← Chapters

အခန်း ၄၅၆

Vol. 46 Ch. 456

အခန်း ၄၅၆

Vol. 46 Ch. 456

အခန်း(၄၅၆) တိုက်ပွဲ

နောက်တစ်နေ့ နံနက်စောစောတွင် လီလန်သည် သူ၏အခန်းထဲ၌ လက်ဖက်ရည် သောက်နေလေသည်။

သူ ကောင်းကောင်းမထိုင်ရသေးမီမှာပင် ဆေးမြစ်ဆိုင်အပြင်ဘက်မှ အစ်ကိုနျူး၏ အသံ ထွက်ပေါ်လာလေသည်။

လီလန်သည် လက်ဖက်ရည်ခွက်ကို ချလိုက်သည်နှင့် တစ်ပြိုင်နက် လေးလံသော ခြေသံများကို ကြားလိုက်ရတော့သည်။

အသက်နှစ်ခါခန့် ရှူပြီးချိန်တွင် အစ်ကိုနျူးသည် ဘာယီရိုင်ဖယ်ကို ကိုင်ဆောင်ထားကာ လက်မောင်းပတ်အနီကို ဝတ်ဆင်ထားသည့် လုံခြုံရေးဌာန အလုပ်သမားတစ်ယောက်ကို စိတ်လှုပ်ရှားစွာဖြင့် ခေါ်ဆောင်လာခဲ့သည်။

"ဒါက ကျွန်တော်တို့ လုံခြုံရေးဌာနက ဌာနမှူးလျူတုံရဲ့ ပိုက်ဆံပါ..."

"ဝံပုလွေရိုင်းဂိုဏ်းက အဖွဲ့ဝင်ခုနစ်ယောက်၊ သာမန်အဖွဲ့ဝင် ခြောက်ယောက်နဲ့ ခေါင်းဆောင်ငယ် တစ်ယောက်ပါ..."

"သာမန်အဖွဲ့ဝင် ခြောက်ယောက်အတွက် ယွမ် တစ်ရာ့ရှစ်ဆယ်၊ ခေါင်းဆောင်ငယ်အတွက် ယွမ်တစ်ရာဆိုတော့ စုစုပေါင်း ယွမ် နှစ်ရာ့ရှစ်ဆယ်ပါ..."

အစ်ကိုနျူးက သူ့ကို အတွင်းခန်းသို့ ခေါ်ဆောင်သွားသည်နှင့် တစ်ပြိုင်နက် လုံခြုံရေးဌာန အလုပ်သမားသည် အဓိကနေရာတွင် ထိုင်နေသော လီလန်ဆီသို့ အလိုအလျောက် အကြည့်ရောက်သွားလေသည်။

မလာရောက်မီက လျူတုံသည် လီလန်ကို အထူးရိုသေလေးစားစွာ ဆက်ဆံရန် သူ့အား အကြိမ်ကြိမ် သတိပေးထားခဲ့လေသည်။

ထို့ကြောင့် သူသည် လုံခြုံရေးဌာန အဖွဲ့ဝင်တစ်ဦး ဖြစ်သော်ငြားလည်း လီလန်အပေါ်ထားရှိသော သူ၏ သဘောထားမှာ အလွန်ကောင်းမွန်နေဆဲဖြစ်သည်။

ယွမ်နှစ်ရာ့ရှစ်ဆယ်ကို လီလန်ရှေ့ရှိ စားပွဲပေါ်သို့ တင်လိုက်ပြီးနောက် အစ်ကိုနျူးသည် ဦးညွှတ်ကာ ရိုသေစွာဖြင့် ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားခဲ့လေသည်။

လုံခြုံရေးဌာန အလုပ်သမား ထွက်ခွာတော့မည့်အချိန်တွင် လီလန်က မေးလိုက်သည်။

"အစ်ကိုလျူ အခြေအနေ ဘယ်လိုရှိလဲ..."

သူသည် ပြီးခဲ့သည့်ညက လျူတုံကို အထူးလက်ဆောင်ထုတ်ကြီးတစ်ခု ပေးခဲ့လေသည်။

ဝံပုလွေရိုင်းဂိုဏ်း၏ အဖွဲ့ဝင်ခုနစ်ယောက်သည် လျူတုံအတွက် သူ၏ရာထူးကို ခိုင်မာစေရန် သို့မဟုတ် ရှေ့သို့ဆက်လက် တိုးတက်ရန်ပင် လုံလောက်နေခဲ့သည်။

လီလန်သည် တွေးတောနေသော်လည်း သူ၏မျက်နှာပေါ်တွင် မည်သည့်ခံစားချက် အပြောင်းအလဲမျှ မပေါ်လွင်ဘဲ ခန့်မှန်းရခက်သော အငွေ့အသက်တစ်ခုကို ပေးစွမ်းနေလေသည်။

"ကျွန်တော်တို့ လုံခြုံရေးဌာနမှူးရဲ့ ရာထူးက တရားဝင် အတည်ပြုလိုက်ပြီဗျ..."

"ဒီနေ့နံနက်ကပဲ ဌာနမှူးလျူက ဝံပုလွေရိုင်းဂိုဏ်းက အဖွဲ့ဝင်ခုနစ်ယောက်ကို ဒုတိယစက်ရုံမှူးကျူးရဲ့ ရုံးခန်းဆီ ခေါ်သွားခဲ့တာ..."

"သူဝင်သွားပြီး သိပ်မကြာခင်မှာပဲ ဒုတိယစက်ရုံမှူးကျူးက သူ့ကို ထူးချွန်တဲ့ လူရည်ချွန်တစ်ယောက်ဆိုပြီး ချီးကျူးနေတဲ့အသံကို ကျွန်တော်တို့ ကြားခဲ့ရတယ်..."

"ဒီတစ်ကြိမ်မှာတော့ ဌာနမှူးလျူက အမြဲတမ်းဝန်ထမ်း ဖြစ်သွားရုံတင်မကဘဲ သူ့ရာထူးကလည်း အဆင့်တစ်ဝက်လောက် တိုးသွားသေးတယ်..."

"အခုဆိုရင် လျူတုံက ကျွန်တော်တို့ ဘာယီသံမဏိစက်ရုံ လုံခြုံရေးဌာနရဲ့ ဌာနမှူးတင်မကတော့ဘဲ ကျွန်တော်တို့ ဘာယီသံမဏိစက်ရုံရဲ့ စက်ရုံမှူးလည်းဖြစ်သွားပြီ..."

ထိုသတင်းကို ကြားလိုက်ရသည့်အခါ လီလန်မှာ အနည်းငယ် အံ့အားသင့်သွားခဲ့ရသည်။

ယခင်က လျူတုံသည် လုံခြုံရေးဌာန၏ ဌာနမှူး ဖြစ်ခဲ့သော်လည်း ဌာနမှူးတစ်ယောက်အနေဖြင့် သူ၏ ဩဇာအာဏာမှာ သိပ်မကြီးမားခဲ့ပေ။

သူ၏ စီမံအုပ်ချုပ်မှု နယ်ပယ်မှာ ဘာယီသံမဏိစက်ရုံ သက်သက်သာ ဖြစ်လေသည်။

ယခုအခါတွင်မူ သူသည် စက်ရုံမှူးရာထူးကိုပါ ရရှိထားပြီ ဖြစ်သည်။

ဤအရာက ယခုအခါတွင် လျူတုံ၌ ဘာယီသံမဏိစက်ရုံမှ အလုပ်သမားများကို စီမံခန့်ခွဲနိုင်သည့် လုပ်ပိုင်ခွင့်ရှိလာပြီဟု အဓိပ္ပာယ်သက်ရောက်လေသည်။

ထိုအရာကို တွေးမိလိုက်သောအခါ လီလန်၏ အကြည့်မှာ သူ၏ဘေးတွင် ရပ်နေသော အစ်ကိုနျူးနှင့် အခြားသူများဆီသို့ အလိုအလျောက် ရောက်သွားတော့သည်။

ချင်းလုံဂိုဏ်းသည် တရားဥပဒေလမ်းကြောင်းအတိုင်းသွားရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။

ရန်ဖြစ်ခြင်းကို နှစ်သက်သော အနည်းငယ်သော လူတစ်စုမှလွဲ၍ ချင်းလုံဂိုဏ်း အဖွဲ့ဝင် အများစုမှာ အလုပ်အကိုင် မရကြသေးပေ။

လောလောဆယ်တွင် ချင်းလုံဂိုဏ်း၏ စီးပွားရေးလုပ်ငန်းများက အဖွဲ့ဝင်များ၏ နေထိုင်စားသောက်စရိတ်များကို ကာမိနိုင်သေးသော်ငြားလည်း ဤအရာက ရေရှည်အတွက် ဖြေရှင်းနည်းတစ်ရပ် မဟုတ်ပေ။

ထိုအရာကို တွေးမိလိုက်သောအခါ လီလန်၏ စိတ်ထဲတွင် အနည်းငယ် လှုပ်ရှားသွားသည်။

အနားယူရန် ဆုံးဖြတ်ထားပြီး အေးချမ်းသောဘဝကို ဖြတ်သန်းလိုသည့် ချင်းလုံဂိုဏ်း အဖွဲ့ဝင်အားလုံးကို ဘာယီသံမဏိစက်ရုံသို့ တိုက်ရိုက် အလုပ်မသွင်းပေးရမည်နည်း။

ဤနည်းဖြင့်ဆိုလျှင် ဘာယီသံမဏိစက်ရုံအတွင်း၌ သူ၏ ကိုယ်ပိုင်လူများ ရှိလာမည်ဖြစ်သည်။

ထို့အပြင် ထိုချင်းလုံဂိုဏ်း အဖွဲ့ဝင်များသည်လည်း ကောင်းမွန်သော အလုပ်များကို ရရှိနိုင်မည်ဖြစ်သည်။

လျူတုံသည် ဘာယီသံမဏိစက်ရုံ၏ စက်ရုံမှူးဖြစ်နေသောကြောင့် ဘာယီသံမဏိစက်ရုံအတွင်းသို့ အလုပ်သမား အနည်းငယ် သွင်းပေးနိုင်ရန် သူ့တွင် နည်းလမ်းရှိမည်မှာ သေချာလှပေသည်။

ချင်းလုံဂိုဏ်းရှိ သူ၏ ညီအစ်ကိုများမှာ အားလုံးပင် ခန္ဓာကိုယ်ထွားကြိုင်းကာ သန်မာကြသည်။

ချင်းလုံဂိုဏ်းတွင် ကျန်ရှိနေနိုင်သူများသည် ရုပ်ပိုင်းဆိုင်ရာ အခြေအနေ ကောင်းမွန်ရုံသာမကဘဲ ဉာဏ်ရည်ဉာဏ်သွေးမှာလည်း ပထမတန်းစား ဖြစ်ကြသည်။

ဘာယီသံမဏိစက်ရုံရှိ နည်းပညာပိုင်းဆိုင်ရာ အခက်အခဲများနှင့် ပတ်သက်၍မူ သူတို့ကို လေ့ကျင့်သင်ကြားပေးရန် အတွေ့အကြုံရှိသော ဆရာများကို ရှာဖွေပေးရန် လျူတုံအား အပြည့်အဝ တောင်းဆိုနိုင်ပေသည်။

ဤခေတ်ရှိ အလုပ်သမားများ လိုအပ်သော နည်းပညာမှာ နောင်လာနောက်သားများ ခေတ်ကဲ့သို့ သီးသန့် အထူးပြုလွန်းခြင်းမရှိပေ။

ထိုအရာကို တွေးမိလိုက်သောအခါ လီလန်က ခေါင်းကို အနည်းငယ် ညိတ်လိုက်ပြီးနောက် အစ်ကိုနျူးကို ကြည့်လိုက်လေသည်။

"ဒီညီလေးက မနက်အစောကြီး ငါ့ဆီကို ပိုက်ဆံလာပို့ပေးရတာဆိုတော့ ပင်ပန်းနေလောက်ပြီ..."

ထို့နောက် သူက အစ်ကိုနျူးကို ညွှန်ကြားလိုက်သည်။

"ဒီညီလေးကို ငါးယွမ်လောက် ပေးလိုက်ပါ ခရီးကလည်း ဝေးတော့ ဝက်သားနီချက်လေး ဘာလေး ဝယ်စားလို့ရတာပေါ့..."

လီလန်က ပြုံး၍ ပြောလိုက်သည်။

"ငါးယွမ်ဆိုတာ သိပ်မများပေမယ့် ဒီညီလေးအတွက် အမှတ်တရ လက်ဆောင်လေးပါ..."

လီလန်၏ ညွှန်ကြားချက်ကို ကြားလိုက်ရသည့်အခါ အစ်ကိုနျူးသည် ပိုက်ဆံပုံထဲမှ ငါးယွမ်ကို တိုက်ရိုက်ယူလိုက်ပြီးနောက် ငယ်ရွယ်သော လုံခြုံရေးဌာန အလုပ်သမားဆီသို့ တည့်တည့်လျှောက်သွားကာ သူ၏လက်ထဲသို့ ငါးယွမ်ကို ထည့်ပေးလိုက်တော့သည်။

"ငြင်းဖို့ မလိုပါဘူး မင်းတို့ရဲ့ စက်ရုံမှူးလျူနဲ့ ငါက ညီအစ်ကိုကောင်းတွေ မိတ်ဆွေကောင်းတွေပါ..."

"ရှေ့လျှောက် မင်း ဒီနေရာကို ခဏခဏ လာရမှာပဲလေ..."

"ငါတို့ရဲ့ အဆက်အသွယ်တွေက အနာဂတ်မှာလည်း ပြတ်တောက်သွားမှာ မဟုတ်ပါဘူး..."

ငယ်ရွယ်သော လုံခြုံရေးဌာန အလုပ်သမား တုံ့ဆိုင်းနေသည်ကို မြင်သောအခါ လီလန်က သူ၏ သံသယများကို ဖယ်ရှားပေးရန် တိုက်ရိုက်ပင် ပြောလိုက်လေသည်။

ထို့နောက် သူသည် အစ်ကိုနျူးဘက်သို့ ပြန်လှည့်လိုက်သည်။

"ခရီးက အတော်ဝေးတယ်ဆိုတော့

ဒီညီလေးကို တစ်ယောက်တည်း ပေးမပြန်ပါနဲ့ ညီအစ်ကို နည်းနည်းလောက်ခေါ်ပြီး သူ့ကို လိုက်ပို့ပေးလိုက်ပါ..."

ငါးယွမ်ကို ဆုပ်ကိုင်ထားပြီး ကျောဘက်တွင် ဘာယီရိုင်ဖယ်ကို လွယ်ထားသော လုံခြုံရေးဌာန အလုပ်သမားမှာ လုံးဝ မှင်သက်သွားတော့သည်။

အလုပ်ကိစ္စလေး တစ်ခုလုပ်ပေးရုံဖြင့် ငါးယွမ် ရလိမ့်မည်ဟု သူ တကယ့်ကို မမျှော်လင့်ထားခဲ့ပေ။

ဤငါးယွမ်ဖြင့် သူသည် ပစ္စည်းတော်တော်များများကို ဝယ်ယူနိုင်မည် ဖြစ်သည်။

"ကျေးဇူးတင်ပါတယ် အစ်ကိုလီလန်..."

"ကျွန်တော်တို့ ဌာနမှူးနဲ့ အစ်ကို့ရဲ့ ဆက်ဆံရေးက အတော်လေး ခိုင်မာနေတာဆိုတော့ ကျွန်တော်လည်း အားနာမနေတော့ပါဘူးဗျာ..."

"အားနာဖို့ မလိုပါဘူး..."

လီလန်က ပြုံးလျက်ပင် ဆက်ပြောလိုက်သည်။

" ရှောင်နျူး ငါတို့ဧည့်သည်ကို မြို့နယ်ထဲ လိုက်ပြပေးဖို့ ညီအစ်ကို နှစ်ယောက်လောက် ရှာလိုက်ပါဦး ပြီးတော့ သူ သင့်တော်တာ တစ်ခုခု ဝယ်ချင်တယ်ဆိုရင်လည်း ကူညီပေးလိုက်ကြပါ..."

ဤခေတ်တွင် ပစ္စည်းများ ဝယ်ယူရာ၌ လက်မှတ်အမျိုးမျိုး လိုအပ်လေသည်။

အကယ်၍ လက်မှတ်များကို မသုံးချင်ပါက မှောင်ခိုဈေးကွက်သို့သာ သွားရမည်ဖြစ်သည်။

မှောင်ခိုဈေးကွက်တွင်မူ ဈေးနှုန်းများက လေးဆကျော် ပိုများပေမည်။

လီလန်၏ ရည်ရွယ်ချက်မှာ ချင်းလုံဂိုဏ်းမှ ညီအစ်ကိုများက သူ့အတွက် အဆင်ပြေမှုအချို့ကို ပေးစွမ်းနိုင်စေရန်ဖြစ်သည်။

သို့မဟုတ်ပါက ငါးယွမ်တည်းဖြင့် သူ သိပ်များများစားစား ဝယ်နိုင်မည် မဟုတ်ပေ။

သွက်လက်သော ချင်းလုံဂိုဏ်း ညီအစ်ကိုနှစ်ယောက်က လုံခြုံရေးဌာန အလုပ်သမားကို ခေါ်ဆောင်သွားပြီးနောက်တွင် ဖြစ်သည်။

လီလန်၏ မျက်လုံးများမှာ အနည်းငယ် အရောင်လက်သွားပြီး ရှောင်နျူးကို ချက်ချင်းခေါ်ကာ ညွှန်ကြားချက်အချို့ကို ပေးလိုက်လေသည်။

"ဒုခေါင်းဆောင် ခင်ဗျား အဲ့လိုလုပ်လို့ရတယ်လား..."

လီလန်၏ အစီအစဉ်ကို ကြားပြီးနောက် အစ်ကိုနျူး၏ မျက်လုံးများထဲတွင် အံ့ဩမှုများဖြင့် ပြည့်နှက်သွားတော့သည်။

ကိစ္စရပ်များကို ဤနည်းဖြင့် ကိုင်တွယ်ဖြေရှင်းနိုင်လိမ့်မည်ဟု သူ တကယ်ကို မမျှော်လင့်ထားခဲ့ပေ။

"ဒီကိစ္စအတွက် ဒီနေရာက ငါတို့ညီအစ်ကိုတွေကို သုံးလို့မရဘူး သေချာကိုင်တွယ်ဖို့ မျက်နှာစိမ်း နည်းနည်းလောက်ကို ရှာလိုက်..."

လီလန်က အစ်ကိုနျူး၏ အံ့ဩနေမှုကို လျစ်လျူရှု၍ ဆက်ပြောလိုက်သည်။

"ကိစ္စပြီးသွားရင် အဲဒီညီအစ်ကို နှစ်ယောက်ကို တခြားတစ်နေရာမှာ သွားပုန်းနေဖို့ စီစဉ်ပေးလိုက်ပါ..."

လီလန်က အစ်ကိုနျူးကို ခေါ်ကာ ညွှန်ကြားချက်များကို ဆက်တိုက် ပေးပြီးနောက်တွင် အစ်ကိုနျူးက ခေါင်းညိတ်ကာ ထွက်ခွာသွားခဲ့သည်။

မွန်းတည့်ချိန် ဆယ့်နှစ်နာရီ ကျော်လွန်သွားပြီးနောက်တွင် ဖြစ်သည်။

ကောင်းကင်ယံတွင် မြင့်မားစွာ တွဲခိုနေသော နေမင်းကြီးကို ကြည့်ရင်း လုံခြုံရေးဌာန အလုပ်သမားသည် နောက်ဆုံးတွင် ပစ္စည်းအမြောက်အများကို သယ်ဆောင်ကာ မြို့နယ်ထဲမှ မလိုလားစွာဖြင့် ထွက်ခွာလာခဲ့တော့သည်။

"အစ်ကိုလီလန်က တကယ့်ကို သစ္စာရှိတဲ့လူပဲ..."

"သူနဲ့ တစ်ကြိမ်တွေ့ရုံလေးနဲ့တင် သူက ကျွန်တော့်ကို ငါးယွမ်တောင် ပေးလိုက်တာ..."

"ဒီတစ်ကြိမ်တော့ ညီအစ်ကိုတို့ နှစ်ယောက်ကို တကယ် အလုပ်ရှုပ်သွားစေပြီ..."

"ခင်ဗျားတို့ပေးတဲ့ လက်မှတ်တွေသာမရှိရင် ကျွန်တော် ဘာမှဝယ်နိုင်ခဲ့မှာ မဟုတ်ဘူး..."

ထိုလုံခြုံရေးဌာန အလုပ်သမားမှာ အလွန်ငယ်ရွယ်ပြီး အသက် ဆယ့်ခုနစ်နှစ် သို့မဟုတ် ဆယ့်ရှစ်နှစ်ခန့်သာ ရှိဦးမည်ဖြစ်သည်။

တကယ်တော့ တင်းကျပ်စွာ ပြောရလျှင် သူသည် ကလေးတစ်ယောက်သာ ဖြစ်နေသေးသည်။

သူ၏ဖခင်က ထိုနေရာတွင် အလုပ်လုပ်ခဲ့ဖူးပြီး ဖခင်ဖြစ်သူ အနားယူသွားပြီးနောက် ဖခင်၏ အလုပ်နေရာကို ဆက်ခံခဲ့ခြင်းကြောင့် သူသည် ဘာယီသံမဏိစက်ရုံသို့ ဝင်ရောက်နိုင်ခဲ့ခြင်းဖြစ်ပေမည်။

ဤခေတ်တွင် အလုပ်အများစုမှာ မျိုးရိုးစဉ်ဆက် ဆက်ခံကြရခြင်းဖြစ်သည်။

အထူးသဖြင့် အလုပ်သမားများ၊ လုံခြုံရေးဌာန စသည်တို့ပင် ဖြစ်သည်။

အဆက်အသွယ်ဖြင့် ဝင်ရောက်လာသော ဤကဲ့သို့ ငယ်ရွယ်သူများမှာ ရိုးအလှပြီး လောကကြီး၏ ကြမ်းတမ်းမှုများကို များစွာ မကြုံတွေ့ဖူးကြပေ။

သူ ဤသို့ပြောသည်ကို ကြားလိုက်ရသောအခါ သူနှင့်အတူ ပါလာသော ချင်းလုံဂိုဏ်း ညီအစ်ကိုနှစ်ယောက်ကလည်း ဝင်ပြောလိုက်ကြသည်။

"အစ်ကိုလီက တကယ်ကို သစ္စာရှိတာပါ သူက ကျွန်တော်တို့ရွာမှာ သစ္စာအရှိဆုံးလူပဲ..."

"အစ်ကိုလီက သေနတ်ပစ်ကောင်းရုံတင်မကဘူး ဆက်ဆံရေးမှာလည်း အတော်လေး သဘောထားကြီးတယ်ဗျ..."

"ညီလေး နောက်ဆိုရင် ဒီနေရာကို ခဏခဏ လာခဲ့လို့ရတယ်နော်..."

"အစ်ကိုလီက မင်းကို လက်ဗလာနဲ့လာပြီး လက်ဗလာနဲ့ ပြန်လွှတ်လိုက်မှာတော့ သေချာပေါက် မဟုတ်ဘူးပေါ့..."

လီလန်၏ အကြောင်းကို ပြောသည့်အခါ ချင်းလုံဂိုဏ်း အဖွဲ့ဝင်နှစ်ဦး၏ လေသံမှာ ရိုသေလေးစားမှုများဖြင့် ပြည့်နှက်နေတော့သည်။

လီလန်သည် ချင်းလုံဂိုဏ်း၏ ဒုခေါင်းဆောင် ဖြစ်လာကတည်းက သူတို့ ချင်းလုံဂိုဏ်း အဖွဲ့ဝင်များ၏ ဘဝမှာ ယခင်ကထက် များစွာ ပိုမိုကောင်းမွန်လာခဲ့လေသည်။

ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများနှင့်အတူ သူတို့တွင် ပုံမှန်ဝင်ငွေ ရှိလာခဲ့သည်။

ပုံမှန်ဝင်ငွေ ရှိလာသည့်အတွက် ချင်းလုံဂိုဏ်း အဖွဲ့ဝင်များမှာ တစ်နေ့ရှာ တစ်နေ့စား ဘဝမျိုးဖြင့် နေထိုင်ရတော့မည် မဟုတ်ပေ။

ငယ်ရွယ်သော လုံခြုံရေးဌာန အလုပ်သမားနှင့် ချင်းလုံဂိုဏ်း အဖွဲ့ဝင်နှစ်ဦးတို့ စကားပြောနေစဉ်မှာပင် လူတန်းပြတ်နေသော မြို့နယ်အဝင်ဝမှ လူသန်ကြီးတစ်ယောက် ထောင့်ဖြတ် လျှောက်လာလေသည်။

သူတို့သုံးယောက်မှာ အစပိုင်းတွင် လန့်သွားသော်လည်း သူတို့ရှေ့ရှိ လူကို လျင်မြန်စွာပင် မှတ်မိသွားကြတော့သည်။

"အစ်ကိုနျူး... ခင်ဗျား ဒီနေရာကို ဘာလို့ ရောက်နေတာလဲ..."

သာမန်ချင်းလုံဂိုဏ်း အဖွဲ့ဝင်နှစ်ဦးမှာ အလွန်ပင် ဇဝေဇဝါ ဖြစ်သွားကြသည်။

အစ်ကိုနျူးသည် သူတို့ကို တစ်ချက် ကြည့်လိုက်ပြီးနောက် လုံခြုံရေးဌာန ကောင်လေးဆီသို့ တိုက်ရိုက် လျှောက်သွားလိုက်၏။

"အစ်ကိုလီလန်က မင်း ပစ္စည်းတွေ တစ်ပုံကြီးဝယ်ပြီး သယ်မသွားနိုင်မှာကို စိတ်ပူနေတာ..."

"အဲဒါကြောင့် သူက ငါ့ကို လာကူညီခိုင်းလိုက်တာပဲ..."

လက်ထဲတွင် အိတ်ကြီးအိတ်ငယ် အသွယ်သွယ်ကို ကိုင်ဆောင်ထားပြီး ခန္ဓာကိုယ်အနှံ့ အိတ်ငယ်များ ချိတ်ဆွဲထားသော လုံခြုံရေးဌာန ညီလေးကို မြင်လိုက်ရသည့်အခါ အစ်ကိုနျူးက မျက်မှောင်ကြုတ်သွားလေသည်။

"ငါ အရင်က မင်းတို့ကို ဘာပြောထားလဲ..."

"အစ်ကိုလီလန်က ငါတို့ကို ဒီညီလေးကို ကောင်းကောင်း ဆက်ဆံဖို့ ပြောထားတယ်လေ..."

"မင်းတို့က လူတစ်ယောက်ကို ဆက်ဆံတာက ခုလိုမျိုးလား..."

"သူက ဒီနေရာကို ပစ္စည်းလာဝယ်တာ မင်းတို့က သူ့ကို ဘယ်လိုလုပ် သယ်ခိုင်းရက်တာလဲ..."

"ခရီးက ဒီလောက်ဝေးတာကို မင်းတို့က သူ့ကို တစ်ယောက်တည်း အကုန်သယ်သွားခိုင်းမလို့လား..."

အစ်ကိုနျူး၏ စကားများထဲမှ မကျေနပ်မှုကို ကြားလိုက်ရသောအခါ အခြားညီအစ်ကိုနှစ်ဦး၏ မျက်နှာများမှာ ချက်ချင်းပင် ဖြူရော်သွားတော့သည်။

"အစ်ကိုနျူး ကျွန်တော်တို့ အမှားပါဗျာ ခုနက စကားပြောနေလို့ ကျွန်တော်တို့ သတိမထားမိလိုက်ဘူး..."

ချင်းလုံဂိုဏ်း လက်အောက်ငယ်သားနှစ်ဦး စကားပြောအပြီးကိုပင် မစောင့်တော့ဘဲ အစ်ကိုနျူးသည် သူတို့ရှေ့သို့ တိုက်ရိုက်လျှောက်သွားကာ သူ၏လက်ကို မြှောက်လိုက်သည်။

"ဖြန်း... ဖြန်း..."

ကျယ်လောင်လှသော ပါးရိုက်သံနှစ်ချက် ထွက်ပေါ်လာပြီး ချင်းလုံဂိုဏ်း ညီအစ်ကိုနှစ်ဦး၏ မျက်နှာများမှာ ချက်ချင်းပင် ဖူးရောင်လာတော့သည်။

ဘေးတွင် ရပ်နေသော လုံခြုံရေးဌာန အလုပ်သမားမှာ လုံးဝ ဆွံ့အသွားခဲ့သည်။

"ပစ္စည်းတွေ အကုန်လုံး ငါတို့ကို ပေး..."

"လမ်းကလည်း အဝေးကြီး ရာသီဥတုကလည်း ဒီလောက် ပူနေတာကို..."

"မင်း တစ်ယောက်တည်း ဘယ်လိုလုပ် သယ်နိုင်မှာလဲ..."

"ဆန်တွေ ဂျုံတွေ အကုန်လုံး ငါ့ကိုပေး ငါ ကူသယ်ပေးမယ်..."

"အင်း... ပြီးတော့ မင်းကျောပေါ်က ဘာယီရိုင်ဖယ်ကိုလည်း ငါ့ဆီပေးလို့ရတယ် စိတ်မပူနဲ့ ငါက အရင်က ပြည်သူ့စစ်အဖွဲ့မှာ နေခဲ့ဖူးတာဆိုတော့ သေနတ်ဘယ်လိုပစ်ရမလဲဆိုတာ ငါသိတယ်..."

"မင်းကတော့ လမ်းတစ်လျှောက်လုံး လက်ဗလာနဲ့ပဲ လျှောက်သွား..."

"ငါတို့ အားလုံးက ညီအစ်ကိုတွေပဲဟာ..."

အစ်ကိုနျူးသည် စကားပြောနေရင်း လုံခြုံရေးဌာန အလုပ်သမားကောင်လေးထံမှ ကျောပေါ်ရှိ ဘာယီရိုင်ဖယ် အပါအဝင် ပစ္စည်းအားလုံးကို ယူလိုက်သည်။

အစ်ကိုနျူး၏ ယခင်လုပ်ရပ်မှာ အလွန်ပင် အံ့ဩစရာ ကောင်းနေသောကြောင့် လုံခြုံရေးဌာန အလုပ်သမားကောင်လေးသည် တိုက်ရိုက်ကန့်ကွက်ရန် မရဲဝံ့ခဲ့ပေ။

ထို့အပြင် ယခုအချိန်တွင် ရာသီဥတုမှာ တကယ်ကို အလွန်အမင်း ပူပြင်းနေသည်။

သူတို့သည် လမ်းတစ်ဝက်သာ လျှောက်ရသေးသော်လည်း ချွေးများဖြင့် ရွှဲနစ်နေပြီ ဖြစ်သည်။

ဘာယီရိုင်ဖယ် တစ်လက်၏ အလေးချိန်မှာ ကျင်းဆယ်ဂဏန်းကျော် ရှိသည်။

ဤရိုင်ဖယ်သည် မာကျောတောင့်တင်းကာ ကျည်ဆန်များ ပါဝင်ပါက အလေးချိန် ကျင်းနှစ်ဆယ်ခန့် ရှိသည်။

ဤခေတ်ရှိ လူများသည် ယေဘုယျအားဖြင့် အခက်အခဲများကို အလွန်ခံနိုင်ရည်ရှိကြသော်ငြားလည်း မွန်းတည့်ချိန်၏ ပူပြင်းသော နေရောင်အောက်တွင် တစ်ကြိမ်တည်းဖြင့် ကီလိုမီတာ ရှစ်ဆယ်မှ တစ်ရာအထိ လမ်းလျှောက်ရခြင်းမှာလည်း အလွန်ပင် ခက်ခဲသော အလုပ်တစ်ခု ဖြစ်လေသည်။

လီလန်နှင့် သူတို့၏ လုံခြုံရေးဌာနမှူးတို့၏ ဆက်ဆံရေးကို တွေးမိသောအခါ လုံခြုံရေးဌာန အလုပ်သမားကောင်လေးသည် သိမ်းဆည်းထားရန်အတွက် အစ်ကိုနျူးထံသို့ ရိုင်ဖယ်ကို တိုက်ရိုက် လွှဲပြောင်းပေးလိုက်တော့သည်။

အစ်ကိုနျူးသည် ရိုင်ဖယ်ကို ကျောတွင်လွယ်ထားကာ လက်နှစ်ဖက်ဖြင့် သရေစာ တစ်ပုံကြီးကို သယ်ဆောင်ထားသည်။

သူတို့လေးယောက်သည် ပူပြင်းသော နေရောင်အောက်တွင် မြို့နယ်ဆီသို့ လျှောက်သွားခဲ့ကြသည်။

နှစ်နာရီကြာပြီးနောက် သူတို့သည် ပြောင်းဖူးခင်းတစ်ခုဆီသို့ ရောက်ရှိသွားကြသည်။

ဤပြောင်းဖူးခင်းကို ယခင်က အစိမ်းရောင် ပြောင်းဖူးအကာကွယ်ဟု ခေါ်ဆိုခဲ့ကြသည်။

ဂျပန်ဆန့်ကျင်ရေးစစ်ပွဲ ကာလအတွင်းတွင် ပြောက်ကျားတပ်ဖွဲ့ဝင်များသည် ပြောင်းဖူးခင်းများထဲတွင် ပုန်းအောင်းကာ ချောင်းမြောင်း ပစ်ခတ်လေ့ရှိကြသည်။

ထိုအချိန်က ကျူးကျော်သူ ဂျပန်မိစ္ဆာများမှာ အလွန်ပင် ရက်စက်ကြမ်းကြုတ်ခဲ့သော်လည်း ဤကဲ့သို့သော ပြောက်ကျားစစ်ဆင်ရေးမျိုးကို ကိုင်တွယ်ဖြေရှင်းရန် သူတို့တွင် နည်းလမ်းမရှိခဲ့ပေ။

အစ်ကိုနျူးနှင့် အခြားသုံးယောက်တို့သည် ပြောင်းဖူးခင်းသို့ ရောက်ရှိလာကြပြီးနောက် သူတို့လေးယောက်သည် သစ်ပင်ကြီးတစ်ပင်ကို ရှာတွေ့ကာ ထိုအပင်အောက်ရှိ အရိပ်ထဲတွင် အနားယူကြလေသည်။

သူတို့လေးယောက်သည် နှစ်နာရီကြာ လမ်းလျှောက်ခဲ့ကြပြီး လီသုံးဆယ်ခန့် ခရီးပေါက်ခဲ့ပြီ ဖြစ်သည်။

ဤအချိန်တွင် သူတို့သည် ခွန်အားများ လုံးဝ ကုန်ခမ်းနေကြပြီ ဖြစ်သည်။

သူတို့၏ အဝတ်အစားများမှာလည်း ချွေးများဖြင့် ရွှဲနစ်နေသည်။

"နောက်ထပ် တစ်နာရီလောက်ဆိုရင် ငါတို့ မြို့ထဲကို ရောက်တော့မှာ..."

အစ်ကိုနျူးသည် သစ်ပင်ကြီးအောက်တွင် ထိုင်လျက် အမောတကောဖြင့် ပြောလိုက်သည်။

"ဒီနေရာက နောက်ဆုံး အန္တရာယ်ရှိတဲ့ နေရာပဲ..."

"မြို့ထဲကနေ ထွက်လာတုန်းက ဒီနေရာမှာ ဝံပုလွေရိုင်းဂိုဏ်းက အတော်လေး လှုပ်ရှားနေတယ်လို့ ငါ ကြားခဲ့တယ်..."

"အားလုံးပဲ၊ ငါတို့ အနားယူပြီးသွားရင် မြို့ထဲကို တစ်ခါတည်း တိုက်ရိုက် ဆက်သွားကြမယ်..."

"အဲဒီအချိန်ကျရင် ငါတို့ အရမ်းကို လုံခြုံသွားလိမ့်မယ်..."

အစ်ကိုနျူး စကားပြော၍ပင် မဆုံးသေးပေ။

"ဒိုင်း... ဒိုင်း ဒိုင်း..."

ကျည်ဆန်သုံးတောင့်က သူတို့၏ ခေါင်းပေါ်မှ တိုက်ရိုက် ပျံဝဲသွားတော့သည်။

သေနတ်သံကို ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် အစ်ကိုနျူးသည် ပိုက်ဆံလာပို့ပေးသော လုံခြုံရေးဌာန အလုပ်သမားကောင်လေးဆီသို့ ခုန်အုပ်လိုက်သည်။

အခြား ချင်းလုံဂိုဏ်း အဖွဲ့ဝင်နှစ်ဦးမှာလည်း ခေတ္တမျှ ကြက်သေသေသွားပြီးနောက် ချက်ချင်းပင် မြေပြင်ပေါ်သို့ ဝပ်ချလိုက်ကြတော့သည်။

မြေပြင်ကို ကျည်ဆန်များ ထိမှန်ရာမှ ထွက်ပေါ်လာသော ဖုန်မှုန့်များက သူတို့လေးယောက်၏ အမြင်အာရုံကို တိုက်ရိုက်ပင် ဖုံးကွယ်သွားစေခဲ့သည်။

"ကျစ်... ငါတို့ တကယ်ပဲ ဝံပုလွေရိုင်းဂိုဏ်းနဲ့ သွားတိုးတာတော့ မဟုတ်ပါဘူးနော်..."

အစ်ကိုနျူးသည် သူ၏ကျောပေါ်မှ ရိုင်ဖယ်ကို ရင်ဘတ်ဆီသို့ ချက်ချင်းယူလိုက်ပြီး မြေပြင်ပေါ်တွင် ဝပ်လျက် သူ၏လက်ဖြင့် ဘေးကင်းလုံခြုံရေး ခလုတ်ကို တိုက်ရိုက်ဖွင့်ကာ ကောင်းကင်သို့ တစ်ချက် ပစ်ဖောက်လိုက်သည်။

"ငါတို့က မြို့နယ်ထဲက ဘာယီသံမဏိစက်ရုံ လုံခြုံရေးဌာနကကွ..."

"မင်းတို့က ဘယ်သူတွေလဲ ငါတို့ကိုများ သေနတ်နဲ့ ပစ်ရဲရအောင်..."

အစ်ကိုနျူးသည် တစ်ဖက်လူကို ဆုတ်ခွာသွားစေရန် လုံခြုံရေးဌာန၏ အမည်ကို အသုံးပြုရန် ကြိုးစားခဲ့သည်။

သို့သော် သူ စကားပြော၍ပင် မဆုံးသေးမီ သူတို့၏ ခေါင်းပေါ်မှ ကျည်ဆန်များစွာ ထပ်မံပျံဝဲလာသည်ကို ကြားလိုက်ရသည်။

၎င်းနှင့် ချက်ချင်းဆိုသလိုပင် ပြင်းထန်လှသော သေနတ်ပစ်ခတ်မှုများ ဆက်တိုက် ထွက်ပေါ်လာတော့သည်။

"ငါတို့ ဝံပုလွေရိုင်းဂိုဏ်းက မင်းတို့ လုံခြုံရေးဌာနက လူတွေကိုပဲ ပစ်မှတ်ထားနေတာကွ..."

"မင်းအမေ... ငါတို့ ဝံပုလွေရိုင်းဂိုဏ်းက အဖွဲ့ဝင်တွေကိုများ ဖမ်းရဲတယ်ပေါ့ ဒီနေ့ မင်းတို့ အသက်တွေကို မနုတ်ယူနိုင်ရင် ငါတို့က ဘာဂိုဏ်း ဖြစ်နေတော့မလဲ..."

"ဒိုင်း ဒိုင်း ဒိုင်း..."

သေနတ်သံများမှာ ရုတ်တရက် အလွန်အမင်း ထူထပ်လာတော့သည်။

သို့သော် အစ်ကိုနျူးမှာလည်း အလျှော့မပေးဘဲ ခလုတ်ကို တိုက်ရိုက်ဆွဲကာ တစ်ခဏခန့် ရမ်းသန်း ပစ်ခတ်လိုက်သည်။

"ဒိုင်း ဒိုင်း ဒိုင်း..."

ကျည်ဆန်များမှာ ရမ်းသန်းပျံဝဲနေပြီး သေနတ်သံများနှင့် ရောယှက်နေသော အစ်ကိုနျူး၏ အသံမှာ အထူးပင် ထင်ရှားနေသည်။

"မင်းတို့က ချင်းလုံဂိုဏ်းကဆိုရင် လာပြီး စမ်းကြည့်လိုက်လေ..."

"ငါတို့ လေးယောက်လုံးမှာ သေနတ်တွေ

ရှိတယ်ကွ..."

"ဒါ့အပြင် မင်းတို့ ဝံပုလွေရိုင်းဂိုဏ်း အဖွဲ့ဝင်တွေ အကုန်လုံးက လူအတွေပဲ..."

"ဒီနေရာက မြို့ကနေ လမ်းလျှောက်ရင် တစ်နာရီတောင် မကြာဘူး ဒီနေရာမှာ သေနတ်ပစ်နေရင် ငါတို့ လုံခြုံရေးဌာနက လူတွေ နာရီဝက်တောင် မကြာခင် ရောက်လာလိမ့်မယ်..."

အစ်ကိုနျူးက စကားပြောနေရင်း သူ၏သေနတ်ကို မြှောက်လိုက်ကာ ဂန္ထဝင်မြောက် ဦးလေးဟေးပစ်ခတ်နည်းကို အသုံးပြု၍ သေနတ်ပြောင်းဝကို ခေါင်းပေါ်မြှောက်ကာ ရမ်းသန်းပစ်ခတ်လိုက်တော့သည်။

All Chapters