← Chapters

အခန်း ၁၀၆၀

Vol. 71 Ch. 1060

အခန်း ၁၀၆၀

Vol. 71 Ch. 1060

အခန်း (၁၀၆၀) အရူးအမူးတိုက်ခိုက်ခြင်း။

"ဘုန်း”။

ကောင်းကင်ယံတွင် မိုးခြိမ်းသံတစ်ချက် ပေါက်ကွဲသွားခဲ့ပြီး၊ လျှပ်စီးကြောင်းများက ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ်ကို လွှမ်းခြုံသွားကာ ချင်ယွင်ဆီသို့ တဟုန်ထိုး ပြေးသွားခဲ့သည်။

ကြောက်စရာကောင်းသော အထွက်အထိပ် လျှပ်စီးစွမ်းအားသည် သူ၏လက်ဖဝါးတွင် စုစည်းထားသည်။ ခရမ်းရောင် လျှပ်စီးကြောင်းများသည် အဆုံးမဲ့ ဖျက်ဆီးခြင်း အငွေ့အသက်များ ဖြာထွက်နေပြီး လူများကို စိတ်နှလုံးအောက်မှ ကြောက်ရွံ့မှုကို ဖြစ်ပေါ်စေသည်။

လျှပ်စီးက လင်းလက်နေပြီး ကမ္ဘာကြီးသည် တိတ်ဆိတ်နေ၏။

ထိုဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ်သည် ကောင်းကင်ကို ဖြတ်သန်းသွားသော လျှပ်စီးကြောင်းကဲ့သို့ ဖြစ်သွားပြီး၊ ၎င်း၏စွမ်းအား တုနှိုင်းမရနိုင်အောင် ကြီးမားလှသည်။ ယင်းသည် လူများကို သူတို့၏ စိတ်နှလုံးထဲမှ ရိုသေလေးစားမှုကို မခံစားရဘဲ မနေနိုင်ခဲ့ပါ ချေ။

သူက ချင်ယွင်ကို ကမ္ဘာပေါ်မှာ မည်သူက နံပါတ်တစ် ပါရမီရှင်ဖြစ်လဲဆိုသည်ကို သိစေချင် သည်။

ချင်ယွင်သည် ထိတ်လန့်တုန်လှုပ်ဖွယ် လျှပ်စီးကြောင်းများကို ကြည့်လိုက်ရင်း၊ သူ၏ မျက်လုံးများသည် ပြင်းထန်သော တိုက်ခိုက်လိုစိတ်ဖြင့် ပေါက်ကြားလာခဲ့သည်။ သူ၏ရင်ဘတ်ထဲမှ သွေးတွေလည်း ပွက်ပွက်ဆူလာပါသည်။

"ကောင်းပြီ၊ ဒီနေ့ မင်းရဲ့ အထွက်အထိပ်စွမ်းအားကို ငါ ဖြိုခွင်းပါရစေ" ချင်ယွင်၏ သူရဲကောင်းဆန်သော အငွေ့အသက်သည် တွန့်ဆုတ်ခြင်းမရှိဘဲ သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။

ချက်ချင်းပင် လေလှိုင်းများက ပြင်းထန်စွာ ကခုန်လာပြီး၊ ကျောက်တုံးများက နတ်ဆိုး နတ်ဘုရားတစ်ပါး တောင်များကို လှုပ်ခါလိုက်သကဲ့သို့ ပြိုကျလှိမ့်သွားခဲ့သည်။

ဖင်းဂေါ့ဂ်စွမ်းအင်သည် မိုးခြိမ်းသံကဲ့သို့ တဟုန်းဟုန်း ထွက်ပေါ်လာကာ သူ၏လက်ထဲသို့ စိမ့်ဝင်သွားပြီး၊ ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ်၏ လက်ဖဝါးဆီသို့ တိုက်ရိုက် ရိုက်ချလိုက်သည်။

"ဘုန်း..”

ကောင်းကင်ယံ၌ ကျယ်လောင် ပေါက်ကွဲသံနှင့်အတူ ကြောက်မက်ဖွယ် စွမ်းအင် လှိုင်းလုံးကြီး ထွက်ပေါ်လာသည်။

ချင်ယွင်၏ ခြေဖဝါးအောက်ရှိ မြေပြင်သည် ဤကြောက်မက်ဖွယ် ကောင်းသော စွမ်းအင် လှိုင်းလုံးများအောက်တွင် တစ်လက်မချင်းစီ ကွဲအက်သွားပြီး၊ ကြေမွနေသော ကျောက်တုံးအပိုင်းစများ အဖြစ်သို့ ပြောင်းလဲသွားပြီး ကောင်းကင်ယံ၌ ပြည့်နှက်သွားခဲ့ သည်။

ချင်ယွင်၏ ခန္ဓာကိုယ်သည် တုန်ခါသွားပြီး၊ သူ၏လက်မှတဆင့် ကြောက်မက်ဖွယ် လျှပ်စီးစွမ်းအား ထွက်ပေါ်လာသည်ကို ခံစားလိုက်ရသည်။ ဤ လျှပ်စီးစွမ်းအားသည် အားကောင်းပြီး အစွမ်းထက်ကာ၊ ၎င်းသည် အမှန်တကယ်တွင် ချင်ယွင်၏ ဖင်းဂေါ့ဂ်စွမ်းအား အားလုံးကို ပြင်းပြင်းထန်ထန် နှိမ်နင်းသွားခဲ့သည်။

"ဖူး…”။

ချင်ယွင်သည် ချက်ချင်းပင် ပါးစပ်မှ သွေးများ အန်ထွက်လာပြီး လွင့်ထွက်သွားသည်။

"ဘယ်လောက်တောင် အစွမ်းထက်လိုက်တဲ့ အထွက်အထိပ်လျှပ်စီးစွမ်းအားလဲ?။ ချင်ယွင်သည် ထိတ်လန့်သွားပြီး သူ၏မျက်နှာက အံ့သြမှုအပြည့် ရှိနေပါသည်။

မူလက သူ၏လက်သီးချက်သည် ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ် တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိမည်ဟု သူထင်ခဲ့သော်လည်း ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ်ထံမှ အထွက်အထိပ် လျှပ်စီးစွမ်းအားသည် အမှန်တကယ်ပင် သန်မာလွန်းလှသည်။ သူ၏ ဖင်းဂေါ့ဂ်စွမ်းအားသည် ၎င်းနှင့် ထိတွေ့သည်နှင့် တပြိုင်နက် သူသည် ပြန်လည် တွန်းထုတ်ခံခဲ့ရသည်။ ကြောက်မက်ဖွယ်ကောင်းသော လျှပ်စီးကြောင်းများသည် သူ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာပြီး ပေါက်ကွဲလုမတတ် နာကျင်မှုကို သူ၏တစ်ကိုယ်လုံး ခံစားရစေသည်။

အဝေးမှ လူတွေအားလုံးလည်း ထိတ်လန့်သွားကြပါသည်။ ယခင်က ချင်ယွင်သည် ပြိုင်ဘက်ကင်း ဖြစ်ခဲ့သော်လည်း ယခုအခါတွင် တစ်ချက်လှုပ်ရုံဖြင့် တွန်းလှန်ခံခဲ့ရသည်။ ဤခြားနားမှုသည် မြန်ဆန်လွန်းသည်။

"ဟမ့်၊ အထွက်အထိပ်ပုဂ္ဂိုလ်တစ်ယောက်ရဲ့ စွမ်းအားကို မင်းက ဘယ်လိုလုပ် ယှဉ်ပြိုင်နိုင် မှာလဲ?။ အထွက်အထိပ်ပုဂ္ဂိုလ်ရဲ့ စွမ်းအားရှေ့မှာ၊ ဘယ်အရာကမှ တစ်ချက်လေးတောင်မှ ခံနိုင်ရည် မရှိတော့ဘူး။ အခု ဘယ်သူက ပါရမီရှင်အစစ်ဆိုတာ ငါ မင်းကို ပြောပြပေးမယ်။" ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ် ဧကရာဇ်က အေးစက်စွာ ဟစ်ကြွေးရင်း လေဟာနယ် ပေါ်ကို ခြေလှမ်းလိုက်သည်။ သူ၏ခြေဖဝါးအောက်မှ မိုးခြိမ်းသံတစ်ချက် ရုတ်တရက် ပေါ်လာပြီး သူ၏တစ်ကိုယ်လုံးသည် နောက်ပြန် လွင့်စင်သွားသော ချင်ယွင်ဆီသို့ လျင်မြန်စွာ ပျံသန်းသွားခဲ့သည်။

ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ်သည် မိုးကြိုးလျှပ်စီး၏ ကောင်းချီးကို ပိုင်ဆိုင် ထားသည်။ ယခုအချိန်မှာ သူ၏အမြန်နှုန်းက ကြောက်စရာကောင်းသည့် အဆင့်ကို ရောက်ရှိနေပါပြီ။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် ချင်ယွင်၏ ရှေ့ကို ရောက်လာခဲ့ သည်။

"ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ အမြန်နှုန်းလဲ။ ဒါက ဒဏ္ဍာရီလာ အထွက်အထိပ်စွမ်းအားလား?? အရမ်းကို အစွမ်းထက်လွန်းတယ်" အဝေးမှလူတွေအားလုံး အလန့်တကြား အော်ဟစ်လိုက်ကြသည်။

'"မှန်တယ်။ ကြည့်ရတာ, ချင်ယွင်ကတော့ ဒီနေရာမှာ လုံး ဝရှုံးနိမ့်သွားဖွယ် ရှိတယ်။ သူ့ရဲ့ အရည်အချင်းက သာလွန်ကောင်းမွန်ပြီး သူ့ရဲ့ စွမ်းအားက အားမနည်းပေမယ့် ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ်က အထွက်အထိပ်ပုဂ္ဂိုလ်ရဲ့ စွမ်းအားတွေကို ပိုင်ဆိုင်ထားဆဲပဲ။” တစ်စုံတစ်ယောက်သည် မနာလိုဝန်တိုခြင်းနှင့် ကြည်ညိုလေးစားခြင်း များဖြင့် ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ်ကို ကြည့်နေစဉ် စိတ်ခံစားချက်နှင့်အတူ သက်ပြင်းချလိုက်သည်။

အထွက်အထိပ်ပုဂ္ဂိုလ် များသည် ၎င်းတို့၏ နှလုံးသားထဲတွင် မြင့်မြတ်သော တည်ရှိမှုများ ဖြစ်ကြပါသည်။ အထွက်အထိပ်ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာနိုင်ခြင်း၊ အထွက်အထိပ်ပုဂ္ဂိုလ်များ အတွက် တာဝန်ထမ်းဆောင်ခြင်းနှင့် အထွက်အထိပ်ပုဂ္ဂိုလ်များထံမှ'ဆုလာဘ်များ ရယူနိုင်ခြင်းတို့သည် အထူးဂုဏ်ယူစရာ ကိစ္စရပ်တစ်ခု ဖြစ်ပါသည်။

ထို့ကြောင့် ရောက်ရှိနေသူ လူတိုင်းသည် အထွက်အထိပ်ပုဂ္ဂိုလ်၏ စွမ်းအားကို အားကိုးခြင်း၍ ချင်ယွင်ကို အနိုင်ယူခြင်းသည် ရှက်ဖွယ်ကောင်းသည်ဟု မထင်ခဲ့ကြပေ။ ယင်းအစား၊ ဤအရာသည် ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ်၏ စွမ်းအား ဖြစ်သည်ဟု သူတို့ ထင်မြင်ကြသည်။

သူတို့အဆင့်မှာ သူတို့မလုပ်နိုင်တာ ဘာမှ မရှိပါဘူး။ သင် သူတို့ကို အနိုင်ယူနိုင်ခြင်းကပင် သင်၏ စွမ်းအားဖြစ်ပါသည်။

ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ်သည် ချင်ယွင်၏ရှေ့တွင် ချက်ချင်း ပေါ်လာပြီး၊ ယင်းက ချင်ယွင်ကို တုန်လှုပ်သွားစေသည်။

ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ် အသုံးပြုခဲ့သည့် အထွက်အထိပ် စွမ်းအားသည် ယခင်က သူအသုံးပြုခဲ့ဖူးသည် လေစွမ်းရည် အထွက်အထိပ် စွမ်းအားထက် သိသိသာသာ ပြင်းထန်ပါသည်။

အထူးသဖြင့်၊ လျှပ်စီးစွမ်းရည်ဖြစ်သည့် ဤ အထွက်အထိပ်ပုဂ္ဂိုလ်၏ စွမ်းအားသည် ဖျက်စီးခြင်းနှင့် အမြန်နှုန်း နှစ်မျိုးစလုံးတွင် အလွန်မင်း အစွမ်းထက်ပါသည်။

ဘန်း…။

အနည်းငယ်မျှ တုံ့ဆိုင်းမနေဘဲ၊ ချင်ယွင်သည် ဖြစ်ပေါ်လာသော တိုက်ခိုက်မှုများကို တားဆီးရန် လေနှင့် လျှပ်စီးစွမ်းရည်များကို တိုက်ရိုက် စုစည်းလိုက်ပါသည်။

ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ်သည် သူ၏ပါးစပ်ထောင့်က ရယ်မောဟန်ဖြင့် တွန့်ကွေးသွားသည်။ ခရမ်းရောင် အထွက်အထိပ်လျှပ်စီးစွမ်းအင်သည် သူ၏လက်မှ တဟုန်ထိုး ပျံ့နှံ့လာခဲ့ပြီး ခရမ်းရောင် လျှပ်စီးနဂါးကြီးအဖြစ်သို့ စုစည်းသွားခဲ့သည် ။

ခရမ်းရောင် လျှပ်စီးနဂါးကြီး ပေါ်လာသည်နှင့် တပြိုင်နက် ဤကြောက်မက်ဖွယ် စွမ်းအား ကို မခံနိုင်ဘဲ ပြိုကျတော့မည့်အလား၊ လေဟာနယ် တစ်ခုလုံး ပြင်းထန်စွာ တုန်လှုပ်စ ပြုလာသည်။

"မင်းက လျှပ်စီးကို ပြင်းပြင်းထန်ထန် လှုပ်ရှားရတာ ကြိုက်တယ် မဟုတ်လား?။ မင်းရဲ့ ခန္ဓာကိုယ်က ဒီလျှပ်စီးကြောင်းရဲ့ အစွမ်းကို ခံနိုင်ရည် ရှိမရှိ ငါ ကြည့်ချင်မိတယ်" တဟားဟား ရယ်မောရင်း သူ၏လက်ထဲမှ ခရမ်းရောင် နဂါးကြီးသည် သူ၏လက်ထဲကနေ ချက်ချင်း ထွက်လာပြီး ချင်ယွင်၏ ရင်ဘတ်ကို ပြင်းပြင်းထန်ထန် ရိုက်ချလိုက်သည်။

တခဏအတွင်းမှာပင် လေဟာနယ်က အက်ကွဲသွားခဲ့သည်။ ချင်ယွင်၏ အနက်ရောင် ဖရိုဖရဲ လျှပ်စီးကြောင်းသည် အထွက်အထိပ် လျှပ်စီးကြောင်းကို ရိုက်ခတ်လိုက်သည်နှင့် ၎င်းသည် အပိုင်းပိုင်း ပြိုကွဲသွားခဲ့သည်။ ထို့နောက် ၎င်းတို့သည် ချင်ယွင်၏ ခန္ဓာကိုယ်ထဲ သို့ ပြင်းထန်စွာ ထိုးဖောက် ဝင်ရောက်သွားသည်။

"ဘုန်း..”။

ချင်ယွင်၏ ခန္ဓာကိုယ်သည် မြေပြင်ပေါ်သို့ အပြင်းအထန် ပစ်ရိုက်သွားခဲ့သည်။ မြေပြင် သည် ပေါက်ကွဲသွားပြီး သူ၏ခြေထောက်အောက်ရှိ တောင်များသည် ပြင်းထန်စွာ တုန်ခါလာသည်။ ကြီးမားသော အက်ကြောင်းများသည် ပင့်ကူမျှင်များကဲ့သို့ ပြန့်နှံ့ ထွက်ပေါ်နေသည်။

ခရမ်းရောင် နဂါးကြီးလည်း ပေါက်ကွဲသွားပြီး ကြောက်မက်ဖွယ်ကောင်းသော လျှပ်စီးကြောင်းသည် ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ချက်ချင်း ပျက်ဆီးသွားစေသည်။

ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ်သည် အဝေးသို့ လွင့်မျောပျံသန်းသွားရင်း ပေါက်ကွဲသွားသည့် လျှပ်စီးမုန်တိုင်းကြီးကို ကြည့်လိုက်သည်။ သူ၏ပါးစပ်ထောင့်က မထီမဲ့မြင် အပြုံးတစ်ခု ပေါ်လာသည်။

"ဟမ့်၊ မင်းရဲ့ခန္ဓာကိုယ်က ဘယ်လောက်ပဲ သန်မာနေပါစေ, ငါရဲ့ အထွက်အထိပ်စွမ်းအားနဲ့ သိပ်သည်းထားတဲ့ မိုးကြိုးနဂါးဥက္ကာပျံအောက်မှ ရှင်သန်လွတ်မြောက်ဖို့က မဖြစ်နိုင်ဘူး" ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ်သည် လှောင်ပြောင်ပြောလိုက်ရင်း၊ သူ၏ မျက်နှာပေါ်ရှိ အပြုံးက ပို၍ပင် ကျယ်လောင်လာသည်။

အဝေးမှ လူတွေ အားလုံးလည်း နောက်ဆုတ်သွားကြသည်။ ဤကြောက်မက်ဖွယ် လျှပ်စီးမုန်တိုင်းသည် ၎င်းတို့အား ဝါးမျိုသွားမည်ကို အားလုံးက စိုးရိမ်နေကြသည်။ ဤလျှပ်စီးမုန်တိုင်းကြီးက ကြောက်စရာကောင်းလွန်းသည်။ ပေါက်ကွဲမူကို သူတို့၏ ဦးရေပြားပင် အဝေးမှနေ ခံစားရနိုင်ပါသည်။ (ဦးရေပြားထုံတာကို ဆိုလိုဟန်တူ)။

"ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ တိုက်ခိုက်မှုလဲ။ ဒီချင်ယွင်က ရှင်သန်နိုင် မှာ မဟုတ်တော့ဘူး။" လူအုပ်ထဲမှ တစ်ယောက်ယောက် သက်ပြင်းချပြီး ပြောလိုက်ပါ သည်။

"ဟမ့်၊ သူက ဘယ်လိုလုပ် အသက်ရှင်နိုင်တော့မှာလဲ။ ဒါက အထွက်အထိပ်ပုဂ္ဂိုလ်ရဲ့ စွမ်းအားနဲ့ ဖန်တီးထားတဲ့ လျှပ်စီးတိုက်ခိုက်မှုလေ။ ဒီချင်ယွင်က ဒီလို တိုက်ခိုက်မှုမျိုးနဲ့ ရင်ဆိုင်နေရတာ။ တကယ်လို့ သူသာ အသက်ရှင်နိုင်မယ်ဆိုရင်, သူက တကယ်ကို ပုံမှန်မဟုတ်လို့ပဲ" တစ်စုံတစ်ယောက်သည် လျှပ်စီးများကို ကြောက်လန့်တကြား ကြည့်ရင်း ပြောလိုက်သည်။

"ဟား…၊ ဟား…၊ ချင်ယွင်၊ မင်းက အရင်က အရမ်းကို မာနကြီးနေတာ မဟုတ်လား?။ အခု မင်း ငါ့လက်ထဲမှာ မသေရဘူးလား?။ မင်းက ငါဆိုတဲ့ ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ် ဧကရာဇ်ကို စော်ကားရဲရင် ရလာဒ်က တစ်ခုပဲရှိတယ်။ အဲဒါက သေခြင်းပဲ" ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ်သည် ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး၊ သူ၏ရယ်မောသံသည် ကောင်းကင်နှင့်မြေကြီးကိုပင် တုန်လှုပ်စေခဲ့သည်။

သို့သော် အနီးနားရှိ လူအုပ်ကြီးသည် မည်သည့် စက်ဆုပ်ရွံမှုမျိုးမှ ရှိမနေခဲ့ပေ။ သူတို့သည် ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ်ကို သူတို့၏ မျက်လုံးများတွင် လေးစားသည့် အမူအရာများဖြင့် ကြည့်နေကြသည် ။

ဤကမ္ဘာကြီးက ဤအတိုင်းပင်။ ခွန်အားသည်သာ အမြင့်မြတ်ဆုံး ဖြစ်ပါသည်။ အကယ်၍, သင်သည် စွမ်းအားကြီးမားသူဆိုလျှင်, သင်ကိုယ်တိုင်က သစ္စာဖောက်ကြီး၊ လူဆိုကြီး တစ်ယောက် ဖြစ်နေလျှင်ပင်, သင်သည် မြင့်မြတ်သူတစ်ယောက် ဖြစ်နေတုန်းပင်။

"မင်း ပျော်တာ စောလွန်းမနေဘူးလား? ဒီလျှပ်စီးက ကြောက်စရာကောင်းပေမယ့် ငါ့ကို သတ်ဖို့တော့ မလုံလောက်သေးပါဘူး"။

ထိုအချိန်တွင် ကောင်းကင်ယံ၌ ကျယ်လောင်သော အော်ဟစ်သံတစ်ချက် ထွက်ပေါ်လာ သည်။ ထို့နောက် လျှပ်စီးမုန်တိုင်းကြားမှ ပုံရိပ်တစ်ခု လမ်းလျှောက်ထွက်လာသည်။

သူသည် အပေါ်ပိုင်း အဝတ်ဗလာနှင့် သူ၏နောက်တွင် ဆံပင်များလည်း ဖြည်ကျနေသည်။ သူ၏ သူငယ်အိမ်များသည် ရွှေရောင်နှင့် အစိမ်းရောင်သမ်းနေသည်။ သူ၏တစ်ကိုယ်လုံးမှ အနှိုင်းမဲ့ အစွမ်းထက်သည့် အငွေ့အသက်တွေ ထွက်ပေါ်နေပါသည်။ လောင်ကျွမ်းနေ သော အနက်ရောင် မြေပြင်ပေါ်တွင် သူ ခြေချလိုက်သည်နှင့် မြက်ပင်စိမ်းစိမ်းများ အမှန်တကယ် ပြန်ပေါက်လာသည်။ သူ၏ အပေါ်ပိုင်း ဗလာကျင်း ခန္ဓာကိုယ်ပေါ်မှာလည်း အနှိုင်းမဲ့ ပြီးပြည့်စုံသော ကြွက်သားအစိုင်အခဲများက အစီအရီ စီမျောနေသည်။

မှန်ပါသည်။ ထိုလူကတော့ သစ်သားစွမ်းရည်ကိုယ်ပွားနှင် လျှပ်စီးစွမ်းရည်ကိုယ်ပွားကို ပေါင်းစပ်ထားသည့် ချင်ယွင် ဖြစ်ပါသည်။ ဤအခိုက်အတန့်တွင် ချင်ယွင်၏ ခန္ဓာကိုယ် သည် မကြုံစဖူးသော စွမ်းအားများဖြင့် ပြည့်နေပါသည်။

All Chapters