← Chapters

အခန်း ၁၀၅၄

Vol. 71 Ch. 1054

အခန်း ၁၀၅၄

Vol. 71 Ch. 1054

အခန်း (၁၀၅၄ မရပ်တန့်နိုင်သော ထက်ရှမှု။

ဝှီး…။

ပျံသန်းနေသော ဓားသည် ရှေ့တွင်ရှိနေခဲ့ပြီး၊ ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ် သည် ၎င်းနောက်တွင် ရှိနေခဲ့သည်။ လူတစ်ယောက်နှင့် ဓားတစ်ချောင်းတို့သည် တောင်ထိပ်ဆီသို့ ပြေးသွားကြသည်။

စက္ကန့်ပိုင်းလေး အတွင်းမှာပင်၊ ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ်သည် တောင်စောင်းသို့ ရောက်ရှိနေပြီ ဖြစ်ပြီး သူ၏အရှိန်အဟုန်မှာ ဝါးတစ်ချောင်းကဲ့သို့ပင် သန်မာနေဆဲ ဖြစ်သည်။

"အရမ်းကို ပြင်းထန်လွန်းတယ်" လူအုပ်ထဲမှ တစ်စုံတစ်ယောက်သည် တုန်လှုပ် ခြောက်ခြားစွာ အော်ဟစ်လိုက်သည်။ ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ်၏ ဖြိုခွဲခြင်း နည်းလမ်းများကြောင့် သူတို့ ထိတ်လန့်သွားသည်မှာ ထင်ရှားပါသည်။

ချင်ယွင်၏ အမူအရာက ငြိမ်သက်နေဆဲပင်။ ဤတောင်ထိပ်၏ ပထမတစ်ဝက်သည် ပျမ်းမျှ စွမ်းအားသာ ရှိပါသည်။ အင်မော်တယ် ဧကရာဇ်တစ်ပါးဖြစ်နေသရွေ့ ၎င်းတို့သည် ယင်းကို အလွယ်တကူ ဖြတ်ကျော်နိုင်မည် ဖြစ်သည်။ ဒုတိယတစ်ဝက်ကမှ တကယ့်ကို ကြောက်စရာကောင်းသည့် ဧရိယာ ဖြစ်ပါသည်။ ထို့ကြောင့်၊ ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ် ဧကရာဇ်သည် ထိပ်တန်းသို့ အောင်မြင်စွာ တက်ရောက်နိုင်ရန်မှာ နောက်ဆုံး တစ်ဝက်ပေါ်တွင် မူတည်ပါသည်။

ဘန်း…။

မျှော်လင့်ထားသည့် အတိုင်းပင်၊ ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ်သည် တောင်စောင်းသို့ ရောက်ရှိလာစဉ်မှာ, တောင်၏မျက်နှာပြင်ပေါ်ရှိ အစီအရင်ဝင်္ကပါ ပုံစံများ သည် လင်းလက်တောက်ပလာကာ ကြီးမားသော စွမ်းအားတစ်ခုက ရုတ်တရက် ထွက်ပေါ်လာသည်။

"ဘုန်း..”။

ကြောက်မက်ဖွယ်ကောင်းသော လှိုင်းလုံးကြီး တစ်ခုသည် ဒီရေလှိုင်းကြီးကဲ့သို့ ဝင်္ကပါ ဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ်ဆီသို့ တိုးဝင်လာသည်။

လေထဲတွင် ပျံဝဲနေသော အင်မော်တယ်ဓားသည် ထိုကြောက်မက်ဖွယ် စွမ်းအင် လှိုင်းလုံးကြီးက ပြင်းထန်စွာ ပိတ်ဆို့ထားသည်။ ရှေ့မတိုးနိုင်သည့်အပြင် နောက်ပြန် ဆုတ်လာသည့် အရိပ်အယောင်ပင် ပေါ်လာသည်။

ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ်၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး၊ သူသည် အင်မော်တယ်ဓား၏ အရိုးကို ဖိနှိပ်ရန် လက်တစ်ချောင်းကို ဆန့်ထုတ်လိုက်ပါသည်။ ကောင်းကင်နှင့်မြေကြီး ဖျက်စီးခြင်း အစီအရင်ဝင်္ကပါ၏ စွမ်းအားများပါရှိသော အင်မော်တယ် ဓားသည် ချက်ချင်းဆိုသလို အစွမ်းထက်သော အလင်းရောင်ကို ထုတ်လွှတ် လိုက်သည်။

"ချိုးဖျက်လိုက်စမ်း.." ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ်သည် ကျယ်လောင်စွာ ဟစ်ကြွေးလိုက်သည်။

ချက်ခြင်းပင်၊ အင်မော်တယ် အလင်းတန်းများသည် တောက်ပလာပြီး အင်မော်တယ် ဓားသည် လျင်မြန်စွာ လှည့်ပတ်သွားသည်။ အမှန်တကယ်ပင် ၎င်းသည် ထိုကြောက်မက် ဖွယ် စွမ်းအားကို ပြင်းပြင်းထန်ထန် ချိုးဖျက်ပြီး သူ့ကို ရှေ့သို့ ပို့ဆောင်ပေးခဲ့သည်။

"ကျိုးပျက်သွားပြီ။ ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ်က အရမ်းကို အစွမ်းထက် လွန်းတယ်။ သူက တကယ်ပဲ တောင်ထိပ်ကို အောင်မြင်စွာ တက်နိုင်မယ့်ပုံပဲ။" တစ်စုံတစ်ယောက်သည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ တုန်လှုပ်ခြောက်ခြားစွာ အော်ပြောလိုက်သည်။

"ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ်က တောင်ထိပ်ကို တက်နိုင်လိမ့်မယ်လို့ မင်းတို့ကို ငါ ပြောခဲ့ပါတယ်။ မင်းတို့က ငါ့ကိုမှ မယုံတာ။ အခု မင်းတို့ မြင်နေပြီ မဟုတ်လား" ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ်ကို အမြဲတမ်း ထောက်ခံ အားပေးခဲ့သည့် ထိုအင်မော်တယ်ဘုရင်က မောက်မာစွာ ပြောလိုက်ပါသည်။ ထိုသို့ ပြောပြီးနောက်, သူသည် စောစောကပြောသော အဘိုးအိုကိုပင် စိုက်ကြည့်လိုက်သေး သည်။

"ဟမ့်၊ အဲဒါကရော ဘာများကောင်းလာလို့လဲ။ သူ တောင်ထိပ်ရောက်ဖို့ ငါ မစောင့်နိုင် တော့ဘူး။" အဘိုးအိုက မကျေမနပ်နှင့် ပြန်ပြောသည်။

"ငါတို့ တွေ့ရမှာပါ”။ ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ်က တောင်ထိပ်ကို သေချာပေါက် အောင်အောင်မြင်မြင်နဲ့ ရောက်ရှိလိမ့်မယ်။" အင်မော်တယ် ဘုရင်က တဟားဟား ရယ်မောရင်း ပြောလိုက်သည်။

ချင်ယွင်၏ မျက်လုံးများသည်လည်း အံ့အားသင့်မှု အရိပ်အမြွက်ကို ဖော်ထုတ်ထားသည်။ ထိုအစီအရင်ဝင်္ကပါသည် ထူးထူးခြားခြား အစွမ်းထက်သည်ဟု သူ ဝန်ခံရပါလိမ့်မည်။ ပုံမှန်အတိုင်းဆို, ကောင်းကင်တာအိုနယ်၏ အထွက်အထိပ်အဆင့်ရှိ အင်မော်တယ် ဧကရာဇ်တွေတောင်မှ ထိုတောင်တန်းကို ဖြတ်ကျော်နိုင်မှာ မဟုတ်ပါဘူး။

ဘန်း..။

ဓားအော်က ထွက်ပေါ်လာသည်။ ဝင်္ကပါဖြိုခွင်းခြင်းအင်မော်တယ်ဧကရာဇ်နှင့် ဓားတို့ သည် အလင်းတန်းတစ်ခုသဖွယ် ဖြစ်နေပြီး၊ ကြောက်မက်ဖွယ် ကောင်းသော အစီအရင် ဝင်္ကပါအတွင်းမှ ရှေ့သို့ ဖြည်းညှင်းစွာ ရွေ့လျားသွားနေကြသည်။

နှစ်ဖက်စွမ်းအားများ၏ အပြင်းအထန် ထိပ်တိုက်တွေ့ဆုံမှုသည် နှိုင်းစာ၍မရလောက်ပင် လှပသော လေစီးလမ်းကြောင်းများကို ဖန်တီးပေးနေခဲ့ပါသည်။

"ကြည့်စမ်း၊ သူ တောင်ထိပ်ကို ရောက်တော့မယ်။ သူ တကယ်ပဲ အောင်မြင်တော့မှာ" တစ်စုံတစ်ယောက်က တောင်ထိပ်ကို ညွှန်ပြပြီး အချက်ပေးသံဖြင့် အော်ဟစ်လိုက်သည်။

လူတိုင်းလည်း စေ့စေ့စပ်စပ် ကြည့်ရူလိုက်ကြပြီး၊ ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ် ဧကရာဇ်သည် တောင်ထိပ်နှင့် သိပ်မဝေးတော့သည်ကို တွေ့လိုက်ရသည်။ သူသည် မီတာတစ်ရာ အောက်သာ ဝေးတော့ပြီး တောင်ထိပ်သို့ ရောက်လုနီးနီးပင် ဖြစ်နေပြီ။

"သခင် ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ်က တောင်ထိပ်ကို ရောက်နိုင်လိမ့်မယ် လို့ ငါပြောခဲ့ပါတယ်။ ဒီကောင်းကင်တာအိုသစ်သီးက ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ် ဧကရာဇ်အတွက်ပဲ ဖြစ်ရမယ်" ထိုအင်မော်တယ်ဘုရင်က သူကိုယ်တိုင် တောင်ပေါ် တက်နေသလိုမျိုး ဂုဏ်ယူစွာ ထပ်ပြောသည်။

လူတိုင်းလည်း သူတို့စိတ်ထဲတွင် သက်ပြင်းကိုယ်စီ ချနေကြသည်။ ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ် ဧကရာဇ်သည် ကောင်းကင်တာအိုနယ်ပယ်၏ အဆင့် ၁၂ သို့ ရောက်ရှိနေပြီ ဖြစ်သည်။ အကယ်၍, သူသည် ကောင်းကင်တာအိုသစ်သီးကို ထပ်မံရရှိခဲ့ပါက၊ သူသည် ကောင်းကင်တာအိုနယ်ပယ်၏ အထွတ်အထိပ်အဆင့်သို့ တက်လှမ်းနိုင်မည် မဟုတ်ပါ လော?။ သူသည် ထိုအဓိကအင်အားကြီးများနှင့် နှိုင်းယှဥ်တော့မည် မဟုတ်ပါလား?။

ထိုအချိန်တွင် ချင်ယွင်၏ အမူအရာလည်း လေးနက်လာခဲ့သည်။ အကယ်၍၊ ထိုလူသည် အမှန်တကယ် အစီအရင်ဝင်္ကပါကို ချိုးဖျက်ပြီး တောင်ထိပ်ပေါ်သို့ တက်လှမ်းနိုင်သွားပါ က, ကောင်းကင်တာအိုသစ်သီး ရရှိရန် သူ့အတွက် ပို၍ပင် ခက်ခဲလာပါလိမ့်မည်။

ဘန်း…။

သို့သော်၊ ချင်ယွင်သည် လှုပ်ရှားသင့်, မလှုပ်ရှားသင့် စိတ်ထဲတွင် တုံ့ဆိုင်းတွေဝေနေချိန်မှာ တောင်ထိပ်ပေါ်မှ ကြီးမားပြင်းထန်သော အငွေ့အသက်တစ်ခု ထွက်ပေါ်လာသည်ကို သူ တွေ့လိုက်ရသည်။ တောင်ထိပ်၏ မျက်နှာပြင်ပေါ်ရှိ ခင်းကျင်းထားသော အစီအရင် ဝင်္ကပါ ပုံစံများသည် ပို၍ပင် ပြိုးပြိုးပြက်ပြက် လင်းလက်လာနေပြီး ကောင်းကင်နှင့် မြေကြီးကို ဖြိုခွဲနိုင်သည့် စွမ်းအားတစ်ခုက ကောင်းကင်မှ ရုတ်တရက် သွန်းလောင်းသွားလေသည်။

အကန့်အသတ်မရှိသော စွမ်းအားသည် ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ်၏ အင်မော်တယ် ဓားကို အပြင်းအထန် တိုက်ခိုက်ခဲ့သည်။ အင်မော်တယ် ဓား၏ မျက်နှာပြင် ကို ဖုံးအုပ်ထားသည့် အစီအရင်ဝင်္ကပါသည် ချက်ချင်း ကွဲအက်သွားကာ၊ ထို့နောက်တွင် အင်မော်တယ် ဓားတစ်ခုလုံးလည်း တိုက်ရိုက် ကွဲအက်သွားခဲ့ပါသည်။

"ဘန်ုး..”။

ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ်သည် သူ၏ခွန်အားအားလုံးကို ထိန်းချန်မနေဘဲ ပို့လွှတ်ထားသောကြောင့် ချက်ချင်းပင် တုန်လှုပ်သွားခဲ့သည်။

သို့သော် ဤစွမ်းအားသည် အလွန်ကြောက်စရာကောင်းပါသည်။ ထိုစွမ်းအားသည် ဝင်္ကပါဖြိုခွင်းခြင်းအင်မော်တယ်ဧကရာဇ်၏ ခန္ဓာကိုယ်ကို ချက်ခြင်း တွန်းထုတ်ပြီး ဧရာမ ကျောက်တုံးကြီးကဲ့သို့ သူ့ကို မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပစ်ကျသွားစေခဲ့သည်။

တခဏအတွင်းမှာပင် ဖုန်မှုန့်တွေ လွင့်ပျံလာပြီး၊ အနှိုင်းမဲ့ မာကျောသည့် မြေပြင်ပေါ်တွင် နက်ရှိုင်းသည့် တွင်းနက်ကြီးတစ်ခုကို ဖန်တီးလိုက်ပါသည်။

လူတိုင်း အံ့ဩသွားကြသည်။ သူတို့သည် ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ် ပြုတ်ကျသွားသည့် နေရာကို ကြည့်လိုက်ရင်း သူတို့၏ ပါးစပ်များသည် ကျယ်လောင်စွာ ပွင့်နေကြပြီး စကားမပြောနိုင် ဖြစ်နေကြသည်။

အခုလေးတင်၊ ဝင်္ကပါဖြိုခွင်းခြင်းအင်မော်တယ်ဧကရာဇ်သည် တောင်ထိပ်နှင့် ဆယ်မီတာ သာသာ ဝေးပါတော့သည်။ သူသည် တောင်ထိပ်သို့ ရောက်ရန် နီးကပ်နေပြီဖြစ်သော် လည်း လေထဲသို့ ပေါက်ကွဲထွက်လာသော စွမ်းအားကြောင့် လွင့်ပျံသွားခဲ့ရပါသည်။ သူ၏ ရှေးဟောင်း အင်မော်တယ် ဓားတောင်မှ အစိပ်စိပ်မွှာမွှာ အက်ကွဲသွားခဲ့သည်။ တောင်တန်းတစ်ခုလုံးကို ဖုံးအုပ်ထားသော အစီအရင်ဝင်္ကပါသည် မည်မျှ ကြောက်စရာ ကောင်းလိုက်ပါသနည်း?။

ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ်သည် တွင်းနက်ကြီးထဲတွင် လဲလျောင်းနေ၏။ သူ၏ခန္ဓာကိုယ်တစ်ခုလုံး အဆုံးမရှိ နာကျင်နေသည်။ သူ၏ဆံပင်တွေက ဖရိုဖရဲဖြစ်နေ ကာ၊ သူ၏အဝတ်အစားများလည်း စုတ်ပြတ်နေပြီ။ သူ၏ပါးစပ်ထောင့်မှ သွေးများလည်း စီးကျနေပါသည်။ သူ၏အသွင်အပြင်က သနားစရာကောင်းသည့် အခြေအနေမျိုးမှာ ရှိနေသည်ဟု ပြောလို့ရပါသည်။ သူ၏အရင်က ချောမောခန့်ညားပြီး ရဲရင့်သည့် ပုံစံနှင့် ဘာမှ မဆိုင်တော့ပါပေ။

"လခွမ်း..၊ ငါ ခြေတစ်လှမ်းပဲ လိုတော့တယ်။" အစီအရင်ဝင်္ကပါကို ဖြတ်ကျော်နိုင်ဖို့။ ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ်သည် ပြင်းထန်စွာ ကျိန်ဆဲလိုက်သည်။ သူသည် တောင်ထိပ်ဆုံးသို့ ရောက်လုနီးပါးဖြစ်နေခဲ့ပြီး၊ ကောင်းကင်တာအို သစ်သီးကို ရယူနိုင် တော့မည်။ ဤအရာကို သူ မည်သို့ လက်ခံနိုင်မည်နည်း?။

ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ်သည် တွင်းနက်ကြီးထဲမှ တက်လာပြီး တောင်ထိပ်ကို မျှော်ကြည့်လိုက်ပါသည်။ သူ၏မျက်လုံးများတွင် မကျေမနပ် ဖြစ်နေသည့် အမူအရာဖြင့် ပြည့်နေခဲ့သည်။ သို့သော် သူသည် ထပ်မံ၍ ကြိုးစားရဲတော့ပေ။ ကြောက်စရာကောင်းသည့် စွမ်းအားက သူ့ကို သေလုနီးပါး ဖြစ်စေခဲ့ပြီ။

အဝေးမှလူတိုင်းလည်း ခေါင်းယမ်းပြီး သက်ပြင်းချကြသည်။ ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ် ဧကရာဇ်သည် မအောင်မြင်ခဲ့ပါ။ မည်သူကရော တောင်ထိပ်ပေါ်ကို တက်ရောက်နိုင်တော့မည်နည်း?။

"ဟင်း....၊ နောက်ဆုံးတော့, ဘယ်သူမှ ဒီကောင်းကင်တာအိုသစ်သီးကို မရနိုင်တောဘူး ထင်တယ်။ နောက်တစ်ခါ စွန့်စားရရင်လည်း အသက်ဆုံးရှုံးဖို့ပဲ ရှိတော့တယ်။" တစ်စုံ တစ်ယောက်က ခေါင်းယမ်းပြီး သက်ပြင်းချလိုက်သည်။ သူသည် လှည့်ထွက်ရန် ကြံရွယ် လိုက်သည်။ သူသည် ဤနေရာမှာ အချိန်မဖြုန်းချင်တော့ပေ။ အခွင့်အလမ်းအသစ်ကို ရှာဖွေရန်အတွက် နောက်တနေရာကို သွားချင်နေပါပြီ။

"ကြည့်စမ်း၊ တစ်ယောက်ယောက်က အပေါ်ကို တက်တော့မယ်။"

သို့သော် လူတိုင်း နောက်ဆုတ်ခါနီးတွင် အသိပေး နှိုးဆော်သံများက ရုတ်တရက် ထွက်ပေါ်လာသည်။

လူတိုင်းသည် ထိုလူ လက်ညှိုးညွှန်ရာဆီသို့ ဦးတည်ပြီး ကြည့်လိုက်ကြပါသည်။ သူတို့ထဲမှ တစ်ယောက်က ဖြည်းညှင်းစွာ ခြေလှမ်းထွက်လာပြီး၊ တောင်ထိပ်ကို တက်တော့မည့် အလား တောင်ထိပ်ကို မျှော်ကြည့်နေပါသည်။

မှန်ပါသည်။ ထိုလူကတော့ ချင်ယွင်ဖြစ်ပါသည်။ အချိန်အတော်ကြာအောင် ကြည့်ရူခဲ့ ပြီးနောက်၊ သူသည် မြင်သင့်အရာများကို မြင်ပြီးသွားပါပြီ။ ထို့ကြောင့် ချင်ယွင်သည် ၎င်းကို စမ်းသုံးကြည့်ပြီး ဤကြီးကျယ်ခမ်းနားသော အစီအရင်ဝင်္ကပါ၏ စွမ်းအားကို ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံခံစားရန် ရည်ရွယ်ထားသည်။ သူသည် အစီအရင်ဝင်္ကပါကို ချိုးဖျက်ရန် သင့်လျော်သည့် နည်းလမ်းများကို ရှာတွေ့ကောင်း ရှာတွေ့သွားနိုင်ပါသည်။

သို့သော် သူ၏ အပြုအမူများက လူတိုင်း၏ အာရုံကို ဆွဲဆောင်သွားခဲ့သည်။

သူတို့၏မျက်လုံးများတွင် ကောင်းကင်တာအိုနယ်ပယ်၏ အဆင့် ၁၂ ရှိ အင်မော်တယ် ဧကရာဇ် တစ်ပါးသည် မအောင်မြင်ခဲ့ပေ။ အစီအရင်ဝင်္ကပါကို ချိုးဖျက်ဖို့ တခြား မည်သူက ယုံကြည်မှုရှိနေသေးသနည်း?။ ကောင်းကင်တာအိုနယ်ပယ်၏ အထွက်အထိပ်အဆင့်ရှိ ကျွမ်းကျင်ပညာရှင်များ ဖြစ်နိုင်ပါသလား?။

သို့သော်လည်း ချင်ယွင်၏ ကျင့်ကြံမူအဆင့်ကို မြင်သောအခါတွင်, သူတို့ မျက်လုံးများ သည် ပေါက်ကွဲလုမတတ် စိုက်ကြည့်လိုက်ကြတော့သည်။

"လျှို့ဝှက်ဆန်းကြယ်... လျှို့ဝှက်ဆန်းကြယ်အင်မော်တယ်အဆင့်၊ ဒီကောင်က ဒီအထဲကို ဘယ်လိုလုပ် ဝင်လာတာလဲ?။ သူက အစီအရင်ဝင်္ကပါကို ဖြတ်ကျော်ချင်နေတာများ ဖြစ်နိုင်မလား" လူအုပ်ထဲက လူငယ်တစ်ယောက်က ချင်ယွင်ကို လက်ညှိုးထိုးပြပြီး သူ၏ မျက်လုံးတွေကို ပြူးကျယ်စွာ ဖွင့်ကာ ပြောလိုက်ပါသည်။ ချင်ယွင်၏ အပေါ်ယံ ကျင့်ကြံမူ အဆင့်သည် သူ့အား မိုးကုတ်စက်ဝိုင်းများကို ဖြတ်ကျော်သွားစေခဲ့သည်မှာ ထင်ရှားပါ သည်။

ထိုအခိုက်တန့်တွင်, သူ၏ငယ်ရွယ်ရုံသာမကဘဲ၊ ချင်ယွင်၏ ကျင့်ကြံခြင်းနယ်ပယ်ကြောင့် လူတိုင်း ထိတ်လန့်နေကြသည်။

လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်အဆင့်တစ်ဦးက အစီအရင်ဝင်္ကပါကို ဖြတ်ကျော် ချင်နေခဲ့သည်။ မင်းက မင်းကိုယ့်မင်း နောက်ပြောင်နေတာလား? ကောင်းကင်တာအို နယ်ပယ်၏ အဆင့် ၁၂ အင်မော်တယ် ဧကရာဇ် အားလုံးသည်ပင် လက်မြှောက် အရှုံးပေးသွားကြပြီ။ လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်အဆင့် တစ်ယောက်က မည်သို့ အောင်မြင်နိုင်မည်နည်း?။ သူ့ကို သေတွင်းထဲ ပို့လိုက်သည်နှင့် ဘာမှ မထူးခြားဘူး မဟုတ်ပါလား?။

ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ်သည်လည်း ချင်ယွင်ကို အထင်သေးသည့် အကြည်ဖြင့် ကြည့်နေလေသည်။ မူလက တစ်စုံတစ်ယောက်သည် အစီအရင်ဝင်္ကပါထဲသို့ ချိုးဖျက်ရန် ဝင်ရောက်သွားသည်ဟု ကြားလိုက်ရစဉ်မှာ အစွမ်းထက်သော ပုဂ္ဂိုလ်အချို့ ရောက်ရှိလာသည်ဟု သူ ထင်မြင်ခဲ့သော်လည်း၊ ၎င်းသည် ခုန်ပေါက်ကခုန်နေသည့် လူရွှင်တော်တစ်ဦး ဖြစ်နေမည်ဟု သူ မမျှော်လင့်ခဲ့ပေ။ ယင်းက သူ၏စိတ်နှလုံးကို ချက်ချင်း ကဲ့ရဲ့လိုစိတ်ဖြစ်ပေါ်စေသည်။

"ကောင်စုတ်လေး၊ မင်းက ဒီနေရာကိုလာပြီး ကိုယ့်ကိုကိုယ် အရူးတစ်ယောက်လို လုပ်နေတာလား?။ မင်းက နာမည်ကြီးလာဖို့အတွက် ငါ့ရဲ့ကျော်ဇော် ဂုဏ်သတင်းကို ချေးငှားချင်နေတာလား။" ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ်သည် လှောင်ပြောင် လိုက်ပြီး သူ၏အမူအရာက အလွန်မင်း မောက်မာလွန်းသည်။

"မှန်တယ်။ ဒီကောင်က သူ့ကိုယ်သူ အရူးတစ်ယောက်လို လုပ်ဖို့ ဒီနေရာကို ရောက်လာခဲ့ တာပဲ။ သူက သခင် ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ်ရဲ့ ဂုဏ်သတင်းကို သူ၏ ကျော်ကြားအတွက် အသုံးချချင်နေတာ။" ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ်ကို အမြဲတမ်း ထောက်ခံခဲ့နေခဲ့သည့် ထိုအင်မော်တယ်ဘုရင်က ချင်ယွင်ကို လက်ညှိုးထိုးပြပြီး အော်ပြောလိုက်သည်။

ထိုစကားကို ကြားသည့်အခါ, လူတိုင်းလည်း ချင်ယွင်ကို သံသယအကြည့်ဖြင့် ကြည့်လာ ကြသည်။ သေချာသည်မှာ, သူတို့လည်း ထိုအတွေးမျိုး ဝင်လာကြသည်။

ထိုအချိန်တွင် ချင်ယွင်သည် စကားမပြောနိုင် ဖြစ်သွားရသည်။ သူ၏ အစီအရင်ဝင်္ကပါကို ချိုးဖျက်မည့်ကိစ္စက ဤမျှကြီးမားသော ရုန်းရင်းဆန်ခတ်မူကြီးကို ဖြစ်စေလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။ အကယ်၍, ထိုလူများ ထွက်သွားပြီးနောက်မှ သူ လှုပ်ရှားခဲ့မည်ဆို လျှင်လည်း အချိန်နှောင်းမည် မဟုတ်ကြောင်း သူတွေးမိခဲ့မည်ဆိုလျှင်.....။

ဟုတ်ပါသည်၊ ချင်ယွင်ကို စိတ်အနှောက်အယှက် အဖြစ်စေဆုံးကတော့ ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ်က သူ့အပေါ်ကို ခြေနင်းပြီး ကျော်ကြားလာဖို့အတွက် သူ၏ ဂုဏ်သတင်းကို ချေးငှားနေသည်ဆိုသည့် စကားပင် ဖြစ်ပါသည်။ သူကရော နာမည်ကြီးရန် အတွက် သူတပါး၏ ဂုဏ်သတင်းကို ချေးငှားရန် အဘယ့်ကြောင့် လိုအပ်ပါသနည်း?။

ထို့ကြောင့် ချင်ယွင်က ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ် ဧကရာဇ်ကို ချက်ချင်း ခွန့်တုန့်ပြ လိုက်ပါသည် "မင်းက အစီအရင်ဝင်္ကပါကို ချိုးဖျက်ပြီး တောင်ထိပ်ကို ရောက်အောင် မစွမ်းဆောင်နိုင်ဘူးဆိုတော့, ဒါက မင်းရဲ့အရည်ချင်းက မကောင်းဘူးလို့ ဆိုလိုတာဘဲ။ အဲဒါက တခြားလူတွေလည်း မလုပ်နိုင်ဘူးလို့ မဆိုလိုဘူး။"

ချင်ယွင်၏ စကားများသည် ခက်ထန်ပြီး အေးစက်နေကာ သူ၏ မျက်လုံးတစ်စုံက ရပ်တန့်၍ မရနိုင်သော စူးရှမူနှင့် ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ်အား စိုက်ကြည့်နေပါသည်။

All Chapters