← Chapters

အခန်း ၁၀၅၇

Vol. 71 Ch. 1057

အခန်း ၁၀၅၇

Vol. 71 Ch. 1057

အခန်း (၁၀၅၇) ကောင်းကင်တာအို သစ်ပင်နှင့် ပေါင်းစပ်ခြင်း။

ကောင်းကင်တာအို သစ်ပင်သည် ချိုင့်ဝှမ်းအတွင်းမှ နတ်သစ်ပင်တစ်ပင် ဖြစ်သည်။ ၎င်းသည် ကောင်းကင်နှင့်မြေကြီး၏ အနှစ်သာရမှ မွေးဖွားလာခဲ့ပြီး ကောင်းကင်တာအို၏ အနှစ်သာရများ ပါရှိနေသည်။ နတ်သစ်ပင်တစ်ခုလုံးကို အသာထား၊ သစ်ရွက်တစ်ရွက် သည်ပင် ရှားပါးရတနာတစ်ခု ဖြစ်နေပါပြီ။

အကယ်၍, အသက်သစ်ပင်သည် ကောင်းကင်တာအို သစ်ပင်ကို မျိုချလိုက်လျှင်, မည်သို့ ဖြစ်လာမည်ကို ချင်ယွင်သည် အမှန်တကယ် သိချင်နေခဲ့ပါသည်။

ဘန်း..။

သစ်သားစွမ်းရည် ကိုယ်ပွားသည် ကောင်းကင်တာအို သစ်ပင်ဆီသို့ လျှောက်လှမ်းလာ သည်။ သူချဉ်းကပ်လာသည်နှင့် သူ၏ပတ်ဝန်းကျင်ရှိ ကောင်းကင်တာအို အငွေ့အသက် သည် ပိုပို၍ ထူထပ်လာသည်ကို သူ ခံစားလိုက်ရသည်။

သစ်သားစွမ်းရည် ကိုယ်ပွားသည် ကောင်းကင်တာအို သစ်ပင်အောက်သို့ လျှောက်သွား သောအခါ, ကောင်းကင်တာအို သစ်ပင်မှ ထွက်ပေါ်လာသည့် ပြင်းထန်သော သဘောမကျ ဟန် စွမ်းအားကို သူ ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။ ကောင်းကင်တာအို သစ်ပင်သည် ချင်ယွင်၏ သစ်သားစွမ်းရည် ကိုယ်ပွားထံမှ အန္တရာယ်အငွေ့အသက်ကို ခံစားသိရှိခဲ့ပြီး သစ်သားစွမ်းရည် ကိုယ်ပွားကို အနားမကပ်စေရန် ဆန္ဒရှိနေပုံရသည်။

ဘန်း..။

ချင်ယွင် သည် သူ၏ဝတ်စုံလက်မောင်းကို ဝှေ့ယမ်းလိုက်ပြီး သစ်သားစွမ်းရည် ကိုယ်ပွား၏ ခန္ဓာကိုယ်မှ အသက်စွမ်းအင်များ ချက်ချင်း ထွက်ပေါ်လာသည်။ ထို့နောက် သစ်သား စွမ်းရည် ကိုယ်ပွားသည် ကြောက်မက်ဖွယ်ကောင်းသည့် မလိုလားဟန် စွမ်းအားအောက် တွင် ရှေ့သို့ တိုးလာကာ ကောင်းကင်တာအို သစ်ပင်ဆီသို့ လျှောက်သွားခဲ့သည်။

"မင်းက နတ်သစ်ပင်ဖြစ်ပေမဲ့ ထွက်ပြေးနိုင်တဲ့ မင်းရဲ့အသိဉာဏ်ကို မမွေးဖွားနိုင်သေးဘူး။ သစ်သားစွမ်းရည် ကိုယ်ပွားက ပြောသည်။

ထိုသို့ပြောပြီးသည်နှင့်, သစ်သားစွမ်းရည် ကိုယ်ပွားက လက်တစ်ဖက်ကို ဆန့်ထုတ်ပြီး ကောင်းကင်တာအို သစ်ပင်၏ ပင်စည်ပေါ်ကို ဖိချလိုက်ပါသည်။ သစ်သားစွမ်းရည် ကိုယ်ပွား၏ လက်ဖဝါးတွင် အစိမ်းရောင် အလင်းတန်းတစ်ခု လင်းလက်လာသည်။

ဘန်း..။

အသက်စွမ်းအား လှိုင်းလုံးကြီး ထွက်ပေါ်လာပြီးနောက်၊ ချင်ယွင်၏လက်ဖဝါးမှ အကိုင်း အခက်များစွာသည် ကောင်းကင်တာအိုသစ်ပင် ကိုယ်ထည်ဆီသို့ လျင်မြန်စွာ ပြန့်နှံ့သွား သည်။

"ဝှမ်း…”။

ကောင်းကင်တာအို သစ်ပင်သည် ငိုကြွေးကာ ရုန်းကန်နေရသကဲ့သို့ ၎င်း၏တစ်ကိုယ်လုံး ပြင်းထန်စွာ လှုပ်ခါစ ပြုလာသည်။

ချင်ယွင်က အံ့သြသည့် အမူအရာကို ထုတ်ဖော်လိုက်ပါသည်။ ကောင်းကင်တာအို သစ်ပင် ၏ ဉာဏ်ရည်က မပွင့်လင်းသေးသော်လည်း, သူ၏အသိစိတ်က ဖြစ်ပေါ်လာနေပြီဆိုတာ ရှင်းပါသည်။ သို့သော် ၎င်းသည် သာမန်လူတစ်ယောက်၏ ဉာဏ်ရည်ဉာဏ်သွေးအဆင့်ကို မရောက်ရှိသေးပါ။ အကယ်၍ သူ့ကို နောက်ထပ် နှစ်သိန်း သို့မဟုတ် သန်းပေါင်းများစွာကို အချိန်ပေးလိုက်မည်ဆိုလျှင် သူ၏ ဉာဏ်ရည်ဉာဏ်သွေးသည် အပြည့်အဝ ပွင့်လန်းလာပြီး၊ ထိုအချိန်တွင် သူသည် ပြိုင်ဘက်ကင်း ကျွမ်းကျင်သူတစ်ဦး ဖြစ်လာမည်မှာ သေချာပါ သည်။

ဘန်း..။

ကောင်းကင်တာအို သစ်ပင်သည် ရုန်းကန်နေရသော်လည်း ချင်ယွင်၏ သစ်သားစွမ်းရည် ကိုယ်ပွားကို တားဆီးရန် ရည်ရွယ်ချက် မရှိပေ။ ဤအခိုက်အတန့်တွင် သူ၏သစ်ပင် အကိုင်းအခက်များသည် ကောင်းကင်တာအိုသစ်ပင်ကို ဆက်လက်ဖုံးလွှမ်းနေပြီး၊ သူ၏ ခန္ဓာကိုယ်ထဲသို့ အားကောင်းသည့် စွမ်းအင်များ စီးဆင်းနေသည်ကို ခံစားရနိုင်သည်။

၎င်းသည် ကောင်းကင်တာအို သစ်ပင်၏ မူလစွမ်းအားဖြစ်ပြီး ၎င်းသည် ကောင်းကင်တာအို သစ်ပင်၏ အရင်းအမြစ်လည်း ဖြစ်ပါသည်။

ထိုကဲ့သို့ပင် အချိန်တွေက တဖြည်းဖြည်း ကုန်ဆုံးသွားပါပြီ။ နှစ်နာရီခန့်အကြာတွင် ချင်ယွင်သည် ကောင်းကင်တာအို သစ်ပင်၏ မူလစွမ်းအားကို လုံးလုံးလျားလျား ဝါးမြိုလိုက်ပြီး သူ၏ခန္ဓာကိုယ်ထဲသို့ ပေါင်းထည့်လိုက်သည်။

သစ်သားစွမ်းရည် ကိုယ်ပွားသည် လေဟာနယ်ထဲတွင် တင်ပျဉ်ခွေထိုင်နေသည်။ နဂါးငယ် နှစ်ကောင်ကဲ့သို့ သူ၏ခန္ဓာကိုယ်ကို ရွှေရောင်နှင့် အစိမ်းရောင်တစ်ခုစီက ရစ်ပတ်ထားပြီး အင်အားနှစ်ခုက သူ၏ခန္ဓာကိုယ်ကို အဆက်မပြတ် ရစ်ပတ်နေသည်။

အတွေးတစ်ချက်ဖြင့် ထိုအင်အားနှစ်ခုသည် ချက်ခြင်း အပြင်းအထန် တိုက်မိသွားသည်။ အင်အားနှစ်ခု အပြင်းအထန် တိုက်မိပြီး တောက်ပသော အလင်းတန်းတစ်ခု ထွက်ပေါ်လာ သည်။ ထို့နောက် ထိုအင်အားနှစ်ခုသည် တဖြည်းဖြည်း ပေါင်းစပ်သွားကာ သစ်သား စွမ်းရည်ကိုယ်ပွား၏ နဖူးကြားရှိ နေရာထဲသို့ စီးဆင်းသွားသည့် ရွှေစိမ်းရောင် စွမ်းအင် တစ်ခု ဖြစ်လာပါသည်။

ဤစွမ်းအားသည် သူ၏ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်သွားသည်နှင့်အမျှ သစ်သားစွမ်းရည် ကိုယ်ပွားသည် ပြောင်းလဲလာပါသည်။

ချင်ယွင်၏ဦးခေါင်းမှ သူ၏ခန္ဓာကိုယ်အောက်ခြေအထိ ရေနှင့်တူသော စွမ်းအင်လှိုင်းလုံး များ ပျံ့နှံ့သွားသည်။ ဤစွမ်းအင်များ လင်းလက်လာသည်နှင့်အမျှ သစ်သားစွမ်းရည် ကိုယ်ပွား၏ မူလက ကျောက်စိမ်းရောင် ဆံပင်များသည် ရွှေရောင်ပြောင်းသွားပြီး သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ၀တ်စုံများသည် ပို၍ပင် ခမ်းနားသစ်လွင်လာသည်။ သစ်သားစွမ်းရည် ကိုယ်ပွားမှ ထုတ်လွှတ်သော ပြင်းထန်သည့် စွမ်းအင်အတက်အကျလှိုင်းသည် အမှန်တကယ်ပင် ချင်ယွင်၏ အစစ်အမှန် ခန္ဓာကိုယ်ထက် အားမနည်းလှပေ။

ဘန်း…။

ချင်ယွင် ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။ တခဏအတွင်းမှာပင် ကောင်းကင်တာအို၏ အဆုံးမဲ့ အငွေ့အသက်က သူ၏ခန္ဓာကိုယ်ကနေ ထွက်ပေါ်လာပြီး သူ၏ သူငယ်အိမ်နှစ်ခု သည် ပို၍ပင် ရွှေစိမ်းရောင်သမ်းလာသည်။

"ကောင်းကင်တာအိုနယ်ပယ်ရဲ့ ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်ရှိသွားပြီ။ အသက်စွမ်းရည် ကောင်းကင်တာအိုဉပဒေသက တခဏအတွင်းမှာပဲ တကယ်ကို ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်ရှိသွားခဲ့တယ်" ချင်ယွင်သည် အံ့သြသည့် အမူအရာ ထုတ်ဖော်လိုက်ရင်း၊ သူ၏ မျက်လုံးများကလည်း အပျော်ရိပ်သမ်းနေပါသည်။

ကောင်းကင်တာအိုသစ်ပင်ကို သူ၏သစ်သားစွမ်းရည် ကိုယ်ပွားထဲသို့ ပေါင်းစည်းပြီး နောက်၊ ကောင်းကင်တာအိုအပေါ် နားလည်နိုင်စွမ်းသည် ကောင်းကင်တာအို၏ ပြီးပြည့် စုံခြင်းအဆင့်သို့ တိုက်ရိုက် ဖြတ်ကျော်သွားလိမ့်မည်ဟု သူ ဘယ်တုန်းကမှ စိတ်မကူးခဲ့ပေ။

ဘန်း..။

ချင်ယွင် စိတ်က လှုပ်ရှားသွားသည်။ သစ်ပင်ငယ်လေး တစ်ပင်သည် ကျောက်ဆောင် အတွင်း အက်ကြောင်းထဲမှ ပေါက်ထွက်လာပြီး အလွန်လျင်မြန်သော အရှိန်ဖြင့် ကြီးထွား လာသည်။ အဆုံးတွင်၊ ၎င်းသည် အမြင့်ပေတစ်ထောင်အထိ တိုက်ရိုက်ကြီးထွားလာသည်။

"ဒါက အသက်စွမ်းရည် ကောင်းကင်တာအိုလား?" ချင်ယွင်သည် ကျောက်တောင်ထိပ်မှ ကြီးထွားလာသော မြင့်မားသော သစ်ပင်ကြီးကို အံ့သြတကြီး မျက်လုံးများဖြင့် ကြည့်လိုက်သည်။

အကယ်၍ တစ်စုံတစ်ယောက်သည် ဤတောင်ထိပ်ပေါ်ကို စူးစမ်းလေ့လာမည်ဆိုလျှင်၊ တောင်ထိပ်တစ်ခုလုံး၏ အတွင်းပိုင်းကို ဤသစ်ပင်၏ အမြစ်များဖြင့် ထွင်းဖောက်ထား သည်ကို သေချာပေါက် သိမြင်နိုင်မည် ဖြစ်သည်။

အသက်စွမ်းရည် ကောင်းကင်တာအိုစွမ်းအားသည် ပါးလွှာသောလေထုထဲမှ အသက်တစ်ခု ကို မဖန်တီးနိုင်သော်လည်း၊ အသက်၏ကြီးထွားမှု နိယာမအားလုံးကို ထိန်းချုပ်နိုင်သည်။ ဥပမာအားဖြင့်၊ ဤဧရာမသစ်ပင်ကြီးသည် မူလက တောင်အောက်တွင် ပုပ်ဆွေးနေသည့် မျိုးစေ့တစ်စေ့ ဖြစ်သည်။ ချင်ယွင်၏ အသက်စွမ်းရည် ကောင်းကင်တာအိုစွမ်းအားက ဆေးကြောသန့်စင်လိုက်ပြီးနောက် ၎င်းမျိုးစေ့သည် ရုတ်တရက်ကြီး ကြီးထွားလာခဲ့သည်။

အသက်စွမ်းရည် ကောင်းကင်တာအိုသည် တိုက်ခိုက်ရာတွင် မကောင်းမွန်သော်လည်း ကောင်းကင်တာအိုနယ်ပယ်၏ ပြီးပြည့်စုံခြင်းအဆင့် စွမ်းအားကို လျှော့တွက်၍ မရပေ။ သာမန် ကောင်းကင်တာအိုနယ်ပယ်၏ အဆင့် ၁၂ ကျွမ်းကျင်သူများသည်ပင် သဘာဝ အားဖြင့် သူ၏ပြိုင်ဘက် မဖြစ်နိုင်ပေ။ ထို့ကြောင့် သစ်သားစွမ်းရည် ကိုယ်ပွား၏ အစွမ်းက ချင်ယွင်၏ တိုက်ခိုက်ရေး အင်အားကို အနည်းငယ် တိုးမြင့်ပေးနိုင်ခဲ့သည်။

အကယ်၍, သူသည် အခုအချိန်မှာ သစ်သားစွမ်းရည် ကိုယ်ပွားနှင့် ပေါင်းလိုက်မည်ဆိုလျှင်၊ အကြီးအကဲယုသည် သူ့ပြိုင်ဘက် မဟုတ်တော့သည်မှာ ချင်ယွင် သေချာပေါက် ပြောနိုင်ပါသည်။

"ဟား…၊ ဟား…၊ ဒီလိုမျိုး မထင်မှတ်ထားတဲ့ ရိတ်သိမ်းမူကြီးကို ငါ မျှော်လင့်မထားခဲ့ဘူး။" ချင်ယွင်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူ၏ဝတ်စုံလက်မောင်းကို ဝှေ့ယမ်းကာ သစ်သားစွမ်းရည် ကိုယ်ပွားကို သူ၏ခန္ဓာကိုယ်ထဲသို့ အောင်မြင်စွာ ထည့်လိုက်သည်။

ထိုအခိုက်အတန့်လေးတွင် ကောင်ငယ်လေးသည် မပျော်ရွှင်သည့် အမူအရာဖြင့် ချင်ယွင်က သူ၏ရတနာကို ခိုးယူသွားသည့်အလား အသနားခံဟန်ဖြင့် ချင်ယွင်အား ကြည့်နေတော့သည်။

ချင်ယွင်သည် သူ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး ကောင်းကင်တာအို သစ်ပင်၏ သစ်ရွက်က သူ၏လက်ထဲတွင် ပေါ်လာသည်။ အကောင်ငယ်လေး၏ မျက်လုံးများသည် ချက်ချင်းပင် ထက်မြက် တောက်ပလာကာ ကောင်းကင်တာအို သစ်ပင်၏ အရွက်ကို တစ်ချက် ကိုက်လိုက်၏။ သူသည် ကောင်းကင်တာအို သစ်ပင်၏ အရွက်ကို အမှန်တကယ် စားလိုက်ပါသည်။

ထိုမြင်ကွင်းကိုမြင်တော့ ချင်ယွင်လည် ဝမ်းသာအားရ ပြုံးလိုက်မိသည်။

ယခင်က, ဤအကောင်ငယ်လေးသည် ကောင်းကင်တာအိုသစ်သီးကို စားချင်နေသည့် အတွက် ကောင်းကင်တာအိုသစ်ပင်၏ အရွက်ကိုလည်း စားချင်မည်လားဟု သူ တွေးကြည့်မိသည်။

ထို့ကြောင့်, သူသည် စမ်းကြည့်လိုက်ပြီး၊ ဤကဲ့သို့ဖြစ်မည်ဟု သူ မမျှော်လင့်ထားပေ။ အကောင်ငယ်လေးသည် ဤကဲ့သို့ အရသာရှိစွာ စားသောက်နေသည်ကို မြင်လိုက်ရသဖြင့် ချင်ယွင်၏ မျက်နှာမှာလည်း ရွှင်လန်းသော အမူအရာများ ပေါ်လာသည်။

"အခု ကောင်းကင်တာအိုသစ်ပင်ရဲ့ ကောင်းကင်တာအိုအနှစ်သာရကို ငါ့ရဲ့ သစ်သား စွမ်းရည် ကိုယ်ပွားက စုပ်ယူလိုက်ပြီဆိုတော့, ကောင်းကင်တာအို သစ်သီးမပါရင်တောင် ငါ့အဒေါ်ရဲ့ ခန္ဓာကိုယ်ပေါ်က ကောင်းကင်တာအို အက်ကွဲကြောင်းတွေကို ငါ ပြုပြင်နိုင် တုန်းပဲ" ချင်ယွင်က သူ၏စိတ်ထဲတွင် ပြုံးလိုက်ရင်း, သူ့ကိုယ်သူ ပြောလိုက်ပါသည်။

ယခုတစ်ကြိမ် ရိတ်သိမ်းမူ အရမ်းကို ကောင်းလွန်းပါသည်။ ကောင်းကင်တာအို သစ်ပင် တစ်ခုလုံးကို သူ သိမ်းယူနိုင်ခဲ့သည်။ အကယ်၍, အောက်ခြေမှလူတွေသာ ဤအကြောင်း ကို သိသွားခဲ့လျှင်, သူတို့ လုံးဝ ရူးသွားကြလိမ့်မည်။ ဟုတ်ပါသည်၊ လျှို့ဝှက်ဆန်းကြယ် သည့် ဤကောင်ငယ်လေးသည် ချင်ယွင် ဤအရအားလုံးကို ပြီးမြောက်အောင် စွမ်းဆောင်နိုင်ရာမှာ အရေးပါသည့် အရာတစ်ခု ဖြစ်နေခဲ့ပါသည်။

"ပြန်ဆင်းဖို့ အချိန်တန်ပြီ။ နောက်ပိုင်း, နတ်ဘုရားမြုပ်နှံခြင်းတောင်တန်းမှာ ဘယ်လို လျှို့ဝှက်ချက်မျိုးတွေ ရှိနေလဲဆိုတာ ကြည့်ကြည့်ရမယ်။" ချင်ယွင်က ပြုံးပြီး သူ့ကိုယ်သူ ပြောလိုက်သည်။ ထို့နောက် သူသည် ကောင်ငယ်လေးကို ကောက်ကိုင်လိုက်ပြီး အောက်သို့ အမြန်ဆင်းလိုက်သည်။

သူ့အဒေါ်၏ဒဏ်ရာများ ကုသနိုင်တော့မည့်အရေးကို တွေးတောရင်း ချင်ယွင်၏ စိတ်သည် ပို၍ အေးချမ်းလာသည်။

ချင်ယွင်သည် နတ်ဘုရားမြုပ်နှံခြင်း တောင်တန်းတွင် အဆင့်ဖြတ်ကျော်နိုင်မည့် အခွင့်အရေးကို အလွန်သိချင်နေပါသည်။ ထို့အပြင်, ယခု နတ်ဘုရားမြုပ်နှံခြင်း တောင်တန်း မပိတ်ခင် အချိန်နှစ်ရက် ကျန်ပါသေးသည်။ သူ အခုအချိန် ထွက်သွားလျှင်, နှမြောစရာကြီး မဟုတ်ပါလား?။

ထို့ကြောင့် ချင်ယွင်သည် နတ်ဘုရားမြုပ်နှံခြင်းတောင်တန်း၏ လျှို့ဝှက်ချက်များကို ရှာဖွေရန် စီစဉ်ထားသည်။

"ချင်ယွင်၊ ကောင်းကင်တာအိုသစ်သီးကို လွှဲပေးလိုက်ပါ။"

သို့သော်, ချင်ယွင် တောင်ခြေရင်းသို့ ဆင်းသက်လာစဉ်မှာ သူ၏နားထဲတွင် ကျယ်လောင်သော အော်ပြောသံကို ကြားလိုက်ရသည်။

တောင်ခြေရင်းမှာ စုဝေးကြနေသည့် လူတွေအားလုံးလည်း လူစုကွဲသွားကြပါပြီ။ သူတို့ထဲ တွင် ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ် အပါဝင် လူချို့က သူတို့ ယခုရှိနေကြသည့် နေရာမှာပင် ကျန်ရစ်ခဲ့ကြသည်။

ချင်ယွင်တောင်ပေါ်မှ ဆင်းလာသည်နှင့် သူတို့သည် ချင်ယွင်၏ ရုပ်အသွင်ကို တွေ့လိုက်ရ သည်။ အထူးသဖြင့် မျက်လုံးထဲတွင် ပူလောင်သော အပူငွေ့များဖြင့် ပြည့်နှက်နေသော ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ် ဖြစ်သည်။ သူသည် ချင်ယွင်၏ ကောင်းကင် တာအိုသစ်သီးကို သိမ်းပိုက်ချင်နေသည်မှာ ထင်ရှားပါသည်။ အစောပိုင်းက ပေါက်ကွဲထွက် လာသည့် ထိုအသံက သူ၏ပါးစပ်ကနေ ထွက်လာခဲ့ခြင်း ဖြစ်ပါသည်။

"အိုး? မင်းက ကောင်းကင်တာအိုသစ်သီးကို လိုချင်တာလား?" ချင်ယွင်က ဝင်္ကပါဖြိုခွင်း ခြင်း အင်မော်တယ်ဧကရာဇ်ကို လှည့်ကြည့်လိုက်ပြီး အေးစက်သော အပြုံးဖြင့် မေးသည်။ သူ၏မျက်လုံးထဲတွင် မထီမဲ့မြင်ပြုဟန် အရိပ်အယောင်များ ပေါ်လာသည်။

All Chapters