အခန်း ၁၀၅၉
Vol. 71 Ch. 1059
အခန်း (၁၀၅၉) အထွက်အထိပ်ပုဂ္ဂိုလ်၏ စွမ်းအားကို ပြန်လည်ထွက်ပေါ်လာခြင်း။
ချင်ယွင်သည် ရှေ့သို့ လှမ်းလာခဲ့ပြီး သူ၏ခန္ဓာကိုယ်ပေါ်သို့ လျှပ်စီးကြောင်းတစ်သိန်း ကိုးထောင်က ကျရောက်နေသည်။ ကြောက်စရာကောင်းသည့် လျှပ်စီးကြောင်းများသည် သူ့ကို မထိခိုက်စေရုံသာမက၊ ၎င်းတို့သည် သူ၏ခန္ဓာကိုယ်ပေါ်မှာ ပို၍ပင် တောက်ပစွာ လင်းလက်နေခဲ့သည်။
သူ၏ခန္ဓာကိုယ်ထဲကို လျှပ်စီးကြောင်းတစ်သိန်းကိုးထောင် ပေါင်းထည့်လိုက်သော်လည်း၊ သူသည် ဒဏ်ရာ လုံးဝ မရခဲ့ပါဘူး။
ပတ်ဝန်းကျင်မှ လူများသည် တုန်လှုပ်ခြောက်ခြားနေကြပြီး၊ သူတို့၏ နှလုံးသားများသည် တုန်လှုပ်နေသော လှိုင်းလုံးကြီးများကဲ့သို့ ဖြစ်နေခဲ့ပြီး၊ အချိန်အတော်ကြာအောင် မငြိမ်သက်နိုင်ခဲ့ကြပါဘူး။
ထိုအချိန်တွင် ချင်ယွင်သည် လျှပ်စီးများလွှမ်းခြုံးထာသည့် မိုးကြိုးနတ်ဘုရားနှင့် တူနေပါ သည်။ လျှပ်စီးများက မည်မျှပင် ပြင်းထန်နေပါစေ, သူ၏အမူအရာက တည်တည်ငြိမ်ငြိမ် နှင့် စိတ်အေးလက်အေးဖြစ်နေခဲ့သည်။
ဤအခိုက်အတန့်တွင် ချင်ယွင်၏ စိတ်နှလုံးသည် ရွှင်လန်းမှုအပြည့်ရှိသည်ဟု ဆိုနိုင်သည်။ သူ၏ခန္ဓာကိုယ်သည် တစ်သိန်းကိုးထောင်သော လျှပ်စီးများကို မကြောက်သည့် အဆင့်သို့ အမှန်တကယ် ရောက်ရှိနေခဲ့သည် မဟုတ်သေးသော်လည်း၊ သူသည် လျှပ်စီးစွမ်းရည် ကောင်းကင်တာအိုဉပဒေသများကို ကျင့်ကြံထားသူ ဖြစ်ပါသည်။
သူ၏ လျှပ်စီးစွမ်းရည်ကိုယ်ပွား ကျွမ်းကျင်ပိုင်နိုင်ခဲ့သည့် လျှပ်စီးဝါးမျိုးခြင်း နတ်ဘုရား စွမ်းရည်နှင့် ပေါင်းစပ်လိုက်ခြင်းဖြင့်၊ ဤအပြင်းအထန် တရစပ်တိုက်ခိုက်နေသော လျှပ်စီးများအတွင်းရှိ ပါဝင်နေသော ကောင်းကင်တာအို စွမ်းအားများသည် သူ့ကြောင့် လုံးဝ ဝါးမျိုခံနေရသည်။ ကြွင်းကျန်နေသေးသည့် လျှပ်စီးများက သူ့ကို ကလိထိုးနေသ လောက်ပင်။ သူ့ကို မည်သို့ ထိခိုက်စေနိုင်မည်နည်း?။
ဟုတ်ပါသည်။ ချင်ယွင်က ဤနောက်ကွယ်မှ အကြောင်းအရင်းကို တခြားလူတွေကို ရှင်းပြမှာ မဟုတ်ပါဘူး။ ယခုအချိန်တွင် သူလုပ်ရမည့်အရာက ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ် ဧကရာဇ်၏ မာန်မာနကို လုံးဝ ဖျက်ဆီးပစ်ရန်ပင် ဖြစ်ပါသည်။
"မင်းက လျှပ်စီးကို ဒီလောက်ကြိုက်မှတော့, ငါလည်း မင်းကို လျှပ်စီးရဲ့အရသာကို မြည်းစမ်းခွင့် ပေးမယ်။" ချင်ယွင်က ရယ်မောလိုက်ပြီး သူ၏ပုံရိပ်က ဖျတ်ခနဲ လင်းလက် သွားခဲ့သည်။ တခဏအတွင်းမှာပင်, သူသည် ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ် ဧကရာဇ်၏ ရှေ့သို့ ရောက်ရှိလာခဲ့သည်။ ချင်ယွင်၏ လက်ဖဝါးတွင် အနက်ရောင်လျှပ်စီးများ လက်လာ သည်။
ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ်သည် ချက်ချင်းပင် ထိတ်လန့်သွားသည်။ ချင်ယွင်သည် ဤမျှလောက် မြန်ဆန်မည်ဟု သူ မမျှော်လင့်ထားခဲ့ပါဘူး။ မြန်လွန်းသဖြင့် ချင်ယွင်သည် သူ၏ရှေ့ကို မည်သို့မည်ပုံ ရောက်လာသည်ကိုပင် သူ မမြင်နိုင်ပေ။ ထို့အပြင် ချင်ယွင်၏ လက်ဖဝါးမှ အနက်ရောင်လျှပ်စီးများသည် သူ့ကို ထုံကျင်သည့် ခံစားချက်ကို ပေးစွမ်းနေသည်။
အနက်ရောင် ဖရိုဖရဲ လျှပ်စီးကြောင်းများသည် လှိုင်းထလာပြီး အလွန်မင်း ပြင်းထန်သော ကောင်းကင်တာအိုစွမ်းအင် အတက်အကျများ ပါရှိနေသည်။
အနက်ရောင်လျှပ်စီးတွင်ပါရှိသော ကောင်းကင်တာအိုဉပဒေသ စွမ်းအားသည် လျှပ်စီး စွမ်းရည်သုံးမျိုးကို ပေါင်းစပ်ပြီးနောက် ဖြစ်ပေါ်လာသည့် ကောင်းကင်တာအိုစွမ်းအားများ ဖြစ်သည်။ ၎င်း၏ စွမ်းအားသည် ကောင်းကင်တာအိုနယ်ပယ် အဆင့် ၁၂ ၏ စွမ်းအားထက် အားနည်းသည် မဟုတ်ပေ။
အဝေးမှလူတိုင်း ချင်ယွင်၏ လက်ဖဝါးထဲမျ လျှပ်စီးကြောင်းများကို ကြည့်ပြီး သူတို့ နှလုံးသားတွေ ခုန်ပေါက်သွားသကဲ့သို့ ခံစားလိုက်ရပါသည်.
"ငါ့ရဲ့ လျှပ်စီးစွမ်းအားကို မင်းကို မြည်းစမ်းခွင့်ပေးမယ်။" ချင်ယွင်က ရယ်မောလိုက်ပြီး သူ၏လက်ထဲမှ လျှပ်စီးစွမ်းအားဖြင့် ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ် ပြင်းပြင်း ထန်ထန် ရိုက်ချလိုက်သည် ။
ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ်သည် ချက်ချင်းပင် ထိတ်လန့်သွားပြီး ချင်ယွင်၏ တိုက်ခိုက်ခြင်းကို တားဆီးရန် ကောင်းကင်တာအိုလျှပ်ဆီးစွမ်းအားကို အလျင်အမြန် စုစည်းလိုက်ပါသည်။
သို့သော်၊ သူ၏ ကောင်းကင်တာအို လျှပ်စီးစွမ်းအားသည် ချင်ယွင်၏ လက်ဖဝါးမှ လျှပ်စီး ကြောင်းများ မထိခင်မှာပင် ကွဲကြေသွားခဲ့သည်။ ထို့နောက် ချင်ယွင်၏ လက်ဖဝါးက သူ၏ ရင်ဘတ်ကို ချေမွပစ်မည့်အလား ရိုက်ချလိုက်ပါသည်။
"ဘုန်း..”။
လျှပ်စီးစွမ်းအားက ပွင့်ထွက်သွားပြီး အနက်ရောင် လျှပ်စီးများ လင်းလက်လာသည်။ ကြောက်မက်ဖွယ်ကောင်းသော လျှပ်စီးကြောင်းများသည် ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ် ဧကရာဇ်၏ ခန္ဓာကိုယ် တစ်ခုလုံးကို ချက်ချင်း လွှမ်းခြုံသွားသည်။
အနက်ရောင် လျှပ်စီးကြောင်းများသည် သူ၏ခန္ဓာကိုယ်ကို ထိလိုက်သည်နှင့် သူ၏ ခန္ဓာကိုယ်ကို ဧရာမသံတူကြီးဖြင့် ရိုက်နှက်လိုက်သလို ခံစားရသည်။
သူ၏တစ်ကိုယ်လုံး အထိန်းအကွပ်မရှိ နောက်ပြန် ဆုတ်သွားကာ မြေပြင်ပေါ်သို့ လဲကျသွားသည်။ သူ၏ရင်ဘတ်က မည်းနက်နေပြီး စိတ်မကောင်းဖွယ် အနေအထားမျိုး ရှိနေပါသည်။
လူတိုင်း ထိုမြင်ကွင်းကို ခံစားချက်အပြည့်ဖြင့် ကြည့်နေကြပါသည်။
ကောင်းကင်တာအိုနယ်ပယ်၏ အဆင့် ၁၂ ကျွမ်းကျင်ပညာရှင် ဖြစ်သည့် အတိတ်က ပါရမီရှင်တစ်ဦးသည် ချင်ယွင်၏ ရှေ့တွင် ပြန်လည်တိုက်ခိုက်ရန် ခွန်အားအနည်းငယ်မျှပင် မရှိခဲ့ပေ။
ဤအခိုက်အတန့်တွင်၊ ချင်ယွင်၏ စွမ်းအားသည် ကောင်းကင်တာအိုနယ်ပယ်၏ ပြီးပြည့်စုံခြင်းအဆင့်ထက် အားမနည်းဟု လူတိုင်းက ဆုံးဖြတ်ထားပြီး ဖြစ်သည်။
အနှစ်တစ်ရာအတွင်း၊ ကောင်းကင်တာအိုနယ်ပယ် ပြီးပြည့်စုံခြင်းသို့ ရောက်ရှိခဲ့သည်။ ဤအရာသည် ကောင်းကင်ဘုံကို မည်ကဲ့သို့ အံတုခြင်းမျိုးနည်း?။
ချင်ယွင်သည် ဂုဏ်ယူဝင့်ကြွားစွာ မတ်တပ်ရပ်နေပြီး၊ အဝေးမှာ ခွေးသေတစ်ကောင်လို မြေပြင်ပေါ်တွင် လဲလျောင်းနေသော ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ်ကို သူ၏မျက်လုံးများတွင် မထီမဲ့မြင်ပြုဟန် အပြုံးဖြင့် ကြည့်နေသည်။
"မင်း ငါ့ကိုသတ်ပြီး ကောင်းကင်တာအိုသစ်သီးကို သိမ်းယူချင်သေးလား" ချင်ယွင် ရယ်မောကာ မေးလိုက်သည်။
သူပြောပြီးသည်နှင့် သူသည် သူ၏ဝတ်စုံလက်မောင်းကို ဝှေ့ယမ်းလိုက်ပြီး၊ မြေပြင်ပေါ်မှ နွယ်ပင်များစွာ ပေါက်ထွက်လာကာ ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ် ဧကရာဇ်ကို နွယ်ပင်များထဲတွင် တိုက်ရိုက် ထုပ်ပိုးထားသည်။
ယခုအချိန်တွင် သူ၏အတွေးတချက်ဖြင့်ပင်, ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ်၏ အသက်ကို လုံး၀ ဝါးမြိုသွားမည်ဖြစ်ပြီး၊ သူသည် သေဆုံးဝိညာဉ်အဖြစ်သို့ လျော့ကျသွား မည် ဖြစ်သည်။
ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ်၏ မျက်နှာသည် သွေးများဖြင့် ဖုံးလွှမ်းနေပြီး၊ သူ၏ဆံပင်များက ပို၍ပင် ရှုတ်ပွနေပါသည်။ သူ၏အဝတ်အစားတွေလည်း စုတ်ပြတ်နေ ပြီ။ ယခင် သူစင်မြင့်ပေါ်မှာ ပေါ်လာစဉ်က ချောမောခန့်ညားသည့် အခြေအနေမျိုးနှင့် မည်သိုမျှ မသက်တော့ပေ။ အကယ်၍, သူ့ကို လမ်းဘေးမှာ ပစ်ထားမည်ဆိုလျှင်, တခြားလူတွေက သူတောင်းစားထင်မှာပင် စိုးရသည်။
သတ်ဖြတ်လိုသည့်ဆန္ဒ….။
အဆုံးမဲ့ သတ်ဖြတ်လိုသည့်ဆန္ဒက မီးတောင်ပေါက်ကွဲသည့်အလား ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ်၏ နှလုံးသားထဲတွင် ပြည့်လျှံလာပါသည်။ သူသည် ချင်ယွင်ကို စူးစူးစိုက်စိုက် ကြည့်နေရင်း၊ သူ၏မျက်လုံးများတွင် အဆုံးမဲ့ သတ်ဖြတ်လိုသည့်ဆန္ဒများ ဖြင့် ပြည့်နှက်နေသည်။
ပတ်ဝန်းကျင်ရှိ အငွေ့အသက်က ရုတ်တရက် ပြင်းထန်လာသည်။ ကြီးမားပြင်းထန်သော သတ်ဖြတ်လိုသည့်ဆန္ဒက ပတ်ဝန်းကျင်ကို လွှမ်းခြုံသွားသည်။ ထိုအချိန်တွင် မူလက ငြိမ်သက်နေသော ကောင်းကင်ပြင်မှ ကြောက်မက်ဖွယ်ရာ စွမ်းအင်အတက်အကျလှိုင်းများ ထွက်ပေါ်လာသည်။ တိမ်မည်းတွေက တလှိမ့်လှိမ့်တက်လာပြီး ကောင်းကင်ကို ဖုံးလွှမ်းသွားသည်။ ကမ္ဘာကြီးသည် သူ့အလိုလို နစ်မြုပ်သွားတော့မည့်အလား ဖျက်ဆီးခြင်း အငွေ့အသက်က ကမ္ဘာမြေကြီးကို လွှမ်းခြုံထားပါသည်။
ချင်ယွင်သည် အနည်းငယ် မျက်မှောင်ကြုတ်ပြီး သူ၏နှလုံးသားထဲတွင် ဆိုးရွားသော ကြိုတင်သတိပေးချက်တစ်ခု ထွက်ပေါ်လာသည်။
ပတ်ဝန်းကျင်ရှိ လူတိုင်းလည်း အံ့အားသင့်ဟန် အမူအရာများကို ထုတ်ဖော်လာကြသည်။ သူတို့သည် ပြောင်းလဲနေသော ကောင်းကင်ကြီးကို မော့ကြည့်လိုက်ပြီး ဘာဖြစ်သွားမှန်း မသိကြပေ။
"အရင်တုန်းက ငါ ဒီစွမ်းအားကို မသုံးချင်ခဲ့ပေမယ့် မင်းက ငါ့ကို အတင်းကြပ် အသုံးပြုခိုင်း တယ်။ ချင်ယွင်, မင်းရဲ့ အရည်အချင်းက တကယ်ပဲ ငါ့အထက်မှာရှိပြီး ကောင်းကင်ဘုံကို အံတုနိုင်ပါတယ်။ ဒါပေမယ့် မင်း ဒီနေ့ သေခြင်းကနေ မလွတ်မြောက်နိုင်သေးဘူး။" ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ်သည် ချင်ယွင်ကို ရုတ်တရက် ကြည့်ကာ အနှိုင်းမဲ့ လွှမ်းမိုးနိုင်စွမ်းရှိသည့် အသံဖြင့် ပြောလိုက်သည်။
ထို့နောက်တွင်၊ သူ၏ခန္ဓာကိုယ်မှ လျှပ်စီးကြောင်းများ ထွက်ပေါ်လာပြီး သူ၏ခန္ဓာကိုယ်နှင့် ဆက်စပ်နေသော နွယ်ပင်များအားလုံးကို တိုက်ရိုက် ကြေမွသွားစေသည်။
ချင်ယွင်ကြောင့် မူလကရရှိထားသော ဒဏ်ရာများသည်လည်း သာမန်မျက်စိဖြင့် မြင်နိုင်သော အမြန်နှုန်းဖြင့် ပြန်ကောင်းလာခဲ့သည်။
ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ်၏ ခန္ဓာကိုယ်သည် လေဟာနယ်မှာထဲ ရပ်နေခဲ့ သည်။ သူ၏အင်္ကျီက လုံးဝ စုတ်ပြဲသွားပြီ။ ကြောက်မက်ဖွယ် လျှပ်စီးကြောင်းများသည် သူ၏ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားပြီး သူ၏ခန္ဓာကိုယ်မှ တုနှိုင်းမရအောင် ကြောက်မက်ဖွယ် ကောင်းသည့် ဖိအားတစ်ခု ထွက်လာသည်။
ပတ်ဝန်းကျင်မှ လူများသည် ချက်ချင်းဆိုသလို သူတို့၏စိတ်နှလုံးများ တုန်ယင်လာသည် ကို ခံစားလိုက်ရသည်။ အင်မော်တယ် ဧကရာဇ်များပင်လျှင် ဒူးထောက်ရန် တွန်းအားကို မခံစားရဘဲ မနေနိုင်ခဲ့ပါချေ။
"အထွက်အထိပ်စွမ်းအား?”။ မင်းက အထွက်အထိပ်ပုဂ္ဂိုလ်ရဲ့ တပည့်တစ်ဦးလား?။" ချင်ယွင်က အံ့သြစွာ ပြောသည်။
မှန်ပါသည်။ ဤအခိုက်အတန့်တွင် ထိုစွမ်းအားသည် ချင်ယွင် အရင်က အသုံးပြုခဲ့ဖူးသော အထွက်အထိပ်ပုဂ္ဂိုလ်၏ စွမ်းအားဖြစ်ပါသည်။ သူသည် အထွက်အထိပ်ပုဂ္ဂိုလ်၏ စွမ်းအား ကို ယခင်က အသုံးပြုခဲ့ဖူးသောကြောင့် အထွက်အထိပ်ပုဂ္ဂိုလ်၏ စွမ်းအား အငွေ့အသက် နှင့် အလွန်ရင်းနှီးပါသည်။ ဤအခိုက်အတန့်၌ ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ် အသုံးပြုခဲ့သော စွမ်းအားသည် လျှပ်စီးစွမ်းရည် အထွက်အထိပ်ပုဂ္ဂိုလ်၏ စွမ်းအား ဖြစ်ပါသည်။
"မင်းက အတော်လေး သိထားတာပဲ။ မင်းက အဓိပတိဉသျှောင် တမန်တော်တွေကို တကယ် သိနေခဲ့တယ်။ မင်းက အဓိပတိဉသျှောင် တမန်တော်တွေအကြောင်း သိထားမှ တော့ အဓိပတိဉသျှောင် တမန်တော်တွေ ဘယ်လောက် အစွမ်းထက်လဲဆိုတာ သိထားရ မယ်။" ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ် မောက်မာစွာ ဆိုလိုက်ပါသည်။ ယခုအချိန်တွင် သူသည် သူ၏ ယခင် မောက်မာမှုမျိုးကို ပြန်လည်ရရှိနေပြီ ဖြစ်သည်။
အဓိပတိဉသျှောင် တမန်တော် ဖြစ်လာနိုင်သည့် မည်သူမဆို အထွက်အထိပ် စွမ်းအား အပ်နှင်းခံရမည်မှာ သေချာပါသည်။ ဤအထွက်အထိပ် စွမ်းအားသည် အလွန်မင်း အစွမ်းထက်သော ဝှက်ဖဲတစ်ခု ဖြစ်မည်မှာလည်း သေချာပါသည်။ အသုံးပြုသည့်လူ ပိုသန်မာလေ, ထိုစွမ်းအားက ပိုအားကောင်းလေပင်။
အထွက်အထိပ် စွမ်းအားကို ပိုင်ဆိုင်ထားသည့် ကောင်းကင်တာအိုနယ်ပယ်၏ အဆင့် ၁၂ ရှိ အင်မော်တယ် ဧကရာဇ်တစ်ပါးသည် ကောင်းကင်တာအိုနယ်ပယ်၏ ပြီးပြည့်စုံခြင်း အဆင့်ရှိ အင်မော်တယ် ဧကရာဇ်တစ်ပါးကို သတ်ဖြတ်နိုင်ပါသည်။ ဤသည်မှာ ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ် အမှန်တကယ် မာနထောင်လွှားရသည့် အကြောင်းရင်းလည်း ဖြစ်ပါသည်။
အထွက်အထိပ် အငွေ့အသက် ထုတ်လွှတ်နေသော ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ် ဧကရာဇ်ကို ကြည့်ရင်း ပတ်ဝန်းကျင်ရှိ အင်မော်တယ် ဧကရာဇ်များ၏ မျက်နှာများသည် ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။
အဓိပတိဉသျှောင်တမန်တော်များသည် မည်သည့်အရာကို ကိုယ်စားပြုသည်ကို သူတို့ မသိကြသော်လည်း ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ်၏ အငွေ့အသက်သည် ၎င်းတို့အား ကြောက်ရွံ့ခြင်းသဘောကို ပေးစွမ်းနိုင်သည်ကိုတော့ သူတို့ သိရှိကြသည်။
သူတို့သည် ဤတိုက်ပွဲတွင် သည်းထိတ်ရင်ဖိုစရာမရှိတော့ဟု မူလက ထင်ထားခဲ့သည်။ ဤတိုက်ပွဲသည် ချင်ယွင်၏အောင်ပွဲအဖြစ် တွေးထားကြပြီး ပြန်ဆုတ်ခွာရန်ပင် စိတ်ကူး ထားကြသည်။ သေချာပါသည်။ ယခုအချိန်တွင်, သူတို့၏ နှလုံးသားများသည် ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ်ဘက်သို့ တဖြည်းဖြည်း အလေးသာသွားပြန် ပါပြီ။
ချင်ယွင်လည်း စိတ်လှုပ်ရှားမူ အပြည့်ရှိ နေသည်။ ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ် ဧကရာဇ်သည် အထွက်အထိပ်ပုဂ္ဂိုလ်၏ တမန်တော်တစ်ဦး ဖြစ်နေမည်ဟု သူလည်း မမျှော်လင့်ခဲ့ပေ။
"အထွက်အထိပ်ပုဂ္ဂိုလ်တစ်ယောက်ရဲ့ တမန်တော်တစ်ဦးက တကယ်ပဲ ပြိုင်ဘက်ကင်း ဖြစ်နေပြီလို မင်း ထင်နေတာလား?။ အဓိပတိဉသျှောင် တမန်တော်တစ်ယောက်ကို ငါကိုယ်တိုင် သတ်ခဲ့ဖူတယ်လို့ မင်းကိုပြောလိုက်ရင် မင်း ကြောက်မသွားဘူး မဟုတ် လား?။ ဒီနေ့မှာလည်း မင်းကို ငါ သတ်ဖြတ်နိုင်သေးတယ်" ချင်ယွင်က လွှမ်းမိုးကြီးစိုးစွာ ပြောလိုက်ပြီး ပြင်းထန်သော တိုက်ခိုက်လိုစိတ်က သူ၏မျက်လုံးထဲတွင် တောက်ပလာ ခဲ့ပါသည်။
"ဟမ့်၊ ကြွားလုံးထုတ်နေသေးတယ်။ ဒီနေ့ ငါ မင်းကို အထွက်အထိပ်ပုဂ္ဂိုလ်တစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို မင်းစော်ကားလို့ မရဘူးဆိုတာ မင်းကို ငါ ပြောမယ်။" ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ် ဧကရာဇ်သည် သူ၏ခန္ဓာကိုယ်မှ အကန့်အသတ်မဲ့ လျှပ်စီးကြောင်းများ ထွက်လာပေါ်စဉ် အေးစက်စွာ ပြောလိုက်သည်။
ကောင်းကင်ယံတွင် မှောင်မိုက်နေသော တိမ်တိုက်များလည်း မိုးခြိမ်းသံ, လျှပ်စီးလက်သံ များနှင့်အတူ လှိမ့်တက်လာခဲ့ပြီး၊ ဖျက်ဆီခြင်း အငွေ့အသက်များက ပို၍ပင် ထူထပ်လာ သည်။