← Chapters

အခန်း ၁၀၆၁

Vol. 71 Ch. 1061

အခန်း ၁၀၆၁

Vol. 71 Ch. 1061

အခန်း (၁၀၆၁) ကျယ်ပြောလှသည့် ကောင်းကင်နတ်ဘုရား၏ ကောင်းကင်လျှပ်စီးဓား တစ်သိန်း ဓားဝင်္ကပါ။

"သူ… သူ တကယ် မသေသေးဘူးလား?။ ဒါ့အပြင်၊ သူက ထိခိုက်ဒဏ်ရာရတာမျိုးတောင် လုံးဝ မရှိခဲ့ဘူး။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ" ခပ်လှမ်းလှမ်းမှ လူတိုင်းသည် လျှပ်စီး မုန်တိုင်းကြားမှ ထွက်လာသော ချင်ယွင်ကို အံ့အားသင့်စွာ ကြည့်နေကြသည်။

ချင်ယွင်သည် ကြောက်မက်ဖွယ်ကောင်းသော လျှပ်စီးကြောင်းများကြောင့် အသတ်မခံရ ဘဲ လျှပ်စီးကြောင်းမှ လွတ်မြောက်သွားခဲ့သည်။ ယင်းယ ရောက်ရှိနေသူ လူအားလုံးကို ထိတ်လန့်စေခဲ့သည်။

ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ်၏ မျက်နှာတွင် အံ့သြသည့် အမူအရာတစ်ခု ပေါ်လာပြီး သူ၏မျက်ခုံးများက အနည်းငယ် တွန့်သွားခဲ့သည်။ ပြင်းထန်သော သတ်ဖြတ်လိုစိတ်က သူ၏မျက်လုံးများတွင် ထွက်ပေါ်လာသည်။

ချင်ယွင်က ရှေ့ကို တိုးလာခဲ့သည်။ သူ၏ခန္ဓာကိုယ်ပေါ်မှ ကြွက်သားတွေက ပြီးပြည့်စုံပြီး သူ၏အသားအရေက ကြည်လင်နေသည်။ အကယ်၍ ယခုအချိန်တွင် အမျိုးသမီးတစ်ဦးဦး သာ ရှိနေပါက၊ ချင်ယွင်၏ ရုပ်အသွင်ကြောင့် သူမသည် သေချာပေါက် ဆွဲဆောင်ခံရမည် ဖြစ်သည်။

အင်မော်တယ် ဧကရာဇ်များသည် အားမနည်းသော်လည်း, သူတို့သည် ချင်ယွင်ကဲ့သို့ ပြီးပြည့်စုံမူ ရှိကောင်းမှရှိပေလိမ့်မည်။

"ဟမ့်၊ မင်း အသက်ရှင်သန်နိုင်တော့ရော ဘယ်ဖြစ်လဲ?။ စောစောက ငါ့ရဲ့တိုက်ခိုက်မူမှာ ငါက ငါ့ခွန်အားရဲ့ တစ်ဝက်ကိုပဲ အသုံးပြုခဲ့တယ်။ တကယ်လို့ ငါ့ခွန်အားသာ အကုန်သုံး လိုက်ရင် မင်း သေမှာ သေချာတယ်။" ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ်က အေးစက်စွာ ဟစ်အော်ရင်း သူ၏လေသံက သတ်ချင်စိတ်များနှင့် ပြည့်နေခဲ့သည်။

ချင်ယွင်က ညင်သာစွာ ပြုံးပြီး ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ်ကို ကြည့်သည်။ "ကောင်းပြီလေ, မင်းရဲ့ ခွန်အားကို အားလုံးကို အသုံးချပြီး မင်း ငါ့ကို သတ်နိုင်မလားဆို တာ ငါ ကြည့်ဦးမယ်"

"မင်းက သေချင်နေတာပဲ" ချက်ချင်းပင် သူသည် ဒေါသထွက်သွားသည်။ သူ၏ မျက်လုံးများသည် ချက်ချင်းပင် ခရမ်းရောင်ပြောင်းသွားသည်။ ပြင်းထန်သော အင်မော်တယ် ဓားတစ်လက်က သူ၏လက်ထဲတွင် ပေါ်လာသည်။ ကြောက်မက်ဖွယ် ကောင်းသော အထွက်အထိပ်ပုဂ္ဂိုလ်၏ လျှပ်စီးစွမ်းအားက ရုတ်တရက် ဓားကို ဖုံးလွှမ်းသွားသည်။

ကြောက်မက်ဖွယ်ကောင်းသော ခရမ်းရောင် လျှပ်စီးကြောင်းများသည် ဓားမှ အဆက်မပြတ် ထွက်ပေါ်လာသည်။ ကြောက်မက်ဖွယ်ရာ လျှပ်စီးစွမ်းအင် အတက်အကျ လှိုင်းများက ရောက်ရှိနေသူတိုင်း၏ စိတ်နှလုံးကို တုန်လှုပ်သွားစေသည်။

ဝှီး…။

ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ်၏ ရုပ်အသွင်သည် တစ်ဖန်ပေါက်ကွဲထွက်လာ ပြီး သူ၏လက်ထဲမှဓားသည် ချင်ယွင်ဆီသို့ တိုက်ရိုက် ခုတ်ပိုင်းသွားလေသည်။

လျှပ်စီးဓားသည် ချင်ယွင်ဆီသို့ ပြင်းထန်စွာ ဖြတ်သန်းသွားပြီး ၎င်းတွင်ပါရှိသော စွမ်းအင်အတက်အကျလှိုင်းများသည် ကမ္ဘာငယ်လေးကိုပင် ဖျက်ဆီးပစ်ရန် လုံလောက်ပါ သည်။

ချင်ယွင်သည် လျှပ်စီးလက်နေသော ဓားကို ကြည့်ပြီး သူ၏မျက်လုံးများ ရုတ်တရက် အေးစက်သွားသည်။

သူသည် ကိုယ်ပွားနှစ်ခုနှင့် ပေါင်းစပ်ထားပြီးဖြစ်သော်လည်း၊ အစောပိုင်းက တိုက်ပွဲအရ အထွက်အထိပ်ပုဂ္ဂိုလ်၏ လျှပ်စီးစွမ်းအားကို လျှော့တွက်၍ မရနိုင်ပေ။ ထို့ကြောင့် သူသည် နှစ်ပေါင်းအသင်္ချေကြာညောင်းနေသည့် သင်္ဘောကြီးကို ဂရုတစိုက် ရွက်လွှင့်ရလိမ့်မည်။ (ဂရုတစိုက် ကိုယ်တွယ်ရမည်ဟူလို)။

ဘန်း….။

ကြည်လင်ကောင်းကင်ဓားသည် ချင်ယွင်၏လက်ထဲတွင် တိုက်ရိုက် ပေါ်လာသည်။ ၎င်းဓားသည် နည်းနည်းလေးမှ တုန့်ဆိုင်းမနေဘဲ၊ လျှပ်စီးလက်ကို တိုက်ရိုက် ဖြတ်သန်း သွားပါသည်။

ကောင်းကင်တာအို စွမ်းအားသုံးမျိုး အတူတကွ ပေါင်းစပ်ရာမှ ဖြစ်ပေါ်လာသော အနှိုင်းမဲ့ ကြီးမားသည့် ဧရာမဓားကြီးသည် လျှပ်စီးဓားနှင့် အပြင်းအထန် တိုက်ပွဲသွားခဲ့သည်။

"ဘုန်း..”"

ကျယ်လောင်သော မြည်ဟီးသံတွေက ကမ္ဘာအနှံ့ ပဲ့တင်ထပ်နေပြီး၊ သူ၏ခြေရင်းအောက်ရှိ တောင်တန်းများသည် အဆက်မပြတ် တုန်လှုပ်နေသည်။

ဝှီး…။

ဤအခိုက်အတန့်တွင် ချင်ယွင်၏ မျက်လုံးများဆီသို့ ကြောက်မက်ဖွယ်ကောင်းသော လျှပ်စီးကြောင်းတစ်ခု လင်းလက်လာခဲသည်။ ကြောက်မက်ဖွယ်ကောင်းသော လျှပ်စီး ဓားသည် ကောင်းကင်မှ ဆင်းသက်လာပြီး ချင်ယွင်ဆီသို့ ခုတ်ပိုင်းသွားသည်။

ချင်ယွင်၏ အကြည့်တွေက ချက်ချင်း ပြောင်းလဲသွားပြီး ၎င်းကိုတားဆီးရန် ကြည်လင် ကောင်းကင်ဓား၏ ဓားသိုင်းပညာရပ်ကို အလျင်အမြန် အသုံးပြုသည်။

ချွင်..။

ဓားနှစ်ချောင်းသည် အချင်းချင်း လျင်မြန်စွာ တွေ့ဆုံမိသွားသည်။ ကြောက်မက်ဖွယ် ကောင်းသော ဓားစွမ်းအင်အတက်အကျလှိုင်းများသည် ပတ်ဝန်းကျင်ကို ဖြတ်ကျော်သွား ကာ ကောင်းကင်ယံအပြည့် ဖြစ်နေသည့် ဓားချီမိုးများအဖြစ်သို့ ပြောင်းလဲသွားပြီး၊ မာကြောလှသော တောင်ထိပ်ကို ထိုးဖောက်၍ အပေါက်များ ဗရဗွဖြစ်သည်အထိ ဖြစ်ပေါ်စေခဲ့သည်။

ချင်ယွင်၏ ရုပ်အသွင်သည် ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ်ကို စူးစိုက်စိုက် စိုက်ကြည့်နေစဉ် ဓားတမှတဆင့် တွန်းကန်လာသည့် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကြောင့် နောက်သို့ လွင့်ပျံသွားသည်။

ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ်၏ ရုပ်အသွင်သည်လည်း ပေတစ်ထောင်ခန့် နောက်သို့ လွင့်ပျံသွားသည်။ သူ၏လက်ထဲမှာ လျှပ်စီးဓားကို ကိုင်ထားပြီး သူ၏ အမူအရာ က လွန်စွာမှ မှိုင်းညို့နေ၏။ ချင်ယွင်၏ လက်ထဲမှ ကြည်လင်ကောင်းကင်ဓားကို ကြည့်လိုက်ရင်း သူ၏မျက်လုံးတွေက အရမ်းပူလောင်လာပါသည်။

"ကြည်လင်ကောင်းကင်ဓားရဲ့ စွမ်းအားက တကယ်ကို သာလွန် ကောင်းမွန်ပါတယ်။ ဒါပေမယ့် မင်းလက်ထဲမှာတော့ ဒါက တကယ့်ကို ဖြုန်းတီးမူကြီးတစ်ခုပဲ။ မင်းက ကြည်လင်ကောင်းကင်ဓားကို ပိုင်ဆိုင်ဖို့ လုံးဝ မထိုက်တန်ပါဘူး။" ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ်က ဖုံးကွယ်ထားသော လောဘစိတ်နှင့်အတူ သူ၏မျက်လုံးများက တဖျပ်ဖျပ်ခတ်လျှက် ပြောလိုက်ပါသည်။

"ဒါက ကြည်လင်ကောင်းကင် ဓားလား?" ထိုစကားကို ကြားတော့ အဝေးမှလူအားလုံး သည် ချင်ယွင်၏ လက်ထဲမှ ဓားကို အံ့သြတကြီးဖြင့် ကြည့်နေကြပါသည်။

ချင်ယွင်သည် ကြည်လင်ကောင်းကင်ဓားကို သူ၏လက်ထဲတွင် ကိုင်ထားပြီး သူ၏ဓားမှ အနှိုင်းမဲ့ ထက်မြက်သော အငွေ့အသက်များ ထွက်နေသည်။

ကြည်လင်ကောင်းကင်ဓားသည် ရှေးဟောင်း ဖရိုဖရဲ ရတနာများ၏ နံပါတ်တစ် ရတနာ ဖြစ်သည်။ ၎င်းသည် အလွန်ပြင်းထန်သော တိုက်ခိုက်ခြင်း စွမ်းအားကို ပိုင်ဆိုင်ထားသည်။ ဤအခိုက်အတန့်တွင်၊ ချင်ယွင်သည် ပေါင်းစပ်ထားသော ကောင်းကင်တာအိုဉပဒေသ သုံးခု၏ စွမ်းအားဖြင့် ကောင်းချီးပေးခဲ့သည်။ ၎င်းအထက် ဖြစ်ပေါ်နေသည့် အငွေ့အသက် များသည် ကောင်းကင်နှင့် မြေကြီးကိုပင် ရွေ့လျားစေပြီး ကြောက်မက်ဖွယ်ကောင်းသော ဓားချီသည် ကမ္ဘာမြေအနှံ့ ပျံ့နှံ့သွားစေသည်။

"မင်း ကြည်လင်ကောင်းကင်ဓားကို လိုချင်ရင် မင်းကိုယ်တိုင် လုယူလို့ ရပါတယ်။ ဒီလောက် လူကြားကောင်းအောင် ပြောနေစရာ မလိုပါဘူး။ မင်းရဲ့ စကားလုံးတွေက မင်းကို ကြောင်သူတော်တစ်ယောက်လို့ လူတွေက ထင်မှတ်စေလိမ့်မယ်" ချင်ယွင်က မထီမဲ့မြင်ပြုသော လေသံဖြင့် ပြောသည်။

သူသည် ထိုကဲ့သို့လူများကို အရမ်းကို မုန်းတီးမိသည်။ ဤလူသည် သူ၏စိတ်ထဲတွင် အလိုလောဘဇောကပ်ပြီး တဖက်လူ၏ ရတနာများကို သိမ်းယူချင်နေသည်မှာ သိသာ ထင်ရှားသော်လည်း၊ သူ သိမ်းယူရခြင်းကို အကြောင်းကိုရှာရန် အကြောင်းပြချက်မျိုးစုံကို အသုံးပြုနေသေးသည်။ သူ၏အမြင်အရတော့ ဤလူသည် အမှန်တကယ်ပင် ကြောင်သူတော် အစစ်ဖြစ်သည်။

"ဟမ့်၊ ဒီနေ့ ငါ ကြည်လင်ကောင်းကင်ဓားကို ဆုပ်ကိုင်ရလိမ့်မယ်။ ငါသာ ဒီကမ္ဘာကြီးရဲ့ အစီအရင်ဝင်္ကပါများကို ချိုးဖျက်နိုင်ပြီး၊ ကြည်လင်ကောင်းကင်ဓားနဲ့ ထိုက်တန်ကြောင်း ငါ မင်းကို ပြောပြမယ်။" ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ်က အေးစက်စွာ ဟစ်ကြွေးလိုက်ပြီး သူ၏လက်ထဲမှ အင်မော်တယ်ဓား ပြင်းထန်သော အထွက်အထိပ် စွမ်းအားနှင့်အတူ တစ်ဖန် ခုန်တက်လာသည်။

ဤတစ်ကြိမ်တွင် သူ၏ခန္ဓာကိုယ်မှ အထွက်အထိပ် စွမ်းအားသည် ယခင်ကထက်ပင် ပြင်းထန်လာသည်။ သူသည် ချင်ယွင်ကို လုံးလုံးလျားလျား သတ်ပစ်နိုင်ရန် သူ၏ ခွန်အား အားလုံးကို အသုံးပြုရန် ရည်ရွယ်ထားပုံရသည်။

ဘန်း…။

ကောင်းကင်ယံမှာ တိမ်စိုင်တိမ်မည်းတွေ တလှိမ့်လှိမ့် လှိုင်းထန်လာခဲ့ပြီး၊ လျှပ်စီးတွေက ကမ္ဘာမြေပေါ်သို့ လှိမ့်ဆင်းလာကာ၊ ကြောက်စရာကောင်းသည့် ခရမ်းရောင် လျှပ်စီး ကြောင်းတွေက ဝင်္ကပါဖြိုခွင်းခြင်းအင်မော်တယ်ဧကရာဇ်ကို တိုက်ရိုက် ရစ်ပတ်နေလေ သည်။

"ချင်ယွင်၊ ငါ့နာမည်ကို ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ်လို့ မင်း သိထားမှတော့, ငါ့ရဲ့ ကျင့်ကြံမူအပြင်, ငါက အစီအရင်ဝင်္ကပါအရာမှာလည်း ပြိုင်ဘက်ကင်းတယ်ဆိုတာ မင်း သိထားသင့်တယ်။ အစီအရင်ဝင်္ကပါရဲ့ စွမ်းအားကို သုံးစရာမလိုဘူးလို့ မူလက ငါ ထင်ထားပေမယ့် မင်းရဲ့ ခွန်အားကလည်း တကယ်ပဲ ငါ့စိတ်ကူးထက် ကျော်လွန်နေတယ်။ ဒါကြောင့် ဒီကမ္ဘာကြီးရဲ့ အစစ်အမှန် စွမ်းအားက ဘာလဲဆိုတာ မင်းကို သိစေရတော့မှာ ပေါ့” ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ် ဧကရာဇ်က ဂုဏ်ယူဝင့်ကြွားစွာ ပြောသည်။

သူ၏ရုပ်အသွင်သည် လေထဲသို့ ဖြည်းညှင်းစွာ မြင့်တက်သွားပြီး ကြောက်မက်ဖွယ်ရာ လျှပ်စီးကြောင်းက သူ၏ခန္ဓာကိုယ်ပေါ်တွင် အဆက်မပြတ် ထွက်ပေါ်နေကာ သူ၏ ခမ်းနားထည်ဝါသော အငွေ့အသက်များဖြင့် ဖုံးလွှမ်းထားလေသည်။

ဘန်း…။

သူ၏ဝတ်စုံလက်မောင်းကို ဝှေ့ယမ်းပြီး ဓားတစ်သိန်းက ဝေဟင်ထက်မှာ ပေါ်လာပါသည်။ ဓားတစ်ချောင်းချင်စီးသည် အဆင့်မြင့် အင်မော်တယ်အဆင့်မှာ ရှိနေကြသည်။ ၎င်းတို့သည် ကောင်းကင်ယံတစ်ခုလုံးကို တစ်ခဏချင်း လွှမ်းခြုံသွားသည်။

"ဘုန်း..”။

ကျယ်လောင်သော မိုးခြိမ်းသံနှင့်အတူ ကောင်းကင်ယံသည် ကွဲအက်သွားပုံရသည်။ ကြောက်မက်ဖွယ်ရာ လျှပ်စီးကြောင်းတစ်ခုသည် အင်မော်တယ် ဓားတစ်သိန်းကို ရိုက်ခတ်သွားခဲ့ပြီး ၎င်းတို့အားလုံးကို ကောင်းကင်လျှပ်စီးများ၏ ကြောက်မက်ဖွယ် စွမ်းအားများဖြင့် ချက်ချင်း ဖုံးလွှမ်းသွားခဲ့သည်။

ကောင်းကင်ယံ၌ လျှပ်စီးဓားတစ်သိန်းသည် ကြောက်မက်ဖွယ်ကောင်းသော ကောင်းကင် လျှပ်စီးကြောင်းများကဲ့သို့ ကောင်းကင်ယံ၌ ပျံဝဲနေ၏။ ၎င်းတို့အပေါ်မှ အငွေ့အသက် သည် ပျက်သုဉ်းရှစ်ပါးကိုပင် တုန်လှုပ်စေသည်။ (Eight Desolates is the name of the new epoch that created by Li Qiye and name of that reshaped world)။

"ဒါ...ဒါက ဘယ်လို အစီအရင်ဝင်္ကပါမျိုးလဲ၊ ဒါ ... အရမ်းကြောက်ဖို့ ကောင်းတယ်" လူတိုင်းသည် ကောင်းကင်ယံမှ ကောင်းကင်လျှပ်စီးများ လင်းလက်နေသည့် ဓားတစ်သိန်း ကို ကြည့်ပြီး၊ ပါးစပ်များကို ကျယ်ကျယ်ဖွင့်ကာ၊ သူတို့၏ မျက်လုံးများတွင် ထိတ်လန့် တုန်လှုပ်မူ အပြည့်ရှိနေသည်။

ဤအခိုက်အတန့်တွင် သူတို့သည် ခြေဖဝါးမှ ကျောရိုးအထိ အေးစက်သွားသည်ကို ခံစားရပြီး ဦးရေပြားသည်ပင် ပေါက်ကွဲတော့မည်ဟု ခံစားရစေသည်။

အကယ်၍, ကောင်းကင်လျှပ်စီးဓား ၁၀၀၀၀၀ သာ ဆင်းလာသက်ခဲ့လျှင်, ဤတောင်ထိပ် သည် လုံးဝ တည်ရှိတော့မည် မဟုတ်ကြောင်း သူတို့ သေချာပေါက်သိသည်။

"ကောင်းကင်နတ်ဘုရား ကောင်းကင်လျှပ်စီးဓားတစ်သိန်း ဓားဝင်္ကပါ” ချင်ယွင်သည် ကောင်းကင်ယံ၌ လျှပ်စီးအင်မော်တယ်ဓားပေါင်း ၁၀၀၀၀၀ ကို ကြည့်ပြီး၊ အံ့အားသင့်ဖွယ် အမူအရာကို ထုတ်ဖော်လိုက်ပါသည်။

"ဟား..၊ ဟား….၊ ဒီဓားဝင်္ကပါအကြောင်းကို မင်းလည်း တကယ်သိတာလား?" ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ်က အံအားတသင့် ပြောသည်။ ချင်ယွင်သည် ဤဓားဝင်္ကပါကို နာမည်သိနိုင်မည်ဟု သူ သေချာပေါက် မျှော်လင့်မထားခဲ့ပေ။

ချင်ယွင်က သူ၏စိတ်ထဲတွင် တဟားဟား ရယ်မောလိုက်မိသည်။ ဤကောင်းကင် နတ်ဘုရား ကောင်းကင်လျှပ်စီးဓားတစ်သိန်း ဓားဝင်္ကပါ အကြောင်းကို သဘာဝအတိုင်း သူ ကြားဖူးပါသည်။ ယစ်ထုတ်အဘိုးကြီးက ဤဓားဝင်္ကပါအကြောင်း သူ့ကို ပြောပြဖူးသည်။

ချင်ယွင်သည် ဟိုတချိန်တုန်းက အစီအရင်ဝင်္ကပါများနှင့်ပတ်သက်၍ အကဲဖြတ်ပြသည့် ယစ်ထုတ်အဘိုးကြီး၏ အကဲဖြတ်ချက်များကို ရှင်းရှင်းလင်းလင်း မှတ်မိနေပါသည်။ ထိုအရာက သူ့ကို အလွန်အံ့အားသင့်စေခဲ့သည်။

"ဟား….၊ ဟား…၊ မင်းက ဒီအစီအရင်ဝင်္ကပါအကြောင်း သိနေမှတော့ သူ့ရဲ့ စွမ်းအားကို သိထားသင့်တယ်။ ဒါ့ပြင် ဒါက သာမန် ကျယ်ပြောလှသည့် ကောင်းကင်နတ်ဘုရား ကောင်းကင်လျှပ်စီးဓားတစ်သိန်း ဓားဝင်္ကပါ မဟုတ်ဘူး။ ဒါပေမယ့် ဒီဝင်္ကပါရဲ့ စွမ်းအားက ကောင်းကင်နတ်ဘုရား ကောင်းကင်လျှပ်စီးဓားတစ်သိန်း ဓားဝင်္ကပါထက် အများကြီး ကြီးမားတယ်။ ဒါကြောင့် ငါက ဒီဝင်္ကပါကို ကျယ်ပြောလှတဲ့ ကောင်းကင်နတ်ဘုရား ကောင်းကင်လျှပ်စီးဓားတစ်သိန်း ဓားဝင်္ကပါဟု အမည်ပေးထားတယ်။ ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ်သည် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး၊ သူ၏လေသံက ပြင်းထန်သည့် မောက်မာဟန်ကို ပေါ်လွင်စေသည်။

"ကျယ်ပြောလှတဲ့ ကောင်းကင်နတ်ဘုရား ကောင်းကင်လျှပ်စီးဓားတစ်သိန်း ဓားဝင်္ကပါ?" ချင်ယွင်သည် ဤနာမည်ကို ကြားသောအခါ ကူကယ်ရာမဲ့ ပြုံးလိုက်သည်။ ဤအမည်သည် အမှန်တကယ်ပင် ရယ်စရာကောင်းသည်။ ခေါင်းထဲတွင် မစင်အပြည့် ရှိနေသည့် လူများ သာ ထိုကဲ့သို့သော မိုက်မဲသော နာမည်ကို တွေးတောမိပေလိမ့်မည်။

"ဟမ့်၊ ချင်ယွင် အရာအားလုံးကို အဆုံးသတ်ရမယ့် အချိန်ပဲ။ ဒီ ကျယ်ပြောလှတဲ့ ကောင်းကင်နတ်ဘုရား ကောင်းကင်လျှပ်စီးဓားတစ်သိန်း ဓားဝင်္ကပါ အောက်မှာ မင်း သေရတာ ဂုဏ်ယူသင့်ပါတယ်။" ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ်က ပြုံးကာ သူ၏ဝတ်စုံလက်မောင်းကို ဝှေ့ယမ်းလိုက်သည်။ ကောင်းကင်ယံရှိ ကောင်းကင် လျှပ်စီးဓား ပေါင်း ၁၀၀၀၀၀ သည် ချင်ယွင်ဆီသို့ ပျံသန်းသွားကာ ကောင်းကင်တစ်ခုလုံးကို တခဏချင်း ဖုံးလွှမ်းသွားခဲ့သည်။

All Chapters