← Chapters

အခန်း ၁၀၅၁

Vol. 71 Ch. 1051

အခန်း ၁၀၅၁

Vol. 71 Ch. 1051

အဓိပတိအင်မော်တယ်သခင် စာစဉ် (၇၁)

ဘာသာပြန်သူ နေဇင်။

အခန်း (၁၀၅၁) လျှို့ဝှက်ဆန်းကြယ်သော နတ်ဆိုးသားရဲလေး။

အချိန်တွေက တဖြည်းဖြည်း ကုန်ဆုံးသွားခဲ့ပြီး၊ ချင်ယွင်၏ ခန္ဓာကိုယ်သည် လျှို့ဝှက် ဆန်းကြယ်သော အဝါချီ အများအပြား ဝင်ရောက်လာမှုအောက်တွင် ယခင်အနေထား ကဲ့သို့ တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာသည်။

ဤအခိုက်အတန့်တွင် ချင်ယွင်၏သွေးမျိုးဆက် စွမ်းအားများသည် မြစ်ချောင်းများ တလှိမ့်လှိမ့်စီးဆင်းနေသကဲ့သို့ မိုးခြိမ်းသံများ တဂျိန်းဂျိန်းမြည်ဟီးနေကဲ့သို့ တဟုန်ထိုး ထိုးထွက်နေပါသည်။

ဘန်း။

ချင်ယွင်သည် မျက်လုံးဖွင့်လိုက်သည်နှင့် သူ၏ခန္ဓာကိုယ်မှ ကြီးမားသော စွမ်းအင် အတက်အကျ လှိုင်းများ ပျံ့နှံ့သွားခဲ့သည်။

'"ဒီကပ်ဘေးဆိုးကြီးကနေ အမှန်တကယ် အကျိုးလာရှိမယ်လို့ ငါ မမျှော်လင့်ထားဘူး။ ဒီလောက်ပြင်းထန်တဲ့ ဒဏ်ရာတွေကို ခံစားလိုက်ရတော့ ငါ့ရဲ့ ဖင်းဂေါ့ဂ်ခန္ဓာကိုယ် သန့်စင်ခြင်းကလည်း နည်းနည်းတော့ တိုးတက်လာခဲ့ပြီ။ ရှေးဟောင်းနယ်ပယ်၏ အလယ်အလတ်အဆင့်ကို မရောက်သေးပေမယ့်၊ ရှေးဟောင်းနယ်ပယ်ရဲ့ အလယ်အလတ် အဆင့်နဲ့ သိပ်မဝေးတော့ဘူး။” ချင်ယွင်က ပြုံးလိုက်ပြီး သူ၏မျက်နှာက ပျော်ရွှင်မှု အပြည့်ဖြင့် ပြောလိုက်ပါသည်။

ဖင်းဂေါ့ဂ်ခန္ဓာကိုယ် သန့်စင်ခြင်းကလည်းအား မူလက ဖြတ်ကျော်ပြီးနောက် မတ်တတ်ရပ် ရန် အာရုံစိုက်ခဲ့သော်လည်း ယခုတစ်ကြိမ်တွင် ချင်ယွင်မှာ ဒဏ်ရာအပြင်းအထန်ရခဲ့ပြီး သူ၏ခွန်အားမှာလည်း များစွာ တိုးတက်ကောင်းမွန်လာခဲ့သည်။

ချင်ယွင်သည် မတ်တပ်ထရပ်ပြီး ခေါင်းကို မော့ကြည့်လိုက်ပါသည်။ အချိန်က ည ဖြစ်နေပါ ပြီ။ တောက်ပသော လမင်းကြီးသုံးစင်းသည် ကောင်းကင်တွင် ပျံဝဲကာ ကမ္ဘာမြေကြီးကို ထွန်းလင်းတောက်ပစေပါသည်။

ချင်ယွင်သည် သူ၏ပတ်ဝန်းကျင်ကို ဂရုတစိုက် စစ်ဆေးနေတော့သည်။ သူသည် နတ်ဘုရားမြုပ်နှံခြင်းတောင်တန်းသို့ စတင်ဝင်လာကတည်းက နတ်ဘုရားမြုပ်နှံခြင်း တောင်တန်းကိုပင် ဂရုတစိုက် မကြည့်အားခဲ့ပေ။

နတ်ဘုရားမြုပ်နှံခြင်းတောင်တန်းထဲကို သူ ဝင်လိုက်သည့်အချိန်မှာပင် ဆံပင်ဖြူ အဘိုးအို ကြောင့် တချိန်လုံး လှုပ်ရှားနေခဲ့ရသည်။ ထို့နောက် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီး၊ ဤနေရာသို့ ထွက်ပြေးလွတ်မြောက်ခဲ့သည်။ သူသည် သူ၏ဒဏ်ရာများမှ အလျင်အမြန် ပြန်ကောင်းလာခဲ့သည်။ ယခုမှပင် သူသည် ပြည့်ပြည့်ဝဝ ရပ်တန့်နိုင်တော့သည်။

ချင်ယွင်သည် သူ၏ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာပြီး ဤနေရာရှိ တောင်များ၊ မြစ်များ သို့မဟုတ် သစ်ပင်များပင်ဖြစ်စေ အလွန်ထူးခြားကြောင်း တွေ့ရှိခဲ့ရသည်။ အရာအားလုံး သည် ထူးဆန်းသော အငွေ့အသက်များဖြင့် ပြည့်နှက်နေခဲ့သည်။

တောင်ပေါ်ရှိ ကျောက်တုံးများသည် အလွန်မာကျောလှသည်။ အနှိုင်းမဲ့ မာကြောသည်ဟု ပင် ဆိုနိုင်ပေသည်။

ချင်ယွင်သည် သူ၏ဘေးနားက ကျောက်တုံးကြီးကို ခုတ်ပိုင်းရန် ကြိုးစားကြည့်လိုက် သည်။ ထိုကျောက်တုံးကြီးကို ချိုးဖျက်ရန် သူ၏ ခွန်အားရှိသမျှကို အသုံးပြုခဲ့သည်။ အပြင်မှာဆိုရင် ချင်ယွင်၏ လက်သီးချက်သည် အင်မော်တယ် တောင်တန်းကြီး သို့မဟုတ် တောင်တန်းတစ်ခုလုံးကိုတောင် ဖြိုခွဲပစ်ရန် လုံလောက်ပါလိမ့်မည်။

ဤကျောက်တုံးများသည် အနှိုင်းမဲ့ မာကျောရုံသာမက၊ ဤသစ်ပင်များပင်လျှင် အလွန်မင်း ထူးခြားပါသည်။ ဤသစ်ပင်များတွင် သဘာဝပုံစံများပါရှိနေပြီး သစ်ပင်တိုင်းမှာ ပုံစံများ ရှိနေပါသည်။ ထို့အပြင်၊ ၎င်းတို့သည် တစ်စုံတစ်ဦးမှ တမင်တကာ ရေးထွင်းထားသည့် ပုံစံများနှင့် အနည်းငယ် ကွဲပြားပါသည်။ သို့သော်၊ ချင်ယွင်သည် ဤပုံစံများသည် သဘာဝအတိုင်းဖြစ်နေကြောင်း ၁၀၀ ရာခိုင်နှုန်း သေချာပါသည်။

"ထူးဆန်းလိုက်တာ၊ ဒီနတ်ဘုရားမြုပ်နှံခြင်းတောင်တန်းမှာ ဘယ်လို လျှို့ဝှက်ချက်မျိုး ရှိနေလဲ။" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။

ရုတ်​တရက်​ပင်​ သူ၏အကြည့်​က စူးစူးရဲရဲ ဖြစ်​လာသည်​။ သူသည် အဝေးက ချုံပုတ်တစ်ခု ကို လှမ်းကြည့်ကာ "ဘယ်သူ ထွက်လာခဲ့စမ်း။ တိတ်တိတ်လေး ပုန်းမနေနဲ့" ဟု ပြင်းပြင်းထန်ထန် အော်လိုက်သည်။

ယခုလေးတင် ချင်ယွင်သည် အဝေးမှ ချုံပုတ်များထဲမှ ထွက်ပေါ်လာသော ဤထူးဆန်းသော အငွေ့အသက်ကို ခံစားလိုက်ရသည်။

သို့သော် ချင်ယွင် ပြောပြီးသည်နှင့် ချုံပုတ်များထဲမှ မည်သည့်လှုပ်ရှားမှုမှ မရှိတော့ပေ။

"မင်းက ထွက်လာဖို့ ငြင်းဆိုနေမှတော့ ငါကိုယ်တိုင် မင်းကို အပြင်ထွက်ဖို့ ဖိတ်ခေါ်ရ တော့မှာပဲ" ချင်ယွင်၏ မျက်လုံးများသည် အေးစက်စက် အလင်းတန်းတစ်ခုနှင့်အတူ လင်းလက်သွားရင်း၊ သူ၏လက်ဖဝါးဓားကို ခုတ်ပိုင်းလိုက်ပါသည်။ တခဏအတွင်းမှာပင် သူသည် ကောင်းကင်ကို ဖြတ်သန်းပြီး ချုံပုတ်များဆီသို့ ခုတ်ချလိုက်သည်။

ဓားအလင်းသည် ချုံပုတ်များထဲသို့ ဖြတ်ဝင်တော့မည့်အခိုက်မှာပင် ရုပ်အသွင်ပြင်တစ်ခု သည် ချက်ချင်းပင် နောက်ကွယ်မှာ ပုံရိပ်ယောင်များအဖြစ်သို့ ပြောင်းလဲသွားပြီး ဘေးဘက်သို့ ဖျတ်ခနဲ လင်းလက်သွားသည်။ သူ၏အရှိန်ဟုန်က အရမ်းကို မြန်ဆန်လွန်း သည့်အတွက် ချင်ယွင်တောင်မှ မည့်သည့်အရာဆိုသည်ကို မမြင်လိုက်ရပါဘူး။

ထိုပုံရိပ်သည် အဝေးမှ ကျောက်ဆောင်ကြီး တစ်ခုပေါ်သို့ ပျံသန်းသွားခဲ့သည်။ ဤအခိုက်အတန့်ရောက်မှသာ ချင်ယွင်သည် ဤအရာကို မြင်လိုက်ရပါသည်။

၎င်းသည် ဦးခေါင်းအရွယ်အစားသာသာရှိသော နတ်ဆိုးသားရဲလေး တစ်ကောင်ဖြစ်ပြီး၊ ၎င်း၏ တစ်ကိုယ်လုံးသည် ဖြူဝင်းနေကာ ၎င်း၏ခန္ဓာကိုယ်တွင် ထူးဆန်းသော ပုံစံများ ရှိနေပါသည်။ သူ ခုနက တိုက်ခိုက်ခဲ့သည့် သားရဲလေးသည် သေမျိုးကမ္ဘာမှ ခွေးကလေးနှင့် တူပါသည်။ သို့သော် ကွာခြားချက်မှာ ဤနတ်ဆိုးသားရဲ၏ ဦးခေါင်းထက်တွင် ဦးချိုတစ်ခု ပေါက်နေခြင်း ဖြစ်သည်။ ဤဦးချိုသည် ခရမ်းရောင်ဖြစ်ပြီး ကြောက်မက်ဖွယ်ကောင်း သော စွမ်းအင်အတက်အကျလှိုင်းများ ပါရှိနေသည်။

"ဒါက ဘယ်လိုနတ်ဆိုးသားရဲအမျိုးစားလဲ။ ငါလည်း တစ်ခါမှ မတွေ့ဖူးဘူး။" ချင်ယွင်သည် နတ်ဆိုးသားရဲလေးတစ်ကောင်ကို အံ့အားသင့်စွာ ကြည့်နေသော်လည်း သူ၏စိတ်ထဲတွင် ပဟေဠိဖြစ်နေသည်။

သူသည် နတ်ဆိုးသားရဲတိုက်ကြီးနှင့် ရင်းနှီးပြီး နတ်ဆိုးသားရဲ အမျိုးမျိုးတို့နှင့်လည်း ကြုံတွေ့ဖူးသည်။ သို့သော် သူသည် ဤနတ်ဆိုးသားရဲမျိုးကို တစ်ခါမျှ မမြင်ဖူးပေ။ ထို့အပြင် ဤအရွယ်ရှိ နတ်ဆိုးသားရဲများသည် များသောအားဖြင့် အလွန်အားနည်းကြ သည်။ သို့သော်လည်း ဤနတ်ဆိုးသားရဲလေးသည် ချင်ယွင်ကို အလွန်အန္တရာယ်များသော ခံစားချက်ကို ပေးစွမ်းခဲ့သည်။

ချင်ယွင်သည် နတ်ဆိုးသားရဲလေးကို ဂရုတစိုက် ကြည့်လိုက်ပြီး၊ ထိုနတ်ဆိုး သားရဲလေးသည်လည်း ချင်ယွင်ကို ပြူးကျယ်သော မျက်လုံးများဖြင့် စူးစူးစိုက်စိုက် ကြည့်ကာ အလွန်မင်း စပ်စုနေပုံရပါသည်။

ထိုမြင်ကွင်းကို မြင်တော့ ချင်ယွင်သည် ပို၍ပင် အံ့သြသွားပါသည်။ ဤကောင်လေး၏ ခန္ဓာကိုယ်ရှိ ပုံစံများသည် သစ်ပင်များနှင့် ကျောက်တုံးများပေါ်ရှိ ပုံစံများနှင့် အလွန် ဆင်တူပါသည်။ တစ်ခုတည်းသော ခြားနားချက်မှာ ဤကောင်လေး၏ ခန္ဓာကိုယ်ပေါ်ရှိ ပုံစံများမှ ထုတ်လွှတ်သော ထူးဆန်းသော အငွေ့အသက်သည် ပို၍ပင် ထူထပ်နေပါသည်။

ချင်ယွင်သည် နတ်ဆိုးသားရဲလေး၏ မူလအစအကြောင်း ချက်ချင်း ကောက်ချက်ချလိုက် သည်။ ချင်ယွင်က ၎င်းသည် ပြင်ပကမ္ဘာမှမဟုတ်ဘဲ နတ်ဘုရားမြုပ်နှံခြင်းတောင်တန်းမှ လာသည်ဟု သံသယရှိသည်။

နတ်ဘုရားမြုပ်နှံခြင်းတောင်တန်းသို့ မဝင်ခင်မှာ ချင်ယွင်သည် နတ်ဘုရားမြုပ်နှံခြင်း တောင်တန်းထဲတွင် သားရဲတိရစ္ဆာန်တစ်ကောင်မျှမရှိဟု ထင်ခဲ့သော်လည်း ယခုတော့ ဟုတ်ပုံမပေါ်ချေ။

"မင်း ငါပြောတာ ကြားရလား?" ချင်ယွင်သည် နတ်ဆိုးသားရဲလေးကို ကြည့်ကာ မေးလိုက်သည်။ နတ်ဆိုးသားရဲလေးသည် သူ့အပေါ် ရန်လိုသော ရည်ရွယ်ချက် မရှိကြောင်း သူ တွေ့ရှိခဲ့သည်။

နတ်ဆိုးသားရဲလေးသည် လူသားပုံစံဖြင့် အမှန်တကယ် ခေါင်းညိတ်ပြသည်။

ဤမြင်ကွင်းကို မြင်လိုက်ရတော့ ချင်ယွင်၏ မျက်နှာသည်လည်း ပျော်ရွှင်မှု အရိပ်အယောင်တွေ ပေါ်လာပါသည်။ ဆက်သွယ်ပြောဆိုနိုင်ခြင်းသည် အကောင်းဆုံး ဖြစ်ပြီး၊ သူအကြောက်ဆုံးမှာ ဆက်သွယ်ပြောဆိုနိုင်ခြင်း မရှိမှာကိုပင်။

ဟုတ်ပါသည်၊ ဤအချက်က ဤနတ်ဆိုးသားရဲလေးသည် ဉာဏ်ရည်ဉာဏ် ကောင်းမွန်သည်ဟု ဆိုလိုပါသည်။

"မင်းက ငါ့ကို အရမ်းသိချင်နေပုံရတယ်။ မင်း ဘာတွေ သိချင်နေတာလဲ" ချင်ယွင်သည် ထိုကောင်လေးအား စောင့်ကြည့်နေရင်း, စိုက်ကြည့်ကာ မေးမြန်းကြည့်လိုက်ပါသည်။

ဤကောင်လေးက ထိုစကားကြားတော့ သူသည် အမှန်တကယ် လှုပ်ရှားလာပါတော့ သည်။ သူသည် နောက်ဆက်တွဲ ပုံရိပ်ယောင်အစီအရီအဖြစ်သို့ တိုက်ရိုက် ပြောင်းသွားပြီး ထိုနေရာတွင် ပျောက်ကွယ်သွားခဲ့ကာ ချင်ယွင်၏ ပခုံးပေါ်တွင် ပြန်ပေါ်လာသည်။

ချင်ယွင်သည် ချက်ချင်းပင် ထိတ်လန့်သွားသည်။ ဤကောင်လေး၏ အမြန်နှုန်းက အရမ်းကို မြန်ဆန်လွန်းပါသည်။ သူ မတုံ့ပြန်နိုင်ခင်မှာပင် ဤကောင်လေးက သူ၏ပုခုံးပေါ် ရောက်နေပြီ။

အကယ်၍, ရန်သူများသာ ဖြစ်ခဲ့လျှင်, ယခုအချိန်၌ သူသည် ခေါင်းပြတ်သွားပေလိမ့်မည်။

ကံကောင်းထောက်မစွာ၊ ဤကောင်လေးသည် ဆိုးရွားသော ရည်ရွယ်ချက်များ ရှိပုံ မပေါ်ပါ။ သူက ချင်ယွင်၏လည်ပင်းကို လက်ကလေးဖြင့် အသာယာပွတ်သပ်ပြီး အလွန်မင်း ရင်းနှီးပုံရသည်။

ချင်ယွင်သည် သူ၏စိတ်ထဲတွင် အလွန်အံ့သြသွားသည်။ ဤကောင်လေးက အဘယ့်ကြောင့် ယခုလိုမျိုးလုပ်နေရမှန်း သူ နားမလည်ပါဘူး။

ဘန်း..။

ချင်ယွင် အံ့အားသင့်နေစဉ်မှာ, ဤကောင်လေးသည် နောက်ထပ် လှုပ်ရှားမှုတစ်ခုကို ပြုလုပ်ခဲ့သည်။ ၎င်း၏ဦးချိုသည် ရုတ်တရက် လင်းလက်လာခဲ့ပြီး ၎င်းထံမှ တုနှိုင်း၍မရလောက်အောင် ပြင်းထန်သော စွမ်းအင်အတက်အကျလှိုင်းတစ်ခု ထွက်လာသည်။

ထို့နောက် ချင်ယွင်သည် တခဏအတွင်းမှာပင် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသို့ ထူးဆန်းသော စွမ်းအားများ စီးဆင်းသွားသည်ကို ခံစားလိုက်ရပြီး နောက်ထပ် ထူးဆန်းသည့် အရာတစ်ခု ဖြစ်ပျက်သွားခဲ့သည်။

ချင်ယွင်၏ ရုပ်ခန္ဓာကိုယ် ကျင့်ကြံမှုသည် အမှန်တကယ်ပင် လျင်မြန်စွာ တိုးမြင့်လာခဲ့ သည်။ ရှေးဟောင်းနယ်ပယ်၏ အလယ်အလတ်အဆင့်နှင့် သိပ်မဝေးတော့သည့် ဖင်းဂေါ့ဂ် ခန္ဓာကိုယ်သန့်စင်ခြင်း နယ်ပယ်သည် အမှန်တကယ် ပြန်လည် မြင့်တက်လာခဲ့ပြီး ရှေးဟောင်းနယ်ပယ်၏ အလယ်အလတ်အဆင့်ဆီသို့ တိုက်ရိုက် တွန်းပို့လာသည်။

"ဘုန်ုး..”။

နောက်ဆုံး တုန်ခါသံတစ်ချက် ထွက်ပေါ်လာသည်။ ချင်ယွင်၏ ရုပ်ခန္ဓာကိုယ်သည် ရှေးဟောင်း နယ်ပယ် အလယ်အလတ်အဆင့်သို့ တိုက်ရိုက် ရောက်ရှိသွားခဲ့သည်။ ချင်ယွင်၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခု ထွက်ပေါ်လာ သည်။

ချင်ယွင်သည် သူ၏ခန္ဓာကိုယ် သန်မာလာသည်ဟု ခံစားမိသော်လည်း သူ၏မျက်နှာက အလွန်မင်း အံ့အားသင့်နေသည့် အမူအရာ ပေါ်လွင်နေသည်။

သူ၏ရုပ်ပိုင်းဆိုင်ရာ အဆင့်ချိုးဖြတ်မှုသည် သူ၏ပခုံးပေါ်ရှိ ဤကောင်လေးနှင့် ဆက်စပ်မှု ရှိနေသည်ကို သူ သေချာသိသော်လည်း ဤကောင်လေးသည် မည်သည့် နတ်ဆိုးသားရဲ အမျိုးစား ဖြစ်သည်ကိုတော့ သူ မသိနိုင်ပေ။ သူသည် အဘယ်ကြောင့် သူ့အပေါ် ဤမျှ လောက် ရင်းနှီးနေရသနည်း?။ အဘယ်ကြောင့် သူ၏ ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံမူ တိုးမြင့်လာစေရန် ကူညီပေးရသနည်း?။

ချင်ယွင်၏ နှလုံးသားထဲမှ မေးခွန်းတွေ ထွက်ပေါ်လာခဲ့သည်။

ဤအခိုက်အတန့်တွင် ဤကောင်လေး၏ ဦးခေါင်းပေါ်ရှိ ဦးချိုများလည်း မှိန်သွားကာ သူ၏ အငွေ့အသက်လည်း အားနည်းသွားသည်။ ယခုလေးတင် ချင်ယွင်၏ အဆင့်မြှင့်တင်မှုကို ကူညီပေးခြင်းက သူ့အတွက် အများကြီး ပေးဆပ်ခဲ့ရပုံပင်။

ဤကောင်လေးသည် အနည်းငယ် စောင်းသွားကာ ချင်ယွင်၏ ပုခုံးပေါ်မှ ပြုတ်ကျလုနီး ဖြစ်နေပြီ ဖြစ်သည်။

ချင်ယွင်သည် သူ၏လက်ကို အလျင်အမြန် ဆန့်ထုတ်လိုက်ပြီး သူ၏လက်ဖဝါးဖြင့် ကိုင်လိုက်သည်။ ထိုအချိန်တွင် ဤကောင်လေးသည် မောပန်းနွမ်းနယ်နေသော ကလေးတစ်ယောက်လို အိပ်မောကျနေပြီ ဖြစ်သည်။

ချင်ယွင်သည် သူ၏လက်ဖဝါးထဲမှ နတ်ဆိုးသားရဲလေးကို ကြည့်ပြီး သူ၏ နူးညံ့သိမ်မွေ့ သည့် အသားအရေကို ပွတ်သပ်လိုက်တယ်။ မင်းက အတိအကျ ဘယ်သူလဲ?။ မင်းက ဘာလို့ ငါ့ကို ကူညီပေးနေတာလဲ? ဟု ရေရွတ်လိုက်ပါသည်။

ဤကောင်လေးသည် လူးလှိမ့်ရင်း လက်သည်းသေးသေးလေး နှစ်ချောင်းကို ဆန့်ထုတ် ကာ ချင်ယွင်၏လက်ချောင်းကို ဖက်ထားသည်။ ထို့နောက် သူသည် ငြိမ်သက်စွာ အိပ်ပျော်သွားပြန်သည်။

All Chapters