← Chapters

အခန်း ၅၃၃

Vol. 54 Ch. 533

အခန်း ၅၃၃

Vol. 54 Ch. 533

အခန်း (၅၃၃) - မြေအောက်မှ တံခါးကြီး

ထိုနောက်ဆုံးစကားနှင့်အတူ ယန်လေကျိ သူ၏မျက်လုံးများကို မှိတ်ချလိုက်လေသည်။ နောက်တစ်ခဏ၌ မီးလျှံများမရှိဘဲ သူ၏ဦးခေါင်းတစ်ခုလုံး လောင်ကျွမ်းသွားသည်။ ဤသို့ဖြင့် တစ်ချိန်က စစ်မြေပြင်တစ်ခုလုံးကို တုန်ဟည်းချောက်ချားစေခဲ့သည့် ကျော်ကြားလှသော မိုးကြိုးအတတ်ပညာရှင် ယန်လေကျိသည် လော့ချန်အား ထိရောက်သော တိုက်ခိုက်မှုတစ်ချက်မျှပင် မလုပ်နိုင်ဘဲ ဇာတ်သိမ်းသွားရရှာသည်။

သို့သော် လော့ချန် သတိမလက်လွတ်နိုင်သေးမီမှာပင် မီးခိုးငွေ့များကြားမှ တစ်စုံတစ်ရာ လှုပ်ရှားလာသည်။ စိမ်းဖန့်ဖန့် မီးခိုးလိပ်များကြားမှ မီးလျှံပုံသဏ္ဌာန် အမှတ်အသားတစ်ခု ရုတ်တရက် ပေါ်ထွက်လာပြီး လော့ချန်ထံသို့ တည့်တည့်မတ်မတ် ပြေးဝင်လာတော့သည်။

လော့ချန်၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။

"ကျိန်စာတိုက်ကွက်လား...."

သူ အေးစက်စွာ နှာခေါင်းရှုံ့လိုက်ရင်း သူ၏ မီးလျှံအတောင်ပံများကို ခတ်ကာ နောက်သို့ ဆုတ်ခွာလိုက်သည်။ သူ၏ ပုံရိပ်က ဝေဝါးသွားပြီး အချိန်အနည်းငယ်အတွင်းမှာပင် ထောင်ချောက်ချောက်ကမ်းပါးနှင့် ဝေးသည်ထက် ဝေးအောင် ခွာလိုက်လေသည်။ ဤမျှဝေးကွာသော အကွာအဝေးတွင်မူ ထိုကျိန်စာဆိုသည်မှာ ၎င်း၏ စွမ်းပကား လုံးဝ ဆုံးရှုံးသွားရမည်သာ ဖြစ်သည်။

'မဟုတ်သေးဘူး.... တစ်ခုခုမှားနေပြီ....'

လော့ချန် သူ၏နဖူးကို လက်ဖြင့် ရိုက်လိုက်မိသည်။ ပတ်ဝန်းကျင်တစ်ခုလုံးတွင် ပူပြင်းလှသော အပူလှိုင်းများ လွှမ်းခြုံလာပြီး ထိုအရာက သူ၏ စိတ်ဝိညာဉ်ထဲအထိ ထိုးဖောက်တောက်လောင်ရန် ကြိုးစားနေသကဲ့သို့ ခံစားလိုက်ရသည်။

သူသည် တွန့်ဆုတ်မနေဘဲ လရိပ်မှော်အတတ်ကို ချက်ချင်း ထုတ်ဖော်ကာ ရောင်ပြန်ဟပ်မှုကို စိုက်ကြည့်လိုက်သည်။ ရုပ်ရည်ချောမောသည့် သူ၏ မျက်နှာမှာ ယခုအခါတွင် မှိုင်းညို့နေသည့်အပြင် နဖူးပေါ်တွင် မီးတောက်ငယ်လေးတစ်ခု လောင်ကျွမ်းနေသည်။

'တောက်.... ဒါက ဘာလဲ.... ဘာလို့ ဒီလောက်ဝေးတဲ့အထိ ရှောင်တာတောင် ရှင်းထုတ်လို့မရရတာလဲ၊ မီးလျှံအတတ်လား.... စိတ်ဝိညာဉ်လျှို့ဝှက်ချက်လား.... ဒါမှမဟုတ် တခြားနည်းလမ်းလား....'

မေးခွန်းပေါင်းများစွာက သူ၏စိတ်ထဲတွင် လှိုင်းလုံးကြီးများကဲ့သို့ ရိုက်ခတ်လာသည်။ လော့ချန်၏ မျက်နှာက မိုးရွာတော့မည့်အလား လွန်စွာ အုံ့မှိုင်းသွားတော့သည်။

ထိုစဉ်မှာပင် ထောင်ချောက်ချောက်ကမ်းပါး အရပ်ဆီမှ ကမ်းပါးယံတစ်ခုလုံး ပြိုကျပျက်စီးလာသကဲ့သို့ ပြင်းထန်သော မြည်ဟည်းသံကြီးတစ်ခု သောသောညံအောင် ထွက်ပေါ်လာသည်။ လောလောဆယ်တွင် သူသည် နဖူးထက်မှ မီးလျှံအမှတ်အသားကိစ္စကို ခေတ္တဘေးဖယ်ထားလိုက်ပြီး ထိုအသံထွက်ပေါ်ရာဆီသို့ အလျင်အမြန် ပြန်လည်ပျံသန်းခဲ့တော့သည်။

သူ တောင်ကြားသို့ မရောက်မီမှာပင် အသံ၏ မြစ်ဖျားခံရာက သူ၏ မျက်စိရှေ့မှောက်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ စုတ်ပြတ်သတ်နေသော ပုံရိပ်တစ်ခုသည် ကျောက်စိမ်းပေတံတစ်ခုကို အသည်းအသန် ဝှေ့ယမ်းရင်း ထွက်ပြေးနေသည်။ သူ၏နောက်တွင်မူ ဝမ်ယွမ်၏ ဆံပင်နက်များက လေထဲတွင် တလွင့်လွင့် ဝဲပျံနေပြီး၊ သူ၏ အေးစက်သော မျက်ဝန်းနက်များက ထိုလူ့ထံသို့ စူးစိုက်ကျရောက်နေခဲ့သည်။ သူသည် ရှေးဟောင်းချပ်ဝတ်တန်ဆာတစ်စုံကို ဆင်မြန်းထားသည့်အလား ထင်မှတ်ရပြီး ခြေလှမ်းကျဲကြီးများဖြင့် လိုက်လံ သတ်ဖြတ်နေသည်။ ထိုမျှမက အခါအားလျော်စွာ သွေးဘေးဒုက္ခလက်ညှိုးကို ထုတ်ဖော် တိုက်ခိုက်နေသည်။ ထွက်ပြေးနေသော လူက မည်မျှပင် ပိတ်ဆို့ခုခံရန်၊ ရှောင်တိမ်းရန် ကြိုးစားပါစေ၊ သူ ရှောင်လိုက်သည့် သွေးရောင်အလင်းတန်း အချို့သည် ထူးဆန်းသော ကွေ့ဝိုက်မှုများဖြင့် နောက်သို့ ပြန်လည်လှည့်ပတ်လာကာ သူ့ထံသို့ ထပ်မံ ဦးတည်လာပြန်သည်။

ခဏချင်းအတွင်းမှာပင် ထိုလူ၏ ခန္ဓာကိုယ်၌ သွေးချင်းချင်းနီနေသော အပေါက်ကြီးများ ဗရပွ ဖြစ်သွားတော့သည်။ ဒဏ်ရာများမှ သွေးများသည် ဆည်ပြိုကျသကဲ့သို့ ပန်းထွက်လာပြီး သူ၏ ကျင့်စဉ်စွမ်းအား စီးဆင်းမှုကလည်း အဆမတန် အားနည်းသွားကာ အောက်ခြေသို့ ထိုးဆင်းသွားရရှာသည်။

ဘုန်းးးး....

ထိုလူက ဆက်လက်တောင့်ခံမထားနိုင်တော့ပေ။ မြေပြင်ထက်သို့ ပြင်းထန်စွာ လဲပြိုသွားပြီး ဒူးတစ်ဖက်က မြေသို့ထိလျက် ရင်ဘတ်ကို ဖိကာ အသက်ကို မောဟိုက်စွာ ရှူရှိုက်နေရတော့သည်။ ထိုအချိန်ကျမှသာ ဝမ်ယွမ် သူ၏လက်ကို နှိမ့်ချလိုက်ပြီး တိုက်ခိုက်မှုကို ရပ်တန့်လိုက်သည်။

လော့ချန်က လျင်မြန်သော လှုပ်ရှားမှုဖြင့် သူ၏ဘေးနားသို့ ဆင်းသက်လိုက်ပြီး

"အစ်ကိုဝမ် အဆင်ပြေရဲ့လား"

"မသေသေးပါဘူး"

ဝမ်ယွမ်က အမောတကောဖြင့် ပြန်ဖြေလိုက်သည်။ သူ အသက်ကို ပြင်းပြင်းရှူလိုက်ရာ သူ၏ခန္ဓာကိုယ်ထက်မှ ရှေးဟောင်းချပ်ဝတ်တန်ဆာ ပုံရိပ်က တဖြည်းဖြည်း မှေးမှိန်ကွယ်ပျောက်သွားတော့သည်။ ထို့နောက် သူသည် လျှော်တေဝတ်ရုံကြမ်းတစ်ထည်ကို ထုတ်ယူကာ ကိုယ်ပေါ်သို့ ခပ်ပေါ့ပေါ့ လွှမ်းခြုံလိုက်သည်။

လော့ချန် ခေါင်းကို ခပ်ဖွဖွ ညိတ်လိုက်သည်။ ဝမ်ယွမ်က ဒဏ်ရာရရှိထားပြီး ၎င်းက တကယ်ကို ပြင်းထန်လှသည်။ သို့သော် ဤကဲ့သို့ စကားပြောနိုင်သေးသည်ဆိုလျှင် အသက်အန္တရာယ် မစိုးရိမ်ရတော့ဟု ဆိုလိုပေသည်။ ပို၍အရေးကြီးသည်မှာ ယခုအချိန်က စကားလက်ဆုံကျရမည့် အချိန်မဟုတ်ပေ။ လော့ချန် မြေပြင်ပေါ်တွင် လဲလျောင်းနေသော လူထံသို့ အကြည့်ကို လွှဲပြောင်းလိုက်ရာ သူ၏ မျက်နှာအမူအရာက အေးစက်တည်တံ့သွားတော့သည်။

ထိုစဉ်မှာပင် ထိုလူက ခေါင်းကိုမော့ကာ သူတို့နှစ်ဦးကို အတိုင်းအဆမရှိသော နာကျည်းမုန်းတီးမှုများဖြင့် စိုက်ကြည့်လာသည်။ ထိုမျက်နှာထက်တွင် ဖျတ်ခနဲ ရင်းနှီးနေသော အငွေ့အသက် အချို့ ရှိနေခဲ့သည်။

"မင်းက.... ဖားပြုပ်ခြောက်လား...."

လော့ချန် ဝေခွဲမရစွာဖြင့် မေးမြန်းလိုက်သည်။

အဘိုးအိုက ဘာမှပြန်မပြောပေ။ သူ၏ မျက်ဝန်းများထဲတွင် အဆိပ်အတောက်ကဲ့သို့ ပြင်းထန်သော ဒေါသမီးများဖြင့် တောက်လောင်နေခဲ့သည်။

လော့ချန် မျက်မှောင်ကြုတ်လိုက်ပြီး

"ငါတို့ကြားမှာ ဒီလောက်အထိ နက်ရှိုင်းတဲ့ ရန်ငြိုးမရှိပါဘူး.... စစ်မြေပြင်မှာ ငါတို့က ကိုယ့်တာဝန်ကိုယ်ထမ်းဆောင်ခဲ့ကြတာပဲ.... မင်းလည်း လော့ထျန်းအဖွဲ့က ကျင့်ကြံသူ တော်တော်များများကို သတ်ခဲ့ပြီးပြီပဲဥစ္စာ.... ဘာဖြစ်လို့ ဒီလောက်အထိ အစွန်းရောက်ပြီး ငါ့အစ်ကိုနောက်ကို အရူးတစ်ယောက်လို လိုက်လံ သတ်ဖြတ်နေရတာလဲ"

"နက်ရှိုင်းတဲ့ ရန်ငြိုးမရှိဘူး ဟုတ်လား...."

ဖားပြုပ်ခြောက်က ကမ္ဘာပေါ်တွင် အဓိပ္ပာယ်မရှိဆုံး အရာတစ်ခုကို ကြားလိုက်ရသည့်အလား ခြောက်ကပ်စွာ ရယ်မောလိုက်သည်။ သူ ဒဏ်ရာများကိုပင် လျစ်လျူရှုထားနိုင်သည်အထိ ရူးသွပ်စွာ ရယ်မောနေခဲ့ခြင်း ဖြစ်သည်။ သို့သော် မကြာမီမှာပင် ပြင်းထန်သော နာကျင်မှုက ကျရောက်လာပြီး သူ၏ရယ်သံက ချောင်းဆိုးသံများအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

“အဟွတ်.... အဟွတ်....”

သူ ချောင်းဆိုးလိုက်တိုင်း သွေးပလုတ်ပလောင်း ထွက်လာပြီး ထိုသွေးများကြားတွင် ကြေမွပျက်စီးသွားသော ကိုယ်တွင်းကလီစာ အပိုင်းအစငယ်များကို အတိုင်းသား မြင်တွေ့နေရသည်။

လော့ချန် နားမလည်နိုင်သေးပေ။ သူ၏ဘေးနားရှိ ဝမ်ယွမ်ကမူ နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။

"ဪ.... ရန်ငြိုးကတော့ တကယ်ကို နက်ရှိုင်းတာပေါ့၊ တစ်ယောက်ယောက် သေမှ ပြီးမယ့် ရန်ငြိုးမျိုးလေ"

'ဟင်....'

လော့ချန် ဝမ်ယွမ်အား လှည့်ကြည့်လိုက်မိသည်။

"ဟော်ချွမ်"

ဝမ်ယွမ်၏ အသံက ဓားသွားတစ်စင်းကဲ့သို့ အေးစက်နေသည်။

"ဒါက မင်းရဲ့နာမည်အစစ် မဟုတ်လား"

မြေပြင်ပေါ်ရှိ ဖားပြုပ်ခြောက်က ခေါင်းကို မော့ကြည့်လိုက်သည်။ သူ၏ မျက်ဝန်းများထဲတွင် သွေးဆာနေသော နာကျည်းမှုများဖြင့် သူတို့နှစ်ဦးကို စိုက်ကြည့်ရင်း ဆိုသည်။

"ငါ့သားကို သတ်ခဲ့တဲ့ ရန်ငြိုးက.... ဘယ်တော့မှ ပြေငြိမ်းနိုင်မှာ မဟုတ်ဘူး...."

ဟော်ချွမ်ဟူသော နာမည်ကို ကြားလိုက်ရသည့်အခါ လော့ချန်၏ နှုတ်ခမ်းထောင့်က အနည်းငယ် တွန့်ခနဲ ဖြစ်သွားသည်။ အဘိုးအို၏ မျက်နှာက အဘယ်ကြောင့် ရင်းနှီးနေရသည်ကို သူ နောက်ဆုံးတော့ နားလည်သွားခဲ့ပြီ ဖြစ်သည်။ သူ့၌ ယန်လေကျိ ပြောခဲ့ဖူးသော ဝမ်ယွမ် သတ်ခဲ့သည့် သားတစ်ယောက် ရှိနေခဲ့သည်။ ထိုသားဖြစ်သူကား အခြားမဟုတ် ဟော်ဟူ ပင်ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက ထိုက်ရှန်းဈေးမြို့တော်တွင် သူတို့ ထိုလူနှင့် ဆုံတွေ့ခဲ့ဖူးသည်။ နောက်ပိုင်း ကောင်းလင်လွင်ပြင် တိုက်ပွဲတွင် ဟော်ဟူကို ဖမ်းဆီးရမိခဲ့ပြီး၊ ထိုနောက်ပိုင်း ဖြစ်ပျက်ခဲ့သည့် အရာများကမူ....။

လော့ချန်၏ အကြည့်က ဝမ်ယွမ်ထံ ရောက်ရှိသွားသည်။ လျှော်တေဝတ်ရုံကြမ်းက သူ၏ ခန္ဓာကိုယ်ကို ဖုံးကွယ်ထားသော်လည်း ထိုစဉ်က ဝမ်ယွမ်၏ ကျောပြင်ထက်တွင် သွေးစွမ်းအားလုယူခြင်းအစီအရင်ကို ထုဆစ်ခဲ့ခြင်း ဖြစ်သည်။ ထိုကိစ္စသည် ကြက်သွေးရောင်ဖားတောင်ပျက်စီးခြင်းနှင့်အတူ အဆုံးသတ်သွားခဲ့ပြီဟု ထင်မှတ်ခဲ့သော်လည်း၊ အမှောင်ထုထဲတွင် အဆိပ်ပြင်းသော မြွေတစ်ကောင်က ယနေ့အချိန်အထိ ပုန်းအောင်းနေခဲ့လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ဟော်ချွမ်က လော့ချန်ကို တစ်ချက်မျှပင် လှည့်မကြည့်ဘဲ သူ၏ နာကျည်းနေသော မျက်ဝန်းများဖြင့် ဝမ်ယွမ်ကိုသာ စူးစိုက်ကြည့်နေခဲ့သည်။

"မင်း သူ့ကို သတ်ရုံတင် သတ်ခဲ့ရင် ငါ ဒီလောက်အထိ နာကျည်းချင်မှ နာကျည်းမှာ.... ဒါပေမဲ့ မင်းက.... မင်းက သူ့ရဲ့ တာအိုအခြေခံအုတ်မြစ်ကို ဖျက်ဆီးပစ်ခဲ့တယ်၊ သူ့ရဲ့ သွေးသားစွမ်းအင်တွေကို စုပ်ယူစားသောက်ခဲ့တယ်.... မင်းက သူ့ကို လူပြန်ဝင်စားဖို့ အခွင့်အရေးတောင် မချန်ထားခဲ့ဘူး.... ဒီလို မိစ္ဆာအပြုအမူမျိုးနဲ့ဆိုရင်.... ငါ ဒီနေ့ မင်းကို မသတ်နိုင်ခဲ့ရင်တောင် ကျောက်စိမ်းအိုးနယ်မြေက ကျင့်ကြံသူကြီးတွေက မင်းကို ဘယ်တော့မှ ခွင့်လွှတ်မှာ မဟုတ်ဘူး"

လော့ချန်၏ မျက်နှာအမူအရာ အနည်းငယ် ပျက်ယွင်းသွားသည်။ သွေးစွမ်းအား စုပ်ယူခြင်း အစီအရင်သည် အလွန်တရာ လျှို့ဝှက်လှသော အရာတစ်ခု ဖြစ်သည်။ ဝမ်ယွမ် ထိုသို့လုပ်ခဲ့သည်ကို ဟော်ချွမ်တစ်ယောက် မည်သို့မည်ပုံ သိနေရသနည်း။

ဝမ်ယွမ်က လော့ချန်၏ ဇဝေဇဝါဖြစ်မှုကို ရိပ်မိပုံရပြီး တည်ငြိမ်စွာ ရှင်းပြလိုက်သည်။

"မီးလျှံမဟာမိတ်မှာ သွေးသားချင်း ချိတ်ဆက်မှုကို လှုံ့ဆော်နိုင်တဲ့ ကျင့်စဉ်တစ်ခု ရှိတယ်.... ဟော်ချွမ်က တစ်ချိန်က မီးလျှံမဟာမိတ်ရဲ့ အတွင်းစည်းတပည့် ဖြစ်ခဲ့ဖူးတော့ အဲဒါကို တတ်မြောက်ထားတာ.... အနီးကပ် အကွာအဝေးမှာဆိုရင် ဟော်ဟူ ကြုံတွေ့ခဲ့ရသမျှ အရာအားလုံးကို ငါ့ရဲ့ ခန္ဓာကိုယ်ကတစ်ဆင့် သူ အာရုံခံနိုင်စွမ်း ရှိတယ်"

လော့ချန် ချက်ချင်းပင် သဘောပေါက်သွားသည်။ သူသည်လည်း ထိုကဲ့သို့သော လျှို့ဝှက်ကျင့်စဉ်မျိုးကို ကြားဖူးနားဝ ရှိသည်။ ထိုအရာက တိုက်ရိုက်သွေးသားတော်စပ်သူ အချင်းချင်းကြားတွင်သာ ထုတ်ဖော်နိုင်ခြင်း ဖြစ်ပေသည်။

"ငါသာ တတိယအဆင့် မိစ္ဆာသားရဲဖြစ်တဲ့ ခြေသုံးချောင်း မြစ်မျိုဖားကြီးရဲ့ တိုက်ခိုက်မှုကြောင့် ဒဏ်ရာမရခဲ့ရင် မင်းတို့အားလုံးကို ဟိုးအရင်တည်းက သတ်ပစ်ခဲ့ပြီးပြီ"

ဟော်ချွမ်က နာကျည်းစွာဖြင့် ဟိန်းဟောက်လိုက်သည်။

"ငါ ဒဏ်ရာတွေပြန်ကောင်းလာပြီး ကျင့်ကြံခြင်း အဆင့်အတန်းကို ငြိမ်အောင် လုပ်နိုင်ခဲ့တဲ့ အချိန်ကျမှ မင်းတို့က ရွှေအမြုတေအဆင့် ဂိုဏ်းကြီးတစ်ခုဆီမှာ ခိုလှုံသွားခဲ့ပြီဆိုတာ သိလိုက်ရတယ်.... တန်ချန်ဇီဆိုတဲ့ကောင်က ကျောက်စိမ်းအိုးနယ်မြေရဲ့ လူငယ်မျိုးဆက်တွေကြားမှာ ရေပန်းစားနေတာဆိုတော့ ငါ့ရဲ့ စွမ်းဆောင်ရည်နဲ့ဆိုရင် ထျန်းလန်နတ်ဘုရားမြို့တော်ထဲအထိ ဝင်ပြီး မင်းကို သတ်ဖို့ မဖြစ်နိုင်ခဲ့ဘူး"

"ဒါပေမဲ့ ကောင်းကင်ဘုံက မျက်နှာသာပေးခဲ့တယ်.... ကျောက်စိမ်းအိုးနယ်မြေရဲ့ ဝိညာဉ်သန္ဓေတည်အဆင့် ဂိုဏ်းနှစ်ခုကြားက ပြည်တွင်းစစ်ပွဲက ငါ့ကို ဒီအခွင့်အရေး ပေးခဲ့တာပဲ.... ငါ့ရဲ့ အစီအစဉ်က စစ်မြေပြင်မှာ ရှိနေတဲ့ လော့ထျန်းအဖွဲ့က ကျင့်ကြံသူအားလုံးကို သတ်၊ အဲဒီနောက် ဝမ်ယွမ်ကို ချေမှုန်းပြီး၊ နောက်ဆုံးမှ မင်းကို ဆွဲထုတ်ဖို့ပဲ.... ဒါပေမဲ့ ငါ ပထမဆုံး ခြေလှမ်းမှာတင် ရှုံးနိမ့်ခဲ့ရတယ်.... တောက်.... ယန်ဝေရဲ့ အစီအရင်ပညာကသာ ဒီလောက်အထိ ညံ့ဖျင်းမနေခဲ့ရင်...."

သူ စကားမဆုံးမီမှာပင် လော့ချန်၏ မျက်မှောင်ကြုတ်မှုက ပိုမိုနက်ရှိုင်းသွားသည်။ အဘိုးကြီးမှာ စကား အရမ်းများနေပြီ ဖြစ်သည်။

လော့ချန်၏ လက်ဖဝါးထဲမှ အေးစက်သော ဓားအလင်းတန်းတစ်ခု ဖြတ်ပြေးသွားပြီး ဓားအမြုတေ အများအပြားသည် လေထုကို ဖောက်ထွင်းကာ ဟော်ချွမ်ထံသို့ တဟုန်ထိုး ပြေးဝင်သွားတော့သည်။ ဤနေရာကား အချိန်ဆွဲပြီး စကားအရှည်ကြီး ပြောနေရမည့် သို့မဟုတ် မှာတမ်းခြွေနေရမည့် နေရာမဟုတ်ပေ။ မည့်သူတွင်မှ အချိန်အပိုရှိမနေပေ။

သို့သော် ဓားအမြုတေများ ပစ်လွှတ်လိုက်သည့် တစ်ပြိုင်နက်တည်းမှာပင် ကျောက်စိမ်းပေတံတစ်ခုက ကြားဖြတ်ဝင်ရောက်ကာ ၎င်းတို့ကို ဘေးသို့ ရိုက်ထုတ်ပစ်လိုက်သည်။ တစ်ဖက်တွင်မူ ဖားပြုပ်ခြောက် (ခေါ်) ဟော်ချွမ်က အသက်ကို ပြင်းပြင်းရှူသွင်းလိုက်သည်။ သူ၏ ရင်ဘတ်က ဖောင်းကားလာပြီး ခြေလက်များက ကြီးထွားလာကာ၊ နောက်တစ်ခဏ၌ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာဖားကြီးတစ်ကောင်အလား ပုံပျက်ပန်းပျက် ကြီးထွားလာပြီး လော့ချန်နှင့် ဝမ်ယွမ်ထံသို့ တဟုန်ထိုး ခုန်အုပ်လာတော့သည်။

သူ၏ နောက်တွင် ကျောက်စိမ်းပေတံကြီးကလည်း ပြင်းထန်စွာ မြည်ဟည်းလျက် အဆမတန် ကြီးထွားလာပြီး စစ်မြေပြင်တစ်ခုလုံးကို လွှမ်းမိုးသွားသည့် ကောင်းကင်ပြိုကျလာသော မဏ္ဍိုင်ကြီးတစ်ခုသဖွယ် ဖြစ်ပေါ်လာသည်။ အလျားအတောင် တစ်ရာမျှရှိသော ထိုပေတံကြီးက တောက်ပသော အလင်းတန်းများနှင့်အတူ သူ၏ လမ်းကြောင်းတွင် ရှိသမျှအရာအားလုံးကို ခြေမှုန်းပစ်ရန် ပြင်းထန်စွာ ကျရောက်လာလေသည်။

သူ ရှင်သန်ရန် မျှော်လင့်ချက်ကို စွန့်လွှတ်လိုက်ပြီ ဖြစ်သည်။ ဤသည်မှာ အသေခံ တိုက်ခိုက်မှုဖြစ်ပြီး သူတို့နှစ်ဦးကို သူနှင့်အတူ ငရဲသို့ ဆွဲခေါ်သွားရန် နောက်ဆုံး ကြိုးပမ်းခြင်း ဖြစ်ပေသည်။

သို့သော် ဝမ်ယွမ်ကမူ အေးစက်စွာသာ နှာခေါင်းရှုံ့လိုက်သည်။ သူ ညာလက်ကို မြှောက်လိုက်ပြီး ဟင်းလင်းပြင်ကို ဖျစ်ညှစ်ပစ်တော့မည့်အလား လက်သီးကို တင်းတင်းဆုပ်လိုက်လေသည်။

ဘုန်းးးး....

ဟော်ချွမ်၏ ဖောင်းကားနေသော ခန္ဓာကိုယ်က လေထုထဲ၌ပင် ဝုန်းခနဲ ပေါက်ကွဲသွားတော့သည်။ သူသည် သူတို့နှစ်ဦး၏ အနားသို့ပင် မချဉ်းကပ်နိုင်ခဲ့ဘဲ မျက်တောင်ခတ်ရုံမျှသော အချိန်အတွင်း သွေးများနှင့် ကိုယ်တွင်းကလီစာ မိုးသက်မုန်တိုင်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားရရှာသည်။ ကောင်းကင်ယံမှ ဝဲပျံနေသော ကျောက်စိမ်းပေတံကြီးကမူ အရှိန်လျော့ကျသွားပြီး လော့ချန်၏ လက်ထဲသို့ အလိုက်သင့် ကျရောက်လာခဲ့သည်။

"အစ်ကိုကြီးရာ.... ခင်ဗျားရဲ့ တိုက်ကွက်တွေက နည်းနည်းတော့.... ရက်စက်လွန်းတယ်လို့ မထင်ဘူးလား"

လော့ချန် ခေါင်းကို ခါယမ်းရင်း ကျောက်စိမ်းပေတံကို သိမ်းဆည်းလိုက်သည်။

"ကျွန်တော် စစ်မြေပြင်ကို ရှင်းလင်းရဦးမှာကို၊ အခုလို သွေးမိုးတွေ ရွာချပစ်လိုက်တော့ ကျွန်တော် အလုပ်များပြီ"

ဝမ်ယွမ်၏ နှုတ်ခမ်းထောင့်များ အနည်းငယ် တွန့်ကွေးသွားသည်။ သူ စောစောက လော့ချန် တိုက်ခိုက်ခဲ့ပုံကို သေချာစွာ မြင်တွေ့ခဲ့ရပြီး ယန်လေကျိ၏ ခန္ဓာကိုယ်နှင့် ဦးခေါင်းကို ဓားမီးလျှံများဖြင့် အမှုန့်ဖြစ်အောင် ချေမှုန်းပစ်ခဲ့သည်ကို မှတ်မိနေသေးသည်။ ထိုအရာမှာ ပို၍ ရက်စက်ကြမ်းကြုတ်လွန်းသည် မဟုတ်ပါလော။

"ဒါက အသွင်ပြောင်းစွမ်းအားရဲ့ အပြောင်းအလဲတစ်ခု သက်သက်ပါ"

ဝမ်ယွမ်က တည်ငြိမ်စွာ ဆိုသည်။

"သူက ငါ့ရဲ့ သွေးဘေးဒုက္ခလက်ညှိုးကို ခံလိုက်ရပြီးကတည်းက ဒီလိုရလဒ်ကလွဲလို့ တခြားလမ်း မရှိတော့ဘူး"

သူ ခပ်ပေါ့ပေါ့သာ ပြောလိုက်ပြီး အကြည့်ကို လော့ချန်၏ နဖူးထက်သို့ လွှဲပြောင်းလိုက်သည်။

"ဒါက ဘာလဲ...."

လော့ချန် ခါးသက်သက် ပြုံးလိုက်ရင်း

"ဘာမှမဟုတ်ပါဘူး.... ယန်လေကျိ ချန်ထားခဲ့တဲ့ လှည့်ကွက်တစ်ခု သက်သက်ပါ.... လောလောဆယ်တော့ ဘာအန္တရာယ်မှ ရှိပုံမရဘူး၊ ပြန်ရောက်မှပဲ အေးအေးဆေးဆေး ရှင်းထုတ်လိုက်တော့မယ်"

သူ ထိုသို့ပြောလာသည့်အတွက် ဝမ်ယွမ်လည်း ထပ်မံ၍ မမေးမြန်းတော့ပေ။ ထို့နောက် လော့ချန်က အစီအရင်အတွင်း ဝမ်ယွမ်နှင့်အတူ ပိတ်မိနေခဲ့သော အစီအရင်ပညာရှင်အကြောင်းကို မေးမြန်းလိုက်သည်။

မျှော်လင့်ထားသည့်အတိုင်း ထိုလူက သေဆုံးသွားခဲ့ပြီဖြစ်ပြီး အရိုးပင် ရှာမတွေ့တော့ပေ။ အစီအရင်၏ တန်ပြန်ရိုက်ခတ်မှုနှင့် လော့ချန်၏ ကြောက်မက်ဖွယ်ကောင်းသော မြေပြိုမှော်အတတ်တို့၏ ကြားတွင် ထိုသနားစရာကောင်းသော လူသည် လုံးဝ ချေမှုန်းခံလိုက်ရပြီဖြစ်သည်။ တောင်၏ ဗဟိုချက်ဆီသို့ စီးဆင်းသွားသော ချော်ရည်ပူလှိုင်းများကြားတွင် ကံကောင်းထောက်မစွာဖြင့် အစီအရင်ဗဟိုပြားတစ်ခုသာ မပျက်မစီးဘဲ ကျန်ရှိခဲ့တော့သည်။

လော့ချန် ထိုအစီအရင်ဗဟိုပြားကို ကြည့်ရှုစစ်ဆေးပြီးနောက် စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်ကာ သူ၏ သိုလှောင်အိတ်ထဲသို့ ထည့်သွင်းလိုက်သည်။ ယခုကဲ့သို့ လုံးဝ ပြီးပြည့်စုံနေသေးသော အစီအရင်ဗဟိုပြားမျိုးကို ရရှိရန် ခဲယဉ်းလှပေသည်။ သူ ပြန်ရောက်သည့်အခါ ၎င်းကို မင်လုံယွီထံသို့ လွှဲပေးနိုင်သည်။ မင်လုံယွီ၏ အစီအရင်ဆိုင်ရာ ပါရမီနှင့်ဆိုလျှင် ထိုအရာကို သေချာပေါက် ကောင်းမွန်စွာ အသုံးချနိုင်မည်ဖြစ်ပြီး၊ ဒန်ရှားတောင်၏ ကာကွယ်ရေးအစီအရင်ကြီးကိုလည်း အဆင့်အသစ်တစ်ခုသို့ မြှင့်တင်ပေးနိုင်လိမ့်မည် ဖြစ်သည်။

သို့သော် ယခုအချိန်က တိုက်ပွဲဝင်ပစ္စည်းများကို ခွဲဝေနေရမည့် အချိန်မဟုတ်သေးပေ။ လော့ချန်သည် စစ်မြေပြင်တစ်ခုလုံးကို လျင်မြန်စွာ ကူးသန်းသွားလာရင်း သန့်စင်ခြင်းမှော်အတတ်ကို ထပ်ခါတလဲလဲ ထုတ်ဖော်လိုက်သည်။ မှော်အတတ် ထုတ်သုံးလိုက်တိုင်း ကျန်ရှိနေသော စွမ်းအား အကြွင်းအကျန်များက ပျောက်ကွယ်သွားပြီး၊ သူတို့ ရှိနေခဲ့သည့် အထောက်အထား မှန်သမျှကို လုံးဝ ပျောက်ပျက်အောင် ကြိုးပမ်းလိုက်ခြင်း ဖြစ်သည်။ သို့သော် မြေပြိုမှော်အတတ်ကြောင့် ပျက်စီးသွားသော မြေမျက်နှာသွင်ပြင်ကိုမူ ပြန်လည်ပြင်ဆင်ရန် မဖြစ်နိုင်တော့ပေ။

သူ အလုပ်ရှုပ်နေစဉ်မှာပင် အဝေးတစ်နေရာ၌ လှုပ်ရှားမှုမရှိဘဲ ရပ်နေသော ဝမ်ယွမ်ကို ရုတ်တရက် သတိပြုမိလိုက်သည်။ ထိုလူက တစ်ချိန်က ထောင်ချောက်ချောက်ကမ်းပါး ဖြစ်ခဲ့ဖူးပြီး ယခုအခါ ဆိတ်သုဉ်းနေသော အပျက်အစီးများသာ ကျန်ရှိတော့သည့် နေရာသို့ ပြန်လည်ရောက်ရှိနေခြင်း ဖြစ်သည်။ သူ၏ မြင့်မားသော ခန္ဓာကိုယ်ကြီးက ငြိမ်သက်စွာ ရပ်နေပြီး သူ၏ အကြည့်က ပြိုကျပျက်စီးနေသော မြေပြင်၏ အောက်ခြေဆီသို့ စူးစိုက်ကျရောက်နေကာ မျက်ခုံးများက အနည်းငယ် တွန့်ချိုးနေခဲ့သည်။

"အစ်ကိုဝမ်.... ဘာဖြစ်လို့လဲ"

လော့ချန် မေးမြန်းလိုက်သည်။

ဝမ်ယွမ်က ချက်ချင်း ပြန်မဖြေပေ။ သူသည် ပြိုကျပျက်စီးနေသော တောင်ကြား၏ အနက်ရှိုင်းဆုံးနေရာကို ရှုပ်ထွေးသောအမူအရာဖြင့် ဆက်လက်စိုက်ကြည့်နေခဲ့သည်။ နောက်ဆုံးတွင်မူ သူ ဝေခွဲမရနိုင်သော တုန်ရီနေသည့် အသံဖြင့် ဆိုလိုက်သည်။

"လော့ချန်.... ငါထင်တာတော့…. အဲဒီအောက်မှာ တံခါးတစ်ချပ် ရှိနေသလိုပဲ...."

လော့ချန်နှင့် သူ၏စွန့်စားခန်းများ

All Chapters