အခန်း ၁၀၅၂
Vol. 71 Ch. 1052
အခန်း (၁၀၅၂ ကောင်းကင်တာအိုသစ်ပင်
ကောင်ငယ်လေးသည် အိပ်မောကျသွားပါပြီ။ ထို့ကြောင့် ချင်ယွင်သည် သူ၏ရင်ခွင်ထဲ၌ သာ သူ့ကို အေးချမ်းစွာ အိပ်စက်ခိုင်းလိုက်သည်။
ဤကောင်ငယ်လေး မည်သည်နေရာကရောက်လာမှန်း သူ မသိသော်လည်း၊ ချင်ယွင်သည် ဤကောင်ငယ်လေးအပေါ် အလွန်ရင်းနှီးသည့် ခံစားချက်မျိုး ရှိနေပါသည်။
ဤကောင်ငယ်လေးသည် ချင်ယွင်ကို အလွန်အားကိုးပုံရသည်။ သူသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ပြီး သူ၏ခန္ဓာကိုယ်က ချင်ယွင်ကို ရံဖန်ရံခါ ပွတ်သပ်လာသည်။
ထို့ကြောင့် ချင်ယွင်သည် ခဏလောက်စဉ်းစားပြီး သူနှင့်အတူ ယူသွားရန် ဆုံးဖြတ်လိုက် သည်။ ထို့နောက် သူသည် ကောင်းကင်တာအိုသစ်သီး၏ တည်နေရာကို လှည့်ပတ် ရှာဖွေခဲ့သည်။
နတ်ဘုရားမြုပ်နှံခြင်းတောင်တန်းသည် အလွန်ကျယ်ပြောပြီး တောင်တက်လမ်းများသည် အလွန်မင်း မတ်စောက်ကာ ကြမ်းတမ်းသည်။ မြင့်မားသော ရှေးဟောင်းသစ်ပင်များ၏ ဖုံးလွှမ်းမှု အပြင် တောင်တန်းတစ်ခုလုံးသည် ရှေးခေတ်အငွေ့အသက်များကို ထုတ်လွှတ် သည်။
အရင်ဆုံး ကောက်ချက်ချပြီးနောက်၊ ချင်ယွင်သည် သူ၏တည်နေရာသည် တောင်တန်း အပြင်ဘက် ဝေးလံခေါင်သီသော ထောင့်တနေရာတွင် ရှိနေသင့်သည်ကို ရှာဖွေတွေ့ရှိခဲ့ သည်။ ယခုအချိန်တွင် ချင်ယွင်လုပ်ရမည့် အရာအားလုံးသည် တောင်တန်းထဲသို့ ပိုမို နက်ရှိုင်းစွာ ဝင်ရောက်ရန် ဖြစ်ပါသည်။
နတ်ဘုရားမြုပ်နှံခြင်းတောင်တန်းသည် အလွန်ထူးခြားသည်။ ၎င်းသည် အင်မော်တယ် စိတ်ဝိညာဉ်စွမ်းအား သို့မဟုတ် မည်သည့်အရာ ဖြစ်ပါစေ၊ ၎င်းတို့သည် အထူးစွမ်းအား အချို့၏ သက်ရောက်မှုကို ခံနေရပုံရသည်။ သူတို့က အမှန်တကယ်ပင် အဝေးသို့ ရောက်အောင် မဖြန့်ကျက်နိုင်ကြပါဘူး။ ချင်ယွင်နှင့် ရှောင်ဘိုင်တို့ အကြား စိတ်ပိုင်း ဆိုင်ရာ ဆက်သွယ်မှုကိုပင် နတ်ဘုရားမြုပ်နှံခြင်း တောင်တန်း၏ လျှို့ဝှက်ဆန်းကြယ် သော စွမ်းအားက ဖြတ်တောက်ထားခဲ့သည်။ ထို့ကြောင့်၊ ချင်ယွင်သည် ယခုအချိန်တွင် ရှောင်ဘိုင်နှင့် ရှေးဟောင်းတာအိုဆရာသခင် မည်သည့်နေရာတွင် ရှိနေသည်ကို မဆုံးဖြတ်နိုင်ပေ။
နတ်ဘုရားမြုပ်နှံခြင်း တောင်တန်းတွင် အန္တရာယ်များဖြင့် ပြည့်နှက်နေသောကြောင့် သတိထားရန် လိုအပ်သည်။ ရှေးဟောင်း အစီအရင်ဝင်္ကပါတစ်ခုခုထဲသို့ မတော်တဆ ကျရောက်ပြီး မည်သို့မည်ပုံ သေဆုံးသွားမည်ကို မသိနိုင်လောက်အောင် ဖြစ်နိုင်သည်။
ဝှီး...။
ချင်ယွင်သည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး နက်ရှိုင်းသော တောင်တန်း ဆီသို့ ဦးတည်သွားခဲ့သည်။ သူ ရှေ့သို့ တိုးလာသည်နှင့်အမျှ နောက်ဆုံးတွင် ချင်ယွင်သည် အခြားလူများ၏ ပုံရိပ်များကို မြင်လိုက်ရသည်။ သို့သော်လည်း အများစုမှာ အထွတ်အထိပ် အင်မော်တယ်ဘုရင်နှင့် အစောပိုင်း အင်မော်တယ်ဧကရာဇ်များ ဖြစ်သည်။
ချင်ယွင်သည် ဤလူများကို လျစ်လျူရှုပြီး ကောင်းကင်တာအိုသစ်သီးကို ဆက်လက် ရှာဖွေခဲ့သည်။
နတ်ဘုရားမြုပ်နှံခြင်းတောင်တန်းကို လာရသည့် သူ့ခရီးစဉ်၏ ပထမဆုံး ရည်ရွယ်ချက်က ကောင်းကင်တာအို သစ်သီးကို ရရှိနိုင်ရန် ဖြစ်ပြီး၊ ဒုတိယ ရည်ရွယ်ချက်ကတော့ အဓိပတိ ဉသျှောင်နယ်ပယ်ကို ဖြတ်ကျော်နိုင်မည့် အခွင့်အရေးတို့ကို ရှာဖွေရန် ဖြစ်ပါသည်။ သူ့အတွက်ကတော့, သူ့အဒေါ်၏အသက်ကို ကယ်တင်နိုင်ဖို့က အရေးကြီးဆုံးပင်။ အကယ်၍, ဤအခွင့်အရေးကို လွတ်သွားခဲ့မည်ဆိုလျှင်, နောက်ထပ် အနှစ်တစ်သိန်း လောက် စောင့်ရလိမ့်မည်။
"အား....."
ချင်ယွင်သည် တွေးတောနေစဉ်မှာ, သနားစဖွယ် အော်ဟစ်သံက သူနှင့် မနီးမဝေးကနေ ရုတ်တရက် ထွက်ပေါ်လာပါသည်။
ထိုအသံသည် တောအုပ်ထဲတွင် ပဲ့တင်ထပ်နေသည့်အတွက် အရမ်းကို သနားစရာကောင်း ပါသည်။ ထိုအော်သံကြောင့် လူတိုင်းသည် ချက်ချင်း ထိတ်လန့်သွားကြပါလိမ့်မည်။
ချင်ယွင်သည် အသံ၏ ဦးတည်ရာဆီသို့ လှည့်ကြည့်ကာ အနည်းငယ် မျက်မှောင် ကြုတ်လိုက်သည်။
"သွားကြည့်ရအောင်။" ပတ်ဝန်းကျင်မှ လူတွေလည်း သူတို့၏ အပေါင်းအဖော်များကို တယောက်ပြီး တယောက် စကားပြောကြသည်။ ထိုသို့ပြောပြီးနောက် သူတို့သည် အသံထွက်ပေါ်ရာ လမ်းကြောင်းဆီသို့ ဦးတည်သွားကြသည်။
အချိန်အတော်ကြာ စဉ်းစားပြီးနောက် ချင်ယွင်သည်လည်း နောက်ယောင်ခံအဖြစ် လိုက်သွားခဲ့သည်။
ချင်ယွင်သည် အသံထွက်ပေါ်လာသည့်နေရာသို့ အမြန်ရောက်လာသည်။ သို့သော် သူ၏ရှေ့မှ မြင်ကွင်းက သူ့ကို အံ့အားသင့်စေခဲ့သည်။
သူ၏ရှေ့မှာ တောင်ထိပ်တစ်ခု ရှိနေသည်။ ဤတောင်ထွတ်သည် မီတာတစ်ထောင်ကျော် မြင့်မားသည်။ ၎င်းသည် နတ်ဘုရားမြုပ်နှံခြင်းတောင်တန်းအတွင်းမှာ သိပ်ပြီး မမြင့်သော် လည်း နိမ့်လည်းမနိမ့်ပါဘူး။ အလယ်အလတ် အရွယ်စားဟု ယူဆနိုင်သည်။
သို့သော် ဤတောင်ထွတ်သည် အလွန်ထူးခြားပါသည်။ တောင်၏ မျက်နှာပြင်သည် မည်သည့်အရာမျှမရှိ ဗလာဖြစ်နေပြီး ထူးဆန်းသော ပုံစံသင်္ကေတများဖြင့် ဖုံးအုပ်ထားပါ သည်။ ၎င်းသည် ကြီးကျယ်ခမ်းနားသော အစီအရင်ဝင်္ကပါပုံစံများနှင့် အလွန်ဆင်တူပါ သည်။
ယခုပင် သနားစဖွယ် အော်ဟစ်သံကို လွှင့်ထုတ်လိုက်သူသည် ဤတောင်ထိပ်ပေါ်သို့ တက်ရောက်ရင်း သွေးအိုင်အဖြစ်သို့ လုံးလုံး ပြောင်းသွားခဲ့ရသည်။ မြင်ကွင်းက ထိတ်လန့် တုန်လှုပ်စရာပင်။
"ကြည့်စမ်း..၊ အဲဒါ ဘာလဲ?" သို့သော် ထိုအချိန်တွင် ရုတ်တရက် အော်သံတစ်ခုက ထွက်ပေါ်လာသည်။
ဝှီး...။
ချက်ချင်းပင် လူတိုင်းသည် အသံတိုးတိုး ညွှန်ပြနေသည့် ဘက်ကို လှမ်းကြည့်လိုက် ကြပါသည်။ ထိုဗလာ တောင်ထိပ်ပေါ်တွင် လူအရပ်တစ်ဝက်ခန့် မြင့်သော သစ်ပင်ငယ် တစ်ပင်ရှိနေပါသည်။ ဤသစ်ပင်ငယ်လေးသည် ကောင်းကင်တာအို၏ အလွန် အစွမ်းထက်သော စွမ်းအင်အတက်အကျလှိုင်းများ ပါဝင်နေသည့် ရွှေရောင်အလင်းတန်း များကို ထုတ်လွှတ်သည်။
သစ်ပင်သည် အလွန်သေးငယ်ပြီး မီတာတစ်ထောင်မြင့်သော တောင်ထိပ်ပေါတွင် ရှိနေပါသည်။ ၎င်းသည် တခဏမျှသာ ထင်ပေါ်လာတတ်သည်။ ထို့ကြောင့်, အကယ်၍, တစ်စုံတစ်ယောက်သည် သေသေချာချာ မကြည့်မိဘူးဆိုလျှင်၊ ထိုသစ်ပင်ကို ရှာတွေ့ရန် အမှန်တကယ် ခက်ခဲလိမ့်မည်။
"ဒါက ကောင်းကင်တာအိုသစ်ပင်၊ တကယ်ကို ကောင်းကင်တာအိုသစ်ပင် ရှိနေတယ်။" ဗဟုသုတကြွယ်ဝသူ တစ်ဦးက အံ့သြစွာ ပြောသည်။
ထိုစကားများ ပြောပြီးသည်နှင့် ရုတ်ရုတ်သဲသဲ ဖြစ်သွားကြပါသည်။ လူအားလုံးလည်း သစ်ပင်ငယ်လေးကို ငေးကြည့်ရင်း ချက်ချင်းပင် ပူလောင်လာကြသည်။
ချင်ယွင်သည် သစ်ပင်ငယ်ဆီသို့ လှမ်းကြည့်လိုက်ရင်း သူ၏မျက်လုံးများက စိတ်အား တက်ကြွသည့် အမူအရာ ပေါ်လာသည်။
ကောင်းကင်တာအိုသစ်ပင်၊ သူရှာနေသည်က ကောင်းကင်တာအို သစ်ပင်မှ သိပ်သည်း ဖြစ်ပေါ်လာသည့် ကောင်းကင်တာအို သစ်သီး။ ထိုကောင်းကင်တာအို သစ်သီးဖြင့်ဆိုလျှင်၊ သူ့အဒေါ်၏ ခန္ဓာကိုယ်ပေါ်ရှိ ကောင်းကင်တာအို ဒဏ်ရာများသည် ပျောက်ကင်းသွားနိုင်ပါ သည်။
'"ဒဏ္ဍာရီအရ ဒီကောင်းကင်တာအို သစ်ပင်က ကောင်းကင်တာအိုရဲ့ အနှစ်သာရမှ ပေါက်ဖွားလာခြင်း ဖြစ်တယ်။ အဲဒီအထဲမှာ အလွန်အစွမ်းထက်သော ကောင်းကင်တာအို စွမ်းအင်အတက်အကျလှိုင်းတွေ ပါဝင်နေတယ်။ အဲဒီသစ်ပင်ရဲ့ အရွက်ထဲမှာ ပါဝင်နေတဲ့ အရာလေးကတောင် ကောင်းကင်တာအိုကို အဆပေါင်းများစွာ ပိုမိုလျှင်မြန်စွာ နားလည် နိုင်စွမ်း ရှိတယ်။ ဒီကောင်းကင်တာအို သစ်သီးဆိုရင်တော့ ကောင်းကင်တာအို နယ်ပယ်ကို နှစ်အဆင့် သို့မဟုတ် သုံးအဆင့်ကိုတောင် ဆက်တိုက် တိုက်ရိုက် ဖြတ်ကျော်သွားနိုင် တယ်လို့ ဆိုကြတယ်။” တစ်စုံတစ်ယောက်က ပြောပြသည်။
"မှန်တယ်။ ဒီကောင်းကင်တာအို သစ်ပင်ဟာ အနှစ် ၁၀၀၀၀၀ မှာ တစ်ကြိမ်သာ အသီး သီးတယ်။ နောက်ပြီး တစ်ကြိမ်မှာ အသီးတစ်လုံးပဲ သီးတယ်။ ဒီကောင်းကင်တာအို သစ်သီး ဘယ်လောက် အဖိုးတန်လဲဆိုတာကို တွေးကြည့်နိုင်တယ်။ ဒီကောင်းကင်တာအို သစ်ပင်မှာ ကောင်းကင်တာအို သစ်သီးရော ကျန်နေသေးလားဆိုတာ ငါ သိချင်မိတယ်" အခြားတစ်ယောက်က ဆက်ပြောသည်။
ထိုစကားကိုကြားတော့ လူတိုင်းလည်း ကောင်းကင်တာအို သစ်ပင်ဆီသို့ မျှော်ကြည့်နေကြ သည်။
ထုံးစံအတိုင်း ချင်ယွင်လည်း အတူတူပင်။ ဒီကောင်းကင်တာအို သစ်သီးက သူ့အတွက် အရမ်းကို အရေးကြီးပါသည်။ ဤကောင်းကင်တာအို သစ်ပင်ပေါ်တွင် ကောင်းကင်တာအို သစ်သီးများ ရှိမရှိကို သူလည်း သိချင်နေမိသည်။
သို့သော် ကောင်းကင်တာအို သစ်ပင်၏ ထိတွေ့ဧရိယာသည် အလွန်သေးငယ်ပါသည်။ အနည်းငယ်မျှသာ ထင်ရှားခဲ့ပြီး အင်မော်တယ် စိတ်အာရုံသည်ပင် တောင်ထိပ်ပေါ်သို့ မဖြန့်ကျက်နိုင်ပေ။ ကောင်းကင်တာအိုသစ်ပင်မှာ ကောင်းကင်တာအို သစ်သီးများ ရှိမရှိ သူလည်း လုံးဝ မသိပါဘူး။
"ဘာပဲဖြစ်ဖြစ် ကောင်းကင်တာအို သစ်ပင်ကို ငါ တွေ့နေပြီဆိုမှတော့, သူတို့ ပြောသမျှ အတိုင်း တစ်ချက်စောင့်ကြည့်သင့်တယ်" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။ မည်သို့ပင်ဖြစ်စေ, သူသည် ထိုတောင်ထိပ်ကို တက်မည်ဟု စိတ်ကူးထားပြီးသားပါ။
ယုတ္တိဗေဒအရပြောရလျှင် ဤမီတာ ၁၀၀၀ ရှည်သော တောင်ထိပ်ကို တက်ရန်အတွက်, အရင်ရောက်ပြီး စောင်းဆိုင်းနေသည့် လူတိုင်းအတွက် လွယ်ကူပေလိမ့်မည်၊ သို့သော် ယခုအခိုက်အတန့်တွင် မည်သူမျှ ကမူးရူးထိုး ပြုမူဝံ့ခြင်း မရှိပေ။
မည်သူမျှ မတုံးအကြပါဘူး။ ဟိုးအရင်က အော်သံပိုင်ရှင်သည် ကောင်းကင်တာအို သစ်ပင်ကို တွေ့ရှိခဲ့ပြီး၊ စောင့်ကြည့်ခြင်းမရှိဘဲ တောင်ထိပ်ပေါ်ရောက်သည်အထိ တက်ကြည့်ချင်နေခဲ့သည်။ ထို့ကြောင့် သူသည် အလောင်းလုံးဝ မကျန်ဘဲ သေဆုံးသွားခဲ့ရ သည်။
ခဏကြာတော့ ကွင်းပြင်တစ်ခုလုံး ငြိမ်သက်သွားသည်။ လူတိုင်း၏ မျက်လုံးများသည် ဤကောင်းကင်တာအို သစ်ပင်အတွက် ငြူစူခြင်းများဖြင့် ပြည့်နှက်နေသော်လည်း ရှေ့သို့ ခြေတစ်လှမ်းတိုးရန် မည်သူမျှ မစဥ်းစားခဲ့ကြပေ။ သူတို့သည် သေရမှာကိုမကြောက်ဘဲ ကမူးရူထိုးလုပ်ဆောင်ခဲ့သည့် ပထမဆုံးလူတစ်ယောက်လို ဖြစ်သွားနိုင်ခြေရှိသည့်အတွက် ထိုအတွေးများကို ဖယ်ထုတ်ထားသည်မှာ သေချာပါသည်။
"ဟမ့်၊ သေရမှာကြောက်နေကြတဲ့ လူတစ်စုပဲ။ ကောင်းကင်တာအိုသစ်သီးကို ရဖို့အတွက် ထိုင်စောင့်နေကြ။ ပြီးရင် မင်းတို့တွေ အော်ငိုရလိမ့်မယ်။ ဒီတောင်ထိပ် သေးသေးလေးက ဒီအင်မော်တယ် ဧကရာဇ်ကို တားဆီးနိုင်မယ်ဆိုတာ ငါ မယုံဘူး။" အားလုံး တုံ့ဆိုင်းနေ ကြစဉ်မှာပင် အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီးနောက် ပုံရိပ်တစ်ခုလည်း ထွက်လာ သည်။
၎င်းသည် ကောင်းကင်တာအိုနယ်ပယ်၏ ဒုတိယအဆင့် အင်မော်တယ် ဧကရာဇ်တစ်ပါး အသွင်အပြင်ရှိသည့် အသက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်သည်။ သူ၏ပုံပန်း သဏ္ဍာန်အရ, ထိုလူသည် အလွန်မိုက်မဲပြီး အဆင်ခြင်မဲ့သည့် လူတစ်ယောက် ဖြစ်ပုံရပါ သည်။
သို့သော် သူ ပို၍ မဆင်မခြင် လုပ်လေ၊ ချင်ယွင်နှင့် အခြားသူများအတွက် ပို၍ အကျိုးရှိလေ ဖြစ်သည်။ တိုက်ဆိုင်စွာပင်၊ ချင်ယွင်သည် ဤတောင်ထွတ်၏ ထူးဆန်းသော အရာကို မြင်နိုင်ရန် ဤလူကို အသုံးပြုနိုင်သည်။
အခြားလူများလည်း အသက်လတ်ပိုင်းအရွယ် အမျိုးသားကို ကြည့်ကြသည်။ သေချာသည် မှာ, သူတို့အားလုံးသည် ချင်ယွင်ကဲ့သို့ တူညီသော အတွေးအမြင် ရှိနေကြသည်မှာ ထင်ရှားပါသည်။
ဝှီး...။
ထိုပုံရိပ်သည် ရွေ့လျားသွားခဲ့ပြီး တောင်ထိပ်ဆီသို့ လျင်မြန်စွာ ပျံသန်းသွားသည်။
“ဒီကောင်က အရမ်းကြီးလည်း တုံးအသူ မဟုတ်ပါဘူး။ သူသည် ထိုတောင်ပေါ်ကို တက်မသွားခဲ့ပါဘူး။ ထင်ရှားသည်မှာ သူသည် ထိုထူးဆန်းသော အစီအရင်ဝင်္ကပါကြောင့် အနည်းငယ် စိတ်လှုပ်ရှားနေပုံရသည်။
“အား…”
သို့သော် ထိုအသက်လတ်ပိုင်းအရွယ် အမျိုးသားသည် တောင်စောင်းသို့ ရောက်ခါနီးတွင် တောင်ပေါ်ရှိ ခင်းကျင်းထားသော အစီအရင်ဝင်္ကပါများသည် ရုတ်တရက် တောက်ပလာ သည်။ ထို့နောက် အသက်လတ်ပိုင်းအရွယ် အမျိုးသားသည် ရှင်းလင်းသုတ်သင်ခံရပုံရပြီး သူ၏တစ်ကိုယ်လုံး လေထဲသို့ လွင့်ပျယ်သွားခဲ့သည်။
ကောင်းကင်တာအိုနယ်ပယ်၏ ဒုတိယအဆင့်ရှိ အင်မော်တယ် ဧကရာဇ်တစ်ပါးသည် ထိုကဲ့သို့ပင် ချက်ချင်း အသတ်ခံခဲ့ရသည်။
တောင်ခြေရင်းက လူအုပ်ကြီးသည် ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ သူတို့၏ မျက်ခုံးများသည် တင်းတင်းကျပ်ကျပ် တွန့်သွားခဲ့ပါသည်။