← Chapters

အခန်း ၁၀၅၆

Vol. 71 Ch. 1056

အခန်း ၁၀၅၆

Vol. 71 Ch. 1056

အခန်း (၁၀၅၆) မျှော်လင့်ချက်များစွာ။

"ဘာလဲ၊ သူ တကယ် တက်သွားပြီလား?။ ငါပဲ မှားနေတာလား?"။

ချင်ယွင်သည် အစီအရင်ဝင်္ကပါ စွမ်းအားလှိုင်းလုံးကြီးကို ဖြတ်ကျော်ကာ တောင်ထိပ်ပေါ် သို့ အောင်မြင်စွာ ရောက်ရှိသွားခဲ့ပြီး၊ ရောက်ရှိနေကြသည့် လူတိုင်းကို လုံးဝ ထိတ်လန့်သွားစေခဲ့သည်။

ယခင်က ချင်ယွင်သည် တောင်တစ်ဝက်သို့ပင် မရောက်နိုင်ဟု ထင်ခဲ့ကြသော်လည်း ယခုအခါတွင် သူသည် တောင်ထိပ်သို့ အောင်မြင်စွာ တက်ရောက်နိုင်ခဲ့ပြီ။ ယခင်က ဝင်္ကပါ ဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ်သည် တောင်ထိပ်ပေါ်ကို မတက်ရောက်နိုင်ခဲ့သော် လည်း၊ ဤကောင်လေးသည် အမှန်တကယ် တောင်ထိပ်ပေါ်ကို တက်သွားခဲ့ပြီ ဆိုသည်ကို သိထားရပါမည်။ ဆိုလိုသည်မှာ သူ၏ခွန်အားသည် ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ် ဧကရာဇ်ထက် သာလွန်နေသည်ဟု ဆိုလိုရာရောက်မနေပေဘူးလား?။

ထိုအခိုက်တွင်၊ ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ်၏ မျက်နှာသည် လုံးဝ ဖြူဖျော့နေပြီး၊ သူသည် တောင်ထိပ်ကို အလွန်မင်း ခက်ထန်သည့် အမူအရာဖြင့် ကြည့်လိုက်ပါသည်။

"အယ်...သူ ဘယ်သူလဲဆိုတာ ငါ မှတ်မိသွားပြီ" ထိုအချိန်တွင် လူအုပ်ထဲမှ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။

လူတိုင်း စကားပြောလာသည့် လူကို လှမ်းကြည့်လိုက်ကြပါသည်။ ဤလူသည် ချင်ယွင်၏ ကိုယ်ရေး အချက်လက်ကို သံသယဝင်ခဲ့ဖူးသော အင်မော်တယ် ဧကရာဇ် ဖြစ်သည်။

"ဘယ်သူလဲ?" သူ၏အဖော်က စိတ်ဝင်တစား မေးသည်။

"မင်းရော ရင်းနှီးတယ်လို့ မခံစားခဲ့ရဘူးလား?။ သူက ကောင်းကင်လေနတ်ဘုရား အကယ်ဒမီရဲ့ ကောင်းကင်အဆင့် ထိပ်ဆုံးနေရာကို တက်လှမ်းလာတဲ့ ချင်ယွင်လေ။ သူ့လက်ထဲမှာ ကြီးမြတ်လှတဲ့ ရှေးဟောင်း ဖရိုဖရဲ ရတနာနှစ်ပါးကို ကိုင်ဆောင်ထား တယ်လေ။" ထိုအင်မော်တယ် ဧကရာဇ်က ကမန်းကတန်း ပြန်ဖြေသည်။

"ဒါဆို သူပေါ့။ သူက ငါတို့ တာချင်းအင်မော်တယ် မင်းဆက်ရဲ့ နဂါးသွေးကြောကိုတောင် ဝါးမျိုခဲ့တယ်လို့ ပြောကြတယ်။ အဲဒါက တကယ်ပဲလားဆိုတာ ငါ သိချင်မိတယ်။" အင်မော်တယ် ဧကရာဇ်တစ်ပါးက အံ့အားသင့်စွာ ပြောသည်။

သူ၏ဘေးနားမှ လူများသည် အေးစက်စက်လေကို ရှုရှိုက်ပြီး “အင်မော်တယ် မင်းဆက် တစ်ခုရဲ့ နဂါးသွေးပြန်ကြောကို ဝါးမြိုပြီး၊ ဖရိုဖရဲ ရတနာနှစ်ခုကို လက်ထဲမှာ ကိုင်ဆောင် ထားနိုင်တာလား?။” ဘယ်လောက်တောင်မှ ကောင်းကင်ဘုံကို အန်တုနိုင်လိုက်လဲ?။

"ဒါဆို ဧကရာဇ်မင်းမြတ် တာချင်းက ဘာလို့ သူ့ကို လွှတ်ပေးလိုက်တာလဲ?။" လူတစ်ယောက် စိတ်ရှုပ်ထွေးစွာ မေးလိုက်ပါသည်။ တာချင်းဟူသည် ဧကရာဇ်မင်းမြတ်၏ နာမည်မဟုတ်ဘဲ မင်းဆက်တစ်ခုကို စွဲ၍ ခေါ်ဝေါ်ခြင်း ဖြစ်ပါသည်။ ဉပမာ မင် အင်မော်တယ်၏ ဧကရာဇ်မင်းမြတ်ကို နာမည်တိုက်ရိုက်မခေါ်ဘဲ တာမင်ဟု ခေါ်သကဲ့သို့ ဖြစ်ပါသည်။ ဧကရာဇ်မင်းမြတ် တာချင်းဟူသည် အခြားလူမဟုတ် သူ၏စီနီယာအစ်ကိုကြီး ကျင်းရှန်ဖြစ်ပါသည်.)။

"သူ့ကို ဘယ်လိုလုပ် လွှတ်ပေးမှာလဲ?။ အင်မော်တယ် ဧကရာဇ်မင်းမြတ် တာချင်းက သူ့ကို သတ်ဖို့ လူတွေကို အကြိမ်ပေါင်းများစွာ စေလွှတ်ခဲ့တယ်။ ဒါပေမယ့် သူ့ကို မသတ်နိုင်ခဲ့ ဘူး။ ဒီချင်ယွင်က တကယ်ကို ကောင်းကင်ဘုံကို အံတုလွန်းတယ်။" နောက်လူက ပြန်ဖြေသည်။

"ဟမ့်၊ အဲဒါက ဘာမှ မဟုတ်သေးဘူး။ မင်းတို့ မသိသေးဘူး မဟုတ်လား? ဒီချင်ယွင်က မကြာသေးခင်ကမှ ကောင်းကင်ရေ နန်းတော်ကို ဖယ်ရှားပစ်လိုက်တာလေ။ ပြီးတော့, သူက မွန်းစတားတိုက်ကြီးကို ရောက်ပြီး သိပ်မကြာခင်မှာပဲ နဂါးမျိုးနွယ်စုရဲ့ နံပါတ်တစ် ပါရမီရှင် တတိယမင်းသားကို သတ်ပစ်လိုက်တယ်" ဗဟုသုတ ကြွယ်ဝသူတစ်ဦးက ဆက်ပြောသည်။

"ဒါဆို သူ့မှာ ရန်သူတွေနဲ့ ပြည့်နေပြီ မဟုတ်ဘူးလား?။ သူက အခုထိ ဘယ်လိုလုပ် အသက်ရှင်နေတာလဲ?" တစ်စုံတစ်ယောက်က စိတ်လှုပ်ရှားစွာ သက်ပြင်းချလိုက်ပြီး၊ သူ၏ လေသံက အံ့အားသင့်မှု အပြည့်ရှိနေသည်။

လူတိုင်း သူတို့စိတ်ထဲတွင် သက်ပြင်းကိုယ်စီ ချမိကြသည်။ ချင်ယွင်နှင့်ပတ်သက်ပြီး၊ များများ တူးဆွကြည့်လေ အံ့သြရလေ ဖြစ်သည်။ ချင်ယွင် လုပ်ခဲ့သမျှ အရာအားလုံးသည် ကမ္ဘာကြီးကို တုန်လှုပ်စေသော လုပ်ဆောင်ချက်များ ဖြစ်ကြောင်း သူတို့ တွေ့ရှိခဲ့ရသည်။

"ဟမ့်၊ ချင်ယွင်, မင်းတော့ သေပြီ။ ငါ မင်းကို ဒီမှာ စောင့်နေမယ်။ မင်း ဆင်းလာတဲ့အခါ မင်းကို ငါ သေချာပေါက် သတ်ပစ်မယ်။ အဲဒီအချိန်ရောက်ရင်, ကောင်းကင် တာအိုသစ်သီး တင်မကဘူး, ဖရိုဖရဲ ရတနာနှစ်ခုလည်း ငါ့အပိုင်ဖြစ်လာလိမ့်မယ်။” ဝင်္ကပါ ဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ်၏ မျက်လုံးများသည် အနီးနားရှိ လူများ၏ ဆွေးနွေးသံများကို ကြားသောအခါတွင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ပေါက်ကွဲထွက်လာခဲ့သည်။

အကယ်၍ တစ်စုံတစ်ယောက်သည် ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ်နှင့် ရင်းနှီး ကျွမ်းဝင်သူ ဖြစ်ပါက၊ သူသည် မောက်မာရုံသာမက၊ စိတ်သဘောထား အလွန်မင်း ကျဉ်းမြောင်းသူတစ်ယောက် ဖြစ်သည်ကိုလည်း သိနိုင်ပါလိမ့်မည်။ သူ့ထက်သာလွန်သူ မည်သူမျှ မရှိစေလိုပေ။ ချင်ယွင်၏ပါရမီစွမ်းရည်သည် သူ၏သတ်ဖြတ်လိုစိတ်ကို လုံးလုံး လျားလျား နှိုးဆော်ပေးခဲ့သည်။

...

အောက်မှာရှိနေကြသည့် လူတိုင်းသည် ချင်ယွင်၏ ကိုယ်ရေးအချက်လက်ကို ဆွေးနွေးနေ ကြစဉ်မှာ၊ ချင်ယွင်သည် သူ၏ရှေ့မှ မြင်ကွင်းကြောင့် မှင်သက် အံ့အားသင့်သွားခဲ့ရသည်။

သူ၏မျက်လုံးထဲတွင် ရွှေရောင်သစ်ပင်လေးတစ်ပင် ပေါ်လာပါသည်။

ထိုအပင်ငယ်လေးသည် သိပ်ပြီးမမြင့်သော်လည်း ကိုယ်ထည်တစ်ခုလုံးက ရွှေအဆင်းနှင့် တူနေပါသည်။ အပင်၏ ပင်စည်ဖြစ်စေ၊ အရွက်ဖြစ်စေ ရွှေနီရောင် ဖြစ်သည်။ ၎င်းသည် မြင့်မြတ်သန့်စင်သော အလင်းတန်းကို ထုတ်လွှတ်နေသည်။ ၎င်းသည် တစ်ခါတစ်ရံတွင် သစ်ပင်ပေါ်တွင် ရစ်ပတ်နေသော ရွှေနဂါးအဖြစ်သို့ ပြောင်းလဲသွားသလို၊ တစ်ခါတစ်ရံမှာ ရွှေရောင်ဖီးနစ်အဖြစ်သို့ ပြောင်းလဲသွားသည်။ ထိုမြင်ကွင်းသည် အလွန်တရာ အံ့မခန်း ဖြစ်ပြီး ၎င်း၏ အငွေ့အသက်သည် အနှိုင်းမဲ့ ကျယ်ပြောလှသဖြင့် လူအများက ၎င်းကို တိုက်ရိုက်ပင် မကြည့်ဝံ့ကြပေ။

'ဒါက ကောင်းကင်ပေါ်က သစ်ပင်လား? ဒဏ္ဍာရီလာ နတ်ဘုရားသစ်ပင်လို့ ခေါ်ဆိုထိုက်ပါ တယ်။ ဒီတောက်ပမူ တစ်ခုတည်းကတင် အလွန်မင်း ထူးကဲတဲ့ ခံစားချက်ကို ပေးစွမ်းနေ ပြီ။ ဒီသစ်ပင်အောက်မှာ ကျင့်ကြံလိုက်ရင် ကောင်းကင်တာအိုအပေါ် ထိုးထွင်းသိမြင် နိုင်စွမ်းက အဆပေါင်းများစွာ ပိုမြန်နေမှာတောင် ငါ စိုးရိမ်မိတယ်။ ချင်ယွင်သည် သူ၏ စိတ်ထဲတွင် သက်ပြင်းတစ်ချက် ချလိုက်ပါသည်။ သူသည် ဤကောင်းကင်တာအိုသစ်ပင် အကြောင်းကို ပို၍ပင် သိချင်လာသည်။

"အီ..။ ကောင်းကင်တာအိုသစ်သီး" ရုတ်တရက် ချင်ယွင်၏ မျက်လုံးများသည် ကောင်းကင် တာအိုသစ်ပင်ပေါ်ရှိ ရွှေရောင်သီးတစ်လုံးကြောင့် စွဲဆောင်ခံလိုက်ရသည်။

ဤသစ်သီးသည် လုံးဝ ရွှေနီရောင်ဖြစ်ပြီး၊ ထူးဆန်းသော ရောင်စုံအလင်းတန်းတစ်ခုက လင်းလက်နေကာ၊ ကောင်းကင်တာအို၏ အလွန်သိပ်သည်းလှသော စွမ်းအင်အတက် အကျ လှိုင်းများနှင့် လွှမ်းခြုံထားသည်။

ချင်ယွင်၏ မျက်လုံးများသည် အလွန်လှပသော အလင်းရောင်နှင့်အတူ ပွင့်လန်းလာခဲ့ သည်။ သူ၏မျက်နှာတွင် စိတ်အားတက်ကြွသည့် အမူအရာ ပေါ်လွင်လာသည်။ ဤ ကောင်းကင်တာအိုသစ်သီးဖြင့်ဆို သူ၏အဒေါ်ကို ကယ်တင်နိုင်လိမ့်မည်။

ဝှီး..။

ထိုအခိုက်တွင် ချင်ယွင်၏ ရင်ခွင်ထဲမှ ပုံရိပ်တစ်ခုသည် ပြေးထွက်လာပြီး ကောင်းကင် တာအိုသစ်ပင်ဆီသို့ ပြေးသွားခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင်, ၎င်းပုံရိပ်သည် သစ်ပင်ပေါ်တက်ပြီး ကောင်းကင်တာအိုသစ်သီးကို ကိုက်ဖို့ ပါးစပ်ကို ဖွင့်လိုက်ပါသည်။

"ပါးစပ်ကို ပိတ်လိုက်စမ်း”

ချင်ယွင်သည် ချက်ချင်းပင် တုန်လှုပ်သွားပြီး အလျင်အမြန် အော်ဟစ်လိုက်သည်။

ထိုအခိုက်တန့်မှာ ဤကောင်ငယ်လေးသည် ထွက်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားပါ ဘူး။ အခုလေးတင်၊ ဤကောင်ငယ်လေးသည် သူ့ကို အစီအရင်ဝင်္ကပါ စွမ်းအား၏ နောက်ဆုံး လှိုင်းလုံးကြီးကို ကျော်ဖြတ်နိုင်အောင် ကူညီပေးခဲ့သေးသည်။

သူသည် တောင်ထိပ်ပေါ်သို့ တက်လာခဲ့ပြီးနောက် ကောင်းကင်တာအိုသစ်ပင်၏ ဆွဲဆောင်မှုကို ခံခဲ့ရပြီး ထိုကောင်ငယ်လေးကို မေ့လျော့သွားခဲ့သည်။ သို့သော် ယခု အချိန်တွင် ဤကောင်ငယ်လေးသည် ကောင်းကင်တာအိုသစ်သီးကို စားသုံးရန် လှုပ်ရှား လိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

ကောင်းကင်တာအိုသစ်သီးသည် သူ့အဒေါ်၏ အသက်ကယ်ရတနာ ဖြစ်ပါသည်။ အကယ်၍၊ သူသာ ဤကောင်ငယ်လေးကို စားခိုင်းလိုက်လျှင် သူ၏ အရင်က ကြိုးစားမှု အားလုံး အချည်းနှီး ဖြစ်သွားမှာ မဟုတ်ပေဘူးလား။

သို့သော် ချင်ယွင်၏အော်သံကို ကြားသောအခါတွင် ထိုအကောင်ငယ်လေးသည် ရပ်တန့် သွားခဲ့ပါသည်။

ချင်ယွင်သည် အလျင်အမြန် ရှေ့သို့ လျှောက်သွားကာ ကောင်းကင်တာအို သစ်သီးကို ခူးယူလိုက်သည်။ သစ်သီးပေါ်တွင် သွားရာ အမှတ်အသားများပင် စီတန်းနေပြီ ဖြစ်သည်။

အကောင်ငယ်လေးသည် ချင်ယွင်ကို သနားစဖွယ် အမူအရာဖြင့် ကြည့်ရင်း၊ သူ ဘာကြောင့် ဤသစ်သီးကို မစားနိုင်ရသည်ကို နားမလည်သလို ဖြစ်နေပုံရသည်။

"ကောင်လေး၊ ငါ ဒီသစ်သီးကို မင်းကို တကယ် မပေးနိုင်ဘူး။ ဒီသစ်သီးက ငါ့အဒေါ်ရဲ့ အသက်ကို ကယ်တင်ဖို့ပဲ။" ချင်ယွင်က ခါးသီးသော အပြုံးဖြင့် ပြောသည်။

ဤအကောင်ငယ်လေးသည် ကောင်းကင်သစ်သီးကို အရသာရှိသော အရာတစ်ခုအဖြစ် မှတ်ယူထားကြောင်းကို သူ ယုံကြည်လိုက်သည်။

ရုတ်တရက် ချင်ယွင်သည် တစ်ခုခုကို တွေးနေပုံရသည်။ သူက အံ့သြတကြီး အကောင်ငယ် လေးကို ကြည့်လိုက်ပြီး " အရင်က ဒီနေရာက ထွက်လာတဲ့ ကောင်းကင်တာအို သစ်သီးတွေ အကုန်လုံးကို မင်း စားလိုက်တာ မဟုတ်လား?"

အကောင်ငယ်လေးက ခေါင်းညိတ်ပြပြီး သူ၏ပါးစပ်မှ အရသာရှိသည်ဟု ပြောနေသလိုမျိုး သွားရေများပင် ယိုစီးလာသည်။

ဤမြင်ကွင်းကို မြင်လိုက်ရတော့ ချင်ယွင်သည် ချက်ချင်းပင် စကားမပြောနိုင်ပင် ဖြစ်သွားရသည်။

ထိုအင်မော်တယ် ဧကရာဇ်များသည် အစွမ်းရှိသမျှ ကြိုးပမ်းခဲ့သော အဖိုးတန် ကောင်းကင် တာအိုသစ်သီးသည် အမှန်တကယ်ပင် ဤကောင်ငယ်လေးအတွက် သရေစာ ဖြစ်နေ သည်။ အကယ်၍, ထိုတောင်အောက်မှ အပေါင်းဖော်များသာ သိများသွားခဲ့လျှင် သူတို့ မည်သို့ ခံစားရမည်မသိ။

တစ်ချိန်တည်းမှာပင်၊ ချင်ယွင်သည် ဤကောင်ငယ်လေး၏ ဇာတ်မြစ်ကို ပို၍ပင် သိချင်လာသည်။ ဤကောင်းကင်တာအိုသစ်သီးသည် ပေါ့ပေါ့ပါးပါး စားလို့ရသည့် အရာ မဟုတ်ဘူးဆိုသည်ကို သိထားရပါမည်။ ၎င်းတွင်ပါရှိသော ကောင်းကင်တာအိုစွမ်းအား သည် အနှိုင်းမဲ့ ကြောက်စရာကောင်းသည်။ အင်မော်တယ်ဘုရင်တစ်ပါးလျှင်ပင်, ပြင်းထန်စွာ ပေါက်ကွဲပြီး သေဆုံးသွားနိုင်ပါသည်။

သို့သော်, ဤကလေးငယ်သည် ကောင်းကင်တာအိုသစ်သီးကို သရေစာအဖြစ် စားသုံးနိုင် သည်။ ဤအချက်မှတဆင့်, ၎င်းသည် သာမန်နတ်ဆိုးသားရဲ မဟုတ်ကြောင့် မြင်နိုင်သည်။ ချင်ယွင်ကို နှစ်ကြိမ်တိုင်တိုင် ကူညီခဲ့ဖူးသည့်အချက်ကိုပါ ထပ်လောင်းပြောရလျှင်၊ ဤကောင်ငယ်လေးသည် ထူးထူးခြားခြား ဖြစ်ကြောင်း ပြသနေခဲ့သည်။

"ဆရာကြီးကတော့ ဒီကောင်ငယ်လေးရဲ့ အချက်လက်ကို သိကောင်းသိလိမ့်မယ်" ချင်ယွင်က သူ့ကိုယ်သူ တွေးနေမိသည်။ သူသည် ဤကောင်ငယ်လေးကို ရှေးဟောင်း တာအိုဆရာသခင်အား ပြသရန် ဆုံးဖြတ်လိုက်ပြီး၊ ဤကောင်ငယ်လေး၏ ဇာစ်မြစ်ကို သိနိုင်မည်လားဟု သိချင်နေမိသည်။

ကောင်းကင်တာအိုသစ်ပင်သစ်ပင်အတွက်...

ချင်ယွင်သည် တက်ကြွသော နတ်သစ်ပင်ကို လှမ်းကြည့်ရန် ခေါင်းကို လှည့်လိုက်ပြီး၊ ရဲရင့်သော အတွေးတစ်ခု သူ၏နှလုံးသားထဲသို့ ဝင်လာခဲ့သည်။

ဤကောင်းကင်တာအို သစ်ပင်သည် အလွန်အဖိုးတန်သောကြောင့် ဤနေရာ၌ ထားခဲ့ရမည်မှာ နှမြောစရာ မဟုတ်ပါလား?။

ထို့ကြောင့်၊ ချင်ယွင်သည် ဤကောင်းကင်တာအိုသစ်ပင်ကို ဖယ်ထုတ်ပြီး သူ၏ကနဦး စကြဝဠာထဲသို့ ထည့်ထားနိုင်မည်လားဟု တွေးတောမိသည်။

သို့သော်လည်း သူသည် ကနဦးစကြာဝဠာထဲသို့ ကောင်းကင်တာအိုသစ်ပင်ကို စုပ်ယူရန် ကြိုးစားသော်လည်း ကံမကောင်းစွာဖြင့် သူ မအောင်မြင်ခဲ့ပေ။

ချင်ယွင် စိတ်ပျက်နေစဉ်မှာ, ချင်ယွင်၏ ခန္ဓာကိုယ်မှ ရုပ်အပြင်တစ်ခု ကွဲထွက်လာသည်။

အစိမ်းရောင်ဝတ်ထားသော သစ်သားစွမ်းရည် ကိုယ်ပွားသည် ချင်ယွင်၏ရှေ့တွင် ပေါ်လာသည်။ သစ်သားစွမ်းရည်ကိုယ်ပွား ပေါ်လာတာကိုတွေ့လိုက်ရလျှင်, ချင်ယွင် လည်း အံ့သြသွားပါသည်။ ထို့နောက် သူ၏စိတ်ထဲတွင် အလွန်အတင့်ရဲသော သတင်းစကားတစ်ခုကို လက်ခံရရှိခဲ့သည်။

"ဒီကောင်းကင်တာအို သစ်ပင်ကို ငါ ဝါးမျိုးနိုင်တယ်" ဤသည်မှာ သစ်သားစွမ်းရည် ချင်ယွင်၏ကိုယ်ပွားထံမှ သတင်းစကား ဖြစ်သည်။

ချင်ယွင်၏ အစစ်အမှန် ခန္ဓာကိုယ်သည် ဤသစ်သားစွမ်းရည် ကိုယ်ပွားသည် ရှေးဟောင်း အသက်သစ်ပင် ဖြစ်သည်ကို သတိမထားမိခင်အထိ တခဏမျှ ထိတ်လန့်သွားသည်။

အကယ်၍, ရှေးဟောင်း အသက်သစ်ပင်သည် ကောင်းကင်တာအို သစ်ပင်ကို ဝါးမျိုးလိုက်လျှင် ဘာတွေများ ဖြစ်လာမည်နည်း?။

ထိုအချိန်တွင် ချင်ယွင်လည်း ၎င်းကို စောင့်မျှော်နေပါသည်။

All Chapters