူ့ရဲ့ ဝိညာဉ်(၃)ပါးနဲ့ နာမ်(၇)ပါးကို စုစည်းပေးပြီး ခန္ဓာကိုယ်အသစ် ပြန်လည် ဖန်တီးပေးခဲ့တာပဲ။ နတ်ဘုရားခေတ်ကြီး ရောက်လာတဲ့အချိန်အထိ အသစ်ပြန်လည်မွေးဖွားလာတဲ့ ယွဲ့ဟာ လူသားမျိုးနွယ်စုတစ်ခုမှာ မွေးဖွားလာခဲ့ပြီး ရှီးဆိုတဲ့နာမည်အသစ်ကို ရခဲ့တာပေါ့။"

"ကောင်းကင်နယ်ပယ်ရဲ့အခြေခံကို ဖြတ်တောက်လိုက်ပြီး အတိတ်ရဲ့မှတ်ဉာဏ်တွေကို ဖျက်ပစ်လိုက်တဲ့ အတွက်ကြောင့် သူက ကောင်းကင်တာအိုရဲ့ ပစ်မှတ်ထားခြင်းကိုမခံရတော့ဘဲ အဲဒီဘေးအန္တရာယ်ကနေ အောင်မြင်စွာ လွတ်မြောက်သွားခဲ့တယ်။"

"ရှီးက ကောင်းကင်နယ်ပယ်ကို ပြန်သက်သေပြနိုင်ခဲ့တဲ့အချိန်ကျမှ ယွဲ့ရဲ့မှတ်ဉာဏ်တွေ ပြန်လည် နိုးထလာခဲ့တာပဲ။"

ထိုစကားကို ကြားသောအခါ။

မုန့်ချင်ကျိုးသည် အမူအရာပျက်ယွင်းလုနီးပါး ဖြစ်သွားပြီး သူ၏စိတ်ထဲမှ အံ့အားသင့်မှုများကို မထိန်းချုပ်နိုင်တော့ပေ။

သူ့ကိုယ်သူပင် အရမ်းတုံးအလှချည်လားဟု ခံစားလိုက်ရသည်။

ကမ္ဘာဦးခေတ်က ကောင်းကင်ထောက်တိုင်နယ်ပယ်အထက် သက်ရှိများအားလုံး ရှင်းလင်းခံလိုက်ရသည် ဟူသော အခြေအနေများကို သူ ရှင်းရှင်းလင်းလင်း သိထားလျက်နှင့် ယွဲ့က မည်သို့လွတ်မြောက်နိုင်ခဲ့ကြောင်းး ဆိုသည်ကို လျစ်လျူရှုထားမိခဲ့သည်။

စစ်မင်သည် ဖန်ဆင်းခြင်းနှင့် အသက်ရှင်ခြင်းကို ပိုင်ဆိုင်ထားကြောင်း သိလျက်နှင့် ရှီးနှင့် ယွဲ့၏ လျှို့ဝှက်ချက်နှင့် ဆက်စပ်မှုကို စဉ်းစားမိခြင်း မရှိခဲ့ပေ။

"ဒါဆို စစ်မင်ကရော ကောင်းကင်တာအိုရဲ့ရှင်းလင်းမှုကနေ ဘယ်လိုလွတ်မြောက်ခဲ့တာလဲ။" မုန့်ချင်ကျိုးက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

ကမ္ဘာဦးခေတ်က ကောင်းကင်ထောက်တိုင်နယ်ပယ်အထက် သက်ရှိတစ်ဦးမှ ထိုဘေးဒဏ်ကို မလွတ်မြောက်နိုင်ခဲ့ပါက စစ်မင်သည် မည်သို့များ အသက်ရှင်ကျန်ရစ်ခဲ့သနည်း။

လူသားဧကရာဇ်က အနည်းငယ် ပြုံးလိုက်သည်။ ဘဝနှစ်ဆက်စာ ချစ်မြတ်နိုးခဲ့ရသူအကြောင်းကို ပြောနေသော်လည်း သူ၏စိတ်ထဲတွင် မည်သည့်လှုပ်ခတ်မှုမျှ မရှိဘဲ ပြောလိုက်သည်။

"စစ်မင်က အဲဒီဘေးအန္တရာယ်ကနေ လွတ်မြောက်သွားတယ်လို့ ဘယ်သူပြောလဲ။"

"နည်းနည်း ထပ်တွေးကြည့်ပါဦး။ ဖန်ဆင်းခြင်းနဲ့ အသက်ရှင်ခြင်းဆိုတဲ့ အာဏာအကြောင်းရယ်၊ ပြီးတော့ ကောင်းကင်တာအိုအသစ်က ဘယ်လိုလုပ်ပြီးတော့ နတ်ဘုရားအတုတွေကို ဖန်တီးနိုင်ခဲ့တာလဲ ဆိုတာကိုပေါ့။"

"တကယ်လို့ ကောင်းကင်တာအိုအသစ်သာ နတ်ဘုရားတွေကို သူ့သဘောအတိုင်း ဖန်တီးနိုင်တဲ့ စွမ်းအားရှိခဲ့ရင် ရှေးဟောင်းကောင်းကင်ခုံရုံးရဲ့ အလယ်နဲ့အောက်ခြေအဆင့်တွေကို အသုံးချပြီးတော့ ထိပ်ဆုံးက တာအိုနတ်ဘုရားတွေကို မှောက်လှန်ပစ်ဖို့ လိုသေးလို့လား။ တိုက်ရိုက်ပဲ နတ်ဘုရားတစ်အုပ်ကို ဖန်တီးလိုက်ရင် ရနေတာပဲကို။"

ထိုစကားကို ကြားသောအခါ။

မုန့်ချင်ကျိုးက မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ခန္ဓာကိုယ် တောင့်တင်းသွားပြီး မျက်ဝန်းများ အနည်းငယ် ပြူးကျယ်သွားသည်။

အတန်ကြာ ငေးမောသွား၏။

အချိန်အတော်ကြာမှသာ ဖြည်းညင်းစွာ သူက ပြောလိုက်သည်။

"ဒီလိုဆိုရင်... စစ်မင် အသက်ရှင်ကျန်ရစ်ခဲ့တာက ကောင်းကင်တာအိုအသစ်က သူ့ကို အသုံးချဖို့ လိုအပ်နေလို့ပဲ။ တာအိုနတ်ဘုရားသုံးထောင်ရဲ့ အာဏာတွေအတွက် ပိုင်ရှင်ရှာပေးဖို့ပေါ့။"

"စစ်မင်ရဲ့အာဏာက ကွက်တိဖြစ်နေတော့..."

"ကောင်းကင်တာအိုအသစ်က စစ်မင်ကို ကျေးကျွန်အဖြစ် ခိုင်းစေခဲ့တာလား။"

လူသားဧကရာဇ်၏မျက်နှာတွင် အံ့သြသွားသည့် အရိပ်အယောင်များ ပေါ်လာသည်။

မုန့်ချင်ကျိုးသည် ဤမျှဉာဏ်ကောင်းလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ အနည်းငယ် အရိပ်အမြွက် ပြောပြရုံဖြင့် အကြောင်းနှင့်အကျိုးကို ချက်ချင်း ခန့်မှန်းနိုင်ခဲ့သည်။

အံ့သြသွားသော အမူအရာက မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားသည်။

လူသားဧကရာဇ်က ခေါင်းညိတ်လိုက်ပြီးနောက် ပြန်ခေါင်းခါပြကာ ပြောလိုက်သည်။

"မှန်တယ်။ ဒါပေမဲ့ နည်းနည်းတော့ လိုနေသေးတယ်။"

"ဟာကွက်တစ်ခု ရှိနေသေးတယ်။ အဓိကအကြောင်းရင်းကတော့ ကောင်းကင်တာအိုအသစ်က တစ်ခုတည်းသောတည်ရှိမှုရဲ့ သုံးပုံနှစ်ပုံကိုပဲ ပိုင်ဆိုင်ထားလို့ တာအိုနတ်ဘုရားသုံးထောင်ရဲ့ အာဏာတွေကို သူ မစုပ်ယူနိုင်ဘူး။ ဒါကြောင့်မို့လို့ စစ်မင်ကို ကျေးကျွန်အဖြစ်ခိုင်းစေပြီး နတ်ဘုရားအတုတွေကို ဖန်တီးခဲ့တာပဲ။"

"နတ်ဘုရားအတုတွေရဲ့ တကယ့်အသုံးဝင်မှုက ကောင်းကင်တာအိုအသစ်ကိုယ်စား လောကကြီးကို စီမံအုပ်ချုပ်ပေးဖို့ မဟုတ်ဘူး။ အာဏာတွေကို သိမ်းဆည်းပေးမယ့်ခွက်တွေ သက်သက်ပဲ။"

ထိုနေရာသို့ ရောက်သောအခါ။

လူသားဧကရာဇ်က သူ့ကို ဆက်မေးရန် အခွင့်အရေးမပေးဘဲ ဆက်ပြောလိုက်သည်။

"ပထမအဖြေနဲ့ဆက်စပ်ပြီး ထပ်စဉ်းစားကြည့်ဦး။ လူသားဧကရာဇ်က စစ်မင်ကို ဘာလို့သတ်ခဲ့တာလဲ။"

အများကြီး စဉ်းစားနေစရာ မလိုပေ။

မုန့်ချင်ကျိုးက သက်ပြင်းရှည်ကြီးတစ်ခု ချလိုက်ပြီး ပြောလိုက်သည်။

"စစ်မင်က ကောင်းကင်တာအိုအသစ်ရဲ့ ကျေးကျွန်ဖြစ်သလို နတ်ဘုရားတုတွေရဲ့မိခင်လည်း ဖြစ်တယ်။ နတ်ဘုရားတုတွေရဲ့ခေါင်းဆောင်လို့ ပြောလို့ရတာပေါ့။ ဒါပေမဲ့ သူက နောက်ကွယ်မှာ အကြံအစည်ရှိပြီး ရှီးကို ကြီးပြင်းလာအောင် တိတ်တဆိတ် ကူညီပေးခဲ့တယ်။"

"ရှီးက ကောင်းကင်နယ်ပယ်ကို တာအိုသက်သေပြနိုင်ပြီး ယွဲ့ရဲ့မှတ်ဉာဏ်တွေ ပြန်နိုးထလာတာကို ကောင်းကင်တာအိုအသစ်က ရိပ်မိသွားလို့ စီမင်ကို အတင်းအကျပ် ထိန်းချုပ်ပြီးတော့ လူသားဧကရာဇ်အပေါ် အန္တရာယ်ပြုဖို့ ကြိုးစားခဲ့လို့ပေါ့။"

"ဒါကြောင့်ပဲ ဒီလိုအဖြစ်ဆိုးကြီး ဖြစ်ခဲ့ရတာလား..."

"ဟုတ်တယ်မလား။"

ထိုစကားကိုကြားသောအခါ လူသားဧကရာဇ်က မေးစေ့ကိုလက်ဖြင့်ထောက်ကာ ပြုံးစိစိအမူအရာဖြင့် ကြည့်နေသည်။

အရှေ့မှလူကိုကြည့်နေသော သူ၏မျက်ဝန်းများထဲတွင် နောက်ပြောင်လိုသော စိတ်ခံစားမှုတစ်ခု ရစ်သိုင်းနေသည်။

စိတ်ဝင်စားစရာပဲ။

သူ၏လူသားသဘာဝက ကိုးကွယ်ယုံကြည်ခဲ့သူပီသပေသည်။

"မင်းက အမြဲတမ်းတစ်ဝက်မှန်ပြီး တစ်ဝက်မှားနေတာပဲ ငါ သတိထားမိတယ်။" လူသားဧကရာဇ်က ဆက်ပြောသည်။ "လူသားဧကရာဇ်က မိဖုရားခေါင်ကြီးကို သတ်ခဲ့ရတဲ့ အဓိကအကြောင်းရင်းက စစ်မင်ဟာ ကောင်းကင်တာအိုရဲ့ထိန်းချုပ်မှုကိုခံရလို့ မဟုတ်ဘူး။"

"မင်းနေရာမှာသာဆိုရင် တကယ်လို့ တုန်းဖန်လျူလီက ငါ့ရဲ့ထိန်းချုပ်မှုကိုခံရတယ်ဆိုရင် မင်းက ငါ့ကို သတ်ဖို့ ရွေးချယ်မှာလား။ ဒါမှမဟုတ် တုန်းဖန်လျူလီကိုသတ်ဖို့ ရွေးချယ်မှာလား။"

မုန့်ချင်ကျိုးက မည်သည့်တုံ့ဆိုင်းမှုမျှမရှိဘဲ အေးစက်လှသော သတ်ဖြတ်လိုစိတ်များ ချက်ချင်း ပေါက်ကွဲထွက်ပေါ်လာသည်။

အေးစက်မှုက အစစ်အမှန်အရာဝတ္ထုတစ်ခုအဖြစ် ခဲသွားလုမတတ်ပင်။

သူက စကားနှစ်ခွန်းတည်းသာ ပြောလိုက်သည်။ "မင်းကိုသတ်မယ်။"

လူသားဧကရာဇ်က ဂရုမစိုက်စွာဖြင့် လက်နှစ်ဖက်ကို ဖြန့်ပြကာ ပြောသည်။ "ဒီလောက်ဆို သိလောက်ပြီပေါ့။"

"ရှီးက ငတုံးမှ မဟုတ်တာ။ လူဆိုးက ကိုယ့်မိသားစုဝင်ကို ထိန်းချုပ်ထားရင် လူဆိုးကို မသတ်ဘဲ ကိုယ့်မိသားစုဝင်ကို ပြန်သတ်တယ်ဆိုတာ တော်တော်လေးမရယ်ရတဲ့ ပြက်လုံးပဲ။"

"အဓိကအကြောင်းရင်းက တကယ်တော့ စစ်မင် ပြောင်းလဲသွားလို့ပဲ။"

"နှစ်သောင်းချီကြာအောင် ပေါင်းစည်းမှုခံရပြီးတဲ့နောက် စစ်မင်က ကိုယ်ရောစိတ်ပါ ကောင်းကင်တာအို အသစ်ကို အပြည့်အဝအညံ့ခံသွားခဲ့ပြီ။ ဒါပေမဲ့ သူက အရမ်းကို ပဋိပက္ခဖြစ်နေတယ်။ ယွဲ့အပေါ်ထားတဲ့ အချစ်ကိုလည်း မစွန့်လွှတ်နိုင်ဘူး။ ဒါကြောင့် တစ်ဖက်မှာ ကောင်းကင်တာအိုအသစ်ကို အညံ့ခံရင်းနဲ့ နောက်တစ်ဖက်မှာ ရှီးကို တိတ်တဆိတ်ကူညီပြီး ကြီးပြင်းလာအောင် လုပ်ပေးခဲ့တယ်။"

"ရှီးရဲ့ အဲဒီတုန်းကတုံ့ပြန်မှုက အခု မင်းနဲ့တူတူပဲ။ အမှန်တရားကို သိသွားပြီးတဲ့နောက်မှာ ကောင်းကင်တာအိုအသစ်နဲ့ အသေအကြေသွားတိုက်ဖို့ လုပ်ခဲ့တယ်။ ဒါပေမဲ့ အဲဒါကို စစ်မင်က တားဆီးခဲ့ပြီး ပြတ်ပြတ်သားသား ပြောခဲ့တယ်။ ကောင်းကင်တာအိုကို စစ်ခင်းချင်ရင် သူ့ကို အရင်သတ်ပြီးမှ သွားတော့တဲ့။"

"ဒီလိုအခြေအနေမျိုးမှာ မင်းသာဆိုရင် ဘယ်လိုလုပ်မလဲ။"

"ရှီးက အချိန်အတော်ကြာအောင် ရုန်းကန်ခဲ့ရပြီးတော့ တခြားနည်းလမ်းမရှိတော့လို့ မိဖုရားခေါင်ကြီးကို သတ်ဖို့ ရွေးချယ်ခဲ့ရတာ၊"

မုန့်ချင်ကျိုးက နောက်ဆုံးလက်ကျန်အရက်ကို သောက်လိုက်ပြီးနောက် ခေါင်းများမူးနောက်လာကာ အရက်မူးသွားပြီဖြစ်ကြောင်း သတိထားမိလိုက်သည်။

လူသားဧကရာဇ်၏ ဘဝတစ်သက်တာက ဤမျှကြေကွဲဝမ်းနည်းစရာ ကောင်းလိမ့်မည်ဟု သူ တကယ် မထင်ထားခဲ့ပေ။

လူသားဧကရာဇ်၏ ကြေကွဲဖွယ်ဘဝကို ဖြစ်စေခဲ့သော အဓိကဇစ်မြစ်သည် မုန့်ချင်ကျိုးနှင့်လည်း မသေးငယ်သော ပတ်သက်မှု ရှိနေသည်။

မှန်ပေသည်။

ဘဝနှစ်ဆက်စာ အလွန်ချစ်မြတ်နိုးခဲ့ရသော ဇနီးသည်က ရန်သူ၏သစ္စာခံ ဖြစ်သွားခဲ့သည်။

မည်ကဲ့သို့ လက်ခံနိုင်မည်နည်း။

ကောင်းကင်တာအိုအသစ်ကို တိတ်တဆိတ် သတ်ပစ်လိုက်လျှင်ပင် စစ်မင်က ကိုယ့်ကိုယ်ကိုယ် သတ်သေသွားရန်များသည်။

ဤအကျပ်အတည်းကို မည်သို့ဖြေရှင်းမည်နည်း။

မိမိ၏စိတ်ပိုင်းဖြတ်မှုကိုသက်သေပြရန် ဇနီးသည်ကို သတ်ဖြတ်ခြင်းပင်။ ဇနီးသည်ကို ပြန်လည် ကယ်တင်၍ မရနိုင်တော့သည်မို့ ကိုယ်တိုင် ကိုယ့်လက်ဖြင့် အဆုံးသတ်ပေးလိုက်သည်။ ဤနည်းအားဖြင့် ကောင်းကင်တာအိုအသစ်အပေါ်တွင် ထားရှိသော အမုန်းတရားများကို ပေါက်ကွဲစေနိုင်ပြီး ရှေ့ဆက်သွားမည့် တွန်းအားများ မဆုံးရှုံးစေတော့ဘဲ ဘဝကို သေမလိုရှင်မလို ဖြတ်သန်းရခြင်းမျိုး မဖြစ်တော့ပေ။

လူသားဧကရာဇ်က ရယ်မောကာ နောက်ထပ်တစ်ခွန်း ဖြည့်စွက် ပြောလိုက်သည်။

"နောက်ထပ် အရမ်းစိတ်ဝင်စားစရာကောင်းတဲ့ အချက်တစ်ခု ရှိသေးတယ်။"

"စီမင် ရဲ့ အာဏာစက်အကြောင်းပဲ၊ သူမက ဖန်ဆင်းခြင်းနဲ့ အသက်ရှင်ခြင်းကို ပိုင်ဆိုင်ထားတဲ့ တာအို နတ်ဘုရားနဲ့ နတ်ဆိုးဆိုတော့ လူသားဧကရာဇ်က သူမကို ဘယ်လို သတ်ခဲ့တယ်လို့ မင်း ထင်လဲ။"

မုန့်ချင်ကျိုး၏အသက်ရှူသံများ ပူလောင်လာပြီး စိတ်နှလုံးထဲတွင် နက်ရှိုင်းလှသော ဝမ်းနည်းမှုများ ပေါ်ပေါက်လာသည်။

ဟုတ်တယ်။

ဖန်ဆင်းခြင်းနဲ့အသက်ရှင်ခြင်းကို ပိုင်ဆိုင်ထားတဲ့ နတ်ဘုရားတစ်ပါးက သာမန်လူတစ်ယောက်ရဲ့ သတ်ဖြတ်တာကို ဘယ်လိုလုပ်ခံရနိုင်ပါ့မလဲ။

သူကိုယ်တိုင်က သေချင်နေပြီး ချစ်မြတ်နိုးရသူရဲ့ဓားအောက်မှာသေဖို့ ဆန္ဒရှိနေမှသာ ဖြစ်နိုင်မှာပေါ့။

ဤအခိုက်အတန့်တွင် မုန့်ချင်ကျိုးက အတိတ်သို့ပြန်သွားပြီး ယွဲ့နှင့် ပထမဆုံးတွေ့ဆုံခဲ့ချိန်သို့ ပြန်သွားချင်စိတ်များ အလွန်အမင်း ပြင်းပြနေသည်။

သို့သော် သေချာ ပြန်စဉ်းစားကြည့်လိုက်ရာ...

အတိတ်ကို ပြန်သွားတော့ရော ဘာလုပ်နိုင်မှာလဲ...

အနာဂတ်ရဲ့အမှန်တရားတွေကို ပြောပြလိုက်ရင် အချိန်-နေရာလွတ် ပြိုကျသွားပြီးတော့ နောင်လာမယ့် သမိုင်းကြောင်းတွေ လုံးဝပျက်စီးသွားလိမ့်မယ်။ တုန်းဖန်လျူလီ၊ ဝူတျဲ၊ စုချင်ချိုး စတဲ့ ချစ်ရတဲ့မိသားစုဝင်တွေ ထပ်ပြီးပေါ်လာမှာ မဟုတ်တော့ဘူးလေ။

ဒါမှမဟုတ် တမင်နှိမ့်ချနေပြီး လူသားဧကရာဇ်ကို အဲဒီအချိန်ကစလို့ စိတ်ဓာတ်ကျသွားအောင် လုပ်မလား။ အရင်လို အရှေ့ကို ရဲရဲဝံ့ဝံ့ဆက်မသွားတော့ဘဲ လူသားမျိုးနွယ် ကြီးပွားတိုးတက်လာရမယ်ဆိုတဲ့ ယုံကြည်ချက်တွေပျောက်သွားအောင် လုပ်မလား။ အဲဒီလိုလုပ်ရင် ပေးဆပ်ရမယ့်တန်ဖိုးက လူသားမျိုးနွယ် ထာဝရနာလန်မထူနိုင်တော့ဘဲ သမိုင်းအရေးခံရပြီး ကောင်းကင်တာအိုအသစ်က လုံးဝလွတ်မြောက်သွားပြီးတော့ လောကကြီးကို အပြည့်အဝ ထိန်းချုပ်သွားလိမ့်မယ်။။

နှစ်ခုလုံး မဖြစ်ပေ...

ဟိုတွေးဒီတွေးနှင့် စဉ်းစားကြည့်ရာ ယခုအခြေအနေကသာ အကောင်းဆုံး ဖြစ်နေပုံရသည်။

လူသားဧကရာဇ်တစ်ယောက်တည်း ဒုက္ခခံလိုက်ခြင်းဖြင့် မျိုးဆက်ပေါင်းများစွာ ငြိမ်းချမ်းသွားခဲ့ရသည်။

"ကြည့်ရတာ မင်းမှာ လူသားသဘာဝ နည်းနည်းလေးမှ မရှိတော့ဘူးပဲ။ ဘဝနှစ်ဆက်စာ ချစ်ခဲ့ရတဲ့သူ၊ မင်းကိုယ်တိုင် ရက်ရက်စက်စက်သတ်ခဲ့ရတဲ့ချစ်သူအကြောင်း ပြောနေတာတောင် ရယ်နေနိုင်သေးတယ်။" မုန့်ချင်ကျိုး၏အသံက သားရဲတစ်ကောင်လို အက်ကွဲနေသည်။

လူသားဧကရာဇ်က ဘယ်ဘက်လက်ဖြင့် ပါးကိုထောက်ကာ နားမလည်သလို ခေါင်းစောင်းလိုက်သည်။

"စိတ်ခံစားမှုနဲ့ဆန္ဒတွေဆိုတာ လူသားသဘာဝလ။ နတ်ဘုရားသဘာဝမှာတော့ အသိဉာဏ်နဲ့ အကြွင်းမဲ့ အကျိုးအမြတ်ပဲ ရှိတယ်။ ငါ ဘာလို့ မရယ်နိုင်ရမှာလဲ။"

"အစကတည်းက ရယ်စရာကောင်းနေတာကိုး။"

"လူသားမျိုးနွယ်အတွက်၊ ဇနီးသည်အတွက်ဆိုပြီး..."

"မျက်လုံးဖွင့်ပြီး ကြည့်လိုက်စမ်းပါ။ အခုချိန်မှာ လူသားဧကရာဇ်ကိုကိုးကွယ်နေတဲ့လူ ဘယ်နှယောက် ရှိလို့လဲ။ လူတွေက မဟာကျင်းဧကရာဇ်ဖြစ်တဲ့ မင်းကိုပဲ ချီးမွမ်းထောမနာပြုနေကြတာလေ။"

"မိဖုရားခေါင်ကြီးနဲ့ပတ်သက်တဲ့ သံယောဇဉ်ကိုတော့ စိတ်မကောင်းပါဘူး။ ငါ ဘာမှ မခံစားရဘူး။ စိတ်ခံစားမှုနဲ့ ဆန္ဒတွေကနေ ပေါ်ထွက်လာတဲ့ အရာတစ်ခုကို အချစ်လို့ခေါ်ပြီး ဖြူစင်မြင့်မြတ်တယ်ဆိုတဲ့ နာမည်တပ်ထားတာက ငါ့အမြင်မှာတော့ သားရဲတွေမိတ်လိုက်တာနဲ့ ဘာကွာလို့လဲ။"

"ငါ မရယ်သင့်ဘူးလား။ မင်းပဲပြောကြည့်။"

လူသားဧကရာဇ်က ရယ်မောလိုက်သော်လည်း ထိုရယ်မောမှုက အလွန်ပင် အတုအယောင်ဆန်နေသည်။

သေချာကြည့်လျှင်။

ထိုအတုအယောင်အပြုံးထဲတွင် အဆင့်မြင့်သက်ရှိတစ်ခုက အောက်တန်းစားသားရဲများကို အထက်စီးမှ လှောင်ပြောင်ကြည့်ရှုနေသည့် အထင်သေးမှုများကို မြင်တွေ့နိုင်သည်။

လူသားဧကရာဇ်အကြောင်း ပြောရလျှင် သူ့ထံတွင် မထီမဲ့မြင်ပြုမှုများသာ ရှိနေသည်။

လူသားဧကရာဇ်၏ တစ်သက်တာစွမ်းဆောင်မှုများကို သူက ငြင်းပယ်လိုက်သည်။

"ငါ့ရဲ့သတ်ဖြတ်ချင်တဲ့စိတ်တွေကို ထိန်းထားလို့ မရတော့ဘူး။ တတိယမေးခွန်းကို မြန်မြန်ဖြေလိုက်။" မုန့်ချင်ကျိုးက စိတ်အခြေအနေ အလွန်ဆိုးရွားနေသဖြင့် ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။

လူသားဧကရာဇ်က ရှေ့တစ်ဝက်မှစကားကို လျစ်လျူရှုလိုက်ပြီး နောက်တစ်ဝက်မှ စကားကို မျက်တောင်တဖျပ်ဖျပ် ခတ်ကာ ဖြေလိုက်သည်။

"ငါ မင်းကို ဖြေခဲ့ပြီးပြီလေ။"

"မင်း တကယ် သတိမထားမိဘူးလား။"

ဟမ်။

မုန့်ချင်ကျိုးက မျက်မှောင် တင်းတင်းကြုတ်သွားသည်။

ဖြေခဲ့ပြီးပြီ ဟုတ်လား။

"မင်းက သိပ်မထက်မြက်ဘူးလို့ ထပ်ခံစားလာရပြန်ပြီ။" လူသားဧကရာဇ်က စိတ်ပျက်လက်ပျက်ဖြင့် ပြောသည်။ "ကောင်းကင်တာအိုအသစ်က တာအိုနတ်ဘုရားတွေရဲ့အာဏကို ဘာကြောင့်မစုပ်ယူနိုင်တာလဲလို့ ငါ စောစောက ပြောခဲ့တာကို မှတ်မိသေးလား။"

မုန့်ချင်ကျိုးက အနည်းငယ် တွေဝေသွားပြီးနောက် ခေါင်းညိတ်လိုက်သည်။ "ဒါပေမဲ့ အဲဒါက ငါနဲ့ ဘာဆိုင်လို့လဲ။"

လူသားဧကရာဇ်၏နှုတ်ခမ်းထောင့်များ ကွေးတက်သွားပြီး သူ၏အပြုံးက သွေးဆာနေသကဲ့သို့ ဖြစ်နေသည်။ မျက်နှာအမူအရာက အလွန်ကြမ်းတမ်းနေသော်လည်း မျက်ဝန်းများထဲတွင်တော့ ထူးဆန်းသော သေဆုံးခြင်းနှင့် တည်ငြိမ်မှုများသာ ရှိနေသည်။ သူက မုန့်ချင်ကျိုး၏ရင်ဘတ်နေရာကို လက်ညှိုးထိုးကာ ပြောလိုက်သည်။

"သေချာပေါက် ဆိုင်တာပေါ့။"

"မင်း မေ့သွားပြီလား။ ကောင်းကင်တာအိုအသစ်က တာအိုနတ်ဘုရားတွေရဲ့အာဏာစက်ကို မစုပ်ယူနိုင်ပေမယ့် မင်းကတော့ စုပ်ယူနိုင်တယ်လေ။"

"ဘာလို့လဲဆိုတော့ မရေမတွက်နိုင်တဲ့နှစ်တွေအကြာကြီး ပျောက်ဆုံးနေခဲ့တဲ့ တတိယမြောက် တစ်ခုတည်းသောတည်ရှိမှုက မင်းရဲ့ခန္ဓာကိုယ်ထဲမှာ ရှိနေလို့ပဲ။"

"ဒီလောက်အများကြီး အစီအစဉ်တွေဆွဲပြီး မင်းကို ဒီထဲဝင်လာအောင် ဆွဲဆောင်ခဲ့တာက တစ်ခုတည်းသောတည်ရှိမှုတွေကို တစ်ခုတည်းအဖြစ် ပေါင်းစည်းချင်လို့ပဲ။"

"အခု နားလည်ပြီလား။”

...

All Chapters