← Chapters

အခန်း ၁၀၅၅

Vol. 71 Ch. 1055

အခန်း ၁၀၅၅

Vol. 71 Ch. 1055

အခန်း (၁၀၅၅) တောင်ထိပ်ပေါ် တက်ရောက်ခြင်း။

ချင်ယွင်၏ စကားများ ပြီးဆုံးသည်နှင့်, လူတိုင်းသည် မယုံကြည်နိုင်သော အမူအရာများကို ချက်ချင်း ထုတ်ဖော်လိုက်ကြပါသည်။

"ဒီကောင်က ရူးနေသလား?။ သူက ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ်ကိုတောင် ဒီလိုပြောရဲတယ်ပေါ့”။ လူအုပ်ထဲက တစ်ယောက်ယောက်က အံ့သြတကြီး ပြောလိုက်သည်။

သိသာစွာပင်၊ သူတို့အမြင်အရဆို, ချင်ယွင်သည် ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ် ဧကရာဇ်ကို ထိုကဲ့သို့ ပြောဆိုခြင်းက, ချင်ယွင်သည် သေခြင်းတရားကို တောင်းခံနေခြင်း ဖြစ်ပါသည်။ သူသည် ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ်၏ လက်တစ်ချောင်း တည်းဖြင့်ပင် ဖျက်ဆီးခံရနိုင်ပါသည်။

"ဟမ်၊ ဒီကောင်က မိုက်မဲတဲ့သူပဲ ဖြစ်ဖြစ်၊ အရူးပဲ ဖြစ်ဖြစ်၊ ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ် ဧကရာဇ်တောင်မှ အဖွဲ့စည်းကို အောင်အောင်မြင်မြင် မဖြတ်ကျော်နိုင်ဘူး။ သူလို လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်ငယ်လေး တစ်ယောက်က ဘယ်လိုလုပ် အောင်မြင် နိုင်မှာလဲ။?" ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ်ကို ထောက်ခံသော အင်မော်တယ် ဘုရင်က ကြွေးကြော်ပြီး ချင်ယွင်ကို ငေးကြည့်ရင်း လှောင်ပြောင် ရယ်မောနေခဲ့သည်။

ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ်သည် သူ၏မျက်လုံးများကို အနည်းငယ် ကျဉ်းမြောင်းလိုက်ပြီး၊ ဒေါသလှိုင်းက သူ၏နှလုံးသားထဲကို တိုးဝင်လာသည်။

သူ့ကို ယခုလိုမျိုး မည်သူကမှ မပြောရဲခဲ့သည်မှာ ကြာမြင့်လှပါပြီ။ သူ့ကို ယခုလိုပြောသည့် မည်သူမဆို သေရလိမ့်မည်။

"ဟမ့်၊ မင်းက တောင်ထိပ်ကို ရောက်နိုင်တယ်လို့ ပြောလိုက်တာ မဟုတ်လား?။ ကောင်းပြီ လေ။ ဒါဆို မင်းဘယ်လိုလုပ်ရမလဲ ငါ မြင်ချင်မိတယ်" ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ် ဧကရာဇ်က မောက်မာစွာ ပြောသည်။

သူက ချင်ယွင်ကို သေစေချင်သည့်အတွက် တောင်ထိပ်ကို တက်ခိုင်းလိုက်သည်။ လျှို့ဝှက် ဆန်းကြယ် အင်မော်တယ်အဆင့်သည် တောင်ထိပ်သို့ အမှန်တကယ် တက်နိုင်မည်ဟု သူ မထင်ထားပါချေ။

သူ၏မျက်လုံးထဲမှာတော့ လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်အဆင့် ပုရွက်ဆိတ်တွေကို တိုက်ခိုက်ချင်စိတ်တောင် မရှိတော့ပါဘူး။

"မှန်တယ်။ မင်းက တောင်ထိပ်ကို တက်နိုင်တယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား။ အဲဒါကို စမ်းကြည့်သင့်တယ်။ မင်းရဲ့လေသံက ကျယ်လောင်လွန်းပြီး မင်း ဘယ်လိုသေသွားမှန်း မသိမှာတောင် စိုးရတယ်" ထိုအင်မော်တယ် ဘုရင်က ပဲ့တင်ထပ်အောင် ပြောလိုက်ပြီး သူ၏မျက်လုံးများတွင် အထင်သေး ရှုတ်ချသည့် အမူအရာဖြင့် ပြည့်နေသည်။

ဘေးပတ်ဝန်းကျင်မှ လူများသည် ဘာမှမထူးခြားသည့် အမူအရာမျိုး ရှိနေကြပါသည်။ ချင်ယွင်ကိုယ်စား ပြောဆိုရန် မည်သူမျှ မရပ်တည်ပေးကြပေ။ ချင်ယွင်သည် ခင်းကျင်းမှုကို ဖြတ်ကျော်သွားပါက သူသေမည်မှာ သေချာပါသည်။

ချင်ယွင်သည် ဤမြင်ကွင်းကို မြင်သောအခါ ပေါ့ပါးစွာ ပြုံးလိုက်ပြီး ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ် ဧကရာဇ်ကို ကြည့်လိုက်သည်။ "ဒါဆိုလည်း မင်း အခု ကြည့်နေလို့ရပြီ။"

သူသည် ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ်၏ အဖြေကိုပင် စောင့်မနေတော့ဘဲ၊ တောင်ထိပ်ကို လှည့်ကြည့်ကာ ထွက်ခွာရန် ပြင်ဆင်လိုက်ပါသည်။

ထိုမြင်ကွင်းကိုမြင်တော့ ခပ်လှမ်းလှမ်းမှ လူအားလုံးသည် ချင်ယွင်က သေခြင်းတရားကို အမှန်တကယ် တောင်းခံနေသည်ဟု ခံစားမိပြီး ခေါင်းကို ခါယမ်းလိုက်ကြပါသည်။

"ဟမ့်၊ ပုရွက်ဆိတ်နဲ့တူတဲ့ လူတစ်ယောက်ကများ။ မင်း ဘယ်လိုပျောက်ကွယ်သွားမလဲဆို ကြည့်ကြည့်ရအောင်" ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ်က အထင်သေးဟန်ဖြင့် ပြောလိုက်ပြီး၊ သူ၏အကြည့်များက ပြေလျော့သွားပါသည်။

“ဘုန်း..”။

ထိုအချိန်တွင် ချင်ယွင်က လှုပ်ရှားလိုက်သည် ။

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ချင်ယွင်သည် သူ၏ခြေထောက်များကို ကွေးညွှတ်ကာ တောင်ထိပ်ဆီသို့ မိုးကြိုးပစ်သလို ပစ်လွှတ်လိုက်လေသည်။

သူ၏ အငွေ့အသက်သည် ကောင်းကင်ဘုံကို ချိုးဖြတ်၍ ဖြတ်သန်းသွားမည့် ကောင်းကင်ယံသို့ ပျံတက်နေသော နတ်နဂါးတစ်ကောင်နှင့် တူနေသည်။

"ဟမ့်၊ မင်းရဲ့အရှိန်ဟုန်ကတော့ မနည်းလှပါဘူး။ ဒါပေမယ့် ရလာဒ်က ထပ်တူကျနေမှာကို ငါ ကြောက်မိတယ်။" အစီအရင်ဝင်္ကပါကို ဖြတ်ကျော်ရန် ရိုင်းစိုင်းစွာ ပြေးထွက်သွားသော ချင်ယွင်ကို ကြည့်လိုက်ပြီး၊ ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ်သည် အပြုံးမပျက် ပြုံးနေပြန်သည်။ သို့သော် ယခုအချိန်တွင် လူအုပ်ထဲမှာလည်း ဝေခွဲမရ ဖြစ်နေကြသည်။

အင်မော်တယ် ဧကရာဇ်တစ်ပါးသည် အနားမှ သူ၏အဖော်ကို မေးလိုက်သည် "ငါ လျှို့ဝှက် ဆန်းကြယ် အင်မော်တယ်အဆင့် ဒီလူငယ်က အရမ်းရင်းနှီးနေတယ်လို့ ဘာလို့များ ခံစားမိနေတာလဲ?။ သူ့ကို အရင်က တစ်နေရာရာမှာ ကြားဖူးပုံရတယ်။”

"ငါလည်း အရင်က ဒီလူအကြောင်း ကြားဖူးသလို ခံစားနေရတယ်။ ဒါပေမယ့် မမှတ်မိတော့ဘူး" အမေးခံရသူက ပြန်ဖြေသည်။

ခဏလောက်တော့ နှစ်ယောက်လုံး အံ့သြသွားသည့် အမူအရာတွေ ပေါ်လာကြပါသည်။ သူတို့သည် ချင်ယွင်၏ကိုယ်ရေးအချက်လက်ကို သေချာပေါက် တွေးမိသွားပုံရသည်။

“ဘုန်း”

ထိုလူနှစ်ယောက် ပဟေဠိဖြစ်နေစဉ်မှာ ချင်ယွင်၏ပုံရိပ်သည် တောင်စောင်းသို့ ရောက်ရှိ သွားခဲ့ပြီ။

အံ့သြစရာ မဟုတ်ပေ၊ တောင်တန်း၏ မျက်နှာပြင်ပေါ်ရှိ အစီအရင်ဝင်္ကပါ ပုံစံများသည် စတင် လင်းလက်လာခဲ့သည်။ ထိတ်လန့်တုန်လှုပ်ဖွယ် လှိုင်းလုံးကြီးတစ်ခုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော အစီအရင်ဝင်္ကပါ စွမ်းအားသည် ချင်ယွင်ဆီသို့ ဆင်းသက် လာခဲ့သည်။

ချင်ယွင်၏ မျက်လုံးများသည် ကျဉ်းမြောင်းသွားခဲ့ပြီး၊ သူ့နှလုံးသား၏ နက်ရှိုင်းသော နေရာမှ တိုက်ခိုက်လိုစိတ် လှိုင်းလုံးကြီးတစ်ခု ထွက်ပေါ်လာခဲ့ပြီး၊ ဖင်းဂေါ့ဂ် စွမ်းအင်က သူ၏ခန္ဓာကိုယ် တစ်ခုလုံးကို ချက်ချင်း လွှမ်းခြုံသွားပါသည်။

ယခုအချိန်တွင်၊ ချင်ယွင်သည် ဖင်းဂေါ့ဂ်ခန္ဓာကိုယ် သန့်စင်ခြင်း ပညာရပ်၏ သတ္တမအဆင့် ၏ အလယ်အလတ်အဆင့်သို့ ဖြတ်ကျော်သွားခဲ့ပြီး ဖြစ်သည်။ သူ၏ခန္ဓာကိုယ်အတွင်းရှိ ခွန်အားသည် အလွန်ကြောက်စရာကောင်းလာခဲ့ပြီး၊ သူ၏ ရုပ်ခန္ဓာကိုယ်ခွန်အားသည် ကောင်းကင်တာအိုနယ်ပယ်၏ အဆင့် ၁၂ အင်မော်တယ် ဧကရာဇ်များထက် အားနည်း ခြင်း မရှိဘဲ၊ ၎င်းတို့ကိုပင် ကျော်လွန်သွားခဲ့ပြီ။

ချင်ယွင်သည် လက်သီးတစ်ချက် ထိုးထုတ်လိုက်ပြီး၊ ကြောက်စရာကောင်းသည့် အစီအရင်ဝင်္ကပါ စွမ်းအားလှိုင်းကို ပြင်းပြင်းထန်ထန် လှုပ်ခါနိုင်ရန် သူ၏လက်သီးကို တိုက်ရိုက် အသုံးပြုလိုက်ပါသည်။

"ဘုန်း..”

ကောင်းကင်အက်ကွဲလောက်သည့် အသံတစ်ချက် ထွက်ပေါ်လာသည်။ ထိုကြောက်စရာ ကောင်းသော စွမ်းအားသည် ချင်ယွင်၏ လက်သီးချက်ကြောင့် ပြိုကွဲသွားခဲ့သည်။ ကောင်းကင်နှင့် မြေကြီးသည် မိုးခြိမ်းသံကဲ့သို့ တုန်ခါနေသည်။ သို့သော်လည်း ချင်ယွင်သည် အတားအဆီးမရှိဘဲ မီတာတစ်ရာအထိ ချီတက်နိုင်ခဲ့သည်။

"ဘာလဲ? အာ... လက်သီးတစ်ချက်လား..?" အောက်ခြေမှ လူတိုင်း အံ့အားသင့်သွားကြ သည်။

အစောပိုင်းတုန်းက ကောင်းကင်တာအိုနယ်ပယ်၏ ဒုတိယအဆင့်ရှိ အင်မော်တယ် ဧကရာဇ်တစ်ပါးသည် တောင်စောင်းမှာပင် ကွယ်လွန်သွားခဲ့သည်။ ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ် ဧကရာဇ်သည်ပင် အစီအရင်ဝင်္ကပါ စွမ်းအားလှိုင်းကို ဖြတ်ကျော်ရန် အစီအရင်ဝင်္ကပါ၏ စွမ်းအားကို အသုံးပြုခဲ့ရသည်။ သို့သော် ယခုအခါတွင်၊ လျှို့ဝှက် ဆန်းကြယ် အင်မော်တယ်အဆင့်တစ်ဦးသည် အစီအရင်ဝင်္ကပါ စွမ်းအားလှိုင်းကို ဖြိုခွဲရန် အတွက် လက်သီးတစ်ချက်တည်းကိုသာ အသုံးပြုခဲ့သည်။ ဤအရာက မည်သို့ ဖြစ်နိုင်မည် နည်း?။

ဝင်္ကပါဖြိုခွင်းခြင်းအင်မော်တယ်ဧကရာဇ်၏ မျက်ခုံးများသည် တင်းတင်းကျပ်ကျပ် တွန့်သွားခဲ့သည်။ သူ၏အမူအရာက အုံ့မှိုင်းလာပြီး၊ သူ၏မျက်နှာကို လက်ဖဝါးဖြင့် ဖြတ်ရိုက်သလို ခံစားလိုက်ရသည်။

"ဘုန်း..”။

ချင်ယွင်သည် သူ့အောက်မှလူများ၏ ထိတ်လန့်ခြောက်ခြားမူများကို လျစ်လျူရှုလိုက် သည်။ ယခုအချိန်တွင် သူသည် ဤအစီအရင်ဝင်္ကပါ စွမ်းအား၏ ဒုတိယလှိုင်းလုံးကြီးကို ကိုင်တွယ်ဖြေရှင်းရန် အစွမ်းကုန် လုပ်ဆောင်နေပါသည်။

ထိုရေလှိုင်းလုံးကြီးသည် ယခင်လှိုင်းလုံးကြီးများထက် ပို၍ကြောက်စရာကောင်းပြီး အတွင်းထဲမှာ ပါရှိနေသည့် အစီအရင်ဝင်္ကပါ စွမ်းအားသည် ယခင်ကထက် ပို၍ပင် ကြောက်စရာ ကောင်းပုံရသည်။

"နဂါးလက်သီးသိုင်းရဲ့ ဆဋ္ဌမသိုင်းကွက် “ငါက နတ်နဂါးတစ်ကောင် ဖြစ်တယ်”။ ချင်ယွင်သည် တွန့်ဆုတ်မနေဘဲ နတ်နဂါးလက်သီးကို တိုက်ရိုက် အသုံးပြုလိုက်သည်။

နဂါးတစ်ကောင်၏ ဟိန်းဟောက်သံသည် ကောင်းကင်ယံသို့ ပျံတက်သွားခဲ့ပြီး ချင်ယွင်၏ လက်သီးမှ ရွှေနဂါးကြီးတစ်ကောင် ထွက်ပေါ်လာကာ အစီအရင်ဝင်္ကပါ၏ ဒုတိယလှိုင်းလုံး ကြီးအား တိုက်ရိုက် လှုပ်ခါလိုက်လေသည်။

"ဘုန်း”

တောင်တန်းတစ်ခုလုံးသည် ပြိုကျမည့် အရိပ်အယောင်များ ပြသနေသကဲ့သို့ ပြင်းထန်စွာ တုန်ခါနေပြီး၊ လေဟာနယ်သည်ပင် အဆက်မပြတ် တုန်ခါနေသည်။

နတ်ဘုရားမြုပ်နှံခြင်း တောင်တန်းအတွင်းရှိ လေဟာနယ်သည် အလွန်ခိုင်မာပါသည်။ ကောင်းကင်တာအိုနယ်ပယ် ပြီးပြည့်စုံခြင်းအဆင့် ကျွမ်းကျင်သူများသာ လေဟာနယ်ကို ဖြိုခွဲနိုင်မည် ဖြစ်သည်။

အစီအရင်ဝင်္ကပါ စွမ်းအားလှိုင်းလုံးကြီးသည် ပြိုကွဲသွားကာ ချင်ယွင်၏ ခန္ဓာကိုယ်သည် ရှေ့သို့ နောက်တစ်ကြိမ် ရွေ့လျားသွားပါသည်။ ထိုအချိန်တွင် သူသည် တောင်ထိပ်သို့ နီးကပ်လာနေပြီ။ သူသည် နောက်ထပ် သုံးကြိမ်မြောက် အစီအရင်ဝင်္ကပါ စွမ်းအား လှိုင်းလုံးကြီးကို ရင်ဆိုင်ကြုံတွေ့ပြီးနောက်, အထွတ်အထိပ်ကို အောင်အောင်မြင်မြင် ရောက်နိုင်မှာကိုပင် စိုးရပါသည်။

ချင်ယွင်၏ လုပ်ရပ်ကြောင့် အောက်ခြေမှလူတိုင်း အံ့အားသင့်သွားကြသည်။ ဤအခိုက် အတန့်တွင် ချင်ယွင်သည် ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ် ဧကရာဇ်အား အဘယ်ကြောင့် မလေးမစား ပြုမူရသနည်းဆိုသည်ကို နောက်ဆုံးတွင် နားလည်လာကြပါသည်။

"မြေနိုးကွာ။ ဒီလျှို့ဝှက်ဆန်းကြယ် အင်မော်တယ်က ဘယ်လိုလဲ?။ သူက တကယ်တော့ အင်မော်တယ် ဧကရာဇ်အထွက်အထိပ်ဆင့် ဖြစ်ရမယ်။ သူက ကျားကို စားချင်လို့ ဝက်တစ်ကောင်လို ဟန်ဆောင်နေတာပဲ။ ဒီလိုဟန်ဆောင်နေမှ သူ့အတွက် ပျော်စရာတွေ ယူဆောင်လာမှာလား?။" တစ်စုံတစ်ယောက်သည် ချင်ယွင်ကို စိတ်ထဲမှာ ကျိန်ဆဲရင်း စိတ်ပျက်စွာ ပြောလိုက်သည်။

ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ်ကို ပံ့ပိုးပေးခဲ့သော ထိုအင်မော်တယ်ဘုရင်သည် မျက်နှာနီရဲနေပြီး၊ အနှိုင်းမဲ့ အရှက်ကွဲသွားခဲ့သည်။ သူသည် မြေပြင်၌ တွင်းတစ်တွင်းရှာပြီး ဝင်ပုန်ချင်စိတ်ပင် ဖြစ်နေမိသည်။ တစ်ချိန်တည်းမှာပင် သူသည် အနည်းငယ် ထိတ်လန့် သွားသည်။ ချင်ယွင် ပြန်ရောက်လာပြီး နောက်ပိုင်းတွင် သူ့ကို ဒုက္ခပေးလာမည်ကို သူ ကြောက်နေမိသည်။ ယခု၊ သူသည် ထိုလူကြမ်းကြီးကို လျစ်လျူရှုပြီး၊ မြှောက်ပင့်တတ်သူ တစ်ဦးအဖြစ် သူ့ကို ဆက်ဆံလာရန် သခင်ချင်ယွင်ဟုသာ ခေါ်ချင်နေမိသည်။

အမှန်တော့၊ ဆိုးဆိုးဝါးဝါး အမူအရာပျက်ဆုံး ဖြစ်နေသည့်လူက ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ် ဧကရာဇ် ဖြစ်ပါသည်။ လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်အဆင့် တစ်ဦး သည် သူနှင့် အဆင့်တူ ကျွမ်းကျင်သူတစ်ဦးဖြစ်နေမည်ဟု သူ ဘယ်တုန်းကမှ မထင်ထားခဲ့ ပေ။

သို့သော် ဤအရာက သူ၏နှလုံးသားထဲတွင် ပြင်းထန်သော ဒေါသကို ဖြစ်ပေါ်စေခဲ့သည်။ ချင်ယွင်က သူမျက်နှာပျက်ရအောင် သူ့ကို တမင်တကာ လှည့်စားနေခဲ့သည်ဟု သူ ထင်နေ သည်။ ထို့ကြောင့် သူ၏နှလုံးသားထဲတွင် သတ်ပစ်ချင်စိတ်တွေက ချက်ချင်း မြင့်တက်လာ ပါသည်။

"ဟမ့်၊ မင်းက ဘယ်သူပဲ ဖြစ်ဖြစ် ငါ့ကို ဒီလို လှောင်ပြောင်ရဲမှတော့ မင်း အသက်ရှင်နိုင်မှာ မဟုတ်တော့ဘူး" ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ်သည် သူ၏လက်သီးများကို တင်းတင်းဆုပ်လိုက်ပြီး ပြင်းထန်သော သတ်ဖြတ်လိုစိတ်က သူ၏မျက်လုံးများ၏ နက်ရှိုင်းရာအရပ်မှ ထွက်ပေါ်လာသည်။

ထိုအချိန်တွင် ချင်ယွင်သည် စွမ်းအင်လှိုင်းလုံးနှစ်ခုကို ဆက်တိုက် ဖြတ်ကျော်နေသော ဝါးပင်ကဲ့သို့ပင်။ ယခုအချိန်တွင် သူသည် ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ် ရောက်ရှိခဲ့ဖူးသည့် နေရာသို့ ရောက်ရှိနေပြီ ဖြစ်သည်။

သူရင်ဆိုင်ရမည့် နောက်ဆုံးစမ်းသပ်မှုသည် အန္တရာယ်အရှိဆုံး ဖြစ်ကြောင်း ချင်ယွင်လည်း သိထားသည်။

“ဘုန်း..။

ဟုတ်ပါသည်၊ ထိုအချိန်မှာပင် ကြီးမားပြင်းထန်သော စွမ်းအားတစ်ခုသည် ကောင်းကင်မှ တဟုန်ထိုး ပျံ့နှံ့ထိုးထွက်လာခဲ့သည်။ ဤစွမ်းအား ထွက်ပေါ်လာသည်နှင့် တပြိုင်နက် ချင်ယွင်၏ ဦးရေပြားသည် ထုံကျင်လာသည်။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ အမွှေးအားလုံး တဆတ်ဆတ် တုန်နေသည်ကို ခံစားလိုက်ရသည်။ ဤအရာက သူ့ခန္ဓာကိုယ်၏ အလိုလို တုံ့ပြန်မှုဖြစ်ပါသည်။

"အားလုံး ထွက်လာခဲ့စမ်း.." ချင်ယွင်က သူ၏သွားတွေကို တင်းတင်းကြိတ်ပြီး သူ၏စိတ်ထဲတွင် ပြင်းထန်သည့် အမုန်းတရားများက ထွက်ပေါ်လာခဲ့သည်။

သို့သော် ချင်ယွင်သည် ကြည်လင်ကောင်းကင်ဓားကို ဆွဲထုတ်ကာ အသေခံတိုက်ခိုက်ရန် ပြင်ဆင်နေချိန်တွင် သူ၏ရင်ဘတ်မှ လှိုင်းလုံးများ ထွက်ပေါ်လာသည်။

မည့်သည့်အချိန်ကတည်းကမှန်းမသိ အိပ်ပျော်နေသော ထိုကောင်ငယ်လေးသည် နိုးနေပြီ ဖြစ်သည်။ သူ၏ခေါင်းပေါ်မှ ဦးချိုတွေက တဖန်ပြန်လည် ဝင်းလက်လာပြီး ချင်ယွင်ကို ထူးဆန်းသော စွမ်းအင်အတက်အကျလှိုင်းတစ်ခုက ဖုံးလွှမ်းသွားသည်။ ထို့နောက်တွင်၊ ချင်ယွင်၏ အတားအဆီးမဲ့သည့် ပုံရိပ်သည် သူ တောင်ထိပ်ပေါ်သို့ အောင်အောင်မြင်မြင် ရောက်ရှိနိုင်ရန် စောင့်ဆိုင်းကာဆီးနေသည့် အစီအရင်ဝင်္ကပါ စွမ်းအား လှိုင်းလုံးကြီးကို ထိုးဖောက် ဝင်ရောက်သွားပါသည်။

All Chapters