← Chapters

အခန်း ၁၀၅၈

Vol. 71 Ch. 1058

အခန်း ၁၀၅၈

Vol. 71 Ch. 1058

အခန်း (၁၀၅၈) ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ်နှင့်တိုက်ပွဲ။

အစီအရင်ဝင်္ကပါကို မဖြိုခွဲခင်, ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ်၏ လူတိုင်း အပေါ် ရှုံ့ချသည့်ပုံစံကို ချင်ယွင် မနှစ်သက်ခဲ့ပေ။

ပါရမီရှင်များသည် မာန်မာနထောင်လွှားနိုင်သော်လည်း မာန်မာနကြီးပြီး စိတ်သဘောထား ကျဉ်းမြောင်းခြင်းကို အနည်းငယ်မျှ ခွင့်လွှတ်နိုင်စရာ မရှိပေ။ ထင်ရှားသည်မှာ ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ်သည် နောက်ပိုင်းအမျိုးစားတွင် ပါဝင်ပါသည်။

ဤလူလိုအမျိုးအစားမျိုးအတွက်၊ ချင်ယွင်သည် မကြာခဏ ဖြေရှင်းချက်တစ်ခု ထားရှိရပြီး၊ တစ်ဖက်လူက သူတို့အသက်အတွက် သံသယဝင်လာသည်အထိ တိုက်ခိုက် ပစ်ရန် ဖြစ်သည်။

ချင်ယွင်၏စကားများသည် ဒေါသနှင့်ပြည့်နေပြီး သူ၏မျက်နှာပေါ်တွင် လှောင်ပြောင် သရော်သည့် အရိပ်အယောင်များလည်း ရှိနေသည်။

ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ်သည် ချင်ယွင်၏ မျက်နှာပေါ်ရှိ အမူအရာကို မြင်လိုက်ရသောအခါတွင် သူ၏နှလုံးသားအတွင်းမှ အမျက်ဒေါသက ချက်ချင်း ထွက်ရှိလာ သည်။

"ချင်ယွင်၊ ကောင်းကင်တာအိုသစ်သီးကို ဉာဏ်ရှိရှိနဲ့ လွှဲပေးလိုက်ပါ။ မဟုတ်ရင် မင်း ဒီနေ့ အသက်ရှင်လျက် ထွက်သွားနိုင်မှာ မဟုတ်ဘူး။" ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ် ဧကရာဇ်သည် ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး ကောင်းကင်တာအိုနယ်ပယ်၏ အဆင့် ၁၂ ရှိ အင်မော်တယ် ဧကရာဇ်တစ်ပါး၏ အစွမ်းက ချင်ယွင်ကို တိုက်ရိုက် ဖိနှိပ်လာခဲ့သည်။

ကောင်းကင်တာအို နယ်ပယ်၏ အဆင့် ၁၂ ရှိ အင်မော်တယ် ဧကရာဇ်တစ်ပါး၏ အစွမ်းသည် ကြောက်မက်ဖွယ်ကောင်းသော်လည်း ချင်ယွင်ကို လုံးဝ မသက်ရောက်နိုင် ပေ။

"ဘုန်း..”။

ချင်ယွင်၏စိတ်က တချက်လှုပ်ရှားသွားသည်နှင့် သစ်သားစွမ်းရည် ကိုယ်ပွားထံမှ အင်မော်တယ် ဧကရာဇ်တစ်ပါး၏ စွမ်းအားများ ထွက်ပေါ်လာပြီး ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ် ဧကရာဇ်၏ စွမ်းအားကို ချက်ချင်း ဖြိုခွဲပစ်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူသည် ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ်ကို တိုက်ရိုက်ဖိနှိပ်ရန် အင်မော်တယ် ဧကရာဇ်တစ်ပါး၏ စွမ်းအားကို စုစည်းလိုက်သည်။

ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ်၏ စွမ်းအားသည် ပြိုလဲသွားကာ သူ၏ ခန္ဓာကိုယ်ကို တုန်လှုပ်သွားစေခဲ့သည်။ သူသည် ခြေလှမ်းသုံးလှမ်း နောက်ပြန် ဆုတ်သွား ကာ မျက်နှာက နီရဲလာသည်။ ချင်ယွင်၏ အငွေ့အသက်က သူ့အား နောက်ပြန် ဆုတ်ခိုင်းနိုင်မည်ဟု သူ မထင်ထားခဲ့ပေ။

ချင်ယွင်က မျက်နှာနီရဲနေသော ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ်ကို ကြည့်ပြီး ပေါ့ပေါ့ပါးပါး ပြုံးပြလိုက်သည်။ ယခု သူ၏ သစ်သားစွမ်းရည် ကိုယ်ပွားသည် ကောင်းကင် တာအိုနယ်ပယ်၏ ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိသွားပြီး၊ စွမ်းအားသည် ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ် ဧကရာဇ်ထက် သဘာဝအတိုင်း ပိုမိုပြင်းထန်ပါသည်။ ထို့အပြင်၊ ၎င်းသည် သစ်သားစွမ်းရည် ကိုယ်ပွား၏ အငွေ့အသက်တစ်ခုသာ ဖြစ်သည်။ အကယ်၍၊ အစစ်အမှန်ခန္ဓာကိုယ်သည် ကနဦးစကြဝဠာ၏ အလိုဆန္ဒကို အသုံးပြုပါက၊ ချင်ယွင်သည် ဤဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ်အား နေရာမှာပင် ဒူးထောက်စေနိုင်မည်ဟု ယုံကြည်ပါသည်။

ထိုမြင်ကွင်းကို မြင်လိုက်ရတော့ အဝေးမှလူတွေ အားလုံး အံ့အားသင့်သွားကြသည်။

ယခင်ကတည်းက, သူတို့နှစ်ယောက်တွင် မည်သူက ပိုသန်မာလဲဆိုသည်ကို သူတို့ နှလုံးသားထဲတွင် ခန့်မှန်းထားပြီးသား ဖြစ်ပါသည်။ အများစုကတော့ ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ် ဧကရာဇ်ကို လိုလားကြပါသည်။ ချင်ယွင်သည် တောင်ထိပ်သို့ အောင်မြင်စွာ တက်နိုင်ခဲ့သော်လည်း သူတို့၏အမြင်အရ, ချင်ယွင်သည် အထူးနည်းလမ်း တစ်ခုကို အသုံးပြုခဲ့သင့်သည်။ တိုက်ခိုက်ရေးအင်အား အရဆို, အချိန်အတော်ကြာ ထင်ပေါ်ကျော်ကြားခဲ့သော ဝင်္ကပါဖြိုခွင်းခြင်းအင်မော်တယ်ဧကရာဇ်နှင့် နှိုင်းယှဉ်၍ မရနိုင်လောက်ပေ။

သို့သော် ယခု အရှိန်ဟုန်ချင်း အပြင်းအထန် ထိပ်တိုက်တွေ့ဆုံးသည့်အခါ၊ အမှန်တကယ် ပင် ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ်သည် အားနည်းသည့် အခြေအနေသို့ ကျရောက်သွားခဲ့သည်။ ဤအချက်က လူတိုင်းကို သံသယများ ဖြစ်လာစေခဲ့သည်။

"ဒီချင်ယွင်က တကယ်ကို အစွမ်းထက်တယ်။ သူက ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ် ဧကရာဇ်ရဲ့ ကြီးကျယ်ခမ်းနားတဲ့ အငွေ့အသက်တောင် မသက်ရောက်ခဲ့ဘူး။ အဲဒီအစား၊ သူ့ရဲ့ ခမ်းနားထည်ဝါတဲ့ အငွေ့အသက်က ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ်ကို ဖိနှိပ်သွားခဲ့တယ်။ သူက ဘယ်လိုလုပ် ဒီလောက် အစွမ်းထက်နေတာလဲ?"

"မှန်ပတယ်။ ချင်ယွင်က အနှစ်တစ်ရာလောက်သာ ကျင့်ကြံရသေးတယ်လို့ ပြောလို့ရ တယ်။ သူ့ရဲ့ အရည်အချင်းက တကယ်ပဲ ကောင်းကင်ဘုံကို အံတုလွန်းတယ်။ ဒီတစ်ကြိမ်မှာတော့ ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ်ဟာ ချင်ယွင်ကို ရှုံးနိမ့်ရတော့မယ်”။

"သူဟာ အနှစ်တစ်ရာအောက်သာ ကျင့်ကြံရသေးတယ်။ အင်မော်တယ် ဧကရာဇ်တစ်ပါးရဲ့ အထွတ်အထိပ်ကို ရောက်နေခဲ့ပြီ။ အဆုံးမှာ သူက ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ် ဧကရာဇ်ကို အနိုင်မယူနိုင်ရင်တောင်, ဒီတစ်ချက်တည်းနဲ့တင် သူက ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ် ဧကရာဇ်ကို ကျော်ဖြတ်ပြီးသွားပြီ။ ဒီလိုမွန်းစတားဆန်ဆန် တည်ရှိမှုက အင်မော်တယ် ကမ္ဘာတစ်ခုလုံးမှာတော့ မကြုံစဖူး ဖြစ်ရပ်ထူးကြီးပဲ”။

…

လူတိုင်းက ချင်ယွင်၏အကြောင်းကို ကျမ်းစာတစ်ဆောင်ဖွဲ့ကာ ချဲ့ကားပြောဆိုနေကြစဉ် မှာ ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ်အတွက်မူ ပို၍ပင် မပျော်မရွှင် ဖြစ်လာခဲ့ သည်။

ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ်သည် အနီးနားရှိ လူများ၏ ဆွေးနွေးမှုများကို ကြားလိုက်ရာ သူ၏ အမူအရာသည် ဝက်အသည်းကဲ့သို့ ချက်ချင်းပင် ရုပ်ဆိုးသွားခဲ့သည်။

သူသည် အစီအရင်ဝင်္ကပါမှာ အဆင့်ဖြတ်ကျော်နိုင်ပြီးကတည်းက အရာအားလုံးကို အထင်အမြင်သေးခဲ့သည်။ အင်မော်တယ် ဧကရာဇ်နယ်ပယ်သို့ အနှစ်တစ်ထောင်အတွင်း ဝင်ရောက်နိုင်ခြင်းသည် သူ၏ ကြီးမားဆုံး ဂုဏ်ယူရသည့်အရာ ဖြစ်သည်။ ယခုမူကား၊ ဤရွှေထီးဆောင်းမှု အရာအားလုံးကို သူ၏ရှေ့မှ ဤအယုတ်တမာကောင်လေးက ဖျက်ပစ်လိုက်ပြီ။ ယင်းအစား, သူ၏ဂုဏ်ကျက်သရေအားလုံးသည် သူ၏ရှေ့မှ ဤအယုတ်တမာကောင်လေးအတွက် ခြေနင်းချစရာပင် ဖြစ်လာခဲ့သည်။ ဤအရာက အမြဲတမ်း မာနကြီးပြီး မောက်မာလာခဲ့သည့် သူ့အနေဖြင့် မည်သို့ လက်ခံနိုင်မည်နည်း?။

"ဒီချင်ယွင် သေရမယ်" အဆုံးမရှိ သတ်ဖြတ်လိုစိတ်က သူ့နှလုံးသား အောက်ခြေမှ ထွက်ပေါ်လာရင်း, သူသည် သူ၏စိတ်ထဲတွင် ဟစ်ကြွေးလိုက်မိသည်။

ပြင်းထန်သော မနာလိုစိတ်က ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ်၏ မျက်လုံးများ ကို ချက်ချင်း အမြင်ကွယ်သွားစေကာ၊ သူ၏မျက်လုံးများကို နီမြန်းသွားစေခဲ့သည်။

ဝှီး…။

ထိုကောင်စုတ်ကို သတ်ဖြတ်ရန် သူ မစောင့်နိုင်တော့ပါဘူး။ သူသည် အင်မော်တယ် ကမ္ဘာ တွင် နံပါတ်တစ် ပါရမီရှင်ဖြစ်ကြောင်း လူတိုင်းအား ပြောပြနိုင်ရန်အတွက် သူ၏ခွန်အားကို အသုံးပြုလိုခဲ့သည်။

ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ်သည် ပုံရိပ်ယောင်တစ်ခုအဖြစ် ပြောင်းသွားခဲ့ပြီး၊ ကျန်းတစ်ရာ အကွာအဝေးကို ချက်ခြင်းဖြတ်ကျော်ကာ ချင်ယွင်၏ရှေ့တွင် တိုက်ရိုက် ပေါ်လာသည်။

ပြင်းထန်သော လျှပ်စီးစွမ်းရည် ကောင်းကင်တာအိုစွမ်းအား အတက်အကျလှိုင်းများသည် ထိုလက်ဖဝါးကြီးမှ ချက်ချင်း ထွက်ပေါ်လာသည်။ လက်ဖဝါးကြီးသည် ချင်ယွင်၏ မျက်နှာဆီသို့ ပြင်းထန်စွာ ရိုက်ခတ်လာရင်း၊ ကြောက်မက်ဖွယ်ကောင်းသော အဖျက်စွမ်းအားကို ထုတ်ဖော်ပြသကာ လျှပ်စီးသဖွယ် လင်းလက်သွားခဲ့ပါသည်။

"သေလိုက်တော့," သူက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်နှင့် ရောင်ပြန်ဟပ်သွား သည့် လျှပ်စီးအလင်းကြောင့် သူ၏မျက်နှာက ပို၍ပင် ခက်ထန်ပြီး ကြောက်စရာကောင်း လာခဲ့သည်။

"ဒီလောက်နဲ့ မင်းက ငါ့ကို သတ်လို့ရမှာလား?" ချင်ယွင်က ရယ်မောလိုက်ပြီး၊ သူ၏ ခန္ဓာကိုယ်က ရှောင်တိမ်းခဲ့ခြင်း မရှိခဲပေ။ ဖင်းဂေါ့ဂ်စွမ်းအားသည် သူ၏ခန္ဓာကိုယ်မှ ချက်ချင်း ထွက်ပေါ်လာခဲ့ပြီး သူ၏လက်သီးပေါ်တွင် စုစည်းလာခဲ့သည်။

ရှေးဟောင်းနယ်ပယ်၏ အလယ်အလတ်အဆင့်ရှိ သူ၏ ခွန်အားသည် ထိတ်လန့် တုန်လှုပ်ဖွယ် ကောင်းပြီး၊ သူ၏ လက်သီးက လှုပ်ရှားသွားခဲ့သည်။

ချင်ယွင်၏ လက်သီးဖြင့် ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ်၏ လက်ဖဝါးထဲသို့ တိုက်ရိုက် ထိမှန်သွားပုံရသည်။

"ဘုန်း..’။

ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ် ဧကရာဇ်၏လက်ဖဝါးမှ လျှပ်စီးကြောင်းများသည် ချင်ယွင်၏ လက်သီးချက်ကြောင့် တိုက်ရိုက် ကွဲထွက်သွားခဲ့ပြီး၊ ချင်ယွင်၏လက်သီးသည် အတားအဆီးမရှိဘဲ ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ်၏ လက်ဖဝါးကို ထိမှန်သွား သည်။

"ဖျစ်…."

အရိုးများ ကွဲအက်သံ ထွက်ပေါ်လာသည်။ ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ်၏ ပခုံးပေါ်ရှိ အဖြူရောင်အရိုးတစ်ချောင်းသည် ချက်ခြင်း ကွဲအက်သွားပြီး၊ စွန်းထင်းနေသော သွေးများနှင့်အတူ ကျိုးပဲ့နေသည့် အဖြူရောင်အရိုးက ပေါ်လွင်လာသည်။

"အား..”။

ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ်သည် သနားစဖွယ် အော်ဟစ်သံဖြင့် အော်ဟစ် လိုက်သည်။ ချင်ယွင်၏ လက်သီးချက်ကြောင့် သူ၏လက်တစ်ဖက်လုံး ကြေကွဲလုမတတ် ဖြစ်သွားသည်။ သူ၏လက်မောင်းမှ ထွက်လာသော နာကျင်မှုသည် သူ့အား ပြင်းထန်သော နာကျင်ကိုက်ခဲမှုတစ်ခု ခံစားရစေသည်။

အဝေးမှ လူတိုင်းလည်း ထိတ်လန့်သွားကြသည်။ ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ် ဧကရာဇ်၏ လုံးဝ ပုံပျက်နေသော လက်ပုံစံကို မြင်လိုက်ရသောအခါ သူတို့၏ နှလုံးသားများသည် ထိတ်လန့်ကြောက်ရွံ့မှုများနှင့် ပြည့်နှက်လာခဲ့သည်။

လက်သီးတစ်ချက်က ကောင်းကင်တာအိုနယ်ပယ်၏ အဆင့် ၁၂ ရှိ အင်မော်တယ် ဧကရာဇ် တစ်ပါး၏ လက်မောင်းကို အက်ကွဲသွားခဲ့သည်။ ယင်းက မည်မျှ ကြောက်စရာကောင်း သည့် စွမ်းအားမျိုးပါလဲ?။

ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ်လည်း အလွန်မင်း တုန်လှုပ်ချောက်ချားသွား သည်။ သူ၏တိုက်ခိုက်မှုသည် တွန်းအားပေးခံရရုံတင်မက, သူ၏လက်တစ်ဖက်ကိုလည်း ကွဲကြေသွားစေမည်ဟု သူ မည်သည့်အခါမှ မထင်ထားခဲ့ပေ။ သေချာသည်မှာ, သူသည် ပို၍ ဒေါသထွက်သွားရသည်။

"ငါ မင်းကို သတ်မယ်" ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ်သည် အရူးအမူ ဟိန်းဟောက်လိုက်ရင်း၊ သူ၏မျက်လုံးများသည် အနှိုင်းမဲ့ နီမြန်းလာလေသည်။ အဆုံးမဲ့ အရိုင်းဆန်သော လျှပ်စီးကြောင်းများသည် သူ၏ခန္ဓာကိုယ်မှ တဟုန်ထိုး ပျံ့နှံ့ ထွက်လာပြီး သူ၏ပတ်ဝန်းကျင်ရှိ အရာအားလုံးကို အပိုင်းပိုင်း ပြတ်တောက်သွားစေသည်။

ပတ်ဝန်းကျင်ရှိ အင်မော်တယ် ဧကရာဇ်များအားလုံးသည် တုန်လှုပ်ခြောက်ခြားစွာဖြင့် အဝေးသို့ ဆုတ်ခွာသွားကြသည်။ ဤလျှပ်စီးကြောင်းအတွင်းပါရှိသော စွမ်းအားသည် အနှိုင်းမဲ့ ကြောက်မက်ဖွယ်ကောင်းသည်။ သူတို့ ထိတွေ့မိလျှင်ပင် သေဆုံးနိုင်သည့် အခြေအနေမျိုးဖြင့် အဆုံးသတ်သွားနိုင်သည်။

"သေလိုက်တော့”၊ ကောင်းကင်နတ်မိုးကြိုး တစ်သိန်းကိုးထောင်" ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ် ဧကရာဇ်သည် ကျယ်လောင်စွာ ဟစ်အော်လိုက်သည်။ အဆုံးမရှိ ပြင်းထန်သော လျှပ်စီးကြောင်းများသည် ချင်ယွင်ဆီသို့ ပြင်းထန်စွာ ရိုက်ခတ်သွားသည်။ ကောင်းကင်မှ လျှပ်စီးတစ်သိန်း ပြုတ်ကျလာသကဲ့သို့ ကြောက်မက်ဖွယ်ကောင်းအောင် ပင် ကောင်းကင်ယံ၌ လင်းလက်နေ၏။

ချင်ယွင်သည် အရပ်မျက်နှာအသီးသီးမှ ကြောက်မက်ဖွယ်ကောင်းသော လျှပ်စီးကြောင်း များကို လှမ်းကြည့်သော်လည်း၊ မထီမဲ့မြင်ပြုသော အပြုံးရိပ်က သူ၏မျက်လုံးများတွင် တောက်ပလာသည်။

ချင်ယွင်သည် လုံးဝ မရှောင်တိမ်းဘဲ ကောင်းကင်မှ လျှပ်စီးကြောင်းများကို သူ့ခန္ဓာကိုယ် အပေါ်သို့ ကျရောက်ခွင့် ပြုထားသည့်အလား ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ် ရှိရာဆီသို့ တိုက်ရိုက် လျှောက်လှမ်းသွားခဲ့သည်။

"သူ ရူးနေတာလား?" ပတ်ဝန်းကျင်မှ လူတွေလည်း ချင်ယွင်၏ ရည်ရွယ်ချက်ကို မြင်ပြီး ထိတ်လန့်တကြား အော်ဟစ်လိုက်ကြပါသည်။

ဤလျှပ်စီးသည် ကောင်းကင်တာအိုနယ်ပယ်၏ အဆင့် ၁၂ ကျွမ်းကျင်ပညာရှင်ကိုပင် ဖျက်ဆီးနိုင်သော စွမ်းအားများ ပါရှိနေသည်။ ၎င်း၏စွမ်းအားသည် ကြောက်မက်ဖွယ် ကောင်းလှသည်။ ကောင်းကင်တာအိုနယ်ပယ်၏ အထွက်အထိပ် ပညာရှင်တောင်မှ ခုခံကာကွယ်မှာဖြစ်ပြီး၊ လျှပ်စီးကြောင်းများကို တိုက်ရိုက် ဖောက်ခွဲရန် ခွင့်မပြုဝံ့ပေ။ ထို့ကြောင့် သူတို့မျက်လုံးထဲတွင် ချင်ယွင်၏ လုပ်ရပ်များသည် သေခြင်းတရားကို တောင်းဆိုနေခြင်းလားစု သံသယဝင်စရာ ဖြစ်နေသည်။

"ဟား…၊ ဟား…၊ မင်းကိုယ်တိုင်က သေချင်နေမှတော့ ငါ့ကို အပြစ်မတင်နဲ့" ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ်သည် ကျယ်လောင်စွာ ရယ်မောလိုက်သည်။ ချင်ယွင်သည် ကောင်းကင်နတ်မိုးကြိုး တစ်သိန်းကိုးထောင်ကြောင့် အစိတ်စိတ်အမွှာမွှာ ကြေမွသွားတော့မည်ဟု သူ ကြိုမြင်ထားသကဲ့သို့ သူ၏မျက်နှာပေါ်တွင် အရိုင်းဆန်ဆန် အပြုံးတစ်ခု ပေါ်လာသည်။

"ဒီလျှပ်စီးကြောင်းက ငါ့ကို ဘာမဆိုလုပ်နိုင်မယ်လို့ မင်း တကယ်ထင်နေတာလား?"

ဤအခိုက်အတန့်တွင် ချင်ယွင်၏ မမျှော်လင့်ထားသော အသံသည် လူတိုင်း၏နားထဲတွင် ထွက်ပေါ်လာသည်။

ထို့နောက်တွင် နတ်မိုးကြိုးပေါင်း တစ်သိန်းကိုးထောင်သည် သူ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသည်ကို လူတိုင်းတွေ့လိုက်ရသည်။ သို့သော်၊ ချင်ယွင်၏ရုပ်အသွင်သည် ရှေးခေတ်ကတည်းက တည်ရှိခဲ့သော နတ်တောင်ကြီးကဲ့သို့ ဖြစ်နေပြီး လုံးဝ ထိခိုက်မှု မရှိခဲ့ပေ။

"ဘယ်လို...ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?" လူတိုင်းသည် သူတို့၏မျက်လုံးများကို ပွတ်သပ်လိုက်ကြသည်။ သူတို့မျက်လုံးများတွင် တစ်ခုခုဖြစ်နေသည်ဟု သူတို့ ခံစားရ သည်။ ထိုသို့မဟုတ်လျှင်၊ ယခုလို မယုံနိုင်စရာ မြင်ကွင်းမျိုးကို သူတို့ မည်သို့ မြင်နိုင်မည် နည်း?။

ထိုမြင်ကွင်းကို မြင်လိုက်ရတော့ ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ် မျက်နှာပေါ်က အရိုင်းဆန်သည့် အပြုံးသည် ချက်ချင်း အေးခဲသွားပြီး၊ သူ၏မျက်လုံးများတွင် မယုံကြည် နိုင်ဟန် အမူအရာများဖြင့် ပြည့်နှက်နေခဲ့သည်။

All Chapters