← Chapters

အခန်း ၁၀၆၃

Vol. 71 Ch. 1063

အခန်း ၁၀၆၃

Vol. 71 Ch. 1063

အခန်း (၁၀၆၃)။ အထွက်အထိပ်ပုဂ္ဂိုလ်၏ ပုံရိပ်ကြီး။

"အထွက်အထိပ် ပုဂ္ဂိုလ်တစ်ဦးက တကယ်ကို စွမ်းအားကြီးမားပါပေတယ်။ စိတ်ဝိညာဉ် အမှတ်အသားတစ်ခုကတောင် အလွန်ကြောက်မက်ဖွယ်ကောင်းနေပြီ။ အကယ်၍, လူကိုယ်တိုင် ရောက်လာမယ်ဆိုရင် ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိုက်မ လဲ?။ အဝေးမှာ တွားသွားဖြစ်နေကြသည့် လူတိုင်းလည်း ကြောက်ရွံ့ထိတ်လန့်သွားကြ သည်။ သူတို့သည် ကောင်းကင်ယံမှ ပုံရိပ်ကြီးကို မော့ကြည့်ရင်း သူတို့မျက်လုံးများသည် ရိုသေလေးစားမှု အပြည့်ရှိနေသည်။

ချင်ယွင်သည် ကောင်းကင်ယံမှ ကြီးမားသော လက်ဖဝါးကြီးကို ကြည့်လိုက်ရင်း သူ၏မျက်လုံးများက လေးနက်သော အမူအရာကို ပေါ်လွင်စေသည်။

ဤအထွက်အထိပ်ပုဂ္ဂိုလ်၏ စိတ်ဝိညာဉ် အမှတ်သားသည် သူထင်ထားသည်ထက်ပင် ပို၍ပင် အားကောင်းနေ၏။ ဟိုအချိန်တုန်း၊ သူသည် ထိုအထွက်အထိပ် ပုဂ္ဂိုလ်တစ်ဦး၏ စိတ်ဝိညာဉ် အမှတ်သားကို သတ်ဖြတ်သောအခါ, ၎င်းသည် ကနဦးစကြာဝဠာထဲတွင် ရှိနေခဲ့သည်။ ချင်ယွင်သည် ၎င်းကိုဖျက်ဆီးပစ်ရန် စကြဝဠာတစ်ခုလုံး၏ စွမ်းအားကို အသုံးပြုခဲ့သည်။ ထို့ကြောင့် ထိုအထွက်အထိပ်ပုဂ္ဂိုလ်၏ စိတ်ဝိညာဉ် အမှတ်သားသည် အလွန်အားနည်းသည်ဟု သူ ခံစားမိခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ယခုအချိန်တွင် သူသည် ဤစကြဝဠာအတွင်းမှာ အထွက်အထိပ်ပုဂ္ဂိုလ်၏ စိတ်ဝိညာဉ် အမှတ်သားကို ထိပ်တိုက် ရင်ဆိုင်နေရချိန်တွင် အထွက်အထိပ် ပုဂ္ဂိုလ်၏ စိတ်ဝိညာဉ် အမှတ်သားသည် အလွန်အစွမ်းထက်ကြောင်း ချင်ယွင် တွေ့ရှိခဲ့ရသည်။ ၎င်းသည် ကောင်းကင်တာအိုနယ်ပယ်၏ အထွတ်အထိပ်အဆင့်ရှိ အင်မော်တယ် ဧကရာဇ်တစ်ပါးကို ဆန္ဒရှိသလို အချိန်မရွေး သတ်ဖြတ်နိုင်သည်အထိ အစွမ်းထက်လှ သည်။

ဘန်း..။

ကောင်းကင်ယံမှ ဧရာမ လက်ဖဝါးကြီးသည် ကောင်းကင်ကို ဖုံးလွှမ်းထားကာ နေကိုပင် ဖုံးအုပ်ထားပြီး၊ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို သယ်ဆောင်လာသည်။

ချင်ယွင်သည် သူ၏ခန္ဓာကိုယ်တွင်းရှိ စွမ်းအားများကို စုစည်းချင်သော်လည်း သူ၏ ခန္ဓာကိုယ်ထဲတွင် စွမ်းအားများစွာ မကျန်တော့ကြောင်း တွေ့ရှိခဲ့ရသည်။

သူသည် အစောပိုင်းက ကောင်းကင်နတ်ဘုရား ကောင်းကင်လျှပ်စီးဓားတစ်သိန်း ဓားဝင်္ကပါကို ဖြတ်ကျော်ပြီး တိုက်ပွဲကို အောင်နိုင်ခဲ့သော်လည်း၊ သူ၏ ခွန်အား အားလုံးနီးပါး ဆုတ်ယုတ်သွားခဲ့သည်။ ယခုအချိန်တွင် ဤလက်ဖဝါးကြီးကို ဆန့်ကျင် တိုက်ခိုက်ရန် အင်အားမရှိတော့ပေ။

"ကြည့်ရတာ, ငါတို့ ကနဦးစကြာဝဠာထဲမှာ ပုန်းနေရတော့မယ့်ပုံပဲ။” ချင်ယွင်က သူ့ကိုယ်သူ ကူကယ်ရာမဲ့ ရေရွတ်လိုက်သည်။ သူ့ဆီသို့ ကျဆင်းလာတော့မည် လက်ဖဝါးကြီးကို ကြည့်နေရင်း, သူသည် ခုခံရန် ခွန်အားကို မစုစည်းနိုင်တော့ပေ။ အကယ်၍, သူသည် သူ၏အသက်ကို ကယ်ချင်သည်ဆိုလျှင်, ကနဦးစကြာဝဠာထဲမှာသာ ပုန်းနိုင်ပါတော့မည်။

ဘန်း…။

ချင်ယွင်သည် ကနဦးစကြဝဠာထဲသို့ ဝင်ခါနီးတွင်၊ သူသည် ကနဦးစကြဝဠာထဲသို့ ထည့်သွင်းထားသည့် ထိုကောင်ငယ်လေးသည် အမှန်တကယ်ပင် ထွက်လာခဲ့သည်။ သူသည် ချင်ယွင်၏ ပခုံးပေါ်ရပ်ကာ ကောင်းကင်ယံ၌ ကြီးမားသော လက်ဖဝါးကြီးကို ကြည့်လိုက်သည်။ သူ၏မျက်လုံးကြီးတွေက ဒေါသတွေနှင့် ပြည့်နေခဲ့သည်။

သူ၏နဖူးပေါ်ရှိ ဦးချိုများသည် ထွန်းလင်းတောက်ပလာပြီး ကြောက်မက်ဖွယ်ကောင်း သော အလင်းတန်းတစ်ခုသည် ၎င်း၏ဦးချိုများမှ ပစ်လွှတ်သွားကာ၊ သူနှင့် အလွန် နီးကပ်လာနေသည့် ဧရာမလက်ဖဝါးကြီးအား တိုက်ရိုပင် အပိုင်းပိုင်း ပြတ်တောက်သွားစေ သည်။

"အယ်?" အထွက်အထိပ်ပုဂ္ဂိုလ်၏ ပုံရိပ်ကြီးသည် တိုးညှင်းသည့် အံသားသင့်အသံကို ထုတ်ဖော်လိုက်ပြီး ချင်ယွင်၏ ဦးတည်ရာဆီသို့ ရုတ်ခနဲ ကြည့်လိုက်သည်။

ချင်ယွင်၏ လက်မောင်းထဲမှ ထိုအကောင်ငယ်လေးကို မြင်လိုက်ရသောအခါ, သူ၏ မျက်နှာပေါ်တွင် ထိတ်လန့်စရာ အရိပ်အယောင်တစ်ခု ပေါ်လာသည်။ ထို့နောက် သူသည် ကြောက်ရွံ့မှု အရိပ်အယောင်ကို ထုတ်ဖော်ပြီး တီးတိုးရေရွတ်လိုက်သည် “ဒါက တကယ်ကို ထွက်ပေါ်လာတာပဲ…”

အကောင်ငယ်လေးလည်း သူ၏မျက်လုံးများတွင် ဒေါသအမျက် အပြည့်ဖြင့် အံတင်းတင်း ကြိတ်ကာ၊ သူ ပြင်းပြင်းထန်ထန် မုန်းတီးနေသူကို မြင်လိုက်ရသကဲ့သို့ ထိုအထွက်အထိပ် ပုဂ္ဂိုလ်၏ ပုံရိပ်ကြီးကို ကြည့်လိုက်ပါသည်။

အထွက်အထိပ်ပုဂ္ဂိုလ် ပုံရိပ်ကြီး၏ အမူအရာသည် ချက်ချင်း ပြောင်းလဲသွားပြီး ထွက်ပြေး လိုဟန်ဖြင့် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။

သို့သော် အကောင်ငယ်လေးက အလွတ်ပေးလိုဟန် မရှိပေ။ သူ၏ဦးချိုများသည် တစ်ဖန် ပြန်လင်းလာပြီး၊ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်အတက်အကျလှိုင်းတစ်ခုက သူ၏ဦးချိုများထံမှ ပစ်လွှတ်လိုက်ကာ ကောင်းကင်မှာ ထွက်ပြေးလွတ်မြောက်သွားသော အထွက်အထိပ်ပုဂ္ဂိုလ်၏ ပုံရိပ်ကြီးကို ထိုးဖောက် ဝင်ရောက်သွားတော့သည်။

"အား…"

သနားစဖွယ် အော်ဟစ်သံနှင့်အတူ အထွက်အထိပ်ပုဂ္ဂိုလ်၏ ပုံရိပ်ကြီးသည် ချက်ချင်းပင် သေဆုံးသွားပြီး လေထဲသို့ လုံးဝ ပျံ့လွင့်ပျောက်ကွယ်သွားခဲ့သည်။

အဝေးမှ လူတွေအားလုံး ထိုမြင်ကွင်းကို မြင်လိုက်ရလျှင် လန့်ဖျပ်သွားကြပါသည်။ ဖြစ်ပျက်ခဲ့သည်ကို သူတို့ နားမလည်ခဲ့ကြပါဘူး။

ချင်ယွင်၏မျက်လုံးများလည်း ရင်ခွင်ထဲမှ အကောင်ငယ်လေးကို ကြည့်လိုက်ရင်း၊ ပြူးကျယ်နေခဲ့ပြီး၊ သူ၏စိတ်နှလုံးက တုန်လှုပ်ခြောက်ခြားခြင်းများဖြင့် ပြည့်နှက်နေခဲ့ သည်။

ဤအကောင်ငယ်လေးသည် သူ့နောက်ကို လိုက်လာစဉ်ကတည်းက အခုအချိန်အထိ အံ့အားသင့်စရာတွေ အမြဲတမ်း ယူဆောင်လာပေးခဲ့သည်. ပထမ၊ သူသည် သူ့ကို ရှေးဟောင်းနယ်ပယ်၏ အလယ်အလတ်အဆင့်သို့ ဖြတ်ကျော်နိုင်ရန် ကူညီပေးခဲ့ပြီး၊ ထို့နောက် အစီအရင်ဝင်္ကပါ၏ လှိုင်းလုံးကြီးများကို အောင်မြင်စွာ ဖြတ်ကျော်ပြီး တောင်ထိပ်သို့ တက်လှမ်းနိုင်အောင် ကူညီပေးခဲ့သည်။

ယခုမူ၊ အထွက်အထိပ်ပုဂ္ဂိုလ်၏ စိတ်ဝိညာဉ်အမှတ်သားသည်ပင် သူ့ကို ကြောက်ရွံ့နေ လေသည်။ သူ့ကို မြင်သည်နှင့် ၎င်းသည် ထွက်ပြေးတော့သည်။ နောက်ဆုံးတွင် သူ၏ ဦးချိုများမှ စွမ်းအင်ကြောင့် သေဆုံးသွားခဲ့ရသည်။

ကောင်းကင်နှင့် မြေကြီးကြားတွင် တိတ်ဆိတ်ငြိမ်သက်မှုက ဖြစ်ပေါ်လာခဲ့သည်။ အင်မော်တယ်ဘုရင်များနှင့် အင်မော်တယ် ဧကရာဇ်များသည် မြေပြင်ပေါ်မှ ပြန်ထရန်ပင် မေ့လျော့နေကြပြီး မြေပြင်ပေါ်တွင် ဒူးထောက်လျက်ပင် ရှိနေသေးသည်။

အကောင်ငယ်လေးသည် ရှင်းလင်းသုတ်သင်ခံလိုက်ရသော အထွက်အထိပ်ပုဂ္ဂိုလ်၏ စိတ်ဝိညာဉ် အမှတ်သားကြီးကို ကြည့်ရင်း၊ သူသည် သူ၏နှုတ်ခမ်းတွေကို လူသားဆန်စွာ တွန့်ကွေးလိုက်ပြီးနောက်, ဆက်လက်အိပ်စက်ရန် ချင်ယွင်၏ ရင်ခွင်ထဲကို ကျုံ့ဝင်သွားခဲ့ သည်။

ယခုအချိန်တွင် ချင်ယွင်သည် ၀တ်စုံအသစ်ကို ၀တ်ဆင်ထားပြီး ဖြစ်သည်။ ဤအကောင်ငယ်လေးသည် ချင်ယွင်၏ရင်ခွင်ထဲတွင် ပုန်းအောင်းပြီး အိပ်ချင်နေပုံရသည်။

ချင်ယွင်သည် ကူကယ်ရာမဲ့ ပြုံးလိုက်ပြီး အကောင်ငယ်လေး၏ မူလဇစ်မြစ်ကို ပို၍ပင် သိချင်လာသည်။

"ငါရဲ့ ခွန်အားကို အရင်ဆုံး ပြန်လည်ကုစားဖို့ နေရာရှာရမယ်။" ချင်ယွင်က သူ့ကိုယ်သူ ရေရွတ်လိုက်သည်။

နတ်ဘုရားမြုပ်နှံခြင်း တောင်တန်းသည် အန္တရာယ်အမျိုးမျိုးနှင့် ပြည့်နေသောကြောင့် သူသည် သူ၏ခွန်အားကို ပြန်လည်ရရှိရန် လိုအပ်သည်။

ဘန်း..။

သို့သော်၊ ချင်ယွင်သည် တင်ပျဉ်ခွေထိုင်ပြီး သူ၏ ခွန်အားကို ပြန်လည်ရယူရန် ပြင်ဆင်နေချိန်မှာ သူ၏ ရင်ဘတ်မှ စွမ်းအင်လှိုင်းလုံးကြီး ထွက်ပေါ်လာသည်။ ထို့နောက် ချင်ယွင်သည် သူ့တစ်ကိုယ်လုံးကို ပျံ့နှံ့သွားသည့် အပူလှိုင်းကြီးကို ခံစားလိုက်ရသည်။

ဤအပူလှိုင်းကြီးသည် ချင်ယွင်၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖြတ်သန်းစီးဆင်းလာသည်နှင့် အမျှ ချင်ယွင်သည် သူ၏ခန္ဓာကိုယ်ထဲတွင် ကုန်ဆုံးသွားသော စွမ်းအင်များ ရုတ်တရက် ပြည့်လာပြီး သူ၏ ကာယခွန်အားသည် အထွတ်အထိပ်သို့ တိုက်ရိုက် ရောက်ရှိသွားသည်။

"အယ်? အကောင်ငယ်လေး, ဒါကို မင်း လုပ်လိုက်တာလား?။" ချင်ယွင်က သူ့ရင်ဘတ်ကို မှီနေသော အကောင်ငယ်လေးအား အံ့သြစွာ ပြောလိုက်သည်။

အကောင်ငယ်လေးဆိုသည့်နာမည်သည် အကောင်ငယ်လေးအား သူပေးခဲ့သည့် နာမည်ပြောင်ဖြစ်ပြီး အကောင်ငယ်လေးကလည်း ချင်ယွင်ပေးခဲ့သည့် ထိုနာမည်ကို အရမ်းသဘောကျပုံရသည်.

ချင်ယွင်၏အသံကို ကြားသောအခါ၊ အကောင်ငယ်လေးသည် ချင်ယွင်၏ပွေ့ဖက်မှုမှ သူ၏ခေါင်းကို ချက်ချင်း ထုတ်လိုက်ပြီး ချင်ယွင်ကို လူသားဆန်သည့်ပုံစံဖြင့် ခေါင်းညိတ်လိုက်သည်။ အဆုံးတွင် သူ၏ဖြူဖွေးသော သွားများကိုပင် ထုတ်ဖော်လာသည်။

"ကျေးဇူးတင်ပါတယ်.." ချင်ယွင်က သူ့ကို သူ၏စိတ်နှလုံးထဲမှ ကျေးဇူးတင်နေမိသည်။ ဤအကောင်ငယ်လေးက သူ့ကို အများကြီး ကူညီပေးခဲ့သော်လည်း၊ သူကတော့ သူ့ကို လုံးဝ ပြန်မပေးဆပ်စေချင်ပါဘူး။ ဤအချက်က ချင်ယွင်ကို အရမ်းစိတ်လှုပ်ရှားစေပါ သည်။

အကောင်ငယ်လေးသည် ရှက်ရွံ့သော အမူအရာပြကာ ဖော်ပြရင်း ချင်ယွင်၏ရင်ဘတ်ကို ညုတုတု ပြုမူနေသကဲ့သို့ သူ၏မျက်နှာဖြင့် ပွတ်သပ်နေပုံရသည်။

ထိုမြင်ကွင်းကို မြင်တော့ ချင်ယွင်က ပြုံးပြီး ပိုးသားနှင့်တူသည့် သူ၏အမွှေးတွေကို ထိလိုက်ပါသည်။ သူ၏မျက်လုံးများက ကျေနပ်မူများဖြင့် ပြည့်နေခဲ့ပါသည်။

ဤအကောင်ငယ်လေးသည် မည်သည့်နေရာက ရောက်လာသည်ဖြစ်စေ၊ အနည်းဆုံး ချင်ယွင်က သူ၏နှလုံးသားထဲမှာ ဤအကောင်ငယ်လေးကို အရမ်းရင်းနှီးနေသလို ခံစားရပါသည်။ ဤကောင်ငယ်လေးက သူ့ကို ဒုက္ခမပေးဘူးဟု သူ ယုံကြည်သည်။

"ဆရာနဲ့ အခြားလူတွေကို လိုက်ရှာဖို့ အချိန်ရောက်ပြီ။ အခု သူတို့ ဘယ်ရောက်နေမလဲ ငါများ သိနိုင်မလား?။" ချင်ယွင်က အကောင်ငယ်လေးကို သူ၏ရင်ခွင်ထဲမှာ ဆက်အိပ်နေဖို့ ပြောလိုက်သည်။ ထို့နောက် နတ်ဘုရားမြုပ်နှံခြင်းတောင်တန်း၏ နက်ရှိုင်းသည် အရပ်ဆီသို့ ဆက်လျှောက်သွားခဲ့သည်။

ဝင်္ကပါဖြိုခွင်းခြင်း အင်မော်တယ်ဧကရာဇ်မှတဆင့်, ချင်ယွင်သည် ယခုတစ်ကြိမ်တွင် နတ်ဘုရားမြုပ်နှံခြင်းတောင်တန်းသို့ ဉီးတည်လာခဲ့သည့် ကျွမ်းကျင်သူများစွာရှိကြောင်း တွေ့ရှိခဲ့ရသည်။ ၎င်းတို့သည် ဝပ်နေသောကျားများနှင့် ပုန်းနေသောနဂါများဟု ဆိုနိုင်သည်။ ထို့ကြောင့် သူ ပိုသတိထားရပါမည်။

ဝှီး….။

တောနက်ကြီးထဲသို့ လျင်မြန်စွာ ဖြတ်ကျော်ဝင်ရောက်နေရင်း၊ ချင်ယွင်၏ပုံရိပ်သည် အလင်းတန်းများအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ဤတောင်တန်းကြီး၏ နေရာတိုင်းတွင် အစီအရင်ဝင်္ကပါများ ရှိနေပြီး၊ အကယ်၍, သူသာ သတိမထားပါက၊ ထိုအစီအရင် ဝင်္ကပါများ၏ ထောင်ချောက်ထဲသို့ ကျရောက်သွားနိုင်သည်။

ချင်ယွင် ပျံသန်းသွားလာနေစဉ်မှာ အင်မော်တယ် ဧကရာဇ်များနှင့် အင်မော်တယ်ဘုရင် များစွာတို့သည် အစီအရင်ဝင်္ကပါ ထောင်ချောက်ထဲသို့ ကျရောက်သွားကြပြီး သနားစဖွယ် သေဆုံးသွားကြသည်ကို သူ သတိပြုမိသည်။

"အယ်, ရှောင်ဘိုင်ရဲ့ အငွေ့အသက်တွေ ရှိနေတာပဲ။" ချင်ယွင်သည် တောင်တန်း၏ နက်ရှိုင်းသည့် အရပ်သို့ ရောက်ခါနီးတွင် ရှောင်ဘိုင်၏ စိတ်ဝိညာဉ် အငွေ့အသက်ကို သူနှင့် သိပ်မဝေးသောနေရာမှ ခံစားလိုက်ရသည်။ သို့သော်၊ ရှောင်ဘိုင်၏ အငွေ့အသက်သည် ယခုအချိန်တွင် အနည်းငယ် အားနည်းနေပုံရပြီး အန္တရာယ်တစ်မျိုးမျိုးနှင့် ကြုံတွေ့နေရ ပုံရသည်။

ချင်ယွင်သည် ဤအချက်ကို သတိပြုမိပြီး၊ ရှောင်ဘိုင်၏ အငွေ့အသက်ရှိရာဆီ ချက်ချင်း ပြေးသွားခဲ့သည်။ သူ၏စိတ်ထဲတွင် စိုးရိမ်တကြီး ပြောလိုက်မိပါသည် "ရှောင်ဘိုင်, မင်း ဘာမှ ဖြစ်လို့မရဘူး။ ငါရောက်တဲ့အထိ မင်း တောင့်ခံနိုင်ရမယ်။"

အမှန်တကယ်ဆို, သူသည် ဤကိစ္စကို နားမလည်နိုင်ခဲ့ပါဘူး။ တောင်တန်းထဲကို မဝင်ခင်မှာ သူသည် ရှောင်ဘိုင်ကို လေဟာနယ်လမ်းကြောင်းတံဆိပ်ပြားတစ်ခု ပေးခဲ့ပါ သည်။ ရှောင်ဘိုင်သည် ထိုတံဆိပ်ပြားကို ချေမွလိုက်သည်နှင့် သူသည် သူ၏ကနဦး စကြဝဠာထဲသို့ ချက်ချင်း ဝင်ရောက်နိုင်ပြီး အန္တရာယ်ကို ရှောင်ရှားနိုင်ပါသည်။

သို့သော် ရှောင်ဘိုင်သည် ထိုတံဆိပ်ကို အသုံးမပြုရသေးသည့်အပြင်၊ သူ၏ အငွေ့အသက် သည် အလွန်အားနည်းနေပါသည်။ ယုတ္တိဗေဒအရပြောရလျှင် ရှောင်ဘိုင်သည် သူ၏ ဆရာသခင်နှင့်အတူ ရှိနေသင့်ပါသည်။ ဆရာသခင်က ရှောင်ဘိုင် ဒဏ်ရာရနေသည်ကို လျစ်လျူရှုထားခြင်းမရှိမှာ သေချာပါသည်။

"တစ်ခုခုတော့ ဖြစ်နေရမယ်။" ချင်ယွင်၏နှလုံးသားထဲသို့ ဆိုးရွားသော ကြိုတင် သတိပေးချက်တစ်ခု တိုးဝင်လာသည်။ ထိုအကြောင်းကို တွေးပြီး သူ၏ခြေလှမ်းတွေက ပိုမိုမြန်ဆန်လာကာ ရှောင်ဘိုင်၏ အငွေ့အသက်များ ထွက်ပေါ်လာရာ လမ်းကြောင်းဆီကို အမြန်ပြေးသွားခဲ့ပါသည်။

All Chapters