← Chapters

အခန်း ၁၀၆၇

Vol. 72 Ch. 1067

အခန်း ၁၀၆၇

Vol. 72 Ch. 1067

အခန်း (၁၀၆၇) လျှို့ဝှက်ဆန်းကြယ်သောလှေကားထစ်များ။

ထိုအင်မော်တယ် ဧကရာဇ်၏ ရုပ်အသွင်သည် လှေကားထစ်များပေါ်သို့ ကျဆင်သွားစဉ်, လူတိုင်း၏ အကြည့်များက သူ့အပေါ်သို့ ကျရောက်သွားခဲ့သည်။

ချင်ယွင်သည် အရင်ကတည်းက ကြိုးစားကြည့်ပြီးသား ဖြစ်သည်။ ဤတောင်ထိပ်သည် လူတွေကို မ၀င်ရောက်အောင် တားဆီးနိုင်သည့် ထူးဆန်းသော စွမ်းအားများ ရှိနေသည်။ အကယ်၍ သူ အတင်းအကြပ် ဖြတ်ကျော်ခဲ့မည်ဆိုလျှင် ဤလျှို့ဝှက်ဆန်းကြယ်သော စွမ်းအားကြောင့် သူသည် သေသည်အထိ ကြေမွသွားလိမ့်မည် ။

ထို့ကြောင့် ဤလှေကားသည် တောင်ထိပ်သို့ ဖြတ်သန်းသွားလာရာ လမ်းဟုတ်မဟုတ် လူတိုင်း အလွန်သိချင်နေကြပါသည်။

ဘန်း…။

ဤအခိုက်အတန့်တွင် ထိုအင်မော်တယ် ဧကရာဇ်သည် ရှေ့တစ်လှမ်းတိုး၍ ခြေတစ်လှမ်း လှမ်းခြင်းဖြင့် လှေကားပေါ်သို့ တက်လိုက်သည်။

အလင်းတန်းများသည် လှေကားထစ်မှ ချက်ချင်း လင်းလက်သွားပေမယ့် ထိုအင်မော်တယ် ဧကရာဇ်ကို လွင့်ထွက်သွားအောင် မတွန်းထုတ်ခဲ့ပါဘူး။

ထိုအင်မော်တယ် ဧကရာဇ်၏ မျက်နှာသည်လည်း ပျော်ရွှင်သည့် အရိပ်အယောင် ပေါ်လွင်လာသည်။ သူသည် ရှေ့သို့ နောက်တစ်လှမ်းတိုးကာ လှေကားပေါ်သို့ တိုက်ရိုက် တက်လိုက်သည်။

ခြေလှမ်းများသည် ရေကဲ့သို့ ငြိမ်သက်နေပြီး လှုပ်ရှားမှု မရှိသလိုပင်။

လူအုပ်ကြီးသည် ထိုမြင်ကွင်းကို မြင်လိုက်ရလျှင် သူတို့မျက်နှာတွေက အံ့ဩသွားကြပါ သည်။ ဤလှေကားထစ်များသည် တောင်ထိပ်သို့တက်ရောက်ရန် တစ်ခုတည်းသော လမ်းကြောင်းဖြစ်ကြောင်း ရှင်းနေပါသည်။

"တောင်ထိပ်ပေါ်မှာ စောင့်နေတာလား?" အကြီးအကဲယုဟုခေါ်သော အဝေးမှ ဆံပင်ဖြူ အဘိုးကြီး၏ မျက်လုံးများသည်လည်း တောက်ပနေသည်။ သူ၏ နဂိုက ကွေးထားသော ခါးသည် အနည်းငယ် ဖြောင့်မတ်လာသည်။

ချင်ယွင်၏ သတ်ဖြတ်ခံရလုနီးပါး ဖြစ်ခဲ့သော လဲ့ထန်းလုံ၏မျက်လုံးများသည် ပို၍ပင် တောက်ပလာပြီး သူ၏အကြည့်များသည် လွန်စွာမှ ပူလောင်လာသည်။

"ငါတို့ တောင်ထိပ်ကို ရောက်နိုင်တာနဲ့ အကြီးအမြတ်ဆုံး ကံကြမ္မာ တစ်ခုခုကို ရနိုင်မှာ မဟုတ်လား?။ အထွက်အထိပ်ပုဂ္ဂိုလ်ဖြစ်လာမယ့် အဲဒီကံကြမ္မာကို ငါ အရယူရမယ်။" လဲ့ထန်းလုံသည် သူ၏ လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ သူ၏မျက်လုံးများက ပြင်းထန်သော လောဘစိတ်များဖြင့် ပြည့်နှက်နေသည်။

ကျင်းရှန်သည် လူစုလူဝေး အလယ်တွင် ရပ်နေပြီး တောင်ထိပ်ကို စူးစူးစိုက်စိုက် ကြည့်ရင်း၊ သူ၏မျက်လုံးထဲတွင် ရူးသွပ်သည့် အကြည့်ဖြင့် ကြည့်နေသည်။

သူတို့တင်မကဘဲ အနီးနားပတ်ဝန်းကျင်မှ လူများသည်လည်း တောက်လောင်နေသည့် အကြည့်များ ဖြစ်ပေါ်လာကြပါသည်။

အထွက်အထိပ်ပုဂ္ဂိုလ်, ထိုအရာက အကြီးမြတ်ဆုံး ဖြစ်တည်မှုတစ်ခု ဖြစ်ပါသည်။ သေချာသည်မှာ, ၎င်းသည် လူတိုင်း အိပ်မက်မက်နေကြသည့် နယ်ပယ်တစ်ခုပင်။ အခု အခွင့်အရေးက သူတို့ရှေ့မှာ ရောက်ရှိလာခဲ့ပြီ။ သူတို့အနေဖြင့် မည်သို့ သွေးဆောင်မခံရဘဲ နေမည်နည်း?။

“အား…”

သို့သော် ဤအခိုက်အတန့်တွင် ဝမ်းနည်းကြေကွဲဖွယ် အော်ဟစ်သံက ရုတ်တရက် ထွက်ပေါ်လာသည်။

လှေကားထစ်သို့ တက်လှမ်းနေခဲ့သော ထိုအင်မော်တယ် ဧကရာဇ်သည် လှေကားထစ် တစ်ရာသို့ ရောက်သောအခါ၊ သူ၏တစ်ကိုယ်လုံး ကွဲအက်စ ပြုလာသည်။ နောက်ဆုံးတွင် သူသည် သွေးအိုင်အဖြစ်သို့ ပြောင်းလဲသွားပြီး လူတိုင်း၏မျက်မှောက်မှ ပျောက်ကွယ် သွားခဲ့သည်။

ထိုဝမ်းနည်းဖွယ် အော်ဟစ်သံက လူတိုင်းကို တုန်လှုပ်ချောက်ချားစေသည်။

"ဒါ...." လူတိုင်း အံ့အားသင့်နေသည့် အမူအရာများကို ထုတ်ဖော်လာကြပါသည်။ သူတို့၏ နှလုံးသားထဲမှ အရူးအမူဖြစ်ပေါ်လာသည့် စိတ်အားတက်ကြွမူက ရုတ်တရက် အေးစက်သွားသည်။

အစောပိုင်းက, အင်မော်တယ် ဧကရာဇ်သည် ကောင်းကင်တာအို နယ်ပယ်၏ တတိယ အဆင့်ရှိ အင်မော်တယ် ဧကရာဇ်တစ်ပါး ဖြစ်နေပါပြီ။ သို့သော် သူသည် လှေကားထစ် တစ်ရာမျှသာ လျှောက်လှမ်းနိုင်ခဲ့ပြီး၊ ဤကြီးမြတ်လှသော တောင်ကြီးသည် လှေကားထစ် တစ်သိန်းထက်မနည်း ရှိပေလိမ့်မည်။ ဤအရာက လူတိုင်း၏ နှလုံးသားကို ဆိုးရွားသည့် ကြိုတင်သတိပေးချက်တစ်ခုအနေဖြင့် လှုံ့ဆော်ပေးလာခဲ့သည်။

ချင်ယွင်လည်း အံ့သြသွားသည့် အမူအရာကို ထုတ်ပြလိုက်သည်။ ထိုလှေကားထစ်များ သည် တက်ရောက်ရန် လွယ်ကူမည်မဟုတ်သု သူ မှန်းဆထားပြီးသားဖြစ်သော်လည်း၊ ဤမျှ ကြောက်စရာကောင်းနေမည်ဟု သူ မမျှော်လင့်ထားပါဘူး။

ကောင်းကင်တာအိုနယ်ပယ်၏ တတိယအဆင့်ရှိ အင်မော်တယ် ဧကရာဇ်တစ်ပါးသည် အမှန်တကယ်ပင် လှေကားထစ်တစ်ရာသာ တက်လှမ်းနိုင်ခဲ့သည်။ ထိုလှေကားထစ်များ သည် မည်မျှ ကြောက်စရာကောင်းသနည်း?။

ရှေးဟောင်းတာအို ဆရာသခင်နှင့် အင်မော်တယ် ဧကရာဇ် လျှိုထန်းတို့လည်း အံ့အားသင့်ဟန် အမူအရာများကို ဖွင့်ဟထားကြသည်။ ရှင်းပါသည်။ သူတို့သည်လည်း ဤလှေကားထစ်များမှ ယလိုမျိုး ဖြစ်လာမည်ဟု မမျှော်လင့်ထားသည်မှာ အထင်အရှား ပင်။

"မင်း... တက်​စမ်း.." ရုတ်​တရက်​ ကျယ်​​လောင်​စွာ ​အော်​ဟစ်​သံက အ​ဝေးက​နေ ထွက်​လာ သည်​။ အကြီးအကဲယုသည် အင်မော်တယ်ဘုရင်တစ်ပါးကို ညွှန်ပြပြီး ပြင်းထန်သော လေသံဖြင့် အမိန့်ပေးလိုက်သည်။

အမိန့်ပေးခံရသူ အင်မော်တယ်ဘုရင်သည် ထိတ်လန့်သော အမူအရာကို ချက်ချင်း ထုတ်ဖော်ပြီး "မဟုတ်ဘူး၊ ငါတက်ရင် ငါ သေလိမ့်မယ်" ဟု အလျင်စလို တောင်းပန်ရှာ သည်။

"ဟမ့်, မင်း မတက်ဘူးဆိုရင် အခုပဲ ငါ မင်းကို သတ်ပစ်မယ်" အကြီးကဲယုက သူ၏ တုတ်ကောက်ဖြင့် မြေပြင်ကို ခေါက်လိုက်ပြီး ကြောက်စရာကောင်းသည့် ဖိအားတွေက လွှမ်းခြုံသွားကာ ထိုအင်မော်တယ်ဘုရင်၏ မျက်နှာက ချက်ချင်း ပြာနှမ်းသွားပါသည်။

ဘေးပတ်ဝန်းကျင်ရှိ လူတိုင်း မျက်မှောင်ကြုတ်နေကြသော်လည်း မည်သူကမျှ သူ့ကို တားဆီးရန် ရှေ့ထွက်မလာခဲ့ကြပေ။

ထိုအချိန်တွင် ချင်ယွင်သည် မျက်မှောင်ကြုတ်လိုက်သည်။ သို့သော် သူသည် တားဆီးရန် ရှေ့မတိုးခဲ့။ သူကိုယ်တိုင်ကလည်း လူကောင်းတစ်ယောက် မဟုတ်ပေ။ ဤလူတွေ ဒီနေကို ရောက်ရှိလာကတည်းက သူတို့၏ ကြေကွဲဖွယ် သေဆုံးနိုင်ခြေကိုလည်း သတိထားရလိမ့် မည်။

အင်မော်တယ်ဘုရင်၏ မျက်နှာသည် ပြာနှမ်းနေ၏။ သူသည် တခဏမျှ တုံ့ဆိုင်းသွားပြီး နောက် လှေကားဆီသို့ လျှောက်သွားခဲ့ပါသေးသည်။

သူသည် လှေကားထစ်များကို တက်ရောက်မည်ဆိုလျှင်, ရှင်သန်နိုင်ရန် မျှော်လင့်ချက် အမျှင်တန်း အရိပ်အယောင်များ ရှိကောင်းရှိလာနိုင်သော်လည်း၊ ကောင်းကင်တာအို နယ်ပယ်၏ ပြီးပြည့်စုံခြင်းအဆင့်ရှိ အဘိုးအိုကို ရင်ဆိုင်ရာမှာတော့ သူ့မှာ ရှင်သန်ရန် မျှော်လင့်ချက် လုံးဝ မရှိတော့ပါဘူး။

အင်မော်တယ်ဘုရင်သည် လှေကားထစ်ဆီသို့ လျှောက်လာခဲ့သည်။ သူသည် ခပ်မြန်မြန်ပဲ လှေကားရှေ့ကို ရောက်သွားခဲ့သည်။

သူသည် အသက်ပြင်းပြင်း ရှူပြီး လှေကားဆီသို့ လျှောက်သွားလိုက်သည်။

တစ်လှမ်း၊ နှစ်လှမ်း။ ဤအင်မော်တယ်ဘုရင်သည် အတားအဆီးမရှိဘဲ လှေကားထစ်များ ကို လျှောက်လှမ်းသွားခဲ့သည်။ အသတ်ခံရသည့် အရိပ်လက္ခဏာ မတွေ့ခဲ့ရပေ။

လူတိုင်းက သူ့ကို စိုက်ကြည့်နေကြပြီး သူ လှေကားထစ် မည်မျှအထိ ရောက်ရှိနိုင်မလဲဆို သည်ကို သိသာထင်ရှားစွာ ကြည့်ချင်နေကြပြီ။

အလွန်လျင်မြန်စွာ၊ ထိုအင်မော်တယ်ဘုရင်သည် လှေကားထစ်တစ်ရာပေါ်သို့ တက်လှမ်း ခဲ့သည်။ သို့သော်လည်း လှေကားထစ်များက လှုပ်ရှားမှု မရှိခဲ့ပေ။

လူတိုင်းသည် အံ့အားသင့်နေပြီး ဝေခွဲမရဖြစ်ဟန် အမူအရာများကို ထုတ်ဖော်လာကြ သည်။ အစောပိုင်းတွင် ကောင်းကင်တာအိုနယ်ပယ်၏ တတိယအဆင့်ရှိ အင်မော်တယ် ဧကရာဇ်သည် လှေကားထစ် ၁၀၀ တွင် ကွယ်လွန်သွားခဲ့သည်။ သို့သော်၊ ဤအင်မော်တယ်ဘုရင်သည် အင်မော်တယ်ဘုရင်နယ်ပယ်၏ အထွတ်အထိပ်တွင်သာ ရှိနေခဲ့သည်။ သူသည် လှေကားထစ် ၁၀၀ အထိ ဒဏ်ရာကင်းမဲ့စွာ ရောက်ရှိနိုင်ခဲ့သည်။ ဤအချက်က လူတိုင်းကို ပဟေဠိ ဖြစ်စေခဲ့သည်။

"ဖြစ်နိုင်တာက ဒီလှေကားထစ်တွေက စွမ်းအားနဲ့ပတ်သက်ပြီး စမ်းသပ်တာမျိုး မဟုတ်ဘူးလား" ချင်ယွင်လည်း အံ့ဩသွားသည်။

အင်မော်တယ်ဘုရင်သည် လှေကားထစ်တစ်ရာပေါ်တွင် ရပ်နေ၏။ သူ မသေကြောင်းကို သူ သဘောပေါက်သွားပြီး၊ သူ၏မျက်နှာက စိတ်အားတက်ကြွသည့် အမူအရာ ပေါ်လာ သည်။ သူသည် မျှော်လင့်ချက် အချို့ကို မြင်လိုက်ရသလိုပဲ၊ သူသည် အထက်ရှိ လှေကားထစ်များဆီသို့ ခြေလှမ်းအကျယ်ကြီးဖြင့် စတင်တော့သည်။

ခြေလှမ်းနှစ်ရာ၊ ခြေလှမ်းသုံးရာ၊ ခြေလှမ်းလေးရာ။ ဤအင်မော်တယ်ဘုရင်သည် ဒဏ်ရာကင်းမဲ့နေဆဲ ဖြစ်သည်။

အောက်မှာရှိနေကြသည့် လူတိုင်းသည် အံ့အားသင့်နေဟန် အမူအရာများကို ထုတ်ဖော်ထားကြပြီး သူတို့၏ နှလုံးသားများသည် ပို၍ပင် ဝေခွဲမရ ဖြစ်လာကြသည်။

ထိုအင်မော်တယ်ဘုရင်သည် ထိခိုက်မှုမရှိဘဲ ခြေလှမ်းများစွာ လှမ်းခဲ့သည်ကို သူ့ကိုယ်သူ မြင်နိုင်သည်။ သူ၏ယုံကြည်ချက်က ချက်ချင်းကြီး တိုးလာခဲ့ပြီး ခြေလှမ်း ကြီးကြီးဖြင့် လှမ်းတက်လာခဲ့သည်။

သို့သော်လည်း ခြေလှမ်းငါးရာကို ရောက်ခါနီးတွင် သူ၏အမူအရာက ရုတ်တရက် အလွန်မင်း ကြောက်ရွှံ့ထိတ်လန့်သွားပြီး “မဟုတ်ဘူး…” ဟု အော်ဟစ်လိုက်ပါသည်။

ထိုသို့အော်ဟစ်ပြီးနောက်, မီးတောက်များ လောင်ကျွမ်းသွားသကဲ့သို့ သူ၏တစ်ကိုယ်လုံး ပြာများအဖြစ်သို့ ပြောင်းလဲသွားပြီး လေထဲသို့ ပျံ့လွင့်သွားခဲ့သည်။ ဟုတ်ပါသည်, ဤအရာက လုံးဝ အဆုံးသတ်သွားခဲ့ပြီ။

ထိုမြင်ကွင်းကို မြင်လိုက်ရတော့ အားလုံး အံ့သြသွားကြသည်။

လှေကားထစ်ပေါ်မှာ လူနှစ်ယောက် တစ်ယောက်ပြီး တစ်ယောက် ကြေကွဲစွာ သေဆုံးသွားကြပါသည်။ တစ်ယောက်က အင်မော်တယ်ဘုရင်ဖြစ်ပြီး၊ နောက်တစ်ဦးက တော့ အင်မော်တယ် ဧကရာဇ်တစ်ပါး ဖြစ်ပါသည်။ သို့ရာတွင်၊ အင်မော်ယ်ဘုရင်သည် အင်မော်တယ် ဧကရာဇ်ထက် ပို၍ပင် လျှောက်လှမ်းနိုင်ခဲ့သည်။ ဆိုလိုသည်မှာ ဤလှေကား၏စမ်းသပ်မှုသည် ခွန်အားပေါ်တွင် အခြေမခံဟုသာ ဆိုနိုင်ပါသည်။

"ဒါက ခွန်အားကို စမ်းသပ်မှုမျိုး မဟုတ်ဘူး။ မွေးရာပါ အလားအလာကို စမ်းသပ်မှုတစ်ခု များ ဖြစ်နိုင်မလား?" တစ်စုံတစ်ယောက်က စိတ်ရှုပ်ထွေးစွာ မှန်းဆခဲ့သည်။

ထိုစကားပြောပြီးသည်နှင့် ပတ်ဝန်းကျင်မှ လူများသည် ချက်ချင်းပင် စတင်ဆွေးနွေးကြပြီး လူအများစုက ထိုအမြင်ကို သူတို့သဘောတူကြောင်း ထုတ်ပြောကြသည်။

"ဆရာ၊ ဒီလှေကားရဲ့ စမ်းသပ်မူက ဘာလို့ထင်လဲ?" ချင်ယွင်သည် ရှေးဟောင်းတာအို ဆရာသခင်ကို ကြည့်ပြီး မေးသည်။

သို့သော်လည်း ရှေးဟောင်းတာအိုဆရာသခင်က ခေါင်းယမ်းပြီး၊ အပြုံးနှင့်အတူ ချင်ယွင် ကို လှည့်ကြည့်လိုက်သည်။ "ဒီစမ်းသပ်မူက ဘာလဲဆိုတာ ငါ ကြည့်ပါဦးမယ်။ မကြာခင် ငါ နားလည်မှာပါ။"

ထိုသို့ပြောပြီးနောက် ရှေးဟောင်းတာအို ဆရာသခင်သည် လှေကားဆီသို့ လျှောက်သွား သည်။

ချင်ယွင်၏ မျက်နှာသည် အံ့အားသင့်သော အမူအရာ ပေါ်လာသည်။ သူ၏စိတ်ထဲတွင် အလွန်တုန်လှုပ်သွားပြီး တစ်စုံတစ်ခုပြောရန် ပါးစပ်ကို အမြန်ဖွင့်လိုက်သော်လည်း သူ၏ဘေးတွင် ရပ်နေသော စီနီယာအစ်မလျှိုထန်းက သူ့ကို အချည်းနှီးဖြစ်မည်ဟု ပြောကာ တားဆီးလိုက်သည်။

"ဆရာက မဆင်မခြင်လုပ်မယ့်လူမျိုး မဟုတ်ဘူး။ သူ ဆုံးဖြတ်ချက်ချပြီးကတည်းက သူ့ကိုယ်ပိုင် အတွေးတွေ သဘာဝအတိုင်း ရှိနေတယ်။ ငါတို့ တိတ်တိတ်လေး စောင့်ကြည့်ဖို့ပဲ လိုတယ်။" စီနီယာအစ်မလျှိုထန်းက ပြောပါသည်။

ထိုစကားကိုကြားတော့ ချင်ယွင်က အနည်းငယ် ခေါင်းညိတ်ပြသော်လည်း၊ သူ၏နှလုံးသားမှာ စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေသေးသည်။

ရှေးဟောင်းတာအို ဆရာသခင်သည် ရှေ့သို့ လျှောက်လှမ်းသွားကာ ပတ်ဝန်းကျင်မှ လူများ၏ အာရုံကို ချက်ချင်း ဖမ်းစားလိုက်သည်။ ချက်ခြင်းပင် အားလုံးက ရှေးဟောင်း တာအိုဆရာသခင်၏ ဦးတည်ရာဆီသို့ လှမ်းကြည့်လိုက်ကြသည်။

"ဆရာ...ဆရာ?" ကျင်းရှန်သည် အလွန်အံ့အားသင့်သွားသည့် အမူအရာကို ထုတ်ဖော်လာ သည်။ ရှင်းရှင်းပြောရရင်, ယခုအချိန်မှာ ရှေးဟောင်းတာအိုဆရာသခင် ထွက်လာရန် သူ မမျှော်လင့်ထားခဲ့သည်မှာ ထင်ရှားပါသည်။

သို့သော်၊ ရှေးဟောင်းတာအိုဆရာသခင်သည် သူ့ပတ်ဝန်းကျင်ရှိ လူများ၏ အံ့အားသင့်နေ သော အကြည့်များကို လျစ်လျူရှုကာ လှေကားဆီသို့ အရှိန်အဟုန်ဖြင့် လျှောက်သွားခဲ့ပါ သည်။

All Chapters