အခန်း ၁၀၅၃
Vol. 71 Ch. 1053
အခန်း (၁၀၅၃) ဝင်္ကပါဖြိုခွင်းခြင်းအင်မော်တယ်ဧကရာဇ်။
အခိုက်အတန့်ကြာအောင် တိတ်ဆိတ်သွားကြသည်။ ဤတောင်တန်းက ထူးဆန်းမှန်း သူတို့ သိကြသော်လည်း၊ ဤမျှ ကြောက်စရာကောင်းနေမည်ဟု သူတို့ မမျှော်လင့်ထား ဘူး။
ကောင်းကင်တာအိုနယ်ပယ်၏ ဒုတိယအဆင့်ရှိ အင်မော်တယ် ဧကရာဇ်တစ်ပါးသည် ထိုကဲ့သို့ပင် ချက်ချင်း အသတ်ခံလိုက်ရသည်။ ခုခံနိုင်ရည်နိုင်ရန် လုံးဝ နေရာမရှိခဲပါဘူး။ ဤအရာက သိပ်ကို ကြောက်စရာ မဟုတ်ပေဘူးလား?။
ချင်ယွင်သည် မျက်မှောင်ကြုတ်သွားသော်လည်း၊ သူသည် နက်နက်ရှိုင်းရှိုင်း တွေးတောနေ သည်။
ယခုအချိန်တွင်၊ ဤတောင်တန်းသည် ကြီးမားလှသော စွမ်းအားကို ပိုင်ဆိုင်ထားသည့် ကြောက်မက်ဖွယ်ကောင်းသော ရှေးဟောင်း အစီအရင်ဝင်္ကပါတစ်ခုဖြင့် ဖုံးအုပ်ထား ကြောင်း အခြေခံအားဖြင့် သေချာနေပါသည်။
ကောင်းကင်တာအိုနယ်ပယ်၏ ဒုတိယအဆင့်ရှိ အင်မော်တယ် ဧကရာဇ်တစ်ပါးသည် ဤရှေးဟောင်း အစီအရင်ဝင်္ကပါ၏ စွမ်းအားကြောင့် ထင်ရှားစွာ သေဆုံးသွားခဲ့ရသည်။
သူသည် ကနဦးစကြဝဠာ၏ အလိုဆန္ဒကို ပိုင်ဆိုင်ထားပြီး အစီအရင်ဝင်္ကပါများကို နားလည်ထားသောကြောင့် ဤသာမန် အင်မော်တယ်ဘုရင်များနှင့် အင်မော်တယ် ဧကရာဇ်များထက် သဘာဝအတိုင်း ပို၍ ခံစားနိုင်ပါသည်။
ထို့ကြောင့်၊ အစီအရင်ဝင်္ကပါပုံစံများ ထွန်းလင်းတောက်လာချိန်မှာ အစီအရင်ဝင်္ကပါမှ တောင်တစ်ခုလုံးကို ဖုံးအုပ်ထားသည့် ကြောက်မက်ဖွယ် စွမ်းအားတစ်ခု ထွက်ပေါ်လာပြီး ထိုအင်မော်တယ် ဧကရာဇ်ကို ချေမှုန်းပစ်ခဲ့ကြောင်း ရှင်းရှင်းလင်းလင်း ခံစားရနိုင်သည်။
"ဒီရှေးဟောင်း အစီအရင်ဝင်္ကပါရဲ့ အဖျက်စွမ်းအားက ကြီးမားလွန်းတယ်။ သာမန် ကောင်းကင်တာအိုနယ်ပယ်ရဲ့ ပြီးပြည့်စုံခြင်း အဆင့်မှာရှိတဲ့ အင်မော်တယ် ဧကရာဇ်တွေ တောင်မှ အဲဒါကို မတားဆီးနိုင်မှာ ငါ ကြောက်မိတယ်။ ကြည့်ရတာ ငါ ထိပ်တိုက် တိုက်ခိုက်လို့ မရနိုင်လောက်ဘူး။ အစီအရင်ဝင်္ကပါကို ချိုးဖျက်ဖို့ နည်းလမ်းတစ်ခုခုကို စဉ်းစားရမယ်။" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။
သို့သော် ထိုကဲ့သို့သော ရှေးဟောင်း အစီအရင်ဝင်္ကပါကို မည်သို့ ချိုးဖျက်နိုင်မည်နည်း?။ တခဏအတွင်း ချင်ယွင်သည် မည်သည့်သဲလွန်စကိုမှ မမြင်နိုင်ခဲ့ပေ။
"ငါ လုပ်မယ်!" သို့သော် ထိုအချိန်တွင် ကျယ်လောင်သော အော်အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ ထို့နောက် လူအုပ်ထဲမှ ချောမောသော လူငယ်တစ်ယောက် ထွက်လာ ပါသည်။
"အဲဒါက သူပဲ၊ ဝင်္ကပါဖြိုခွင်းခြင်းအင်မော်တယ်ဧကရာဇ်ပဲ။ သူလည်း လာလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး။" လူအုပ်ထဲမှ တစ်စုံတစ်ယောက်က ဤချောမောသော လူငယ်၏ ကိုယ်ရေးအချက်လက်ကို မှတ်မိလိုက်သဖြင့် တုန်လှုပ်ခြောက်ခြားစွာ အော်ပြောလိုက် သည်။
ထိုစကား ပြောပြီးချိန်မှာတော့ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြပြီး၊ လူငယ်ကို လှမ်းကြည့်နေ သည့် အကြည့်တွေက ချက်ချင်း လေးစားလာကြပါသည်။
ချင်ယွင်ကဲ့သို့ ဝင်္ကပါဖြိုခွင်းခြင်းအင်မော်တယ်ဧကရာဇ်ကို မသိကြသည့် လူများလည်း ရှိနေကြသည်မှာ သေချာပါသည်။
"ဝင်္ကပါဖြိုခွင်းခြင်းအင်မော်တယ်ဧကရာဇ်က ဘယ်သူလဲ?။ ချင်ယွင်က မေးလိုသည့် မေးခွန်းကို တူညီသော သံသယဝင်နေသူ လူငယ်တစ်ယောက်က မေးလိုက်သည်။
"ဝင်္ကပါဖြိုခွင်းခြင်းအင်မော်တယ်ဧကရာဇ်အကြောင်းတောင် မင်းက မသိဘူးလား?။ သူက ငါတို့ရဲ့ လူသားမျိုးနွယ်စုရဲ့ ပါရမီရှင် တစ်ယောက်ပဲလေ။ သူက အင်မော်တယ် ဧကရာဇ်နယ်ပယ်ကို ဝင်ရောက်နိုင်ဖို့ အနှစ်တစ်ထောင်ပဲ အချိန်ယူခဲ့တယ် ပြောကြတယ်" အရေးကြီးဆုံးကတော့ သူက အစီအရင်ဝင်္ကပါနဲ့ ပတ်သက်ရင် ပါရမီရှင်တစ်ယောက်ပဲ။ သူက အစီအရင်ဝင်္ကပါတွေမှာ မြင့်မားတဲ့ အသိဉာဏ်ကို ပိုင်ဆိုင်ထားတယ်။ တကယ်လို, သူသာ ကျင့်ကြံနေစဉ်အတွင်းမှာ အစီအရင်ဝင်္ကပါတွေကို မလေ့လာဘူးဆိုပါက၊ သူက အနှစ်ငါးရာအတွင်း အင်မော်တယ် ဧကရာဇ်နယ်ပယ်ကို ဖြတ်ကျော်ဝင်ရောက်နိုင်လိမ့် မယ်။ အနှစ်ငါးရာနော်။ ငါတောင်မှ အနှစ်ငါးရာအတွင်းမှာ အစစ်အမှန် အင်မော်တယ် တစ်ပါးပဲ ဖြစ်ခဲ့သေးတာ။” အထွတ်အထိပ် အင်မော်တယ်ဘုရင်တစ်ပါးက ချောမောသော လူငယ်ကို ကြည့်ရင်း ကြည်ညိုလေးစားသော အမူအရာဖြင့် ပြောလိုက်သည်။
ထိုမေးခွန်းကို မေးသော လူငယ်သည် ထိုစကားကြောင့် ထိတ်လန့်သွားပုံရသည်။ "ဒါဆို သူကရော ဘာလို့ ကောင်းကင်လေနတ်ဘုရားအကယ်ဒမီကို မဝင်တာလဲ"ဟု မထိန်းနိုင်ဘဲ မေးလိုက်ပါသည်။
"အဲဒါက သူ မဝင်ချင်လို့ပေါ့။ သူ အင်မော်တယ်ဘုရင်တစ်ပါး ဖြစ်လာတုန်းက ကောင်းကင် လေနတ်ဘုရား အကယ်ဒမီက သူ့ကို ခေါ်ယူချင်ပေမယ့် သူက ငြင်းဆိုခဲ့တယ်။ ကောင်းကင်လေနတ်ဘုရားအကယ်ဒမီကို ဝင်တာက သူ့အတွက် အသုံးမဝင်ဘူးလို့ ပြောခဲ့ တယ်။ အခု နောက်ထပ် အနှစ် ၃၀၀၀ ကျော် ကြာသွားပြီဆိုတော့ သူလည်း ကောင်းကင် တာအိုနယ်ပယ် အဆင့် ၁၀ ကို ရောက်ရှိနေပြီလို့ ငါ ထင်တယ်” ထိုအင်မော်တယ်ဘုရင်က ခန့်မှန်းပြောလိုက်သည်။
.
မေးခွန်းမေးသည့် လူငယ်လည်း အံ့သြပြီး မျက်လုံးပြူးသွားပါသည်။ ထင်ရှားသည်မှာ၊ သူသည် စကားလုံးများအတွင်း ပါရှိသော အချက်အလက်ကြောင့် လုံးဝကို ထိတ်လန့်သွား ပါသည်။ ချောမောလှပသော လူငယ်လေးအား ကြည့်ရင်း သူ၏မျက်နှာပေါ်ရှိ အမူအရာ သည် လေးစားသည့်အမူအရာ ဖြစ်လာခဲ့သည်။
ချင်ယွင်လည်း အံ့သြသွားသည့် အမူအရာကို ထုတ်ဖော်လိုက်မိပါသည်။ ဤမျှလောက် ထူးချွန်သောလူကို ဤနေရာတွင် တွေ့ရမည်ဟု သူ မမျှော်လင့်ခဲ့ပါ။
အနှစ်တစ်ထောင် ကျင့်ကြံပြီးနောက် အင်မော်တယ်ဧကရာဇ် နယ်ပယ်သို့ ခြေလှမ်းနိုင်ခဲ့ ပြီး၊ ကောင်းကင်ဘုံကိုပင် အန်တုနိုင်သော ကောင်းကင်လေနတ်ဘုရား အကယ်ဒမီ၏ ဝင်ခွင့်ကို ထူးထူးခြားခြား ငြင်းပယ်ခြင်းသည် ကောင်းကင်ကို အန်တုနိုင်သော စွမ်းဆောင် မှု တစ်ခုလည်း ဖြစ်ပါသည်။
ချင်ယွင်သည် နှစ်ပေါင်းတစ်ရာအတွင်း ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ကျင့်ကြံမူအဆင့်သို့ ရောက်ရှိခဲ့သော်လည်း၊ ကောင်းကင်လေနတ်ဘုရားအကယ်ဒမီတွင် အကန့်သတ်မဲ့ သူတော်စင် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသော ရှရှန်းယုမှလွဲ၍, အခြား မည်သူမှ နှစ်တစ်ရာအတွင်းကျင့်ကြံရုံဖြင့် အင်မော်တယ်ဘုရင်နယ်ပယ်သို့ မဝင်ရောက် နိုင်ခဲ့ပေ။
အကယ်၍ သူသည် အနှစ်တစ်ထောင်အတွင်း အင်မော်တယ် ဧကရာဇ်နယ်ပယ်သို့ ဖြတ်ကျော်နိုင်ခဲ့ဆိုပါက, သူသည် ရှားပါးသော ပါရမီရှင်တစ်ဦးဖြစ်မည်မှာ သေချာပါသည်။ ထို့ကြောင့် ဤဝင်္ကပါဖြိုခွင်းခြင်းအင်မော်တယ် ဧကရာဇ်သည် ရှားပါးသော ပါရမီရှင်အဖြစ် သတ်မှတ်ခံရပြီး ဖြစ်သည်။
အရေးအကြီးဆုံးအချက်က သူ၏ရှေ့မှ ဤလူငယ်သည် အစီအရင်ဝင်္ကပါများကို ကောင်းကောင်း နားလည်ထားပုံရပါသည်။ သူ၏ ပါရမီ အရည်အချင်းသည် အမှန်တကယ် ပင် ကောင်းကင်ဘုံကို အံတုနိုင်သည်ဟု ရူမြင်နိုင်ပါသည်။
ချောမောသော လူငယ်သည် သူ၏နောက်မှ ပျံ့လွင့်လာသည့် လေးစားအားကျနေသည့် အသံများကို ကြားလိုက်သောအခါတွင်, သူ၏နှုတ်ခမ်းများက မထင်မရှား ပြုံးဟန်ဖြင့် တွန့်ကွေးသွားခဲ့ပြီး၊ သူ၏မျက်လုံးများက မောက်မာသော အမူအရာများ ပေါ်လာပါသည်။
လူတစ်ယောက်သည် အရည်အချင်း ပိုရှိလေလေ၊ ပို၍ မာနကြီးလေလေ ဖြစ်ပါသည်။
“ဘုန်း..”။
ချောမောသော လူငယ်ထံမှ ကြီးကျယ်ခမ်းနားသော အငွေ့အသက်တစ်ခု ထွက်ပေါ်လာပြီး သူတို့ပတ်ဝန်းကျင်ရှိ လူတိုင်းသည် အင်မော်တယ် ဧကရာဇ်တစ်ပါး၏ ကြောက်မက်ဖွယ် စွမ်းအားကို ချက်ချင်း ခံစားလိုက်ရသည်။
"ဆယ်… ဆယ့်နှစ်..။ ကောင်းကင်၊ ကောင်းကင်...၊ သူက တကယ်ပဲ ကောင်းကင်တာအို နယ်ပယ်ရဲ့ အဆင့် ၁၂ အင်မော်တယ် ဧကရာဇ်အဆင့်ကို ရောက်နေပြီလား?။ ငါတို့များ မှားနေတာလား?။" အင်မော်တယ်ဘုရင်နှင့် အင်မော်တယ် ဧကရာဇ် များအားလုံးသည် အလွန်မင်း တုန်လှုပ်ခြောက်ခြားသွားသည့် အမူအရာများကို ထုတ်ဖော်ပြသလာကြသည်။ ထင်ရှားသည်မှာ၊ ဤချောမောသောလူငယ်၏ ထုတ်လွှတ်သော အငွေ့အသက်ကြောင့် သူတို့သည် ထိတ်လန့်သွားသည်မှာ သိသာပါသည်။ ချောမောသော လူငယ်ကို ကြည့်ရင်း, သူတို့၏ အမူအရာများသည် ပို၍ပင် လေးစားလာကြပါသည်။
ချင်ယွင်၏ နှလုံးသားသည် အလွန်အမင်း ပြောင်းလဲသွားခြင်း မရှိခဲ့ပေ။ အဘယ့်ကြောင့် ဆိုသော်, သူသည် ဝင်္ကပါဖြိုခွင်းခြင်းအင်မော်တယ်ဧကရာဇ်၏ ကျင့်ကြံခြင်းအဆင့်ကို မြင်ထားပြီးဖြစ်သောကြောင့်ပင်။
နှစ် ၄၀၀၀ ကြာ ကျင့်ကြံပြီးနောက် ကောင်းကင်တာအိုနယ်ပယ်၏ အဆင့် ၁၂ သို့ ရောက်ရှိနေခြင်းသည် အမှန်တကယ် ကောင်းကင်ဘုံကို အံတုနိုင်ခြင်း ဖြစ်ပါသည်။ သို့သော် နှစ်တစ်ရာအောက် ကျင့်ကြံရုံဖြင့် ကောင်းကင်တာအိုနယ်ပယ်၏ အဆင့် ၁၂ ၏ အထွတ်အထိပ်သို့ ရောက်ရှိခဲ့သော မွန်းစတားတစ်ကောင်အတွက်မူ၊ ထိုအရာသည် ဘာမှ မဟုတ်တော့ပါချေ။
ယခုအချိန်တွင်၊ ချင်ယွင်၏ တစ်ခုတည်းသော သိချင်စိတ်ပြင်းပြနေသည့်အရာက ဝင်္ကပါ ဖြိုခွင်းခြင်းအင်မော်တယ် ဧကရာဇ်သည် အစီအရင်ဝင်္ကပါအား ဖြတ်ကျော်ပြီး တောင်ထိပ် သို့ အောင်မြင်စွာ တက်ရောက်နိုင်ခြင်း ရှိမရှိဆိုတာကိုပါ။
ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ်သည် ပတ်ဝန်းကျင်ရှိလူများ၏ အမူအရာများကို အလွန်ကျေနပ်နေပုံရပြီး သူ၏ပါးစပ်ထောင့်ရှိ အပြုံးသည် ပိုမိုရှင်းလင်းလာသည်။
ဘန်း။
ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ်သည် ရှေ့သို ခြေတစ်လှမ်း တိုးပြီး၊ တောင်ထိပ် ကို ကြည့်ရူရန် သူ၏ခေါင်းကို မော့လိုက်ပါသည်။ သူ၏အကြည့်တွေက ရုတ်တရတ် ပြင်းထန်လာပြီး၊ သူသည် ပြေးထွက်သွားတော့မည်။ ထိုအချိန်မှာပင်, လူအုပ်ကြီးလည်း စတင်ဆွေးနွေးလာကြသည်။
"ဟေး၊ ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ်က တောင်ထိပ်ကို အောင်မြင်စွာ တက်နိုင်မယ်လို့ မင်း ထင်လား?။" တစ်ယောက်ယောက်က မေးလိုက်ပါသည်။
"ငါတော့ ထင်တာပဲ။ ဝင်္ကပါဖြိုခွင်းခြင်းအင်မော်တယ်ဧကရာဇ်က ကောင်းကင်တာအို နယ်ပယ်ရဲ့ အဆင့် ၁၂ ကို ရောက်ရှိနေပြီ။ သူ့ရဲ့ အစွမ်းက အလွန်ကြီးမားလွန်းတယ်။ ဒါ့အပြင်, သူက ဟိုတချိန်တုန်းက အစီအရင်ဝင်္ကပါ ပါရမီရှင်တစ်ယောက်လည်း ဖြစ်ခဲ့ တယ်။ အခု အနှစ်သုံးထောင်လောက်ကြာပြီဆိုတော့ သူ့ရဲ့အစီအရင်ဝင်္ကပါလည်း အများကြီး တိုးတက်လာလောက်ပြီ" ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ်ကို လေးစားနေသည့် အင်မော်တယ်ဘုရင်တစ်ပါးက ဆိုသည်။
ဟုတ်ပါသည်။ ဆန့်ကျင်သူအချို့လည်း ရှိနေခဲ့ပါသည်။ အဘိုးအိုတစ်ဦးက ပြောသည် "ငါတော့ မထင်ဘူး။ ဒီရှေးဟောင်း အစီအရင်ဝင်္ကပါက အတော့်ကို အစွမ်းထက်တယ်။ ချိုးဖျက်ဖို့ မလွယ်ကူမှာ ငါ ကြောက်မိတယ်။ တကယ်လို့, ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ် ဧကရာဇ်က လှုပ်ရှားလာတယ်ဆိုရင်တောင် သူလည်း အန္တရာယ်ရှိနိုင်သေးတယ်လို့ ငါ ထင်တယ်”။
"အဲတော့ ဘာဖြစ်လဲကွာ။ ဝင်္ကပါဖြိုခွင်းခြင်းအင်မော်တယ်ဧကရာဇ်က “ဝင်္ကပါဖြိုခွင်ခြင်း” ဆိုတဲ့ ဘွဲ့အမည်ကိုတောင် ရယူနိုင်ခဲ့ပြီး၊ ပေါ်ပေါ်လွင်လွင်နဲ့ အစပြုလှုပ်ရှားလာမှတော့ သူလည်း ယုံကြည်မှု ရှိလို့ပေါ့" ထိုအင်မော်တယ် ဘုရင်သည် ထိုလူ၏စကားကို အမှန်တကယ် မကျေနပ်သဖြင့် ချက်ချင်း ပြန်ပြောလိုက်သည်။
ခဏကြာတော့ သူတို့နှစ်ယောက်သည် စကားများငြင်းခုန်ရာကနေ မျက်နှာများပင် နီမြန်းလာကြသည်။
ချင်ယွင်သည်လည်း ထိုအဖိုးအိုနှင့် တူညီသော သဘောထားရှိသည်။ ထိုအင်မော်ယ် ဧကရာဇ်သည် အစီအရင်ဝင်္ကပါကို ဖြတ်ကျော်ပြီး တောင်ထိပ်သို့ အောင်မြင်စွာ တက်လှမ်း နိုင်မည်ဟု သူ မထင်ခဲ့ပေ။ နောက်ဆုံးတွင်၊ ဤရှေးဟောင်း အစီအရင်ဝင်္ကပါ၏ စွမ်းအား သည် ထူးကဲလှပါသည်။
ဝှီး....။
လူတိုင်း အဆုံးမရှိ ငြင်းခုံနေကြစဉ်မှာ, ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ်သည် လှုပ်ရှားလိုက်သည်။
သူသည် အလျင်စလို ထွက်မသွားခဲ့ဘဲ ရှေးဟောင်း ရတနာတစ်ခုလို အစွမ်းထက်သည့် အင်မော်တယ် ဓားကို ဆင့်ခေါ်လိုက်သည်။
အင်မော်တယ် ဓားသည် လေထဲတွင် လွင့်မျောသွားပြီး ပြင်းထန်သော စွမ်းအင် အတက်အကျ လှိုင်းများကို ထုတ်လွှတ်သည်။
ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ်သည် သူ၏လက်များကို စုတ်တံတစ်ချောင်းလို ဖန်တီးပြီး၊ လေထဲတွင် အစီအရင်ဝင်္ကပါပုံစံတစ်ခု ရေးဆွဲကာ အင်မော်တယ်ဓားဖြင့် တိုက်ခိုက်လိုက်ပါသည်။
ဘန်း…။
ကြောက်မက်ဖွယ်ကောင်းသော အဖျက်စွမ်းအားတစ်ခုသည် ကောင်းကင်နှင့်မြေကြီးကို ဖျက်ဆီးတော့မည့်အလား အင်မော်တယ်ဓားမှ ချက်ချင်း ပျံ့နှံ့ထွက်ပေါ်လာသည်။
"ကောင်းကင်နဲ့မြေကြီး ဖျက်စီးခြင်း အစီအရင်ဝင်္ကပါ" ချင်ယွင်သည် သူ၏မျက်နှာတွင် အံ့အားသင့်သွားသည့် အမူအရာ ရှိနေပါသည်။ ဤ ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ် ဧကရာဇ် ရေးဆွဲခဲ့သော အစီအရင်ဝင်္ကပါ အမျိုးစားကို သူ တစ်ချက်ကြည့်ရုံဖြင့် သတိပြုမိပါသည်။
ကောင်းကင်နှင့်မြေကြီး ဖျက်စီးခြင်း အစီအရင်ဝင်္ကပါသည် ရှေးဟောင်း အစီအရင်ဝင်္ကပါ တစ်ခုဟု ဆိုနိုင်ပါသည်။ သို့မဟုတ် ၎င်းသည် ရှေးဟောင်း အစီအရင်ဝင်္ကပါတစ်ခုမှ ဆင့်ကဲပြောင်းလဲလာသည်ဟု ဆိုနိုင်ပါသည်။ ၎င်းသည် အလွန်ပြင်းထန်သော အဖျက်စွမ်းအားကို ပိုင်ဆိုင်ထားသည့် အစီအရင်ဝင်္ကပါတစ်ခု ဖြစ်ပါသည်။ ရှင်းနေသည်မှာ ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ်သည် ၎င်းအစီအရင်ဝင်္ကပါဖြင့် ထိုရှေးဟောင်း အစီအရင်ဝင်္ကပါကို ချိုးဖျက်ရန် စီစဉ်နေခြင်း ဖြစ်ပါသည်။
"သွား..."
ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ်သည် တိုးညှင်းစွာ အော်လိုက်သည်။ အင်မော်တယ် ဓားသည် လေထဲတွင် လွင့်ပျံသွားပြီး တောင်ထိပ်ဆီသို့ ပျံသန်းသွားသည်။ သူ၏ပုံရိပ်သည်လည်း အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ဓားနောက်သို့ အနီးကပ် လိုက်လာသွားခဲ့သည်။