← Chapters

အခန်း ၁၀၆၂

Vol. 71 Ch. 1062

အခန်း ၁၀၆၂

Vol. 71 Ch. 1062

အခန်း (၁၀၆၂) ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ်ကို သတ်ဖြတ်ခြင်း။

လျှပ်စီးဓားတစ်သိန်းသည် ကောင်းကင်ယံမှ ကျဆင်းလာခဲ့ပြီ။ အင်မော်တယ်ဓား တစ်ချောင်းစီတိုင်းတွင် အလွန်ကြောက်စရာကောင်းသော စွမ်းအားများ ပါရှိနေသည်။

အားလုံးက ထိုမြင်ကွင်းကို ကြည့်ပြီး ကြောက်လန့်တကြား အဝေးကို ဆုတ်ခွာသွားကြ ပြန်သည်။ သူတို့သည် ဤကောင်းကင်လျှပ်စီးဓားတစ်သိန်း ဓားဝင်္ကပါဖြင့် ထိမှန်ခံရမည် ကို အလွန်ကြောက်ကြသည်။ ဤသည်မှာ သူတိုအတွက် ဤကောင်းကင်လျှပ်စီးဓား တစ်သိန်း ဓားဝင်္ကပါ ဖြစ်သည်။ သူတို့ကို တစ်ချက်ကြည့်လိုက်ရုံဖြင့် သူတို့အနေဖြင့် ကြောက်စရာကောင်းတဲ့ ဓားဝင်္ကပါကို တွန်းလှန်ရန် အသာထား၊ သူတို့၏ နှလုံးသားများ ပင် ပြိုလဲသွားလောက်ပါသည်။

ချင်ယွင်သည် ကောင်းကင်ယံမှ ကျဆင်းလာသော ဓားဝင်္ကပါကို ကြည့်လိုက်ရင်း သူ၏ မျက်လုံးများတွင် ဆုံးဖြတ်ချက်ပြတ်သားသည့်အမူအရာတစ်ခု ထွက်ပေါ်လာသည်။

"ဟမ့်၊ မင်းတစ်ယောက်တည်းပဲ အစီအရင်ဝင်္ကပါတွေကို သိပြီး၊ ငါကတော့ မသိဘူးလို့ မင်း ထင်နေတာလား?" ချင်ယွင်က အေးစက်စွာ ပြောလိုက်ပြီး၊ သူပြောပြီးသည့်နောက်တွင် ချင်ယွင်၏ ခန္ဓာကိုယ်မှ ကြီးမားသော စွမ်းအင်အတက်လှိုင်းများ ထွက်ပေါ်လာသည်။

ထို့နောက် ချင်ယွင်၏ ခန္ဓာကိုယ်မှ ကြီးမားကျယ်ပြန့်သော ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများ ထွက်ပေါ်လာသည်။

နတ်ဘုရားသတ်ဖြတ်ခြင်းအစီအရင် ။

ချင်ယွင် အသုံးပြုခဲ့သည့် အရာမှာ ဗာမီလီယမ်မျိုးနွယ်စုမှ လုယူခဲ့သော ရှေးဟောင်း နတ်ဘုရားသတ်ဖြတ်ခြင်းအစီအရင် ဖြစ်ပါသည်။ ဤအခိုက်အတန့်တွင် သူသည် ကနဦး စကြဝဠာ၏ ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားကို စုပ်ယူကာ သူ့အပေါ်သို့ ပေါင်းစည်းနိုင် ရန်အတွက် ဤအစီအရင်ကို အခြေခံအုတ်မြစ်အဖြစ် အသုံးပြုထားသည်။

ဘန်း…။

ချင်ယွင်၏ အငွေ့အသက်သည် တစ်ဖန် တိုးလာခဲ့သည်။ ဤအခိုက်အတန့်တွင် သူ၏ အငွေ့အသက်သည် ကောင်းကင်တာအိုနယ်ပယ်၏ ပြီးပြည့်စုံခြင်းအဆင့် အင်မော်တယ် ဧကရာဇ်တစ်ပါးပင် မရောက်ရှိနိုင်သော အဆင့်သို့ ရောက်ရှိသွားခဲ့သည်။

ချင်ယွင်၏ခန္ဓာကိုယ်သည် သန့်စင်သော ရောင်ခြည်အလွှာအဖြစ်သို့ ပြောင်းလဲသွားပုံရပြီး သူ၏ လှုပ်ရှားမှုတိုင်းသည် အဆုံးမရှိသော စွမ်းအားများဖြင့် ပြည့်နှက်နေခဲ့သည်။

ချင်ယွင်သည် သူ၏ခန္ဓာကိုယ်ထဲမှ အကန့်အသတ်မဲ့ စွမ်းအားများ တဟုန်ထိုး ခုန်တက်လာသည်ကို ခံစားလိုက်ရပြီး သူ၏မျက်လုံးများသည်လည်း ပြင်းထန်သော မြင့်မြတ်သည့် အလင်းရောင်များ ထွက်ပေါ်လာသည်။ သူ၏ပါးစပ်ထောင့်က ယုံကြည်မှု အပြည့်ရှိဟန်ဖြင့် ပြုံးလိုက်ပါသည်။

"ဒီတော့ ကောင်းကင်လျှပ်စီးဓား ၁၀၀၀၀၀ ဆိုရင်ကော ဘာဖြစ်လဲ?။ မင်းရဲ့ဓား ၁၀၀၀၀၀ ကို ဖျက်ဆီးပစ်ဖို့ ငါက ဓားတစ်ချောင်းပဲ လိုအပ်တယ်။" ချင်ယွင်က အေးစက်စွာ ဟစ်ကြွေးလိုက်ပြီး သူ၏လက်ထဲမှ ကြည်လင်ကောင်းကင်ဓားကို ဝှေ့ယမ်းလိုက်သည်။

ဘန်း…။

ကြည်လင်ကောင်းကင်ဓား၏ အရှိန်အဟုန်သည် ကောင်းကင်သို့ ထိုးတက်သွားကာ ၎င်း၏စွမ်းအားသည် ပတ်ဝန်းကျင်ကို လွှမ်းမိုးနေပြီး ကောင်းကင်နှင့်မြေကြီးကို လှုပ်ခတ် သွားစေနိုင်သည့် စွမ်းအင်လှိုင်းလုံးများ ထွက်ပေါ်လာသည်။

ဝှီး….။

ချင်ယွင်၏ လက်ထဲမှ ကြည်လင်ကောင်းကင်ဓားသည် ချက်ခြင်း ခုတ်ပိုင်းသွားပြီး၊ ကြောက်စရာကောင်းသည့် ဓားအလင်းက ကောင်းကင်ယံ၌ လင်းလက်တောက်ပနေကာ၊ ကောင်းကင်ယံမှ ကျဆင်းလာသည့် ကောင်းကင်လျှပ်စီး အင်မော်တယ် ဓား ၁၀၀၀၀၀ နှင့် အပြင်းအထန် တိုက်မိသွားပါသည်။

ဓားအလင်းသည် အနှိုင်းမဲ့ တောက်ပနေသော နေရောင်ကဲ့သို့ လင်းလက်တောက်ပနေ သည်။

"ဘုန်း..”။

ဓားအလင်းသည် ကောင်းကင်လျှပ်စီးဓား ၁၀၀၀၀၀ နှင့် အပြင်းအထန် တိုက်မိသွားစဉ်, ကောင်းကင်လျှပ်စီးဓား ၁၀၀၀၀၀ သည် ကွဲအက်သွားသလိုမျိုး ချက်ချင်း အစိပ်စိပ်မွှာမွှာ ပြိုကွဲသွားခဲ့သည်။ ကြောက်မက်ဖွယ်ရာ မြည်ဟီးသံက ကမ္ဘာအနှံ့ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

တိုတောင်းလှသော အခိုက်အတန့်လေးမှာင်၊ ကောင်းကင်လျှပ်စီးဓားပေါင်း ၁၀၀၀၀၀ ၏ ထက်ဝက်ကျော်သည် ပျက်စီးသွားခဲ့သည်။

"မဟုတ်ဘူး… မဟုတ်ဘူး… ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? ငါ့ရဲ့ ကျယ်ပြောလှတဲ့ ကောင်းကင်နတ်ဘုရား ကောင်းကင်လျှပ်စီးဓားတစ်သိန်း ဓားဝင်္ကပါက ဘယ်လိုလုပ် ပြိုကွဲနိုင်မှာလဲ" ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ်သည် တဖြည်းဖြည်း ပြိုကွဲသွား သည့် ကောင်းကင်လျှပ်စီးဓား တစ်သိန်းကို စိုက်ကြည့်ကာ၊ သူ၏မျက်လုံးများတွင် စိတ်ပျက်လက်ပျက်ဖြစ်သည့် အမူရာများ ပြည့်နေခဲ့သည်။

ဤကောင်းကင်လျှပ်စီးဓားတစ်သိန်း ဝင်္ကပါသည် သူ၏နောက်ဆုံး လှုပ်ရှားမှုလည်း ဖြစ်သည်။ သူ့အမြင်အရ၊ ဤကောင်းကင်လျှပ်စီးဓားတစ်သိန်း ဓားဝင်္ကပါသည် ကောင်းကင်တာအိုနယ်ပယ် ပြီးပြည့်စုံခြင်းအဆင့် ကျွမ်းကျင်သူတိုင်းကိုပင် သတ်ပစ်ရန် လုံလောက် သော်လည်း၊ ယခုအခါ ချင်ယွင်ကို အမှန်တကယ် ရှုံးနိမ့်သွားခဲ့ပြီ ဖြစ်သည်။ ဤအရာကို သူ မည်သို့ ယုံကြည်နိုင်မည်နည်း?။

အဝေးမှလူတိုင်းလည်း ထိတ်လန့်တုန်လှုပ်သွားကြသည်။ ဤကောင်းကင်လျှပ်စီးဓား တစ်သိန်း ဓားဝင်္ကပါ အောက်တွင် ချင်ယွင်သည် သေဆုံးသွားမည်ဟု မူလက ထင်ခဲ့ကြ သော်လည်း၊ ကောင်းကင်နတ်ဘုရား ကောင်းကင်လျှပ်စီးဓားတစ်သိန်း ဓားဝင်္ကပါသည် ချင်ယွင်၏ ဓားဖြင့် တိုက်ခိုက်ခံရခြင်းကြောင့် အမှန်တကယ် ပျက်စီးသွားလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြပေ။

"ဖူး..။

ဓားဝင်္ကပါ ကျိုးပျက်သွားခြင်းကြောင့် ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ်သည် တန်ပြန်မှုဒဏ်ကို ခံစားခဲ့ရသည်။ သူသည် ပါးစပ်ထဲက သွေးများကို ထွေးထုတ်လိုက်ပြီး သူ၏အငွေ့အသက်က ချက်ချင်း ညှိုးနွမ်းသွားကာ၊ သူ၏မျက်လုံးထဲတွင် အလွန်မင်း မကျေမနပ်ဖြစ်သည့် အမူအရာကို ပေါ်လွင်စေသည်။

ဝှီး..။

ဤအခိုက်အတန့်တွင်၊ ပုံရိပ်တစ်ခုက ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ်၏ ရှေ့တွင် တိတ်တဆိတ် ပေါ်လာပြီး၊ ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ်၏ လည်ပင်း ပေါ်တွင် ဓားကို တိုက်ရိုက် တင်ထားလိုက်သည်။

ကြည်လင်ကောင်းကင်ဓား၏ ဓားသွားသည် အနှိုင်းမဲ့ ထက်ရှသော အငွေ့အသက်ကို ထုတ်လွှတ်သည်။ သာမန်ကာလျှံကာ လှုပ်ရှားလိုက်ရုံဖြင့် ၎င်းသည် ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ်၏ ခေါင်းကို နေရာပြောင်းလဲပေးနိုင်သည်။

"မင်း... မင်း ငါ့ကို သတ်လို့မရဘူး။ ငါက အထွပ်အထိပ်ပုဂ္ဂိုလ်တစ်ယောက်ရဲ့ တမန်တော် ပဲ။ တကယ်လို့ မင်း ငါ့ကိုသတ်လိုက်ရင်၊ ငါ့ရဲ့ အထွပ်အထိပ်ပုဂ္ဂိုလ်က မင်းကို အလွတ်ပေး မှာ မဟုတ်ဘူး။" ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ်သည် ကမန်းကတန်း ပြောလိုက်သည်။ ကြည်လင်ကောင်းကင်ဓားမှ သေခြင်းတရား၏ အငွေ့အသက်ကို သူ ခံစားနိုင်သည်။ ထို့အပြင် သူ မသေချင်သေးပါ။

"အိုး? ဒီစကားပဲလား?" ချင်ယွင်၏ ပါးစပ်ထောင့်က ပြုံးပြီး ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ်ကို ကြည့်လိုက်သည်။ "တစ်ချိန်တုန်းကလည်း တစ်စုံတစ်ယောက် က ငါ့ကို ဒီလိုစကားမျိုး ပြောခဲ့ဖူးတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ သူ သေသွားခဲ့ တယ်။"

ထိုစကားကြားတော့, ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ်၏ သူငယ်အိမ်က ချက်ချင်း ကျုုံ့သွားခဲ့ပြီး၊ အခွင့်အရေးကို ကြုံသလိုအရယူကာ ထွက်ပြေးတော့မည်။

ချင်ယွင်ကရော သူ၏ဆန္ဒအတိုင်း မည်သို့ လိုက်လျောနိုင်မည်နည်း?။ သူ၏လက်ထဲတွင် ကြည်လင်ကောင်းကင်ဓားကို တချက်လှုပ်ယမ်းလိုက်သည်နှင့် သူသည် ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ်ကို တစ်ဝက်မှ ပိုင်းဖြတ်ပစ်လိုက်သည်။

"ဖူး..’။

ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ်၏ ခန္ဓာကိုယ်သည် ကွဲထွက်သွားပြီး လတ်ဆတ်သော သွေးများ လွင့်ပျံသွားသည်။ သို့သော် သူ၏မျက်လုံးများသည် ပြင်းထန် သော မလိုလားမူနှင့်အတူ နောင်တတရားများဖြင့် ပြည့်နှက်နေခဲ့သည်။

အကယ်၍, သူသည် ချင်ယွင်ကို ရန်စရန် အစပျိုး မလုပ်ဆောင်ခဲ့ပါက၊ ယခု သူသည် အခုလိုမျိုးစံမျိုးဖြင့် မည်သို့ အဆုံးသတ်နိုင်မည်နည်း?။

ပတ်ဝန်းကျင်ရှိ ပရိသတ်များလည်း လုံးဝ တိတ်ဆိတ်သွားကာ ချင်ယွင်ကိုကြည့်သည့် ၎င်းတို့၏ အကြည့်များက အနှိုင်းမဲ့ ရိုသေလေးစားလာခဲ့သည်။

သို့သော် ချင်ယွင်၏ မျက်နှာသည် အနည်းငယ်မျှ အပြောင်းအလဲ မတွေ့ရပေ။ ကျွမ်းကျင် ပညာရှင်တစ်ဦး မွေးဖွားလာခြင်းသည် အခြားလူ၏အလောင်းကို ချနင်းသွားရမည် ဖြစ်ပါသည်။

ဤဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ်၏ အရည်အချင်းသည် ထူးကဲသော်လည်း၊ သူသည် မာနကြီးလွန်းသည်။ ဤတစ်ချက်တည်းဖြင့်ပင်၊ သူသည် စစ်မှန်သည့် အဆုံးစွန်သောနယ်ပယ်သို့ မရောက်နိုင်ပေ။

ဘန်း…။

ချင်ယွင်သည် ကြည်လင်ကောင်းကင်ဓားကို ဖယ်လိုက်ပြီး ပြန်လှည့်၍ ထွက်သွားခွာခါနီး တွင်, ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ် ဧကရာဇ်၏ အလောင်းမှ တောက်ပသော အလင်းတန်းတစ်ခု လင်းလက်လာသည်။ အလောင်းထဲမှ အနှိုင်းမဲ့ ကြောက်စရာ ကောင်းသော ဖိအားတစ်ခု ထွက်ပေါ်လာခဲ့သည်။

“ငါ့တမန်တော်ကို ဘယ်သူ သတ်ဝံ့တာလဲကွ?။” ပုံရိပ်တစ်ခုသည် အလောင်းမှ ပျံထွက်လာ ပြီး၊ လေထဲမှာ လွင့်မျောသွားကာ၊ လေထဲတွင် လူသားပုံသဏ္ဍာန်နှင့်တူသည့် ပုံရိပ်တစ်ခု အသွင် ဖြစ်ပေါ်လာပါသည်.

ဤပုံရိပ်ကြီးသည် တုနှိုင်းမရနိုင်သော ကြောက်မက်ဖွယ်ကောင်းသော အထွက်အထိပ် စွမ်းအားကို ထုတ်လွှတ်လိုက်သည်၊ ထိုကြောက်မက်ဖွယ်ကောင်းသော တန်ခိုးအစွမ်း ထုတ်လွှတ်လိုက်သည်နှင့် အင်မော်တယ် ဧကရာဇ်များနှင့် အင်မော်တယ် ဘုရင်များကို မြေပြင်ပေါ်တွင် ဒူးထောက်ကျစေခဲ့သည်။

"အထွက်အထိပ်ပုဂ္ဂိုလ်လား..?" အင်မော်တယ်ဘုရင်များနှင့် အင်မော်တယ် ဧကရာဇ်များ သည် မြေပြင်ပေါ်တွင် တစ်ယောက်ပြီးတစ်ယောက် တွားသွားဖြစ်နေကြပြီး၊ သူတို့၏ နှလုံးသားများသည် မသက်မသာခံစားချက်များဖြင့် ပြည့်နှက်နေသည်။ လူသားပုံသဏ္ဍာန် ပုံရိပ်ကြီးမှ ထွက်ပေါ်လာသော အထွက်အထိပ် စွမ်းအားသည် သူတို့၏ နှလုံးသား အောက်ခြေအရင်းအမြစ်မှ ထွက်ပေါ်လာသော ကြောက်ရွံ့သည့် ခံစားချက်ကို ပေးစွမ်းနေ သည်။

ချင်ယွင်သည်လည်း မထိန်းနိုင်ဘဲ ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်လိုက်သည်။ ကြီးကျယ်ခမ်းနားသော အငွေ့အသက်သည် အလွန်မင်း ဖိနှိပ်နိုင်စွမ်းရှိပြီး၊ အသက်ပင် မရှူနိုင်ပေ။ ဧရာမတောင်ကြီးက သူ့ကို မြေပြင်ပေါ်တွင် ဒူးထောက်စေလိုဟန်ဖြင့် ပြင်းပြင်းထန်ထန် ဖိချလိုက်သလိုပင်။

သို့သော် ချင်ယွင်သည် ဤကြောက်မက်ဖွယ်ကောင်းသည့် အထွက်အထိပ်ပုဂ္ဂိုလ်၏ ဖိအားကို ခံနိုင်ရည်ရှိရန် နဂါးနတ်ဘုရား၏ စွမ်းအားကို အားကိုးလိုက်ရပါသည်။

"ဟမ့်၊ မင်းက ဒီအထွက်အထိပ်ပုဂ္ဂိုလ်ကို မြင်တာတောင် ဒူးမထောက်သေးဘူးလား?။ ကောင်စုတ်, မင်းက ဒီအထွက်အထိပ်ပုဂ္ဂိုလ်ကို ရန်စနေတာလား?။" ပုံရိပ်ကြီးသည် ချင်ယွင်ကို ကြည့်ကာ အနှိုင်းမဲ့ ဂုဏ်သိက္ခာကြီးမားသော အကြည့်ဖြင့် ကြည့်ရင်း ပြောလိုက်သည်။

ချင်ယွင်သည် ထိုစကားကိုကြားသောအခါတွင် ပြင်းထန်သော မောက်မာမှုက သူ၏ နှလုံးသားထဲတွင် ချက်ချင်း ထွက်ပေါ်လာသည်။ သူသည် လူသားပုံသဏ္ဍာန် ပုံရိပ်ကြီးကို ကြည့်ကာ ပြောလိုက်သည် "ခင်ဗျားက အထွက်အထိပ်ပုဂ္ဂိုလ် တစ်ယောက်ရဲ့ စိတ်ဝိညာဉ် အမှတ်သားပဲ။ ခင်ဗျားက ကျုပ်ကို ဒူးထောက်ခိုင်းရအောင် ခင်ဗျားမှာ ဘာအရည်အချင်း ရှိလိုလဲ?။ ခင်ဗျားကိုယ်တိုင် ဒီနေရာကို ဂုဏ်ပြုပေးဖို့ ရောက်လာရင်တောင်, ခင်ဗျားအနေနဲ့ ကျုပ်ကို ဒူးထောက်ခိုင်းဖို့ဆိုတာ မဖြစ်နိုင်ဘူး"။

ချင်ယွင်၏ စကားများသည် အလွန်ပင် သူရဲကောင်းဆန်ပြီး၊ သူ၏လေသံတွင် အကန့်အသတ်မဲ့ ဂုဏ်သိက္ခာကြီးမားမူ ပါဝင်နေသည်။

အဝေးမှာရှိနေကြသည့် အင်မော်တယ် ဘုရင်များနှင့် အင်မော်တယ် ဧကရာဇ်များသည် မှင်သက်သွားကြီးပြီး၊ သူတို့၏နှလုံးသားများသည် စိုးတထိတ်ထိတ် ဖြစ်နေကြပါသည်။

ချင်ယွင်၏စကားများသည် ဝင်္ကပါဖြိုခွင်းခြင်းအင်မော်တယ်ဧကရာဇ်ကို သတ်ဖြတ်စဉ်က ထက်ပင် ပို၍ ထိတ်လန့်စရာကောင်းသည်။ အထွက်အထိပ်ပုဂ္ဂိုလ်၏ တည်ရှိမူမျိုးသည် မည်သည့်အဆင့်မျိုးနည်း?။ ချင်ယွင်သည် အမှန်တကယ်ပင် ထိုစကားမျိုးကို ပြောဝံ့သည်။

ဤသည်မှာ အထွက်အထိပ်ပုဂ္ဂိုလ်၏ စိတ်ဝိညာဉ်အမှတ်အသား တစ်ခုမျှသာ ဖြစ်သော် လည်း၊ ၎င်းသည် အထွက်အထိပ်ပုဂ္ဂိုလ်တစ်ဦး၏ဂုဏ်သိက္ခာကို ကိုယ်စားပြုနေဆဲ ဖြစ် သည်။

"ဘယ်လောက် မာကြောလိုက်တဲ့ ကျောရိုးလဲ?။ ငါ့ကို ဒီလိုစကားမျိုး ဘယ်သူမှ မပြောရဲခဲ့ တာ နှစ်သိန်းပေါင်းများစွာ ကြာခဲ့ပြီ။ ကြည့်ရတာ မင်းက ငါ့ရဲ့တမန်တော်ကို သတ်လိုက်ပုံ ပဲ" အထွက်အထိပ်ပုဂ္ဂိုလ်၏ ပုံရိပ်ကြီးက ပြောလိုက်ရင်း သူ၏လေသံတွင် ဒေါသ အရိပ်အမြွက် ပါဝင်နေသည်။

"မှန်ပါတယ်၊ ကျုပ်က ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ်ကို ဓားနဲ့ခုတ်ပိုင်းလိုက် တာပဲ။" ချင်ယွင်က ဂုဏ်ယူဝင့်ကြွားစွာ ပြောပြီး သူ၏လေသံက နှိမ့်ချခြင်းမရှိသလို မမောက်မာခြင်း မရှိပေ။

"ကောင်းတယ်..၊ ကောင်းတယ်.. ကောင်းတယ်.. ဒါဆို မင်း သေနိုင်ပြီ" အထွက်အထိပ် ပုဂ္ဂိုလ်၏ ပုံရိပ်ကြီးသည် ကျယ်လောင်စွာ ဟစ်ကြွေးလိုက်ပြီး သူ၏လက်ဖဝါးကို ဆန့်လိုက်သည်။

ကမ္ဘာကြီး၏ရှေ့မှ ဧရာမလက်ဖဝါးကြီး တစ်ဖက်သည် ရုတ်တရက် သိပ်သည်းလာကာ၊ ချင်ယွင်ဆီသို့ ပြင်းထန်စွာ ရိုက်ချလိုက်သည်။

ထိုလက်ဖဝါးကြီးသည် ပေတစ်ထောင်ရှည်လျားပြီး၊ ကောင်းကင်ထက်ဝက်ကျော်ကိုပင် ဖုံးအုပ်ထားသည်။ ၎င်းတွင်ပါရှိသော စွမ်းအားသည် ယခင်က ကောင်းကင်နတ်ဘုရား ကောင်းကင်လျှပ်စီးဓားတစ်သိန်း ဓားဝင်္ကပါ ထက်ပင် ပို၍ကြောက်စရာကောင်းသည်။

၎င်း၏ တန်ခိုးအစွမ်းသည် ကောင်းကင်ကို လှုပ်ခါပြီး မြေကြီးကို ဖျက်ဆီးသွားစေခဲ့သည်။

All Chapters