အခန်း ၁၀၆၅
Vol. 71 Ch. 1065
အခန်း (၁၀၆၅) ဖြစ်ပေါ်လာသော မူမမှန်မူ။
"သေလိုက်တော့.."
လဲ့ထန်းလုံက အော်ဟစ်လိုက်ပြီး သူ၏ပုံရိပ်က ချင်ယွင်ဆီသို့ ချက်ချင်း ပျံသန်းသွားသည်။
သူသည် မူလကတည်းက နဂါးမျိုးနွယ်စု၏ အဖွဲ့ဝင်တစ်ဦး ဖြစ်သောကြောင့် သူ၏ ခန္ဓာကိုယ်သည် သဘာဝအတိုင်း မနှိုင်းယှဉ်နိုင်လောက်အောင် ကြံ့ခိုင်သည်။ သူ၏ တစ်ကိုယ်လုံးသည် ချက်ချင်းဆိုသလို လေပြင်းကဲ့သို့ တိုက်ခတ်သွားပြီး ချင်ယွင်ကို ပြင်းပြင်းထန်ထန် ဖိနှိပ်လိုက်သည်။
"ဘုန်း..”။
ပြင်းထန်သော နဂါးလက်သီးသည် နဂါးတစ်ကောင်အကောင်အလား ပြင်းထန်သော ခွန်အားဖြင့် ချင်ယွင်ဆီသို့ ရိုက်ခတ်သွားသည်။
ချင်ယွင်သည် သူ့ဆီသို့ တဟုန်ထိုး ပျံသန်းလာသော လဲ့ထန်းလုံကို ကြည့်ရင်း, သူ၏မျက်နှာပေါ်တွင် အပြုံးမပျက် ရှိနေသည်။
ဖင်းဂေါ့ဂ်စွမ်းအားက ချင်ယွင်၏ခန္ဓာကိုယ်မှ ချက်ချင်း ပျံ့နှံ့ထွက်လာခဲ့ပြီး၊ ချင်ယွင်၏ လက်မောင်းပေါ်သို့ စုစည်းလာသည်။
"ဖျစ်…”။
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ လဲ့ထန်းလုံ၏ လက်တစ်ဘက်လုံးရှိ အရိုးများ ကျိုးသွားကာ သူ၏တစ်ကိုယ်လုံး နောက်ပြန်ဆုတ်သွားပြီး၊ အအဝေးသို့ ပြင်းထန်စွာ ပစ်ကျသွားခဲ့သည်။
"ဘယ်လို...ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ" လဲ့ထန်းလုံက ထိတ်လန့်တကြား ပြောပြီး သူ၏မျက်နှာက အလွန်မင်း မယုံကြည်နိုင်သည့် အမူအရာ ပေါ်လွင်နေပါသည်။
သူသည် နဂါးမျိုးနွယ်၏ ခေါင်းဆောင်ဖြစ်ပြီး၊ ကမ္ဘာပေါ်တွင် တန်ခိုးအကြီးဆုံး မျိုးနွယ်၏ ခေါင်းဆောင်လည်း ဖြစ်သည်။ ရုပ်ခန္ဓာကိုယ် ကြံ့ခိုင်မှုအရဆိုလျှင်, ကမ္ဘာပေါ်တွင် မည်သူကရော သူတို့၏နဂါးမျိုးနွယ်နှင့် နှိုင်းယှဉ်နိုင်မည်နည်း?။ အခုအချိန်မှာတော့ သူသည် လူသားလူငယ်တစ်ယောက်၏ ကြေမွခြင်းကို ခံခဲ့ရသည်လား?။
ဤအရာအားလုံး အမှန်တရားဟု သူ မည်သို့ ယုံကြည်နိုင်မည်နည်း?။
ထိုအချိန်တွင် လဲ့ထန်းလုံ၏ လက်မောင်းရိုးတစ်ခုလုံး ကျိုးကြေသွားကာ ပြင်းထန်သော နာကျင်မှုကြောင့် ရှုံးမဲ့ပြီး သူ၏သွားများကို ကိုက်ထားပါသည်။
သူ့ရဲ့ နဂါးမျိုးနွယ်စု၏ မျိုးနွယ်စုခေါင်းဆောင်သည် သူ၏လက်တစ်ခုလုံး သုံးစားမရ ဖြစ်သွားရသည်လား?။ ယင်းကြောင့် သူ၏ဒေါသကို အဆမတန် ပေါက်ကွဲထွက်စေသည်။
"ငါ မင်းကို သတ်မယ်!" လဲ့ထန်းလုံက အရူးအမူး ဟိန်းဟောက်လိုက်သည်။ သို့သော် ချင်ယွင် ရပ်နေသည့်နေရာကို သူကြည့်လိုက်သောအခါ၊ ချင်ယွင်၏ ရုပ်အသွင်သည် ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသည်။
"မကောင်းတော့ဘူ.." သူသည် ပတ်ဝန်းကျင်ကို ကမန်းကတန်း သတိကြီးစွာ ကြည့်ရင်း၊ လဲ့ထန်းလုံ၏ နှလုံးသားထဲသို့ ဆိုးရွားသည့် ကြိုတင်သတိပေးချက်တစ်ခု တိုးဝင်လာခဲ့ သော်လည်း ပတ်ဝန်းကျင်က ဗလာနတ္ထိ တောရိုင်းတွေလို ဖြစ်နေသည်။
"ဒီမှာ…"
လဲ့ထန်းလုံသည် သူ၏စိတ်ထဲတွင် အံ့သြနေစဉ်မှာပင် သူ၏ရှေ့တွင် ပုံရိပ်တစ်ခု ပေါ်လာ သည်။ ၎င်းသည် လဲ့ထန်းလုံ၏ ဝမ်းဗိုက်ကို ဒူးတစ်ချက် တိုက်ကာ သူ့ကို ပြင်းထန်စွာ လှုပ်ယမ်းသွားစေသည်။
"ဘုန်း..”။
လဲ့ထန်းလုံသည် ချင်ယွန်း၏ ဒူးချက် ထိမှန်ပြီး သူ၏နောက်ရှိ တောင်နံရံကို ပစ်ရိုက်ရင်း ပုဇွန်တစ်ကောင်ကဲ့သို့ ကွေးညွှတ်သွားသည်။
သူ၏နောက်ရှိ တောင်နံရံအနား ရှိနေစဉ်မှာပင် လဲ့ထန်းလုံ၏ ဝမ်းဗိုက်ပေါ်တွင် ကြီးမား လှသော စွမ်းအားတစ်ခု ပေါက်ကွဲသွားပါသည်။
ပေရာနှင့်ချီမြင့်သော တောင်ထိပ်သည် ပေါက်ကွဲပြီး ကျောက်တုံးများ လွင့်ထွက်သွား သည်။
လဲ့ထန်းလုံသည် ပါးစပ်မှ သွေးများကို အဆက်မပြတ် အန်ထုတ်လိုက်ရပြီး၊ သူ၏ ခန္ဓာကိုယ်သည် အလွန်နာကျင်သော အခြေအနေတွင် ရှိနေသည်။
ဟုတ်ပါသည်၊ ဤအခိုက်အတန့်မှာ သူ၏နှလုံးသားထဲတွင် မုန်တိုင်းတစ်ခု လှုပ်ခတ် သွားသလိုပင်။ ဤအခိုက်အတန့်တွင် ဤချင်ယွင်၏ ရုပ်ခန္ဓာကိုယ်ကြံ့ခိုင်မှုသည် မည်မျှ ထိတ်လန့်စရာကောင်းသည်ကို သူ အမှန်တကယ် သိရှိနားလည်လာခဲ့သည်။
"နဂါးမျိုးနွယ်ရဲ့ ခန္ဓာကိုယ်က ဒီ့ထက် ဘာမှမပိုဘူးလား?။" ချင်ယွင်က လှောင်ရယ် ရယ်လိုက်ပြီး သူ၏မျက်လုံးများတွင် လှောင်ပြောင်သရော်မှုများဖြင့် ပြည့်နေခဲ့သည်။
အဝေးမှ ရှောင်ဘိုင်၏ မျက်နှာတွင် အံ့သြသည့် အမူအရာ ပေါ်လာသည်။ သူ၏အစ်ကိုကြီး ချင်ယွင်သည် အမှန်တကယ်ပင် ကြံ့ခိုင်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။
လဲ့ထန်းလုံ၏ မျက်နှာသည် နီမြန်းလာပြီး၊ မျက်လုံးများလည်း နီရဲလာသည်။ သူ၏ အမူအရာက ရက်စက်ကြမ်းကြုတ်လာပြီး လူသားတွေကို ဝါးစားချင်လာသည်။
"မင်းက ငါတို့ရဲ့ နဂါးမျိုးနွယ်စုကို နှိမ့်ချဖို့ သတ္တိရှိတယ်လား?။ မင်းက သေချင်နေတာ လား?။"
လဲ့ထန်းလုံက အော်ဟစ်လိုက်သည်။ ပြင်းထန်သော သွေးစွမ်းအင်များက သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။ သူ၏အဝတ်အစားများသည် ပေါက်ကွဲသွားပြီး သူ၏တစ်ကိုယ်လုံးကို ကြက်သွေးရောင် အကြေးခွံများဖြင့် ဖုံးအုပ်ထားသည်။ နဂါးအမြီးက သူ၏နောက်မှ ပေါက်ထွက်လာပြီး နဂါးမွေးပုံစံအဖြစ်သို့ တိုက်ရိုက် ပြောင်းလဲသွားသည်။ (နဂါးမွေးပုံစံ ဟူသည် နဂါးများနှင့် ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် စိတ်ဝိညာဉ်ရေးရာ ဆက်သွယ်မှုအချို့နှင့် မွေးဖွားလာသူ)။
"အယ်?" ချင်ယွင်က အံ့သြသွားသည့် အမူအရာကို ထုတ်ဖော်လိုက်ပါသည်။
အစစ်အမှန်နဂါးများသည် နဂါးမွေးပုံစံများအဖြစ်သို့ မပြောင်းလဲနိုင်ပါ။ နတ်နဂါးများသာ ဤအရာကို ပြီးမြောက်နိုင်သည်။ သို့သော်၊ ဤလဲ့ထန်းလုံသည် ဤအရာကို အမှန်တကယ် ပြီးမြောက်အောင်မြင်နိုင်ခဲ့သည်။ သူ၏ခန္ဓာကိုယ်အတွင်းရှိ သွေးမျိုးဆက်သည် နတ်နဂါး အထံသို့ မမြင်နိုင်သည့်အခြေအနေထိ ချဉ်းကပ်နေပြီဟု ထင်ရသည်။
ဝှီး….။
ထိုအချိန်မှာ အနီရောင်အလင်းတန်းတစ်ခုက လေထုထဲ လင်းလက်သွားခဲ့သည်။ လဲ့ထန်းလုံ၏ ရုပ်အသွင်သည် မီတာရာဂဏန်း အကွာအဝေးကို ချက်ချင်း ဖြတ်ကျော် သွားပြီး နီမြန်းသော အကြေးခွံများဖုံးလွှမ်းနေသာ ရှည်လျားသော ခြေထောက်များက ချင်ယွင်ဆီသို့ ဦးတည်ဝှေ့ယမ်းလာသည်။
ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားသည် လေဟာနယ်တစ်ခုလုံးကို တုန်လှုပ်စေခဲ့ သည်။
ချင်ယွင်၏ အမူအရာသည် ပြောင်းသွားသည်။ လဲ့ထန်းလုံသည် နဂါးမွေးပုံစံအဖြစ်သို့ ပြောင်းလဲသွားပြီးနောက် သူ၏ ခွန်အားသည် ချက်ချင်းဆိုသလို တိုးမြင့်လာသည်ကို သူ ရှင်းရှင်းလင်းလင်း ခံစားနိုင်ခဲ့သည်။
သူသည် သတိလက်လွတ် မခံယူဝံ့ဘဲ ပိတ်ဆို့တားဆီးရန် သူ၏လက်မောင်းကို အမြန် ဝှေ့ယမ်းလိုက်သည်။
"ဘုန်း..”။
လဲ့ထန်းလုံ၏ ကြာပွတ်ခြေထောက်သည် ချင်ယွင်၏လက်မောင်းကို ထိမှန်သွားသဖြင့် သူ၏လက်တစ်ခုလုံး ထုံကျင်သွားကာ မထိန်းနိုင်ဘဲ ခြေတစ်လှမ်း နောက်ဆုတ်လိုက်ရ သည်။
"ဟမ့်.."
လဲ့ထန်းလုံ၏နှာခေါင်းမှ အေးစက်စက် နှာခေါင်းရှုံသံ တစ်ချက် ထွက်ပေါ်လာသည်။ သူ၏ ခန္ဓာကိုယ်သည် လေပွေတစ်ခုကဲ့သို့ ဝှေ့ယမ်းသွားပြီး ကြောက်မက်ဖွယ်ကောင်းသည့် စူးရှသော အမြီးက ချင်ယွင်၏ဝမ်းဗိုက်ကို လေပွေတစ်ခုအလား ပြင်းပြင်းထန်ထန် ရိုက်ခတ်သွားသည်။
ချင်ယွင်က ခပ်တိုးတိုးညီးညူသံ ထုတ်ဖော်လိုက်ရပြီး၊ သူ၏ခန္ဓာကိုယ်က နောက်သို့ ဆုတ်သွားသည်။ နဂါး၏အမြီးတွင် စူးများ ပေါက်နေသောကြောင့် သူ၏ရင်ဘတ်တွင် အပေါက်များစွာ ပေါ်လာသည်။
"မင်းက ငါတို့ နဂါးမျိုးနွယ်ရဲ့ အသားအရေကို မထီမဲ့မြင် ပြုခဲ့တာ မဟုတ်လား?။ ငါတို့ နဂါးမျိုးနွယ်ရဲ့ အသားအရေက အခု ဘယ်လောက် သန်မာတယ်ဆိုတာ မင်း သိပြီလား?" လဲ့ထန်းလုံက အေးစက်စွာ ဟစ်ပြောလိုက်ပြီး၊ သူ၏လေသံက ဂုဏ်ယူဝင့်ကြွားမူ အပြည့်ရှိ နေသည်။
"နဂါးမျိုးနွယ်ရဲ့ ခန္ဓာကိုယ်က တကယ့်ကို သန်မာပေမယ့် အကန့်အသတ် ရှိပုံရပါတယ် လေ။" ချင်ယွင်သည် လဲ့ထန်းလုံကို ကြည့်ကာ ပြုံးလိုက်သည်။ ဝမ်းဗိုက်ပေါ်ရှိ ဒဏ်ရာသည် သာမန်မျက်စိဖြင့် မြင်နိုင်သောနှုန်းဖြင့် ပျောက်ကင်းသွားသည်။
ထို့နောက် ချင်ယွင်၏ရုပ်အသွင်သည် ဖျတ်ခနဲ လင်းလက်သွားပြီး လဲ့ထန်းလုံ၏ရှေ့သို့ ချက်ချင်း ရောက်ရှိလာသည်။
လဲ့ထန်းလုံသည် ချက်ချင်းပင် ထိတ်လန့်သွားပြီး သူ၏မျက်နှာပေါ်တွင် တုနှိုင်းမရအောင် အံ့အားသင့်နေသည့် အမူအရာက ပေါ်လွင်နေသည်။
လဲ့ထန်းလုံ၏ ရင်ဘတ်ကို လက်သီးဖြင့် ထိုးလိုက်ရင်း ချင်ယွင်က ရယ်မောလိုက်သည်။
ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခုက ရုတ်တရက် ပေါက်ကွဲသွားပြီး လဲ့ထန်းလုံ၏ အနှိုင်းမဲ့ မာကျောသော နဂါးကြေးခွံများသည် တိုက်ရိုက် ပေါက်ကွဲသွား သည်။ နဂါးကြေးခွံပေါ်ရှိ အက်ကွဲကြောင်းများမှ သွေးများ စီးကျလာသည်။
"ဖူး..”။
လဲ့ထန်းလုံသည် သူ့ကို ဧရာမသံတူကြီးဖြင့် ရိုက်နှက်ခံလိုက်ရသလို ခံစားရသည်။ သူ၏ ပါးစပ်ထဲမှ သွေးများ စီးကျလာပြီး၊ သူလည်း နောက်ပြန် လွင့်စင်သွားတော့မည်။
သို့သော် ထိုအချိန်တွင် ချင်ယွင်သည် လက်တစ်ဖက်ကို ဆန့်ထုတ်ကာ လဲ့ထန်းလုံ၏ အမြီးကို ဆုပ်ကိုင်လိုက်သည်။ ထို့နောက် ပြင်းထန်သော အရှိန်အဟုန်ဖြင့် ဝှေ့ယမ်းကာ သူ၏ ခန္ဓာကိုယ်ကို မြေပြင်ပေါ်သို့ ပစ်ရိုက်လိုက်သည်။
"ဘုန်း…”
မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော ပေါက်ကွဲသံက ချိုင့်ဝှမ်းတစ်ခုလုံး ပြင်းထန်စွာ တုန်လှုပ်သွားသည်။ မြေပြင်ပေါ်တွင် ကြီးမားသော အက်ကြောင်းတစ်ခု ပေါ်လာသည်။
ယခုအချိန်တွင် လဲ့ထန်းလုံသည် စိတ်မကောင်းဖွယ် အခြေအနေသို့ ရောက်နေပြီ ဖြစ်သည်။ သူ၏ခန္ဓာကိုယ်ပေါ်တွင် ကြေးခွံတစ်ခုမျှ မကျန်တော့ဘဲ သူ၏အတွင်းအင်္ဂါများ သည် ပို၍ပင် ကွဲအက်သွားသည်။ သေချာသည်မှာ သူသည် ပြင်းပြင်းထန်ထန် ဒဏ်ရာ ရသွားခဲ့သည် ။
ချင်ယွင်သည် လေဟာနယ်ထဲတွင် ဂုဏ်ယူစွာ ရပ်နေပြီး လဲ့ထန်းလုံကို ငုံ့ကြည့်သည်။ သူ ပြောနေစဉ် တောက်ပသည့်အပြုံးရိပ်က သူ၏မျက်လုံးများတွင် ထင်ပေါ်နေသည် "ခင်ဗျားရဲ့ ခန္ဓာကိုယ်က မဆိုးပါဘူး၊ ဒါပေမယ့် ကျုပ်ထက်စာရင် ခင်ဗျားက ပိုအခြေအနေ ဆိုးတယ်။ ခင်ဗျားရဲ့ လေဟာနယ်စွမ်းရည် ကောင်းကင်တာအိုစွမ်းအားကို သုံးသင့်တယ်။ မဟုတ်ရင် ခင်ဗျား အသက်ဆုံးရှုံးရလိမ့်မယ်" ဟု ပြောလိုက်သည်။
လဲ့ထန်းလုံသည် တွင်းနက်ကြီးထဲတွင် လဲလျောင်းနေသည်။ ထိုစကားများကို ကြားတော့ သူသည် အလွန်မင်း အရှက်ကွဲသွားသလို ခံစားလိုက်ရပြီး ချင်ယွင်ကို ကြည့်သည့် အကြည့်များက အနှိုင်းမဲ့ မှုန်ကုပ်လာသည်။
"ကောင်းပြီလေ၊ မင်းက ငါ့ရဲ့ လေဟာနယ်စွမ်းရည် ကောင်းကင်တာအိုစွမ်းအားကို တွေ့ချင်နေမှတော့ ငါ မင်းကို ပြသပေးမယ်။" လဲ့ထန်းလုံက အေးစက်စွာ ဟစ်အော်လိုက် သည်။
"ဘန်း….”။
သို့သော် လဲ့ထန်းလုံသည် သူ၏ လေဟာနယ် စွမ်းအားကို အသုံးပြုခါနီးတွင် အဝေးရှိ တောင်တန်းကြီးဆီမှ ကြောက်မက်ဖွယ် ကျယ်လောင်သော မြည်ဟီးသံတစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်ယံတိုင် ထိုးဖောက်သွားသော အလင်းတန်းတစ်ခုက ချက်ချင်း ထွက်ပေါ်လာသည်။
မြေကြီးသည် ပြင်းထန်စွာ တုန်ခါလာသည်။ နတ်ဘုရားမြုပ်နှံခြင်းတောင်တန်း တစ်ခုလုံး တုန်လှုပ်နေပြီး နတ်ဘုရားမြုပ်နှံခြင်းတောင်တန်းအောက်မှ ကြောက်စရာကောင်းသည့် မွန်းစတားတစ်ကောင် ထွက်ပေါ်လာတော့မည့် အတိုင်းပင်။
"ဘာတွေ ဖြစ်နေတာလဲ?" ချင်ယွင်သည် အံ့အားသင့်သော အမူအရာဖြင့် အဝေးကို ကြည့်ရန် ခေါင်းကို အမြန်မော့လိုက်သည်။
လဲ့ထန်းလုံလည်း ထိုစွမ်းအင်အတက်အကျလှိုင်းကို သတိထားမိပြီး သူ၏မျက်လုံးတွေက ချက်ချင်း ပူလောင်လာသည်။ “အဓိပတိဉသျှောင်နယ်ပယ်ကို ဖြတ်ကျော်ဖို့ အခွင့်အရေးပဲ ဖြစ်ရမယ်” ဟု သူ့ကိုယ်သူ ရေရွတ်လိုက်သည်။
ထိုသို့ပြောပြီးနောက် လဲ့ထန်းလုံသည် လေဟာနယ်ထဲသို့ ဖောက်ထွက်ကာ ပျောက်ကွယ် သွားခဲ့သည်။
"အစ်ကိုကြီး၊ ဟိုမှာ တစ်ခုခု ဖြစ်ပုံရတယ်။" ရှောင်ဘိုင်က ချင်ယွင်၏ရှေ့မှာ ပေါ်လာပြီး ပြောလိုက်သည်။
ချင်ယွင်က ထွက်ပေါ်နေသည့် အလင်းတိုင်လုံးကြီးကို ကြည့်ပြီး ခဏလောက် တုံ့ဆိုင်း နေပြီးနောက် ပြောလိုက်သည် "သွားကြည့်ရအောင်…"
သူပြောပြီးသည်နှင့် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲကာ အလင်းတိုင်လုံးကြီးဆီသို့ ဦးတည်ပျံသန်းသွားသည်။ ရှောင်ဘိုင်သည် သူ၏ခန္ဓာကိုယ်ကို လျင်မြန်စွာ အသုံးချကာ လိုက်ပါသွားခဲ့သည်။
စာစဉ် (၇၁) ပြီးပါပြီ။
ဘာသာပြန်သူ နေဇင်။